← Chapters

အခန်း (၆၉၁-၆၉၃)

Vol. 47 Ch. 691-693

အခန်း (၆၉၁-၆၉၃)

Vol. 47 Ch. 691-693

အပိုင်း ( 691 )

ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ

အန္တိမနယ်မြေ၊ မူလနယ်မြေ ဝင်ပေါက်အရှေ့၌

အဆုံးမဲ့ နတ်စွမ်းအား လှိုင်းတစ်ခု ပျံ့လွင့်နေလျက်ရှိသည်။

ဆံဖြူအကြီးအကဲတစ်ဦးသည် မူလနယ်မြေ၏ ဝင်ပေါက်ဝတွင် မတ်တပ်ရပ်နေလျက်ရှိပြီး၊ အားကောင်းသော နတ်စွမ်းအားမှာ သူ၏ခန္ဓာကိုယ်ထံမှ ထုတ်လွှင့်နေခြင်း ဖြစ်သည်။

သူ၏ လုပ်ဆောင်မှုအောက်၌၊ မူလနယ်မြေ၏ ဝင်ပေါက်တွင် ရှိနေသည့် အက်ကွဲကြောင်းမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

သို့ရာတွင် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲသည် သူ၏မှော်ပညာ အသုံးပြုမှုကို မရပ်တန့်ဘဲ၊ ထပ်မံ၍ ကျိုးပျက်သွားခြင်းကို တားဆီးရန်အတွက် အကာအရံကို ဆက်လက်၍ အားဖြည့်ပေးနေခဲ့သည်။

သူကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးအတွက် ကမ္ဘာ၏ အကာအရံကို ခိုင်မာအောင် ပြုလုပ်ရခြင်းမှာ လွယ်ကူရိုးရှင်းသော တာဝန်တစ်ခုဖြစ်သည်။

“ ဟမ် “

ထိုအချိန်၌ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲသည် အားကောင်းသော စိတ်စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိသွားခဲ့သည်။

သူသည် သူနှင့်အဆင့်တူ ရန်သူတစ်ဦးက ချောင်းမြောင်းကြည့်ရှုနေသည်ဟုသာ ကောက်ချက်ချလိုက်သ်ည။

“ ငါ့ကို ရှာတွေ့သွားပြီလား “

၎င်းကို အာရုံခံမိသွားသောအခါတွင် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ သူ၏ လှုပ်ရှားမှုကို မရပ်တန့်ဘဲ၊ မှော်ပညာကို သူ၏ခွန်အားအကုန်အစင်ဖြင့် ထုတ်သုံးနေတော့သည်။

အစောပိုင်း အချိန်များအတွင်းက

ထိပ်တန်းဂိုဏ်းကြီးများသည် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များကို မူလနယ်မြေဆီသို့ စေလွှတ်လိုက်သည်။

သူသည် အဆိုပါ ဂိုဏ်းကြီးနှင့် မိသားစုကြီးများက မတုံ့ပြန်နိုင်အချိန်မှာပင်၊ မူလနယ်မြေ၏ ဝင်ပေါက်ကို ချိတ်ပိတ်ရန် ကြံရွယ်ခဲ့သည်။

ထိုကဲ့သို့ လုပ်လိုက်မည်ဆိုပါက၊ သူသည် တစ်ခြားသော အင်အားစုများ၏ စွမ်းအားကိုပါ လျှော့ချလိုက်နိုင်မည် ဖြစ်သည်။

ထို့အပြင် အမှောင်နယ်မြေ ဆင်းသက်လာခြင်းကြောင့် ရောက်ရှိလာမည့် ကပ်ဘေးကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။

“ ဗွီ “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲက အင်ပြည့်အားပြည့် ထုတ်သုံးလာသည့် အချိန်တွင် ကောင်းကင်တစ်ခုလုံး လှုပ်ခါသွားခဲ့သည်။

ကမ္ဘာ့ အကာအရံမှာ ဆက်တိုက်ခိုင်မာ၊ ထူထဲလာခဲ့သည်။

ထိုအချိန်တွင်

“ ခရက် “

ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ပုံရိပ်နှစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းတို့မှာ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့ပင် ဖြစ်သည်။

“ ခွေးမသား “

အခြေအနေကို အာရုံခံမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

သူသည် သူ၏လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ရာ၊ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် ဧရာမ လက်ကြီးတစ်ဖက် ပေါ်ထွက်လာခဲ့ပြီး၊ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲထံသို့ ပြေးဝင်သွားခဲ့သည်။

“ ဟမ့် “

၎င်းကို မြင်လိုက်ရသော်လည်း၊ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ မည်သို့မျှ မကြောက်ရွံ့သွားခဲ့ပေ။

အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်လည်း၊ သူသည် သူ၏အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းထားစဲဖြစ်ကာ၊ အဆင့်တူ ပြိုင်ဘက်နှင့် ရင်ဆိုင်ရသောအခါတွင် ဘယ်တော့မှ ကြောက်ရွံ့မနေခဲ့ပေ။

ဤအချိန်၌ သူသည် လက်တစ်ဖက်ဖြင့် မှော်ပညာကို ဆက်လက်အသုံးပြုနေခဲ့ကာ၊ ကျန်လက်တစ်ဖက်ဖြင့် ကြယ်တာရာ T-Rex နတ်ဘုရား၏ တိုက်ခိုက်မှုကို ခုခံတားဆီးလိုက်သည်။

ထိုအချိန်တွင် တိကျွမ်းမှာလည်း ဝင်ပါလာခဲ့သည်။

“ ဘုမ်းးးး “

ကောင်းကင်နှင့် ကမ္ဘာမြေတို့ကို လင်းထိန်သွားစေပြီး၊ ကြီးမားသော အဖျက်စွမ်းအားကို သယ်ဆောင်ထားသည့် လျှပ်စီးတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲထံသို့ ပစ်ခွင်းလာခဲ့သည်။

သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ အမူအရာ ပြောင်းလဲသွားသည်၊ သူ၏အရှေ့တွင် လုံးဝန်းသော ရွှေရောင်ဒိုင်းကာတစ်ခု ပေါ်လာခဲ့ကာ၊ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။

“ အန္တိမ အထွတ်အထိပ် ပညာရှင်နှစ်ယောက်လား “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲသည် တိကျွမ်းကို ကြည့်နေခဲ့ပြီး၊ အမူအရာ မည်းမှောင်သွားခဲ့သည်။

