← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း-(၁၆၉)

‎

‎ဆယ်မိနစ်မပြည့်ခင်မှာပဲ ၊ ရေခဲလွှာက

‎ချန်ကျိရိရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ သူရဲ့ဆံပင်၊ မျက်ခုံးနှင့် အသစ်ပေါက်လာသော မုတ်ဆိတ်မွေးများသည် ယခုအခါတွင်တော့ ရေခဲများဖြင့် ဖုံးအုပ်ခံထားရတယ်။

‎

‎

‎ရေခဲများက သူ့ပတ်ဝန်းကျင်က မြေပြင်ပေါ်သို့ ပြန့်ကျဲသွားပြီး တခဏချင်းတွင်ပဲ ထူထဲသော ရေခဲအလွှာတစ်ခုအဖြစ်ပေါ်လာတယ်။ သူ့အပေါ် မှီထားဆဲဖြစ်သော ကျောင်းလီရှင်း ပင်လျှင် သူ့ဆီမှ ပြန့်ကျဲလာသော နှင်းခဲလွှာလေးဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းခံလိုက်ရသည်။

‎

‎

‎နာရီဝက်အကြာတွင် ကျိူးလီဇီ နိုးလာတယ်။ မျက်လုံးဖွင့်လိုက်တာနဲ့ ကျင်းရွှီယန်းရဲ့ ချောမောသောမျက်နှာကို သူမမြင်လိုက်ရတယ်။

‎

‎

သူမနိုးလာနာကိုတွေ့လိုက်ရတော့မှ ကျင်းရွှီယန်းက သက်ပြင်းတစ်ချက်ချပြီး သူမရဲ့ကိုယ်အပူချိန်ကိုစစ်ဆေးရန် သူရဲ့လက်ဖဝါးကို သူမရဲ့နဖူးပေါ်တင်လိုက်သည်။ ထို့နောက် သူမရဲ့ အခြေအနေကို စစ်ဆေးရန်အတွက် သူရဲ့စွမ်းအင်ကို သူမရဲ့ ခန္ဓာကိုယ်ထဲသို့ ပေးပို့လိုက်သည်။

‎

‎

‎ကျိူးလီဇီလည်း ကိုယ်အတွင်းမှ ပူပြင်းသော စွမ်းအင်စီးဆင်းမှုကို ခံစားလိုက်ရသောအခါတွင် သူမရဲ့စိတ်ကို ဖြေလျှော့ပြီး သူ့ကို စစ်ဆေးခွင့်ပေးလိုက်တယ်။

‎

‎

‎ငါးမိနစ်လောက်ကြာတော့မှ ကျင်းရွှီယန်းက သူ့ရဲ့စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ပြီး "အာ့ဇီ ကံကောင်းလို့ မင်းအဆင်ပြေတယ်။ အဲ့ဒီဖုတ်ကောင်နဲ့ရင်ဆိုင်တဲ့အခါတုန်းကဆို ကိုယ်သေလောက်အောင် ကြောက်သွားတယ်ဆိုတာကို မင်းသိလား"လို့ပြောလိုက်တယ်။

‎

‎

‎သူ့မျက်လုံးများထဲက ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို သတိပြုမိတာကြောင့် ‎ကျိူးလီဇီက သူ့ခါးကို ပွေ့ဖက်လိုက်ပြီး "အစ်ကိုယန်း မင်းကိုစိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်မမှာက အစီအစဉ်တစ်ခုရှိတယ်၊ အဲဒါက အလုပ်ဖြစ်ခဲ့တယ်" လို့ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက သူမကိုသာ ပွေ့ဖက်လိုက်ပြီး ဖုတ်ကောင်က ဘယ်မှာလဲဆိုတာကို မမေးပါဘူး။သူ့အတွက် အရေးကြီးဆုံးက သူ့ရဲ့ အာ့ဇီ အဆင်ပြေနေဖို့ပဲ။

‎

‎

‎ခဏကြာတော့မှ သူမကိုလွှတ်ပေးလိုက်ပြီး

‎ "အာ့ဇီ ဗိုက်ဆာနေလား" လို့မေးလိုက်တယ်။

‎

‎

‎ သူမရဲ့ဗိုက်ကို ပွတ်သပ်လိုက်သော်လည်း ဆာလောင်မှုကိုမခံစားရသောကြောင့် ခေါင်းယမ်းကာ ပြန်ဖြေလိုက်တယ် "အစ်ကိုယန်း၊ ကျွန်မတို့ရဲ့အစ်ကိုတွေကို သွားကူညီသင့်တယ်"

‎

‎

‎သူမလည်း နေကောင်းနေတာကြောင့် ကျင်းရွှီယန်းကလည်း ကန့်ကွက်ခြင်းမရှိပေ။ သူက သူမကို ထဖို့ကူညီပြီး " သွားကြစို့" လို့ ပြောလိုက်တယ်။

‎

‎

‎သူတို့နှစ်ယောက်က လင်အန်းတက္ကသိုလ်ဆီသို့ အပြေးသွားလိုက်ကြတယ်။ မြင့်မားသောသတ္တုနံရံကို အဝေးဆီမှလှမ်းမြင်နိုင်သည်။

‎

‎

‎

‎နံရံက လမ်းကို လုံးလုံးလျားလျား ပိတ်ဆို့နေတာကို တွေ့တာ သူတို့ မအံ့သြပါဘူး။ ဤနံရံတွက်သာမရှိပါက သူတို့ မိုဘင်းရှန်ကို တိုက်ခိုက်သောအခါတွင် ပို၍အန္တရာယ်ရှိမည်ဖြစ်သည်။

‎

‎

‎နံရံနှင့် နီးကပ်လာတေယ့ မြေပြင်ပေါ်မှာရှိတဲ့ ရေခဲလွှာများကို သတိပြုမိလိုက်ကြသည်။

‎

‎

" ခရစ်ပ် ခရစ်ပ် "

‎

‎

‎သူတို့ရဲ့ခြေထောက်အောက်က ရေခဲတွေကွဲအက်သံက ပြတ်သားလှတယ်။ တစ်ခုခုမှားနေတယ်ဆိုတာကို သတိထားမိတော့ သူတို့နှစ်ယောက်က အရှိန်ကိုမြှင့်လိုက်ကြတယ်။

