← Chapters

အပြင်ကို လွှင့်ပစ်ခြင်း

Vol. 9 Ch. 885

အပြင်ကို လွှင့်ပစ်ခြင်း

Vol. 9 Ch. 885

" မင်းတို့ကောင်တွေ အတင့်ရဲလှပါလား "

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက အော်ဟစ်လိုက်ပြီး တစ်ပြိုင်နက်ထဲမှာပင် မန္တန်အစီအရင်ထဲသို့ စွမ်းအားများ ထပ်မံပေါင်းထည့်လိုက်သည်။ သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာလည်း တိုက်ခိုက်မှု၏ အင်အားကြောင့် ပင့်သက်ရှိုက်နေရပါသော်လည်း တချိန်ထဲမှာပင် သူ၏သတ်ဖြတ်လိုစိတ်များမှာ အပြင်းအထန် ပေါက်ကွဲ၍ထွက်ပေါ်လာတော့သည်။

" ဒါ သက်သက်မဲ့အနိုင်ကျင့်တာပဲ။ အဏ္ဏဝါခေါ်သံဂိုဏ်းက ဘယ်ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့လို့လဲကွ "

ထိုမေးခွန်းကို ဝင်ဖြေလိုက်သူမှာ ရှင်းမြစ်ခေါင်းဆောင်ကြီးဖြစ်သည်။

" မင်းတို့ကောင်တွေ အသုတ်သင်ခံရဖို့ အချိန်ကျလာတုံးက မင်းတို့က အတင့်ရဲပြီး ပြန်ခုခံခဲ့တာလေ။ အဲဒါမင်းတို့ရဲ့ ရာဇဝတ်မှုပဲ "

ထိုခေါင်းဆောင်ကြီးမှာ အလွန်စိတ်လှုပ်ရှားနေသည်။ သူ ပိုင်ရှောင်ချန်းထံမှ ဖရိုဖရဲ ထွက်ပြေးခဲ့ရသည့် အချိန်က သူ၏ပုံစံကို ပြန်မတွေးမိပဲ မနေနိုင်တော့ပေ။ ယခုတွင်မူ သူ လက်စားချေနိုင်မည့် အခွင့်အရေးမှာ လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်သည်။

" အခုချက်ချင်း ဒီကိုထွက်ခဲ့ပြီး မျက်နှာလာပြစမ်း ပိုင်ရှောင်ချန်း "

သူက အော်ဟစ်လိုက်သည်။

တာအိုမြစ်ခေါင်းဆောင်ကြီးကလည်း အံကြိတ်၍ဆိုလိုက်သည်။

“ ငါ့စကား နားထောင်စမ်း ပိုင်ရှောင်ချန်း။ မင်း တာအိုမြစ်ဂိုဏ်းခွဲကို ပြောင်တလင်းခါအောင် လုပ်သွားခဲ့သလိုမျိုး အဏ္ဏဝါခေါ်သံဂိုဏ်းကို ငါပြန်လုပ်ပြမယ်ကွ "

တချိန်ထဲမှာပင် ထိုခေါင်းဆောင်ကြီးနှစ်ယောက်မှာ မန္တန်အစီအရင်အား ဝင်ရောက်တိုက်ခိုက်လိုက်ကြသဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်း ဌာနချုပ်ကြီးမှာ အပြင်းအထန် တုန်ရီသွားတော့သည်။

ဂိုဏ်း၏မဟာမန္တန်အစီအရင်မှာ စွမ်းအားကြီးမားသည့်ပုံပေါ်ပါသော်လည်း နတ်အဆင့် ကျင့်ကြံသူများစွာ၏ တရစပ် တိုက်ခိုက်မှုကို တောင့်မခံနိုင်ပေ။ ၎င်းအစီအရင်ကြီးမှာ ပျက်စီးလုနီးပါးဖြစ်နေပြီး အဏ္ဏဝါခေါ်သံဂိုဏ်းသားများ၏ နှလုံးသားများထဲတွင် မျှော်လင့်ချက်များကင်းမဲ့လာနေစဥ် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးတို့၏ နားထဲတွင် အသံတစ်သံ ပေါ်လာသည်။ ၎င်းမှာ ပိုင်ရှောင်ချန်း၏ အသံပင် ဖြစ်သည်။

