အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အခန်း-(၁၇၈)
"အစ်မ ကျွန်တော်တို့ သူ့ကိုအရင်မေးလိုက်မယ် ၊ သူသာငြင်းရင် အတင်းအကြပ်လုပ်မှာမဟုတ်ဘူး။ ဒီလိုဆို ကျွန်တော်တို့ကြားက သဘောတူညီမှုတစ်ခုရလိမ့်မယ်" ဟု ကျင်ဇီချင်က သူ့အစ်မနားလည်မှုလွဲသွားသည်ကို မြင်သောအခါ အမြန်ရှင်းပြခဲ့သည်။
ကျင်ဟွမ်းက သူ့မောင်ရဲ့ အကြံပြုချက်ကို မကျေမနပ်ဖြစ် နေပေမဲ့ သူမတို့ရဲ့ဘေးကင်းရေးအတွက်ဆို လူပိုလိုအပ်တယ်တာကို သူမသိပါတယ်။ ကြင်နာမှုဆိုတာက သူတို့ရဲ့ လက်ရှိအခြေအနေမှာ ဇိမ်ခံပစ္စည်းတစ်ခုဆိုတာကိုလည်း သူမသဘောပေါက်တယ်။
ခဏလောက်စဉ်းစားပြီးမှ နောက်ဆုံးတော့ ခေါင်းညိတ်ပြီးပြောလိုက်တယ် "မင်းသူ့ကိုမေးလို့ရတယ်။ သူဆန္ဒမရှိရင်တော့ သူ့ကိုလွှတ်ပေးလိုက်သင့်တယ်"
"အစ်မ ၊ ကျွန်တော် နားလည်ပါတယ်။ သူတို့လိုလူတွေအဖြစ် ပြောင်းလဲသွားမှာမဟုတ်ပါဘူး" ဟု ကျင်ဇီချင်က ကတိပြုခဲ့သည်။
သဘောတူညီချက်တစ်ခုရပြီးနောက်မှ ကျင်မောင်နှမက ပြန်သွားလိုက်ကြတယ်။
သူတို့တွေရောက်လာတာကိုမြင်တော့ လင်ဖေးက ပြုံးပြပေမယ့် ဘာမှပြန်မပြောဘူး။ ဖုတ်ကောင်တွေကို လမ်းလွှဲခေါ်သွားစေချင်ပြီး ၊ တိုက်ခိုက်ရာမှာလည်း ကူညီပေးနိုင်တဲ့ လူတွေကို ရှာဖွေပြီး သူတို့နှင့်ပူးပေါင်း စေချင်တာဖြစ်မယ်။
ဖုတ်ကောင်များကိုသတ်ရင်း ရိက္ခာပစ္စည်းများကိုရှာဖွေတာက စစ်သားများနှင့်အတူသွားခြင်းထက် အဖွဲ့ငယ်တစ်ခုတွင် ပါဝင်ခြင်းက ပိုကောင်းတယ်။ လင်ယုန်အဖွဲ့နဲ့အတူရှိစဉ်ကဆို စည်းမျဉ်းများနှင့် ကန့်သတ်ချက်တွေ အများအပြားရှိခဲ့ပြီး အဲဒါတွေက သူရဲ့စွမ်းရည်ကို မြှင့်တင်ရန်ပြုလုပ်ရမယ့် သူရဲ့အစီအစဉ်တွေကို အနှောင့်အယှက်ဖြစ်စေတယ်။
ကျင်ဇီချင်က ပြုံးပြီး မေးလာတယ် "အစ်ကို ၊ ဒါပြီးရင် ဆက်လုပ်မယ့် အစီအစဉ် မင်းမှာရှိလား"
လင်ဖေးက သက်ပြင်းချပြီး "ကျွန်တော်မှာ အစီအစဉ်မရှိဘူး၊ ရိက္ခာပစ္စည်းတွေရှာပြီး အသက်ရှင်န်ိုင်ဖို့ပဲလိုတာပါ" ဟု ပြန်ပြောသည်။
"မင်းရဲ့မိသားစုကို မရှာချင်ဘူးလား" လို့ ကျင်ဟွမ်းက မေးသည်။
"ကျွန်တော်က မိဘမဲ့ပါ။ ကျွန်တော့်တစ်ယောက်ပဲရှိတယ်" လင်ဖေးက ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
သူရဲ့ ပေါ့ပေါ့ပါးပါးပြန်ဖြေသံကို ကြားလိုက်တော့ တစ်ခဏတာမျှ သူ့အတွက် စိတ်မကောင်းဖြစ်မိသွားတယ်။
သူ့အစ်မက စိတ်ပျော့ညံ့လာမည်ကိုသိသဖြင့် ကျင်ဇီချင်က "အစ်ကို ၊ မင်း ကျွန်တော်တို့နဲ့ ပူးပေါင်းချင်လား" လို့ ဖြတ်ကာ မေးလိုက်တယ်။
