← Chapters

အခန်း (၇၀၃-၇၀၅)

Vol. 47 Ch. 703-705

အခန်း (၇၀၃-၇၀၅)

Vol. 47 Ch. 703-705

အပိုင်း ( 703 )

အံ့ဩခြင်း၊ ရွှေရောင်မီးလျှံ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား

ယနေ့ခေတ် ကမ္ဘာ

အန္တိမနယ်မြေ၊ သားရဲတစ်သောင်းဂိုဏ်း

ကြယ်တာရာ T-Rex နတ်ဘုရားသည် လက်တွေ့ဘဝအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူသည် ခမ်းနားသောအိမ်မက်တစ်ခုအလား ဖြစ်နေခဲ့သည့် လွန်ခဲ့သော နှစ်တစ်သိန်းကျော်အကြာက သမိုင်းဖြစ်ရပ်များကို မြင်တွေ့နေရသေးသကဲ့သို့ လေဟာနယ်ကို ငေးကြည့်နေခဲ့သည်။

“ ဆရာ၊ ကျွန်မတို့ ပြန်ရောက်လာပြီ “

ရွှေရောင်မီးလျှံသည် သူ့စိတ်အတွင်းမှ ပျံထွက်လာခဲ့သည်၊ သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကို ခေါ်ဆိုသည့် သူမ၏ အသုံးအနှုန်းမှာ အံ့ဖွယ်ကောင်းလောက်အောင် ပြောင်းလဲနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမကို ကြည့်ကာ ရုတ်တရက် မေးမြန်းလိုက်သည် “ မင်းက အန္တိမ အခွင့်အရေးလို့ လူသားဧကရာဇ်က ပြောခဲ့တယ်၊ အဲ့တာက ဘာလဲ “

ရွှေရောင်မီးလျှံသည် သူမ၏ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ ကျွန်မ မသိဘူး၊ အရင်ဆရာက အဲ့အကြောင်းကို မပြောပြခဲ့ဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏နတ်စွမ်းအားဖြင့် စစ်ဆေးလိုက်သော်လည်း၊ မည်သည့်အရာမှ လွဲချော်မနေဘူးဆိုသည်ကိုသာ မြင်တွေ့လိုက်ရသည်။

သူ၏ယခုလက်ရှိ စွမ်းအားနှင့်သာဆိုပါက တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် အရာအားလုံး၏ မူလအား မြင်တွေ့နိုင်သည်ကို အမှတ်ရကြရမည် ဖြစ်သည်။

သို့သော် ဤရွှေရောင်မီးလျှံ၌ လူသားဧကရာဇ် ပြောခဲ့သည့် အန္တိမ အခွင့်အလမ်းဆိုသည့် အရာကို သူမမြင်ခဲ့ရပေ။

သို့သော် လူသားဧကရာဇ်နှင့် အောင်းချန်တို့နှစ်ဦးစလုံးက ထိုစကားကို ပြောခဲ့သည့်အတွက်၊ ၎င်းသည် ဤရွှေရောင်မီးလျှံထံတွင် လျှို့ဝှက်ချက်တစ်ချို့ ရှိနေပြီး၊ သူက ၎င်းကို ရှာမတွေ့သေးခြင်းသာ ဖြစ်သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ကာ၊ လူသားဧကရာဇ်၏ နောက်ဆုံးစကားကို ပြန်၍အမှတ်ရသွားခဲ့သည်။

“ မူလနိယာမကို ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစည်းရမှာလား “

ထိုစကားသည် အလွန်တရာ နက်နဲလွန်းလှပြီး၊ အထွတ်အထိပ်အဆင့်အောက်မှ ပညာရှင်များကမူ ၎င်းကို မည်သို့မျှ နားလည်နေလိမ့်မည် မဟုတ်ပေ။

မူလနိယာမ အကုန်လုံးက တာအိုထံမှ မွေးဖွားလာခြင်းဖြစ်သောကြောင့်၊ တာအိုနှင့် နိယာမ ပေါင်းစည်းရမည်ဆိုသည့် စကားအား မည်သူက နားလည်နိုင်လိမ့်မည်နည်း

သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားကမူ သင်ယူစရာများစွာ ရှိနေသေးသည်ကို သိနေခဲ့သည်။

“ လူသားဧကရာဇ် ပြောခဲ့တဲ့ ကောင်းကင်ဘုံတာအိုဆိုတာက ခုခေတ်နောင်လာနောင်သားတွေ ပြောကြတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေတာအိုမဟုတ်ဘဲ၊ တာအို အမျိုးမျိုးကို အစိုးရတဲ့ ကောင်းကင်ဘုံ တာအိုဖြစ်နေနိုင်တယ် “

ရှေးခေတ်မှတ်တမ်းများတွင် တာအိုက တစ်ကို မွေးဖွားပေးပြီး၊ တစ်က နှစ်ကို မွေးဖွားပေးကာ၊ နှစ်က သုံးကို မွေးဖွားပေး၍၊ သုံးက အရာအားလုံးကို မွေးဖွားပေးသည်ဟု မှတ်တမ်းတင်ထားခဲ့သည်။

အဆိုပါ တာအိုမှာ ကောင်းကင်ဘုံတာအိုပင် ဖြစ်သည်။

ကောင်းကင်ဘုံတာအိုသည် သက်ရှိအားလုံးကို ပျိုးထောင်ပေးပြီး၊ ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ အမျိုးမျိုးသော တာအိုများကလည်း ၎င်းထံမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ကျော်လွန်ခြင်းဟု ခေါ်ဆိုသည့် အရာမှာလည်း ကိုယ့်ကိုကိုယ် ကောင်းကင်ဘုံတာအိုနှင့် ပေါင်းစည်း၍၊ ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခြင်းကို ညွှန်းဆိုနေခြင်း ဖြစ်သည်။

သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုအဆင့်သို့ ရောက်ရှိရန် အတော်လေး အလှမ်းဝေးနေသေးသည်။

လူသားဧကရာဇ်၏ ပြောစကားများအရ သူသည် သူ၏ကိုယ်ပိုင်မူလ နိယာမအား ကောင်းကင်ဘုံတာအိုနှင့် အရင်ဦးဆုံး ပေါင်းစည်းနိုင်သည်ဟု သိခဲ့ရသည်။

တာအိုက ကောင်းကင်ဘုံတာအိုထံမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သောကြောင့်၊ ပေါင်းစည်းခြင်းက ပိုမိုလွယ်နေမည် ဖြစ်သည်။