‎

‎

‎သိပ်မကြာခင်မှာ တွေ့လိုက်ရတာကတော့ ချန်ကျိရိ နှင့် ကျောင်းလီရှင်းတို့ဟာ သတ္တုနံရံခြေရင်းမှာ ထိုင်နေပြီး သူတို့ရဲ့ကိုယ်ပေါ်မှာလည်းရေခဲတွေဖုံးနေတာကိုပဲ။ ဒါကိုမြင်တော့ ကျင်းရွှီယန်းက သူ့လက်ဖဝါးကိုဖြန့်လိုက်တာ အနက်ရောင်မီးတောက်တစ်ခုက လက်ဖဝါးအထက်မှာ လွင့်မျှောလာသည်။

‎

‎

‎အနက်ရောင်မီးတောင်ရဲ့ အပူချိန် တိုးလာသောအခါ ပတ်ဝန်းကျင်ရဲ့အပူချိန်ကလည်း သိသိသာသာ မြင့်တက်လာသည်။ နှစ်မိနစ်လောက်အကြာမှာတော့ လမ်းပေါ်က ရေခဲတွေက အရည်ပျော်ပြီး မြေကြီးထဲကို စိမ့်ဝင်သွားတယ်။ ထိုစုံတွဲရဲ့ ခန္ဓာကိုယ်တစ်ဝိုက်ရှိ ရေခဲများ အရည်ပျော်သွားစေရန်အတွက်လည်း သူတို့ဆီသို့ လျှောက်သွားလိုက်သည်။

‎

‎

အနားသို့လျှောက်သွားလိုက်တော့ ကျောင်းလီရှင်းရဲ့ ခန္ဓာကိုယ်ကိုဖုံးအုပ်ထားသောရေခဲများက အရည်ပျော်နေပြီး ချန်ကျိရိ ကိုဖုံးအုပ်ထားသည့်ရေခဲများကတော့ တစ်ဖန်ပြန်ကာ မခဲသွားမီတွင် အနည်းငယ်သာလျော့သွားတာကို သတိပြုမိလိုက်တယ်။

‎

‎

‎ဒါကိုမြင်တော့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ခေါင်းညိတ်ကြသည်။

‎

‎

‎ကျောင်းလီရှင်းရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများကလုံးဝ အရည်ပျော်သွားသည်နှင့် တပြိုင်နက်တည်း‎ ကျိူးလီဇီက ချန်ကျိရိထံမှ ကျောင်းလီရှင်းအား ဆွဲထုတ်လိုက်ပြီး ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များ ပေးပို့လိုက်သည်။

‎

‎

‎အခြေအနေကို စစ်ဆေးပြီးနောက်တော့ ကန်ရေနှင့် အဖျားကျဆေးအချို့ တိုက်ကျွေးလိုက်တယ်။ ပါးလွှာသော ရေခဲလွှာကြောင့် သူမရဲ့အဖျားကို ထိန်းထားနိုင်ခဲ့သည်။ မဟုတ်ရင်တော့ အဖျားကြီးပြီး သေသွားနိုင်တယ်။

‎

‎

‎ ချန်ကျိရိကိုတော့ ကျင်းရွှီယန်းက လမ်းဘေးမှာ ထားလိုက်ပြီး သူ့အခြေအနေကို စစ်ဆေးလိုက်တယ်။

‎

‎

‎ ချန်ကျိရိကို ထိခိုက်မှုမရှိစေဘဲ နွေးထွေးစေရန်အတွက် အနက်ရောင်မီးတောက်ကို ဖန်တီးလိုက်သည်။

‎

‎

‎သူရဲ့ ရေခဲအမျိုးအစားစွမ်းရည်ကို နိုးထနေသော်လည်း ရေခဲထဲတွင် ဆက်လက်ဖုံးလွှမ်းခံနေရပါက အအေးလွန်ကဲခြင်းကြောင့် သေဆုံးသွားနိုင်သည်။ အနက်ရောင်မီးတောက်က သူ့ဘေးတွင် လွင့်မျောနေသဖြင့် သူမှာ ရေခဲများဖြင့် ဖုံးအုပ်ခံထားရခြင်းမရှိတော့ဘဲ တဖြည်းဖြည်း နဲ့နွေးထွေးမှုကို ပြန်လည်ရရှိလာသည်။

‎

‎

‎သိပ်မကြာခင်မှာပဲ ကျိူးလီဇီက လမ်းလျှောက်လာပြီး ကျင်းရွှီယန်းဆီကို ဆေးနှင့်ရေကို ပေးကာ "အစ်ကိုယန်း၊ ကျွန်မတို့ သူ့ကို ရေအရင်တိုက်ရမယ်" လို့ပြောလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်လိုက်ပြီး သူ့ကို ကန်ရေတစ်ပုလင်း တိုက်လိုက်တယ်။ ထို့နောက် ချန်ကျိရိရဲ့ ခန္ဓာကိုယ်ကို ဆက်လက်နွေးထွေးစေရန်အတွက် သူရဲ့စွမ်းအင်ကို ဆက်လက်အသုံးပြုခဲ့သည်။

‎

‎

သူတို့ရဲ့ယခင်ဘဝတွင် ‎ရေခဲအမျိုးအစား စွမ်းရည်အသုံးပြုသူများ အလွန်ရှားပါးရသည့် အကြောင်းရင်းမှာ ၎င်းသည် ပြောင်းလဲသွားသောစွမ်းရည်ကြောင့်မဟုတ်ဘဲ နိုးထမှုဖြစ်စဉ်အတွင်းတွင် လူအများစုက သေဆုံးခြင်းကြောင့်ဖြစ်သည်။

‎

‎

‎ဖုတ်ကောင်ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့်မဟုတ်ဘဲ သဘာဝအတိုင်း နိုးထလာလျှင်တောင် နိုးထခြင်းရဲ့သေဆုံးနှုန်းက ၉၉% အထိ မြင့်မားသည်။

‎

‎

‎နိုးထမှုဖြစ်စဉ်အတွင်းတွင် ထူးဆန်းသည့်ဖြစ်စဉ်များ ဖြစ်ပျက်မှုကထပ်တိုးလာသဖြင့် ၎င်းတို့အား စောင့်ကြပ်ပေးမည့်လူမရှိသူများကတော့ သေချာပေါက် သေသွားမည်ဖြစ်သည်။

‎

‎

‎ကံကောင်းထောက်မစွာဖြင့် ချန်ကျိရိဟာ နတ်ဆိုးအဖွဲ့တွင်ပါဝင်ခဲ့တာကြောင့် သူရဲ့ကပ္ပတိန်နှင့် ကျိူးလီဇီရဲ့ဂရုစိုက်မှုကြောင့် သူသည် မည်သည့်အန္တရာယ်နှင့်မျှ ရင်ဆိုင်ရမည်မဟုတ်ပေ။