ထိုအချိန်၌ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားကာ၊ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည် “ မင်းတို့က အန္တိမနယ်မြေက မဟုတ်ဘူး၊ မူလနယ်မြေက လူတွေလား “

ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့မှာ အန္တိမ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သောကြောင့်၊ မည်သည့်အရာကိုမှ ဖုံးကွယ်မနေတော့ဘဲ၊ သူတို့၏ မူလပုံစံများအဖြစ် ပြန်ပြောင်းထားခဲ့သည်။

တိကျွမ်းသည် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည် “ မင်းက ဝင်ပေါက်ကို ဘာကိစ္စ ချိတ်ပိတ်ချင်နေရတာလဲ “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် မူလနယ်မြေ၏ အစွမ်းအထက်ဆုံး ပညာရှင်က အဆင့်မြင့် အထွတ်အထိပ်နယ်ပယ်တွင်သာ ရှိနေသေးသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်နှစ်ယောက်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ပေါ်လာရတာလဲဟ

သူသည် လွန်ခဲ့သော ရက်ပိုင်းအတွင်းက သူ၏ဂိုဏ်းမှ ရတနာများ အခိုးခံလိုက်ရသည်ကို ပြန်၍ အမှတ်ရသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ ဉာဏ်အလင်းရသွားခဲ့ကာ၊ အရာအားလုံးကို နားလည်သွားခဲ့သည်။

ဤအချိန်၌ သူသည် ထိုနေ့က အကြောင်းအရာကို ထုတ်မပြောဘဲ၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့ကို အပြုံးဖြင့် ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ ငါက ဝင်ပေါက်ကို ဘာလို့ ချိတ်ပိတ်ချင်ရတာလဲဆိုတာကို၊ မင်းတို့က ငါ့ထပ်ပိုသိမှာ သေချာပါတယ် “

သူသည် အမှောင်နယ်မြေကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည်။

သို့သော် ၎င်းသည် တိကျွမ်းကို ဒေါသထွက်သွားစေခဲ့သည်။

“ မှော်ပညာ သုံးနေတာကို ဘာလို့ မရပ်ရသေးတာလဲ ”

တိကျွမ်းမှ လက်တစ်ဖက်ဖြင့် ရိုက်ချလာခဲ့ရာ၊ ကြောင်းကျိုးဆက်စပ်မှု နိယာမတို့ဖြင့် ပြည့်နှက်နေသည့် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ကာ၊ သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ မှော်ပညာကို ဖြတ်တောက်လိုက်သည်။

သို့သော် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ မည်သို့မျှ ဂရုမစိုက်ဘဲ၊ အသာအယာ ပြုံးနေတော့သည် “ အခု ဝင်ပေါက်ကို ချိတ်ပိတ်ပြီးပြီ၊ ပြန်ဖွင့်ဖို့ မဖြစ်နိုင်တော့ဘူး “

“ ခရက် “

“ ခရက် “

ထိုအချိန်၌ ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြန်သည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။

သူတို့အားလုံးသည် အမျိုးမျိုးသော ဂိုဏ်းကြီးများမှ အန္တိမ အထွတ်အထိပ် ပညာရှင်များ ဖြစ်သည်။

သူတို့သည် ဤနေရာရှိ လှုပ်ခတ်မှုကို အာရုံခံမိသွားကာ၊ ချက်ချင်းရောက်လာခဲ့ခြင်း ဖြစ်သည်။

“ သားရဲအိုကြီး၊ မင်းဘာလုပ်လိုက်တာလဲ “

ပိုးဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်မျက်နှာနှင့် အကြီးအကဲတစ်ဦးမှာ ပထမဦးဆုံးအနေဖြင့် ဒေါသတကြီး အော်ပြောလာခဲ့သည်။

“ ငါ့တိမ်တိုက်ကောင်းကင်ဂိုဏ်းက အကြီးအကဲတွေနဲ့ တပည့်တွေက မူလနယ်မြေမှာ ရှိနေတုန်းပဲ၊ မင်းက ဝင်ပေါက်ကို ဘာကိစ္စ ပိတ်လိုက်ရတာလဲ “

ကျောက်စိမ်းအပျိုစင်ဂိုဏ်း၏ လှပသော မိန်းမပျိုမှာလည်း သူမ၏သဘောထားကို ထုတ်ပြောလာခဲ့သည် “ သားရဲအိုကြီး၊ တကယ်လို့ ဖြေရှင်းချက် မပေးဘူးဆိုရင်၊ ဒီနေ့ဒီနေရာကနေ နင်ထွက်သွားနိုင်ဖို့ကို မေ့လိုက်တော့ “

ထို့နောက်တွင် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များမှာလည်း သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို ‌ဒေါသတကြီး စိုက်ကြည့်လာကြသည်။

တိကျွမ်၏ အမူအရာပါ ပြောင်းလဲသွားခဲ့ရသည်။

သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို လှည့်ကြည့်လိုက်သည် “ အန္တိမ နယ်မြေရဲ့ ဂိုဏ်းတွေက ကြယ်ပြာဂြိုဟ်ဆီကို လူတွေ ထပ်လွှတ်လိုက်တာလား “

သားရဲတစ်သောင်းဂိုဏ်း တစ်ခုတည်းကသာ ကြယ်ပြာဂြိုဟ်သို့ ဝင်ရမည်ဟု သားရဲတစ်သောင်းဂိုဏ်းနှင့် ကြယ်ပြာဂြိုဟ်တို့မှာ ယခင်က သဘောတူထားခဲ့ကြသည်။

အခု တစ်ခြားဂိုဏ်းက လူတွေကပါ ကြယ်ပြာဂြိုဟ်ကို ရောက်သွားပြီလား။ ဘာတွေ ဖြစ်နေတာလဲ

ကြယ်ပြာဂြိုဟ်၏ အစွမ်းအထက်ဆုံး ပညာရှင်များဖြစ်သည့် တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့မှာ တစ်ခြားကမ္ဘာသို့ ရောက်ရှိနေသောကြောင့်၊ ကြယ်ပြာဂြိုဟ်၏ အခြေအနေကား ……

ကြယ်တာရာ T-Rex နတ်ဘုရားသည် သတ်ဖြတ်လိုစိတ်များဖြင့် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို စိုက်ကြည့်လာခဲ့သည် “ သတင်းကို ဖော်လိုက်တာ မင်းမလား “