“ လူသားဧကရာဇ်ရဲ့ ရည်ရွယ်ချက်က ကောင်းကင်ဘုံတာအိုက သက်ရှိအားလုံးနဲ့ တာအိုအမျိုးမျိုးကို ဘယ်လိုမျိုး ပေါင်းစပ်ပျိုးထောင်ပေးလဲဆိုတာကို ငါ့ကို လေ့လာစေချင်ပြီးတော့၊ အဲ့ဒီနည်းလမ်းနဲ့ ငါ့ရဲ့ကိုယ်ပိုင် တာအိုကို ပေါင်းစည်းပြီးတော့ ကိုယ်ပိုင်လမ်းကြောင်းတစ်ခု ဖန်တီးစေချင်တာလား “

“ ဒါပင်မဲ့ မူလနိယာမနဲ့ ကောင်းကင်ဘုံကို တာအိုကို ဘယ်လိုပေါင်းစည်းရမှာလဲ “

ကြယ်တာရာ T-Rex နတ်ဘုရား အတွေးနက်သွားခဲ့သည်။

ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ရွှေရောင်မီးလျှံမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ဆရာ၊ ကျွန်မရဲ့ အရင်ဆရာက ကောင်းကင်ဘုံတာအိုမှာ အသိစိတ်ရှိတယ်လို့ ပြောပြခဲ့ဖူးတယ် “

“ ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစည်းဖို့အတွက် သူနဲ့ဆက်သွယ်ဖို့ လိုအပ်တယ်၊ ပြီးတော့ ကျွန်မက အဲ့လိုလုပ်နိုင်တဲ့ပုံပဲ “

“ မင်းဘာပြောလိုက်တယ် “ ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည် “ မင်းက ကောင်းကင်ဘုံတာအိုနဲ့ ဆက်သွယ်နိုင်တာလား “

နှစ်တစ်သိန်းကျော်ကြာ မြင်တွေ့ခဲ့ရသည့် သမိုင်းကြောင်းကို ကြည့်ရှုခဲ့ပြီးသည့်နောက်မှာပင် သူသည် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။

လူတစ်ဦး၏ အရည်အချင်းက မည်မျှပင် အံ့ချီးဖွယ်ကောင်းနေခဲ့ကာ၊ အချိန်နှင့် စကြာဝဠာပေါင်းများစွာကိုပင် အုပ်စိုးနေနိုင်ခဲ့ပါစေ၊ ကောင်းကင်ဘုံတာအို၏ အောက်တွင်သာ ရှိနေရဦးမည် ဖြစ်သည်။

ကောင်းကင်ဘုံတာအိုသည် စိတ်ခံစားချက်ကင်းမဲ့ပြီး၊ သက်ရှိအားလုံးကို ညီတူညီမျှသာ ဆက်ဆံပေသည်။

မည်သူကမှ ကောင်းကင်ဘုံတာအိုနှင့် ဆက်သွယ်မနေနိုင်သင့်ပေ။

ရွှေရောင်မီးလျှံက အဲ့လိုမျိုး တကယ်ကြီး လုပ်နေနိုင်တာလားဟ

ရွှေရောင်မီးလျှံမှ စကားထပ်ပြောလာခဲ့သည် “ တကယ်တော့၊ ကျွန်မက မသိစိတ်လို အရာတစ်ခုခုနဲ့ ဆက်သွယ်နေနိုင်တယ်လို့ အမြဲလိုလို ခံစားနေခဲ့ရတယ်။ အရင်ကတော့ အဲ့တာက ဘာလဲဆိုတာကို မသိခဲ့ဘူး၊ လူသားဧကရာဇ်က တာအိုကို အရင်းအမြစ်အဖြစ် သုံးပြီးတော့ ကျွန်မကို ဖန်တီးခဲ့တာလို့ ပြောတော့မှပဲ၊ အဲ့တာက ကောင်းကင်ဘုံတာအိုဆိုတာကို သိသွားတာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမ၏ဆိုလိုရင်းကို နားလည်သွားခဲ့သည်။

ရွှေရောင်မီးလျှံမှာ တာအို၏ ထုတ်ကုန်တစ်ခုဖြစ်သည်။

ရွှေရောင်မီးလျှံသည် သူမ၏ ကိုယ်ပိုင်အသိစိတ်ကို မွေးဖွားစေနိုင်ခဲ့သည်၊ တစ်နည်းဆိုရသော် သူမသည် ကောင်းကင်ဘုံတာအိုမှ ဆင်းသက်လာသူ ဖြစ်သည်။

ထို့အပြင် အဆိုပါ ဆင်းသက်မှုသည် ကောင်းကင်နှင့် ကမ္ဘာမြေ၏ အမျိုးမျိုးသော တာအိုများထပ်ပင် အဆင့်ပိုမြင့်နေခဲ့သည်။

သာမန်တာအိုထံတွင် အသိစိတ် မရှိနိုင်ပေ။

ရွှေရောင်မီးလျှံကမူ ကိုယ်ပိုင် အသိစိတ်ကို မွေးဖွားနိုင်ရုံတင်မဟုတ်ဘဲ၊ ကောင်းကင်ဘုံတာအိုနှင့်ပါ ဆက်သွယ်နေနိုင်ခဲ့သည်။

“ နင်က အန္တိမ အခွင့်အလမ်းလို့ လူသားဧကရာဇ် ပြောခဲ့တာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ “

ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။

သူသည် ဤရွှေရောင်မီးလျှံ၏ လုပ်နိုင်စွမ်းကသာ ပျံ့နှံ့သွားမည်ဆိုပါက၊ အမှောင်နယ်မြေတစ်ခုလုံးကပင် ၎င်းအား အရူးအမူး စွဲလန်းသွားမည်ဆိုသည်ကို သိနေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ဤရွှေရောင်မီးလျှံက အန္တိမပညာရှင်တစ်ဦးကို ဖန်တီးနိုင်သောကြောင့် ဖြစ်သည်။

အများအပြားကိုပင် ဖန်တီးပေးနိုင်သေးသည်။

သူမသည် လူများက နိယာမများ ပေါင်းစည်းခြင်းနှင့် လမ်းကြောင်းများ ဖန်တီးရာတွင် ကူညီရန်အတွက် ကောင်းကင်ဘုံတာအိုနှင့် အဆက်မပြတ် ဆက်သွယ်ပေးနိုင်ပေသည်။

သူမသည် ကြယ်ပြာဂြိုဟ်၏ ကယ်တင်ရှင် မီးတောက်ပင် ဖြစ်သည်။

“ ဒီမီးတောက်လေးကို မြင်လိုက်ရတဲ့ အချိန်တုန်းက လူသားဧကရာဇ်က တော်တော်လေးကို အံ့ဩသွားတဲ့ပုံပဲ။ သူက သူမကို ယူသွားဖို့ စီစဥ်ထားခဲ့တာလား “

“ ငါရောက်သွားလို့ လူသားဧကရာဇ်က သူမကို ထားခဲ့တာများလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

ထိုကဲ့သို့သော အဖိုးတန်တည်ရှိမှုသည် အရေးကြီးသော အခိုက်အတန့်တွင် အသက်ကို ကယ်ပေးနိုင်မည်ဖြစ်သည်။

