← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း ၁၁၅ - သုံးလ

အေးစက်သော အရှိန်အဝါတစ်ခုသည် သူ၏ လက်ဝါးမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားလေသည်။

ဤရှေးဟောင်း အလောင်းကောင်သည် သေဆုံးနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့်လော သို့မဟုတ် အခြားအကြောင်းအရင်း တစ်ခုခုကြောင့်လော မသိရသော်လည်း ချန်လော့သည် ဤဦးနှောက်ထဲမှနေ၍ စွဲလမ်းမှုတစ်ခုကိုသာ ဖတ်ရှုနိုင်ခဲ့လေ၏။

'ငါက ဘာလို့ သံမဏိခန္ဓာကိုယ်ပညာရပ်ကို ကျင့်ကြံလို့ မရရတာလဲ'

စွဲလမ်းမှုနှင့်အတူ ရှေးဟောင်း ကျင့်ကြံခြင်းပညာရပ်တစ်ခုက ချန်လော့၏ စိတ်ထဲတွင် ပေါ်လာလေသည်။

သံမဏိခန္ဓာကိုယ်ပညာရပ်

ဤရှာဖွေတွေ့ရှိမှုက ချန်လော့ကို ခေတ္တမျှ မှင်တက်သွားစေ၏။

စွဲလမ်းမှုတစ်ခုမှနေ၍ ပြီးပြည့်စုံသော ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ဖတ်ရှုရခြင်းမှာ သူ၏ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခင်က ကျင့်ကြံခြင်းပညာရပ်များကို ဖတ်ရှုခဲ့ဖူးသော်လည်း အများစုမှာ အပိုင်းအစများ သို့မဟုတ် မပြည့်စုံသော ပုံကြမ်းများသာ ဖြစ်ပြီး ကျင့်ကြံရန် မဖြစ်နိုင်ပေ။

ယခု သူဖတ်ရှုလိုက်ရသော သံမဏိခန္ဓာကိုယ်ပညာရပ်သည် စတင်လေ့လာခြင်းမှစ၍ ကြီးမားသော အောင်မြင်မှုအထိ အားလုံးပါဝင်ပြီး အလွန်ပင် အသေးစိတ်ကျလှပေသည်။

'ဒီကျင့်ကြံခြင်းပညာရပ်က ဒီဖုတ်ကောင် သေဆုံးသွားတဲ့အချိန်အထိ မကျွမ်းကျင်ခဲ့ဘဲ သူ့ရဲ့ နောက်ဆုံးစွဲလမ်းမှု ဖြစ်သွားခဲ့တဲ့ နတ်ဘုရားအဆင့် ပညာရပ်တစ်ခု ဖြစ်ဖို့ များတယ်။'

ချန်လော့၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားလေသည်။

"ဘယ်လိုလဲ ခံစားရတာ ကောင်းတယ်မလား"

မသေမျိုး တစ္ဆေအိုကြီး သည် ချန်လော့ ဘာလုပ်နေမှန်း မသိပေ။ သူက သေမင်းတမန်၏ ခေါင်းပေါ်တွင် လက်တင်ကာ မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ၊ ချန်လော့သည် သူ့ကဲ့သို့ပင် သေမင်းတမန်ကို သဘောကျကာ လက်မလွှတ်နိုင် ဖြစ်နေသည်ဟု သူ ထင်မှတ်သွားလေသည်။

"တကယ်ကောင်းပါတယ်။ ဒါပေမဲ့ တစ်ကောင်တည်းရှိနေတာတော့ နှမြောစရာပဲ။" ချန်လော့က မျက်နှာတွင် နှမြောတသဖြစ်ဟန်ဖြင့် လက်ကို ပြန်ရုတ်လိုက်သည်။

ဘာကြောင့် ဤမျှ ထူးချွန်သော သေမင်းတမန် တစ်ကောင်တည်းသာ ရှိနေရသနည်း။

"နှမြောစရာတော့ ကောင်းတာပေါ့။ ဒီလို ထိပ်တန်းအဆင့် သေမင်းတမန်မျိုးက ရှားပါးပြီး ရဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျုပ်တို့ ယန်ရှီဂိုဏ်းမှာဆိုရင် အကြီးအကဲတွေ သန့်စင်ထားတဲ့ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သံမဏိအလောင်းကောင်တွေ၊ ပြီးတော့ ကျုပ်တို့ရဲ့ ဂိုဏ်းချုပ်ကြီး မွေးမြူထားတဲ့ ငွေရောင်သံချပ်ကာ မိစ္ဆာအလောင်းကောင်တွေလိုမျိုး အဆင့်မြင့် သေမင်းတမန်တွေ အများကြီး ရှိသေးတယ်။ အားလုံးက ထိပ်တန်းအဆင့် အလောင်းကောင်တွေကနေ သန့်စင်ထားတာချည်းပဲ။ သာမန်လူတွေကတော့ မြင်ရဖို့ အိပ်မက်တောင် မမက်နိုင်ဘူး။"

စကားပြောနေစဉ် မသေမျိုးတစ္ဆေအိုကြီး၏ မျက်လုံးများထဲတွင် တပ်မက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

သူ၏ အမွေးနက် ဖုတ်ကောင်သည် အလားအလာ ကောင်းမွန်သော်လည်း ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ သေမင်းတမန် များနှင့် ယှဉ်လျှင် အလွန် ကွာခြားနေသေးသည်။

"ကျွန်တော် တကယ်ကို မြင်ဖူးချင်မိတယ်။"

ချန်လော့ က ရိုးသားစွာ ပြောလိုက်သည်။

"မင်းရဲ့ စရိုက်နဲ့ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း ထဲ ဝင်သွားတာ နှမြောစရာပဲ။ ကျုပ်တို့ ယန်ရှီဂိုဏ်းက မင်းအတွက် အသင့်တော်ဆုံး နေရာပဲ။"

မသေမျိုး တစ္ဆေအိုကြီး သည်လည်း ချန်လော့ အပေါ် အမြင် ပိုကောင်းလာခဲ့သည်။

သူ ရှဲ့နိုင်ငံတွင် နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူတွေ့ဖူးသမျှ ချီသန့်စင်သူတိုင်းက သူ့ကို ခပ်ခွာခွာသာ နေကြလေသည်။

လူတိုင်းက သူ့ကို မြင်လျှင် တတ်နိုင်သမျှ ဝေးဝေး ရှောင်ချင်ကြ၏။

သူ၏ အနီးတွင် မတတ်သာ၍ နေရသူများမှာလည်း အကျိုးအမြတ်ကြောင့် သို့မဟုတ် ကြောက်ရွံ့မှုကြောင့်သာ ဖြစ်သည်။