" ကျွန်တော့်အတွက် အချိန်နည်းနည်းဆွဲထားပေးပါလား "

ထိုအခါ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးမှာ ချက်ချင်းပင် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဂိုဏ်းသားများ၏ နားထဲသို့ သူ၏အသံကို စေလွှတ်လိုက်သည်။

" ဂိုဏ်းသားအားလုံး။ မင်းတို့ရဲ့ စိတ်တွေကို ညောင်ပင်ကြီးနဲ့ ပေါင်းစည်းလိုက်ကြ "

ထိုအခါ အဏ္ဏဝါခေါ်သံဂိုဏ်းသားများအားလုံးမှာ အော်ဟစ်၍ ညောင်ပင်ကြီးဆီသို့ ပျံသန်းသွားကြပြီး ၎င်းထဲသို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထည့်သွင်းလိုက်ကြတော့သည်။

ထိုဂိုဏ်းသားများအားလုံး နေရာယူပြီးသွားသောအခါ သစ်ပင်ကြီးဆီမှ ပြိုးပြိုးပြက်ပြက် အလင်းရောင်များထွက်လာပြီး မန္တန်အစီအရင်ထဲရှိ အက်ကွဲကြောင်းများကို ပြုပြင်လိုက်ကြတော့သည်။

ထိုလုပ်ငန်းစဥ်တွင် အဆင့်နိမ့် ဂိုဏ်းသားများသာ ပါသည်မဟုတ်ပေ။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး အပါအဝင် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများသည်လည်း ဝင်ရောက်ကူညီပေးနေကြသည်။ သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲသို့ ပျံသန်းဝင်ရောက်သွားကြသည် သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် သွေးစွမ်းအင်နတ်ရေစင်အဖွဲ့သားများသာ ထိုလုပ်ငန်းစဥ်တွင် မပါဝင်ခြင်းဖြစ်သည်။

အနည်းငယ်ကြာသောအခါ သွေးဘိုးဘေးကြီး၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သူသည် ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်တော့သည်။ သွေးဘိုးဘေးကြီး နိုးထလာခြင်းနှင့်အတူ သူနှင့် တလက်လက်တောက်ပနေသည့် ဒိုင်းကာကြီးမှာ ဂိုဏ်း၏နောက်ဆုံး ခံစစ်ကြောင်းများ ဖြစ်သွားကြတော့သည်။

ဘရူဆာမှာလည်း ရှိနေပြီး သွေးဘိုးဘေးကြီး၏ ရှေ့တွင် မားမားမတ်မတ်ရပ်လျက် နတ်အဆင့်ကျင့်ကြံသူ ငါးယောက်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေသည်။

ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများမှာ မျက်လုံးမှေးကြီးများဖြင့် အဏ္ဏဝါခေါ်သံဂိုဏ်းအား ကြည့်နေကြသည်။ ဂိုဏ်း၏တုံ့ပြန်မှု အမြန်နှုန်းနှင့် နည်းစနည်းများမှာ သူတို့အတွက် အံ့အားသင့်ဖွယ်ကောင်းနေသည်။ အလယ်ဒေသရှိ အခြားဂိုဏ်းများအားလုံးထက် သာလွန်နေသည်မှာ အသေအချာပင်။

အဏ္ဏဝါခေါ်သံဂိုဏ်းသားအားလုံး၏ အကူအညီအပြည့်အဝ ရရှိထားသည့် ညောင်ပင်ကြီး ဖန်တီးထားသော ဒိုင်းကာကြီးမှာ ချိန်ဟဲ့ထျန်နှင့် အခြားနတ်အဆင့် ကျင့်ကြံသူများကို မျက်မှောင်ကြုတ်သွားစေသည်။

ဘရူဆာနှင့် သွေးဘိုးဘေးကြီးတို့မှာ ကြီးမားသောအန္တရာယ်များ မဟုတ်သော်လည်း ထိုနတ်အဆင့်ကျင့်ကြံသူများကို စိတ်ပျက်စရာကောင်းလောက်အောင် နှောင့်နှေးသွားစေနိုင်သည်။

