အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
အခန်း-(၁၇၂)
သူတို့ ဓာတ်ဆီဆိုင်ထဲဝင်လာပြီးနောက်မှာပဲ
ချင်လူဇီက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီး "ဒီနေရာက ဖုတ်ကောင်တွေ ရှင်းနေတယ်" လို့ ပြောတယ်။
သူ့စကားကြောင့် လူတိုင်းက စိတ်အေးသွားသည်။ အနောက်မှာထိုင်နေတဲ့ ချန်ချန်းဖုန်းက "အစ်ကိုချင် မင်းရဲ့စွမ်းရည်က အရမ်းအသုံးဝင်တယ်" လို့ ပြောလိုက်တယ်။
သူရဲ့ချီးကျူးမှုကို ချင်လူဇီက လုံးဝမတုံ့ပြန်ခဲ့ပါ။ မှိတ်တုတ်မှိတ်တုတ် အစက်များပါတဲ့ မြေပုံတစ်ခု သူ့စိတ်ထဲမှာ တစ်ချိန်လုံးရှိနေတာက ဘယ်လောက်ထိပင်ပန်းပြီး စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုတာ သူသာလျှင်သိသည်။
ရွေ့လျားနေသော အစက်များကို လျစ်လျူရှုရန် မည်မျှပင် ကြိုးစားအားထုတ်နေပါစေ သူတို့က ပျောက်ကွယ်မသွားခဲ့ဘူး။ သူရဲ့မြင့်မားသော အာရုံစူးစိုက်မှုကြောင့်သာ မဟုတ်ပါက အဆက်မပြတ် လှုပ်ရှားမှုများက သူ့ကို ရူးသွပ်သွားစေမည်ဖြစ်သည်။
ကားပါကင်ထိုးပြီးနောက်တော့ ညစာပြင်ဆင်ရန်အတွက် မီနီမားကတ်သို့ သွားလိုက်ကြသည်။ ဖုန်းယွင်နှင့်
ရှောင်ချီ တို့နှစ်ဦးစလုံးရဲ့ သိုလှောင်ရန်နေရာလွတ်များက ပြည့်နေပြီဖြစ်သောကြောင့် ယခုအချိန်တွင်တော့သူတို့သည် နောက်ထပ် ရိက္ခာပစ္စည်းများကို မယူကြသေးပေ။
ထိုအချိန်တွင် ကျိူးလီဇီက ဂိုဒေါင်ကို စစ်ဆေးရန် သွားခဲ့သည်။ တံခါးကို လက်လှမ်းလိုက်သည်နှင့် ရုတ်တရက်ကြီး သူမ ရပ်တန့်သွားမိတယ်။ သူမရဲ့ အတိတ်ဘဝက အမှတ်ရစရာများက သူမရဲ့စိတ်ထဲကို တိုးဝင်လာသည်။
လင်အန်းတက္ကသိုလ်မှ လွတ်မြောက်ပြီးနောက်တွင် သူမက ဤဓာတ်ဆီဆိုင်သို့ ရောက်လာခဲ့သည်။ ဒီနေရာသည် ရိက္ခာပစ္စည်းများရှာဖွေနေတဲ့ အစိုးရစစ်သားများနှင့် ပထမဆုံးတွေ့ဆုံသည့်နေရာဖြစ်သည်။
သူမက သူတို့နှင့်အတူ ယာယီလွတ်မြောက်ရေးစခန်းဆီသို့ လိုက်သွားပြီး လအနည်းငယ်ကြာအောင်နေထိုင်ခဲ့သည်။ဒုတိယမိုးက လင်အန်းမြို့ကို ဖုတ်ကောင်မြို့အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
အဲဒီနေ့တွေကို တွေးကြည့်နေရင်းနဲ့ ထိုအဘိုးကြကိုသာ စောစောသတ်နိုင်ခဲ့ရင် လူနည်းပြီးသာ သေမှာလားလို့ တွေးမိပြန်တယ်။
အတွေးထဲတွင် သူမနစ်မွန်းသွားနေတုန်းမှာပဲ
ကျင်းရွှီယန်းက "အာ့ဇီ မင်းဘာလုပ်နေတာလဲ" ဟုမေးလာသည်အထိ သူရောက်လာတာကို သူမ သတိမထားမိလိုက်ပေ။
သူ့ရဲ့မေးခွန်းက သူမကို မှိန်းမောနေရာကနေသတိပြန်ဝင်လာစေခဲ့သည်။ သူမက ခေါင်းယမ်းပြီး "အစ်ကိုယန်း ကျွန်မ ဂိုဒေါင်ကို စစ်ဆေးနေတာ" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက သူမကို ခဏလောက် လေ့လာခဲ့ပေမယ့် ထူးထူးခြားခြား ဘာမှ မတွေ့တာကြောင့် ခေါင်းညိတ်ပြီး "သွားလေ၊ ကိုယ်စောင့်နေမယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး ရိက္ခာတွေ စုဆောင်းဖို့ အထဲကို ဝင်သွားတယ်။ ဤဓာတ်ဆီဆိုင်ငယ်တွင် ဆီဒရမ်များ သို့မဟုတ် ဓာတ်ငွေ့ဆလင်ဒါများ မပါရှိသော်လည်း အတွင်းတွင် သိမ်းဆည်းထားသည့် အသင့်စားအစားအစာ အများအပြားရှိသည်။
သူမက အရာအားလုံးကို စုဆောင်းပြီးတဲ့နောက်မှ သူတို့နှစ်ဦးက မီနီမားကတ်သို့ ပြန်လာကြသည်။ ညစာစားပြီးသည်နှင့်တစ်ညတာကို အဖွဲ့လိုက် အလှည့်ကျ ကြည့်ရှုပြီး ကျန်အဖွဲ့သားများကတော့ အနားယူကြသည်။