ချန်လော့ သည် သူ့ထံသို့ တက်တက်ကြွကြွ ချဉ်းကပ်လာသော ပထမဆုံးလူ ဖြစ်သည်။ ဤအချက် တစ်ချက်တည်းကပင် မသေမျိုး တစ္ဆေအိုကြီးအား သူ့ကို အမြင်သစ်ဖြင့် ကြည့်စေရန် လုံလောက်နေပြီ ဖြစ်သည်။

"ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ လမ်းမှားကို ရောက်သွားခဲ့ပြီဆိုတော့ ပြောင်းလဲလို့ မရတော့ဘူးလေ။"

ချန်လော့၏ မျက်နှာတွင်လည်း နှမြောတသဖြစ်နေဟန် ပေါ်နေသည်။

ယခု သူသည် ချီသန့်စင်ခြင်းအဆင့် အလွှာဒသမ တွင် ရှိနေပြီး ဝူတောက် တောင်ထွတ်၏ အမွေဆက်ခံသည့် ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံထားပြီး ဖြစ်သဖြင့် နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ တပည့်အဖြစ် အမည်ခံထားရပြီး ဖြစ်သည်။

ယန်ရှီဂိုဏ်းသည် ဤအဆင့်ရှိသော တပည့်တစ်ဦးကို သေချာပေါက် လက်ခံမည် မဟုတ်ပေ။

သူတို့နှစ်ဦး စကားပြောနေစဉ်။

အဓိက မိသားစုကြီး သုံးခုနှင့် မြို့ဝန်ကျိုး တို့သည် အကျိုးအမြတ်များကို ခွဲဝေ၍ ပြီးသွားကြပြီ ဖြစ်သည်။

နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းသို့ ပေးသွင်းရမည့် အခွန်အခများကို သူတို့ မိသားစု လေးခုက ယာယီ သိမ်းဆည်းထားမည် ဖြစ်သည်။ မသေမျိုးဂိုဏ်းပြန်လည် တည်ငြိမ်သွားသောအခါမှ သူတို့က ပြန်လည် ပေးသွင်းကြမည် ဖြစ်သည်။

ဤစကားများမှာ ပြင်ပလူများ မြင်စေရန် ရေးသားထားခြင်းသာ ဖြစ်သည်။ မသေမျိုး တစ္ဆေအိုကြီး ဤနေရာတွင် ရှိနေသည်နှင့်ပင် သူတို့နောက်ကွယ်ရှိ မိသားစုများ ဘာလုပ်နေကြသည်ကို လွယ်ကူစွာ ခန့်မှန်းနိုင်လေသည်။

ဤသည်မှာ ယန်ရှီဂိုဏ်း ထံ သစ္စာခံခြင်းမှလွဲ၍ အခြား မရှိပေ။ သို့သော် နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းက ဤဘေးဒုက္ခမှ လွတ်မြောက်သွားပြီး သူတို့နှင့် ရှင်းလင်းမည်ကို စိုးရိမ်သောကြောင့် ဤ သဖန်းရွက်ဖုံးကွယ်သည့် နည်းလမ်းကို အသုံးပြုကာ မိမိတို့အတွက် နောက်ဆုတ်စရာ လမ်းချန်ထားခြင်း ဖြစ်သည်။

ဖလှယ်ရေးအစည်းအဝေး ပြီးဆုံးပြီးနောက် ချန်လော့ သည် မူရှန်းမြို့၏ အသိုင်းအဝိုင်းထဲသို့ တရားဝင် ဝင်ရောက်သွားလေပြီဖြစ်၏။

တံခါးဝမှ ထွက်ခွာလာပြီးနောက် ချန်လော့ သည် ဟူချိုးတောက်တို့ကို နှုတ်ဆက်ကာ မြို့ဝန်ကျိုး စီစဉ်ပေးသော ရထားလုံးပေါ်သို့ တက်၍ သူ၏ နေအိမ်ဆီသို့ တဖြည်းဖြည်း မောင်းနှင်သွားလေသည်။

ဤအပြုအမူက သူ့ကို လျှို့ဝှက် စောင့်ကြည့်နေသူများကို ပို၍ပင် စိတ်အေးသွားစေ၏။

"ဒီလူ့ကို ဘယ်လိုမြင်လဲ"

ရထားလုံး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မြို့ဝန်ကျိုး၏ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်သို့ လှည့်မကြည့်ဘဲ မေးလိုက်သည်။

"သူက သေမင်းတမန်တွေအကြောင်း နားလည်ပြီး ကျုပ်ရဲ့ ရတနာက ထူးခြားတယ်ဆိုတာကို သိတဲ့သူပဲ။"

မသေမျိုး တစ္ဆေအိုကြီးက မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။

မြို့ဝန်ကျိုး၏ မျက်နှာ မည်းမှောင်သွားပြီး စကားဆက်ပြောချင်စိတ် ချက်ချင်း ပျောက်သွားလေ၏။

ထိုမေးခွန်းကို မေးမိသည်မှာ အချည်းနှီးပင်။

ပြဿနာ မရှာသရွေ့တော့ ပြီးတာပါပဲလေ။

ရထားလုံး လမ်းချိုးကွေ့ကာ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် မြို့ဝန်ကျိုးသည် စိတ်ထဲမှ စကားတစ်ခွန်းကို တိတ်တဆိတ် ရေရွတ်လိုက်ကာ လှည့်၍ သူ၏ကျင့်ကြံခြင်း အခန်းသို့ ပြန်သွားလေသည်။ မသေမျိုး တစ္ဆေအိုကြီးက ရယ်မောလိုက်ပြီး မြို့ဝန်ကျိုးကို ဂရုမစိုက်ဘဲ သူ၏ သေမင်းတမန်သုံးကောင်ကို လက်ဝှေ့ယမ်းပြကာ မြို့ပြင်ရှိ သင်္ချိုင်းဆီသို့ ဦးတည်သွားလေသည်။

ယန်ရှီဂိုဏ်းမှ လူများသည် လူစည်ကားသော နေရာများတွင် အိပ်စက်လေ့ မရှိကြပေ။ သူတို့အတွက် အသက်တောင့်အသာဆုံး နေရာမှာ သင်္ချိုင်းပင် ဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွား၏။

မျက်တောင်တစ်ခတ်အတွင်း သုံးလ ကုန်လွန်သွားလေပြီ။

ချန်လော့ သည် ဤနေရာသို့ ရောက်ရှိနေခဲ့သည်မှာ တစ်နှစ်ခွဲ ရှိနေပြီဖြစ်သည်။ ပြီးခဲ့သော ခြောက်လအတွင်း ချန်လော့၏ ကျင့်ကြံခြင်းမှာ ချီသန့်စင်ခြင်းအဆင့် အလွှာဒသမ တွင်သာ ရပ်တန့်နေပြီး ချီသန့်စင်ခြင်းအဆင့် အလွှာဆယ့်တစ်သို့ ရောက်ရန် အလှမ်းဝေးနေဆဲ ဖြစ်ကာ အဆင့်တက်ရန် ခန့်မှန်းခြေ သုံးနှစ်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။