" အစ်မနှင့် ကျွန်တော်က ကျန်းနင်မြို့ကိုသွားပြီး အသက်ရှင်ကျန်ရစ်သူစခန်းမှာ အခြေချဖို့ စီစဉ်ထားတယ်။ မင်းသာ ကျွန်တော်တို့နဲ့ လိုက်ခဲ့မယ်ဆိုရင် ရိက္ခာတွေကို အညီအမျှခွဲပေးနိုင်တယ်"
"မင်းတို့ကဘာလို့ ကျွန်တော်ကို မင်းတို့အဖွဲ့ထဲဝင်စေချင်တာလဲ" လင်ဖေးက သတိထားတဲ့အမူအရာဖြင့် မေးလိုက်သည်။
"အစ်ကို ၊ လူများများနှင့် ခရီးသွားရတာက ပိုလုံခြုံလိမ့်မယ်။ မင်းရဲ့အမြန်နှုန်းနှင့်ဆို ဖုတ်ကောင်တွေကြားပိတ်မိနေရင်တောင် မင်းက လမ်းလွှဲခေါ်သွားပေးနိုင်တယ်။ ပြန်လာပြီး မင်းက ကျွန်တော်တို့နှင့်ပူးပေါင်းရင် ရိက္ခာတချို့ပေးမယ်။ ဟု ကျင်ဇီချင်က ပြောသည်။
လင်ဖေးက သူတို့ကို ခဏလောက်ကြည့်ပြီးပြောလိုက်တယ် "မင်းတို့အဖွဲ့ထဲကိုဝင်ပြီးပြီ ၊ ဖုတ်ကောင်တွေကြား ပိတ်မိနေတယ်လို့ ဆိုကြပါစို့။ မင်းတို့က လွတ်မြောက်နေတဲ့ချိန်မှာ သူတို့ကို ခေါ်ထုတ်သွားတဲ့ ငါ့အတွက်က အန္တရာယ်ရှိပြီး မတရားဘူးမဟုတ်လား"
"အစ်ကို ၊ ကျွန်တော်ရဲ့ စွမ်းရည်နှင့် ခွန်အားကို မင်းမြင်ပြီးပြီလေ ။ မင်းရဲ့ဘေးကင်းမှုကို ကျွန်တော်နေ့စဉ်နေ့တိုင်း အာမခံနိုင်တယ်။ မင်းက ပိတ်မိသွားတဲ့အချိန်တွေမှာဆို ဖုတ်ကောင်တွေကို လမ်းလွှဲခေါ်သွားပေးဖို့ပဲလိုတယ်" ဟု ကျင်ဇီချင်က တည်ငြိမ်စွာ ပြန်ပြောသည်။
ခဏလောက်စဉ်းစားပြီးနောက် လင်ဖေး က "ဒါဆို ငါတို့ရဲ့ရိက္ခာတွေနှင့် အမြုတေတွေကို ဘယ်လိုခွဲရလဲ" လို့မေးပြန်တယ်။
ဒါကိုကြားတော့ ကျင်ဇီချင် က "ရိက္ခာတွေအတွက်ကတော့ ကျွန်တော်တို့က အညီအမျှ ခွဲမှာပါ။ လူတိုင်းက တူညီတဲ့ပမာဏကို ရကြလိမ့်မယ်။ အမြုတေဆိုရင်တော့ ဖုတ်ကောင်ကိုသတ်တဲ့သူက အမြုတေကိုရလိမ့်မယ်"
လင်ဖေးက သူတို့ကို ကြည့်နေပြီး ကောင်းကျိုး ဆိုးကျိုးတွေကို သေချာစဉ်းစားတယ်။ အချိန်အတော်ကြာ ခေတ္တနှုတ်ဆိတ်နေပြီးနောက်မှ နောက်ဆုံးတော့ သူက ခေါင်းညိတ်ကာ "ကောင်းပြီ၊ ဒါပေမယ့်အခုတော့ ကျွန်တော် အစာနှင့်ရေ လိုချင်နေပြီ။ ဗိုက်ဆာပြီး ရေငတ်နေတယ်"လို့ ပြောလိုက်တယ်။
သူသဘောတူလိုက်တာနဲ့ ကျင်ဇီချင် က သူ့ကျောပိုးအိတ်ကိုဖွင့်ပြီး ဘီစကွတ်ဗူးနှင့် ရေတစ်ပုလင်းကို ထုတ်ယူလိုက်တယ် “အစ်ကို၊ ကျွန်တော်တို့ကအဖွဲ့ ဖြစ်နေပြီ၊ မင်းရဲ့နာမည်နှင့် အသက်ကို ပြောပြပေးနိုင်မလား”လို့ မေးလိုက်တယ်။
ပစ္စည်းတွေယူလိုက်ပြီး "ကျွန်တော်နာမည်က လင်ဖေး ၊ ဒီနှစ်မှာ အသက်က ၂၃ နှစ်" လို့ ပြန်ဖြေပါတယ်။