‎

‎

‎တစ်ယောက်ယောက်က သူတို့ကို ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်တာကြောင့်‎ ကျင်းရွှီယန်းကပြောလိုက်တယ် "အာ့ဇီ မင်းက သူတို့ကို စောင့်ရှောက်ဖို့ကျန်ခဲ့ ဟိုဘက်ခြမ်းကိုတော့ ကိုယ်သွားကြည့်လိုက်မယ်"

‎

‎

‎မောပန်းနေသဖြင့် ကျိူးလီဇီကလည်း ခေါင်းညိတ်ပြီး သဘောတူလိုက်တာ် "ကောင်းပြီ"

‎

‎

‎ကျင်းရွှီယန်းက နံရံပေါ်သို့ မတက်သွားမီတွင် သူမခေါင်းကို ခဏလောက် ညင်သာစွာ ပုတ်လိုက်တယ်။

‎

‎

သူ့ကိုမြင်လိုက်တာနဲ့ ‎အဖွဲ့သားများရဲ့မျက်လုံးများ တောက်ပလာကြသည်။ သူတို့က သူ့ကို အချိန်အတော်ကြာအောင့် စစ်ဆေးခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ခဲ့ရပေ။ သူ့ရဲ့အသားအရည်ကို ကြည့်ရတာတော့ သူ့မှာ အတွင်းဒဏ်ရာတွေ မရှိဘူးဆိုတာ သေချာပါတယ်။

‎

‎

‎အမှန်ပင် သူတို့ရဲ့ကပ္ပတိန်က အမြဲတမ်းကဲ့သို့ပင် အနိုင်ယူနိုင်စွမ်းမြင့်မားသည်။

‎

‎

‎ကျင်းရွှီယန်းက စစ်မြေပြင်ကိုကြည့်ရှုခဲ့ပြီး သူ့အဖွဲ့သားများကြားက တိုက်ခိုက်မှုပုံစံအသစ်များကို လျင်မြန်စွာပဲ သတိပြုမိလိုက်သည်။ သူ့မျက်လုံးတွေက ယူဖူယွင်အပေါ် ကျရောက်သွားပြီး မျက်ခုံးပင့်လိုက်တယ်။

‎

‎

‎သူသိသလောက်ဆို ယူဖူယွင်ဟာ ဖုတ်ကောင်ဗိုင်းရပ်စ် ကာကွယ်ဆေးကို ဖန်တီးရာမှာ ကူညီပေးတဲ့ ထိပ်တန်းသုတေသီတွေထဲက တစ်ဦးပါ။ ကုသနည်းမဟုတ်ဘဲ အောင်မြင်မှုနှုန်းကနည်းသော်လည်း ကာကွယ်ဆေးက မရေမတွက်နိုင်သော သာမန်လူတွေရဲ့အသက်များကို ကယ်တင်နိုင်ခဲ့သည်။

‎

‎

‎သူ့အရင်ဘဝက မတွေ့ဖူးသော်လည်း

‎ကျင်းရွှီယန်းက သူ့နာမည်ကိုတော့ ကြားဖူးသည်။ ကြက်ကဲ့သို့ အားနည်းနေသော်လည်း ဤကဲ့သို့ အကြောင်းအရင်းများကြောင့် သူ့ကို ခေါ်ယူရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူက စွမ်းအင်နိုးထလာပုံရတယ်။

‎

‎

ယူဖူယွင်က ဖုတ်ကောင်များကို ၁၀၀% တိကျမှုဖြင့် သတ်လိုက်သောအခါတွင်တော့ ‎သူဘေးတွင်ရပ်နေရင်းတိတ်တဆိတ် သတိပြုမိလိုက်သည်။ စိတ်ပိုင်းဆိုင်ရာ တိကျမှုဖြစ်ရမည်ဟုလည်း သူချက်ခြင်းသဘောပေါက်လိုက်သည်။

‎

‎

ဤ‎စွမ်းရည်ဟာ တိုက်ရိုက်ထိုးစစ်စွမ်းအားမရှိသော်လည်း၊ သေနတ်သမားလက်ထဲတွင်တော့ ၎င်းက သေစေနိုင်သော အလိုအလျောက် စွမ်းရည်တစ်ခုဖြစ်သည်။

‎

‎

‎

‎

‎

‎

အခန်း-(၁၇၀)

‎

‎အခြေအနေကို ခဏလောက်စစ်ဆေးပြီးနောက်မှ ကျင်းရွှီယန်းက ဖုတ်ကောင်အရေအတွက်ကို ကြည့်လိုက်ပြီး "အဘိုးကြီးကျန်း ၊ ငါ တက္ကသိုလ်ရဲ့ အခြေအနေကို သွားကြည့်လိုက်အုံးမယ်။ ဒီနေရာကို မင်းဆီထားခဲ့မယ်" လို့ပြောလိုက်တယ်။

‎

‎

‎ကျန်းယွမ်က ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟု ပြန်ပြောသည်။

‎

‎

စကားပြောပြီးတာနဲ့ ကျင်းရွှီယန်းက ဒူးကိုကွေးပြီး နံရံပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ သူ့တော့ ဖုတ်ကောင်တွေ ဝိုင်းအုံတာ ခံရမည်ဟု လူတိုင်းကထင်နေချိန်မှာ လေထဲမှ လှုပ်ရှာစကာ အနက်ရောင် မီးလုံးတစ်လုံးကို အောက်ရှိ ဖုတ်ကောင်များထံ ပစ်ချလိုက်သည်။

‎

‎

‎" ဘုန်းး"

‎

‎

‎ပေါက်ကွဲအားကို အသုံးပြု၍ လမ်းဘေးရှိ ဈေးဆိုင်တစ်ခုရဲ့ အမိုးပေါ်သို့ တက်သွားတယ်။ ရပ်တန့်မနေဘဲ ပြေးသွားပြီး နောက်အဆောက်အအုံဆီသို့ ခုန်ချလိုက်သည်။

‎

‎

ပုံပြင်စာအုပ်များထဲမှ ကိုယ်ခံပညာကျွမ်းကျင်သူတစ်ဦးကဲ့သို့ သူတို့ရဲ့ကပ္ပတိန်က အဆောက်အအုံတစ်ခုမှ နောက်တစ်ခုသို့ ခုန်ကူးသွားတာကို ကြည့်ရင်း စစ်သားများ အံ့သြထိတ်လန့်နေကြသည်။

‎

‎

‎သူတို့ရဲ့စွမ်းအင်တွေကို နိုးထလာပြီးနောက်မှာတော့ ခွန်အားအပြည့်နဲ့မှ လေးမီတာကိုခုန်နိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ကပ္ပတိန်ကတော့ ချွေးမစိုဘဲ ဆယ်မီတာကျော်ကျော်ကို အလွယ်တကူ ခုန်နိုင်တယ်။