ဤသည်မှာ ကောင်းကင်ဝိညာဉ်အမြစ်နီးပါးဖြစ်သော သူ၏ ပါရမီကြောင့်သာ ဖြစ်ပြီး၊ အခြားသူများဆိုလျှင် ငါးနှစ်ခန့် ကြာပေလိမ့်မည်။

အဆင့်နိမ့် ဝိညာဉ်အမြစ်ဆိုလျှင် ဆယ်စုနှစ်များစွာ ကြာမြင့်မည် ဖြစ်ရာ၊ အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိသော လေလွင့်ကျင့်ကြံသူအများစုသည် သူတို့၏ တစ်သက်တာတွင် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ အဆင့်တက်ရန် အခွင့်အရေး မရရှိကြခြင်း ဖြစ်သည်။

အကြောင်းမှာ သူတို့သည် ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်သို့ပင် မရောက်ရှိနိုင်သောကြောင့် ဖြစ်သည်။

ချီစုစည်းခြင်း ဆေးလုံးများသည်လည်း နောက်ကောက်ကျ စပြုလာလေပြီ။

"ဝိညာဉ်ပေါက်ကွဲမှု ဆေးလုံး ။"

ချန်လော့ သည် မြို့ဝန်ကျိုး သူ့ကို ပေးထားသော ဆေးဖော်စပ်နည်းလမ်းကို ကြည့်လိုက်သည်။

ဤသုံးလအတွင်း မြို့ဝန်ကျိုး သည် လေလွင့်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ထောက်လှမ်းရေးကွန်ရက်ကို အသုံးပြုကာ ချန်လော့၏ ဧည့်သည်အကြီးအကဲ တိုကင်ပြားရရှိလာသော မူလဇာစ်မြစ်ကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ပြီး လေလွင့်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ ထိပ်တန်း ကျွမ်းကျင်သူများနှင့် ပြုလုပ်ခဲ့သော သူ၏ အရောင်းအဝယ်မှတ်တမ်းများကိုလည်း တွေ့ရှိခဲ့သည်။

ဒီလူက တကယ်တော့ ပထမအဆင့် ဆေးပညာရှင် တစ်ယောက်ပဲ။

ဤရှာဖွေတွေ့ရှိမှုက ကျိုးထျန်ယန်ကို အလွန် ဝမ်းသာသွားစေပြီး ချန်လော့သည် ဧည့်သည့်အကြီးအကဲ တိုကင်ပြားကို အဘယ်ကြောင့် ရရှိခဲ့သည်ကို နောက်ဆုံးတွင် သူ နားလည်သွားလေ၏။

ဆေးပညာရှင်တစ်ဦး၏ ဂုဏ်ဒြပ်သည် မည်သည့်နေရာသို့သွားသွား ဆွဲဆောင်နိုင်သော တန်ဖိုးရှိပေသည်။

ဤအချက်အလက်ကို ရရှိပြီးနောက် ကျိုးထျန်ယန် သည် ဤသုံးလအတွင်း ချန်လော့ နှင့် အရောင်းအဝယ် အကြိမ်ကြိမ် ပြုလုပ်ခဲ့၏။ အပြန်အလှန်ဆန္ဒရှိကြသဖြင့် သူတို့၏ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးလာခဲ့သည်။

မနေ့ကမှ ကျိုးထျန်ယန်သည် သူ့ကို ဆေးဖော်စပ်နည်းလမ်း အသစ်စက်စက် တစ်ခု ပေးပို့ခဲ့သည်။

ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်အတွက်ပါ အသုံးဝင်သော ပြီးပြည့်စုံသည့် ဆေးဖော်စပ်နည်းလမ်း ဖြစ်သည်။

ဤဆေးနည်းကို ရရှိပြီးနောက် ချန်လော့ စတင် စမ်းသပ်ခဲ့သည်။ သို့သော် ဤ ဝိညာဉ်ပေါက်ကွဲခြင်းဆေးလုံး၏ အခက်အခဲမှာ ပထမအဆင့် ဆေးပညာရှင်၏ အဆင့်ထက် အနည်းငယ် ကျော်လွန်နေလေသည်။

သူ အကြိမ်ကြိမ် စမ်းသပ်ခဲ့သော်လည်း ကျရှုံးခဲ့၏။ ပြီးပြည့်စုံသော အချိုးအစားနှင့် မှန်ကန်သောပါဝင်ပစ္စည်းများ ရှိနေသော်လည်း သူ ကျရှုံးနေဆဲပင် ဖြစ်သည်။

သာမန် ပထမအဆင့် ဆေးပညာရှင်တစ်ဦးအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက အကြိမ်ကြိမ် အဖန်ဖန်ပြန်လည် ဖော်စပ်မည်ဖြစ်ပြီး၊ နောက်ဆုံး အောင်မြင်သွားသည်အထိ မရေမတွက်နိုင်သော ကျရှုံးမှုများမှတစ်ဆင့် အတွေ့အကြုံများကို စုဆောင်းမည် ဖြစ်သည်။

သို့သော် ချန်လော့ က ဤလမ်းစဉ်ကို မလိုက်ချင်ပေ။ ၎င်းမှာ အရမ်း နှေးကွေးလွန်းသည်။

ယခု သူ၏ စိတ်ထဲတွင် သိမ်းဆည်းထားသော ပြင်ပဦးနှောက်များ၏ ဆေးဖော်စပ်ခြင်း အဆင့်များမှာ နောက်ကောက်ကျနေပြီ ဖြစ်ရာ၊ သူတို့ကို အဆင့်မြှင့်တင်ရန် သူ့အား တွေးတောစေခဲ့သည်။

ဗွမ်း

အသံတိုးတိုးတစ်ခုနှင့်အတူ သူ၏ လက်ထဲရှိ ဆေးမီးဖိုထဲမှ အမည်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ဝိညာဉ်ချီများ ယိုစိမ့်ထွက်လာကာ ဆေးဘက်ဝင်အပင်များ အားလုံးမှာ အမည်းရောင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားလေသည်။

"ဦးနှောက်ကောင်းကောင်းတချို့ ရှာဖို့ လိုအပ်နေပုံပဲ။"