“ အားလုံးပဲ၊ စိတ်မရှည်မဖြစ်ကြပါနဲ့ “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ ပြုံးနေစဲဖြစ်သည်။ သူသည် ရှေးခေတ်ကတည်းက ရှင်သန်နေထိုင်ခဲ့ခြင်းဖြစ်သောကြောင့် သူ့အား မြေခွေးအိုကြီးတစ်ဦးဟုပင် သတ်မှတ်နေနိုင်ပြီး၊ သူ၏စကားပြောဆိုမှုမှာ အလွန်တရာ ချောမွေ့နေခဲ့သည်။

“ ငါ့ရဲ့ ဂိုဏ်းက မူလနယ်မြေနဲ့ ပတ်သတ်တဲ့ သတင်းကို ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားစေခဲ့တာ မဟုတ်ပါဘူး။ ငါ့ဂိုဏ်းရဲ့ အင်အားက ကြီးကြီးမားမား ထိခိုက်သွားရလို့ မူလနယ်မြေဆီ ပို့ထားတဲ့ တပည့်တွေကို ပြန်ခေါ်လိုက်တဲ့ အချိန်မှာ မတော်တဆ သတင်းပေါက်ကြားသွားခဲ့တာပါ “

“ အမှောင်နယ်မြေရဲ့ ဝင်ပေါက်ကို ဘာလို့ ပိတ်လိုက်ရလဲဆိုတာ အတွက်ကတော့ ငါသိရသလောက်အရဆိုရင်၊ မူလနယ်မြေက အမှောင်နယ်မြေနဲ့ ချိတ်ဆက်တော့မှာ။ အမှောင်နယ်မြေက ပညာရှင်တွေ ရောက်လာတဲ့ အချိန်ကျရင်၊ မူလနယ်မြေမှာ ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မယ် “

“ ငါတို့ အန္တိမ နယ်မြေရဲ့ ငြိမ်းချမ်းရေး တည်တံ့နေခဲ့တာက အချိန်အတော်ကြာနေခဲ့ပြီ၊ အဲ့တာကြောင့် အဲ့လိုကပ်ဘေးမျိုးရဲ့ သက်ရောက်မှုကို မခံရတာက အကောင်းဆုံးပဲ “

…………………………………………………………………………………………………………………………………………….

အပိုင်း ( 692 )

ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ၂

သူ၏ စကားများကို ကြားလိုက်ရသောအချိန်တွင်၊ လူငယ်မျက်နှာ အကြီးအကဲနှင့် တစ်ခြားလူတို့၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

“ အမှောင်နယ်မြေလား “

အဆိုပါ သတင်းအချက်အလက်မှာ သူတို့ သတိမပြုမိခဲ့သည့် အရာဖြစ်သည်။

သို့သော် သားရဲတစ်သောင်းဂိုဏ်း၏ ပြောစကားများကသာ မှန်ကန်နေမည်ဆိုပါက၊ မူလနယ်မြေ ဝင်ပေါက်ကို ပိတ်လိုက်သည့် သူ၏လုပ်ရပ်မှာ တရားမျှတသည်ဟု သတ်မှတ်လိုက်ရမည် ဖြစ်သည်။

အဆိုပါ အန္တိမ အထွတ်အထိပ် ပညာရှင်များအတွက်မူ၊ သူတို့ အကြီးအကဲများ၏ ဘေးကင်းလုံခြုံရေးက အရေးကြီးသော်လည်း၊ သူတို့သည် သူတို့၏ အသက်များကို ပို၍ တန်ဖိုးထားကြသည်။

သို့ရာတွင် တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့ကမူ ထိုကဲ့သို့ ဟုတ်မနေခဲ့ပေ။

တိကျွမ်းသည် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို ကြည့်ကာ၊ စကားထပ်ပြောလာခဲ့သည် “ ဒါဆိုရင်လည်း ကမ္ဘာအတားအဆီးကို ဖွင့်ပေးဖို့အတွက် မင်းကိုပဲ ဒုက္ခပေးရတော့မယ်။ ငါနဲ့ ဒီတာအိုရောင်းရင်း နှစ်ယောက်စလုံးက မူလနယ်မြေက လာကြတာ “

မထင်မှတ်ထားစွာဖြင့် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ သူ၏ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ တောင်းပန်ပါတယ်၊ အဲ့တာကို ငါမလုပ်နိုင်ဘူး “

တိကျွမ်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ မင်းဘာပြောလိုက်တယ် “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ အသာအယာ ပြုံး၍ စကားထပ်ပြောလာခဲ့သည် “ မလောပါနဲ့၊ တာအိုရောင်းရင်းရာ။ အဲ့တာကို ငါမလုပ်နိုင်ဘူးလို့ ပြောခဲ့ရတဲ့ အကြောင်းအရင်းက အန္တိမနယ်မြေနဲ့ မူလနယ်မြေက စကြာဝဠာ မတူလို့ပဲ “

“ အန္တိမနယ်မြေရဲ့ ကိုဩဒိနိတ်တွေက ဆက်တိုက်ပြောင်းလဲနေတာ။ ငါချိတ်ပိတ်ခဲ့တဲ့ အချိန်မှာ အန္တိမနယ်မြေက မူလနယ်မြေနဲ့ ကီလိုမီတာ ဘီလီယံနဲ့ချီပြီး ဝေးတဲ့ နေရာဆီကို ရောက်သွားတာလည်း ဖြစ်နေနိုင်တယ် “

“ တကယ်လို့ ငါက ချိတ်ပိတ်ထားတာကို ချိုးဖျက်ပြီးတော့၊ ဟင်းလင်းပြင် အကာအရံကို ထပ်ဖွင့်လိုက်မယ်ဆိုရင်တောင်မှ၊ မင်းတို့က ကြယ်ပြာဂြိုဟ်ဆီကို ပြန်နိုင်မှာ မဟုတ်ဘူး၊ အဲ့ဒီအစား အဆုံးမဲ့ ဟင်းလင်းပြင်ကိုပဲ တွေ့ရလိမ့်မယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့၏ အမူအရာများမှာ အလွန်တရာ အေးစက်သွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ဒါဆိုရင် အန္တိမနယ်မြေနဲ့ ကြယ်ပြာဂြိုဟ်ကို အရင်တုန်းက ဘယ်လို ချိတ်ဆက်ခဲ့တာလဲ “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ အန္တိမနယ်မြေရဲ့ တည်နေရာက စက္ကန့်တိုင်းမှာ ပြောင်းလဲနေပင်မဲ့၊ သံသရာစက်ဝန်းရှိတယ်၊ မင်းတို့က ဟင်းလင်းပြင် အကာအရံကို တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက အန္တိမနယ်မြေက မူလနယ်မြေရဲ့ အထက်ကို ရောက်နေခဲ့တာပဲ၊ အဲ့တာက တိုက်ဆိုင်မှုသက်သက်ပါပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးမြန်းလာခဲ့သည် “ သံသရာတစ်ပတ် ပြန်လည်ဖို့ ဘယ်လောက်ကြာလဲ “