‎

‎

‎ဆယ်မိနစ်အကြာမှာမှ ဖုတ်ကောင်အုပ်ကြီးရဲ့အဆုံးကို ကျင်းရွှီယန်း မြင်လိုက်ရသည်။ လင်အန်းတက္ကသိုလ်ရဲ့ အစောင့်စခန်းတွင်ရပ်ပြီး ဆက်စောင့်နေပေမယ့် ဖုတ်ကောင်တွေထပ်ထွက်လာတာကို မမြင်ရတော့ပေ။

‎

‎

‎အဝေးက ပေါက်ကွဲသံတွေက တစ်ကီလိုမီတာ အချင်းဝက်အတွင်းမှာရှိတဲ့ ဖုတ်ကောင်တွေကို ဆွဲထုတ်နေပြီဆိုတာ သေချာသွားပြီ။

‎

‎

‎ကျင်းရွှီယန်းက တက္ကသိုလ်ရဲ့ ပင်မအဆောက်အအုံဆီသို့ လှမ်းကြည့်ကာ စုံစမ်းရန် သွားလ်ိုက်သည်။

‎

‎

‎သူရဲ့ယခင်ဘဝတုန်းကဆို အဆင့်မြင့်သောမီးအမျိုးအစားဖုတ်ကောင်ရှိသည်။ သူဟာ လင်အန်းတက္ကသိုလ်ရဲ့ အုပ်စိုးရှင်များထဲမှ တစ်ဦးဖြစ်လာပြီး မြို့တော်ရဲ့နယ်စပ်အနီးရှိ အခြေစိုက်စခန်းအများအပြားကို ဖျက်ဆီးခဲ့သည့် ကြီးမားသောဖုတ်ကောင်အလုံးအရင်းကို ဦးဆောင်ရန် တာဝန်ယူခဲ့သူဖြစ်သည်။

‎

‎

‎ဒီတစ်ကြိမ်မှာတော့ သူကို့ သန်မာကြီးထွားဖို့အခွင့်အရေးမပေးပဲ ရှာဖွေပြီး ဖယ်ရှားပစ်ဖို့ စီစဉ်ခဲ့တယ်။

‎

‎

‎ကျင်းရွှီယန်းက တက္ကသိုလ်တွင် ကင်းထောက်နေစဉ်တွင် ကျိူးလီဇီကတော့ ချန်ကျိရိ နှင့် ‎ကျောင်းလီရှင်း တို့ကိုစောင့်ကြည့်နေသည်။သူတို့အား ကန်ရေများများပေးကာ သူတို့ရဲ့စိတ်နှလုံးကို တည်ငြိမ်စေရန်အတွက် စွမ်းအင်များ ပေးပို့ပြီးတဲ့နောက်တော့ သူတို့ရဲ့အခြေအနေများက တိုးတက်လာခဲ့သည်။

‎

‎

‎ ချန်ကျိရိရဲ့ ခန္ဓာကိုယ်တွင် ရေခဲများ မပေါ်လာတော့သော်လည်း သူ့ရဲ့ခန္ဓာကိုယ်အပူချိန်က အန္တရာယ်ရှိနေဆဲဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကျင်းရွှီယန်းရဲ့ အနက်ရောင်မီးတောက်က တောက်လောင်နေဆဲဖြစ်ပြီး ငြိမ်းသွားမည့် အရိပ်အယောင် မပြခဲ့ပေ။

‎

‎

‎ကျောင်းလီရှင်းကတော့ သူမရဲ့အဖျားက လျော့ကျသွားပြီး အိပ်ရာက နိုးလာတော့မယ့် လက္ခဏာတွေ ပေါ်လာပါတယ်။

‎

‎

ကျိူးလီဇီက ‎ဒါကို သတိထားမိတော့ ကျောပိုးအိတ်ကို သူမရဲ့ နေရာလွတ်ကနေ အမြန်ဆွဲထုတ်လိုက်ပြီး အိတ်ထဲတွင်တော့ အစားအသောက်၊ ဆေးဝါးနှင့် ရေပုလင်းများစွာ ပြည့်နေခဲ့တယ်။

‎

‎

‎မကြာခင်မှာပဲ ကျောင်းလီရှင်းက မျက်လုံးဖွင့်ပြီး “အိုး…” လို့ ညည်းလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက ခေါင်းမော့ပြီး "အစ်မကျောင်း သက်သာရဲ့လား" လို့ မေးလ်ိုက်တယ်။

‎

‎

‎"ဘာဖြစ်သွားတာလဲ" လို့ သူမက ခပ်တိုးတိုးပြန်မေးလာတယ်။

‎

‎

‎"အစ်မကျောင်း၊ မင်းရဲ့စွမ်းရည်ကို နိုးထလာတာကြောင့် မင်းအဖျားကြီးသွားတာ။ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခုကို ခံစားရလား" သူမက ထပ်မေးတယ်။

‎

‎

‎ကျောင်းလီရှင်း က ခေါင်းကို ကိုင်လိုက်ပြီး "ငါ မူးဝေပြီး အားနည်းနေတယ်" လို့ ပြောတယ်။

‎

‎

‎ခဏအကြာတော့မှ "ငါ့ ယောင်္ကျားကကော ဘယ်မှာလဲ" ဟုမေးသည်။

‎

‎

‎ကျိူးလီဇီက လမ်းဘေးကို လက်ညှိုးထိုးပြပြီး " မနိုးသေးဘူး၊ သူ့ရဲ့စွမ်းရည်ကို နိုးထနေတုန်းပဲ" ဟု ပြန်ပြောသည်။

‎

‎

‎ဒါကိုကြားတော့ ကျောင်းလီရှင်းက အားတင်းကာထပြီး သူ့ခင်ပွန်းဆီ လျှောက်သွားလိုက်တယ်။

‎

‎

‎ဒါကိုမြင်တော့ ကျိူးလီဇီက သူမကိုတားဖို့ အလျင်အမြန်ရောက်လာပြီး "အစ်မကျောင်း မင်း အရမ်းနီးနီးကိုကပ်သွားလို့ မရဘူး။ သူက ရေခဲစွမ်းရည် နိုးထနေတယ်။ ပုံမှန်နိုးထတာထက် ပိုအန္တရာယ်များတယ်"

‎

‎

‎“လုပ်ငန်းစဉ်တွေသာ အနှောက်အယှက်ဖြစ်သွားရင် ဘာ တွေဖြစ်လာနိုင်မလဲဆိုတာ ငါတို့ မသိဘူး” ဟု သူမက လေးနက်စွာပြောပြခဲ့သည်။