သို့သော် ထိုအရာများအားလုံးမှာ အသေးစား အနှောင့်အယှက်များသာဖြစ်သည်။ ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့၏ အမြင်တွင် ဤကဲ့သို့ အဖြစ်အပျက် အပြောင်းအလဲများမှာ ကြီးကြီးမားမား စိတ်ပူစရာ မဟုတ်ပေ။ သူတို့က အလျင်လိုနေသည့်ပုံပေါ်သော်လည်း အလွန်အမင်းယုံကြည်နေဆဲပင်။

ထို့အပြင် ပိုင်ရှောင်ချန်း ရှိနေသဖြင့် မန္တန်အစီအရင်နှင့် ပတ်သက်၍ ထောင်ချောက်တစ်ခုခု ထွက်ပေါ်လာနိုင်သည်ကိုလည်း သတိထားရမည်ဖြစ်ကြောင်း သူတို့က သိသည်။ သို့သော် သူတို့၏ လက်အောက်တွင် ရှင်းမြစ်ခေါင်းဆောင်ကြီးနှင့် တာအိုမြစ်ခေါင်းဆောင်ကြီးတို့ရှိနေသဖြင့် အများကြီး စိတ်ပူမနေပေ။

သူတို့ အဓိက သတိထားနေသည့်အချက်မှာ ပိုင်ရှောင်ချန်း ထွက်ပြေးသွားနိုင်သည့် လမ်းကြောင်း ရှိ၊မရှိပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းကဲ့သို့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါက ပြဿနာကြီးကြီးမားမား မဖြစ်ပေါ်လာနိုင်ပါသော်လည်း ရေရှည်တွင် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည်။ သို့သော် ထိုသို့ထွက်ပြေးလွတ်မြောက်သွားနိုင်ရန် အခွင့်အရေးမှာ အလွန်နည်းပါးကြောင်း သူတို့က ယုံကြည်ထားသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ တံခါးပိတ်ကျင့်ကြံရာအခန်းထဲတွင် တင်ပျဥ်ခွေထိုင်နေပြီး သွေးမျက်ရည်များ ကျလုမတတ်ဖြစ်နေသည်။ အပြင်တွင်ဖြစ်ပျက်နေသည့််အရာများနှင့်ပတ်သက်၍ သူ အလွန်အမင်း စိုးရိမ်နေတော့သည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှာ သေးရေးရှင်ရေး အန္တရာယ်နှင့် ကြုံနေရပြီဖြစ်ကြောင်း သူကသိသည်။

သို့သော်လည်း သူ့မှာ အခြားရွေးချယ်စရာ မရှိပေ။ ယခုချက်ချင်း အပြင်သို့ထွက်သွားပြီး နတ်အဆင့် ကျင်ကြံသူ ငါးယောက်နှင့် သွားတိုက်ခိုက်ပါက အနိုင်ရရှိနိုင်မည့် မျှော်လင့်ချက် လုံးဝမရှိပေ။ အကယ်၍ သူသာ အသတ်ခံလိုက်ရလျှင် အဏ္ဏဝါခေါ်သံဂိုဏ်းမှာလည်း သေချာပေါက် ပျက်သုဥ်းသွားမည်ဖြစ်သည်။

တစ်ခုထဲသော အခွင့်အရေးမှာ နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို အောင်မြင်စွာ ဖန်တီးရန်ပင်ဖြစ်သည်။ အာကာသအောက်လမ်းဆရာတစ်ယောက်သာ ဖန်တီးနိုင်သည့် မီးတောက်မှာ သူ့ကို ကျင့်ကြံခြင်းအခြေခံ ဖောက်ထွက်ရာတွင် အကူအညီပေးနိုင်မည်ဖြစ်ပြီး နတ်အဆင့်သို့ တက်လှမ်းနိုင်စေမည်ဖြစ်သည်။ ထိုမှသာ ဤသေရေးရှင်ရေး အန္တရာယ်ကြီးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

အခြားရွေးချယ်စရာ တစ်ခုတော့ ရှိသေးသည်။ သူထွက်ပြေးနိုင်သည် မဟုတ်ပါလော။ သူသာ ထွက်ပြေးလွတ်မြောက်သွားပါက သူ၏တည်ရှိနေမှုမှာ အဏ္ဏဝါခေါ်သံဂိုဏ်းကို အတိုင်းအတာတစ်ခုအထိ အကာအကွယ် ပေးနိုင်မည်ဖြစ်သည်။