သို့သော် လူသားဧကရာဇ်ကမူ သူနှင့်အတူ မယူဆောင်သွားဘဲ၊ ရှုကျိုးအတွက်သာ ချန်ရစ်ထားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက တစ်ချို့သော အကြောင်းအကျိုးများနှင့် ထိတွေ့မိခဲ့သည်ဟု ခံစားနေခဲ့ရသည်။

သူသည် ကြောင်းကျိုးဆက်စပ်မှု နိယာမကို မကျွမ်းကျင်သေးပေ။ ၎င်းက အချိန်နှင့် ဟင်းလင်းပြင်၊ အသက်နှင့် မရဏနိယာမတို့နှင့်အတူ တစ်တန်းတည်းရပ်တည်နိုင်သော်လည်း၊ ၎င်းက ပိုမိုနက်နဲရှုပ်ထွေးနေခဲ့သည်။

တစ်ချို့သော ပဟေဠိများဖြင့်ပင် ပတ်သက်နေနိုင်လေသည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ မြင်နိုင်စွမ်းဖြင့်ပင် ၎င်းတို့ကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ဦးမည် မဟုတ်ပေ။

တစ်ခဏ အကြာ၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းတို့အား တွေးတောစဥ်းစားနေခြင်းကို ရပ်တန့်လိုက်သည်။

သူသည် ရွှေရောင်မီးလျှံကို စကားပြောလိုက်သည် “ နင်က ကောင်းကင်ဘုံတာအိုနဲ့ ဆက်သွယ်နိုင်တယ်ဆိုတော့၊ မူလနိယာမကို ကောင်းကင်ဘုံတာအိုနဲ့ ဘယ်လိုပေါင်းစည်းရမလဲဆိုတာကို သိရဖို့အတွက် ကူညီပေးပါဦး “

ရွှေရောင်မီးလျှံမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကြိုးစားပါ့မယ်၊ ကောင်းကင်ဘုံတာအိုက မတုံ့ပြန်တာကြောင့် အချိန်တော့ ယူရလောက်တယ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရွှေရောင်မီးလျှံသည် သူ၏စိတ်အတွင်းသို့ ပျံသန်းလာခဲ့ပြီး၊ ထို့နောက်တွင် ကောင်းကင်ဘုံတာအိုနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း အေးအေးလူလူ ထိုင်စောင့်မနေဘဲ၊ သူ၏စိတ်စွမ်းအားကို ဖြန့်ကျက်ကာ ကမ္ဘာ့မူလသန့်စင်နေသူများ၏ အခြေအနေကို စစ်ဆေးနေတော့သည်။

တိကျွမ်းက ကြီးကြပ်နေသောကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုလူများက ပေါ့ပေါ့ဆဆ လုပ်နေမည်ကို စိုးရိမ်မနေခဲ့ပေ။

တစ်ခဏအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အခြေအနေကို နားလည်သွားခဲ့သည် “ ဒီအန္တိမနယ်မြေရဲ့ မူလကို သန့်စင်ဖို့က တကယ်ကြီးကို မလွယ်တာပဲ၊ အခုချိန်ထိ တစ်ဝက်ပဲ သန့်စင်ရသေးတယ် “

ကမ္ဘာ့မူလကို သန့်စင်ခြင်းမှာ စွမ်းအားတစ်ခုတည်းကိုသာ အားကိုး၍ အောင်မြင်နိုင်သော အရာမဟုတ်ချေ၊ ၎င်းသည် အချိန်အတိုင်းအတာတစ်ခုကို လိုအပ်သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 704 )

အံ့ဩခြင်း၊ ရွှေရောင်မီးလျှံ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ၂

အကယ်၍ ယခု သူသွား၍ ပူးပေါင်းမည်ဆိုလျှင်တောင်မှ၊ သန့်စင်ခြင်းဖြစ်စဥ်ကို များစွာအရှိန်မြှင့်တင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

“ အခုဆိုရင် ငါ့ရဲ့ ဖန်တီးခြင်းနဲ့ ဖျက်စီးခြင်း နိယာမနှစ်ခုစလုံးက ပြီးပြည့်စုံနေပြီ “

“ သူတို့က ပေါင်းစည်းနိုင်မလားဆိုတာကို အရင်ကြည့်လိုက်ကြတာပေါ့ကွာ “

အန္တိမနယ်ပယ်သို့ အဆင့်ထိုးဖောက်ရန်အတွက် လူတစ်ဦးသည် ကိုယ်ပိုင် မူလနိယာမများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရမည်ဖြစ်သည်။

အကယ်၍ ပေါင်းစည်းသွားသော အဆိုပါ မူလနိယာမက လုံလုံလောက်လောက် ထူးခြားကာ၊ ပြီးပြည့်စုံသော တာအို၏ ဝိသေသလက္ခဏာရပ်များကို ပိုင်ဆိုင်ထားမည်ဆိုပါက၊ ဖန်တီးခံလိုက်ရသော တာအိုအသစ်တစ်ခု ဖြစ်သွားမည် ဖြစ်ပြီး၊ ပေါင်းစပ်ဒြပ်စင်နယ်ပယ်သို့ ရောက်ရှိသွားစေမည် ဖြစ်သည်။

အကယ်၍ မလုံလောက်ဘူးဆိုပါက၊ လူတစ်ဦးသည် ပေါင်းစည်းသွားသော အဆိုပါ နိယာမကို အခြေခံ၍ နိယာမအသစ်တစ်ခု ဖန်တီးရမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပထမဦးဆုံး အဆင့်မှာ လူတစ်ဦး၏ နိယာမများကို ပေါင်းစည်းရခြင်း ဖြစ်သည်။

ယခုလက်ရှိ အချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့က ပေါင်းစည်းသွားနိုင်ခြေရှိသည်ဟု ခံစားနေခဲ့ရသည်။

“ ဟူးးး “

ထို့နောက် စက္ကန်ပိုင်းမျှအကြာ၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် လေဟာနယ်အတွင်းတွင် ထိုင်ကာ၊ တာအိုကို စတင်၍ ပေါင်းစည်းနေတော့သည်။

ဗွီ ဗွီ ဗွီ

သူ၏ခန္ဓာကိုယ်ထံမှ လျှို့ဝှက်ဆန်းကြယ်သော လှိုင်းလုံးများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။

အဆိုပါ လှိုင်းလုံးများအောက်တွင် ပတ်ပတ်လည်ရှိ တာအိုနိယာမများ ထိခိုက်သွားခဲ့ပြီး၊ အချိန်နှင့် ဟင်းလင်းပြင်တို့ကပင် လျင်မြန်စွာ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

၎င်းမှာ အံ့ဖွယ်ကောင်းလှသော မြင်ကွင်းဖြစ်ပြီး၊ လှိုင်းတစ်ခုကပင် ဟင်းလင်းပြင်-အချိန်ကို လှုပ်ခတ်သွားစေခဲ့သည်။