‎

‎

သူမရဲ့စကားများကြောင့် ‎ကျောင်းလီရှင်းက တောင့်တင်းသွားပြီး "သူ အန္တရာယ်ရှိလား" ဟု မေးသည်။

‎

‎

‎ကျိူးလီဇီက သူမရဲ့ခေါင်းကို ခါယမ်းလိုက်ပြီး ပြန်ဖြေသည် "အခုအချိန်မှာတော့ အရာအားလုံးကို ထိန်းထားနိုင်ပါပြီ။ လောလောဆယ်တော့ ဘာအန္တရာယ်မှ မရှိသေးဘူး"

‎

‎

‎ခင်ပွန်းဖြစ်သူ အန္တရာယ်ဖြစ်မှာကို စိုးရိမ်တာကြောင့် ကျောင်းလီရှင်းက သူ့အနားကိုမကပ်သွားဘဲ သတ္တုနံရံကိုသာ မှီပြီး လမ်းပေါ်မှာထိုင်နေလိုက်တယ်။

‎

‎

‎ကျိူးလီဇီက သူမကို ခေါက်ဆွဲခြောက်တစ်ခွက်ပေးကာ "အစ်မကျောင်း၊ အစ်မ တစ်ခုခု အရင်စားသင့်တယ်" လို့ပြောလိုက်တယ်။

‎

‎

အမှန်တကယ်လည်း ဗိုက်ဆာနေသဖြင့် အစားအစာကို လက်ခံပြီး သူမစတင်စားသောက်ခဲ့သည်။

‎

‎

‎သူမစားသောက်နေတုန်းမှာ "အစ်မကျောင်း၊ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တစ်ခုခုကို ခံစားရလား"လို့ ကျိူးလီဇီက ထပ်မေးလိုက်တယ်။

‎

‎

‎ကျောင်းလီရှင်း ခဏလောက် အာရုံစိုက်ကြည့်ပြီးမှ ခေါင်းယမ်းလိုက်တယ်။ နွမ်းနယ်နေသလို ခံစားရတာကလွဲရင် တခြားဘာကိုမှ သတိမထားမိဘူး။

‎

‎

‎နှစ်ယောက်သား စကားစမြည်ပြောနေကြတုန်းမှာပဲ ချောင်းဆိုးသံကို ရုတ်တရက်ကြားလိုက်ရတယ်။

‎

‎

‎"အဟွတ် အဟွတ်"

‎

‎

‎ကျောင်းလီရှင်းက အသံကို ချက်ချင်းမှတ်မိသွားတယ်။ ခေါက်ဆွဲခွက်ကို ချလိုက်ပြီး ခင်ပွန်းသည်ဘက်သို့ ပြေးသွားလိုက်တယ်။

‎

‎

‎ချန်ကျိရိက ချောင်းတွေဆိုးနေပြီး သွေးများထွက်နေကာ ချွန်ထက်သော ရေခဲချောင်းများမှာလဲ သူ့ခန္ဓာကိုယ်မှ ထိုးထွက်လာသည်။ သူ့အသားတွေက ကွဲအက်သွားပြီး ဒဏ်ရာတွေဆီကနေ သွေးတွေစီးကျလာကာ အနီရောင်သွေးတွေက မြေပြင်မှာ စွန်းထင်းသွားတယ်။

‎

‎

‎"ယောင်္ကျား" ကျောင်းလီရှင်းက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

‎

‎

‎ချန်ကျိရိရဲ့ ခန္ဓာကိုယ်အပူချိန်ကကျဆင်းသွားပြီး သူ့သွေးများပါ အေးခဲလာသည်။ နှစ်ပေါင်းများစွာကြာအောင် ကမ္ဘာပျက်ကပ်မှာအတွေ့အကြုံများစွာ ရှိခဲ့တဲ့ကြားမှပင် ထိုမြင်ကွင်းကြောင့် ကျိူးလီဇီထိတ်လန့်သွားသည်။

‎

‎

‎ချန်ကျိရိရဲ့ ခန္ဓာကိုယ်က ရေခဲပန်းပုရုပ်အဖြစ် ပြောင်းလဲလာတာနဲ့အမျှ ကျောင်းလီရှင်းဟာ ငြိမ်သက်ကာမနေနိုင်တော့ပေ။ သူမက သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ သူမခန္ဓာကိုယ်ဖြင့် နွေးထွေးစေရန် ကြိုးစားရင်းခေါ်နေတယ် " ယောင်္ကျား၊ ထတော့ ၊ မျက်လုံးဖွင့်ပါတော့။"

‎

‎

‎သူ့ဆီမှ ပြန့်ကျဲလာနေသော ရေခဲများက သူမရဲ့လက်နှင့် ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားပြီး သူမရဲ့ပါးပြင်မှာလည်း မျက်ရည်များစီးကျလာသည်။ သေလုမြောပါး ခံစားနေရတဲ့ ခင်ပွန်းဖြစ်သူကို စိတ်ပျက်အားငယ်စွာ ဆုပ်ကိုင်ထားပြီး သူမရဲ့နှလုံးသားကလည်း လျင်မြန်စွာခုန် ပေါက်နေသည်။

‎

‎

‎"မဟုတ်ဘူး...မင်းမသေနိုင်ဘူး။ မင်းငါ့ကို ကတိပေးထားတယ်။ ယောင်္ကျား နိုးလာပါတော့" လို့ သူမကတောင်းပန်စကားဆိုသည်။

‎

‎

‎ကျိူးလီဇီက ချန်ကျိရိရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး နွေးထွေးစေရန်အတွက် စွမ်းအင်များပေးပို့ရန် ကြိုးစားသော်လည်း သူမရဲ့ ရေအမျိုးအစားစွမ်းအားက သဘာဝအတိုင်း အေးစက်နေပါသည်။

‎

‎

‎အပူချိန်ကို ထိန်းညှိရန် သူမရဲ့ ကြိုးစားအားထုတ်သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေခဲများ အရည်ပျော်လောက်အောင်အထိ မြင့်မားသော အပူချိန်ကို မမြှင့်တင်နိုင်ခဲ့ပေ။

‎

‎

‎"အစ်ကိုယန်းသာရှိခဲ့ရင်" လို့ ရေရွတ်ပြီး သူမက မျက်မှောင်ကြုတ်လိုက်တယ်။

‎

‎

‎ရှန်းကျင်းဇီရှိရာကို တစ်ချက်အကြည့်ရောက်သွားသော်လည်း မကြိုးစားတော့ရန် ဆုံးဖြတ်လိုက်သည်။ ရေခဲနှင့် မီးက သဘာဝအားဖြင့် သဟဇာတမဖြစ်နိုင်ဘူး။ ရှန်းကျင်းဇီက ချန်ကျိရိထံသို့ သူရဲ့စွမ်းအင်ကို ထည့်သွင်းနိုင်ခဲ့သည့်တိုင်အောင် နောက်ဆုံးတော့ လူက သေဆုံးသွားတာမျိုးအထိ ဖြစ်သွားနိုင်တယ်"

