အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
Apocalypse - Space(B-12)
အခန်း-(၁၆၆)
ချွန်ထက်သောသွားများက သူမရဲ့အရေပြားကိုမထိနိုင်မီတွင်ပဲ ဖုတ်ကောင်အမျိုးသမီးဟာ ကျင်းရွှီယန်းထံမှ ရိုက်ထုတ်ခံခဲ့ရသည်။ လွင့်ထွက်သွားပြီး လမ်းပိတ်ထားတဲ့အတားအဆီးတစ်ခုကို တိုက်မိကာ ချက်ချင်းပဲ ပြန်ပြုတ်ကျလာတယ်"
အဆင့်လေးဖုတ်ကောင် နှင့် သူတို့ရဲ့ ကပ္ပတိန် ၊ ခယ်မတို့ကြောင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသောလူတိုင်းက ထိတ်လန့် သွားကြသည်။ ကူညီချင်သော်လည်း၊ သူတို့ရဲ့ခန္ဓာကိုယ်များက မြင့်မားသောအဆင့်ရှိတဲ့ဖုတ်ကောင်များရဲ့ဖိအားအောက်တွင် လှုပ်ရှားရန်မတတ်နိုင်ခဲ့ပေ။
အဆင့်လေးဖုတ်ကောင်ပြုတ်ကျသွားပြီးမှသာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်လိုက်နိုင်တယ် ။ ဤနေရာတွင်အန္တရာယ်ကိုခံစားရသဖြင့် ကျန်းယွမ်က ဆုံးဖြတ်ချက်တစ်ခုချပြီးပြောလိုက်တယ် "အားလုံး၊ ငါ့နောက်ကို လိုက်ခဲ့"
ဤသို့ပြောပြီးနောက် သူက မဆိုင်းမတွပင် လင်အန်းတက္ကသိုလ်ဆီသို့ ပြေးသွားခဲ့တယ်။
သူတို့ရဲ့ဒု-ကပ္ပတိန်ကသွားနေပြီဆိုတာကိုမြင်တော့ ကျန်တဲ့အဖွဲ့သားတွေကလဲ မြန်မြန်နောက်ကိုလိုက်သွားကြတယ်။ သူတို့ရဲ့ ကပ္ပတိန်ကို တိုက်ရိုက်မကူညီနိုင်ပေမဲ့ အနည်းဆုံးတော့ဝင်လာတဲ့ ဖုတ်ကောင်တွေကို သူတို့ရပ်တန့်နိုင်တယ်။
သူတို့ရဲ့နောက်ကျောကိုကြည့်ကာ ယူဖူယွင်လည်းအနောက်မှလိုက်သွားတယ်။ တိုက်ပွဲမစခင်မှာပဲ အတွင်းဒဏ်ရာတွေ ရထားပြီးသားဆိုတော့ သူဘယ်လောက်ထိတောင် အားနည်းနေလည်းဆိုတာကို သိလာရတယ်။
အသင်းဝင်တုန်းက သူပြောခဲ့တဲ့ စကားတွေကို ပြန်သတိရသွားတော့ စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်တွေက သူ့မျက်လုံးတွေထဲမှာ ပြည့်လျှံလာတယ်။ အခြားသူများအပေါ်တွင် မှီခိုနေထိုင်ဖို့ရန်ကို သူငြင်းဆန်တယ်။ သူ ပိုသန်မာလာပြီး သူ့မိသားစုကို ရှာရမယ်။
" ဘုန်းးး"
ဖုတ်ကောင်များဆီ လူအုပ်က ပြေးသွားသောအခါ သူတို့နောက်တွင် တိုက်ပွဲသံများ ထွက်ပေါ်လာသည်။ စိုးရိမ်နေသော်လည်း မည်သူကမျှ နောက်ပြန်မလှည့်ကြပေ။
"ဂါးးး"
သူတို့အရှေ့ရှိ ဖုတ်ကောင်များဟာ ရှေ့သို့ ပြေးလာနေကြသည်။ အရှေ့ရှိ ဖုတ်ကောင်အချို့မှာ ပိုထင်ရှားနေပြီး အခြားသောဖုတ်ကောင်များထက် ပိုမြန်ပြီး သွက်လက်သည်။
" အဆင့်နှစ်ဆင့်ရှိတဲ့ ဖုတ်ကောင်ငါးကောင်က ဦးဆောင်နေတယ်။ ဝိန့်မို၊ ဝိန့်ခိုင် နံရံကို ဖန်တီးလိုက်" ကျန်းယွမ်က အမိန့်ပေးလိုက်တယ်။
ဝိန့်ညီအစ်ကိုများက လက်ကိုဝှေ့ယမ်းလိုက်ပြီး နောက်အခိုက်အတန့်တွင်ပဲ အနံခြောက်မီတာနှင့် အမြင့်လေးမီတာရှိသော သတ္တုတုံးတစ်တုံးသည် မည်သည့်နေရာကမှန်း မသိဘဲ ထွက်ပေါ်လာခဲ့တယ်။
"ဘုန်းးး"
သတ္တုနံရံက မြေပြင်သို့ ထိုးဖောက်ဝင်ရောက်သွားကာ ဖုတ်ကောင်များရဲ့လမ်းကြောင်းကို ပိတ်ဆို့ထားသည်။ အခြေအနေတည်ငြိမ်သွားတာနဲ့ အဖွဲ့ဝင်များက သတ္တုနံရံအပေါ်သို့ ခုန်တက်သွားကြသည်။ နှစ်မီတာအကျယ် ရှိသောမျက်နှာပြင်ပေါ်တွင် သူတို့ ခိုင်ခိုင်မာ မတ်တပ်ရပ်လိုက်ကြတယ်။
ဖုတ်ကောင်များက လျင်မြန်စွာ ချဉ်းကပ်လာတာကိုမြင်တော့ ဝိန့် ညီအစ်ကိုဟာ ၎င်းတို့ဖြတ်သန်းရန် ကွက်လပ်မကျန်မချင်း သတ္တုနံရံများကို ဆက်လက်ဖန်တီးခဲ့ကြသည်။