အကယ်၍ အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦးဦးသာ ရှိနေမည်ဆိုပါက၊ အဆိုပါ လှိုင်းက အန္တိမ အထွတ်အထိပ်၏ စံချိန်စံညွှန်းတို့အား ကျော်လွန်နေသည်ကို အာရုံခံမိသောကြောင့်၊ အံ့ဩတကြီး ဖြစ်သွားကြမည် ဖြစ်သည်။

“ ပေါင်းစပ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ တိုးညှင်းစွာ ဟစ်ကြွေးလိုက်သည်၊ နိယာမတို့၏ စွမ်းအားနှစ်ခုမှာ သူ၏အရှေ့တွင် လိမ်ယှက်လာခဲ့သည်။

လုံးဝမတူညီ ကွဲပြားသော နိယာမနှစ်ခုမှာ တစ်ခုနှင့်တစ်ခု စတင်၍ ချဥ်းကပ်လာကြသည်။

သို့သော် သူတို့မထိတွေ့ခင် အချိန်မှာပင်၊ ပတ်ပတ်လည်ရှိ လေဟာနယ်မှာ အလွှာလိုက် ပြိုကွဲသွားခဲ့သည်။ စွမ်းအင်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေပြီး၊ ဟင်းလင်းပြင်ကပင် ၎င်းကို တောင့်မခံနိုင်ခဲ့ပေ။

“ ဗွီ “

ဖျက်စီးခြင်း စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ နိယာမအားလုံး ပြိုကွဲသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှ အလျင်စလို လက်ဝေ့ရမ်းလိုက်ရာ၊ နတ်စွမ်းအား အကာအရံတစ်ခုသည် မိုင်တစ်သောင်းကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းသွားခဲ့သည်။

အကယ်၍ သူကသာ အချိန်မှီ မလှုပ်ရှားခဲ့ဘူးဆိုပါက၊ အန္တိမနယ်မြေတစ်ခုလုံး ပြာကျသွားကာ၊ အန္တိမ အထွတ်အထိပ် ပညာရှင်တစ်စုကပင် ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဖြစ်သည်။

၎င်းမှာ အန္တိမအဆင့် နိယာမနှစ်ခု၏ ထိတွေ့မှုဖြစ်ပြီး၊ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ထုတ်လုပ်ပေးခဲ့သည်။

“ ကြည့်ရတာတော့ ဒီနှစ်ခုကို ပေါင်းစည်းပေးဖို့အတွက် အချိန်ပိုယူရမဲ့ပုံပဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်တဆိတ် သက်ပြင်းချကာ၊ အဆိုပါ နိယာမနှစ်ခုအား အတင်းအကြပ် ပေါင်းစည်းမည့် စိတ်ကူးကို ဖြည်းဖြည်းချင်း စွန့်လွှတ်လိုက်သည်။

သူသည် ထိုကဲ့သို့သော ကိစ္စမျိုးအား အလောတကြီး ပြုလုပ်၍ မရဘူးဆိုသည်ကို သိနေခဲ့သည်။

“ ရက်ပိုင်းအတွင်းမှာပဲ အမှောင်နယ်မြေ ဆင်းသက်လာတော့မယ်။ ကြယ်ပြာဂြိုဟ်ရဲ့ အခြေအနေက ဘယ်လိုများဖြစ်နေပြီလဲ “

ကြယ်တာရာ T-Rex နတ်ဘုရားမှာ အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။

သို့သော် သူသည် စိတ်ပူနေခြင်းက အသုံးမဝင်ဘဲ၊ ကမ္ဘာ့မူလကို သန့်စင်ခဲ့ပြီးသည့် အချိန်မှသာ ကြယ်ပြာဂြိုဟ်သို့ ပြန်နိုင်မည်ဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။

ယခုလက်ရှိ အချိန်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့ကိုယ်သူ ထိုနယ်ပယ်နားသို့ ရောက်ရှိအောင် တွန်းပို့ခြင်းပင် ဖြစ်သည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။

ဤရက်ပိုင်းများအတွင်း၌ အန္တိမ နယ်မြေတစ်ခုလုံးမှာ ကြောက်ခမမ်းလိလိ အေးချမ်းတည်ငြိမ်နေခဲ့သည်။

အမြဲလိုလို ပြဿနာရှာလေ့ရှိသည့် ဂိုဏ်းများကပင် ဤကာလအတွင်းတွင် လုံးဝငြိမ်သက်နေခဲ့သည်။

အန္တိမနယ်မြေတစ်ခုလုံးက အေးချမ်း၊ တိတ်ဆိတ်မှု သမုဒ္ဒရာအတွင်းသို့ နစ်မြုပ်သွားသည့်အလား ဖြစ်နေခဲ့သည်။

သို့ရာတွင် ယနေ့၌

မူလနယ်မြေ

ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်၊ နယ်မြေ၅၅တွင်

ရာနှင့်ချီသော နဝမအဆင့် ပညာရှင်များသည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိပြီး၊ အစီအရင် သန့်စင်ခြင်းဖြစ်စဥ်ကို အရှိန်မြှင့်လုပ်ဆောင်နေကြသည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာလည်း ထိုလူများထဲတွင် ရှိနေခဲ့သည်။

“ တိကျွမ်းနဲ့ အဲ့ကောင်လေးဆီက ဘာသတင်းမှမရတာ ရက်တော်တော်ကြာနေပြီ “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာ တိတ်တဆိတ် သက်ပြင်းချနေခဲ့သည် “ သူတို့က အန္တိမနယ်မြေမှာ ဘာတွေ ရင်ဆိုင်နေရတာလဲ “

သူသည် ထိုနှစ်ဦးက အန္တိမနယ်မြေအတွင်းတွင် ပျောက်ကွယ်သွားပြီလားဆိုသည့် ကိစ္စကို တွေးပူနေခဲ့သည်။

သို့သော် ထိုနှစ်ဦး၏ ဘေးကင်းလုံခြုံရေးနှင့် ယှဥ်လိုက်မည်ဆိုပါက၊ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ကြယ်ပြာဂြိုဟ်၏ ယခုလက်ရှိ အခြေအနေကိုသာ ပိုမိုစိုးရိမ်နေခဲ့သည်။

“ အန္တိမ နယ်မြေ ပိတ်ဆို့သွားခဲ့တဲ့ အချိန်ကစပြီးတော့ အဲ့ကထွက်လာခဲ့တဲ့ ကျင့်ကြံသူ အကုန်လုံး အထိတ်တလန့်ဖြစ်သွားကြတယ် “