ချန်လော့ သည် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး၏ ဦးနှောက်များကို အသုံးပြု၍ စမ်းသပ်ခဲ့သော်လည်း ကျရှုံးဆဲပင်။ သူ သိမ်းဆည်းထားသော အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး၏ ဦးနှောက်များသည် ယခင်ဘဝက ဆေးပညာရှင်များမဟုတ်ခဲ့ကြဘဲ ဆေးလုံးဖော်စပ်ရာတွင် အပူချိန်ကို ထိန်းချုပ်နိုင်စွမ်းမှာ သူနောက်ပိုင်းမှ ရရှိခဲ့သော သမင်မိစ္ဆာ၏ ဦးနှောက်လောက်ပင် မကောင်းမွန်ပေ။

ဆေးမီးဖိုကို သိမ်းဆည်းပြီးနောက် ချန်လော့ သည် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာလေ၏။

သုံးလ ကြာပြီးနောက် သူသည် တံခါးအပြင်သို့ ထပ်မံ ခြေချလာခဲ့သည်။

"မသေမျိုးဆရာသခင်ချန်။"

သူ ထွက်လာသည်နှင့် ချန်လော့၏ တံခါးဝတွင် စောင့်ဆိုင်းနေသော မျက်နှာဖုံးတပ်လူက အရိုအသေပေးကာ ရိုသေစွာ နှုတ်ဆက်လေ၏။

ဤလူများအားလုံးကို သူ့အတွက် အလုပ်အကြွေးပြုရန် ကျိုးထျန်ယန်က စီစဉ်ပေးထားခြင်း ဖြစ်သည်။ ဤသုံးလအတွင်း ချန်လော့ တံခါးပိတ် ကျင့်ကြံနေစဉ် သူလိုအပ်သော စိတ်ဝိညာဉ် ပစ္စည်းများကို ဝယ်ယူပေးခဲ့ကြသည်။

"တာအိုမိတ်ဆွေ ကန်းရှီ ဘယ်မှာရှိလဲဆိုတာ သိလား"

ချန်လော့ က မေးလိုက်သည်။

ယခုတစ်ကြိမ် သူ အပြင်ထွက်ရသည့် ရည်ရွယ်ချက်မှာ မသေမျိုး တစ္ဆေအိုကြီး ကို ရှာဖွေရန် ဖြစ်သည်။

ဦးနှောက်ရှာဖွေခြင်း ကဲ့သို့သော ကိစ္စမျိုးအတွက် ကူညီပေးရန် ကျွမ်းကျင်သူတစ်ဦးကို ရှာဖွေခြင်းက အကောင်းဆုံးပင်။

အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ အတွေ့ရများလေ့ မရှိဘဲ၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဆေးပညာရှင်များ ဆိုလျှင် ရှာဖွေရန် ပို၍ပင် ခက်ခဲလေသည်။

တစ်ခုတည်းသော နည်းလမ်းမှာ ယန်ရှီဂိုဏ်းကို ရှာဖွေရန် ဖြစ်သည်။ သူတို့မှာ အလောင်းကောင်များထိတွေ့ရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြ၏။

ယခင်က မသေမျိုးတစ္ဆေအိုကြီးသည် အလောင်းမြှုပ်နှံသူ၏ နည်းစနစ်ကို သင်္ချိုင်းဖောက်ထွင်းရာတွင် လိုအပ်သောကြောင့် သူနှင့် ဖလှယ်ခဲ့ခြင်း ဖြစ်သည်။

အခန်း ၁၁၆ - ဦးနှောက်ခုနစ်ခု ဝယ်ယူခြင်း

(ဖုတ်ကောင်တွေ ယန်ရှီဂိုဏ်းနဲ့ပက်သက်တဲ့ တစ်ချို့နေရာတွေပြင်သွားပါမယ် ဥပမာ - မသေမျိုးတစ္ဆေအိုကြီးကို သေခြင်းမဲ့တစ္ဆေအိုကြီး။ စာလုံးစကားခြင်းက တူပြီးအဓိပ္ပာယ်ကလည်း တူသယောင်နဲ့ကွဲနေလို့ပါခင်ဗျာ)

"မြို့အနောက်ဘက်က စုပေါင်းသင်္ချိုင်းမြေပြင် မှာပါ။"

မျက်နှာဖုံးစွပ်လူက လျင်မြန်စွာ ပြန်ဖြေလိုက်၏။ ထူးချွန်သော ဆေးပညာရှင်တစ်ဦးဖြစ်သည့် ကျင့်ကြံသူမိတ်ဆွေ ချန်ကို အလုပ်အကျွေးပြုရန် ကျိုးထျန်းယန် စီစဉ်ပေးထားသူများမှာ သဘာဝအားဖြင့် ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ကြသည်။

"လမ်းပြ။"

ချန်လော့ သည် လှည့်ကာ ရထားလုံးပေါ်သို့ တက်လိုက်၏။

ခေါင်းဆောင်ဖြစ်သော မျက်နှာဖုံးစွပ် လူသည် ချက်ချင်းပင်ရထားထိန်းနေရာသို့ ဝင်ယူလိုက်ပြီး နှစ်ဦးကို အိမ်စောင့်ရန် ထားခဲ့ကာ ကျန်လူများမှာ ချန်လော့နောက်မှ မြို့အနောက်ဘက် ဆင်ခြေဖုံး သင်္ချိုင်းဆီသို့ လိုက်ပါသွားကြသည်။

မြို့အနောက်ဘက်ရှိ စုပေါင်းသင်္ချိုင်းမြေပြင်ဆိုသည်မှာ မူရှန်းမြို့မှ ဆင်းရဲသားများ သူတို့၏ သေဆုံးသူများကို မြှုပ်နှံရာ နေရာဖြစ်သည်။ ဤနေရာတွင်ခြောက်သွေ့နေသော သစ်ကိုင်းများနှင့် သင်္ချိုင်းဂူများက မြေပြင်ကို ဖုံးလွှမ်းထား၏။

ကျီးကန်းအချို့သည် သစ်ပင်ထိပ်များမှ အော်မြည်နေဆဲပင်။

"ကန်းရှီက အဲဒီ သင်္ချိုင်းတွင်းရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ ရှိပါတယ်။"

ရထားလုံးသည် ဤနေရာသို့ ရောက်ပြီးနောက် ရှေ့ဆက်မသွားတော့ချေ။ ရထားလုံးကို ဆွဲသော မြင်းများသည် မည်မျှပင်တိုက်တွန်းစေကာမူ သင်္ချိုင်းအတွင်းသို့ ဝင်ရန် ငြင်းဆန်ကြ၏။

မျက်နှာဖုံးစွပ်လူသည် ရွေးချယ်စရာမရှိတော့ဘဲ ရထားလုံးကို ရပ်လိုက်ကာ အထဲရှိ ချန်လော့ကို ပြောလိုက်သည်။

"မင်းတို့ အရင် ပြန်သွားလို့ ရပြီ။"