ပြီးတာနဲ့ သူတို့ရဲ့ ခါးပတ်အိတ်များထဲမှ သတ္တုအမျိုးအစား အမြုတေ ငါးခုကိုထုတ်ကာ စွမ်းအင်ကို စတင်စုပ်ယူကြတယ်။ ငါးမိနစ်မပြည့်မီတွင်ပဲ အမြုတေများက ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး လေနှင့်အတူ မျှောပါသွားသည်။
ဝင်လာသော ဖုတ်ကောင်အစုအဝေးကိုသာ အပြည့်အဝအာရုံစိုက်ထားသောကြောင့် သူတို့ရဲ့စုပ်ယူမှုနှုန်းက ဘယ်လောက်တောင် ထိတ်လန့်ဖွယ် မြန်ဆန်တာကို ဝိန့်ညီအစ်ကိုများအပါအဝင် မည်သူမျှ သတိမထားမိခဲ့ကြပေ။
"ဂါးးးး"
သတ္တုနံရံဖြင့် ပိတ်ဆို့ခံထားရသော ဖုတ်ကောင်များသည် သူတို့ရဲ့ လက်သည်းချွန်များနှင့်ပုပ်နေသောလက်များကို အပေါ်ဘက်သို့ မြှောက်လို့သာ လှမ်းနိုင်ပြီး ၎င်းတို့အပေါ်ရှိ “အရသာရှိတဲ့အရာများ” ကို ဖမ်းဆုပ်နိုင်ရန် ကြိုးစားနေကြသည်။
တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ရပြီးနောက်တော့
ရှောင်ချီဟာ ယခုအချိန်တွင် ပိုမိုတည်ငြိမ်လာပြီး ယခင်ကဲ့သို့ ကြွားဝါရန်အတွက်နဲ့ သူရဲ့စွမ်းအင်ကို အလဟသ မဖြုန်းတီးတော့ပေ။
" ခရစ်ပ်"
လက်ကို လှုပ်ရှားကာ သူ့ရဲ့နေရာလွတ်မှ ကျောက်တုံးကြီးတစ်တုံးကို ထုတ်ယူပြီး အောက်ဘက်ရှိ ဖုတ်ကောင်များကို ပုပ်သိုးနေသော အသားငါးပိအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
သူ့ရဲ့တိုက်ခိုက်မှုအပြီးမှာပဲ ကျန်တဲ့အဖွဲ့သားတွေကလဲ သူတို့ရဲ့တိုက်ခိုက်မှုကို စတင်ခဲ့ပါတယ်။ ထိုအချိန်တွင်တော့ ချန်ကျိရိ၊ ကျောင်းလီရှင်း နှင့် ယူဖူယွင်တို့သာ နံရံရဲ့ခြေရင်းတွင် ရပ်နေကြသည်။
မြေကြီးထဲတွင် မြှုပ်ကာ နံရံကိုစိုက်သော်လည်း သုံးမီတာကျော် မြင့်နေသေးတယ်။ အောက်ကနေ ဖုတ်ကောင်တွေကို သတ်ဖို့ နေနေသာသာ အပေါ်တက်ဖို့တောင် သူတို့မှာ လမ်းမရှိဘူး။
ဒါကိုမြင်တော့ ကျောင်းလီရှင်းက သူ့ခင်ပွန်းကိုကြည့်ပြီး " ယောင်္ကျား၊ ငါတို့ အခုဘာလုပ်သင့်လဲ" လို့ မေးလိုက်တယ်။
ချန်ကျိရိမှာလည်း ပိုမိုကောင်းမွန်သော အကြံဥာဏ်မရှိတာကြောင့်"ငါတို့စောင့်ဖို့ပဲ လိုတော့မယ်ထင်တယ်" လို့သာ ပြောနိုင်ခဲ့တယ်။
လင်မယားနှစ်ယောက်လုံးက ဘာမှမလုပ်ဘဲနေဖို့ကို ဆုံးဖြတ်လိုက်ပေမယ့် ယူဖူယွင်ကတော့ မတူပါဘူး။ သူက ပိုမိုအားကောင်းလာဖို့ရန် စိတ်အားထက်သန်နေပြီး၊ ဖုတ်ကောင်များကို တိုက်ခိုက်တာက စစ်မှန်သော အတွေ့အကြုံကို ရရှိနိုင်တယ်။
ခဏလောက်စဉ်းစားပြီးမှ သူက မော့ကြည့်ကာ "ရှောင်ချီ အပေါ်တက်ဖို့ ငါ့ကို ကူညီပေးနိုင်မလား" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ ရှောင်ချီက သူ့တိုက်ခိုက်မှုကို ရပ်လိုက်ပြီး နံရံကနေ ခုန်ဆင်းလာတယ်။ သူက ယူဖူယွင်ကိုကြည့်ကာ "တင်းတင်းကြပ်ကြပ်ကိုင်ထားပါ" လို့ပြောလိုက်တယ်။
နောက်တော့ ယူဖူယွင်ရဲ့ ပိန်ပါးသောခါးကို လက်မောင်းဖြင့် ပတ်ကာ နံရံပေါ်သို့ သယ်ဆောင်သွားခဲ့သည်။ နံရံပေါ် ရောက်သွားချိန်တွင် ရှောင်ချီက ဖုတ်ကောင်များကို ပြန်လည်တိုက်ခိုက်ခဲ့သည်။
သူရဲ့အဖွဲ့က မည်မျှတောင် အစွမ်းထက်ကြောင်းကို နောက်ဆုံးတော့ ယူဖူယွင် အမှန်တကယ် ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီ။
"ဘုန်းး
တစ်ချိန်တည်းမှာပဲ ဖုတ်ကောင်အမျိုးသမီးနှင့် ကျင်းရွှီယန်းဟာ လေထဲတွင်ထိပ်တိုက်တွေ့နေကြသည်။ ထိပ်တိုက်တွေ့တိုက်ခိုက်ရာမှ ပေါက်ကွဲထွက်လာသော စွမ်းအင်လှိုင်းလုံးကြီးက အနီးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတယ်။