သို့သော် သူ့တွင်အခြားရွေးချယ်စရာ ရှိနေသေးသရွေ့ ထိုသို့ လုပ်မည်မဟုတ်ပေ။ ၎င်းမှာ အလွန်စွန့်စားရာ ကျနေမည်မဟုတ်ပါလော။ ထို့အပြင် သူ၏ တွက်ဆမှုများသာ မမှန်ကန်ခဲ့ပါက အဏ္ဏဝါခေါ်သံဂိုဏ်း ပျက်သုဥ်းသွားနိုင်သည်။

" မီးတောက်နည်းနည်း ဖန်တီးဖို့ အချိန်ရောက်ပြီ "

သူက ဆိုလိုက်သည်။ ဤရက်အနည်းငယ်အတွင်းတွင် နှစ်ဆယ့်တစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးရန် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့သည်ဖြစ်၍ အကြိမ်အရေအတွက်ကိုပင် မမှတ်မိတော့ပေ။

သူ၏အိတ်ထဲရှိ များပြားလှသော ဝိညာဥ်များမှာလည်း ကုန်ခမ်းစပြုနေပြီဖြစ်သည်။

လောကဓာတ်အောက်လမ်းဆရာတစ်ယောက်အနေနှင့် သူလေ့ကျင့်ခဲ့သော ကျွမ်းကျင်မှုများကြောင့် သူက မီးတောက်ဖန်တီးခြင်းကို အချိန်အနည်းငယ်အတွင်း ဆောင်ရွက်နေနိုင်ပြီဖြစ်သည်။ ထို့အပြင် ဤရက်အနည်းငယ်အတွင်း သူကြုံခဲ့ရသည့် ကျရှုံးမှုများကြောင့် သူ၏အတွေ့အကြုံမှာ ပို၍ပင်များပြားလာခဲ့သည်။ အကြိမ်တိုင်းတွင် သူ တိုးတက်လာခဲ့သည်။ ယခုတွင် သူသည် ထိုဖန်တီးနည်းနှင့် လုပ်ငန်းစဥ်ကိုပါ ရင်းရင်းနှီးနှီး သိနားလည်နေပြီဖြစ်သည်။ သူ၏ ဆက်တိုက်ကျရှုံးမှုများကြောင့် သူက ပြဿနာအားလုံးကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ တချို့ပြဿနာများကျန်နိုင်သေးသည့်တိုင် ဖြေရှင်းနိုင်သည့် ယူဆချက်များကို ဖော်ထုတ်ပြီးဖြစ်နေပြီဖြစ်သည်။

" ငါအောင်မြင်မှာပါ "

သူသည် နီမြန်းနေသည့် မျက်ဝန်းများဖြင့် ထပ်မံ စတင်လိုက်ပြန်သည်။ ဂိုဏ်းမှာ အချိန်အကြာကြီး တောင့်ခံထားနိုင်မည်မဟုတ်ကြောင်း သူကသိထားပြီး အပြင်ဘက်ရှိ တဂျုန်းဂျုန်းမြည်ဟည်းသံများကို ကြားနေရပြီဖြစ်သည်။

သူသည် စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်ပြီး လက်နှက်ဖက်ကိုသုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်ကာ သူ၏ပတ်ပတ်လည်တွင် ဝိညာဥ်အမြောက်အမြားကို ဖြန့်ကြက်လိုက်သည်။ မီးတောက်ဖန်တီးရန် အချိန်ကျလာလေပြီ။

ထိုဝိညာဥ်များပေါင်းစည်းသွားပြီး မီးပင်လယ်တစ်စင်း ပေါ်ထွက်လာသောအခါ သူသည်၎င်းကို ထိန်းချုပ်လိုက်ပြီး အရွယ်အစား ကြီးမားမသွားစေရန် တားဆီးလိုက်သည်။ သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ အုန်းခနဲအသံကျယ်ကြီးတစ်သံကို သူကြားလိုက်ရသည်။ သူသည် မီးတောက်ဖန်တီးခြင်းတွင် အာရုံအပြည့်စိုက်ထားလိုပါသော်လည်း အပြင်ဘက်ရှိ အခြေအနေကိုအကဲခတ်ရန် သူ၏နတ်ဘုရားအာရုံကို စေလွှတ်ရတော့မည်ဖြစ်သည်။

