← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း။ ၁၃၉

သို့သော် ထိုပိန်လှီနေသော အမျိုးသား၏ မျက်ဝန်းများမှာမူ လှည့်ဖြားတတ်ပြီး ကောက်ကျစ်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ခြောက်သွေ့သော သစ်ကိုင်းကလေးများနှယ် ပိန်ကပ်နေသည့် သူ၏လက်မောင်းများတွင်မူ လက်ပတ်တစ်ခု ရှိနေသည်။

နဂါးကြီး၏ မျက်လုံးများက ထိုပိန်လှီသောအမျိုးသား၏ အကြည့်နှင့် ထိပ်တိုက်ဆုံသွားခဲ့သည်။

ဤအကြည့်မှာပင် စစ်မှန်သောသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဤသူသည် အမှန်တကယ်ပင် ကုဟွမ်ကျီ၏ စစ်မှန်သော ခန္ဓာကိုယ်ပင်။

သူသည် အစိမ်းရောင်ဝတ် အမျိုးသမီးစက္ကူရုပ်၏ သွယ်လျထူးဆန်းသော ကိုယ်ထည်အတွင်း၌ ပုန်းကွယ်နေခဲ့ခြင်းပင်။

စုန်ယန်သည် စက္ကူရုပ်တောင်ထိပ်၌ ကုဟွမ်ကျီကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရစဉ်က မြင်ကွင်းကို ပြန်လည်အမှတ်ရမိသွားသည်။

ထိုစဉ်က သူသည် အိမ်ဦးတံခါးခုံကို သတိထားကျော်ဖြတ်၍ အောက်မေ့ဖွယ်ခန်းမနှင့်တူသော စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းခဲ့ရသည်။ လမ်း၏ ဝဲယာတစ်ဖက်တစ်ချက်တွင် တွန့်လိမ်ရှည်လျားသော ထူးဆန်းသည့် စက္ကူရုပ်များ ရှိနေခဲ့ပြီး အမျိုးသားများက အနီရောင်၊ အမျိုးသမီးများက အစိမ်းရောင်ဝတ်ဆင်ထားကာ မျက်နှာများမှာ ဖြူလျော့လျက် ပါးနီများဖြင့် ခြယ်သထားပြီး ထူးဆန်းစွာ ပြုံးနေကြသည်။ ထိုစက္ကူရုပ်များသည် မျက်နှာကြက်အထိ မြင့်မားလှပြီး စင်္ကြံလမ်းအတွင်း လျှောက်လှမ်းသူများကို ငုံ့ကြည့်နေကြခြင်းပင်။

ကုဟွမ်ကျီသည် ဤစင်္ကြံလမ်းရှိ စက္ကူရုပ်များအတွင်း၌ အမှန်တကယ် ပုန်းကွယ်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားခဲ့မည်မဟုတ်ပေ။

ဘယ်သူက ထင်ထားမှားလဲ။

ယခုအချိန်အထိ ကုဟွမ်ကျီ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြက်သွေးရောင်နန်းတော် သွေးချီများမှာ လေထဲ၌ ရုတ်တရက် ပွင့်အာလာပြီး အလွှာလိုက် အလွှာလိုက် ပျံ့နှံ့သွားကာ မိကျောင်းအိုကြီး၏ အရေခွံကဲ့သို့ ထူထဲလှသော သံချပ်ကာအဖြစ် ပြောင်းလဲစပြုလာသည်။

သို့သော် ထိုသံချပ်ကာဝတ်စုံ အပြည့်အဝ ဖြစ်ပေါ်မလာမီမှာပင် မိစ္ဆာနဂါးကြီးက အမြီးကို တစ်ချက်ခတ်ကာ သူ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ဝိညာဉ်ချုပ်နှောင်ဓားချီနှင့် ဝိညာဉ်ဖောက်ဓားချီတို့ကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်တော့သည်။

ကုဟွမ်ကျီ၏ ခန္ဓာကိုယ်မှာ ခေတ္တမျှ တန့်သွားခဲ့ပြီး သံချပ်ကာအဖြစ် ပြောင်းလဲနေသည့် လုပ်ငန်းစဉ်မှာလည်း ရပ်တန့်သွားခဲ့ရသည်။

ရှူး... ရှူး... ရှူး...

ငွေရောင်သံချပ်ကာနှင့် သွေးရောင်မြူခိုးများ ဖုံးလွှမ်းနေသော မိစ္ဆာနဂါးကြီးသည် ပျောက်ကွယ်သွားပြီး စုန်ယန်၏ မူလရုပ်သွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ဖတ်….