"အစ်ကိုလင်း၊ ကျွန်တော်နာမည်က ကျင်ဇီချင် ပါ။ ကျွန်တော်ကမင်းထက်တစ်နှစ်ငယ်တယ်။ ပြီးတော့ ဒါက ကျွန်တော့်အစ်မကျင်ဟွမ်းက မင်းထက်နှစ်နှစ်ကြီးတယ်"လို့ ကျင်ဇီချင်ကလည်း ပြန်မိတ်ဆက်ပေးသည်။
ဒါကိုကြားတော့ လင်ဖေးက ကျင်ဟွမ်းကိုကြည့်ပြီး အံ့အားတကြီးနဲ့ ပြောလိုက်တယ် "အဲ့ဒါ အစ်မကြီးလို့ ကျွန်တော်မမျှော်လင့်ထားဘူး"
"ငါက ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်လို ဖြစ်နေရင်တောင် ငါက အရွယ်ရောက်နေပြီ"လို့ ကျင်ဟွမ်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
သူမရဲ့ကလေးမျက်နှာကြောင့် လူအများက သူမကို တက္ကသိုလ်ကျောင်းသူ ဒါမှမဟုတ် အထက်တန်းကျောင်းသူလို့တောင် ထင်မြင်ယူဆကြပါတယ်။ လူတွေက သူမကို အရွယ်မရောက်သေးတဲ့ ကလေးလေးလို ဆက်ဆံတာကို သူမ မုန်းတီးတယ်။
သူမ မကျေနပ်တာကို သတိထားမိတော့ လင်ဖေးက တခစ်ခစ်ရယ်ပြီးချော့မြှူလိုက်တယ် "အစ်မ ၊ အဲဒါကို ဆိုလိုချင်တာမဟုတ်ပါဘူး၊ မင်းက လှပပြီး နုပျိုနေတာပဲ၊ တစ်ယောက်ယောက်က မသိရင် မင်းက ညီလေးကျင်ရဲ့ ညီမလို့ ထင်ကောင်းထင်လိမ့်မယ်"
သူ့စကားကြားသောအခါ ကျင်ဟွမ်းက ဘာမှပြန်မပြောပေ။ သူက သူမတို့ကို ဒုက္ခပေးရန် မရည်ရွယ်သော်လည်း သူမက သူ့ကို မကျေနပ်သေးပေ။
"အစ်ကိုလင်း ၊ မင်းအရင်ဆုံး အနားယူနိုင်လိုက် မင်းပြန်ကောင်းလာပြီးရင် ကျွန်တော်တို့ခရီးဆက်ကြမယ်" ဟု ကျင်ဇီချင်ကပြောသည်။
"ကောင်းပြီ" လင်းဖေးက ခေါင်းညိတ်သည်။
စွန့်ပစ်ထားသောစတိုးဆိုင်ငယ်လေးတစ်ခုကို တွေ့ရှိပြီးနောက်တော့ လင်ဖေးကအနားယူကာ စားသောက်နေစဉ်တွင် ကျင်မောင်နှမကတော့ရိက္ခာရှာဖွေရန် သွားကြသည်။ အနောက်ခန်းကိုရောက်တော့ လင်ဖေးရဲ့နှုတ်ခမ်းလေးတွေက ကော့တက်လာသည်။
'အင်း ငါက စက်ရုံအလုပ်သမားမဟုတ်ဘဲ သရုပ်ဆောင်ဖြစ်သင့်တယ်။ ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဖြုန်းတီးပစ်လိုက်တာပဲ'' ဟု စိတ်ထဲမှာ တွေးလိုက်မိသည်။
ထိုအချိန်တွင်တော့ ဆန့်ကျင်ဘက်ဘက်ရှိ ဓာတ်ဆီဆိုင်ငယ်တစ်ခုတွင် ကျိူးလီဇီ နှင့် နတ်ဆိုးအဖွဲ့တို့ဟာ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
စစ်သားမဟုတ်တော့တဲ့အတွက် သံချပ်ကာကားတွေကို မသုံးတော့ဘဲ စွန့်ပစ်ထားတဲ့ ကားအများအပြားကို ရှာဖွေခဲ့ပါတယ်။
ကျန်းယွမ်နှင့် အခြားအဖွဲ့ဝင်များက မီနီဗန်ကားနှင့် SUV ကားအနည်းငယ်ကို တွေ့ရှိခဲ့သော်လည်း ကျိူးလီဇီက သူမရဲ့ SUT ကို ထုတ်ခဲ့သည်။ နောက်ပိုင်းတွင် ရိက္ခာများသယ်နိုင်ရန်အတွက်လည်း သူမက ကားကိုရှင်းလင်းခဲ့သည်။