“ ရက်တွေကြာလာတာနဲ့အမျှ သူတို့က ကြယ်ပြာဂြိုဟ်ပေါ်မှာ အခြေချနေထိုင်ခဲ့ကြတယ် “

“ အဲ့ကောင်တွေကလည်း သားရဲတစ်သောင်းဂိုဏ်းက ကောင်တွေနဲ့ တစ်ချိုးတည်းပဲ၊ ငါတို့ကို အမြဲအနိုင်ကျင့်နေကြတယ် “

၎င်းကို တွေးမိသွားသောအခါတွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာ ဒေါသတကြီး ဖြစ်သွားခဲ့သည်။

စတင်ရောက်ရှိလာခဲ့သည့် အချိန်တွင် အမြှီးကုပ်နေခဲ့ကြသော်လည်း၊ အန္တိမနယ်မြေ၏ ဝင်ပေါက် ပိတ်ဆို့သွားခဲ့သည့်နောက်တွင်၊ ထိုလူများမှာ သူတို့၏ အစစ်အမှန် မျက်နှာများကို ထုတ်ပြလာခဲ့ကြသည်။

၎င်းတို့နှင့် ရင်ဆိုင်ရသောအခါတွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးကပါ စွမ်းအားကင်းမဲ့နေခဲ့သည်။

ဤတစ်ကြိမ် အန္တိမနယ်မြေမှ ထွက်လာခဲ့သည့် လူတော်တော်များများမှာ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များ ဖြစ်နေခဲ့သည်။

ကြယ်ပြာဂြိုဟ်ဘက်တွင်မူ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ဟူ၍ သူတစ်ဦးတည်းသာလျှင် ရှိနေခဲ့သည်။

အန္တိမနယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများနှင့် ရင်ဆိုင်ရန် မည်သည့်နည်းလမ်းမှ ရှိမနေခဲ့ပေ။

သို့သော် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးကို စိတ်အပူစေဆုံး အရာမှာ အန္တိမနယ်မြေမှ ကျင့်ကြံသူများ မဟုတ်ပေ။

“ အန္တိမနယ်မြေက လူတွေက စရိုက်မကောင်းဘူးဆိုပင်မဲ့၊ သူတို့က ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး “

“ တကယ့်ပြဿနာက အမှောင်နယ်မြေပဲ “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ပတ်ဝန်းကျင်ကို ငေးကြည့်နေတော့သည်။

ကြယ်ပြာဂြိုဟ်မှ ဤနဝမအဆင့် ပညာရှင်တို့၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုများကြောင့်၊ ယခု၌ နယ်မြေ ၅၅တွင် ရှိနေသည့် အဓိက အစီအရင်များ၏ ၇၀-၈၀%ကို သန့်စင်ထားခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် ၎င်းတို့မှာ အဓိက အစီအရင်များသာလျှင် ဖြစ်သည်။

ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်တစ်ခုလုံးတွင် ပို့ဆောင်ရေး အစီအရင်များ ရှိနေခဲ့ပြီး၊ ၎င်းတို့မှာ အန္တိမပညာရှင်၏ ဖန်တီးမှုများဖြစ်သောကြောင့်၊ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များကပင် ၎င်းတို့ကို ဖျက်စီးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ၎င်းတို့ကို ဖြည်းဖြည်းချင်း သန့်စင်နေရုံသာ တတ်နိုင်ကြသည်။

ယခု၌ သူတို့သည် အဓိက အစီအရင်များကိုသာ သန့်စင်နေခဲ့ပြီး၊ ၎င်းက အမှောင်နယ်မြေလမ်းကြောင်း အပေါ်တွင် သက်ရောက်မှု ရှိ၊ မရှိဆိုသည်မှာလည်း မသေချာသေးပေ။

“ အနိမ့်ဆုံးအနေနဲ့ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တွေကို ဖိနှိပ်နိုင်ပါစေလို့ မျှော်လင့်ရတာပဲ “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာ တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

သို့သော် ဧကရာဇ် မိသားစု အန္တိမ အထွတ်အထိပ် ပညာရှင်များစွာ ရှိနေခဲ့ပြီး၊ ကြယ်ပြာဂြိုဟ်၏ ယခုလက်ရှိ အင်အားက ထိုလူများကို ဖိနှိပ်နိုင်မည်လားဆိုသည်ကား သံသယဖြစ်ဖွယ် ကောင်းလွန်းနေခဲ့သည်။

အန္တိမနယ်မြေမှ ပညာရှင်များထံမှ အကူအညီတောင်းခြင်းကိုမူ ………….

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ထိုကိစ္စနှင့် ပတ်သက်ပြီး တစ်ကြိမ်တစ်ခါမျှပင် မစဥ်းစားခဲ့ဖူးချေ။

မူလနယ်မြေမှ လူများကို အထင်သေးနေသည့် ထိုလူများသည် အကြပ်အတည်း ကျရောက်လာသည့် အချိန်တွင် အားကိုး၍ရလိမ့်မည် မဟုတ်ပေ။

“ ကြယ်ပြာဂြိုဟ်၊ ……. ဘယ်လိုဖြစ်သွားရမှာလဲ ………… “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှာ အမှောင်နယ်မြေ၏ အလေးချိန်ကို ခံစားနေခဲ့ရသည်၊ အဘယ့်ကြောင့်ဆိုသော် မူလနယ်မြေတွင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ဟူ၍ သူတစ်ယောက်သာလျှင် ရှိနေသောကြောင့် ဖြစ်သည်။

ဖိအားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

အကယ်၍ တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ သူဤကဲ့သို့ ခံစားနေရလိမ့်မည် မဟုတ်ပေ။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက အတွေးများကာ စိတ်လေးလံနေသည့် အချိန်တွင်

“ ခရက် ခရက် “

ရုတ်တရက်ဆိုသလိုပင် ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်အနှံ့ရှိ မြေပြင်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးများ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် မြေပြင်တစ်ခုလုံး စတင်၍ လှုပ်ခါလာခဲ့သည်။

မြေအောက်မှ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

“ မကောင်းတော့ဘူး “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ အမူအရာ ပြောင်းလဲသွားပြီး၊ သူသည် ချက်ချင်း အော်ပြောလိုက်သည် “ အားလုံးပဲ၊ ကွမ်ဟန်ကနေ ထွက်သွားကြ “

ဝရုန်းးး

မြေပြင်၏ တုန်ခါမှုများက ပိုမိုအားကောင်းပြင်းထန်လာသည်ကို မြင်လိုက်ရသောအခါတွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ဤနေရာတွင် ရှိနေသည့် လူတိုင်းကို ဆွဲခေါ်ကာ၊ ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းသို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက နဝမအဆင့် ပညာရှင်များနှင့် ပျောက်ကွယ်သွားသည့်အချိန်တွင်