စုန်ယန်၏ လက်ဖဝါးသည် ကုဟွမ်ကျီ၏ မျက်ခုံးအလယ်တည့်တည့်သို့ မြဲမြံစွာ ကျရောက်သွားခဲ့သည်။ ချန်ဝမ်ကျား၏ ကျားသစ်အစင်းကြောင်းများမှာ ကုဟွမ်ကျီ၏ မျက်ခုံးအတွင်းရှိ ဝိညာဉ်ကို ဖမ်းဆီးရန် လျင်မြန်စွာ တိုးဝင်သွားကြတော့သည်။

သို့သော်လည်း ကုဟွမ်ကျီ၏ ဝိညာဉ်အာကာသအတွင်း၌မူ ဝိညာဉ်ပေါင်းများစွာက စုန်ယန်ထံသို့ ရုတ်တရက် အလုံးအရင်းနှင့် ပြေးဝင်တိုက်ခိုက်လာကြသည်။ စုန်ယန်သည် ကျားသစ်အစင်းကြောင်းများကို အသုံးချ၍ ထိုဝိညာဉ်များကို တစ်ခုပြီးတစ်ခု ချုပ်နှောင်လိုက်ရသည်။

အောင်ပွဲမှာ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဟု ထင်မှတ်ရသော်လည်း ထိုအခိုက်အတန့်၌ပင် စုန်ယန်သည် အလွန်ပြင်းထန်သော အန္တရာယ်တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။

သူသည် ဝိညာဉ်လောကအတွင်းမှ အလျင်အမြန် ပြန်လည်ဆုတ်ခွာလိုက်ပြီး ရှေ့သို့ စိုက်

ကြည့်လိုက်ရာ ကုဟွမ်ကျီ၏ မျက်ဝန်းများမှာ သူ့ကို အားနည်းစွာ စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ သူ၏လက်ဖဝါးအတွင်း၌မူ ရွှေအနားကွပ်ထားသော မြှောင်ဓားတစ်လက်ကို မည်သည့်အချိန်ကတည်းက ဆုပ်ကိုင်ထားမှန်းမသိဘဲ ရောက်ရှိနေသည်။

ထိုမြှောင်ဓားမှာ ဝူးကနဲ အသံနှင့်အတူ စုန်ယန်၏ ဝမ်းဗိုက်ဆီသို့ ရက်စက်စွာ ထိုးစိုက်လိုက်တော့သည်။

မဖြစ်နိုင်တာ။ မြေခွေးအဘွားအိုရဲ့ ဝိညာဉ်ချုပ်နှောင်မှုအောက်မှာ ရှိနေတာတောင် ကုဟွမ်ကျီက ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်နေရတာလဲ။ ဝိညာဉ်က အချုပ်ခံထားရရင် စိတ်

အသိကလည်း ပျောက်ဆုံးသွားရမှာ မဟုတ်ဘူးလား။ သူက ဘယ်လို စွမ်းအားမျိုးနဲ့ ဒီချုပ်နှောင်မှုကို အာခံပြီး တိုက်ခိုက်ဖို့ စိတ်အသိကို ထိန်းထားနိုင်တာလဲ။

သံသယတစ်ခု စုန်ယန်၏ စိတ်ထဲတွင် လျှပ်ကနဲ ဖြတ်ပြေးသွားစဉ်မှာပင် သူ၏လက်မှာ လှုပ်ရှားသွားခဲ့သည်။

မိစ္ဆာကောင်းကင်တံခါးကို ချက်ချင်းပင် ထုတ်လွှတ်လိုက်တော့သည်။

ဝုန်း….

ကုဟွမ်ကျီ၏ သံချပ်ကာများမှာ ကြေမွပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်မှာလည်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကာ အရိုးစုတစ်ခုသာ ပေါ်ထွက်လာတော့သည်။

ကြေမွပျက်စီးသွားသော အသားစများကြားတွင် ဝိညာဉ်တစ်ခုမှာ ပျောက်ကွယ်သွားသော်လည်း ကြွင်းကျန်ရစ်သော အရိုးစုပေါ်၌မူ ဝိညာဉ်တစ်ခုမှာ ကျန်ရှိနေဆဲပင်။

၎င်းမှာ ကုဟွမ်ကျီ၏ စစ်မှန်သော ဝိညာဉ်ပင်။

...