ညသည် သူတို့အတွက်တော့ ငြိမ်းချမ်းစွာ ကုန်ဆုံးသွားသော်လည်း လင်းယုန်အဖွဲ့အတွက်တော့ အခြေနေက တူနယ်လို့ မပြောနိုင်ပါဘူး။
လေ့ကျင့်မှုပြီးသွားလို့ ရိက္ခာများအတွက် အမြုတေများလဲလှယ်ခြင်းဆိုင်ရာ စည်းမျဉ်းအသစ်ကို လိုက်နာပြီးနောက်တော့ အားကြီးသူနှင့် အားနည်းသူများကြား ကွာခြားမှုမှာ ပိုမိုထင်ရှားလာခဲ့သည်။
ထိုအချိန်တွင် လင်းယုန်အဖွဲ့ နှင့် ပိုင်ရီကျီးတို့အဖွဲ့ဟာ ဓာတ်ဆီဆိုင်အတွင်းရှိ ရုံးခန်းငယ်တစ်ခုတွင် အစည်းအဝေးတစ်ခုကျင်းပနေပြီး အသက်ရှင်ကျန်ရစ်သူများကတော့ မီနီမားကတ်တွင်သာ ရှိနေကြတယ်။
"ဗိုလ်ကြီးဝေ၊ ဖုတ်ကောင်တွေကို မသတ်နိုင်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ" လို့ ပိုင်ရီကျီး ကမေးတယ်။
"သခင်လေးပိုင် မင်းမှာ အကြံဉာဏ်ရှိသေးလား" လို့ ဝေယင်းက အေးအေးဆေးဆေးပဲပြန်မေးလိုက်တယ်။
သူ့ဆီကိုပြန်မေးခွန်းထုတ်လာတာမြင်တော့ ပိုင်ရီကျီးကပြုံးပြီးပြောလိုက်တယ် "ဗိုလ်ကြီးဝေ၊ မင်းကသူတို့ကိုခေါ်သွားမယ့်သူပဲ၊ မင်းပဲဆုံးဖြတ်သင့်တယ်"
ဝေယင်းက ရယ်မောပြီး "သခင်လေးပိုင် ငါက စစ်သားပါ။ ငါက လူတွေကို အုပ်ချုပ်တာ မတော်ဘူး" လို့ ပြန်ဖြေတယ်။
ပိုင်ရီကျီးက ခဏလောက်စဉ်းစားပြီးမှပြန်ဖြေတယ် "စည်းမျဉ်းအသစ်အရဆို အစားအသောက်နှင့်ရေကို အလကားပေးလို့မဖြစ်နိုင်တော့ဘူး။ ရိက္ခာလိုချင်ရင် တစ်ခုခုပြန်ပေးရမယ်"
"မင်းက ပိုက်ဆံကိုဆိုလိုတာလား"လို့ လင်းယုန်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက သံသယဖြင့်မေးသည်။
"ဒီစက္ကူတွေက အခုချိန်မှာ ဘာကောင်းလို့လဲ"လို့ လီယောင်က မျက်လုံးကိုလှန်ကာ ပြောလိုက်တယ်။
"ဒါဆို တခြားရွေးချယ်စရာက ဘာလဲ" လို့ နောက်တစ်ယောက်က မေးတယ်။
ပိုင်ရီကျီး မီနီမားကတ်ရဲ့ဦးတည်ရာဆီသို့ကြည့်ကာပြောသည် "သူတို့က မတိုက်ခိုက်နိုင်ဘူးဆိုရင်ရင် သူတို့အတွက် ကောင်းတာကဘာရှိမလဲဆိုတာကို အဖြေရှာကြည့်။ နောက်ဆုံးတော့လည်း အထူးကျွမ်းကျင်မှု အမျိုးမျိုးရှိတဲ့ သူတွေကို လိုအပ်လိမ့်မယ်။ အခုက စပြီး စုဆောင်းထားတာက ပိုကောင်းတယ်"
"သူတို့ရဲ့ အထူးကျွမ်းကျင်မှုကို သိရပြီးရင် သူတို့ကို အလုပ်သမားအဖြစ် စာရင်းသွင်းခိုင်းလိုက်။ စာရင်းသွင်းပြီးတာနဲ့ လုပ်အားခအဖြစ် ထောက်ပံ့မှုတွေ ရလိမ့်မယ်။ သူတို့ကို နေ့စဉ်၊ အပတ်စဉ် ဒါမှမဟုတ် လစဉ်ပေးချေနိုင်တယ်။ အဲဒါကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"
စစ်သားအုပ်စုက ခေါင်းညိတ်ကာ သဘောတူကြတယ်။ ဒီဟာက လက်တွေ့ကျတဲ့ အဖြေတစ်ခုပါပဲ။ နောက်တော့ သူတို့က လစာအကြောင်းနှင့် မည်သည့်ရာထူးများကို ချက်ချင်းဖြည့်သွင်းရန် လိုအပ်သည်ကို ဆွေးနွေးကြတယ်။
ဝေယင်း နှင့် သူ့အဖွဲ့က အဖြေရှာရန် အလုပ်များနေချိန်တွင် မီနီမားကတ်အတွင်းမှ အသက်ရှင်ကျန်ရစ်သူများကတော့ မှုန်ကုပ်ကုပ်ဖြစ်နေကြတယ်။ ထိုအချိန်တွင် ၎င်းတို့မှာ အုပ်စုသုံးစု ကွဲသွားခဲ့သည်။
စွမ်းရည်အသုံးပြုသူများက သူတို့ကိုယ်သူတို့ အထူးအဆန်းအဖြစ် မြင်ကြပြီး သာမန်လူများနှင့် မပေါင်းလိုတော့ပေ။သာမန်လူများကတော့ စွမ်းရည်ရှိသူများအပေါ် ကြောက်ရွံ့မှုနှင့် မနာလိုမှုကြားတွင် ပိတ်မိနေကြပြီး သူတို့ရဲ့မာနကို နှိမ့်ချကာ သူတို့ကို စော်ကားရန် မတတ်နိုင်ကြပေ။
