← Chapters

အခန်း (၂၄၁၇-၂၄၁၈)

Vol. 182 Ch. 2417-2418

အခန်း (၂၄၁၇-၂၄၁၈)

Vol. 182 Ch. 2417-2418

အခန်း(၂၄၁၇)

“ပဉ္စမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားပါလား”

မင်ကူဟု အမည်ရသည့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ ပါရမီရှင်ကိုမြင်လျှင် နတ်ဘုရားနယ်မြေမှ အစွမ်းထက်ကျင့်ကြံသူ အများအပြားသည် အနည်းငယ် တုန်လှုပ်သွားခဲ့ကြ၏။

ပဉ္စမအဆင့် ဟင်းလင်ပြင် နတ်ဆိုးနတ်ဘုရား ပါရမီရှင်ကို နတ်ဘုရင်ပဉ္စမအဆင့် မဟုတ်သည့် လူငယ်ပါရမီရှင်များသည် ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။

နတ်ဘုရားနယ်မြေတစ်ခုလုံးတွင် နတ်ဘုရင် ပဉ္စမအဆင့်သို့ ရောက်ရှိနေသည့် လူငယ်ပါရမီရှင် လေးဦးသာ ရှိ၏။

လူသားဧကရာဇ် ကျန်းချန်ကို ဖယ်လိုက်လျှင် ဓားတစ်သောင်းသူတော်စင်ဂိုဏ်းမှ ကျန့်ဝူရှင်း၊ လူသားဧကရာဇ်နန်းတော်မှ ကျန်းရွမ်နှင့် စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ ယွီဝမ်ကျင့်တို့သာ ရှိသည်။

ယခုအခါတွင် ထိုသုံးဦးသာလျှင် မင်ကူနှင့်တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီ၏။

“ကျွန်တော်ပဲ သွားလိုက်မယ်”

ယွီဝမ်ကျင့်က အသက်ကို ခပ်ပြင်ပြင်း ရှူရှိုက်လိုက်ပြီး ရှေ့သို့ လှမ်းထွက်လိုက်သည်။

မင်ကူက ယွီဝမ်ကျင့်ကို ခပ်စိမ်းစိမ်း တစ်ချက် ကြည့်လိုက်ပြီး ခေါင်းခါရမ်းကာ ပြောလိုက်၏။

“မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး.. ပိုအစွမ်းထက်တဲ့တစ်ယောက်နဲ့ လဲလိုက်ပါ”

“မင်းလေလုံးထွားမနေနဲ့”

မင်ကူက သူ့ကို ဤမျှအထိ အထင်သေးနေသည်ကိုမြင်လျှင် ယွီဝမ်ကျင့်သည် ဒေါသထွက်သွားခဲ့ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

ယွီဝမ်ကျင့်က ချက်ချင်းဆိုသလို မင်ကူထံသို့ ပျံသန်းသွားခဲ့သည်။

သူ၏ ဆံပင်ရှည်များက လေထဲတွင် လွင့်ပျံနေခဲ့ပြီး သူ၏ အရှိန်အဝါသည် အနှိုင်းမဲ့ ကောင်းကင်ဓားတစ်လက်နှယ် ဖြစ်နေခဲ့၏။

သူက လေထဲမှာပင် လက်ဟန်များကို ထုတ်ဖော်လိုက်ပြီး ပါးစပ်ကနေလည်း ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

“စစ်ပွဲတစ်ရာဓားနယ်မြေ.. စုစည်းစမ်း”

“ဝုန်း..”

ယွီဝမ်ကျင့်၏ စကားဆုံးသည်နှင့် ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် မရေမတွက်နိုင်သော ဓားများသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုဓားများသည် ပေတံလောက်ပင် မရှည်သော်လည်း တောက်ပမှုကမူ မည်သူမှ တိုက်ရိုက် မကြည့်ရဲလောက်အောင် ဖြစ်နေခဲ့၏။

ဓားတစ်လက်စီသည် သာမန် ပဉ္စမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးကို ချက်ချင်းပင် အပိုင်းပိုင်းဆုတ်ဖြဲပစ်ရန် လုံလောက်၏။

“ဒီလောက်လေးပဲလား”