‎

‎

အဖြေရှာဖို့ရန် ‎သူမရဲ့ ဦးနှောက်ထဲမှာ အပြေးအလွှား တွေးတောနေစဉ်တွင် ကျောင်းလီရှင်းရဲ့ ခန္ဓာကိုယ်ကနေ နူးညံ့တဲ့ အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ချန်ကျိရိကို ဖုံးအုပ်လိုက်တယ်။

‎

‎

‎ကျိူးလီဇီရဲ့ မျက်လုံးများက တောက်ပလာပြီး သူမက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်"ကုသနိုင်တဲ့ စွမ်းရည်"

‎

‎

‎"အစ်မကျောင်း၊ အစ်မရဲ့ခန္ဓာကိုယ်အတွင်းက စွမ်းအင်တွေကို အာရုံစိုက်ပြီး အစ်မရဲ့လက်ဖဝါးတွေဆီကို လမ်းညွှန်ပေးလိုက်။ အစ်မခင်ပွန်းရဲ့ချွေးပေါက်တွေကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို စွမ်းအင်စီးဆင်းမှုကို ထိန်းချုပ်ဖို့ အစ်မရဲ့စိတ်ကိုအသုံးချလိုက်။ အစ်မက သူ့ကိုယ်အတွင်းက ဖရိုဖရဲစွမ်းအင်တွေကို ငြိမ်သက်သွားအောင်လုပ်ရမယ်။ အခုချိန်မှာ အစ်မတစ်ယောက်တည်းပဲ သူ့ကိုကယ်နိုင်မှာ"

‎

‎

‎

‎

‎

အခန်း-(၁၇၁)

‎

‎ကျောင်းလီရှင်းက ကျိူးလီဇီရဲ့ ညွှန်ကြားချက်ကို မဆိုင်းမတွပဲ လိုက်နာခဲ့သည်။ သူမရဲ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို ဆွဲထုတ်လိုက်သည့်အခိုက်တွင် သူမရဲ့သွေးကြောများထဲ၌ ပူလောင်နာကျင်ခြင်းများကို ခံစားလိုက်ရသော်လည်း အံကြိတ်လို့ သည်းခံလိုက်သည်။

‎

‎

‎သူမရဲ့စွမ်းအင်များက ချန်ကျိရိရဲ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတာနှင့် သူမရဲ့ငြိမ်သက်နေသော စွမ်းအင်ကို ဝန်းရံထားတဲ့ အေးစက်ကြမ်းတမ်းလွန်းသော စွမ်းအင်ကို သူမ ခံစားလိုက်ရသည်။ သူမရဲ့စွမ်းအားကို ပတ်ပတ်လည်တွင် ဖုံးအုပ်ထားလိုက်ကာ သူရဲ့ မဒီတျန် နှင့် သွေးပြန်ကြောများမှတစ်ဆင့် ဂရုတစိုက်လမ်းညွှန်ခဲ့သည်။

‎

‎

‎၎င်းက ရိုးရှင်းပုံပေါက်သော်လည်း အဆိုပါလုပ်ရပ်သည် များပြားလှသော စွမ်းအင်ကို သုံးစွဲရမှုကြောင့် သေဆုံးနိုင်ခြေ မြင့်မားသည်။

‎

‎

‎ကျောင်းလီရှင်းရဲ့မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့သွားတာကို ကျိူးလီဇီတွေ့လိုက်ရပြီး သူမရဲ့အဝတ်အစားများမှာလည်းချွေးများစိုရွှဲနေကာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ အေးခဲသွားခဲ့သည်။

‎

‎

‎လျင်မြန်စွာဖြင့် သူမရဲ့နေရာလွတ်မှ အကြည်ရောင် အမြုတေလက်တစ်ဆုပ်စာကိုထုတ်ယူကာ ကျောင်းလီရှင်း ရဲ့လက်ထဲသို့ ထည့်လိုက်သည်။ အကြည်ရောင်အမြုတေများက ကျောင်းလီရှင်းရဲ့လက်ကိုထိလိုက်တာနဲ့ စွမ်းအင်များဟာ သူမရဲ့ခန္ဓာကိုယ်ထဲသို့စိမ့်ဝင်သွားပြီး ကုန်သွားသောစွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးသည်။

‎

‎

‎မိနစ်နှစ်ဆယ်အတွင်းတွင်ပဲ စွမ်းအင်များအားလုံးကို အပြည့်အဝစုပ်ယူနိုင်ခဲ့ပြီး ဖုန်မှုန့်များသာကျန်ခဲ့သည်။ မကြာခင်မှာပဲ ချန်ကျိရိရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေဟာ လုံးဝပျောက်ကင်းသွားပြီး သူ့ကိုယ်အတွင်းပိုင်းက ဖရိုဖရဲ စွမ်းအင်တွေဟာလည်း ငြိမ်သက်သွားပါတော့တယ်။

‎

‎

‎ကျောင်းလီရှင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ခင်ပွန်းဆီမှာ ဘာအန္တရာယ်မှမရှိတော့ကြောင်း တွေ့လိုက်ရတယ်။ စိတ်သက်သာရာ ရသွားကာ သူမက သက်ပြင်းရှည်ကြီး ထုတ်လိုက်သည်။ ထို့နောက် သတိမထားမိခင်မှာပဲ မျက်လုံးများ နောက်ပြန်လှန်ကာ လဲကျသွားသည်။

‎

‎

‎ကျိူးလီဇီက သူမကို အချိန်မီဖမ်းပြီး အနားယူရန်အတွက် ပိုမိုလုံခြုံသောနေရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ကျောင်းလီရှင်းက သူမရဲ့စွမ်းအင်အားလုံးကို ညှစ်ထုတ်လုနီးပါးဖြစ်သွားခဲ့ပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် မူးလဲသွားသည်။

‎

‎

‎ခဏလောက်စဉ်းစားပြီးသောအခါမှ ကျိူးလီဇီက နောက်ထပ် အမြုတေများကို သူမရဲ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကျောင်းလီရှင်းရဲ့ခန္ဓာကိုယ်က မသိစိတ်ကနေ စွမ်းအင်တွေကိုစတင်စုပ်ယူနေတာကို မြင်လိုက်ရတော့ ချန်ကျိရိကို စစ်ဆေးဖို့ လှည့်မကြည့်ခင်မှာ အရင်ဆုံး သူမရဲ့ ရေကန်ထဲက ရေကို တိုက်လိုက်သေးသည်။