ထို့နောက်တွင်တော့ အများစုမှာ တစ်ဦးကိုတစ်ဦး စွန့်လွှတ်ရန် မတတ်နိုင်သော မိသားစုများဖြင့် ဖွဲ့စည်းထားသည့် တတိယအုပ်စုဖြစ်ပြီး စွမ်းရည်အသုံးပြုသူများနှင့် သာမန်လူများ ရောနှောနေသည်။
စွမ်းရည်ရှိသော မိသားစုဝင်များသည် သူတို့ရဲ့သာမာန်မိသားစုဝင်များအား လဲလှယ်ထားသော ရိက္ခာပစ္စည်းများကို မျှဝေရန်မှတပါး ရွေးချယ်စရာမရှိပေ။
အလင်းရောင်မှိန်ဖျော့သော မီနီမားကတ်ရဲ့ထောင့်က အုပ်စုတစ်စုက ဘီစကွတ်နှစ်ထုပ်နှင့် ရေနှစ်ပုလင်း ဝေမျှစားပြီးသောအခါတွင် စုရုံးကာ ထိုင်နေကြသည်။ အမျိုးသမီးတစ်ဦးကတော့ ထိုအုပ်စုနှင့် အနည်းငယ်ခွာကာထိုင်နေပြီး သူမရဲ့မျက်လုံးများကတော့ အေးစက်နေကာ အဝေးဆီကိုကြည့်လို့နေသည်။
သူမက အသက်ကိုစွန့်လို့ ဖုတ်ကောင်အများအပြားကိုသတ်ခဲ့ပြီး ရှာတွေ့သော အမြုတေနှစ်ခုကိုဘီစကွတ်နှင့်ရေအတွက် လဲလှယ်ခဲ့သည်။ ဒါပေမယ့် ရေကိုတောင် သူမ မသောက်နိုင်ခင်မှာပဲ သူ့အဖေနှင့် မောင်နှမတွေက သူမဆီကနေ အားလုံးကို လုယူသွားခဲ့တယ်။
သူမဆန္ဒရှိလားလို့ ဘယ်သူမှ မမေးဖူးဘူး။ သူမကို ဘယ်သူကမှလည်း ကျေးဇူးမတင်ဘူး။ သူမက သူတို့အတွက် စတေးလိုက်ရမဲ့အရာတစ်ခုလိုပဲ သဘာဝအတိုင်းပဲ အရာအားလုံးကို ဝါးမြိုပစ်လိုက်ကြတယ်။
နောက်ဆုံး ဘီစကွတ်မုန့်တွေကို စားပြီးတဲ့အချိန်မှာတော့ လူငယ်တစ်ယောက်ဖြစ်တဲ့ သူမရဲ့မောင်ဖြစ်သူက သူ့ဗိုက်ဝိုင်းလေးကို ပုတ်ပြီး "ဖေဖေ၊ ကျွန်တော် ဗိုက်ဆာနေတုန်းပဲ" လို့ ညည်းညူလိုက်ပါတယ်။
သားဖြစ်သူရဲ့စကားကိုကြားတော့ အဖိုးအိုက သက်ပြင်းချလိုက်ပြီး "သား၊ အခု တော့သည်းခံလိုက်ပါ။ မနက်ဖြန်ကြရင်တော့ မင်းအစ်မကို နောက်ထပ် ဖုတ်ကောင်တွေကိုသတ်ခိုင်းပြီး အစားအစာလဲလှယ်ဖို့ အမြုတေတွေကို ရှာပေးခိုင်းလိုက်မယ်" လို့ပြောလိုက်တယ်။
"ဖေဖေ ၊ ဘီစကွတ်ခြောက်တွေကို မစားချင်ဘူး။ ခေါက်ဆွဲစားချင်တယ်" လူငယ်က မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်။
"ကောင်းပြီ၊ ဒါဆို ငါတို့ ခေါက်ဆွဲနဲ့ လဲလှယ်လိုက်မယ်" အဖိုးအိုဟာ ဒါကကမ္ဘာပေါ်မှာ သဘာဝအကျဆုံး အရာတစ်ခုလိုမျိူး ချက်ခြင်းပဲ သဘောတူလိုက်တယ်။
သူ့အဖေရဲ့စကားကြားတော့ အမျိုးသမီးက ထိန်းမနိုင်သိမ်းမရ ရယ်မောလိုက်တယ်။
အခန်း-(၁၇၃)
"စားချင်ရင် ဖုတ်ကောင်တွေကို မင်းကိုယ်တိုင် သွားသတ်လိုက်။ မင်းသိသမျှက စားသောက်ပြီး ညည်းညူနေဖို့ပဲ၊ မင်းမှာ ဘာကောင်းတာရှိလို့လဲ" လို့ ပြောလိုက်တဲ့ အမျိုးသမီးရဲ့ အသံက အေးစက်ပြီး ပြတ်သားတယ်။
သူမရဲ့စကားကိုကြားတော့ ထိုလူငယ်ဒေါသတကြီး ဖြစ်သွားပြီး မတ်တပ်ထရပ်ကာ သူမဆီသို့ ကြမ်းကြမ်းတမ်းတမ်းလာတယ်။
သူလမ်းလျှောက်လာတာကိုမြင်တော့ သူအမြဲလုပ်နေကျလိုမျိုး ထပ်ရိုက်ဖို့ကို သူရည်ရွယ်ထားတာမှန်း အမျိုးသမီးကအတိအကျသိသည်။
အရင်တုန်းကဆို သူမက ကိုယ်ကိုကျုံ့ထားပြီး ကြောက်လို့ ပြန်တိုက်ခိုက်ရဲမှာမဟုတ်ဘူး။ ဒါပေမယ့် သူမ အဲဒီလူတွေနဲ့ ဖုတ်ကောင်တွေကို မသတ်ခင်မှာပဲ့ ငရဲမှာ ဖြတ်သန်းနေထိုင်ခဲ့တယ်။ အခုတော့ အကြောက်တရား သူမရဲ့နှလုံးသားထဲမှာ မရှိတော့ပါဘူး။
သူ့ရဲ့မောင် သူမဆီမရောက်လာခင်မှာပဲ သူမက မတ်တပ်ရပ်ပြီး သူမရဲ့လက်ထဲမှ သံချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ လက်ကိုမြှောက်လိုက်သည်။