ကားများကိုရွေးချယ်ပြီးနောက်တော့ ဝိန့်ညီအစ်ကိုတို့က ယာဉ်များကို သတ္တုဖြင့် အားဖြည့်ပေးကာ သူတို့ရဲ့ ခုခံအားကို အလွန်တိုးတက်စေလိုက်သည်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သူတို့က နောက်ထပ်ပစ္စည်းတွေကိုရှာဖွေပြီး ဖုတ်ကောင်တွေကို ရှင်းပစ်ဖို့ စထွက်လိုက်ကြတယ်။
အရင်အတိုင်းပဲ အဖွဲ့ကအရင်ထွက်ခွာပြီးတာနဲ့ ကျိူးလီဇီ နှင့်ကျင်းရွှီယန်းတို့နှစ်ယောက်က မြေအောက်လောင်စာဆီကန်တွေကို စုဆောင်းလိုက်တယ်။ ပြီးသွားတော့ သူတို့နှစ်ယောက်က ကားမောင်းထွက်လာပြီး အဖွဲ့နှင့်ပြန်ပူးပေါင်းလိုက်တယ်။
ထိုယာဉ်များတွင် ဆက်သွယ်ရေးကိရိယာ မပါရှိတာကြောင့် လမ်းပေါ်တွင် စကားပြောဆိုခြင်းမပြုနိုင်ပေ။ ကံကောင်းလို့ သူတို့အားလုံးက Morse ကုဒ်ကို သိသောကြောင့် မက်ဆေ့ချ်များ ထပ်ဆင့်ပေးပို့ရန်က သူတို့အတွက် ပြဿနာမဟုတ်ပေ။
မြေပုံကို စစ်ဆေးပြီးနောက် ကျိူးလီဇီကတိုက်တွန်းလိုက်တယ် "အစ်ကိုယန်း ၊ ကျွန်မတို့က စီးပွားရေးရပ်ကွက်တစ်ခုနဲ့ နီးနေပြီ ၊ ဂြိုလ်တုဖုန်းတွေ ထပ်ရနိုင်မလားဆိုတာကို သွားကြည့်ရအောင်။
အခန်း-(၁၇၉)
ထိုအချိန် ဆန့်ကျင်ဘက်ဘက်ရှိ ဓာတ်ဆီဆိုင်ငယ်လေးတစ်ခုတွင်တော့ ကျိူးလီဇီ နှင့် နတ်ဆိုးအဖွဲ့ဟာ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
စစ်သားတွေမဟုတ်တော့တဲ့အတွက် သံချပ်ကာယာဉ်တွေကို အသုံးမပြုတော့ဘဲ အဝတ်အစားတွေကိုလည်းလဲခဲ့ပါတယ်။ ယခုအခါမှာတော့ စစ်ဝတ်စုံအစား ရှပ်အင်္ကျီ၊ တီရှပ် နှင့် ဂျင်းဘောင်းဘီတို့ကို ဝတ်ဆင်ထားကြသည်။ ဤနည်းဖြင့်ဆို သူတို့က စစ်သားများဖြစ်ကြောင်းကို မည်သူမျှ မသိနိုင် တော့ပေ။
မော်တော်ယာဉ်များနှင့်ပတ်သက်၍ကတော့ စွန့်ပစ်ထားသော ကားအများအပြားကိုတွေ့ရှိခဲ့သည်။ ကျန်းယွမ် နှင့် အခြားအဖွဲ့ဝင်များက မီနီဗန်ကားနှစ်စီးနှင့် SUV ကားလေးစီးကို ပြန်ယူလာစဉ်တွက် ကျိူးလီဇီက SUT ကို သူမရဲ့နေရာလွတ်မှ ထုတ်ယူလာခဲ့သည်။
သူမက ရိက္ခာတွေသယ်ရန်အတွက်လည်း ကားနောက်ခန်းကို ရှင်းလင်းခဲ့သေးသည်။
ကားများရှာဖွေပြီးနောက်တော့ တိုင်ကီများကိုဆီဖြည့်ကာ ဓာတ်ဆီဆိုင်ရဲ့အနောက်ဘက်တွင် တွေ့ရှိခဲ့သောဓာတ်ဆီဗူးအလွတ်များကိုလည်း ဖြည့်သွင်းခဲ့သည်။