ယွီဝမ်ကျင့် ထုတ်ဖော်လိုက်သော ဓားများကို မြင်လျှင် မင်ကူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူက လက်ချောင်းကို အသာအယာ တောက်ထုတ်လိုက်ရာ လေထုထဲရှိ မရေမတွက်နိုင်သော ဓားများသည် လက်ချောင်း၏ စွမ်းအားကို ခံနိုင်ရည်မရှိဘဲ အမှုန့်အဖြစ်သို့ ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့သည်။

ယွီဝမ်ကျင့်၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာ အပြင်းအထန် ရရှိကာ လေထုထဲကနေ အရှက်တကွဲ လွင့်စင်သွားခဲ့သည်။

လက်ချောင်း တစ်ချောင်းတည်းဖြင့် ယွီဝမ်ကျင့်ကို ဒဏ်ရာအပြင်းအထန် ရရှိစေပြီးနောက်တွင် မင်ကူသည် ယွီဝမ်ကျင့်ကို နောက်တစ်ကြိမ် လှည့်ကြည့်ရန်ပင် စိတ်မဝင်စားတော့ပေ။

သူ၏ အေးစက်စက်အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

“ငါ့ကို ရင်ဆိုင်ဖို့ ဒီလို အမှိုက်ကောင်မျိုးကိုတောင် စေလွှတ်ရဲတယ်ဆိုတော့ ခင်ဗျားတို့ နတ်ဘုရားနယ်မြေမှာ လူမရှိတော့ဘူးလား.. ကဲ နောက်တစ်ယောက် ဘယ်သူလာဦးမလဲ”

မင်ကူ၏ မောက်မာသော စကားကိုကြားလျှင် နတ်ဘုရားနယ်မြေရှိ အစွမ်းထက် ကျင့်ကြံသူ အများအပြား၏ မျက်နှာများသည် အလွန်တရာပင် သုန်မှုန်သွားခဲ့သည်။

သူတို့ရှေ့ရှိ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ပါရမီရှင်သည် အမှန်တကယ်ပင် မောက်မာနိုင်လောက်သည့် အရည်အချင်း ရှိနေခဲ့သည်။

နတ်ဘုရားနယ်မြေ၏ ထိပ်သီးပါရမီရှင် ဆယ်ဦးတွင် တတိယနေရာ၌ ရှိသော နတ်ဘုရင် ပဉ္စမအဆင့် ယွီဝမ်ကျင့် ပင်လျှင် လက်ချောင်း တစ်ချောင်းတည်းဖြင့် အနိုင်ယူခံလိုက်ရသည်မဟုတ်ပါလော။

စစ်ခုန်ဟိုင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ အကြည့်သည် ကျန့်ဝူရှင်းနှင့် ကျန်းရွမ်တို့ ဆီသို့ ကျရောက်သွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“ဒီမင်ကူ ဆိုတဲ့ကောင်ရဲ့စွမ်းရည်က ခန့်မှန်းလို့မရလောက်အောင် နက်ရှိုင်းလွန်းတယ်.. မင်းတို့နှစ်ယောက်ပဲ သူ့ကို ကိုင်တွယ်နိုင်လိမ့်မယ်ထင်တယ်.. မင်ကူနဲ့ ရင်ဆိုင်ဖို့ ဘယ်သူသွားမလဲ”

“ဒီကောင့်ကို ကျွန်တော်ပဲ ရင်ဆိုင်လိုက်ပါ့မယ်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန့်ဝူရှင်းသည် ရှေ့သို့ လှမ်းထွက်လိုက်သည်။

မင်ကူ၏ ခွန်အားက အလွန်တရာပင် ကြီးမားသဖြင့် ကျန့်ဝူရှင်း ကိုယ်တိုင်ပင်လျှင် အနိုင်ရရန် ယုံကြည်ချက် အပြည့်အဝ မရှိပေ။

အကယ်၍ ကျန်းရွမ်သာ ထွက်တိုက်ခဲ့လျှင် သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည် ဖြစ်၏။

ကျန့်ယွမ်ထျန်းက ကျန့်ဝူရှင်းကို မတားဆီးခဲ့ဘဲ ခပ်တိုးတိုးသတိပေးလိုက်သည်။

“သတိထားပါ.. ဒီဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ ပါရမီရှင်က အရမ်း အစွမ်းထက်တယ်”