စွမ်းအင်လှိုင်းက ကျိူးလီဇီကိုရိုက်ခတ်သွားပြီး သူမကို လွင့်ထွက်သွားစေခဲ့သည်။ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး ရင်ဘတ်ကိုဆုပ်ကိုင်ထားကာ သူမရဲ့နီရဲနေသော မျက်လုံးများဖြင့် မိုဘင်းရှန်ကို စိုက်ကြည့်နေသည်။
သူမတို့ရဲ့ ခွန်အားကွာဟချက်က အလွန်ကြီးမားတယ်။ သူမကို သတ်ပစ်ရန်က မဖြစ်နိုင်တဲ့ပုံပေါ်သည်။ ပိုဆိုးတာတစ်ခုကတော့ မိုဘင်းရှန်ဟာ အခုအချိန်မှာတော့ ကြောက်စရာကောင်းတဲ့ မျိုးဆက်ပွားနှုန်းနဲ့ ဖုတ်ကောင်ဖြစ်နေပါပြီ။ သူမက နာကျင်မှုဒဏ်ကို ခံနိုင်ရည်ရှိရုံသာမက ပြတ်တောက်သွားသော ခြေလက်များပင်လျှင် တုန်လှုပ်ချောက်ချားဖွယ်အရှိန်ဖြင့် အကောင်းပြန်ဖြစ်လာတယ်။
" ဒုန်းး ဘုန်းး"
ကျိူးလီဇီက ဖုတ်ကောင်အမျိူးသမီးကိုသတ်ရန် နည်းလမ်းရှာဖွေနေစဉ်တွင်ပဲ ကျင်းရွှီယန်းဟာ ရင်ဘတ်ကိုအကန်ခံရပြီး ကျယ်လောင်သော အသံဖြင့် မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။
""အဟွတ် ""
သူပါးစပ်ကနေ သွေးတွေချောင်းဆိုးကာထွက်လာတယ်။ သူ့အောက်က မြေပြင်ဟာအက်ကွဲနေပြီး ဧရာမချိုင့်ကြီးရဲ့ အလယ်မှာ သူရှိနေတယ်။
အခွင့်အရေးကို မြင်လိုက်ရတော့ ဖုတ်ကောင်အမျိုးသမီးက ကျင်းရွှီယန်းရဲ့ ရင်ဘတ်ကိုရူးသွပ်စွာ စူးစူးစိုက်စိုက်ကြည့် နေရင်း လက်သည်းတွေနှင့်တိုက်ခိုက်ရန် သူ့ဆီပြေးဝင်သွားသည်။
ဝင်လာသော တိုက်ခိုက်မှုကို မြင်လိုက်ရတော့ ကျင်းရွှီယန်းဟာ မိမိကိုယ်ကို တွန်းအားပေးပြီး တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်သည်။
" ခရစ်ပ်"
လက်သည်းတွေ ရောက်မသွားခင်မှာပဲ ရေဓါးပြားက လေထဲမှာ ပျံလာပြီး ဖုတ်ကောင်ရဲ့ ပုပ်နေတဲ့ လက်မောင်းကို လှီးဖြတ်ပစ်လိုက်တယ်။
"ဂါးးးးး"
ဖုတ်ကောင်အမျိုးသမီးက ဒေါသတကြီးဟိန်းဟောက်ကာလှည့်ပြီး ကျိူးလီဇီကို စူးစူးစိုက်စိုက်ကြည့်လာတယ်။ သူမက မတည်မငြိမ်ရပ်နေတာကို မြင်တော့ ကျင်းရွှီယန်းကို ချန်ခဲ့လိုက်ပြီး သူမရဲ့ ပစ်မှတ်အသစ်ကို ဦးတည်လိုက်တယ်။
ကျင်းရွှီယန်းက ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ သူ့ရဲ့ ပြန်လည်ကုသနိုင်စွမ်းနဲ့တောင် မြန်မြန်ပြန်ကောင်းမလာနိုင်ပါဘူး။ ဖုတ်ကောင်အမျိူးသမီးက ကျိူးလီဇီဆီကိုအပြေးအလွှား သွားနေတာကိုမြင်တော့ သူ့သွားတွေကို တင်းတင်းစေ့ပြီး ဓားရှည်ကို လွှဲယမ်းလိုက်တယ်။
" ဝှစ် "
အနက်ရောင်လခြမ်းမီးတောက်တစ်ခုက ဖုတ်ကောင်အမျိုးသမီးထံသို့ လျင်မြန်သောအရှိန်ဖြင့် ပြေးဝင်သွားသည်။
ဝင်လာသော တိုက်ခိုက်မှုကို သတိပြုမိသည့်တိုင်အောင် ဖုတ်ကောင်အမျိူးသမီးက ဒါကို လျစ်လျူရှုပြီး
ကျိူးလီဇီကိုသာ အာရုံစိုက်ကာ သူမရဲ့လက်သည်းများဖြင့် ခေါင်းကိုချိန်ရွယ်လိုက်သည်။
သူမအပေါ်ကို လက်သည်းများ မရောက်လာမီတွင်ပဲ ကျိူးလီဇီက လက်ကို မြှောက်လိုက်ပြီး အော်ဟစ်လိုက်တယ် "စုဆောင်းပါ"
အခန်း-(၁၆၇)
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖုတ်ကောင်အမျိုးသမီးက ချက်ခြင်းပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပဲ ကျိူးလီဇီ ဟာလည်း ပါးစပ်မှသွေးများစွာကိုချောင်းဆိုးထုတ်လိုက်ပြီး လဲကျသွားသည်။
"အာ့ ဇီ "
သူမ မြေပြင်ပေါ်မကျသွားမီတွင်ပဲ ကျင်းရွှီယန်းက အပြေးသွားကာ ဖမ်းလိုက်သည်။ သူမရဲ့ပါးပြင်များကို သူက ညင်သာစွာ ပွတ်သပ်ကာ တတွတ်တွတ်နှင့်ရေရွတ်လိုက်တယ် "အာ့ဇီ မင်းမျက်လုံးကို ဖွင့်လိုက်ပါ။ အာ့ဇီ.."