ဗူအကြီးကြီးတစ်ခုစီကို လီတာ ၃၀ ဆံ့ပြီး မီနီဗန်ကားများထဲတွင် ထည့်ထားသည်။ သေးငယ်သောဗူးများတွင်တော့ ၁၀ လီတာသာ သိုလှောင်နိုင်ပြီး SUV များနှင့် ကျိူးလီဇီရဲ့ SUT များပေါ်တွင် အရန်အဖြစ်တင်ဆောင်ထားလိုက်သည်။
ကားများအပေါ် ဆီအပြည့်ဖြည့်ပြီးသောအခါ ဝိန့် ညီအစ်ကိုတို့က ကားများကို သတ္တုဖြင့် အားဖြည့်ပေးကြပြီး ခုခံအားကို အလွန်တိုးတက်စေခဲ့သည်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သူတို့မှာချို့တဲ့နေတဲ့ ပစ္စည်းတွေကို ထပ်ရှာဖို့ ထွက်လာကြတယ်။
အရင်အတိုင်းပဲ သူမနှင့်ကျင်းရွှီယန်းက အဖွဲ့ဝင်တွေကို အရင်ထွက်စေခဲ့ပြီးမှ မြေအောက်ဆီသိုလှောင်ကန်တွေကို စုဆောင်းခဲ့ပါတယ်။ ပြီးသွားတော့ သူတို့နှစ်ယောက်က ကားမောင်းထွက်ပြီး အဖွဲ့ထဲကို ပြန်ဝင်သွားတယ်။
ယာဉ်များတွင် ဆက်သွယ်ရေး ကိရိယာများ မပါရှိတာကြောင့် လမ်းပေါ်တွင် စကားပြောဆိုခြင်း မပြုနိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးက Morse ကုဒ်ကို သိသောကြောင့် ပြဿနာမဟုတ် တော့ပေ။
မြေပုံကို စစ်ဆေးပြီးနောက် ကျိူးလီဇီက ပြောလိုက်တယ်"အစ်ကိုယန်း၊ ကျွန်မတို့က စီးပွားရေးရပ်ကွက်တစ်ခုနဲ့ နီးနေပြီ၊ အဲဒါကို သွားကြည့်ပြီး ဂြိုလ်တုဖုန်းတွေ ထပ်ရနိုင်မလားကြည့်ရအောင်"
ကျိူးလီဇီရဲ့စကားကိုကြားသောအခါ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟုပြောသည်။
သူဒီလောက်လွယ်လွယ်သဘောတူလိုက်တော့ ကျိူးလီဇီက သူ့ကိုကြည့်ပြီးမေးလိုက်တယ် "အစ်ကိုယန်း မင်းမှာ ကိုယ်ပိုင်အစီအစဉ်မရှိဘူးလား။ကျွန်မရဲ့အကြံပြုချက်ကို သဘောတူဖို့က အဆင်ပြေရဲ့လား"
ကျင်းရွှီယန်းက ရယ်မောပြီးပြန်ဖြေတယ် "ကိုယ့်မှာ တိကျတဲ့ အစီအစဉ် မရှိပါဘူး။ အခုအချိန်မှာတော့ ကိုယ့်တို့ အဖွဲ့ရဲ့ အဓိက ရည်မှန်းချက်က ဖုတ်ကောင်တွေကို တတ်နိုင်သမျှ ရှင်းပြီး နောက်မိုးမရွာခင် ရိက္ခာတွေ စုဆောင်းဖို့ပဲ"
သူမရဲ့ယခင်ဘဝတုန်းက နောက်ထပ်မိုးရွာခြင်းကြောင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို တွေးတောရင်း ကျိူးလီဇီက မေးမြန်းလိုက်တယ် "အစ်ကိုယန်း ဒီဧရိယာအနီးနားမှာ လယ်လုပ်တဲ့သူတွေ အများကြီးရှိတယ်။ စီးပွားရေးရပ်ကွက်ကို မသွားခင် အဲဒီကို အရင်ဝင်လိုက်ရင်ဘယ်လိုလဲ"
ဒါကိုကြားတော့ ကျင်းရွှီယန်းက သူမကို နောက်ကြည့်မှန်ကနေ တစ်ချက်ကြည့်လိုက်ပြီး "အာ့ဇီ ဘာလို့ရုတ်တရက်ကြီး အဲဒီကို သွားချင်တာလဲ" လို့ မေးလိုက်တယ်။