သူ့ရှေ့တွင် ရှိသော ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ လူငယ်ပါရမီရှင်သည် ယွီဝမ်ကျင့်ကိုပင် အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိသည်ဖြစ်ရာ နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ်တွင် ရှိသော ကျန့်ဝူရှင်း သာလျှင် ယှဥ်ပြိုင်နိုင်ပေလိမ့်မည် မဟုတ်ပါလော။

“ကျွန်တော် နားလည်ပါတယ်”

ကျန့်ဝူရှင်းက ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ ပုံရိပ်သည် လေထဲတွင် လျှပ်တစ်ပြက် လင်းလက်သွားကာ မင်ကူ၏ရှေ့တွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်လာခဲ့သည်။

မင်ကူက ကျန့်ဝူရှင်းကို အနည်းငယ် အကဲခတ်လိုက်ပြီး နောက်တွင် လေးနက်စွာ ပြောလိုက်၏။

“မင်းက တော်တော် အစွမ်းထက်တာပဲ.. ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းရှိပါတယ်”

“မင်းကလည်း ငါ့တစ်သက် တွေ့ဖူးသမျှထဲမှာ ဒုတိယမြောက်အစွမ်းအထက်ဆုံး ပြိုင်ဘက်ပဲ”

ကျန့်ဝူရှင်းကို မင်ကူကို စေ့စေ့စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့ ပါရမီနဲ့ ခွန်အားအရဆိုရင် မင်းက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံးပါရမီရှင် ဖြစ်မယ်ထင်တယ်”

“အစွမ်းအထက်ဆုံး ပါရမီရှင်ဟုတ်လား.. ငါက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံး ပါရမီရှင်ကို မီဖို့ အဝေးကြီး လိုပါသေးတယ်”

မင်ကူက ရယ်မောလိုက်ပြီး ကျန့်ဝူရှင်းကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းသာ ငါ့ကို အနိုင်ရရင် သူ့ကို တွေ့ရဖို့ အခွင့်အရေးရလိမ့်မယ်”

ထိုစကားကို ကြားလျှင် ကျန့်ဝူရှင်း၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူ့ရှေ့တွင် ရှိနေသည့် မင်ကူသည်ပင် သူ့အတွက် အလွန်တရာ ခက်ခက်ခဲခဲ ရင်ဆိုင်ရသော အနေအထား ဖြစ်နေခဲ့ချေပြီ။

အကယ်၍ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတွင် မင်ကူထက် ပို၍ အစွမ်းထက်သော လူငယ်ပါရမီရှင် ရှိနေသေးသည်ဆိုလျှင် နတ်ဘုရားနယ်မြေသည် ရှုံးနိမ့်သွားနိုင်ခြေ ရှိ၏။

သို့သော်လည်း ဤအချိန်တွင် ကျန့်ဝူရှင်းသည် ဤမျှအထိ တွေးတောနေရန် အချိန်မရှိတော့ပေ။

သူက အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ရာ မိုင်ပေါင်းသောင်းချီ ဧရိယာအတွင်းရှိ ကြယ်တာရာ ကောင်းကင်ယံမှ ကြယ်စွမ်းအားများသည် အရပ်မျက်နှာအသီးသီးကနေ ချက်ချင်းဆိုသလို စုစည်းလာခဲ့ပြီး ကျန့်ဝူရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူ့ရှေ့မှ အလွန်တရာ အစွမ်းထက်သည့် ဟင်းလင်းပြင်နတ်ဆိုး ပါရမီရှင်နှင့် ရင်ဆိုင်ရချိန်တွင် ကျန့်ဝူရှင်းသည် အနည်းငယ်မျှပင် ထိမ်ချန်မထားဘဲ သူ၏ကြယ်တာရာ နတ်ခန္ဓာကိုယ်ကို လျင်မြန်စွာ စုစည်းလိုက်သည်။

“ဓား‌ပေါင်းတစ်သောင်း တစ်ခုတည်း ပြန်လည်ပေါင်းစည်းစေ”