“ နှစ်တစ်သောင်းလောက်ပါပဲ “ ဟုသားရဲ‌တစ်သောင်းဂိုဏ်း၏ အကြီးအကဲမှ ပြန်ပြောလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့၏ မျက်လုံးများထဲတွင် ရှိနေသည့် သတ်ဖြတ်လိုစိတ်များမှာ ဖုံးဖိထား၍ မရသော အနေအထားမျိုးအထိ ရောက်ရှိလာခဲ့သည်။

ဤအရာအားလုံးမှာ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသော်လည်း၊ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ မည်သို့မျှ မကြောက်ရွံ့သွားဘဲ၊ ရယ်ရယ်မောမောဖြင့် စကားထပ်ပြောလာခဲ့သည် “ တာအိုရောင်းရင်းနှစ်ယောက်က မူလနယ်မြေကို ဘာလို့ဒီလောက်တောင် ဖက်တွယ်နေရတာလဲ။ အန္တိမနယ်မြေကို ဘာလို့ မင်းတို့အိမ်အဖြစ် မသတ်မှတ်လိုက်ရတာလဲ “

“ ဒီနေရာမှာ ဂိုဏ်းတစ်ခု ထူထောင်ပြီးတော့ သူတော်စင်တွေ၊ ဘိုးဘေးတွေ ဖြစ်လာလိုက်ပါလေ၊ အဲ့တာက အံ့ဩစရာ မကောင်းဘူးလား “

“ တစ်ခြားတာအိုရောင်းရင်းတွေကလည်း မင်းတို့ကို တားဆီးမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ် “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲသည် တဟားဟား ရယ်မော၍ ဤနေရာတွင် ရှိနေသည့် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များကို လှည့်ကြည့်လိုက်သည်။

တိမ်တိုက်ကောင်းကင်ဂိုဏ်း၏ လူငယ်မျက်နှာနှင့် အကြီးအကဲမှာလည်း ခေါင်းငြိမ့်ပြကာ၊ စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ မင်းတို့နှစ်ယောက်ကသာ ဂိုဏ်းတစ်ခု တည်ထောင်ချင်တယ်ဆိုရင်၊ ငါတို့က သေချာပေါက် ကူညီပေးမယ် “

တစ်ခြားလူများမှာလည်း တစ်ဦးပြီးတစ်ဦး ခေါင်းငြိမ့်ပြလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့ကဲ့သို့သော အန္တိမ အထွတ်အထိပ် ပညာရှင်နှစ်ဦးမှာ လျှော့တွက်၍မရသော အင်အားစုများ ဖြစ်သည်။

အထူးသဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားဖြစ်ပြီး၊ သူ့ထံမှ ပေါ်ထွက်နေသည့် အရှိန်အဝါသည် သူတို့ကိုပင် အနည်းငယ် စိုးရိမ်ကြောင့်ကြသွားစေခဲ့သည်။

ဤအချိန်၌ သူတို့သည် ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့အား သူတို့နှင့်အဆင့်တူသည့် ပညာရှင်များအဖြစ် အပြည့်အဝ သတ်မှတ်ထားခဲ့ပြီ ဖြစ်သည်။

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲသည် တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့ကို အပြုံးဖြင့် ကြည့်နေခဲ့သည်။

သူ၏ယုံကြည်မှုသည် ကြယ်ပြာဂြိုဟ်ထပ် ပေါများကြွယ်ဝလွန်းလှသည့် အန္တိမနယ်မြေ၏ အရင်းအမြစ်များထံတွင် မြစ်ဖျားခံနေလျက်ရှိသည်။

သာမန်လူတစ်ဦးသာဆိုပါက ဤကဲ့သို့ ရှားပါးလွန်းလှသည့် အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ဘဲ၊ အညှိုးအတေးများကို သင်ပုန်းချေကာ သူတို့နှင့် ပူးပေါင်းလာကြမည် ဖြစ်သည်။

သို့သော် ကံဆိုးစွာဖြင့် သူသည် ယခုလက်ရှိ ကြယ်ပြာဂြိုဟ်ကို နားမလည်ခဲ့ပေ၊ ယခုလက်ရှိ မူလနယ်မြေမှာ ယခင်ကဲ့သို့ ဂိုဏ်းဂဏများ ကွဲပြားကာ၊ စစ်ဖြစ်မနေတော့ဘဲ၊ လူသားမျိုးနွယ်စုနှင့် သားရဲမျိုးနွယ်စု နှစ်ခုစလုံးမှာလည်း တစ်ခုတည်းအဖြစ် စည်းလုံးညီညွတ်နေကြပြီ ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ဒီနေ့မှာ မူလနယ်မြေဆီကို ပြန်သွားနိုင်မဲ့ လမ်းတစ်ခု မရှာပေးနိုင်ဘူးဆိုရင်၊ မင်းရဲ့ ဂိုဏ်းက ဒီကမ္ဘာကြီးထဲမှာ ဆက်ရှိနေစရာ မလိုတော့ဘူး “

သူ့ဘေးနားရှိ တိကျွမ်းမှာလည်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို စိုက်ကြည့်လာခဲ့သည်။

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူသည် အချိန်အတော်ကြာ ဖျောင်းဖျပြောဆိုခဲ့သော်လည်း၊ တစ်ဖက်လူက ခါးခါးသီးသီး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် သူသည် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားစဲပင် ဖြစ်သည် “ တာအိုရောင်းရင်းတို့၊ မင်းတို့က ငါ့ရဲ့ ဆိုလိုရင်းကို နားမလည်ကြသေးဘူးနဲ့တူတယ်။ အန္တိမနယ်မြေမှာက အရင်းအမြစ်တွေ ကြွယ်ဝနေရုံတင်မဟုတ်ဘဲ၊ အန္တိမနယ်ပယ်ကို ‌ရောက်သွားစေနိုင်မဲ့ အခွင့်အလမ်းတွေပါ အများကြီးရှိတယ်။ တကယ်လို့ မင်းတို့ ……………. “