"ကျွန်မတို့ တိရစ္ဆာန်တွေ ရနိုင်မလားဆိုတာ ကြည့်ချင်တယ်။ လျှပ်စစ်မီးမရှိတော့တဲ့အတွက် အသားအများစုက ပုပ်သိုးသွားပြီး အခုဆို အသားကရှာရတာခက်ခဲနေတယ်။ တိရစ္ဆာန်တွေရနိုင်မယ်ဆိုရင် ကျွန်မရဲ့အာကာသထဲမှာ သိမ်းထားလို့ရတယ်" လို့ ကျိူးလီဇီက ပြန်ဖြေသည်။
"ကောင်းပြီ ၊ မင်းရဲ့နေရာမှ သိမ်းထားရင် သူတို့ကသေသွားလိမ့်မယ်၊ အနည်းဆုံးတော့ ကိုယ့်တို့စားဖို့ အသားတော့ရှိလိမ့်မယ်" လို့ ကျင်းရွှီယန်းက ခဏအကြာမှာ တွေးတောရင်းပြောလာသည်။
ဒါကိုကြားတော့ ကျိူးလီဇီက မြေပုံကို ညွှန်ပြပြီး "အစ်ကိုယန်း ၊ ဒီကနေ ကီလိုမီတာ နှစ်ဆယ်လောက်ဝေးတယ်။ ဘယ်ဘက်လမ်းကို သွားရမယ်" လို့ ပြောလိုက်တယ်။
"ကောင်းပြီ"
ထို့နောက် ကျင်းရွှီယန်းက Morse ကုဒ်ဖြင့် အချက်ပြရန် ကားရှေ့မီးကို အသုံးပြုခဲ့သည်။ အရှေ့ရှိ ချင်လူဇီ နှင့် ကျန်သူများက အချက်ပြမှုကိုလက်ခံရရှိပြီး လက်ဝဲဘက်လမ်းအတိုင်း မောင်းသွားကြတယ်။
လမ်းမကြီးမှ ထွက်ခွာပြီးတာနှင့် အခြေအနေကမကောင်းတော့တာကြောင့် အရှိန်လျှော့ခဲ့ရသည်။ ဖုတ်ကောင်များက သွားလာနေသည့်အပြင် လမ်းကလည်း စွန့်ပစ်ထားသော ကားများဖြင့် ပိတ်ဆို့နေသည်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက ကားရှေ့မီးတွေနဲ့ အချက်ပြလိုက်ပြီး သိပ်မကြာခင်မှာပဲ အားလုံးကသူတို့ကားတွေကို ရပ်လိုက်ပြီး ကားထဲက ထွက်လာခဲ့တယ်။
သူတို့ကားထဲက ထွက်လာတာနဲ့ ဖုတ်ကောင်တွေက သူတို့ရဲ့ ရနံ့ကိုရပြီး ဟိန်းဟောက်ကာ ပြေးလာသည်။ အချို့က ကားများပိတ်ဆို့နေ၍ ကျော်တက်လာခြင်း မပြုလုပ်နိုင်ကြသော်လည်း အချို့ကတော့ သူတို့ထံ အရောက်လှမ်းလာနိုင်ခဲ့သည်။
"ရားးး"
ဖုတ်ကောင်များကတော့ ၎င်းတို့၏ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ အော်ဟစ်လို့ ပြေးလာကြသည်။
"ပေါ့ပ် ပေါ့ပ် ပေါ့ပ်"
ဖုတ်ကောင်များချဉ်းကပ်လာတာကိုမြင်တော့ လူတိုင်းက သူတို့ရဲ့လေသေနတ်များကို သေနတ်အိတ်များထဲမှ ထုတ်ကာ ပစ်ခတ်ကြသည်။ အဲဒီလို အနီးကပ်ပစ်ခတ်မှုက ဖုတ်ကောင်တွေရဲ့ဦးခေါင်းခွံတွေကို ဖောက်နိုင်ပြီး ချက်ခြင်းလည်းသတ်ပစ်လိုက်နိုင်တယ်။
ဒါကိုမြင်တော့ ကျန်းယွမ်က ပြောလိုက်တယ် "ဖူယွင်ရဲ့ လေသေနတ်တွေသုံးတဲ့ စိတ်ကူးက တကယ်ကောင်းတယ်။ အနီးကပ် တိုက်ခိုက်ရာမှာ ထိရောက်ပြီး သေနတ်ထက် ပိုငြိမ်တယ်"
သူ့စကားကို ချင်လူဇီကလည်း ခေါင်းညိတ်ကာထောက်ခံပြီး "ဝိန့်ခိုင် ၊ ဝိန့်မို တို့ရှိလို့ ကျည်ဆန်တွေ ကုန်သွားမှာလည်းစိတ်ပူစရာ မလိုဘူး"လို့ ဆက်ပြောတယ်။