ကျန့်ဝူရှင်းမှ ကြယ်တာရာ နတ်ခန္ဓာကိုယ်ကို စုစည်းလိုက်ပြီးနောက်တွင် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ကြယ်တာရာဓားအလင်းပေါင်း ထောင်ချီသည် လေထုထဲတွင် ကြောက်မက်ဖွယ် ဂလက်ဆီဓားတစ်လက် အဖြစ် တိုက်ရိုက်ပြောင်းလဲသွားခဲ့ပြီး မင်ကူထံသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်နှင့် မတွေ့ဆုံမီက ကျန့်ဝူရှင်းသည် နတ်ဘုရားနယ်မြေ၏ နံပါတ်တစ်ပါရမီရှင် ဖြစ်ခဲ့ပြီး ရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းခဲ့သည်။

ယခု သူ၏ နတ်ဘုရင်ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံမှုဖြင့် ကြယ်တာရာ နတ်ခန္ဓာကိုယ်ကို စုစည်းပြီးနောက်တွင် ကျန့်ဝူရှင်းသည် နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူထက် အားမနည်းတော့ပေ။

ဤအခိုက်အတန့်တွင် မင်ကူကဲ့သို့ အစွမ်းထက်သူပင် ကျန့်ဝူရှင်း၏ ဓားချက်ကနေ အန္တရာယ်ရှိသော အငွေ့အသက်ကို အလိုလို ခံစားလိုက်ရသည်။

မင်ကူက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ နတ်ဆိုးနတ်ဘုရား စွမ်းအားများသည် အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့ပြီး အဆုံးသတ်တွင် နတ်ဆိုးနဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားကာ ကျန့်ဝူရှင်း၏ ဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

လေထုက တုန်ခါသွားခဲ့ပြီး နေနှင့်လတို့ပင် ဗြောင်းဆန်သွားခဲ့သည်။

နတ်ဆိုးနဂါးနှင့် ဂလက်စီဓားကြီး တို့သည် တစ်ခဏမျှ အားပြိုင်နေခဲ့ကြပြီး အဆုံးသတ်တွင် နတ်ဆိုးနဂါးသည် ဂလက်စီဓားကြီး၏ ချေမှုန်းခြင်းကို ခံလိုက်ရကာ မရေမတွက်နိုင်သော နတ်ဆိုးအငွေ့အသက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကျဲသွားခဲ့သည်။

နတ်ဆိုးနဂါး ပြိုကွဲသွားပြီးနောက်တွင် မင်ကူ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဂလက်စီဓားကြီး လက်ချက်ဖြင့် ရိုက်ချက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့ကာ မြေပြင်ထက်တွင် ကြီးမားသော တွင်းကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ရှီးလင်မြို့ မြေပြင်၏ မိုင်ပေါင်းသောင်းချီဧရိယာသည် အတောမသတ် တုန်ခါသွားခဲ့သည်။

ကျန့်ဝူရှင်းက မင်ကူကို ဓားချက် တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်ကိုမြင်လျှင် နတ်ဘုရားနယ်မြေမှ အစွမ်းထက်ကျင့်ကြံသူများသည် စိတ်လှုပ်ရှားသွားခဲ့ကြသည်။

နတ်ဘုရားနယ်မြေ၏ တစ်ခါက နံပါတ်တစ် ပါရမီရှင်သည် အမှန်တကယ်ပင် နာမည် ဂုဏ်သတင်းနှင့် ထိုက်တန်လှ၏။

ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု၏ ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ပါရမီရှင်ပင်လျှင် ကျန့်ဝူရှင်း၏ ဓားချက်ကို လုံးဝ မခုခံနိုင်ခဲ့ပေ။

“ဝုန်း..”

အားလုံးက ကျန့်ဝူရှင်း၏ ဓားချက်ကြောင့် အံ့ဩနေကြစဥ်မှာပင် မင်ကူ၏ ပုံရိပ်သည် ကြီးမားသော တွင်းကြီးထဲကနေ ပြန်လည် ထွက်ပေါ်လာခဲ့သည်။

သူ၏ ဓားချက်အောက်တွင် မင်ကူ အသက်ရှင်နေသေးသည်ကို မြင်လျှင် ကျန့်ဝူရှင်း၏ မျက်ဝန်းများ၌ အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

သူက မင်ကူကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။

“မင်း ငါနဲ့ ထပ်တိုက်ချင်သေးလား”