တစ်ချိန်တည်းမှာပဲ ကျိူးလီဇီရဲ့အာကာသအတွင်း၌လည်း ဖုတ်ကောင်အမျိုးသမီးဟာ မြေပြင်ပေါ်တွင် လှဲနေသည်။ ခေါင်းကိုမော့ပြီး ကျိူးလီဇီကို အော်ဟစ်ပစ်လိုက်တယ်။ သူမရဲ့ အနက်ရောင်မျက်လုံးများအတွင်းတွင်လည်း အမုန်းတရားများ ပြည့်နှက်နေသည်။
မျက်လုံးများထဲက ထိုခံစားချက်ကိုမြင်တော့ ကျိူးလီဇီက အေးစက်စွာမေးလိုက်သည် "မိုဘင်းရှန် မင်းမှာအသိစိတ်ရှိနေတယ်မဟုတ်လား"
"ဂါးးး"
တုံ့ပြန်မှုတစ်ခုရလာသောအခါမှာတော့ ကျိူးလီဇီက ခပ်ဖျော့ဖျော့ပြုံးပြီးပြောလိုက်တယ် "ငါတို့ရဲ့အရင်ဘဝတုန်းကဆို နင်ကငါ့ရဲ့ဂရုစိုက်မှုနှင့် ထောက်ပံ့မှုတွေကြောင့် မင်းသမီးလေးလိုနေခဲ့ရတယ်"
"နင်က ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်ခဲ့တယ်၊ ငါ့ရဲ့ ယုံကြည်ရတဲ့အဖော်ဆိုလည်းဟုတ်တယ်။ နင်ငါ့ကို ဆက်ဆံခဲ့ပုံထက် ငါ နင့်ကို ပိုကောင်းအောင် ဆက်ဆံခဲ့တယ်။ ငါတို့က အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး နင့်ဆီမှာ ငါ့ရဲ့ နောက်ကျောကို အပ်ထားလို့ရမယ်လို့ ငါ ထင်ခဲ့တာ ဒါပေမယ့် နင်... နင် ငါ့ကို ဖုတ်ကောင်တွေဆီ တွန်းထုတ်ပြီး ငါ ခန္ဓာကိုယ်က တစ်စစီ ဖြစ်သွားကာ အရှင်လတ်လတ် စားသောက်ခံနေရတာကို ကြည့်နေခဲ့တယ်"
နားထောင်နေစဉ်တွင် ဖုတ်ကောင်အမျိုးသမီးရဲ့ မျက်လုံးများထဲမှာ ရှုပ်ထွေးမှုများ ပေါ်လာတယ်။
ကျိူးလီဇီရဲ့အမူအရာက အေးစက်သွားခဲ့ပြီး "မိုဘင်းရှန် ငါသာမရှိရင် နင်ကဘာမှမဟုတ်တော့ဘူး။ အခု ကိုယ့်ကိုကိုယ် ကြည့်လိုက်ပေါ့ နင်က လူသားမဟုတ်တော့ဘူး။ဆိုတော့ နင့်ရဲ့ဘဝကို ဘာလို့ တွယ်ကပ်နေအုံးမှာလဲ။
ဒီစကားတွေပြောပြီးတာနဲ့ သူမရဲ့လက်ကို မြှောက်လိုက်ပြီး အောက်ကိုဆွဲချလိုက်တယ်။ တခဏချင်းမှာပဲ မိုဘင်းရှန်ရဲ့ ခန္ဓာကိုယ်အပေါ်မှာ ဖိအားက အဆတစ်ရာတိုးလာသည်။
ဖုတ်ကောင်အမျိုးသမီးက မမြင်နိုင်သောစွမ်းအားတစ်ခုဖြင့် ပြင်းထန်စွာဖိချေခံလိုက်ရပြီး ခေါင်းတောင်မထောင်နိုင်လောက်အောင်အထိ မြေပြင်ပေါ်တွင် ဖိနှိပ်ခံလိုက်ရတယ်။
သူမရဲ့အရိုးများက ကြေမွသွားပေမယ့် အဆက်မပြတ် ပြန်လည် ကောင်းမွန်လာဆဲပါပဲ။ ဒါပေမယ့် သူမရဲ့အရိုးတွေ ပြန်လည်ကောင်းမွန်လာတဲ့နှုန်းက အရိုးတွေအက်ကွဲသွားတဲ့အရှိန်ကို လိုက်လို့မမီနိုင်ခဲ့ပါဘူး။
ကျိူးလီဇီက ငြိမ်သက်နေပုံရသော်လည်း သူမရဲ့စိတ်ဓာတ်က ပြိုကျလုနီးပါးဖြစ်နေပါပြီ။ သူမက အဆင့် (၁) သာရှိသေးသောကြောင့် သူမရဲ့နေရာလွတ်ကိုအကူအညီနှင့်ဆိုရင်တောင် အဆင့်လေးဖုတ်ကောင်တစ်ကောင်ကို ထိန်းချုပ်ရန်က မဖြစ်နိုင်သလောက်ပင်။
မတော်တဆကိစ္စများ မဖြစ်လာအောင် ဖုတ်ကောင်ဆီသို့ သူမလျှောက်သွားလိုက်သည်။ သူမရောက်သွားတဲ့အခါ ရေခဲဓားမြှောင်တစ်ခုကို ဖန်တီးပြီး ဖုတ်ကောင်ရဲ့ဦးခေါင်းခွံထဲကို ထိုးသွင်းလိုက်တယ်။
" ခရစ်ပ်"
သူမရဲ့ လက်ကောက်ဝတ်ကိုလှုပ်ရှားကာ ပုပ်နေသော ခေါင်းကို ခွဲလိုက်သည်။ အနက်ရောင်သွေး သို့မဟုတ် ပုပ်သ်ိုးနေသောအသားစများဟာ မြေပြင်ကိုမထိမီတွင်ပဲ ဤအရာများဟာ အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး အာကာသမှ စုပ်ယူသွားခဲ့သည်။
သူမ ငြိမ်နေလိုက်ပြီး သူမရဲ့နေရာလွတ်က မိုဘင်းရှန်ကို တစ်ဖြည်းဖြည်းချင်း စုပ်ယူသွားတာကို ကြည့်နေလ်ိုက်တယ်။
ကံမကောင်းစွာနဲ့ပဲ ဖုတ်ကောင်က လူသားမဟုတ်တော့တဲ့အတွက် နာကျင်မှုကို မခံစားနိုင်တော့ပါ။ ဒီလိုမှမဟုတ်ရင်တော့ သူမခံစားနေရတာကို ကြည့်ရတာ ပိုကျေနပ်စရာကောင်းလိမ့်မယ်။ အလွန်ကိုနာကျင်ရပါလိမ့်မယ်။ဖုတ်ကောင်များတွေဆီက အရှင်လတ်လတ် ကိုက်စားခံရခြင်းထက် ပို၍ပင်နာကျင်တာဖြစ်ကောင်းဖြစ်နိုင်သည်။