သူ့စကားမဆုံးခင် အချိန်မှာပင်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးစက်စွာ ကြားဖြတ်ပြောလာခဲ့သည် “ နောက်ဆုံးအနေနဲ့ ထပ်ပြောမယ်၊ မူလနယ်မြေဆီ ဘယ်လိုပြန်ရမလဲဆိုတာကို ပြောစမ်း “

သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သူသည် ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းကို ကြည့်ကာ၊ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ကြည့်ရတာတော့ မင်းတို့က အန္တိမနယ်မြေရဲ့ ဂိုဏ်းတော်တော်များများကို ဆန့်ကျင်ဖို့ ရည်ရွယ်ထားတဲ့ပုံပဲ “

သူ၏ စကားများသည် သူက တစ်ခြားသော အန္တိမ အထွတ်အထိပ်အဆင့် ပညာရှင်များနှင့် တစ်ဖက်တည်းတွင် ရပ်တည်နေလျက်ရှိပြီး၊ အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရားတို့ကသာ လှုပ်ရှားလာခဲ့မည်ဆိုပါက၊ ၎င်းက အန္တိမနယ်မြေတစ်ခုလုံးကို စစ်ကြေညာလိုက်သကဲ့သို့ ဖြစ်သွားမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားနှင့်တိကျွမ်းတို့ကမူ သူ၏လှည့်ကွက်များကို အလွယ်တကူ မြင်တွေ့နေခဲ့ကြသည်။

တိကျွမ်းမှ အေးအေးလူလူ စကားထပ်ပြောလာခဲ့သည် “ မင်းတို့သားရဲတစ်သောင်းဂိုဏ်းက အမှောင်နယ်မြေ ဆင်းသက်လာမဲ့ အကြောင်းကို သိနေခဲ့တာ တော်တော်ကြာနေပြီ၊ ဒါပင်မဲ့ တစ်ခြားလူတွေကို ကြိုပြီးတော့ အသိမပေးခဲ့ဘူး၊ ဘယ်လောက်တောင် သစ္စာမဲ့လိုက်လဲ “

ထိုစကားလုံးများသည် ဤနေရာတွင် ရှိနေသည့် ပညာရှင်တော်တော်များများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

သို့သော် တစ်ခဏအကြာတွင် လူငယ်မျက်နှာနှင့် အကြီးအကဲမှာလည်း စကားထပ်ပြောလာခဲ့သည် “ မူလနယ်မြေက တာအိုရောင်းရင်းနှစ်ယောက်၊ မင်းတို့ရဲ့ အမုန်းတရားတွေကို စွန့်လွှတ်လိုက်ဖို့ ငါအကြံပေးတယ်။ ငါဒီမှာရှိနေရင် မင်းတို့က သားရဲတစ်သောင်းဂိုဏ်းကို ဒုက္ခပေးလို့ မရဘူး “

“ ငါ့ရဲ့ တိမ်တိုက်ကောင်းကင်ဂိုဏ်းက သားရဲတစ်သောင်းဂိုဏ်းနဲ့ မတည့်ဘူးဆိုပင်မဲ့၊ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုတဲ့ အဓိပ္ပါယ်ကို နားလည်တယ်။ တကယ်လို့ မင်းတို့က သားရဲတစ်သောင်းဂိုဏ်းကို ဖိနှိပ်မယ်ဆိုရင်၊ တစ်နေ့မှာ ငါတို့ရဲ့ အလှည့်ကို ရောက်လာလိမ့်မယ် “

သူ၏စကားလုံးများမှာ တစ်ခြားလူများကိုပါ သတိပေးလိုက်ခြင်း ဖြစ်သည်။

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးနှင့် တစ်ခြားလူများသည် တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့ကို ရန်လိုနေသော အကြည့်များဖြင့် စိုက်ကြည့်လာကြသည်။

သူတို့အကြားတွင် အတွင်းပိုင်း ပြိုင်ဆိုင်မှုများ ရှိကြသော်လည်၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့ကမူ ပြင်ပအင်အားစုများ ဖြစ်နေခဲ့သည်။

သူတို့သည် အပြင်လူများကို ရင်ဆိုင်ရာတွင် စည်းလုံးညီညွတ်ရမည်ဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။

ထိုစဥ် ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း သဘောထားကွဲလွဲအောင် ပြုလုပ်ခြင်းက အချည်းနှီးသာ ဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ထိုလူများက သွေးစည်းသွားမည်ကို ယခင်ကတည်းက ကြောက်ရွံ့မနေခဲ့ပေ။

သူသည် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ဆိုတော့ မင်းက အဖြေမပေးနိုင်ဘူးပေါ့ “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှာ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ နည်းလမ်းတစ်ခုတော့ တကယ်ရှိပါတယ်၊ ဒါပင်မဲ့ မင်းတို့ကို ဘာလို့ပြောပြရမှာလဲ “

“ မင်းတို့နှစ်ယောက်က မူလနယ်မြေရဲ့ ဝင်ပေါက်ဖွင့်တာကို ခွင့်ပြုပေးပြီးတော့ အမှောင်နယ်မြေရဲ့ ပညာရှင်တွေကို ဖိတ်ခေါ်လိုက်ရမှာလား “

သူစကားလုံးများသည် တစ်ခြားသော ပညာရှင်များကိုပါ နိုးနိုးကြားကြား ဖြစ်သွားစေခဲ့သည်။

ကျောက်စိမ်းအပျိုစင်ဂိုဏ်း၏ ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးမှာလည်ခေါင်းငြိမ့်ပြကာ စကားဝင်ပြောလာခဲ့သည် “ နင်တို့နှစ်ယောက်က မူလနယ်မြေရဲ့ ဝင်ပေါက်ကို အတင်းအကြပ် ဖွင့်ဖို့ ကြိုးစားမယ်ဆိုရင်၊ ရက်စက်တဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့ “

ဤအချိန်၌ အန္တိမနယ်မြေ၏ ပညာရှင်အားလုံးမှာ စည်းလုံးညီညွတ်သွားကြသည်။

သားရဲတစ်သောင်းဂိုဏ်းမှ အကြီးအကဲ၏ မျက်လုံးများထဲတွင် မာန်တက်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်နှစ်ယောက်ဆိုရင်ရော၊ ဘာဖြစ်လဲ