“ငါက မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူး.. မင်းရဲ့ခွန်အားနဲ့ဆိုရင် ငါတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်နဲ့ ရင်ဆိုင်ဖို့ အရည်အချင်း အနည်းငယ် ရှိတယ်”

မင်ကူက နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီးနောက်တွင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု ရှိရာသို့ လှမ်းကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အုပ်စုထဲမှ မောက်မာသော စကားသံ တစ်သံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလိုပဲ့တင်ထပ်သွားခဲ့၏။

“နတ်ဘုရားနယ်မြေမှာ မင်းလို ပါရမီရှင်လူငယ် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ကြည့်ရတာ ငါကိုယ်တိုင် ထွက်တိုက်ရတော့မဲ့ပုံပဲ”

အခန်း(၂၄၁၇)ပြီး၏။

အခန်း(၂၄၁၈)

စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ကျန့်ဝူရှင်း၏ရှေ့တည့်တည့်တွင် အနက်ရောင်ပုံရိပ် တစ်ခု ပေါ်လာခဲ့သည်။

ကျန့်ဝူရှင်း၏ ခွန်အားဖြင့်ပင်လျှင် အနက်ရောင်ဝတ်စုံဝတ်လူငယ်က သူ့ရှေ့ရှိ လေထုထဲတွင် မည်ကဲ့သို့ ပေါ်လာမှန်း မသိလိုက်ပေ။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ခန့်ညားသော မျက်နှာထားရှိပြီး နက်ရှိုင်းသော မျက်ဝန်းများကို ပိုင်ဆိုင်ထား၏။

သူက နေရာမှာပင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

ကျန့်ဝူရှင်းက အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခန္ဓာကိုယ်မှ စွမ်းအင်လှုပ်ခတ်မှု အနည်းငယ်မျှကိုပင် မခံစားမိခဲ့ပေ။

ကျန့်ဝူရှင်း၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားကို မမြင်နိုင်သော်လည်း ကျန့်ဝူရှင်းသည် ထိုလူငယ်ထံမှ အန္တရာယ်ရှိသော အ‌ငွေ့အသက်ကို အလိုလို ခံစားမိလိုက်သည်။

သူ့ရှေ့မှလူသည် ဓားတစ်သောင်း သူတော်စင်ဂိုဏ်းတွင် သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော ကျန်းချန်နှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျလိမ့်မည် မဟုတ်ပေ။

“မင်းက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံး ပါရမီရှင်လား”

ကျန့်ဝူရှင်းက သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စေ့စေ့စိုက်ကြည့်နေခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏မျက်ဝန်းထဲတွင် ဆန်းကြယ်သော အနက်ရောင် အလင်းတန်းများ လင်းလက်နေခဲ့သည်။

သူက ကျန့်ဝူရှင်းကို ပြုံး၍ ကြည့်လိုက်၏။

သူ၏ အထက်စီးဆန်သော လေသံက လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ငါက ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက မိုဝူလင်းပဲ.. ကဲ အချိန်မကုန်ရအောင် မင်းတို့ နတ်ဘုရားနယ်မြေရဲ့ ပါရမီရှင်တွေအားလုံး အတူတူ တစ်ခါတည်း တက်လာခဲ့ပါ”

မိုဝူလင်း၏ အထက်စီးဆန်သော စကားကိုကြားလျှင် ကျန့်ဝူရှင်းသည် မျက်နှာအလွန်တရာ သုန်မှုန်သွားခဲ့သည်။

နတ်ဘုရားနယ်မြေမှ အစွမ်းထက် ပါရမီရှင်များ၏ မျက်နှာများသည်လည်း ကျန့်ဝူရှင်း ကဲ့သို့ပင် သုန်မှုန်သွားခဲ့ကြသည်။

သူတို့ရှေ့မှ လူက နတ်ဘုရားနယ်မြေမှ ပါရမီရှင် အားလုံးကို တစ်ပြိုင်နက်တည်း စိန်ခေါ်လိုက်ခြင်းသည် သူတို့ နတ်ဘုရားနယ်မြေမှ ပါရမီရှင်များကို လုံးဝ သောက်ဂရုမစိုက်ခြင်းပင် ဖြစ်သည်။