“ ဘုမ်းးး “

မြေပြင်ထံမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။

အဆိုပါ စွမ်းအင် အလင်းတန်းမှာ အလွန်တရာ ကြီးမားနေခဲ့ပြီး၊ အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက ၎င်း၏ အချင်းက ကွမ်ဟန်အရွယ်အစားနှင့် တူညီနေသည်ကို မြင်တွေ့လိုက်ရမည် ဖြစ်သည်။

၎င်းသည် ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်အနှံ့တွင် မြှုပ်နှံထားခဲ့သည့် အစီအရင်များဖြင့် တည်ဆောက်ထားသော ပို့ဆောင်ရေး လမ်းကြောင်းပင် ဖြစ်သည်။

“ ဝရုန်းးးး “

အဆုံးမဲ့ စွမ်းအင်လှိုင်းတစ်ခုပေါက်ထွက်လာခဲ့သည်။

တစ်ခဏ အတွင်းမှာပင် ကွမ်ဟန်၏ အဆုံးမဲ့ ရေခဲပြင်မှာ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့သည်။

လအူတိုင်မှ မျက်နှာပြင်အထိ အရာအားလုံးမှာ အဆိုပါ စွမ်းအင်လှိုင်းကြောင့် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ ဗွီ ဗွီ ဗွီ “

ပုံရိပ်များသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အရှေ့သို့ ပြေးတက်လာကြသည်။

၎င်းတို့အားလုံးမှာ ကြယ်ပြာဂြိုဟ်၏ စစ်သည်တော်များပင် ဖြစ်သည်။

ထိုအထဲတွင် အန္တိမ နယ်မြေမှ ပညာရှင်များပါ ပါဝင်နေခဲ့သည်။

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် နဝမအဆင့် ပညာရှင်များကို ပြန်ပို့ပေးခဲ့ပြီးသည့်နောက်တွင် ကမ္ဘာ့အပြင်ဘက်သို့ ပြန်ရောက်လာခဲ့သည်။

သူသည် လေးလေးနက်နက်ဖြစ်နေသော အမူအရာနှင့်အတူ တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ နောက်ဆုံးတော့လည်း ဒီနေ့ရက် ရောက်လာခဲ့ပြီပဲ “

အမှောင်နယ်မြေလမ်းကြောင်း ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။

“ ဘာတွေဖြစ်နေတာလဲ “

“ ဒီနေရာက ဘာလို့ ရုတ်တရက်ကြီး ပေါက်ကွဲသွားရတာလဲ “

အန္တိမ နယ်မြေမှ တစ်ချို့သော စစ်သည်တော်များသည် သိလိုစိတ်နှင့် စိတ်ရှုပ်ထွေးမှုများ ရောပြွန်းနေသည့် အမူအရာများကို ဆင်မြန်းထားကြသည်။

သားရဲတစ်သောင်းဂိုဏ်းမှာ အန္တိမနယ်မြေ လမ်းကြောင်းကို ပိတ်ဆို့သွားခဲ့ပြီး၊ ကြယ်ပြာဂြိုဟ် ဒေသခံတို့ကလည်း သူတို့ကို အသိမပေးခဲ့သောကြောင့် သူတို့သည် အမှောင်နယ်မြေလမ်းကြောင်း ဆင်းသက်လာမည့် ကိစ္စကို မသိကြပေ။

“ ဗွီ “

ထိုစဥ် အနက်ရောင် တွင်းပေါက်ကြီးတစ်ခုသဖွယ် ဖြစ်နေသည့် ကြီးမားသော လမ်းကြောင်း တစ်ခုသည် ဧရာမ စွမ်းအင်အလင်းတန်းအတွင်းမှ ပေါ်ထွက်လာခဲ့သည်။

ဤတစ်ကြိမ် လမ်းကြောင်းသည် ယခင်က လမ်းကြောင်းထပ် အဆပေါင်းထောင်နှင့်ချီ၍ ပိုမိုကြီးမားနေခဲ့သည်။

အဆိုပါ လမ်းကြောင်း၏ အကျယ်အဝန်းမှာ မိုင်တစ်သောင်းအထိ ရောက်ရှိနေခဲ့သည်။

ကောင်းကင်ထက်တွင် နက်မှောင်သော ဝင်ပေါက်တစ်ခု မျောလွင့်နေခဲ့သည်။

အဆိုပါ ဝင်ပေါက်အတွင်းမှ ဆိုးယုတ်သော အရှိန်အဝါ တစ်ခု ပျံ့လွင့်လာခဲ့သည်။

“ ဘုမ်းးး “

အဆိုပါ အရှိန်အဝါကို ခံစားလိုက်ရသောအခါတွင်၊ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးဖြစ်စေ၊ ကြယ်ပြာဂြိုဟ်၏ တစ်ခြားသော ပညာရှင်များဖြစ်စေ၊ အန္တိမ နယ်မြေ၏ ပညာရှင်များဖြစ်စေ၊ အားလုံး၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ကျင့်ကြံရေး အဆင့်နိမ့်သည့် လူတစ်ချို့ကမူ ဖိနှိပ်မှုအားကြောင့် ချက်ချင်း ဒူးထောက်ကျသွားခဲ့သည်။

“ အဲ့တာက …… အဲ့ဒီအဆင့်က ပညာရှင်ရဲ့ စွမ်းအား “

လူတိုင်း တုန်လှုပ်သွားကြသည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 705 )

ပေါင်းစည်းခြင်း၊ စကြာဝဠာ နိယာမ

ဘုမ်းးး

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုမှာ မူလနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။

ထိုအချိန်၌ အန္တိမ နယ်မြေမှ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တို့၏ အမူအရာများပင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အဆိုပါ ဖိအားမျိုးအား သူတို့၏ ဂိုဏ်းအတွင်းမှာပင် တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။

“ မဖြစ်နိုင်ဘူး၊ မူလနယ်မြေမှာ ဒီလိုကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုး ဘယ်လိုလုပ် ပေါ်လာရတာလဲ “

“ အဲ့တာက အမှောင်နယ်မြေများလား “

အန္တိမနယ်မြေမှ အဆင့်မြင့် အထွတ်အထိပ် ပညာရှင် အနည်းငယ်၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများနှင့် မရေရာဖြစ်နေခြင်းတို့ ပြည့်နှက်လာခဲ့ပြီး၊ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

သူတို့သည် ထိုနယ်ပယ်၏ အန္တရာယ်ကို ကြယ်ပြာဂြိုဟ်မှ သိုင်းပညာရှင်တို့ထပ် ပိုမိုနားလည်နေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သူတို့သည် အစစ်အမှန် အန္တိမ အထွတ်အထိပ် ပညာရှင်ကို မြင်တွေ့ထားခဲ့ဖူးသောကြောင့် ဖြစ်သည်။

သို့သော် ထိုနယ်ပယ်၏ ပညာရှင်၏ အရှေ့တွင်မူ အန္တိမ အထွတ်အထိပ် ပညာရှင်ကပင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ အရှိန်အဝါမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