တာအိုမြစ်ခေါင်းဆောင်ကြီးနှင့် ရှင်းမြစ်ခေါင်းဆောင်ကြီးတို့မှာ ပူးပေါင်း၍ ဂိုဏ်း၏ မဟာမန္တန်အစီအရင်အား တိုက်ခိုက်နေကြသဖြင့် ဒိုင်းကာထဲတွင် အက်ကွဲကြောင်းကြီးများ ပွင့်ထွက်လာနေသည်။ ထိုဒဏ်ကြောင့် အဏ္ဏဝါခေါ်သံဂိုဏ်းသားများ၏ ပါးစပ်ထဲမှ သွေးများအန်ထွက်လာကြသည်။

ထိုအချင်းအရာများကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ပို၍ပင်ဒေါသထွက်သွားတော့သည်။ မီးပင်လယ်ကြီးမှာ မတည်မငြိမ်ဖြစ်သွားပြီး ပျက်စီးတော့မည့်အလား ဖြစ်သွားတော့သည်။ ထိုအခါ သူသည် အနည်းငယ်မျှပင် တွေဝေမနေပဲ အပြင်သို့ပျံထွက်လာသဖြင့် ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့မှာ သူ့အပေါ်သို့ အာရုံရောက်သွားကြသည်။

သူတို့လှမ်းကြည့်လိုက်သည့်အခါတွင် ပိုင်ရှောင်ချန်း၏ လက်ထဲတွင် သူတို့၏နှလုံးသားများကိုပင် အကြောက်တရားများနှင့် ပြည့်နှက်သွားစေနိုင်သည့် မီးလုံးတစ်လုံးကိုင်ထားသည်ကို မြင်လိုက်ရသဖြင့် မျက်နှာပျက်သွားကြသည်။

" ဘရူဆာရေ ရှေ့ကနေဖယ်ဟေ့ "

ပိုင်ရှောင်ချန်းက လှမ်းအော်လိုက်သည်။ ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေခံကို အမြန်ဆုံးလည်ပတ်စေလိုက်ပြီး သူ၏အပြင်အားကိုသုံး၍ မီးပင်လယ်ကြီးကို ရှေ့သို့ပစ်လွှတ်လိုက်သည်။ ၎င်းမှာ ချက်ချင်းပင် ဧရာမမီးလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး မန္တန်အစီအရင်၏ အက်ကွဲကြောင်းတစ်ခုထဲမှ အပြင်သို့ထွက်သွားတော့သည်။

" နောက်ကိုဆုတ် "

ချိန်ဟဲ့ထျန်က ရှင်းမြစ်ခေါင်းဆောင်ကြီးနှင့် ကျစ်မြစ်ခေါင်းဆောင်ကြီးတို့အား လှမ်းအော်ပြီး သတိပေးလိုက်သည်။ တချိန်ထဲမှာပင် သူနှင့် စွမ်းအားအကြီးဆုံး နတ်အဆင့်ကျင့်ကြံသူသုံးယောက်မှာ ရှေ့သို့ပြေးလာပြီး ထိုမီးကို ထိန်းချုပ်ရန် ကြိုးစားလိုက်ကြသည်။

ရှင်းမြစ်ခေါင်းဆောင်ကြီးနှင့် တာအိုမြစ်ခေါင်းဆောင်ကြီးတို့၏ တုံ့ပြန်မှုမှာ ကံမကောင်းစွာပင် အလွန်နှေးကွေးနေခဲ့သည်။ ထိုမီးလုံးကြီးက ပေါက်ကွဲသွားပြီး ကောင်းကင်ကိုတုန်ရီစေကာ မြေပြင်ကို အက်ကွဲသွားစေနိုင်သည့် စွမ်းအားများကို ထုတ်လွှတ်လိုက်သဖြင့် မိုးခြိမ်းသံကဲ့သို့ တဂျုန်းဂျုန်း မြည်ဟည်းသံများ ပေါ်ထွက်လာတော့သည်။