“မင်းသိပ်မောက်မာမနေနဲ့.. နတ်ဘုရားနယ်မြေက ပါရမီရှင်တွေကို စိန်ခေါ်ချင်ရင် င့ါကို အနိုင်ရအောင် အရင်လုပ်ပါ”

ကျန့်ဝူရှင်းက အေးစက်စက် ရေရွတ်လိုက်ပြီးနောက် ကြယ်ဓားစွမ်းအင်များသည် ချက်ချင်းဆိုသလို ဓားကွန်ရက် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိုဝူလင်းကို လွှမ်းခြုံသွားခဲ့သည်။

နတ်ဘုရားနယ်မြေကို တစ်ခါက ကိုင်လှုပ်နိုင်ခဲ့သော ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးအနေဖြင့် ကျန့်ဝူရှင်းတွင် ကြီးကျယ်သော ဂုဏ်သိက္ခာ ရှိ၏။

ထိုအတွက်ကြောင့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ ပါရမီရှင်၏ ခွန်အားက ခန့်မှန်းရခက်ခဲသည့်တိုင် သူက အစွမ်းကုန် တိုက်ခိုက်သွားမည်သာ ဖြစ်သည်။

“မင်းရဲ့ အထူးခန္ဓာကိုယ်နဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်တမ်း ပြောရရင် အားမနည်းဘူး.. ငါသာ အဆင့်မတက်ခင်ကဆိုရင် မင်းကို အနိုင်ယူဖို့ အတော်လေး ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ မင်းက ငါ့မျက်စိထဲမှာ သာမန်လောက်ပါပဲ”

မိုဝူလင်းက ကျန့်ဝူရှင်းကို မထီမဲ့မြင် ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲကနေ အနက်ရောင်အလင်းတန်း နှစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး သေခြင်းတရား၏ အလင်းတန်း ကဲ့သို့ ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့ကာ ကျန့်ဝူရှင်း၏ ဓားကွန်ရက်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

ကျန့်ဝူရှင်းသည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရကာ ပေထောင်ချီ အကွာအဝေးအထိ လွင့်ထွက်သွားခဲ့သည်။

“သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားပါလား”

ကျန့်ဝူရှင်းက ဖြူဖျော့သော မျက်နှာဖြင့် ဆန့်ကျင်ဘက်မှ မိုဝူလင်းကို ကြည့်လိုက်သည်။

သူ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူ့ရှေ့မှ မိုဝူလင်းသည် အလွန်တရာ အစွမ်းထက်မှန်း သူသိထားသော်လည်း ကျင့်ကြံခြင်းအဆင့်တွင် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်သို့ပင် ရောက်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဟုတ်တယ်.. ငါက သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့ပြီးပြီ.. မင်းတို့ နတ်ဘုရားနယ်မြေမှာ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူတွေလောက်ပဲ ငါနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ အရည်အချင်းရှိတယ်”

မိုဝူလင်းက ကျန့်ဝူရှင်းကို အထက်စီးကနေ ငုံ့ကြည့်ကာ ဝင့်ကြွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“နတ်ဘုရားနယ်မြေက ပါရမီရှင်အားလုံး အတူတူ တက်ခဲ့ကြစမ်း.. မဟုတ်ရင် မင်းတို့မှာ အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး”

သူတို့ရှေ့မှ လူငယ်ပါရမီရှင်သည် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်၏။

နတ်ဘုရားနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများသည် ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော မိုဝူလင်းကို ကြည့်ကာ အမူအရာများ သိသိသာသာပင် ပြောင်းလဲသွားခဲ့ကြသည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ လူငယ်ပါရမီရှင်သည် သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်ကိုပင် ရောက်ရှိနေခဲ့၏။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော ပြိုင်ဘက်ကင်းနတ်ဆိုးပါရမီရှင် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မတွေးထားမိပေ။

သိထားရမည့်အချက်မှာ ကျန်းချန် မပေါ်လာခင်က ကျန့်ဝူရှင်းသည် သူတို့ နတ်ကုန်းမြေတိုက်၏ နံပါတ်တစ် ပါရမီရှင် တစ်ဦး ဖြစ်ခဲ့သည်။

သို့သော်လည်း ကျန့်ဝူရှင်း၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေး၏။