"နင် ခွေးမ။ နင်က ငါ့ကို ဒီလိုပုံစံမျိူးနဲ့ ဘယ်လိုလုပ်ပြန်ပြောရဲတာလဲ။ နင် အသက်ရှင်ရတာ ပင်ပန်းနေပြီလား" လို့ သူကအော်တယ်။
" ဒုတ် ခရစ်ပ် "
သူ့လက်ကျလာတာနဲ့ သူမကလည်း သံချောင်းကို အားအင်အပြည့်ဖြင့် ရိုက်ချလိုက်သည်။ အရိုးများကျိုးသွားသောအသံက နားထဲတွင် ပဲ့တင်ထပ်သွားတယ်။
ထိုလူဟာ နာကျင်မှုကိုသိဖို့ရန် အချိန်အတော်ကြာသွားခဲ့တယ်။ သူ့ရဲ့အစ်မကို မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။ တစ်ချိန်က ရှက်ရွံ့တတ်သောအစ်မက အမှန်တကယ် ပြန်လည်တိုက်ခိုက်လာပြီး သူလက်ကျိုးသွားတာကို မယုံနိုင်ပေ။
သူ့လက်ကို ဆုပ်ကိုင်ရင်း နာကျင်စွာ အော်လိုက်သည် "အားးး"
သူ့အော်သံကိုကြားတော့ လူတိုင်းက လှည့်ကြည့်လာကြပြီး တစ်ယောက်ယောက်က ဒေါသတကြီးနဲ့အော်ပြောလာတယ် "သေချင်ရင် မင်းတစ်ယောက်တည်းသွားသေလိုက် ကျန်သူတွေကိုပါ ဆွဲချမနေနဲ့"
သူစိမ်းတစ်ယောက်ရဲ့စကားတွေကို ဂရုမစိုက်နိုင်လောက်အောင်ကို ဝေဒနာကနာကျင်လွန်းတာကြောင့် မြေပြင်ပေါ်မှာ လူးလိမ့်နေခဲ့တယ်။
လူအများကမသိသော်လည်း ထိုအမျိုးသမီးကတော့ သူရဲ့အော်သံက ဖုတ်ကောင်များကို ဆွဲဆောင်နိုင်တာကို ရှင်းရှင်းလင်းလင်းသိတယ်။ မဆိုင်းမတွဘဲ မြေကြီးပေါ်မှကျနေတဲ့ ညစ်ပတ်သောအဝတ်စုတ်ကို ဆွဲယူပြီး သူ့ပါးစပ်ထဲသို့ တွန်းထည့်လိုက်သည်။
သူရဲ့ဆံပင်ကို ဆုတ်ကိုင်ပြီး မျက်နှာချင်းဆိုင်လုနီးပါး နီးကပ်သည်အထိ သူ့ခေါင်းကိုဆွဲလိုက်သည်။ ရေခဲကဲ့သို့ အေးစက်နေတဲ့ အနိမ့်သံဖြင့် သူမသတိပေးလိုက်သည် "နောက်ထပ်အသံထပ်ထွက်ရဲရင် မင်းရဲ့လည်ပင်းကို ချိုးပစ်မယ်"
ထိုလူက သူမရဲ့စကားကိုကြားတော့ တောင့်တင်းသွားပြီး သူမကို ထိန့်လန့်တုန်လှုပ်စွာစိုက်ကြည့်နေသည်။ သူမက အရင်ကဆို အရိုက်ခံရတာကို ခုခံခြင်းမရှိတဲ့ အစ်မဖြစ်သူနှင့် တစ်ယောက်ထဲဆိုတာကို သူမယုံနိုင်ဘူး။ စကားပြောရင်တောင် သူ့မျက်လုံးကို မကြည့်ရဲတဲ့ မိန်းကလေးလေ။
သူ့မျက်လုံးတွေထဲက ကြောက်ရွံ့မှုကို မြင်လိုက်ရတော့ သူမက တစ်ခစ်ခစ်နဲ့ ရယ်မောလိုက်ပြီး "မင်းလို အမှိုက်ကို ကြောက်ခဲ့ရတယ်ဆိုတာကို ငါမယုံနိုင်ဘူး" လို့ စက်ဆုတ်ရွံ့ရှာစွာပြောလိုက်သည်။
ထို့နောက် သူမက သူ့ကို မြေကြီးပေါ်သို့ လွှတ်ချလိုက်ပြီး သူမရဲ့အကြည့်တွေကို အဖေဖြစ်သူဆီပြောင်းလိုက်တယ်။
အဘိုးအိုဟာ သူ့အသိစိတ်ပြန်ဝင်လာရန် အချိန်အတော်ကြာသွားခဲ့တယ်။ “နင် ၊ သစ္စာမဲ့သမီး၊ နင့်မောင်ကိုရိုက်ဖို့ ဘယ်သူက သတ္တိပေးခဲ့တာလဲ” လို့မေးကာ ပါးရိုက်ရန် လက်ကို မြှောက်လိုက်သော်လည်း မထိနိုင်မီတွင်ပဲ သူမဆီမှာ ဖမ်းဆုပ်ခံရကာ လွယ်လွယ်ကူကူ တွန်းထုတ်ခံလိုက်ရသည်။
သူမက ဒီနေရာမှာပဲ မလှုပ်မယှက်ရပ်နေပြီး ထိုသူကြမ်းပြင်ပေါ်သို့ လဲကျသွားတာကို သူမကြည့်နေသည်။ ပထမဆုံးအကြိမ် သူမသိလိုက်ရတာက ဤလူက မသန်မာတော့ဘူးဆိုတာပဲ။ သူ့မှာ အရင်ကလို သူမအပေါ်အာဏာမရှိတော့ဘူး။
သူမရဲ့မျက်လုံးများက သူ့ကိုဖြတ်ကျော်သွားပြီး သူမကိုပင် မကြည့်ဝံ့သော မိထွေးဆီရောက်သွားသည်။ သူတို့နှစ်ယောက်လုံးက မိန်းမတွေဖြစ်ပေမယ့် သူ့အဖေကတော့ သူ့ချစ်သူရဲ့ သားသမီးတွေကိုပဲ အမြဲတမ်း မျက်နှာသာပေးခဲ့တယ်။ သူ့အတွက်ကတော့ သူမနှင့်သူမရဲ့အမေဟာ တန်ဖိုးတွေ ဆုံးရှုံးပြီး မြောင်းထဲရောက်သွားတဲ့ တခါသုံးကိရိယာတွေလိုပါပဲ။