အန္တိမနယ်မြေထဲမှာဆိုရင်၊ ကျားနဲ့ နဂါးတွေကတောင် ဝပ်တွားနေရမယ်

ငါတို့ဘက်မှာ လူခုနစ်ယောက်ရှိတယ်၊ မင်းတို့က ယှဥ်နိုင်မှာမို့လို့လား

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲက ကျေနပ်ပီတိ ဖြစ်နေသည့် အချိန်တွင်

“ ဘုမ်းးးး “

ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ကို ရုတ်တရက် ဆန့်တန်းလာခဲ့သည်။

တစ်စက္ကန့်၏ အပုံတစ်သောင်းပုံတစ်ပုံ အချိန်အတွင်းမှာပင်၊ မိုင်သိန်းချီ ဧရိယာအတွင်းရှိ ဟင်းလင်းပြင်မှာ ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

ကြောက်မက်ဖွယ်ရာ လက်ကြီးတစ်ဖက်သည် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲအပေါ်သို့ ကျဆင်းလာခဲ့သည်။

“ မင်းးး ….. “

သူ၏အမူအရာ ပြောင်းလဲသွားကာ၊ ပိတ်ဆို့တားဆီးရန်အတွက် အလျင်စလို လှုပ်ရှားလာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ရုတ်တရက် တိုက်ခိုက်မှုက သူ့ကို အငိုက်မိသွားစေခဲ့သော်လည်း၊ သူကဲ့သို့သော ပညာရှင်တစ်ဦးသည် တစ်စက္ကန့်၏ အပုံတစ်သောင်းပုံတစ်ပုံ အချိန်အတွင်းမှာပင် ကိစ္စတော်တော်များများကို ဆောင်ရွက်နိုင်ပေသည်။

“ ဟုန်မန်ရွှေခေါင်းလောင်း “

ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့ပြီး၊ ရွှေရောင်ခေါင်းလောင်းတစ်လုံး ပေါ်ထွက်လာခဲ့ကာ၊ ၎င်းသည် အန္တိမ အထွတ်အထိပ်အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

အန္တိမ အထွတ်အထိပ်အဆင့် မှော်ရတနာ

“ သွား “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှ သူ၏လက်ကို မြှောက်၍ လက်ညှိုးညွှန်လာခဲ့ရာ၊ ဟုန်မန်ရွှေခေါင်းလောင်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ဖိနှိပ်ရန် ရွေ့လျားလာခဲ့သည်။

“ အတင့်ရဲချက် “

“ မင်းတို့က လှုပ်ရှားနေတယ်ဆိုတော့၊ ငါတို့ကို အပြစ်မတင်နဲ့တော့ “

ထိုစဥ် လူငယ်မျက်နှာနှင့် အကြီးအကဲ၊ ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးနှင့် တစ်ခြားသော တစ်ခြားသော ပညာရှင်များမှာလည်း တစ်ညီတစ်ညာတည်း အော်ဟစ်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့ကို စတင်၍ တိုက်ခိုက်လာခဲ့သည်။

အန္တိမ အထွတ်အထိပ် ပညာရှင် ရှစ်ဦးက အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းသည် အလွန်တရာ ရင်သပ်ရှုမောဖွယ်ကောင်းနေခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီး တစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး၊ ကီလိုမီတာ သန်းဂဏန်းအတွင်းရှိ ဟင်းလင်းပြင် ပေါက်ကွဲသွားကာ၊ မိုင်ထောင်နှင့်ချီ၍ ရှည်လျားသော ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးများကို ဖြစ်ပေါ်သွားစေခဲ့သည်။

ထိုအချိန်၌ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအတွင်းရှိ နိယာမတို့၏ စွမ်းအားမှာ ဖရိုဖရဲဖြစ်သွားခဲ့ပြီး၊ ဓာတ်ကြီးငါးပါး ပြောင်းပြန်လန်သွားခဲ့ကာ၊ အချိန်နှင့် ဟင်းလင်းပြင်တို့မှာလည်း နောက်ပြန်စီးဆင်းနေတော့သည်။

နိယာမတို့၏ အန္တိမအဆင့် စွမ်းအင်လှိုင်းလုံးများ မြင့်တက်လာခဲ့ကာ၊ ကောင်းကင်ပြင်နှင့် ကမ္ဘာမြေတို့ကို ဖုံးလွှမ်းသွားခဲ့သည်။

ကမ္ဘာပျက်ကပ် မြင်ကွင်းတစ်ခုသဖွယ် ဖြစ်သွားခဲ့သည်။

တိုးညှင်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ ဖန်ဆင်းခြင်း “

……………………………………………………………………………………………………………………………………………

အပိုင်း ( 693 )

အန္တိမ အထွတ်အထိပ် ပညာရှင်ကို အစေခံအဖြစ်သို့ ဖိနှိပ်ခြင်း၊ အန္တိမနယ်မြေ၏ အရှင်သခင်

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ဖရိုဖရဲ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ အလင်းတန်းသည် လျင်မြန်စွာ ကြီးမားလာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာငယ်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ကာ၊ ဤနေရာတွင် ရှိနေသည့် လူတိုင်းကို ဖုံးလွှမ်းသွားခဲ့သည်။

လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီး

ဓာတ်ကြီးငါးပါး၊ အစီအရင် အဆောင်၊ ဟင်းလင်းပြင်နှင့် အချိန်၊ အသက်နှင့် မရဏ ….. အမျိုးမျိုးသော နိယာမတို့မှာ ဤကမ္ဘာအတွင်းသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အံ့ဖွယ်ကောင်းသည့် ကမ္ဘာအစစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုတစ်ကြိမ် ဖန်တီးမှု အမြန်နှုန်းသည် ယခင်က ကမ္ဘာ့ကြယ်၏ ဘုရင်သုံးပါးကို တိုက်ခိုက်ခဲ့စဥ် အချိန်ကထပ် များစွာပိုမို မြန်ဆန်နေခဲ့သည်။

တစ်စက္ကန့်၏ အပုံတစ်သောင်းပုံတစ်ပုံ အချိန်အတွင်းမှာပင် ပြီးပြည့်စုံသည့် ကမ္ဘာအစစ်တစ်ခုမှာ လူတိုင်းကို ဝါးမြိုသွားခဲ့သည်။

၎င်းမှာ ချို့ယွင်းချက် မရှိသော အစစ်အမှန် ကမ္ဘာတစ်ခု ဖြစ်သည်။

အဆိုပါ အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် ချို့ယွင်းချက်များကို မရှာနိုင်ခဲ့ပေ။