ကြယ်တာရာနတ်ခန္ဓာကိုယ်ကို စုစည်းလိုက်သော အချိန်တွင်ပင် ကျန့်ဝူရှင်းသည် နတ်ဘုရင် ဆဋ္ဌမအဆင့်သာ ရှိ၏။

စင်စစ် ကျန့်ဝူရှင်း၏ စွမ်းအားသည် သာမန် နတ်ဘုရင်အဋ္ဌမအဆင့်နှင့် ယှဥ်ပြိုင်ရန် လုံလောက်နေပြီ ဖြစ်သော်လည်း သူတို့ရှေ့မှ မိုဝူလင်းကမူ ကျန့်ဝူရှင်းထက်ပင် ပို၍ ပါရမီ ထူးချွန်နေခဲ့၏။

မိုဝူလင်း၏ သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ကျင့်ကြံမှုဖြင့်သာ ဆိုလျှင် မိုဝူလင်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများထက်ပင် မနိမ့်ကျတော့ပေ။

ကျန့်ဝူရှင်း မပြောနှင့်၊ ဤနေရာရှိ နတ်ဘုရားနယ်မြေမှ မည်သည့် အစွမ်းထက် ကျင့်ကြံသူမဆို မိုဝူလင်းနှင့် တစ်ယောက်ချင်းသာ ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး များများစားစား ရှိလိမ့်မည် မဟုတ်ချေ။

“ကျန်းရွမ်.. ကျန့်ဝူရှင်းနဲ့ ပူးပေါင်းပြီး အဲဒီကောင်ကို တိုက်ခိုက်လိုက်”

ကျန်းဝူရက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ နောက်တွင် ရပ်နေသည့် ကျန်းရွမ်ကို လေးနက်စွာ ပြောလိုက်သည်။

ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုမှ လူငယ်ပါရမီရှင်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

တစ်ယောက်ချင်းသာ တိုက်ခိုက်မည်ဆိုလျှင် နတ်ဘုရားနယ်မြေဘက်တွင် အနိုင်ရရန် အခွင့်အရေး လုံးဝ ရှိမည်မဟုတ်ပေ။

ထို့ကြောင့် ယခုအခါတွင် ကျန်းရွမ်နှင့် ကျန့်ဝူရှင်းတို့ ပူးပေါင်းမှသာ မိုဝူလင်းကို ရင်ဆိုင်နိုင်ပေလိမ့်မည် မဟုတ်ပါလား။

ထိုအချိန်တွင် စစ်ခုန်ဟိုင်က ဝင်ပြောလိုက်သည်။

“ဒီကောင်က နတ်ဘုရားနယ်မြေရဲ့ ပါရမီရှင်အားလုံးကို စိန်ခေါ်ချင်နေတာ မဟုတ်လား.. ဒီလိုဆိုမှတော့ နတ်ဘုရင်စတုတ္ထအဆင့် လူငယ်ပါရမီရှင်အားလုံးကို အတူတူ ထွက်တိုက်ခိုင်းကြစို့”

“မိုဝူလင်းက အရမ်းကို အစွမ်းထက်လွန်းတယ်.. နတ်ဘုရင်စတုတ္ထအဆင့် ပါရမီရှင်တွေကို စေလွှတ်လိုက်တာက သွားအသေခံခိုင်းလိုက်တာနဲ့ အတူတူပဲ”

ကျန်းယွမ်ထျန်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“ကျန်းရွမ်နဲ့ ကျန့်ဝူရှင်း တို့ကိုပဲ ပူးပေါင်း တိုက်ခိုက်ခိုင်းလိုက်ပါ.. တကယ်လို့ သူတို့နှစ်ယောက်သာ မိုဝူလင်းကို မတားဆီးနိုင်ဘူးဆိုရင် လူဘယ်လောက်များများ စေလွှတ်လဲ ဘာမှထူးမှာမဟုတ်ဘူး”

“ကျွန်မကိုလည်း ထည့်တွက်လိုက်ပါ”

ထိုခဏဝယ် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ မီးလျှံအနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အနှိုင်းမဲ့ ပုံရိပ် တစ်ခုသည် ရှေ့သို့ လှမ်းထွက်လာခဲ့သည်။