"ကောင်လေး... ငါ ရှုံးပါပြီ။ ငါ့မှာရှိတဲ့ ဝှက်ဖဲအားလုံးကို သုံးပြီးသွားပြီ"

"လူကို လှည့်စားတဲ့ သံချပ်ကာဝတ် ဆံပင်ဖြူသွေးအလောင်းက ငါ့ရဲ့ ပထမဆုံး ဝှက်ဖဲပဲ"

" အေးစက်သောငရဲဘုံ၏ဘဝမျောလက်ပတ်က ပံ့ပိုးပေးတဲ့ အစွမ်းထက်ဝိညာဉ်နဲ့ ထိန်းချုပ်ထားတဲ့ စက္ကူရုပ်တပ်မတော်ကြီးက ငါ့ရဲ့ ဒုတိယမြောက် ဝှက်ဖဲ"

"မထင်မရှားတဲ့ စက္ကူရုပ်တစ်ခုထဲမှာ ပုန်းကွယ်နေတာက ငါ့ရဲ့ တတိယမြောက် ဝှက်ဖဲပဲ"

"ငါ့ရဲ့ ပထမနန်းတော် သွေးချီက သာမန်ပါပဲ။ ခန္ဓာကိုယ်ရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်ရုံပဲ။ ဒါကြောင့် ငါ့ရဲ့ကိုယ်က ခြောက်ကပ်နေပုံရပေမဲ့ တကယ်တော့ သွေးစွမ်းအားတွေနဲ့ ပြည့်နေတာ။ အဲဒါကြောင့်လည်း မိစ္ဆာသံချပ်ကာကို ချက်ချင်းပြန်ဖွဲ့စည်းနိုင်တာပေါ့။ ဒါကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး"

"ဒါပေမဲ့ ငါ့ရဲ့ ဒုတိယနန်းတော် သွေးချီကတော့ တော်တော်လေး ကောင်းမွန်ပါတယ်။ အဲဒါက အရိုးထဲက ဝိညာဉ်ပဲ။ အရိုးရှိနေသရွေ့ ခန္ဓာကိုယ်က ရှိနေဦးမှာပဲ"

"ငါက ငါ့ရဲ့အသားစတွေကို အေးစက်သောငရဲဘုံ၏ဘဝမျောလက်ပတ်နဲ့ ချိတ်ဆက်ထားပြီး ငါ့ရဲ့ စစ်မှန်တဲ့ ဝိညာဉ်ကိုတော့ အရိုးထဲမှာ ဝှက်ထားခဲ့တာ။ အကယ်၍ မင်းက ငါ့ဝိညာဉ်ကို တိုက်ခိုက်ခဲ့ရင် အပြင်ဘက်ကနေ မင်းကို အငိုက်ဖမ်းတိုက်ခိုက်ဖို့ပေါ့... ဒါက ငါ့ရဲ့ နောက်ဆုံးဝှက်ဖဲပဲ"

ဝိညာဉ်အသိများမှာ အရှိန်အဟုန်ဖြင့် စီးဆင်းသွားခဲ့သည်။

ကုဟွမ်ကျီ၏ ဝိညာဉ်သည် စကားကို အဆုံးသတ်ရင်း ဆက်ပြောလိုက်သည်။

"ကောင်လေး... ငါ တကယ်ကို အရှုံးပေးပါတယ်"

"အပေးအယူတစ်ခု လုပ်ရအောင် ငါ မင်းရဲ့ အစေအခံလုပ်မယ်။ မင်းလက်အောက်မှာပဲ နေပါ့မယ်။ ငါ့ကိုလွှတ်ပေးပါ ငါ့ကို ဝိညာဉ်မဲ့လက်ပါးစေတစ်ယောက်အဖြစ်တော့ မပြောင်းလဲလိုက်ပါနဲ့။

ဘာပဲဖြစ်ဖြစ် အေးစက်သောငရဲဘုံ၏ဘဝမျောလက်ပတ်နဲ့ တခြားအရာတွေအားလုံးက မင်းပိုင်ဆိုင်မှုတွေ ဖြစ်ကုန်ပြီပဲ။ ငါ့ရဲ့ လျှို့ဝှက်ချက်အားလုံးကိုလည်း မင်းသိသွားပြီ။ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ငါ့ကိုထိန်းချုပ်ဖို့ဆိုတာ အသေးအဖွဲကိစ္စလေး မဟုတ်လား"

စုန်ယန်၏ ဝိညာဉ်အသိက ပြန်ဖြေလိုက်သည်။

"ဆရာကြီး... ခင်ဗျားက ကျွန်တော့်လက်ခုပ်ထဲက ရေဖြစ်နေပြီ။ ခင်ဗျားကို လက်ပါးစေအဖြစ် ပြောင်းပစ်ဖို့ဆိုတာ ခဏလေးပဲကြာမှာ။ အဲဒီတော့ ပြောပါဦး... ကျွန်တော်က ဘာဖြစ်လို့ ဒီလိုစွန့်စားမှုမျိုးကို လုပ်ရမှာလဲ"