” အဲ့တာ ….. အဲ့တာက ဖန်ဆင်းခြင်း နိယာမလား “

“ ပြီးပြည့်စုံတဲ့ ဖန်ဆင်းခြင်း နိယာမလား “

“ သူက အန္တိမ အထွတ်အထိပ်ကို ဖန်ဆင်းခြင်း နိယာမနဲ့ အဆင့်တက်လာခဲ့တာလား “

ထိုအချိန်၌ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲဖြစ်စေ၊ တိမ်တိုက်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲ ထုန်ရန်ပင်ဖြစ်စေ၊ ကျောက်စိမ်းအပျိုစင်ဂိုဏ်း၏ ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးပင် ဖြစ်စေ၊ အားလုံးမှာ ထိတ်လန့်တကြား ဖြစ်သွားကြသည်။

သူတို့ပင် မဆိုထားနှင့်၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ဘေးနားတွင် ရှိနေသည့် တိကျွမ်းကပင် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

အန္တိမ အထွတ်အထိပ်အဆင့်တွင်လည်း အဆင့်အမျိုးမျိုး ရှိနေခဲ့သည်။

အကယ်၍ လူတစ်ယောက်သည် အသက်နှင့် မရဏ၊ ကြောင်းကျိုးဆက်စပ်မှု (သို့) အချိန်နှင့် ဟင်းလင်းပြင် ကဲ့သို့သော အန္တိမ နိယာမများအနက်မှ တစ်ခုကို နားလည်ထားမည်ဆိုပါက၊ သူသည် အဆင့်နိမ့် အန္တိမ အထွတ်အထိပ် ပညာရှင်သာ ဖြစ်နေလိမ့်မည် ဖြစ်သည်။

သို့သော် နှစ်ခုထပ်ပို၍ နားလည်ထားမည်ဆိုပါက အဆင့်က ပိုမိုမြင့်မားနေလိမ့်မည် ဖြစ်သည်။

သို့ရာတွင် ထိုနှစ်ခုထပ် ပိုမိုသန်မာအားကောင်းသည့် အဆင့်တစ်ဆင့် ရှိနေသေးသည်။

၎င်းမှာ ဖန်တီးခြင်း နိယာမ(သို့) ဖျက်စီးခြင်း နိယာမကို နားလည်ထားသည့် ပညာရှင်ပင် ဖြစ်သည်။

ဖန်တီးခြင်းနှင့် ဖျက်စီးခြင်း နိယာမတို့မှာ အသက်နှင့် မရဏ၊ ကြောင်းကျိုးဆက်စပ်မှုကဲ့သို့သော အန္တိမ နိယာမများထပ် တစ်ဆင့်ပိုမြင့်သည့် နိယာမများ ဖြစ်သည်။

အကြောင်းအရင်းမှာ ရိုးရှင်းလှပေသည်၊ ဖန်တီးခြင်း နိယာမကို နားလည်ထားခြင်းဖြင့်၊ အသက်နှင့် မရဏ၊ ကြောင်းကျိုးဆက်စပ်မှုနှင့် အချိန်နှင့် ဟင်းလင်းပြင်ကဲ့သို့သော အန္တိမ နိယာမများကို ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။

ထိုအားသာချက်ကြောင့်ပင် ဖန်တီးခြင်း နိယာမက တစ်ခြားသော နိယာမများထပ် သာလွန်နေရခြင်း ဖြစ်သည်။

ဖျက်စီးခြင်း နိယာမကမူ ဖန်တီးခြင်း နိယာမနှင့် တစ်တန်းတည်း ရပ်တည်နိုင်သည့် နိယာမတစ်ခု ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ ကမ္ဘာတစ်ခုလုံးကို ချက်ချင်းဖျက်စီးနိုင်သောကြောင့် ဖြစ်သည်။

ထိုကဲ့သို့သော နိယာမနှစ်ခုအနက် ဖန်တီးခြင်း နိယာမကို နားလည်ထားသည့် ကြယ်တာရာ T-Rex နတ်ဘုရားသည် လူတိုင်းကို ကြောက်လန့်သွားစေခဲ့သည်။

“ အားလုံးပဲ အတူတူ တိုက်ခိုက်ပြီးတော့၊ ဒီကမ္ဘာကို ဖွင့်ဖို့အတွက် အရင်လုပ်ကြ “

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲမှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

ရှေးခေတ်ပညာရှင်တစ်ဦးဖြစ်သည့်အလျောက်၊ သူ့ထံတွင် အတွေ့အကြုံများစွာ ရှိနေခဲ့ပြီး၊ ပြိုင်ဘက်က ဖန်တီးထားသည့် ကမ္ဘာအတွင်းတွင် ကြာကြာနေလေလေ၊ အန္တရာယ်ပိုများလေလေဆိုသည်ကို သူသိနေခဲ့သည်။

ထို့နောက်တွင် သူသည် လက်ကို မြှောက်၍ လက်ညှိုးညွှန်လိုက်ရာ၊ ဟုန်မန်ရွှေခေါင်းလောင်းမှာ လေတိုက်တိုင်း ကြီးမားလာခဲ့သည်။

အုမ်းး

ဟုန်မန်ရွှေခေါင်းလောင်းသည် ကျယ်လောင်သော မြည်ဟီးသံတစ်ခုကို ထုတ်လွှင့်ကာ၊ စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

၎င်းသည် ဟင်းလင်းပြင်ကိုပါ တုန်ခါသွားစေခဲ့သည်။

ဤနေရာက ကြယ်တာရာ T-Rex နတ်ဘုရား ဖန်တီးထားသည့် ကမ္ဘာဖြစ်ပြီး၊ သူ၏ နိယာမများက မပျက်စီးသွားသရွေ့၊ ဟင်းလင်းပြင်က မည်သို့မျှ မလှုပ်ခတ်သွားနိုင်ဘူးဆိုသည်ကို သိကြရမည် ဖြစ်သည်။

သို့သော် ယခုတွင်ကား စွမ်းအင်လှိုင်းတစ်ခုတည်းဖြင့် ဟင်းလင်းပြင်ကို လှုပ်ခါသွားစေခြင်းသည် ၎င်း၏ စွမ်းအားက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

“ ဘုမ်းး ဝုန်းး အုမ်းးး “

ချက်ချင်းဆိုသလိုပင် ဟုန်မန်ရွှေခေါင်းလောင်းသည် ရာနှင့်ချီသော စွမ်းအင်းလှိုင်းများကို ထုတ်လွှတ်လာခဲ့သည်။