ချန်လော့သည် ရထားလုံးထဲမှ ထွက်လာကာ အမိန့်ပေးလိုက်ပြီးနောက် စုပေါင်းသင်္ချိုင်းမြေပြင်အတွင်းသို့ တစ်ယောက်တည်း လျှောက်ဝင်သွားလေသည်။

စုပေါင်းသင်္ချိုင်းမြေပြင်အတွင်းသို့ ဝင်ရောက်လာသည်နှင့် လေထု၏ အမြင်အာရုံမှာ သိသိသာသာ ကျဆင်းသွား၏။ မူလက ကြည်လင်နေသော ကောင်းကင်မှာ စုပေါင်းသင်္ချိုင်းမြေပြင်အတွင်း ပြောင်းလဲသွားပြီး တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားလေသည်။

စုပေါင်းသင်္ချိုင်းမြေပြင်အတွင်းရှိ အမြင်အာရုံမှာလည်းထိခိုက်မှုရှိပြီး သာမန်မျက်စိဖြင့် မီတာငါးဆယ်ခန့်သာမြင်နိုင်ကာ ထိုထက်ကျော်လွန်ပါက အရာအားလုံးမှာ မြူခိုးများ ဖြစ်နေလေ၏။

ဆွေးမြေ့နေသောမြေကြီးကို နင်းကာ ချန်လော့သည် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားလေသည်။

ဝူး ဝူး

အေးစက်သော လေပြေတစ်ခုက မြှည်ဟီးလာပြီး မြူခိုးများထဲတွင် အဖြူရောင်ဝတ်တစ္ဆေမတစ်ကောင် သင်္ချိုင်းကျောက်တိုင်ဘေးတွင် ငိုကြွေးနေသကဲ့သို့ပင်။

နတ်ဆိုးချီ

နတ်ဆိုးချီများ ကောင်းကင်ယံတွင် ပြည့်နှက်နေသည်။

အမြင်အာရုံထဲရှိ အရာအားလုံးနီးပါးမှာ နတ်ဆိုးချီများ ဖြစ်နေ၏။

ဤနေရာရှိ အပူချိန်မှာ အခြားနေရာများထက် သိသိသာသာ နိမ့်ကျနေသည်။

ဤသည်မှာ ထိပ်တန်းအဆင့် ချီသန့်စင်ခြင်းမြေနေရာတစ်ခု ဖြစ်ကြောင်း ထင်ရှားလှပေသည်။ သေခြင်းမဲ့တစ္ဆေအိုကြီး ဤနေရာတွင် နေထိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။

အနက်ရှိုင်းဆုံး အပိုင်းသို့ ရောက်မှသာ ချန်လော့ ရပ်တန့်လိုက်၏။

ဤနေရာတွင် တူးဖော်ထားသော သင်္ချိုင်းတွင်းတစ်ခုရှိပြီး အမှောင်ထုဖုံးလွှမ်းကာ နက်ရှိုင်းလှပြီး အောက်ခြေကိုပင် မမြင်ရချေ။

"ကျင့်ကြံသူမိတ်ဆွေ ကန်းရှီ၊ စကားလေး ဘာလေး ပြောကြမလား။"

ချန်လော့သည် သင်္ချိုင်းတွင်းရှေ့တွင် ရပ်ကာ သူ၏ အသံကို ဝိညာဉ်စွမ်းအင်ဖြင့် အတွင်းသို့ ပို့လွှတ်လိုက်သည်။

ကလန့်

အနီးအနားရှိ အနက်ရှိုင်းဆုံးနေရာမှ ကြေးဝါခေါင်းတလားတစ်ခုကို အတွင်းမှ တွန်းဖွင့်လိုက်၏။

အေးစက်သော ယင်ချီများ ပြည့်နှက်နေသည့် သေခြင်းမဲ့တစ္ဆေအိုကြီးးသည် အတွင်းမှ ထထိုင်လိုက်သည်။

သူသည် သူ၏ လည်ပင်းကို တောင့်တင်းစွာ ခါယမ်းလိုက်ပြီး နောက်ဆုံးတွင် သူ၏ အကြည့်များမှာသင်္ချိုင်းတွင်း အပြင်ဘက်ရှိ ချန်လော့ထံသို့ စူးစိုက်သွားလေသည်။

"ကျင့်ကြံသူမိတ်ဆွေ ချန်လော့ပါလား။"

သေခြင်းမဲ့တစ္ဆေအိုကြီးက အပြုံးရိပ် အနည်းငယ်ကိုဖော်ပြလိုက်သော်လည်း သူ၏ မျက်နှာနှင့် ပတ်ဝန်းကျင်အခြေအနေတို့ ပေါင်းစပ်လိုက်သောအခါ ဤအပြုံးမှာ မည်သို့ပင် ကြည့်စေကာမူ အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေလေသည်။

"ကျင့်ကြံသူမိတ်ဆွေက စိတ်ပြောင်းသွားပြီး ငါ့ရဲ့ ယန်ရှီဂိုဏ်းကို ဝင်ချင်လို့လား။"

ကန်းရှီသည် ကျောက်ခေါင်းတလားထဲမှ မတ်တတ်ရပ်ကာ သင်္ချိုင်းလမ်းကြောင်းထဲမှ တစ်လှမ်းချင်း ထွက်လာလေ၏။

သူ ထွက်ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင် အပူချိန်မှာ ပိုမို ကျဆင်းသွားလေသည်။

ဤသေခြင်းမဲ့တစ္ဆေအိုကြီး၏ ကျင့်ကြံခြင်းမှာ ထပ်မံအဆင့်တက်သွားပြီး မသေမျိုးအဆင့် ဆယ့်နှစ်သို့ ရောက်ရှိနေပြီ ဖြစ်တန်ရာ၏။ ယန်ရှီဂိုဏ်း၏ ကျင့်စဉ်မှာ အခြားဂိုဏ်းများနှင့် မတူညီပေ။

သူတို့၏ ကျင့်ကြံခြင်းမှာ သေခြင်းမဲ့ကောင်များနှင့် ဆက်စပ်နေပြီး အစွမ်းထက်သော သေခြင်းမဲ့ကောင်တစ်ကောင်သည် သူတို့ကိုကြီးမားသော အကူအညီများ ပေးစွမ်းနိုင်လေသည်။

"ယန်ရှီဂိုဏ်းကို ဝင်မယ့်အကြောင်း အခုလောလောဆယ် မပြောသေးဘူး။ ကျုပ် မေးချင်တာက မူရှန်းမြို့အနီးတစ်ဝိုက်မှာ အစွမ်းထက်တဲ့ သင်္ချိုင်းတွေ ရှိလား။ ဥပမာ- အုတ်မြစ်တည်ဆောင်ခြင်းအဆင့်ကျင့်ကြံသူတွေ ဒါမှမဟုတ် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ သင်္ချိုင်းမျိုးပေါ့။"