ထိုသို့ အပြန်အလှန် စကားပြောဆိုနေကြစဉ်အတွင်း ကမ္ဘာကြီးတစ်ခုလုံး နှေးကွေးသွားသယောင် ထင်မှတ်ရပြီး ဝိညာဉ်နှစ်ခုမှာ လေထုထဲတွင် ရင်ဆိုင်ရပ်နေကြသည်။ ကြောက်မက်

ဖွယ်ကောင်းသော ချန်ဝမ်ကျား၏ ကျားသစ်အစင်းကြောင်းများမှာ ကုဟွမ်ကျီကို ဖမ်းဆီးရန် တိုးဝင်နေဆဲပင်။

ဝိညာဉ်ချင်း ဆက်သွယ်ပြောဆိုမှုမှာ လျင်မြန်လှသော်လည်း ကျားသစ်အစင်းကြောင်းများ တိုးဝင်လာသည့် အရှိန်မှာလည်း ထိုနည်းတူပင် မြန်ဆန်လှသည်။

အဝေးမှကြည့်လျှင် ကုဟွမ်ကျီ၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင်မူ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်တော့သည်။

မကြာမီမှာပင် အက်ကွဲရှတသော ညည်းတွားသံတစ်ခု ပေါ်ထွက်လာခဲ့၏။

သူ၏ ဝိညာဉ်မှာ စတင်ကြေမွလာပြီး အက်ကြောင်းများ ပေါ်ထွက်လာသည်။

စုန်ယန် ခေတ္တမျှ တန့်သွားခဲ့၏။

ကြက်သွေးရောင်နန်းတော်အဆင့်ရှိ ကျွမ်းကျင်သူများသည် သူတို့၏ ဝိညာဉ်ကို သူတို့ဘာသာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။ သို့သော် ကုဟွမ်ကျီက ထိုသို့ ပြုလုပ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

"ထားလိုက်ပါတော့ ကောင်လေး... ဒီလိုပဲ အဆုံးသတ်ရမယ်ဆိုတာ ငါ သိသင့်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါ့ရဲ့ဆရာကို ငါ ပြန်ပုန်ကန်ခဲ့တယ်။ ငါ့ရဲ့ ဘိုးဘေးတွေကို ငါ သစ္စာဖောက်ခဲ့တယ်။ အဲဒီတုန်းက ငါ့ဆရာက ငါ့လက်ထဲကို မကျရောက်ချင်တာနဲ့ သူ့ကိုယ်သူ ဖျက်ဆီးသွားခဲ့တယ်။ အခုတော့... ငါ့အလှည့် ရောက်လာပြီပေါ့"

"မင်းကတော့... ရုပ်သေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အစစ်အမှန် ဖြစ်ဖို့ ထိုက်တန်တဲ့သူပါ။ နှုတ်ဆက်ခဲ့ပါတယ်..."

"ထာဝရ... နှုတ်ဆက်ခဲ့ပါတယ်"

ထိုစကားလုံးများနှင့်အတူ ကျားသစ်အစင်းကြောင်းများ ရောက်ရှိလာပြီး ရစ်ပတ်နှောင်ဖွဲ့လိုက်ရာ ကုဟွမ်ကျီ၏ ကြေမွနေသော ဝိညာဉ်မှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး ကြယ်ပွင့်ကလေးများအလား လွင့်စင်ကာ ပျောက်ကွယ်သွားတော့သည်။

အခန်း။ ၁၄၀

ကြယ်ပွင့်များကဲ့သို့ တောက်ပနေသော ဝိညာဉ်ချီအစအနများသည် နက်မှောင်သောညည့်ဦးယံ၌ မီးရှူးမီးပန်းများအလား တဖျတ်ဖျတ်လက်လျက် တဖြည်းဖြည်း မှိန်ဖျော့သွားတော့သည်။

စုန်ယန်သည် မျက်မှောင်ကို တင်းတင်းကြုတ်လျက် ထိုဝိညာဉ်စအနများကို စိုက်ကြည့်နေမိသည်။ ကုဟွမ်ကျီကဲ့သို့သော မြေခွေးအိုကြီးသည် နောက်ထပ် လှည့်ကွက်တစ်ခု ထပ်မံထုတ်သုံးလာမည်ကို သူ စိုးရိမ်နေမိခြင်းပင်။