အဝေးမှကြည့်လိုက်လျှင် ထိုကြောက်မက်ဖွယ် ကောင်းလောက်အောင် စွမ်းအားကြီးမားလှသော မီးပင်လယ်ကြီးမှာ အဏ္ဏဝါခေါ်သံဂိုဏ်း၏ အပြင်ဘက်ရှိ အရာအားလုံးကို မည်းနက်နေသည့် ပြာမှုန့်များအသွင် ပြောင်းလဲပစ်နေသည်ကို မြင်နိုင်သည်။

ရှင်းမြစ်ခေါင်းဆောင်ကြီးနှင့် တာအိုမြစ်ခေါင်းဆောင်ကြီးတို့မှာ အပြင်းအထန် တုန်ရီသွားကြတော့သည်။ ရှင်းမြစ်ခေါင်းဆောင်ကြီး၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး တာအိုမြစ်ခေါင်းဆောင်ကြီး၏ ယင်ယန်ဝိညာဥ်မှာ တုန်ရီကာ မတည်မငြိမ်ဖြစ်သွားတော့သည်။ နှစ်ယောက်စလုံးနောက်သို့လွင့်စင်သွားကြပါသော်လည်း ချိန်ဟဲ့ထျန်၊ လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့၏ စွမ်းအားကြောင့် သူတို့ကိုယ်သူတို့ ပြန်ထိမ်းနိုင်လိုက်သည်။ ထိုသို့သာ အကူအညီမရလိုက်ပါက ထိုအားနည်းသည့် ခေါင်းဆောင်ကြီးနှစ်ယောက်မှာ အပြင်းအထန် ဒဏ်ရာရသွားကြမည်သာဖြစ်သည်။

ယခုအကြိမ်သည် ပိုင်ရှောင်ချန်းက မီးလုံးတစ်လုံးကို ဤနည်းဖြင့် အသုံးပြုဖူးသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး သူသေသေချာချာ ချိန်ရွယ်ခဲ့သဖြင့် ထိုတိုက်ကွက်မှာ အတော်အတန် အောင်မြင်သွားသည်ဟု ဆိုနိုင်သည်။ ရန်သူသာ ပြင်ပြင်ဆင်ဆင်ရှိနေခဲ့ပါက ဤမျှလောက် အလုပ်ဖြစ်မည်မဟုတ်ပေ။

" ပိုင်ရှောင်ချန်း "

ရှင်းမြစ်ခေါင်းဆောင်ကြီးက အော်ဟစ်လိုက်သည်။ သို့သော် သူလှမ်းကြည့်လိုက်စဥ်တွင် ပိုင်ရှောင်ချန်းမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် တံခါးပိတ်ကျင့်ကြံရာ အခန်းထဲတွင် စိုးရိမ်ထိတ်လန့်ေနလျက် အခြားမီးတောက်တစ်ခုကို ထပ်၍ဖန်တီးနေတော့သည်။

ထိုအချိန်တွင် သူခံစားနေရသည့် ဖိအားများမှာ ရုတ်တရက် နည်းပါးသွားတော့သည်။

" ငါ ငတုံးပဲ။ ငါမအောင်မြင်တော့ရော ဘာဖြစ်လဲ။ မအောင်မြင်ရင် အဲဒီမီးတောက်တွေကို မပေါက်ကွဲခင် အပြင်ဘက်ကို လှမ်းပစ်ရုံပဲလေ "

သူ၏ ဖြတ်ထိုးဉာဏ်ကောင်းမှုအပေါ် ပိုင်ရှောင်ချန်းမှာ ကျေနပ်အားရနေတော့သည်။ သူ၏နေရာတွင် အခြားလူဆိုပါက အာရုံအပြည့်အဝ စိုက်နေမည်ဖြစ်ပြီး နောက်ဆုံးမှသာ တခမ်းတနားနှင့် ထွက်လာလိမ့်မည်။

သို့သော် သူသည် ထို့ထက်ပို၍ ထက်မြက်လွန်းနေသည်။ သူက အောင်မြင်လာမည့်အချိန်အထိ ထိုင်စောင့်နေရန် မလိုအပ်ပေ။ သူက ကျရှုံးသည့်အခါတိုင်းမှာပင် အပြင်ဘက်ရှိ လူအားလုံးကို တုန်လှုပ်သွားစေနိုင်သည် မဟုတ်ပါလော။

All Chapters