"အုတ်မြစ်တည်ဆောင်ခြင်း၊ အမြုတေဖွဲ့စည်းခြင်း သင်္ချိုင်းတွေ"

ကန်းရှီ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပိုမို ကျယ်ပြန့်သွားလေ၏။ ဤဝါသနာက သူတို့သည် စိတ်တူကိုယ်တူ ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေပေသည်။

"ကျင့်ကြံသူမိတ်ဆွေကလည်း သေခြင်းမဲ့ကျင့်စဉ်ကို ကျင့်ချင်လို့လား။"

"စမ်းကြည့်ချင်ရုံလေးပါ။" ချန်လော့က ချောမွေ့စွာ ပြန်ဖြေလိုက်သည်။

"ဒီလို သင်္ချိုင်းမျိုး ရှာရခက်တယ်လေ" ဟု ကန်းရှီက အဓိပ္ပာယ်ဖော်ရခက်သော လေသံဖြင့် ပြောလိုက်သည်။

"ရှာရခက်တယ်ဆိုတာက ရှာလို့ရတယ်လို့ ဆိုလိုတာပဲ။"

ချန်လော့ ချက်ချင်းပင် တက်ကြွသွားလေ၏။ သူ အကြောက်ဆုံးအရာမှာ ရှာမတွေ့မည်ကို ဖြစ်သည်။

နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းတွင် ရှိနေစဉ်က သူ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ ဂိုဏ်း၏ သင်္ချိုင်းစီမံခန့်ခွဲမှုမှာ အလွန် တင်းကျပ်လှ၏။

ဝူတောက်တောင်ထွတ်၏ တပည့်တစ်ဦးအနေဖြင့် သူသည် ဝူတောက်တောင်ထွတ် သင်္ချိုင်းသို့သာ သွားခွင့်ရှိသည်။ အခြားသော အဓိက တောင်ထွတ်များ၏ သင်္ချိုင်းများသို့ သွားရန် အရည်အချင်း မပြည့်မီပေ။

ဂိုဏ်းအပြင်ဘက်တွင်မူ ပို၍ပင် ဆိုးရွားသေး၏။ ကျင့်ကြံသူများကိုပင် မြင်ရခဲပြီး အုတ်မြစ်တည်ဆောင်ခြင်းအဆင့် ကျင့်ကြံသူများ၏ သင်္ချိုင်းဆိုလျှင် ပို၍ပင် ခဲယဉ်းသေးသည်။

"အင်း၊ ရှာလို့တော့ ရပါတယ်။"

ကန်းရှီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုတော့ စိတ်ကူးတောင်မယဉ်နဲ့။ အဲဒီအဆင့်က ကျင့်ကြံသူတွေဟာ သေသွားရင်တောင် ကိုယ်တိုင်က ရတနာတွေပဲ။ သူတို့ရဲ့ အသား၊ သွေးနဲ့ အရိုးတွေဟာ ထိပ်တန်း လက်နက်ဖန်တီးတဲ့ ပစ္စည်းတွေဖြစ်လို့ ဂိုဏ်းက သူတို့ကို ဘယ်တော့မှမြှုပ်နှံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ သိထားတဲ့အုတ်မြစ်တည်ဆောင်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့သင်္ချိုင်း နည်းနည်းတော့ ရှိတယ်၊ အဲဒါတွေက ဒီ မူရှန်းမြို့နားမှာတင် ရှိတာ။"

သူသည် တစ်ဝက်သာ ပြောပြီး ကျန်သည့်အပိုင်းမှာ သူ၏သွယ်ဝိုက်သော အဓိပ္ပာယ်ကို နားလည်နိုင်ခြင်း ရှိမရှိအပေါ် မူတည်လေသည်။

"ကျင့်ကြံသူမိတ်ဆွေ လမ်းညွှန်ပေးမယ်လို့ မျှော်လင့်ပါတယ်။"

ချန်လော့သည် သူ၏ လက်စထဲသို့ လက်နှိုက်လိုက်ရာ ချီစုစည်းခြင်း ဆေးလုံးဆယ်လုံး ပါဝင်သော ကြွေပုလင်းတစ်လုံး လက်ထဲတွင် ထွက်ပေါ်လာသည်။

သူသည် ၎င်းကို ကန်းရှီထံသို့ ညင်သာစွာ ပစ်ပေးလိုက်၏။

အနက်ရောင်ချီအဝေ့တစ်ခုနှင့်အတူ ကြွေပုလင်းမှာ ကန်းရှီ၏ လက်ထဲသို့ ရောက်ရှိသွားသည်။

သူသည် ပုလင်းကို ဖွင့်ကာ အနံ့ခံကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

ချန်လော့သည် ချီစုစည်းခြင်း ဆေးလုံးများကို စားရသည်မှာ ငြီးငွေ့နေပြီ ဖြစ်သော်လည်း ၎င်းတို့တွင် တန်ဖိုးမရှိဟု မဆိုလိုပေ။

အပြင်ဈေးကွက်တွင် ဆေးလုံးများမှာ ဝယ်လိုအား မြင့်မားသော်လည်း ရောင်းလိုအား နည်းပါးလျက်ရှိသည်။

"မဆိုးဘူး၊ မဆိုးဘူး။ ကျင့်ကြံသူမိတ်ဆွေရဲ့ ရိုးသားမှုကို ငါ ခံစားမိပါတယ်။"

ကန်းရှီက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

ဆေးလုံးများကို လက်ခံပြီးနောက် သူသည် ကျောက်စိမ်းပြားတစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

ထိုအထဲတွင် သူ၏ အုတ်မြစ်တည်ဆောင်ခြင်းအဆင့်ကျင့်ကြံသူများ၏ သင်္ချိုင်းတွင်း မှတ်တမ်းများ ပါဝင်ပြီး စုစုပေါင်း ခုနစ်ခု ရှိသည်။

"မူရှန်းမြို့ ဝိညာဉ်သတ္တုတွင်း နားမှာလား"

အထဲရှိ အချက်အလက်များကို ဖတ်ပြီးနောက် ချန်လော့သည် ချက်ချင်းပင် အံ့အားသင့်သွားလေ၏။

ဤမြှုပ်နှံရာ နေရာမှာ အနည်းငယ် အကဲဆတ်နေသည်။

"နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းက အုတ်မြစ်တည်ဆောင်ခြင်းအဆင့် သုံးယောက်၊ လေလွင့်ကျင့်ကြံသူလေးယောက်၊ ဟီးဟီး။" သေခြင်းမဲ့တစ္ဆေအိုကြီးက ရယ်မောလိုက်ပြီး အများကြီး ရှင်းပြမနေတော့ချေ။