တစ်ကိုယ်လုံးတွင် ကောက်ကျစ်မှုများဖြင့် ပြည့်နှက်နေသော ဤကဲ့သို့သော လူအိုကြီးနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်မျှ သတိလွတ်သွားရုံဖြင့် အခြေအနေအရပ်ရပ်မှာ ပြောင်းပြန်လှန်ခံရကာ နာလန်မထူနိုင်သော ငရဲခန်းသို့ ကျရောက်သွားနိုင်သည်။

ယခုလေးတင် ဖြစ်ပျက်သွားသော တိုတောင်းလှသည့် တိုက်ပွဲအတွင်း သူနှင့် ကုဟွမ်ကျီ နှစ်ဦးစလုံးမှာ အသက်အန္တရာယ်နှင့် အနီးကပ်ဆုံး ရင်ဆိုင်ခဲ့ရသည်။ ၎င်းမှာ တစ်ခဏအတွင်း အနိုင်ရနေသော်လည်း နောက်တစ်ခဏ၌ အပြတ်အသတ် ရှုံးနိမ့်သွားနိုင်သည့် ပြင်းထန်လှသော အားပြိုင်မှုတစ်ခုပင်။

သူသည် ကုဟွမ်ကျီကို အငိုက်ဖမ်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာနှင့် သူ၏ သိုင်းပညာကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ကာ ကုဟွမ်ကျီ၏ နဖူးကို အမိအရ ဖမ်းဆီးနိုင်ခဲ့ပြီး ဝိညာဉ်ဖောက်ဓားချီတစ်ချက်ကို ထုတ်လွှတ်ခဲ့သည်။

ဤအခြေအနေမျိုးတွင် ကုဟွမ်ကျီအနေဖြင့် သေဆုံးသွားသင့်သည်။

သို့သော်လည်း ကုဟွမ်ကျီ၏ ခန္ဓာကိုယ်မှာ သူ၏ စစ်မှန်သောကိုယ်ထည်မဟုတ်ဘဲ သွေးအလောင်းတစ်ခုသာ ဖြစ်နေခဲ့သည်။ ထိုသွေးအလောင်းတွင် ဝိညာဉ်ဟူ၍ လုံးဝမရှိသောကြောင့် သူ၏တိုက်ခိုက်မှုမှာ လေဟာနယ်ကိုသာ ထိမှန်သကဲ့သို့ဖြစ်သွားပြီး သူကိုယ်တိုင်မှာမူ တန်ပြန်တိုက်ခိုက်မှုများအတွက် လေဟာပြင်ဖြစ်သွားခဲ့ရသည်။

...

သွေးအလောင်းက သူ၏နံဘေးကို ပြင်းထန်သောအားဖြင့် ထိုးနှက်ခဲ့သည်။

ကုဟွမ်ကျီ၏ အမြင်တွင်မူ စုန်ယန်သည် သေဆုံးမသွားလျှင်ပင် အပြင်းအထန် ဒဏ်ရာရရှိသွားသင့်ပြီး ဒဏ်ရာရပြီးနောက်တွင် သူနှင့် ဝေးရာသို့ ဆုတ်ခွာသွားလိမ့်မည်ဟု တွေးတောထားခဲ့ခြင်းပင်။

သို့သော် သူ၏ ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာမှာ အလွန်ပင် ခိုင်မာတောင့်တင်းလှသလို သူ၏ တိုက်ပွဲအတွေ့အကြုံမှာလည်း အလွန်ကြွယ်ဝနေခြင်းပင်။

သူသည် လက်သီးချက်နှစ်ချက်ကို အားတင်းကာ ကြံ့ကြံ့ခံရင်း၊ ကုဟွမ်ကျီ၏ နဖူးကို ဆုပ်ကိုင်ထားသော လက်အားကို လုံးဝမလျှော့ခဲ့ပေ။ ထို့ပြင် မိစ္ဆာကောင်းကင်တံခါးအတတ်ကို အချိန်မီ ထပ်ဆင့်အသုံးပြုကာ ကုဟွမ်ကျီ အချိန်မရွေး ပြန်လည်အသုံးပြုနိုင်သည့် ဆံပင်ဖြူသွေးအလောင်းကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်ခဲ့သည်။

....