ကျန်းယွမ် နှင့် အခြားလူများကလည်း ဒီစကားကြားတော့ ခေါင်းညိတ်လိုက်ကြပြီး ဖုတ်ကောင်များကို ဆက်လက်ရှင်းလင်းကြသည်။ တစ်ချိန်တည်းမှာပင် ကျို့ဟွာကျဲက သူ့ရဲ့စပျစ်နွယ်ပင်များကိုအသုံးပြု၍ စွန့်ပစ်ထားသော ကားများကို လမ်းဘေးသို့ ဆွဲချနေသည်။
အရေးပေါ်အခြေအနေတွင် အသက်ရှင်ကျန်ရစ်သူများ လွတ်မြောက်ဖို့လွယ်ကူစေရန်အတွက် သူတို့က လမ်းကြောင်းရှင်းလင်းနေပါတယ်။
လေသေနတ်တွေက ဘယ်လောက်တောင်ထိရောက်လည်းဆိုတာကိုမြင်ပြီး သဘောကျသွားသဖြင့် ကျိူးလီဇီက ကျင်းရွှီယန်း ဆီ ကပ်သွားပြီး "အစ်ကိုယန်း ကျွန်မလည်း သေနတ်လိုချင်တယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက အဆင်သင့်ပဲသဘောတူတယ်။ "ကောင်းပြီ၊ ဝိန့်မိုကိုမင်းအတွက် တစ်ခုလုပ်ခိုင်းလိုက်မယ် "
"ကျေးဇူးတင်ပါတယ် အစ်ကိုယန်း ၊ မင်းက အကောင်းဆုံးပဲ" ကျိူးလီဇီက သူ့လက်မောင်းကိုဆုပ်ကိုင်ကာ သူ့ကို ချီးကျူးလိုက်သည်။
သူနဲ့ဆို ချစ်ဖို့ကောင်းနေတဲ့ မိန်းကလေးတစ်ယောက်လို ပြုမူရတာကို သဘောကျပြီး သူ့ကို ချီးကျူးစကားတွေ ပြောနေမိမှန်း သူမသိပါတယ်။ သူကလည်းကြိုက်တာဖြစ်တဲ့အတွက် စေတနာထားပြီး သူကိုပျော်အောင်လုပ်ပေးတယ်။
ကျင်းရွှီယန်းကတော့ သူမဘာတွေတွေးနေမှန်းမသိဘဲ သူမကချစ်စဖွယ်လေးလိုပြုမူနေတာကို တွေ့လိုက်ရတော့ သူ့ကောင်မလေးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သည့်အတွက် ဂုဏ်ယူမိသည်။
လေသေနတ်များကြောင့် ဖုတ်ကောင်များကို သူတို့အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြတယ်။ ရှန်းကျင်းဇီက အလောင်းများကိုမီးရှို့နေစဉ်တွင် ရှောင်ချီက အမြုတေများကို စုဆောင်းခဲ့သည်။ သူတို့အသုံးပြုခဲ့သော သတ္တုကျည်ဆံများကိုတော့ ဝိန့်မိုက လက်ဝှေ့ယမ်းကာ ၎င်းတို့ကိုပြန်လည်ရယူခဲ့သည်။
သတ္တုကျည်ဆန်မှာ သွေးမည်းများစွန်းထင်းနေတာကို တွေ့တဲ့အခါ သက်ပြင်းချပြီးပြောလိုက်တယ် "ငါတို့ ဒီသတ္တုကို ပြန်သုံးနိုင်မယ်လို့ ငါထင်တယ်၊ ဒါပေမယ့် ဖုတ်ကောင်ဗိုင်းရပ်စ်က စွန်းထင်းသွားပြီ"
ဒါကိုကြားတော့ ကျိူးလီဇီရဲ့ မျက်လုံးတွေကတောက်ပလာတယ်။ သူမက လမ်းလျှောက်လာပြီး "အစ်ကိုဝိန့်၊ ကျွန်မရဲ့ရေနဲ့ သန့်စင်အောင် လုပ်ရင်ဘယ်လိုလဲ" လို့ မေးလိုက်တယ်။
ရေက ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်မလားဆိုတာ မသိပေမယ့် ဝိန့်မိုက ခေါင်းညိတ်ပြီး "ကောင်းပြီ" လို့ ပြောလိုက်တယ်။
အခန်း-(၁၈၀)