မိုဘင်းရှန် လုံးဝပျောက်ကွယ်သွားသောအခါမှ ကျိူးလီဇီက သက်ပြင်းရှည်ကြီးချကာ မျက်လုံးမှိတ်လိုက်တယ်။ ခဏကြာတော့မှ သတိလစ်သွားကာ မြက်ခင်းပြင်ပေါ်သို့ လဲကျသွားသည်။
ထိုအခိုက်တွင်ပဲ အာကာသအစွန်းနှင့် ကောင်းကင်ကို ဝန်းရံနေသော မြူများဟာ မီတာ ၂၀၀ ခန့် ဆုတ်ခွာသွားသည်။ လက်စားချေမှုရယူပြီးနောက်တော့ အဆုံးတွင် သူမရဲ့စိတ်စွမ်းအားက တိုးတက်လာခဲ့သည်။
အာကာသအပြင်ဘက်က ကျင်းရွှီယန်းကတော့ စိုးရိမ်ထိတ်လန့်နေဆဲပါပဲ။ သူ့နောက်ကျောမှ သူမကိုထမ်းထားကာ ကုန်းပိုင်ကိုရှာဖို့ သူ့အဖွဲ့ဆီ ပြေးလာရင်း ရုတ်တရက် ဖုတ်ကောင်များရဲ့ ဟောက်သံတွေကပျော့သွားတာကို ကြားလိုက်ရတယ်။
သူပြေးနေတာကို ရပ်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာလှည့်ကာ သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ အချိန်အတော်ကြာ ရပ်တန်နေမိပြီး နောက်ဆုံးတွင်မှ သူက နူးညံ့ညင်သာစွာ ရယ်မောလိုက်တယ်။
မြင့်မားသောသတ္တုနံရံကို မော့ကြည့်လိုက်ပြီးတော့ သူ့အဖွဲ့ဝင်တွေကိုပဲ ဖုတ်ကောင်များကို ကိုင်တွယ်ခွင့်ပြုလ်ိုက်ရန် ဆုံးဖြတ်လိုက်သည်။ မောပန်းနွမ်းနယ်နေသဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ကျိူးလီဇီကို နီးနီး ကပ်ကပ် ပွေ့ဖက်ထားလိုက်တယ်။
သူမက သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ အိပ်စက်နေစဉ်တွင် သူကရေအနည်းငယ်သောက်ကာ ဘီစကွတ်အနည်းငယ်ကို စားပြီး မီးအမြုတေများကို စုပ်ယူ သူရဲ့ခွန်အားကို ပြန်လည်ရယူလိုက်သည်။
ထိုအချိန်တွင် နံရံထိပ်က ယူဖူယွင်ဟာ
ဝိန့်ညီနောင်များထံ လျှောက်မသွားမီတွင် တိုက်ပွဲကို အရင်ဆုံးခဏတာ စောင့်ကြည့်ခဲ့သည်။ပြီးမှ ဝိန့်မိုအနားမှာ ရပ်လိုက်ပြီး "အစ်ကို ဝိန့်မို၊ ကျွန်တော့်ကို လေသေနတ် လုပ်ပေးနိုင်မလား"လို့ ပြောလိုက်တယ်။
သူ့စကားကိုကြားတော့ ဝိန့်ခိုင်ကရယ်ပြီး "ကောင်လေး၊ အဲဒါက အကြံကောင်းပဲ" လို့ မှတ်ချက်ပေးလိုက်တယ်။
လက်နက်ဝါသနာအိုးကြီး ဝိန့်မိုက လေသေနတ်ဒီဇိုင်းများနှင့် အလွန်ရင်းနှီးသူဖြစ်သည်။ သူခေါင်းညိတ်ပြပြီး အလုပ်စလုပ်လိုက်တယ်။ BB သေနတ်သုံးလက်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကတ်ထရိပ်ကိုးခု နှင့် ကျည်ကပ် ဆယ့်ငါးခု တို့ကို ပြုလုပ်ခဲ့သည်။ ထို့နောက် ၎င်းကျည်ကပ်များထဲသို့ ၆ မီလီမီတာ BB ကျည်ဆန်များကို ဖြည့်သွင်းလိုက်တယ်။
ပြီးတာနဲ့ သူက BB သေနတ်တစ်လက်နှင့် ကျည်ကပ် ငါးခုကို ယူဖူယွင်ဆီပေးလိုက်တယ်။ သူသည် အချည်းနှီးဖြစ်သွားတဲ့ လေကျည်ဆန်များကိုကြည့်ကာ "ကာဗွန်ဒိုင်အောက်ဆိုဒ် ကတ်ထရိပ် များများ မရှိရင်၊ ဒါတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး" ဟု သူ့ကို သတိပေးလိုက်တယ်။
ထိုအချိန်တွင်ပဲ ချင်လူဇီက လျှောက်လာပြီး " ကတ်ထရိပ် တွေ ငါ့ကိုပေး" ဟုပြောသည်။
ဝိန့်မိုက အခြားသူတွေကို ဖြတ်ကျော်သွားပြီး ချင်လူဇီဆီသွားကာ"လူဇီ မင်း ဒါတွေကို ဖြည့်ပေးနိုင်မယ်ထင်လား" လို့ မေးလိုက်တယ်။
"ငါ ကြိုးစားကြည့်လိုက်မယ်" ချင်လူဇီက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေသည်။
သူ့ရဲ့စိတ်ကို အာရုံစူးစိုက်ပြီး ပတ်ဝန်းကျင်က လေထုကို အာရုံခံလိုက်ပါတော့တယ်။ ခဏအကြာတွင်တော့ စွမ်းအင်ရဲ့ မီးပွားစများဖြစ်သော သေးငယ်သောအက်တမ်များကို သိမ်းယူလိုက်တယ်။
အက်တမ်များကိုလမ်းညွှန်ပေးကာ အတွင်းသို့ ဆွဲသွင်းလိုက်ပြီး ကတ်ထရိပ်အတွင်း၌ ပေါင်းစပ်လိုက်ပြီးနောက်တော့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ CO₂ ကို ဖိသွင်းလိုက်သောအခါမှာတော့ ၎င်းက တဖြည်းဖြည်းနဲ့ အရည်အဖြစ်သို့ ပြောင်းလဲသွားပြီး နေရာအလွတ်များမှာ ပြည့်သွားတယ်။