ထို့နောက်တွင်မူ အလွန်ပင် ပြင်းထန်သော အားပြိုင်မှုနောက်တစ်ကြိမ် ဖြစ်ပွားခဲ့ပြန်သည်။

သူသည် ကုဟွမ်ကျီ၏ စစ်မှန်သောခန္ဓာကိုယ်ကို အမိအရဖမ်းဆီးနိုင်ခဲ့ပြီး လက်ဖဝါးဖြင့် နဖူးကိုဖိလျက် ချန်ဝမ်ကျား၏ အမည်းစက်များကို သူ၏ ဝိညာဉ်အာကာသအတွင်းသို့ ထိုးဖောက်

ဝင်ရောက်စေခဲ့ချိန်မှာပင် ကုဟွမ်ကျီ၌ တန်ပြန်တိုက်ခိုက်ရန် ဝှက်ဖဲတစ်ခု ကျန်ရှိနေသေးသည်။

အကယ်၍ သူသာ တစ်လှမ်းနောက်ကျသွားခဲ့ပြီး ရွှေအနားကွပ် ထူးဆန်းသော မြှောင်ဓားဖြင့် အထိုးခံလိုက်ရပါက တိုက်ပွဲ၏ ရလဒ်မှာ လုံးဝဥဿုံ ပြောင်းလဲသွားနိုင်သည်။

ကုဟွမ်ကျီကဲ့သို့သောသူက နောက်ဆုံးလက်နက်အဖြစ် အသုံးပြုသည့် မြှောင်ဓားမှာ မည်သို့မျှ သာမန်ဖြစ်နိုင်စွမ်း မရှိပေ။

ကျောက်သားအကြီးအကဲက သူ့ကို လူ့သဘာဝအကြောင်း သင်ခန်းစာပေးခဲ့ပြီး “လူ့သဘာဝကို ဘယ်တော့မှ လောင်းကြေးမထပ်နဲ့၊ ဘယ်သူ့ကိုမှ မယုံကြည်နဲ့" ဟု သင်ပေးခဲ့လျှင် ကုဟွမ်ကျီကမူ သူ့ကို တိုက်ပွဲအကြောင်း သင်ခန်းစာပေးခဲ့ခြင်းပင်။

အကယ်၍ သူသည် ချန်ဝမ်ကျား၏ သွေးကို ကံကောင်းထောက်မစွာ ရရှိခဲ့ခြင်း မရှိခဲ့လျှင်

သူ၏ ချွေးနှင့် ဉာဏ်ပညာကို အသုံးပြုကာ နတ်မျက်နှာပြင် အလွှာတစ်ရာ ကာကွယ်ရေးအတတ်ကို ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာအဆင့်အထိ နားလည်သဘောပေါက်ခဲ့ခြင်း မရှိခဲ့လျှင် နန်ဝူဓားဂိုဏ်း၏ ထူးကဲပြောင်းလဲခြင်းဓားကျမ်းမှတစ်ဆင့် ကိုယ်ပိုင်ဓားကို နားလည်ခဲ့ပြီး ထူးကဲ ဓားကျမ်းမှတစ်ဆင့် သူ၏ ထူးကဲချီအားလုံးကို ဓားချီအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လျှင် ထို့ပြင် ကြက်သွေးရောင်နန်းတော်၏ အတတ်ဖြစ်သော ဝတ်ရုံစလက် စကြဝဠာကို ဓားမိစ္ဆာ နဂါးနက်အဆင့်အထိ မြှင့်တင်နိုင်ခြင်း မရှိခဲ့လျှင် ဤတိုက်ပွဲတွင် သူ ရှုံးနိမ့်သွားလိမ့်မည်မှာ အသေအချာပင်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သူသည် အမှန်တကယ်တော့ သာမန်လူတစ်ဦးသာဖြစ်ပြီး ကုဟွမ်ကျီမှာမူ အံ့အားသင့်ဖွယ် ပါရမီရှိသည့် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ခြင်းပင်။

...

စုန်ယန်က ထိုသို့ တွေးတောနေစဉ်မှာပင် ကုဟွမ်ကျီ၏ ဝိညာဉ်မှာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အစအနမကျန်အောင် ကြေမွပျက်စီးကာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လေထုထဲတွင် ပျောက်ကွယ်သွားသည်နှင့်အမျှ အရာဝတ္ထု သုံးခုမှာ လေထဲမှ အောက်သို့ ကျဆင်းလာခဲ့သည်။

၎င်းတို့မှာ ရွှေအနားကွပ် မြှောင်ဓား၊ သိုလှောင်အိတ်နှင့် အေးစက်သောငရဲဘုံ၏ဘဝမျောလက်ပတ်ပင်။

စုန်ယန်၏ လက်ချောင်းများမှာ အနည်းငယ် လှုပ်ရှားသွားပြီး မိစ္ဆာငှက် အရိပ်ရုပ်သေး သုံးခုကို စတင်အသက်သွင်းကာ ထိုပစ္စည်းသုံးခုဆီသို့ လျင်မြန်စွာ စေလွှတ်လိုက်သည်။ ရွှေအနားကွပ်မြှောင်ဓားနှင့် သိုလှောင်အိတ်တို့မှာ ချက်ချင်းပင် ဝါးမြိုဖမ်းဆီးခြင်း ခံလိုက်ရသည်။