ထိုပုံရိပ်မှာ အခြားသူ မဟုတ်ဘဲ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကောင်းကင်ဖီးနစ်နတ်ဘုရားမ ကူဖုန်းအာပင် ဖြစ်၏။

“နတ်ဘုရားမ.. မင်းရဲ့ ကျင့်ကြံတဲ့သက်တမ်းက တိုလွန်းသေးတယ်.. ဒီတိုက်ပွဲက မင်းဝင်ပါနိုင်တဲ့ အနေအထား မဟုတ်ဘူး”

ထိုအချင်းအရာကိုမြင်လျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲ သုံးဦး၏ မျက်နှာအမူအရာသည် အနည်းငယ်‌ ပြောင်းလဲသွားခဲ့သည်။

ကူဖုန်းအာသည် အစွမ်းထက်နတ်ခန္ဓာကိုယ် ဖြစ်သော ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ပါရမီတွင်လည်း ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ကျန့်ဝူရှင်းထက် မနိမ့်ကျပေ။

သို့သော်လည်း ကျင့်ကြံသည့် သက်တမ်းကမူ အလွန်တရာတိုတောင်းလွန်းပြီး နတ်ဘုရင်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။

ထို့အပြင် ကူဖုန်းအာသည် သူတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမ ဖြစ်ရုံသာမက လူသားဧကရာဇ်ကျန်းချန်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိနေခဲ့သည်။

အကယ်၍ ကူဖုန်းအာသာ တစ်ခုခု ဖြစ်သွားမည်ဆိုလျှင် ကျန်းချန်၏ ဒေါသသည် သူတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု တစ်ခုလုံးကို ပြဿနာတက်စေမည်မှာ သေချာသလောက်ပင်။

ကူဖုန်းအာက ကျန်းရွမ်ကို လက်ညှိုးထိုးပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘိုးဘေး.. ဒီလူတောင် ဝင်တိုက်နိုင်ရင် ကျွန်မက ဘာလို့မရရမှာလဲ”

ထိုစကားကို ပြောပြီးသည်နှင့် ကူဖုန်းအာ၏ အရှိန်အဝါသည် ပြောင်းလဲသွားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်ကနေ နတ်ဘုရင် ပဉ္စမအဆင့် နှောင်းပိုင်း၏ အစွမ်းထက် အရှိန်အဝါ ပေါက်ကွဲထွက်လာခဲ့၏။

“နတ်ဘုရားမ.. မင်းရဲ့ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင်ပဉ္စမအဆင့် နှောင်းပိုင်းကိုတောင် ရောက်နေပြီလား”

ထိုမြင်ကွင်းကိုမြင်လျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ဘိုးဘေး သုံးဦး၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် ကူဖုန်းအာအတွက် အကောင်းဆုံး အရင်းအမြစ်များကို ပံ့ပိုးပေးခဲ့ပြီး ကူဖုန်းအာ၏ ကျင့်ကြံမှုကို တစ်ကြိမ်တစ်ခါမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ဘိုးဘေးသုံးဦးသည် ကူဖုန်းအာ၏ ကျင့်ကြံခြင်းအဆင့်က အမှန်တကယ်ပင် နတ်ဘုရင် ပဉ္စမအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေမည်ဟု မထင်ထားခဲ့ပေ။

ကူဖုန်းအာက သူမ ကျင့်ကြံခြင်းအဆင့်ကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ခဲ့သဖြင့် အဘိုးအို သုံးဦးစလုံးသည် လှည့်ဖြား ခံလိုက်ရကာ ယခုမှ သိလိုက်ရခြင်း ဖြစ်သည်။

ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်က အလွန်တရာ အစွမ်းထက်မှန်း သူတို့ သိထားသော်လည်း ကူဖုန်းအာ အနေဖြင့် ဤမျှတိုတောင်းသော အချိန်အတွင်း နတ်ဘုရင် ပဉ္စမ အဆင့် နှောင်းပိုင်းကို ရောက်ရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယနေ့တွင် ကူဖုန်းအာ၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်းပါရမီရှင်များ ဖြစ်သော ကျန်းရွမ်နှင့် ကျန့်ဝူရှင်းတို့ထက် မနိမ့်ကျတော့ပေ။

အခန်း(၂၄၁၈)ပြီး၏။

All Chapters