အနီးနားရှိလူတိုင်းက သူ့ကို တအံ့တသြနဲ့ကြည့်နေကြတာ်။ သိပ်မဝေးတဲ့နေရာက ဖုန်းယွင်လည်း စိတ်ဝင်တစားနဲ့ ကြည့်နေသည်။
ဒြပ်စင်အမျိုးအစားစွမ်းရည်များဟာ ၎င်းတို့ရဲ့ဒြပ်စင်များကို အသုံးချခြင်းတွင် အကန့်အသတ်မရှိဟု ထင်ရသည်။စွမ်းရည်အသုံးပြုသူများဟာ အခြေခံပစ္စည်းများရှိနေသရွေ့ အရာဝတ္ထုများကို ဖန်တီးနိုင်ပြီး ထိန်းချုပ်လို့လည်းနိုင်သည်။
ဒါကိုတွေးပြီး ဖုန်းယွင်က မီသိန်းရဲ့ ကာဗွန်အက်တမ်တစ်ခု၊ ဟိုက်ဒရိုဂျင်အက်တမ်လေးခု အကြောင်းကို ပြန်စဉ်းစားလိုက်တယ်။ ၎င်းတို့သည် အလွန်မီးလောင်လွယ်ပြီး မီးပွားငယ်တစ်ခုကပင် ပေါက်ကွဲသွားစေနိုင်သည်။
ချင်လူဇီက ကတ်ထရိပ်တွေကို ဖြည့်ပြီးတာနဲ့
ဝိန့်မိုဆီကို ပြန်ပေးလိုက်ပြီးပြောသည် " ထပ်ဖြည့်ဖို့ လိုအပ်ရင် ငါ့ကို ပြောပြ"
"ကောင်းပြီ" ဝိန့်မိုက ခေါင်းညိတ်သည်။
ရွေးချယ်စရာ လက်နက်အသစ်ကြောင့် ယခုအခါတွင် ခဲယမ်းမီးကျောက်များကုန်သွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။ ဒါကိုမြင်တော့ ဖုန်းယွင်က လမ်းလျှောက်လာပြီး "အစ်ကိုဝိန့်၊ ကျွန်တော်လည်း လိုချင်တယ်" လို့ပြောလိုက်တယ်။
သူ့ရဲ့နေရာလွတ်တွင် သတ္တုကျည်ဆံ အများအပြားကို သိမ်းဆည်းထားပြီး ဝိန့်မိုက သူ့အား သေနတ်တစ်လက်၊ ကတ်ထရိပ်သုံးခုနှင့် ကျည်ကပ်ငါးခု ပေးခဲ့သည်။
ထို့နောက် ဖုန်းယွင်က ချင်လူဇီထံ လျှောက်သွားပြီး "အစ်ကို ချင် လေထဲမှာရှိတဲ့ အက်တမ်တွေကို ခံစားလို့ရလား"လို့ မေးလိုက်တယ်။
အခန်း-(၁၆၈)
ချင်လူဇီက မျက်ခုံးပင့်လိုက်ပြီး "မင်းဘာလို့မေးတာလဲ" လို့ ဖုန်းယွင်ကို ပြန်မေးလ်ိုက်တယ်။
"အစ်ကိုချင်၊ မင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖန်တီးနိုင်ရင် မီသိန်းကိုလည်း ဖန်တီးနိုင်တယ်"လို့ ဖုန်းယွင်က အဓိပ္ပါယ်ရှိသော အကြည့်ဖြင့်ကြည့်ကာ ပြန်ဖြေတယ်။
သူ့စကားကိုကြားတော့ ချင်လူဇီက ခဏလောက်စဉ်းစားပြီးမှ သူ့မျက်လုံးတွေက ချက်ချင်းလင်းလက်လာတယ်။ သူက ခေါင်းညိတ်ပြီး "ဒါက အကြံကောင်းပဲ"လို့ ချီးကျူးလိုက်တယ်။
ဒါကို စမ်းသပ်ရန် စိတ်အားထက်သန်စွာဖြင့် သူရဲ့လက်များကို မြှောက်ကာ ဖုတ်ကောင်များရဲ့အစုအဝေးထက်တွင် အက်တမ်များကို ပေါင်းစပ်လိုက်သည်။
" ဘုန်းးးး"
မီသိန်း ဖြစ်ပေါ်လာသည့်အခိုက်တွင်ပဲ
ရှန်းကျင်းဇီရဲ့ အပြာရောင်မီးလျှံမှာ မြင့်မားသော အပူချိန်ကြောင့် ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ပေါက်ကွဲမှုကြောင့် ဖုတ်ကောင်အုပ်စုတစ်စုကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
သူ့ရဲ့စွမ်းရည်အတွက် ပြီးပြည့်စုံသောအသုံးပြုမှုကို တွေ့ရှိရခြင်းအတွက် ချင်လူဇီကပီတိဖြစ်သွားပြီး ဖုန်းယွင်ကို ပြုံးပြကာ ရက်ရက်ရောရော ချီးကျူးလိုက်တယ် "ဖုန်းယွင်၊ မင်းက ဉာဏ်ကြီးရှင်ပဲ"
"ကျွန်တော် ကူညီနိုင်တာ ဝမ်းသာပါတယ်"
ဖုန်းယွင်က ကျိုးနွံစွာ ပြန်ပြောပြီး သူ့ရဲ့သေနတ်အသစ်ကို စမ်းသပ်ရန်အတွက် လှည့်ကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။
ဖုန်းယွင်အနေနဲ့က သူ့သူငယ်ချင်းတွေနှင့်အတူ မကြာခဏ လေသေနတ် ကစားတတ်သောကြောင့် လေသေနတ်များကို အသုံးချတတ်သည်။ သူအရင်ကအသုံးပြုခဲ့တဲ့ လေသေနတ်တွေနဲ့ ဒီသေနတ်တွေရဲ့ အဓိကကွာခြားချက်ကတော့ အလေးချိန်နဲ့ ကျည်ဆန်တွေပဲဖြစ်ပါတယ်။
ပိုလေးပေမယ့် စွမ်းရည်ကို နိုးထလာပြီးနောက်တော့ သူ့ရဲ့ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည် နှစ်ခုစလုံးက အလျင်အမြန်ပဲ တိုးတက်လာခဲ့တယ်။ သူက သေနတ်ကို မှန်မှန်ကန်ကန်ကိုင်ပြီး ဖုတ်ကောင်ရဲ့ဦးခေါင်းကို ချိန်ရွယ် လိုက်တယ်။