“ သန့်စင်ထားတဲ့ အစီအရင်တွေက အလုပ်လုပ်နေပြီ “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ အဲ့အဆင့်က ပုဂ္ဂိုလ်က နယ်မကျော်လာနိုင်သေးဘူး “

သူတို့သည် အဓိက အစီအရင်များကို ၇၀မှ ၈၀%အထိ သန့်စင်ထားခဲ့ပြီးပြီ ဖြစ်သည်။

နယ်ပယ်ပိုမြင့်လေလေ၊ နယ်မြေဖြတ်ကျော်သည့် အချိန်တွင် ဖိနှိပ်မှုက ပို၍ အားကောင်းလေလေ ဖြစ်သည်။

အဆိုပါ အစီအရင်များသည် နယ်မြေဖိနှိပ်မှုကို အားပျော့သွားစေရန် အသုံးပြုထားခြင်း ဖြစ်ပြီး၊ ယခုတွင် အဓိက အစိတ်အပိုင်းများ ဖျက်စီးခံထားရသောကြောင့်၊ အန္တိမနယ်ပယ်မှ အဆိုပါ ပညာရှင်မှာ နယ်မြေကျော်ဖြတ်ချင်သည်ဆိုပါက၊ တန်ကြေးကြီးကြီး ပေးဆပ်ရတော့မည် ဖြစ်သည်။

သို့သော် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးက စိတ်သက်သာရာရနေသည့် အချိန်တွင်

“ ဘုမ်းးးး အုမ်းးးး “

မည်းမှောင်နေသော ဝင်ပေါက်ထံမှ အစွမ်းထက် အရှိန်အဝါများစွာ ပေါ်ထွက်လာခဲ့သည်။

ဤတစ်ကြိမ် ပေါ်ထွက်လာခဲ့သည့် အရှိန်အဝါများမှာ ယခင်ကလောက် ကြောက်စရာကောင်းမနေသော်လည်း၊ အရေအတွက် များပြားနေခဲ့သည်။

အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များကပင် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များကဲ့သို့ပင် ထပ်တူထပ်မျှ ကြောက်လန့်သွားခဲ့သည်။

“ ဘုတ် ဘုတ် “

အန္တိမနယ်မြေ၏ တစ်ချို့သော အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များသည် ဖိအားကို တောင့်မခံနိုင်တော့ဘဲ၊ ခန္ဓာကိုယ်များ ကွေးညွတ်ကာ၊ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။

ဤတစ်ကြိမ်တွင်မူ အဆိုပါ အရှိန်အဝါများက မည်သို့မျှ မပျောက်ကွယ်သွားခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် မိုင်ထောင်နှင့်ချီ၍ ကျယ်ဝန်းသော တွင်းပေါက်ကြီးထံတွင် နတ်ဆိုးနတ်ဘုရားကဲ့သို့သော ပုံရိပ်များ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ပုံရိပ်များ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုမှာ မူလနယ်မြေတစ်ခုလုံးကို လွှမ်းခြုံလာခဲ့သည်။

“ အန္တိမ အထွတ်အထိပ် “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် ထိုစကားလုံးလေးလုံးကို ခက်ခက်ခဲခဲ ပြောဆိုခဲ့ရပြီး၊ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

အန္တိမ အထွတ်အထိပ်သည် ယခုလက်ရှိ ကြယ်ပြာဂြိုဟ်အတွက် အန္တိမနယ်ပယ် ပညာရှင်နှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် သူတို့ထံတွင် ခုခံနိုင်မည့် မည်သည့်နည်းလမ်းမှ မရှိသောကြောင့် ဖြစ်သည်။

ထို့အပြင်၊ ဤတစ်ကြိမ်၌ တစ်ယောက်ထပ်ပိုသည့် အန္တိမ အထွတ်အထိပ် ပညာရှင်တို့မှာ အမှောင်နယ်မြေမှ ဆင်းသက်လာခဲ့ကြသည်။

သူတို့၏ အရှိန်အဝါများကို အကဲခတ်ကြည့်ရခြင်းဖြင့်၊ သူတို့သည် မည်သည့်နယ်မြေဖိနှိပ်မှုကိုမှ မခံစားကြရသည့်ပုံပင်။

“ ဖျက်စီးထားခဲ့တဲ့ အစီအရင်တွေက ဧကရာဇ်အဆင့်တွေကိုပဲ ထိခိုက်စေတာပဲ၊ ရှင်ဘုရင်အဆင့် ပညာရှင်ကိုတောင် မတားဆီးနိုင်ဘူးပေါ့ “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် မည်းမှောင်နေသော အမူအရာနှင့်အတူ တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

“ ဗွီ “

ထိုအချိန်တွင် ပင်လယ်ကဲ့သို့ ကြီးမားသည့် စိတ်စွမ်းအားလှိုင်းတစ်ခု ပျံ့လွင့်လာခဲ့ပြီး၊ ၎င်းသည် မူလနယ်မြေတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

အဆိုပါ ရှင်ဘုရင်အဆင့် ပညာရှင်တို့မှာ တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။

“ ရှင်ဘုရင်ခွန်း၊ ရှင့်ရဲ့ ရှာဖွေ‌ရေး နည်းစနစ်က အစွမ်းအထက်ဆုံးပဲ၊ အဲ့လူကို ရှာတွေ့လား “

အံ့မခမ်း လှပသည့် ဝိုင်နီရောင် ဆံသားပိုင်ရှင် အမျိုးသမီးသည် သူမဘေးနားတွင် ရှိနေသည့် လူတစ်ဦးကို လှည့်ကြည့်လာခဲ့သည်။

ထိုလူသည် အနက်ရောင် သရဖူနှင့် အနက်ရောင် စပါးအုံး ဝတ်စုံတို့ကို ဝတ်ဆင်ထားပြီး၊ နူးညံ့သိမ်မွေ့သော အမူအရာကို ပိုင်ဆိုင်ထားခဲ့သည်။

သူသည် အမှောင်နယ်မြေ၏ ရှင်ဘုရင်အဆင့် ပညာရှင်၊ ရှင်ဘုရင်ခွန်းပင် ဖြစ်သည်။

ရှင်ဘုရင်ခွန်းသည် သူ၏မျက်လုံးများကို တစ်ခဏခန့် မှိတ်လိုက်ပြီး၊ ထို့နောက်တွင် ဖြည်းဖြည်းချင်း မျက်လုံး ပြန်ဖွင့်ကာ ခေါင်းခါပြလိုက်သည် “ အဲ့လူကို ဘယ်လိုမှ ရှာမရဘူး “

ဝိုင်နီရောင် ဆံသားပိုင်ရှင် အမျိုးသမီးမှာ အံ့ဩတကြီး ပြောဆိုလာခဲ့သည် “ ဧကရာဇ်ဂန်းကိုယ်တိုင် နာမည်ထုတ်ပြောရတဲ့လူက တကယ်ထူးခြားတာပဲ၊ သူတို့က ကြောင်းကျိုးဆက်စပ်မှုနဲ့ ဖုံးကွယ်ထားတယ်လို့ ငါထင်တယ် “