‎

‎

‎ထိုအချိန်တွင် ကျင်းရွှီယန်းကလည်း လင်အန်းတက္ကသိုလ်ကို စစ်ဆေးခြင်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အဆောက်အဦးအတွင်းတွင် ပိတ်မိနေသော ဖုတ်ကောင်များမှလွဲ၍ အဆင့်မြင့်သောဖုတ်ကောင်များရဲ့ အရိပ်အယောင်များကိုတော့ တွေ့တောင်မတွေ့ရပါဘူး။

‎

‎

‎သူ့ရဲ့အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပြန်သတိရဖို့ကြိုးစားကြည့်ပြီးနောက်တော့ ဒီနေရာက အဆင့်မြင့်ဖုတ်ကောင်ဟာ မီးအမျိုးအစားဖြစ်တယ်ဆိုတာကို သေချာသွားတယ်။ သို့သော် မြင့်မားသော မျိုးဆက်ပွားနှုန်းနဲ့ ထိုဖုတ်ကောင်အမျိုးသမီးမှလွဲ၍ ကျန်ဖုတ်ကောင်များသည် အဆင့် ၁ သို့မဟုတ် အဆင့် ၂ သာရှိတယ်။

‎

‎

‎လက်ရှိအချိန်တွင် မီးအမျိုးအစား ဖုတ်ကောင်မပေါ်လာသေးသည့် ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားကာ ဒီမှာ နောက်ထပ်မနေတော့ရန် ဆုံးဖြတ်လိုက်တယ်။

‎

‎

နောက်ပိုင်းတွင် မီးအမျိုးအစားဖုတ်ကောင် ပေါ်လာလျှင်တောင် ‎ဖုတ်ကောင်အများစုကို ဖယ်ရှားလိုက်ပြီးဖြစ်တာကြောင့် ၎င်းတွင် စားသုံးရန် အမြုတေ လုံလောက်မှု မရှိတော့လျှင်အဆင့်၆ သို့မဟုတ် ထို့ထက်ပို၍ တိုးတက်ရန်က မဖြစ်နိုင်တော့ပေ။

‎

‎

လေးလံနေသော ‎စိတ်ကိုထိန်းပြီး တက္ကသိုလ်က လှည့်ထွက်ခဲ့တယ်။ ဤတစ်ကြိမ်တွင်တော့ သူက တိုက်ရိုက်ပြန်မသွားခဲ့ဘဲ အနောက်ဘက်မှ ဖုတ်ကောင်များကို ရှင်းပစ်ခဲ့သည်။

‎

‎

‎စွမ်းအင်အလွန်အကျွံစုပ်ယူမိမှာကို စိုးရိမ်သဖြင့် ဖုတ်ကောင်များရဲ့ဦးခေါင်းများကို ခုတ်ထစ်ရန်အတွက် သူရဲ့ဓားရှည်ကိုသာ အသုံးပြုခဲ့သည်။ အနက်ရောင်မီးလျှံက ဖုတ်ကောင်တို့ရဲ့ ဦးခေါင်းများကို လောင်ကျွမ်းသွားပြီး ခဏအကြာတွင် ပျောက်ကွယ်သွားကာ ပြာပုံအပုံကြီးသာ ကျန်ရစ်ခဲ့သည်။

‎

‎

‎ပုပ်နေသော ဦးခေါင်းများကို မီးရှို့ရာမှ စုဆောင်းရရှိသော စွမ်းအင်သည် သူအသုံးပြုသောစွမ်းအင်ကို ကာမိရန် လုံလောက်ပါသည်။ သူရဲ့စွမ်းရည်အဆင့်က အဆင့်တက်ဖို့ရန်အလားအလာရှိနေသည့်အတွက် သူက ဖုတ်ကောင်များကို အားမစိုက်ထုတ်ဘဲ သတ်ပစ်လိုက်သည်။ အဆင့်၂ ဖုတ်ကောင်များပင်လျှင် သူ့အပေါ် ခြစ်ရာမချနိုင်ပေ။

‎

‎

‎ကျင်းရွှီယန်း နှင့် သူ့အဖွဲ့က ဧရိယာကို လျင်မြန်စွာ ရှင်းလင်းလိုက်ပြီး နေမ၀င်မီတွင်ပဲ နောက်ဆုံးဖုတ်ကောင်များကို ဖယ်ရှားခဲ့သည်။ သူ့ရဲ့ကပ္ပတိန်က ဖုတ်ကောင်အလောင်းတွေ မီးရှို့နေတာကို ကျန်းယွမ်က နံရံထိပ်ကနေကြည့်နေလိုက်တယ်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းကို မော့ပြီး အမိန့်ပေးလိုက်တယ် " ကျင်းဇီ ၊အဘိုးကြီးချင် ၊ ရှောင်ချီ မင်းတို့က ငါတို့ဆီက လွတ်သွားတဲ့ ဖုတ်ကောင်တွေ ရှိမရှိကို သွားစစ်ဆေးပြီး ကျန်တာတွေကို ရှင်းပစ်လိုက်"

‎

‎

အမိန့်ကိုရတာနဲ့ ‎သူတို့သုံးယောက်ဟာ သတ္တုနံရံကနေ ခုန်ချသွားပြီး အလုပ်စလုပ်ကြတယ်။

‎

‎

‎တစ်ချိန်တည်းမှာပင် အခြားစစ်သားများလည်း ခုန်ဆင်းလာပြီး ဝိန့်မိုက သတ္တုနံရံကို မရေမတွက်နိုင်သော BB သေနတ်ကျည်ဆန်များအဖြစ်သို့ ပြောင်းလဲကာ ဖုန်းယွင်ကတော့ အားလုံးကို သူ့နေရာထဲသို့ ကောက်ယူသိမ်းလိုက်လေသည်။

‎

‎

‎နံရံကို ဖယ်ရှားလိုက်တော့မှ ချန်ကျိရိရဲ့အခြေအနေကို တွေ့နိုင်လေသည်။ ကျောင်းလီရှင်းက ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး ချန်ကျိရိကတော့ မတူဘဲ သတိလစ်နေဆဲဖြစ်သည်။

‎

‎

‎"မောင်လေးကုန်း၊ ကျေးဇူးပြုပြီး ကျွန်မရဲ့ခင်ပွန်းကို စစ်ဆေးပေးပါဦး" ဟု ကျောင်းလီရှင်းက စိုးရိမ်တကြီးပြောသည်။