"ပေါ့ပ်"
ခလုတ်ကိုဆွဲလိုက်တော့ တိုးညှင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။ အတွင်းပိုင်းတည်ဆောက်မှုထဲက အသံတိတ် ကိရိယာကြောင့်၊ ယခင်က သူအသုံးပြုခဲ့ဖူးသော လေသေနတ်များထက် ပိုမိုတိတ်ဆိတ်သွားသည်။
သတ္တုကျည်ဆန်က ဖုတ်ကောင်ကို ထိမှန်သွားပြီး ခေါင်းတွင် အပေါက်တစ်ပေါက် ကျန်ခဲ့သည်။
ဒါကိုမြင်တော့ ကျန်းယွမ်က ခေါင်းညိတ်ပြီး ပြောတယ်"တိကျမှုကောင်းတယ်"
ဖုန်းယွင်ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။ စိတ်ကောင်းဝင်စွာဖြင့်သူက ဟိန်းဟောက်နေသော ဖုတ်ကောင်များကို ဆက်လက် သတ်ဖြတ်နေခဲ့သည်။ကျွမ်းကျင်မှုကြောင့် ဤ လေသေနတ်ကို အသုံးပြုခြင်းသည် သူရဲ့အာကာသမှတဆင့် ကျည်ဆန်များကိုပစ်ရန် အသုံးပြုခြင်းထက် ပင်ပန်းမှု နည်းပါးသည်။
တစ်ချိန်တည်းမှာတော့ ယူဖူယွင်ဟာ သေနတ်ကို တည်ငြိမ်စွာကိုင်ထားနိုင်ရန်အတွက် ရုန်းကန်နေရသည်။ ဝိန့်ခိုင်က ဒါကိုမြင်တော့ ပြောလိုက်တယ် " ရှောင်ယူ သေနတ်ကို မှန်မှန်မကိုင်နိုင်ရင် မြေပြင်ပေါ်လှဲပြီး မင်းရဲ့လက်မောင်းကို ထောက်ထားလိုက်"
ဒါကိုကြားတော့ ယူဖူယွင်က ခေါင်းညိတ်ပြပြီး လှဲချလိုက်တယ်။ သူ့လက်များကို မြေပြင်မှာ ထောက်ထားသဖြင့် သေနတ်ကို ပို၍ တည်ငြိမ်စွာ ကိုင်ထားနိုင်သည်။ သူ ချိန်ရွယ်ပြီး ခလုတ်ကို ဆွဲလိုက်သည်။
"ပေါ့ပ်"
ကျည်ဆန်က ပေါက်ကွဲထွက်လာချိန်မှာတော့ သူ့မျက်လုံးတွေက စက္ကန့်ပိုင်းလောက် တဖျတ်ဖျတ်ဖြစ်သွားတယ်။ အကြောင်းတစ်ခုခုကြောင့် ကျည်ဆန်ရဲ့လှုပ်ရှားမှုပုံစံကို သူခန့်မှန်းနိုင်ခဲ့သည်။
"ခရစ်ပ်"
ကျည်ဆန်က ဖုတ်ကောင်ရဲ့ဦးခေါင်းကို ထိမှန်သွားပြီး ချက်ချင်းပဲသေသွားတယ်။ ဒါကိုမြင်တော့ ဝိန့်ခိုင်က လေချွန်ပြီး "ရှောင်ယူ မင်းကိုကြည့်ရတာ စနိုက်ပါသမားဖြစ်ဖို့ မွေးဖွားလာပုံပဲ"လို့ ပြောလိုက်တယ်။
ယူဖူယွင်ကလည်း သူ့ကိုယ်ပိုင်တိကျမှုကြောင့် အံ့အားသင့်သွားပြီး တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။ သူ့သေနတ်ကို ချိန်ရွယ်လိုက်သောအခါမှာ သူ့ခန္ဓာကိုယ်အတွင်းက နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
သူက ထပ်ပြီး ချိန်ရွယ်ထားပေမယ့် ဒီတစ်ကြိမ်မှာတော့ ခလုတ်ကို ချက်ချင်း မဆွဲလိုက်ပါဘူး။ အဲဒီအစား သူ့ရင်ထဲက နွေးထွေးတဲ့ခံစားမှုကို အာရုံစိုက်တယ်။
ရုတ်တရက် သူရဲ့အနက်ရောင် မျက်ဆန်များ အတွင်းတွင် ငွေရောင်လိုင်းများစွာပေါ်လာသည်။ စူးရှသော ခေါင်းကိုက်ခြင်းကြောင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။
မျက်လုံးတွေကို ပြန်ဖွင့်လိုက်သောအခါတွင်တော့ သေနတ်ပစ်ဂိမ်းရဲ့ ထိပ်ပိုင်းပြကွက်မှ အရာတစ်ခုကဲ့သို့ သူ့ရှေ့တွင် ထင်ရှားသော မျဉ်းကြောင်းများကို မြင်လိုက်ရသဖြင့် အံ့အားသင့်ခဲ့ရသည်။
သူ မျက်တောင်ခတ်လိုက်တာနဲ့ လိုင်းများက ပျောက်သွားသည်။ သူ ထင်ယောင်ထင်မှားဖြစ်တာဟု ထင်ကာ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ ဒါပေမယ့် လိုင်းတွေကို ပြန်တွေးကြည့်တော့ သူတို့ကပြန်ပေါ်လာကြတယ်။
ဒီတစ်ခါမှာတော့ ထူးဆန်းနေမှုကို သူအာရုံမစိုက်တော့ပဲ သေနတ်ကိုချိန်ကာ မျဉ်းကြောင်းများအတိုင်းလိုက်ကာရွေ့လျားနေပုံကို စောင့်ကြည့်နေသည်။မျဉ်းများကသူ့အား ပစ်မှတ်ဆီသို့ လမ်းညွှန်နေပုံပေါက်တယ်။
သူရဲ့သေနတ်ကို အနည်းငယ်မြှင့်လိုက်ပြီး မျဉ်းကွေးကို ဆန့်ထုတ်လိုက်တော့ ဖုတ်ကောင်အုပ်ရဲ့အစွန်ဆုံးနေရာတွင်ရှိသော ဖုတ်ကောင်တစ်ကောင်ရဲ့ဦးခေါင်း၌အဆုံးသတ်သွားသည်။