အဆိုပါ လှိုင်းတစ်ခုချင်းစီတိုင်းသည် သာမန် အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦးကို ခြိမ်းခြောက်နိုင်စွမ်းရှိနေခဲ့သည်။

တစ်ချိန်တည်းမှာပင် လူငယ်မျက်နှာ အကြီးအကဲ၊ ထုန်ရင်နှင့် တစ်ခြားသော ပညာရှင်တို့မှာလည်း သူတို့၏ ကိုယ်ပိုင်နည်းလမ်းကို ထုတ်သုံးကာ၊ ဟင်းလင်းပြင်ကို စတင်၍ ချိုးဖျက်နေကြသည်။

“ ဟမ့် “

အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ကို မြှောက်ကာ၊ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို ဖိနှိပ်လာခဲ့သည်။

“ ဘုမ်းးး “

ပေါ့ပေါ့ပါးပါး လက်လှုပ်လိုက်ခြင်းသာ ဖြစ်သော်လည်း၊ ကမ္ဘာတစ်ခုလုံး၏ စွမ်းအားမှာ သူ့ထံသို့ ရောက်ရှိလာသည့်အလား ဖြစ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာစွမ်းအားသည် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲအပေါ်သို့ ကျဆင်းလာခဲ့သည်။

ထိုအချိန်၌ သူသည် ဟုန်မန်ရွှေခေါင်းလောင်း၏ ကာကွယ်မှုကို ရထားခဲ့သော်လည်း၊ မျက်နှာနီရဲသွားခဲ့သည်။

“ ဖူး “

သူသည် တစ်ခဏခန့်သာ တောင့်ခံထားနိုင်ခဲ့ပြီး၊ ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရကာ၊ မည်သို့မျှ မခုခံနိုင်တော့ပေ။

“ မင်းကို ငါတို့ ကူညီမယ် “

ထုန်ရင်၊ ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးနှင့် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များသည် အော်ဟစ်ပြောဆိုရင်းဖြင့် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲဆီသို့ ပျံသန်းလာကြသည်။

“ ငါ့ကို တားတဲ့ကောင်၊ အကုန်သေရမယ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးစက်စွာ အော်ပြောလာခဲ့ပြီး၊ သူ၏လက်မှာ ကြက်သွေးရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ငြှိမ်းသက်၍ မရသော ကြယ်မီးဖို

အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင်၊ အဆိုပါ စွမ်းရည်မှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၎င်းသည် ဒီဂရီ ထရီလီယံပေါင်းများစွာရှိသည့် အပူချိန်ကို ထုတ်လွှတ်လာခဲ့သည်။

ထိုကဲ့သို့သော အပူချိန်မျိုးနှင့် ထိတွေ့မိမည်ဆိုပါက၊ အန္တိမ အထွတ်အထိပ် ပညာရှင်ကပင် ချက်ချင်းပျောက်ကွယ်သွားရလိမ့်မည် ဖြစ်သည်။

ကမ္ဘာစွမ်းအား၏ အထောက်အပံ့ရှိနေသောကြောင့်် အဆိုပါ စွမ်းရည်မှာ သိသိသာသာ ပိုမိုအားကောင်းလာခဲ့သည်။

တစ်ခဏ အကြာ၌

“ ခရက် “

ဟုန်မန်ရွှေခေါင်းလောင်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထုန်ရင်မှာ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

သူသည် လူတစ်ယောက်က အန္တိမ အထွတ်အထိပ်အဆင့် မှော်ရတနာအား တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ပြိုကွဲသွားစေခြင်းကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။

ထိုအချိန်၌ တစ်ခြားသော ပညာရှင်များမှာလည်း အထိတ်တလန့် ဖြစ်သွားခဲ့သည်။

သူတို့သည် ထိပ်တိုက်မရင်ဆိုင်ရဲတော့ဘဲ၊ လျင်မြန်စွာ နောက်ဆုတ်သွားတော့သည်။

“ ဘုမ်းးး “

ကြက်သွေးရောင် လက်ကြီးသည် သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲအပေါ်သို့ ကျဆင်းလာခဲ့သည်။

“ ထာဝရ ကြယ်လက်စွပ် “

သူအော်ပြောလာခဲ့ရာ၊ ရောင်စုံလက်စွပ်တစ်ကွင်း ပေါ်ထွက်လာခဲ့သည်၊ ၎င်းမှာလည်း အန္တိမ အထွတ်အထိပ်အဆင့် ရတနာတစ်ခု ဖြစ်နေခဲ့သည်။

အန္တိမနယ်မြေရှိ အရင်းအမြစ်များက အမှန်ပင် ပေါများကြွယ်ဝသည်ဆိုသည်ကို လက်ခံရမည် ဖြစ်သည်၊ သားရဲတစ်သောင်းဂိုဏ်း၏ အန္တိမ အကြီးအကဲတစ်ဦးတည်းဆီမှာပင် အန္တိမ အထွတ်အထိပ် ရတနာနှစ်ခု ရှိနေခဲ့သည်။

ထိုအချိန်၌ ရောင်စုံလက်စွပ်သည် လေတိုက်တိုင်း ကြီးမားလာခဲ့ပြီး၊ ဧရာမ ရောင်စုံအကာအရံအဖြစ် ပြောင်းလဲသွားကာ၊ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို ကျစ်ကျစ်လစ်လစ် ကာကွယ်ပေးလာခဲ့သည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်

“ ဘုမ်းးး “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ဒီဂရီ ထရီလီယံပေါင်းများစွာရှိသည့် အပူချိန်ကို သယ်ဆောင်ထားသည့် ကြက်သွေးရောင် လက်ကြီးမှာ အရာအားလုံးကို ချက်ချင်းလောင်ကျွမ်းသွားစေခဲ့သည်။

တစ်ခဏအတွင်းမှာပင် ရောင်စုံလက်စွပ်မှာ တရှဲရှဲ အော်မြည်သံများကို ထုတ်လွှတ်လာခဲ့ပြီး၊ စတင်၍ ကွဲအက်လာခဲ့သည်။

“ ဘမ်းး “

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ရောင်စုံလက်စွပ် ပေါက်ကွဲသွားခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ကြီးမှာလည်း အောက်ဘက်သို့ ဆက်လက်၍ ကျဆင်းလာခဲ့သည်။

All Chapters