ချန်လော့သည် ချက်ချင်းပင် သဘောပေါက်သွားလေသည်။

ဤလူများ အားလုံးကို ယန်ရှီဂိုဏ်းက မြှုပ်နှံပေးထားခြင်း ဖြစ်သည်။

"မိတ်ဆွေတစ်ယောက်အနေနဲ့ ငါ ကျင့်ကြံသူမိတ်ဆွေကို အကြံဉာဏ်တစ်ခုပေးမယ်။ အစပိုင်း သေခြင်းမဲ့ကျင့်စဉ်အတွက် အဆင့်မြင့် ကျင့်ကြံသူရဲ့ အလောင်းကို ရှာဖို့ မလိုအပ်ပါဘူး။ အစပြုသူတွေအတွက်ဆိုရင် ကျင့်ကြံသူတွေရဲ့အလောင်းထက် သာမန်သေမျိုးတွေရဲ့ ခန္ဓာကိုယ်တွေက ပိုအသုံးဝင်နိုင်ပါတယ်။" အကျိုးအမြတ် ရရှိထားသဖြင့် ကန်းရှီ၏ သဘောထားမှာ အလွန်ကောင်းမွန်နေဆဲပင်။

"ကျေးဇူးပဲ။"

ချန်လော့က ကျေးဇူးတင်စကား ဆိုပြီးနောက် လှည့်ကာ ထွက်ခွာသွားလေ၏။

"ထိပ်တန်းအဆင့် သေခြင်းမဲ့ကောင် ရဖို့ဆိုတာ အဲဒီလောက် မလွယ်ပါဘူး။" ချန်လော့ ထွက်ခွာသွားသောကျောပြင်ကို ကြည့်ကာ ကန်းရှီ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေလေသည်။

ထို အုတ်မြစ်တည်ဆောင်ခြင်းအဆင့် ကျင့်ကြံသူ အလောင်းခုနစ်လောင်းကို သူ စောစောကတည်းက မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူတို့၏ အဆင့်မှာ အမှန်တကယ်ပင်အုတ်မြစ်တည်ဆောင်ခြင်းအဆင့် ဖြစ်သော်လည်း သေခြင်းမဲ့ကျင့်စဉ်အတွက် မသင့်တော်ချေ။

သေခြင်းမဲ့ကျင့်စဉ်အတွက် လိုအပ်သော အလောင်းများမှာ အဆင့်တစ်ခုတည်းကို ကြည့်၍ မရဘဲ သွေးမျိုးဆက် နှင့် အရိုးတည်ဆောက်ပုံတို့အတွက်လည်း လိုအပ်ချက်များ ရှိကာ နတ်ဆိုးချီကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။

ထို အုတ်မြစ်တည်ဆောင်ခြင်းအဆင့် ကျင့်ကြံသူ အလောင်းခုနစ်လောင်းစလုံးမှာ စံချိန်မမီချေ။ ယန်ရှီဂိုဏ်း၏ အမြင်အရ ထို အလောင်း ခုနစ်လောင်းမှာ ကြက်ရိုးများကဲ့သို့ စားရန် အရသာမရှိသော်လည်းစွန့်ပစ်ရန် နှမြောစရာ ကောင်းနေလေ၏။

ယခု ချန်လော့က ၎င်းတို့ကို လိုအပ်နေသဖြင့် ကန်းရှီက အလွယ်တကူပင် ရောင်းချလိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူတို့သည် ဂိုဏ်းမှ ကျန်ရစ်ခဲ့သောအလောင်းများ ဖြစ်သဖြင့် ရောင်းချခြင်းကြောင့် ဆုံးရှုံးစရာ မရှိပေ။

သူသည် ကျောက်ခေါင်းတလားထဲတွင် ပြန်လည် လှဲလျောင်းလိုက်၏။

အပြင်ဘက် ခေါင်းတလားအဖုံးမှာ ကန်းရှီ၏ အစီအမံဖြင့် ပြန်လည် ပိတ်သွားလေသည်။

သင်္ချိုင်းမှာ တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

မူရှန်းမြို့ အနောက်ဘက်တွင် နှစ်စဉ် သစ်သားဓာတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြား ထွက်ရှိသော သစ်သား ဝိညာဉ်သတ္တုတွင်း တစ်ခု ရှိသည်။

နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းမှ ဤနယ်မြေအတွက် ကောက်ခံသော အခွန်ငွေမှာ အဓိကအားဖြင့် ဤဝိညာဉ်ကျောက်တုံးများမှ လာခြင်းဖြစ်သည်။

သို့သော် လွန်ခဲ့သော သုံးလခန့်က မိသားစုကြီးလေးခုပူးပေါင်းခဲ့ချိန်မှစ၍ သတ္တုတွင်းမှ တူးဖော်ရရှိသော ဝိညာဉ်ကျောက်တုံးများကို ပေးသွင်းခြင်း မရှိတော့ချေ။ ၎င်းတို့ကို မိသားစုကြီးလေးခုက ယာယီ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

ချန်လော့ ရောက်လာသောအခါ ဤနေရာတွင် စောင့်ကြပ်နေသော သာမန် သိုင်းပညာရှင်အများအပြား ရှိနေပြီး မိသားစုကြီးလေးခုမှ လျှို့ဝှက်စွာ စေလွှတ်ထားသော ကျင့်ကြံသူများလည်း ရှိနေလေ၏။

ချန်လော့သည် ဤလူများကြားတွင် ဟူချိုးတောက် ကိုပင် တွေ့လိုက်ရသည်။ အရိပ်များထဲတွင်လည်း သေခြင်းမဲ့ ပြီးပြည့်စုံခြင်းအဆင့်ရှိသော လျှို့ဝှက် ကျင့်ကြံသူတစ်ဦး ရှိနေသေးရာ မိသားစုကြီးလေးခုမှ ဝိညာဉ်သတ္တုတွင်းကို မည်မျှတင်းကျပ်စွာ စောင့်ကြပ်နေကြောင်း ဖော်ပြနေပေသည်။

"အစီအရင်လည်း ရှိသေးတယ်။"

ချန်လော့သည် အစွန်အဖျားမှ အကဲခတ်ကြည့်ရာ လျှို့ဝှက်အစီအရင် ဆုံချက်အချို့ကို တွေ့ရှိခဲ့သည်။ အကယ်၍ ယွဲ့နိုင်ငံ ဂူသင်္ချိုင်းကြီးတွင် ရှိနေစဉ်က အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းထံမှ အခြေခံအချို့ကို သင်ယူခဲ့ခြင်း မရှိပါက သူသည် ၎င်းတို့ထဲသို့ နင်းမိပြီး ဖြစ်တန်ရာ၏။