‎

‎

‎ကုန်းပိုင်က ခေါင်းညိတ်တုံ့ပြန်ပြီး "ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ" လို့ ပြောလိုက်တယ်။

‎

‎

‎ဖုန်းယွင်က သူ့ရဲ့နေရာလွှတ်မှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ထုတ်ယူပြီး ကိရိယာများကို ပိုးသတ်ရန် ကူညီပေးခဲ့သည်။ ချန်ကျိရိကို အချိန်အတော်ကြာအောင် စစ်ဆေးပြီးနောက်မှ ကုန်းပိုင်ကရှင်းပြလာတယ် "အစ်ကိုချန်ရဲ့ အခြေအနေက တည်ငြိမ်တယ်၊ အဖျားနည်းနည်းရှိလို့ မနိုးလာသေးတာ မကြာခင်မှာ နိုးလာသင့်တယ်"

‎

‎

‎အဖျားကျဆေး တိုက်ကျွေးပြီးနောက်မှ ကုန်းပိုင်က ဆက်ပြောသည် "အစ်မကျောင်း၊ သူ့ကို ရေဓာတ်ထိန်းထားပေးပြီး အပူချိန်ကို စောင့်ကြည့်ပါ။ အပြောင်းအလဲတစ်ခုခုရှိခဲ့ရင် ချက်ချင်းအကြောင်းကြားပေး"

‎

‎

သူ့စကားတွေကိုကြားတော့မှ ‎ကျောင်းလီရှင်းက သက်ပြင်းတစ်ချက်ချပြီး "ကျေးဇူးတင်ပါတယ် မောင်လေးကုန်း" လို့ ပြောလိုက်သည်။

‎

‎

‎" လူအိုချင်၊ကျင်းဇီ နှင့်ရှောင်ချီတို့ ပြန်လာတာနဲ့ ညအိပ်ဖို့ နေရာရှာမယ်။ အားလုံးက အနားယူပြီး မင်းတို့ရဲ့ ခွန်အားကို ပြန်ယူကြ" လို့ ‎ ကျင်းရွှီယန်းက ပြောလိုက်တယ်။

‎

‎

‎" ကပ္ပတိန် ၊ ဒီနေရာက ဖုတ်ကောင်တွေကို ရှင်းပြီးသွားပြီ။ ကျွန်တော်တို့ရဲ့ နောက်ခြေလှမ်းက ဘာလဲ" လို့ ကျန်းယွမ်က မေးလိုက်သည်။

‎

‎

‎ကျင်းရွှီယန်းက မဖြေခင် ခဏလောက် စဉ်းစားလိုက်တယ်။ "မနက်ဖြန်ကြရင် မြို့အလယ်ပိုင်းကို သွားမယ်။ ကျန်တဲ့ ဖုတ်ကောင်တွေကို ရှင်းပြီးမှ အခြေအနေကို အကဲဖြတ်မယ်"

‎

‎

‎ကျန်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ကပ္ပတိန်၊ အသက်ရှင်ကျန်ရစ်သူအားလုံးကို ကျန်းနင်မြို့ကိုပဲ ပို့ဖို့အစီအစဉ်ရှိလား"လို့ ထပ်မေးလာသည်။

‎

‎

‎ကျင်းရွှီယန်းက ခေါင်းယမ်းပြီး ရှင်းပြတယ် "မဟုတ်ဘူး၊ သူတို့အားလုံးကို ပို့လိုက်ရင် ကျန်းနင်မှာ သူတို့ကို ထောက်ပံ့ဖို့ ရိက္ခာအလုံအလောက် ရှိတော့မှာမဟုတ်ဘူး။ တချို့ကို Yunshan၊ ရှန်းနင် နှင့် ဂျင်ဝူ မြို့ကို ညွှန်ပေးမယ်။ ဒီနယ်စပ်သုံးခုက လင်အန်း နှင့် ကျန်းနင် မြို့ထက် ပိုနီးတယ်"

‎

‎

‎"ငါတို့သာ ဖုတ်ကောင်တွေကို ရှင်းထုတ်လိုက်နိုင်ရင် ဒီနေရာမှာပဲ လူတွေ အခြေစိုက်စခန်းတစ်ခု ထူထောင်နိုင်လိမ့်မည်။ ဒါက အသက်ရှင်ကျန်ရစ်သူတွေအတွက် နေရာပြောင်းရွှေ့ဖို့ ပိုမိုလွယ်ကူစေတယ်။ လူအိုကျန်း ငါတို့ ညီအစ်ကိုတွေရဲ့ မိသားစုအမည်တွေကို စတင်စာရင်းပြုစုပြီး လမ်းတစ်လျှောက်မှာ သူတို့ကို စောင့်ကြည့်သွားကြမယ်"

‎

‎

‎ကျန်းယွမ်က ခေါင်းညိတ်ပြီး " ကောင်းပြီ" ဟု ပြန်ဖြေသည်။

‎

‎

‎လနီက ကောင်းကင်ပေါ်သို့ တက်လာသောအခါမှ ချင်လူဇီ ၊ ရှောင်ချီ နှင့် ကျင်းဇီ တို့ အတူ ပြန်လာခဲ့သည်။

‎

‎

‎ရှောင်ချီက အမြုတေတွေအပြည့်ပါတဲ့ အိတ်တစ်လုံးကို ကျင်းရွှီယန်း အားပေးလိုက်ပြီး " ကပ္ပတိန်၊ အဲဒါတွေက အမြုတေတွေပါ"လို့ ပြောသည်။

‎

‎

‎ကျင်းရွှီယန်းက အိတ်ကိုယူကာ ခေါင်းညိတ်လိုက်သည်။ "အခုကနောက်ကျနေပြီ၊ ငါတို့အနားယူဖို့နေရာရှာသင့်တယ်"

‎

‎

‎သူတို့က သံချပ်ကာကားများဆီသို့ ပြန်လည်ဦးတည်ကာသွားလိုက်ကြပြီး လင်အန်းတက္ကသိုလ်ဘက်သို့ မောင်းနှင်ခဲ့ကြသည်။ ဤတစ်ကြိမ်တွင်တော့ စက်မှုဇုန်သို့မပြန်တော့ဘဲ မြို့လယ်ခေါင်ဘက်သို့ ဦးတည်သော လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။

‎

‎

‎မိနစ်သုံးဆယ်လောက်ကြာတော့ ဆီဆိုင်သေးသေးလေးကို တွေ့ပြီး အထဲကိုဝင်သွားလိုက်တယ်။

‎

‎

‎

‎

‎

All Chapters