အသက်ပြင်းပြင်းရှူရင်း အတိအလင်းကြေညာလိုက်တယ် "ဒီအချိန်ကစပြီး ငါ ချန်အန်ဟယ် က ရှင့်ရဲ့မျိုးရိုးအမည်ကို စွန့်ပစ်တော့မယ်။ မင်းက ငါ့အဖေမဟုတ်တော့ဘူး။ ချန်အန်ဟယ်က ဆုံးသွားပြီ။ အခုချိန်ကစပြီး ငါက လင်အန်ဟယ် ပဲ၊ ရှင် ကျွန်မကို ထပ်ပြီးလာနှောက်ယှက်ဝံ့ရင် ကျွန်မကို ရက်စက်တဲ့သူလို့ အပြစ်မတင်နဲ့"
စကားဆုံးတာနဲ့ သူမ တစ်ဖက်သို့လှည့်ကာ ဆန့်ကျင်ဘက်ထောင့်တွင်ထိုင်နေသော အမျိုးသမီးငယ်တစ်စုဆီသို့ လျှောက်သွားလိုက်တယ်။
သူမတို့ရဲ့အရှေ့မှာ ရပ်လိုက်တဲ့အချိန်မှာ သူမတို့ထဲက တစ်ယောက်က ပြောလာတယ် "အန်ဟယ် နောက်ဆုံးတော့ မင်းစိတ်ပြောင်းသွားပြီ"
"အစ်မကျိူး မင်းပြောတာမှန်တယ်" လို့
လင်အန်ဟယ်က ပြန်ဖြေတယ်။ "ငါတို့က သွေးချင်း တော်စပ်နေရင်တောင် သူကို အဖေလို့ မခေါ်ထိုက်ဘူး"
အစ်မကျိူးက ခေါင်းညိတ်ပြီး "မင်းသေချာစဉ်းစားထားပြီးသရွေ့တော့ ပြန်စဖို့က ဘယ်တော့မှ နောက်မကျသေးဘူး" လို့ ပြောလ်ုက်တယ်။
လင်အန်ဟယ်က သူမရှေ့က အမျိုးသမီးသုံးဦးကို ကြည့်လိုက်ပြီးမှ သူမဘေးတွင် ဝင်ထိုင်လိုက်တယ်။
သူတို့ထဲက တစ်ယောက်က လက်လှမ်းပြီး ရေဘူးတစ်ဘူးကို ကမ်းပေးကာ ပြောလာတယ်"ဒီမှာ အစ်မ အန်ဟယ်။ နည်းနည်းသောက်လိုက်"
"ကျေးဇူးတင်ပါတယ် ဝမ်လင်း "
သူမ ပထမခြေလှမ်းကို လှမ်းပြီးတဲ့နောက်မှာ ကျန်တာတွေက ဒီလောက် မခက်ခဲတော့ဘူး။ ဝမ်းနည်းနေရမယ့်အစား စိတ်သက်သာရာရပြီး လွတ်လပ်သွားပြီလို့ ခံစားရတယ်။
သူမက ဆာလှောင်နေသော်လည်း မျှော်လင့်ချက်အပြည့်နဲ့ အနာဂတ်အကြောင်းကို တွေးလိုက်မိတိုင်းမှ သူမရဲ့ခန္ဓာကိုယ်က နာကျင်မှုကိုတောင် မခံစားရတော့ဘူး။ ထိုဝန်ထုပ်ဝန်ပိုးတွေမပါဘဲနဲ့ဆိုရင် ဤငရဲတွင် သူမအသက်ရှင်နေနိုင်လိမ့်မည်ဟု ယုံကြည်သည်။
ပင်ပန်းသောနေ့တစ်နေ့ပြီးသွားတဲ့နောက်တွက် လူတိုင်းက ဖြည်းညှင်းစွာ အိပ်ပျော်သွားကြသော်လည်း ဖုတ်ကောင်တွေရဲ့ဟောက်သံများကို အဝေးဆီမှ တစ်ကြိမ်တစ်ခါမျှ ကြားနေရသောကြောင့် မည်သူကမျှ နက်နက်ရှိုင်းရှိုင်း မအိပ်ဝံ့ကြပေ။ မီနီမားကတ်နှင့် ရုံးခန်းငယ်အပြင်ဘက်တွင် စစ်သားများစွာက ညဘက်ကင်းလှည့်လျက်ရှိသည်။
သန်းခေါင်ကျော် သုံးနာရီလောက်ဟာ လူတွေအားလုံးက အိပ်မောကျသွားကြပြီး အနားယူကြတဲ့အချိန်ဖြစ်ပြီး ကင်းလှည့်တဲ့အစောင့်တွေကတောင် သမ်းဝါးပြီး မှိန်းမောနေကြတယ်။
အနီးဆုံးရှိဖုတ်ကောင်များကို သူတို့ရှင်းလင်းခဲ့ပြီးဖြစ်တာ ကြောင့် လေ့ကျင့်ချိန်ပြီးတဲ့နောက်မှာတော့ ဤနေရာ၌ တစ်ညတာ ကုန်ဆုံးရန်က အန္တရာယ်ကင်းသည်ဟု လူတိုင်းက ထင်ခဲ့ကြတယ်။
တစ်ကီလိုမီတာအကွာအဝေးတွင် ဖုတ်ကောင်အုပ်စုတစ်စုက သူတို့မသိလိုက်ဘဲ တစ်နေရာတည်းတွင် တဖြည်းဖြည်းချင်းစုရုံးလာကြတယ်။ လရောင်အောက်မှာ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပိုမြန်လာပြီး မကြာခင်မှာ လမ်းတွေ ပိတ်ဆို့သွားကာ မွန်းကြပ်ဖွယ်ကောင်းလွန်းလှတဲ့ အနံ့အသက်ဆိုးတွေက လေထုထဲ မွန်ထူသွားတယ်။
အမြင့်ဆုံး အဆောက်အဦးရဲ့ ခေါင်မိုးပေါ်မှာ ရပ်နေတဲ့ အရပ်ရှည်တဲ့ အသွင်အပြင်နှင့်ဖုတ်ကောင်က ခေါင်းကိုမော့လိုက်ပြီး ပါးစပ်ကို ဖွင့်ကာ ဟိန်းဟောက်လိုက်တယ်။
"ဂရားးးးး"
သူ့ရဲ့ဟိန်းဟောက်သံက အခြားဖုတ်ကောင်များထက် ပိုမိုကျယ်လောင်ပြီး ပြင်းထန်သောဖိအားကို သယ်ဆောင်လာသည်။ အဲဒီအသံကိုကြားတာနဲ့ ဖုတ်ကောင်တွေရဲ့ ခန္ဓာကိုယ်တွေ မာတောင့်လာပြီး ဒူးတွေကို ဖြည်းညှင်းစွာ ကွေးလိုက်ကြတယ်။