"ဒီနားလောက်မှာ ရှိရမယ်။"

ချန်လော့၏ ပစ်မှတ်မှာ သတ္တုတွင်း မဟုတ်ပေ။ ပတ်ပတ်လည်ကို လျှောက်ကြည့်ပြီးနောက် သူသည် သေခြင်းမဲ့တစ္ဆေအိုကြီး ပြောပြခဲ့သော အုတ်မြစ်တည်ဆောင်ခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ဦး၏ မြှုပ်နှံရာနေရာကို အနောက်ဘက်ရှိ ဂူပေါက်ဝတစ်ခုတွင် တွေ့ရှိခဲ့သည်။

ခြောက်သွေ့နေသော ကျောက်တွင်းကြီး တစ်ခုပင်။

သေခြင်းမဲ့တစ္ဆေအိုကြီးထံမှ အချက်အလက်များသာ မရခဲ့ပါက ဤနေရာတွင် အုတ်မြစ်တည်ဆောင်ခြင်းအဆင့် ကျင့်ကြံသူများ မြှုပ်နှံထားကြောင်းကို ချန်လော့ လုံးဝ ခန့်မှန်းမိမည် မဟုတ်ပေ။

ဂိုဏ်းများအကြားတိုက်ပွဲများမှာ အပြင်ပန်းတွင် မြင်ရသည်ထက် များစွာ ပိုမို ပြင်းထန်လှ၏။

ငြိမ်းချမ်းရေးကာလက သူလျှိုစစ်ပွဲနှင့် တူပေသည်။

ဤသေဆုံးသူ ခုနစ်ဦးမှာ ဂိုဏ်းစစ်ပွဲ၏ သားကောင်များ ဖြစ်ကြသည်။ လူခုနစ်ဦး၊ အနိုင်ရသူ မရှိဘဲ နောက်ဆုံးတွင် ယန်ရှီဂိုဏ်းအတွက်သာ အကျိုးရှိသွားလေသည်။

ချန်လော့သည် ပေါက်ပြားကို ထုတ်ယူကာ ကျွမ်းကျင်စွာ စတင်တူးဖော်လေ၏။

မကြာမီ ချန်လော့သည် ကျောက်တွင်းအောက်မှ မပြည့်စုံသော အလောင်းငါးလောင်းခွဲကို တူးဖော်ရရှိခဲ့သည်။

တစ်လောင်းမှာ ပျောက်ဆုံးနေဆဲပင်။

သေခြင်းမဲ့တစ္ဆေအိုကြီးက မှတ်ဉာဏ် မှားယွင်းသွားခြင်းလော သို့မဟုတ် ဤလူက နောက်ပိုင်းတွင် အသက်ပြန်ရှင်လာပြီး ထွက်ပြေးသွားခြင်းလားဆိုတာ သူ မသိပေ။

သူ့အတွက်တော့ ငါးလောင်းခွဲဆိုလျှင် လုံလောက်နေပြီ ဖြစ်သည်။

အလောင်းငါးလောင်းကို အစဉ်လိုက် ချထားလိုက်၏။

သူတို့၏ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ဤအလောင်းငါးလောင်းခွဲလုံးမှာ ဓားချီကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိနိုင်သည်။

လူတစ်ဦးစီ၏ ဒဏ်ရာများမှာ အလွန် သေသပ်စွာ ဖြတ်တောက်ခံထားရပြီး အထူးသဖြင့် အောက်ပိုင်းသာတွေ့ရသော အလောင်းတစ်ဝက်မှာ ပခုံးရိုးမှ ပေါင်အောက်ခြေအထိ ဖြတ်တောက်ခံထားရကာ တစ်ကိုယ်လုံးစောင်းလျက် ပိုင်းဖြတ်ခံထားရခြင်း ဖြစ်သည်။

‘ဒီအထဲမှာ အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ပါဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ တခြားနည်းလမ်းတွေ ရှာရတော့မယ်။’

ချန်လော့သည် သူ၏ သမင်သားရေ လက်အိတ်များကိုထုတ်ယူကာ ကျန်ရှိနေသော အလောင်းငါးလောင်း၏ ဦးခေါင်းခွံများပေါ်သို့ သူ၏ လက်များကို တင်လိုက်သည်။

‘သေဆုံးနေသော ဦးနှောက်လှိုင်းများနှင့် ထိတွေ့မှု၊ ပျက်စီးမှုအဆင့် ၉၉%၊ ဖတ်ရှုခြင်းကို ဆက်လုပ်မလား’

‘သေဆုံးနေသော ဦးနှောက်လှိုင်းများနှင့် ထိတွေ့မှု၊ ပျက်စီးမှုအဆင့် ၉၉%၊ ဖတ်ရှုခြင်းကို ဆက်လုပ်မလား’

ချီစီးကြောင်း ငါးခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ခုပြီးတစ်ခု အလျင်စလို ဝင်ရောက်လာလေသည်။

သူ၏ အသိစိတ် ပင်လယ် အတွင်းတွင် ယခင်က မကြုံဖူးသော ဖိအားတစ်ခု ပေါ်လာ၏။ ချီသန့်စင်ခြင်းအဆင့် ၁၀ သို့ ရောက်ပြီးနောက်ပိုင်း အသုံးမပြုရသေးသောနေရာလွတ်မှာ ချက်ချင်းပင် လွှမ်းမိုးခံလိုက်ရသည်။

"ဆယ်ခုကို စွန့်ပစ်မယ်။"

ချန်လော့သည် ချက်ချင်း တုံ့ပြန်လိုက်ပြီး တစ်ပုံစံတည်းဖြစ်နေသော ဦးနှောက်ဆယ်ခုကို ကျွမ်းကျင်စွာ စွန့်ပစ်လိုက်၏။ မြစ်ပေါင်းစုံနဂါး၏ ဦးနှောက်မှာလည်း စွန့်ပစ်ခံရသည့်အထဲတွင် ပါဝင်သွားလေသည်။

တစ်ကြိမ်ပြီးနောက် ချန်လော့သည် နောက်ထပ် ဆယ်ခုကို ထပ်မံစွန့်ပစ်လိုက်ရာ အရေအတွက် တစ်ရာသို့ပြန်လည်ရောက်ရှိသွားချိန်မှသာ သယ်ဆောင်နိုင်စွမ်းမှာ တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

သက်ပြင်းတစ်ချက်ချကာ ချန်လော့သည် အသစ်စုပ်ယူလိုက်သော ပြင်ပဦးနှောက် ငါးခုအပေါ်သို့ အာရုံစိုက်လိုက်လေ၏။

All Chapters