သူတို့ထံတွင် တာဝန်နှစ်ခုသာလျှင် ရှိနေခဲ့သည်။

ပထမတစ်ခုမှာ လူတစ်ယောက်ကို ရှာရန်ဖြစ်ပြီး၊ ဒုတိယတစ်ခုကမူ မူလနယ်မြေကို ထိန်းချုပ်ရန် ဖြစ်သည်။

ထိုလူ့ကို ရှာရခြင်းမှာ မူလနယ်မြေကို ထိန်းချုပ်ရခြင်းထပ် ပိုမိုအရေးကြီးနေခဲ့သည်။

ဝိုင်နီရောင် ဆံသားပိုင်ရှင် အမျိုးသမီးသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးနေတော့သည် “ ထူးဆန်းတယ်။ ဧကရာဇ်ဂန်းကသာ ထုတ်မပြောခဲ့ဘူးဆိုရင် ငါတို့က အဲ့လူနာမည်ကို ကြားဖူးမှာတောင် မဟုတ်ဘူး။ ဒါပင်မဲ့ သိပ်မကြာခင် အချိန်ကမှ ကြောင်းကျိုးဆက်စပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့တာကို ငါအာရုံခံမိခဲ့တယ်၊ အဲ့ဒီနောက် သိပ်မကြာခင် အချိန်မှာပဲ ဧကရာဇ်ဂန်းက အဲ့လူအကြောင်း ပြောထားတဲ့ အမိန့်စာကို ငါတို့ဆီ ပို့လာတယ် “

“ အဲ့လူက သမိုင်းကြောင်းတစ်ခုခုကို ပြောင်းလဲခဲ့ပြီးတော့၊ အကြီးစား ကြောင်းကျိုးဆက်စပ်မှုကို ဖြစ်ပေါ်စေခဲ့တာများလား “

ရှင်ဘုရင်ခွန်းသည် သူမကို ပြန်လှည့်ကြည့်လာခဲ့သည်၊ ထိုအမျိုးသမီးမှာလည်း ရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦးဖြစ်ပြီး၊ သူမ၏ အမည်မှာ လိပ်ပြာရှင်ဘုရင်ဖြစ်သည်။

သူမသည် ကြောင်းကျိုးဆက်စပ်မှု နိယာမမှတစ်ဆင့် အန္တိမ အထွတ်အထိပ်သို့ တက်လှမ်းလာခဲ့ခြင်းဖြစ်ပြီး၊ သူမက ရှင်ဘုရင်အဆင့် ပညာရှင်များအကြားတွင် အသန်မာဆုံး မဟုတ်သော်လည်း၊ သူမ ကြောင်းကျိုးဆက်စပ်မှု နတ်စွမ်းရည် ကျွမ်းကျင်မှုကမူ လျှို့ဝှက်ဆန်းကြယ်ကာ၊ မှန်းဆရခက်နေခဲ့သည်။

လိပ်ပြာရှင်ဘုရင်၏ စကားကို ကြားလိုက်ရသောအခါတွင်၊ ရှင်ဘုရင်ခွန်းမှာ သဘောတူသည့်ဟန်ဖြင့် ခေါင်းငြိမ့်နေခဲ့သည် “ ဘာပဲဖြစ်ဖြစ်ပါလေ၊ ဧကရာဇ်ဂန်းကိုတောင် စိုးရိမ်တကြီး ဖြစ်သွားစေခဲ့တယ်ဆိုတော့၊ အဲ့လူဆီမှာ လျှို့ဝှက်ချက် ကြီးကြီးမားမား ရှိနေမှာ သေချာတယ်၊ အဲ့ဒီအဆင့်ကို သွားနိုင်မဲ့ အခွင့်အလမ်းတစ်ခုတောင် ဖြစ်နေနိုင်တယ် “

သူ၏မျက်လုံးများထဲတွင် လိုချင်တပ်မက်မှု အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။

သူ့လိုလူကိုပင် လိုချင်တပ်မက်စိတ် ဖြစ်သွားစေသည့်အရာမှာ အန္တိမနယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းဖြစ်သည်။

အကယ်၍ အခွင့်အလမ်း မဟုတ်ဘူးဆိုလျှင်‌တောင်မှ၊ ဧကရာဇ်ဂန်း၏ အာရုံစိုက်ခြင်းကို ရယူနိုင်ခဲ့သောကြောင့် သူ့ထံတွင် အန္တိမအခွင့်အလမ်းနှင့် ယှဥ်နိုင်သည့် တစ်စုံတစ်ရာ ရှိနေလိမ့်မည် ဖြစ်သည်။

လိပ်ပြာရှင်ဘုရင်မှာလည်း ၎င်းကို နားလည်နေခဲ့သည်၊ သို့သော် သူမသည် ခေါင်းတခါခါ ဖြစ်သွားခဲ့သည် “ နင်ကတောင် သူ့ကို မရှာနိုင်ဘူးဆိုရင်၊ သူက အံ့ဖွယ်ကောင်းတဲ့ နည်းလမ်းတွေကို သုံးပြီးတော့ ပုန်းနေတာ ဖြစ်နိုင်တယ်၊ ဧကရာဇ်ဂန်းလို ပညာရှင်ကပဲ သူ့ကို ရှာနိုင်လိမ့်မယ် “

ရှင်ဘုရင်ခွန်းသည် အသာအယာ ပြုံး၍ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ ငါ့မှာလည်း ကိုယ်ပိုင်နည်းလမ်းလေးတွေ ရှိနေပါသေးတယ် “

…

ကြယ်တာရာ T-Rex နတ်ဘုရားကမူ မူလနယ်မြေတွင် ဖြစ်ပွားနေသည့် ကသောင်းကနင်း ဖြစ်ရပ်များကို မသိပေ။

မူလနယ်မြေနှင့် အန္တိမနယ်မြေတို့မှာ စကြာဝဠာမတူသောကြောင့်၊ အန္တိမ ပညာရှင်ကပင် စိတ်စွမ်းအားဖြင့် ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားမှာ လေဟာနယ်အတွင်းတွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။

“ ဗွီ “

သူ၏အရှေ့တွင် များပြားလွန်းလှသည့် ဖရိုဖရဲ စွမ်းအင်စီးကြောင်းများ အဆက်မပြတ် မြင့်တက်နေလျက်ရှိသည်။

အကယ်၍ ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်းနိယာမတို့ကို နားလည်ထားသည့် ပညာရှင်တစ်ဦးကသာ ထိုမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ အလွန်တရာ ကြောက်ရွံ့တုန်လှုပ်သွားမည် ဖြစ်သည်။

All Chapters