သို့သော် နောက်ဆုံးကျန်ရှိနေသော မိစ္ဆာငှက်အရိပ်ရုပ်သေးက သူ၏ခြေသည်းများဖြင့် ရေခဲငဲလက်ပတ်ကို ဆုပ်ကိုင်လိုက်သည့်အခါတွင်မူ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပထမဦးစွာ ထိုခြေသည်းနှစ်ဖက်မှာ လျှပ်စစ်ဓာတ်လိုက်ခံရသကဲ့သို့ ပြင်းထန်စွာ တုန်ယင်လာသည်။ ထို့ပြင် မိစ္ဆာငှက်အရိပ်ရုပ်သေး၏ မျက်နှာပြင်ထက်တွင် အဖုအကျိတ်ပေါင်းများစွာမှာ ရုတ်တရက် ဖောင်းကြွထွက်ပေါ်လာတော့သည်။

ထိုအခိုက်အတန့်၌ပင် ထိုအဖုအကျိတ်များမှာ လေမှုတ်သွင်းခံထားရသော မိုးပျံပူဖောင်းများအလား ပြောင်းလဲသွားပြီး အရှိန်အဟုန်ဖြင့် ပွယောင်းကာ ကြီးထွားလာခဲ့သည်။ မိစ္ဆာသားရဲ၏ အရေခွံမှာ အလွန်ပင် မာကျောပြီး ရုန်းကန်နိုင်စွမ်းရှိသောကြောင့် အတင်းအဓမ္မ ဆွဲဆန့်ခံနေရသော်လည်း ချက်ချင်း ပေါက်ကွဲထွက်မသွားသေးပေ။

စုန်ယန်သည် ထိုသို့ထူးဆန်းစွာ အသွင်ပြောင်းနေသော အရိပ်ရုပ်သေးကို အလျင်အမြန် စိုက်ကြည့်လိုက်သည်။

အဆက်မပြတ် ဖောင်းကြွနေသော အရိပ်ရုပ်သေး၏ မျက်နှာပြင်ထက်၌ ထူးဆန်းသော ပုံစံများ ပေါ်ထွက်လာသည်။ ထိုပုံစံများမှာ မထင်မှတ်ဘဲ လူသားတို့၏ လက်များနှင့် မျက်နှာများ ဖြစ်နေပြီး အတွင်းဘက်မှနေ၍ ဘယ်ပြန်ညာပြန် အတင်းတိုးထွက်ကာ ဖောင်းကြွလာကြခြင်း ဖြစ်သည်။ အရေအတွက်မနည်းလှသော လူပုကလေးများစွာကို ထိုမိစ္ဆာငှက်အရိပ်ရုပ်သေးအတွင်းသို့ အလျင်အမြန် ထည့်သွင်းနေသကဲ့သို့ပင်။

အစောပိုင်းတွင် သူသည် ကုဟွမ်ကျီ၏ နောက်ကွယ်မှ အစီအစဉ်များ ရှိနေမည်ကို စိုးရိမ်နေခဲ့သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါမှသာ အမှန်တကယ် သက်ပြင်းချနိုင်တော့သည်။

အဘယ်ကြောင့်ဆိုသော် အေးစက်သောငရဲဘုံ၏ဘဝမျောလက်ပတ်သည် ၎င်း၏သခင်ကို ဆုံးရှုံးသွားပြီဖြစ်ရာ အတွင်း၌ ဝိညာဉ်များကို ချုပ်နှောင်ထားသည့် ထောင်တံခါးမှာ တစ်ခဏချင်းအတွင်း ပွင့်အာသွားပြီး ဝိညာဉ်များက အပြင်သို့ အလုအယက် တိုးထွက်လာကြခြင်းပင်။

သို့သော် ထိုဝိညာဉ်အရေအတွက်မှာ စုန်ယန် ခန့်မှန်းထားသည်ထက် များပြားနေခဲ့သည်။

သူသည် ဒုတိယအစီအရင်အလံကို အလျင်အမြန် ပြင်ဆင်နေသည့် ယွီရွှမ်းဝေကို ငုံ့ကြည့်လိုက်သည်။ ယွီရွှမ်းဝေမှာလည်း သူ့ကို သတိကြီးစွာဖြင့် ပြန်လည်ကြည့်ရှုနေ၏။