ဖုတ်ကောင်များအားလုံးက ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သောအခါ အိမ်ခေါင်မိုးပေါ်မှ ပုံသဏ္ဍာန်က ၎င်းတို့ကို ငုံ့ကြည့်ဘာသည်။သူတို့ကို အမိန့်ပေးတဲ့သူက သာမန် ဖုတ်ကောင်များနှင့် မတူဘဲ၊ လူသားနှင့် ပိုတူ နေသည်။
အခန်း-(၁၇၄)
ဖုတ်ကောင်အမျိူးသားရဲ့ ခန္ဓာကိုယ်တွင် ဒဏ်ရာ သို့မဟုတ် ပုပ်သွားသည့် အစိတ်အပိုင်းများ မရှိပါ။ အဲဒီအစား သူရဲ့အပြာရောင်ဖျော့ဖျော့အသားအရေဟာ သူရဲ့ချောမောသောမျက်နှာအတွက် လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုတစ်ခုကို တိုးစေခဲ့သည်။ အနက်ရောင်မျက်လုံးများနှင့်သူ့လက်ပေါ်ရှိ ချွန်ထက်သောလက်သည်းများကြောင့်သာမဟုတ်ပါက မည်သူကမှ သူ့ကို ဖုတ်ကောင်တစ်ကောင်နှင့် ဆက်စပ်မိမည်မဟုတ်ပေ။
သိပ်မကြာခင်မှာပဲ ဖုတ်ကောင်လေးကောင်က အိမ်ခေါင်မိုးပေါ်ကို ခုန်တက်လာပြီး သူ့ရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ်။
ရာ့ ...ရားးးး"
"ဂရာ့...ဟာ့....ရားးး"
၎င်းတို့ထဲမှ တစ်ကောင်က နိမ့်သော အော်သံပေါင်းများစွာကို ထုတ်ပြီးနောက်တော့ ရုပ်ချောသော ဖုတ်ကောင်ကဓာတ်ဆီဆိုင်ဆီသို့ လှမ်းကြည့်ကာ "ဂရားးးး" လို့ တိုးတိုးလေးဟိန်းဟောက်လိုက်သည်။
ဟိန်းဟောက်သံကိုကြားတာနဲ့ ဖုတ်ကောင်လေးကောင်က ခေါင်းညိတ်ပြပြီး အိမ်ခေါင်မိုးပေါ်ကနေ ခုန်ဆင်းသွားတယ်။ပြီးတာနဲ့ ခေါင်းကိုမော့ပြီး တညီတညွတ်တည်း ဟိန်းဟောက်လိုက်ကြတယ် "ရားးး"
နောက်အခိုက်အတန့်တွင်ပဲ ဖုတ်ကောင်အုပ်စုကြီးက သေးငယ်သောအုပ်စုငယ်လေးခုအဖြစ် ကွဲသွားသည်။ ဖုတ်ကောင် လေးကောင်က မတူညီသော ဦးတည်ရာဆီသို့ သွားကာ တစ်ကောင်စီက ၎င်းတို့နှင့်အတူ အုပ်စုတစ်ခုကို ဦးဆောင်သွားသည်။
အိမ်ခေါင်မိုးပေါ်မှာ ရပ်နေတုန်း ချောမောတဲ့ ဖုတ်ကောင်ကတော့ သူ့ရဲ့ချွန်ထက်တဲ့ လက်သည်းတွေကို ငုံ့ကြည့်နေတယ်။ သူ့လက်သီးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရင်း အနက်ရောင်မျက်လုံးထဲမှာတော့ မုန်းတီးမှုတွေ ဒေါသတွေ ပေါ်လာတယ်။
နာရီဝက်လောက်ကြာတော့ ဓာတ်ဆီဆိုင်က
ပိုင်ရီကျီးဟာ မျက်လုံးတွေရုတ်တရက်ပွင့်လာပြီး မတ်တပ်ရပ်လိုက်တယ်။ သူ့ရဲ့ရုတ်တရက် လှုပ်ရှားမှုက သူ့ဘေးမှာ အိပ်နေတဲ့ လီယောင်ကို လန့်နိုးသွားစေတယ်။
သူ့မျက်လုံးတွေကို ပွတ်သပ်ရင်း “အစ်ကိုပိုင် ဘာဖြစ်နေတာလဲ” လို့ မေးလိုက်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပိုင်ရီကျီးက "လီယောင်၊ အားလုံးကို နိုးလိုက်။ ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ်"လို့ ပြောတယ်။
ထိုစကားကို ကြားသောအခါ လီယောင်က အံ့အားသင့်သွားတယ် "အစ်ကိုပိုင်၊ မိုးမလင်းသေးဘူးလေ။ ငါတို့ အခုထွက်သွားရင် အန္တရာယ်ဖြစ်လိမ့်မယ်"
"အချိန်ဖြုန်းတာကို ရပ်လိုက်။ ငါတို့ အခု မထွက်သွားရင် အရမ်းနောက်ကျသွားလိမ့်မယ်" လို့ ပိုင်ရီကျီးက လေးနက်စွာပြောပြီး အခန်းကျဉ်းလေးထဲက ထွက်သွားသည်။
အခြေအနေရဲ့လေးနက်မှုကို သတိပြုမိလိုက်တာကြောင့် လီယောင်က စစ်သားများကို သတင်းပေးရန်မသွားမီတွင် အရင်ဆုံး ချူကျိမြောင် နှင့် ဟန်ဂျိီယင်းတို့ကို အမြန်နှိုးလိုက်တယ်။