"ပေါ့ပ်"
သူ ခလုတ်ကိုဆွဲလိုက်တော့ ကျည်ဆန်က ဝေးကွာသောနေရာက ဖုတ်ကောင်အသေကောင်ရဲ့ ဦးခေါင်းကို ထိမှန်သွားသည်။
ဒါကိုမြင်လိုက်တဲ့ ဝိန့်မိုနှင့် ဝိန့်ခိုင်တို့ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားတယ်။ စစ်ပြန်တစ်ယောက်အတွက်ပင် စနိုက်ပါရိုင်ဖယ်မပါဘဲဆိုရင် ထိုအကွာအဝေးအတိုင်း ပစ်ခတ်မှုက မဖြစ်နိုင်သလောက်ပင်။
သူတို့တုံ့ပြန်မှုများကို သတိပြုမိရန်အတွက်တော့ ထိုအချိန်တွင်တော့ ယူဖူယင်ဟာ အခြေအနေကို ခွဲခြမ်းစိတ်ဖြာရင်း အလွန်အလုပ်များနေပါတယ်။ လမ်းကြောင်းပြမျဉ်းများနဲ့အတူ ကျည်ဆန်ကိုလည်း အမြန်နှုန်းနှင့် အကွာအဝေးကို မြှင့်တင်ပေးပြီး လေအလွှာတွင်လည်း ထုပ်ပိုးထားကြောင်းလည်း သူသဘောပေါက်ခဲ့သည်။
"ငါ ၊ စွမ်းရည်ကို နှိုးထနိုင်ခဲ့တာလား" သူကအသံ တိုးတိုးနဲ့ ရေရွတ်လိုက်တယ်။
ထိုအတွေးဝင်လာတော့ သူ့ရဲ့မျက်လုံးများထဲမှာ ပျော်ရွှင်မှုတွေ ပြည့်လာခဲ့တယ်။ ပြန်လည်မွေးဖွားလာသလိုမျိူး ခံစားလိုရ်ရတယ်။ အဲဒါကို အတည်ပြုဖို့အတွက် သူ့သေနတ်ကို အမြန်ချိန်ပြီး ခလုတ်ကို ထပ်ဆွဲလိုက်တယ်။
"ပေါ့ပ် ပေါ့ပ် ပေါ့ပ်"
ကျည်ဆန်တစ်ခုစီဟာ အုပ်စုနောက်ကွယ်တွင် ပုန်ူကွယ်နေသော ဖုတ်ကောင်တစ်ကောင်စီကို ထိမှန်သွားတယ်။ ပြီးပြည့်စုံသော ပစ်ခတ်မှုများကြောင့် ယခုတစ်ကြိမ်တွင်တော့ ကျန်းယွမ် နှင့် ချင်လူဇီတို့ပါ သူရဲ့ ၁၀၀% တိကျမှုကို သတိပြုမိသွားကြသည်။
သူ့ပတ်ဝန်းကျင်က စစ်သားတွေလည်း အံ့အားသင့်သွားကြတယ်။ သူတို့က သေနတ်ဖြင့် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြပေမယ့် သူတို့ရဲ့ လက်ဖြောင့်မှုက ဆေးကျောင်းသားနှင့် မယှဉ်နိုင်ခဲ့ပေ။
ဒီအကြောင်းကို လင်းယုန်အဖွဲ့ကသာ သိသွားခဲ့ရင် သူတို့ရဲ့ သွားတွေ ကျွတ်ထွက်တဲ့အထိ ရယ်မောကြမှာ မဟုတ်ဘူးလား။
ယူဖူယွင် နှင့် ဖုန်းယွင်တို့က ဖုတ်ကောင်များကိုသတ်ရန် BB သေနတ်များကိုအသုံးပြုကြပြီး ချင်လူဇီကတော့ ဖုတ်ကောင်များကိုဖယ်ရှားရာတွင် ပေါက်ကွဲမှုများဖန်တီးရန်အတွက် အက်တမ်များကိုပေါင်းစပ်ခြင်းဖြင့် သူ့တို့ရဲ့တိုက်ခိုက်မှုအရှိန်အဟုန်က သိသိသာသာတိုးတက်လာခဲ့သည်။
ချန်ကျိရိ နှင့် ကျောင်းလီရှင်းတို့ကတော့ သတ္တုနံရံခြေရင်းက မြေပြင်ပေါ်တွင် မတ်မတ်ထိုင်နေကြသည်။ တစ်ဖက်မှာ ဖြစ်ပျက်နေတာတွေကို မမြင်နိုင်ပေမယ့် မြေပြင်ကတုန်ခါနေတာကို ခံစားရပြီး အဝေးဆီက ရံဖန်ရံခါ ပေါက်ကွဲသံတွေကိုလည်း ကြားနေရတယ်။
ကျောင်းလီရှင်းက ခင်ပွန်းဖြစ်သူရဲ့ ပခုံးကို မှီ၍ မျက်လုံးများကို မှိတ်ထားကာပြောလိုက်တယ် "ယောင်္ကျား ကျွန်မပင်ပန်းနေပြီ၊ ပြီးသွားရင်တော့ ကျေးဇူးပြုပြီး နှိုးပေးပါ"
အတွင်းဒဏ်ရာကြောင့် နာကျင်ကိုက်ခဲနေသော ချန်ကျိရိက ခေါင်းညိတ်လိုက်သည်။ သူ့လက်မောင်းကို သူမရဲ့ ပခုံးပေါ်တင်ပြီး နူးညံ့စွာပြန်ပြောသည်- 'အိပ်လိုက်ပါ'"
"အမ်းးး" ကျောင်းလီရှင်းက အိပ်နေရင်းနဲ့ မသိစိတ်က ငြီးတွားလိုက်တယ်။
သိပ်မကြာခင်မှာပဲ ချန်ကျိရိလည်း မျက်လုံးကိုမှိတ်ပြီး အိပ်ပျော်သွားတယ်။ သူတို့မသိလိုက်ဘဲ နှစ်ယောက်လုံးမှာ အဖျားကြီးလာပြီး ခန္ဓာကိုယ်အပူချိန်က ဆက်တက်လာသည်။
တစ်နာရီလောက်ကြာတော့ သူတို့ပတ်ဝန်းကျင်က အပူချိန်တွေက ပြောင်းလဲလာတယ်။ ကျောင်းလီရှင်းရဲ့ အပူချိန်မြင့်တက်နေချိန်တွင် ချန်ကျိရိရဲ့ အပူချိန်ကသိသိသာသာ ကျဆင်းသွားသည်။
သူ့ရဲ့ခန္ဓာကိုယ်က တောင့်တင်းလာပြီး အသားအရေက ဖြူဖျော့လာကာ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရေခဲတွေ စတင်ဖွဲ့ပေါ်လာတယ်။