သူတို့နှစ်ဦး၏ အကြည့်တို့သည် လေထုထဲတွင် တိတ်ဆိတ်စွာ ဆုံစည်းသွားခဲ့ကြသည်။

စုန်ယန်သည် မထင်မှတ်ဘဲ စိတ်ပျက်လက်ပျက်ဖြစ်ဟန် အနည်းငယ် ပြသလိုက်သည်။

ယွီရွှမ်းဝေမှာ ခေတ္တမျှ မှင်တက်သွားပြီး သူမ၏ မျက်ဝန်းအစုံတွင် ဇဝေဇဝါဖြစ်မှုများ ပေါ်ပေါက်လာခဲ့သည်။

စုန်ယန်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"မိုက်မဲတဲ့ မိန်းမ... ငါ့ရဲ့ အခုပုံစံနဲ့ ငါ ဘာတွေလုပ်တော့မယ်ဆိုတာကို မှတ်တမ်းတင်ဖို့ ထူးကဲအရာတစ်ခုခုကို အခုထိ ဘာလို့ ထုတ်မယူသေးတာလဲ နင်က တကယ်ပဲ မိစ္ဆာတွေရဲ့ ဖမ်းဆီးတာကို ခံပြီး ဝိညာဉ်ရှာဖွေတာကို ခံချင်နေတာလား"

မိုက်မဲတဲ့ မိန်းမ…

ယွီရွှမ်းဝေ တစ်ဖန် အံ့အားသင့်သွားရပြန်သည်။ သူမ ရှင်သန်လာခဲ့သည့် တစ်လျှောက်လုံးတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူမအား ဤစကားလုံးသုံးလုံးဖြင့် ဖော်ပြခဲ့ဖူးခြင်း မရှိပေ။

သို့သော် စုန်ယန် ပြောလိုက်သည့် စကားကို ပြန်လည်စဉ်းစားကြည့်သည့်အခါမှသာ သူမ ရုတ်တရက် နားလည်သွားခဲ့သည်။

မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများ၏ ကျူးကျော်မှု၊ စုန်ယန်၏ ပေါ်ထွက်လာမှု ထိုမျိုးနွယ်စုများသည် စုန်ယန်နှင့် ပတ်သက်သမျှ အရာအားလုံးကို အသေအလဲ စုံစမ်းစစ်ဆေးကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ မည်သူမျှ သူတို့၏ ခြေလှမ်းကို တားဆီးနိုင်မည်မဟုတ်ပေ။

မျက်မြင်သက်သေတစ်ဦးအနေဖြင့် သူမသည် ဝိညာဉ်ရှာဖွေခြင်း မခံရလိုပါက ပုံရိပ်များကို သိမ်းဆည်းပေးနိုင်သည့် ထူးကဲအရာတစ်ခုကို ထုတ်ယူရန်သာ ရွေးချယ်စရာ ရှိတော့သည်။

ဤနည်းဖြင့် ရလဒ်က မည်သို့ပင်ဖြစ်စေ ညှိနှိုင်းမှုအတွက် အခွင့်အရေးတစ်ခု ပိုမိုရရှိလာမည် ဖြစ်သည်။

စောစောက စုန်ယန်၏ စိတ်ပျက်နေသော အကြည့်ကို ပြန်လည်အမှတ်ရမိသောအခါ သူမ၏ နှလုံးသားထဲတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခုပင် တိုးဝင်လာခဲ့သည်။ စုန်ယန်၏ အမူအရာမှာ "နင့်ကို ငါက တော်လိမ့်မယ်လို့ ထင်ထားတာ။ ဒီလောက် မိုက်မဲလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီကိစ္စကိုတောင် ငါက လိုက်သတိပေးနေရတာလား" ဟု ရှင်းလင်းစွာ ပြောဆိုနေသကဲ့သို့ပင်။

"ကောင်းပြီ... ငါ ထုတ်လိုက်မယ်"

ယွီရွှမ်းဝေသည် ခေါင်းမာသည့် မိန်းကလေးငယ်တစ်ဦး မဟုတ်တော့ပေ။

"နင် ငါ့ကို လုပ်စေချင်မှန်း ငါသိတယ်။ အဲဒါကလည်း မှန်တယ်။ ဒါပေမဲ့ ငါကတော့ မလုပ်ဘူး" ဆိုသည့် ကလေးကလား အပြုအမူမျိုးကို သူမ မလုပ်နိုင်တော့ပေ။ သတိပေးချက်ကို ကြားသည်နှင့် သူမ၏ လက်မှာ လျင်မြန်စွာ လှုပ်ရှားသွားပြီး ကြည်လင်တောက်ပသော နဂါးပတ်ကျောက်စိမ်းတစ်ခုကို ထုတ်ယူလိုက်တော့သည်။

All Chapters