ပိုင်ရီကျီးက ဝေယင်းကို တွေ့တဲ့အခါ "ဗိုလ်ကြီးဝေ၊ ကျွန်တော်တို့ ဒီနေရာကနေ ချက်ချင်းထွက်သွားရမယ်" လို့ ပြောလိုက်တယ်။
သူ့ရဲ့စကားကိုကြားတော့ ဝေယင်းက သံသယစိတ်နဲ့ ပြန်ပြောတယ် "သခင်လေးပိုင်၊ မိုးမလင်းသေးဘူး။ မင်းဒီမှာမနေချင် တော့ဘူးဆိုရင် မနက်ကျမှ ထွက်သွားကြမယ်"
ပိုင်ရီကျီးက ကြောက်မက်ဖွယ်အန္တရာယ်ကို ခံစားလိုက်ရပြီး သူ့နှလုံးခုန်သံများက ကျယ်လောင်လာသည်။ အာရုံကြောများ တင်းမာနေတဲ့ကြားက သူကစိုးရိမ်စွာဖြင့် "မဟုတ်ဘူး၊ ကျွန်တော်တို့ အခုထွက်သွားမှရမှာ မဟုတ်ရင်အရမ်းနောက်ကျသွားလိမ့်မယ်" ဟု အခိုင်အမာပြောလိုက်သည်။
"ရာ့ ... ရားး"
သူပြောပြီးပြီးချင်းမှာပဲ အရပ်မျက်နှာတိုင်းဆီက ဖုတ်ကောင်တွေရဲ့ ဟိန်းဟောက်သံတွေကို ကြားလိုက်ရပြီး မြေပြင်ကလည်း အနည်းငယ် တုန်ခါနေတယ်။
"နောက်ကျသွားပြီ။ ဗိုလ်ကြီးဝေ၊ စစ်တိုက်ဖို့ အသင့်ပြင်ထားဖို့ လူတိုင်းကို အသိပေးလိုက်"
"ဂါးးးးး"
"ဘုန်း"
အပြင်ဘက်က ပေါက်ကွဲသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။ ယခုတော့ ပိုင်ရီကျီးဟာ ဝေယင်းကို ဆွဲဆောင်ရန် စိတ်မရှိတော့ဘဲ လှည့်ထွက်သွားသည်။
သူ အပြင်ကိုထွက်ကြည့်လိုက်တော့ ဖုတ်ကောင်အများအပြားရှိတဲ့ ဖုတ်ကောင်အုပ်ကြီးက နေရာတိုင်းမှချဉ်းကပ်လာနေတာကို သူတွေ့လိုက်ရသည်။ သူတို့ကအလယ်မှာ ပိတ်မိနေတယ်။
ဒါကိုမြင်တော့ အသက်ရှင်ကျန်ရစ်သူတွေဘက် လှည့်ပြီးပြောလိုက်တယ် "သာမန်လူတွေက ၊ မီနီမားကတ်ထဲမှာ ပုန်းနေကြ။ သတ္တုအမျိုးအစား အသုံးပြုသူတွေက တံခါးကို အားဖြည့်ဖို့ သတ္တုကို အသုံးပြုပြီး ပတ်ပတ်လည်ကဝင်ပေါက်တွေကို ပိတ်ဆို့လိုက်"
သူစကားဆုံးပြီးတဲ့နောက်မှာတောင် လူတိုင်းကတုန်လှုပ်ခြောက်ခြားနေကြပြီး ဘယ်သူကမှ ရှေ့ကိုမတိုးဝံ့တာကို သူ သတိပြုမိလိုက်တယ်။ သူတို့ရဲ့ သူရဲဘောကြောင်မှုကိုမြင်တော့ ဒေါသတကြီးနဲ့ပြောလိုက်သည် “မင်းတို့ဆက်ပြီး နှောင့်နှေး နေမယ်ဆိုရင် ငါတို့အားလုံးက ဒီမှာပဲသေသွားလိမ့်မယ်”
"လူတိုင်းက ၊ သူ့အမိန့်ကို လိုက်နာကြ" လို့ ဝေယင်းက ပြောသည်။
သူပြောဆိုနေစဉ်တွင်ပဲ လင်းယုန်အဖွဲ့က သာမန်လူများကို ဘေးကင်းရာသို့ အမြန်ပို့ဆောင်လိုက်ကြတယ်။ စွမ်းရည်ရှိသူတွေကတော့ ပတ်၀န်းကျင်ရှိ နံရံများနှင့် တံခါးများကို ခိုင်ခံ့အောင် အားဖြည့်ဖို့သွားကြတယ်။
နတ်ဆိုးအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းများမှလွဲ၍ လင်ယုန်အဖွဲ့သားများအပါအဝင် ကျန်လူများအားလုံးကတော့ ထိတ်လန့်တုန်လှုပ်နေကြကာ စည်းမဲ့ကမ်းမဲ့ဖြစ်သွားကြသည်။
ဒါကို မြင်လိုက်သောအခါ ဝေယင်းက နားလည်သွားသည်။ သူတို့အဖွဲ့နှင့် ကျင်းရွှီယန်းရဲ့အဖွဲ့က အဆင့်တူခြင်းဖြစ်သော်လည်း သူတို့အဖွဲ့က လူအရေအတွက်ကြောင့် အဆင့်တက်လာခဲ့ပြီး၊ နတ်ဆိုအဖွဲ့ကတော့ စွမ်းရည်နှင့် ကျွမ်းကျင်မှုများကြောင့် အဲဒီအဆင့်ကို ရရှိခဲ့ကြသည်”
"ရားးး"
တံခါးနှင့် နံရံတွေကို သတ္တုအပြည့်မဖြည့်နိုင်မီတွင်ပဲ ဖုတ်ကောင်တွေရဲ့ ပထမလှိုင်းက ဓာတ်ဆီဆိုင်သို့ ရောက်ရှိလာတယ်။ ပိုင်ရီကျီးက ခဏလောက်စဉ်းစားပြီးတော့မှ "မြောင်မြောင် ဖုတ်ကောင်တွေကို ရေဘောလုံးနဲ့ပစ်" လို့ပြောလိုက်တယ်။
ချူကျိမြောင်အနေနဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို မသိသော်လည်း သူ့အမိန့်ကို သူမကလိုက်နာဆဲဖြစ်သည်။ သူမရဲ့လက်ကိုဝှေ့ယမ်းလိုက်တော့ ဖရဲသီးအရွယ်အစားရှိတဲ့ ရေဘော်လုံးတစ်လုံးက ဖုတ်ကောင်များဆီသို့ ပျံသန်းသွားသည်။
"ဖျန်းး"
ရေဘော်လုံးက ဖုတ်ကောင်တွေကို ထိခိုက်မှုတစ်စုံတစ်ရာမရှိတာကို မြင်လိုက်ရတော့ သူမက ရှက်ရွံ့သွားပြီး အသုံးမဝင်သလို ခံစားလိုက်ရတယ်။
" ခရစ်ပ် ဘုန်းးး"
နောက်တစ်စက္ကန့်တွင်ပဲ သူမရဲ့နံဘေးမှ လျှပ်စီးတစ်ကြောင်း ဖြတ် ပြေးသွားပြီး ဖုတ်ကောင်များကို ထိမှန်သွားသည်။ မြေပြင်ပေါ်ရှိ ရေကြောင့် လျှပ်စီးကြောင်းရဲ့စွမ်းအားက တိုးလာပြီး ဖုတ်ကောင်များက ဓာတ်လိုက်သွားကာ ရပ်တန့်သွားသည်။
ဒါကိုမြင်တော့ လီယောင်က ပြေးလာပြီး
ဝိန့်မိုပေးတဲ့ ဓါးနှင့် တိုက်ခိုက်လိုက်တယ်။
" ခရစ်ပ် ခရစ်ပ် ခရစ်ပ်"
သူ့ဓားကို လွှဲလိုက်တိုင်းမှာ ဖုတ်ကောင်ရဲ့ဦးခေါင်းကို ဖြတ်လိုက်နိုင်တယ်။ အဆင့် ၁ ကို ရောက်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ခွန်အား၊ စွမ်းအင်နှင့် ခံနိုင်ရည်တွေက နှစ်ဆတိုးလာပါတယ်။
ဖုတ်ကောင်များနှင့် တိုက်ပွဲများစွာကို တိုက်ခိုက်ပြီးတဲ့နောက် တော့ သူရဲ့စွမ်းရည်ကို အသုံးပြုရန် အကောင်းဆုံးနည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဆရာချောင်ရဲ့ စွမ်းရည်က ခွန်အား အမျိူးအစား စွမ်းရည်ဖြစ်သော်လဲ သူရဲ့စွမ်းရည်အမျိုးအစား စွမ်းရည်နှင့်မတူဘဲ ကွဲပြားသည်။
ဘယ်အရာက ခြားနားသွားလဲဆိုတာကို သူသေချာမသိပေမယ့် သူ့ရဲ့ဇီဝဖြစ်ပျက်မှုက ပုံမှန်ထက် မြင့်မားနေတာကို သူသိတယ်။ သူ့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းသိမ်းဖို့ အစားအစာတွေ အများကြီးလိုအပ်ပေမယ့် တခြားခွန်အားအမျိုးအစား စွမ်းရည်အသုံးပြုသူတွေနှင့်ယှဉ်ရင် ခွန်အားလည်း ပိုရလာပါတယ်။
"ဂါးးး"
ဖုတ်ကောင်တစ်ကောင်က ရုတ်တရက်ကြီး သူ့ကို ဘေးကနေ လှမ်း တိုက်ခိုက်တယ်။ ဝင်လာသော တိုက်ခိုက်မှုကို မြင်တော့ ဘေးသို့ ရှောင်လိုက်သော်လည်း သူ့မှာ တည်ငြိမ်မှုမရသေးမီတွင်ပဲ ချွန်ထက်သော လက်သည်းများက သူ့လည်ချောင်းဆီသို့ တိုးဝင်လာသည်။
" ကလန်"
တိုက်ခိုက်မှုကို တားဆီးရန် ဓားကို မြှင့်လိုက်သော်လည်း တွန်းအားကြောင့် ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားခဲ့သည်။
"ဂါးးး" ဖုတ်ကောင်က ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး သူ့ကို လှမ်းကိုက်တယ်။
"ဘွန်းး"
ဖုတ်ကောင်က သူ့ကို မကိုက်နိုင်ခင်မှာ မီးလုံးတစ်ခုက သူ့ပခုံးကို ကျော်ပြီး ဖုတ်ကောင်ကို ထိမှန်သွားကာ ပုပ်နေတဲ့ ဦးခေါင်းကို ချက်ချင်း ပေါက်ကွဲသွားစေတယ်။
ရှာကြည့်လိုက်တော့ မီးတောက်တွေဖုံးနေတဲ့ဓားကိုကိုင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးက ဖုတ်ကောင်တွေဆီ အပြေးအလွှားသွားနေတာကို သူတွေ့လိုက်ရတယ်။
"ဘုန်းး ခရစ်ပ်"
သူမရဲ့ဓားက ဖုတ်ကောင်ရဲ့ဦးခေါင်းကို ဖြတ်လိုက်ပြီး အခြားဖုတ်ကောင်ကိုတော့ ဘေးသို့ ကန်ထုတ်ပစ်လိုက်သည်။ သူမက သူ့ဘက်လှည့်ပြီးပြောလာတယ် "မတ်မတ်ရပ်ပြီး တိုက်ခိုက်ပါ။ မင်းကိုအိမ်ပြန်ပို့မယ့်ဖုတ်ကောင်တွေကို စောင့်နေတာလား"
သူမရဲ့စကားကိုကြားတော့ လီယောင်က သူ့အာရုံတွေကို သူမဆီက ပြန်ရုတ်လိုက်တယ်။ သူက လျင်မြန်စွာဖြင့် ရုန်မိုအာ , ကုရှကျယ် တို့နှင့် ပူးပေါင်းကာ ဖုတ်ကောင်များကို ဆက်လက်တိုက်ခိုက်ခဲ့သည်။