ကျိူးလီဇီက ရှေ့ကို လှမ်းလာရင်း ရေဘောလုံးကို ဖန်တီးလိုက်တယ်။ ဝိန့်မိုရဲ့အကြည့်ကို ပိတ်ဆို့ရန်အတွက် သူမရဲ့ခန္ဓာကိုယ်ကို အသုံးပြုခဲ့ပြီး သတ္တုကျည်ဆန်တွေကို သူမရဲ့နေရာလွတ်ထဲသို့ စက္ကန့်အနည်းငယ်ကြာအောင် တိတ်တဆိတ် စုဆောင်းခဲ့သည်။
ထို့နောက် သတ္တုကျည်ဆန်များရဲ့ တောက်ပြောင်နေသော မျက်နှာပြင်ကို မြင်လိုက်ရသောအခါ သူမကပြုံးပြီး ဒါတွေကို ထုတ်ယူလိုက်သည်။ သူမရဲ့လျှို့ဝှက်သော လှုပ်ရှားမှုများကိုဖုံးကွယ်ရန်အတွက် သူမက သတ္တုကျည်ဆန်တွေကို ရေဘောလုံးဖြင့် ဆေးကြောပြီး "အစ်ကိုဝိန့်၊ ပြီးပြီ" ဟု ပြောလိုက်သည်။
ဝိန့်မိုက လမ်းလျှောက်လာပြီး သတ္တုကျည်ဆန်ရဲ့ သန့်ရှင်း နေတဲ့ပုံသဏ္ဍာန်ကိုတွေ့လိုက်ရတော့ အံ့သြသွားတယ်။ သူက သတ္တုကျည်ဆန်တွေကို စစ်ဆေးလိုက်ပြီး "ညီမ၊ မင်း အဲဒါ တွေကို ကောင်းကောင်း သန့်စင်လိုက်တာပဲ ဒါကို သေချာပေါက် ပြန်သုံးလို့ရတယ်" လို့ ပြောလိုက်တယ်။
"ကူညီခွင့်ရတာ ဝမ်းသာပါတယ်။ နောက်တစ်ခါ ထပ်ရှင်းဖို့ လိုအပ်ရင်လည်း ကျွန်မကို အသိပေးလိုက်" လို့ ကျိူးလီဇီက ပြုံးပြီး ပြောလိုက်တယ်။
"ကောင်းပြီ"
လမ်းတွေရှင်းပြီးတာနဲ့ ကားပေါ်သို့ ပြန်တက်ကာ စိုက်ပျိူးမွေးမြူရေးခြံရှိရာသို့ မောင်းသွားကြသည်။ ကားထဲမှာထိုင်နေတဲ့ ကျိူးလီဇီက ပြတင်းပေါက်ကနေ ငေးကြည့်နေတယ်။
ကျင်းရွှီယန်းက သတိပြုမိသော်လည်း သူမ ပင်ပန်းနေပြီဟု ယူဆလိုက်မိသည်။ သူတွေးနေတာတွေကိုမသိဘဲ ကျိူးလီဇီကတော့ သူမရဲ့နေရာလွတ်ကို စိတ်စွမ်းအားဖြင့် စစ်ဆေးနေပါသည်။
ဖုတ်ကောင်များစွာကို အဖွဲ့ကရှင်းထုတ်ခဲ့တာကြောင့် သူမရဲ့အာကာသနေရာလွတ်အတွင်း အမြုတေမည်မျှ သိမ်းဆည်းထားနိုင်မည်ကို ခြေရာခံနိုင်တော့မည်မဟုတ်ပေ။
ခြိုးခြံချွေတာသူဖြစ်သောကြောင့် ရှောင်နိုင်လျှင် သူမရဲ့နေရာလွတ်ကို ပံ့ပိုးပေးရန်အတွက် အမြုတေများကို အသုံးမပြုချင်ပါ။ အဲဒီအစား သူမက သွေးအနက်ရောင် သို့မဟုတ် ဖုတ်ကောင်တွေဆီမှကျန်ရှိနေခဲ့သည့်အရာများကို မကြာခဏစုဆောင်းထားသောကြောင့် အာကာသက စွမ်းအင်အဖြစ် အဲဒါတွေကို စုပ်ယူနိုင်မည်ဖြစ်သည်။
ဖုတ်ကောင်ဗိုင်းရပ်စ်ပိုးကို စုပ်ယူနိုင်တဲ့ သူမရဲ့ အာကာသ စွမ်းရည်ကို တွေးတောရင်း မိုဘင်းရှန်းလို ဖုတ်ကောင်တွေကိုပဲ သူမရဲ့ အာကာသထဲကိုထည့်ပြီး စုပ်ယူနိုင်မလားလို့ သူမ တွေးမိခဲ့တယ်။
ဤနည်းလမ်းသာဖြစ်နိုင်ပါက ဖုတ်ကောင်များကိုသတ်ရာတွေ သူမကစွမ်းအင်ကိုလည်းချွေတာနိုင်ပြီး တစ်ချိန်တည်းမှာပဲ သူမရဲ့အာကာသနေရာလွတ်အတွက် ထောက်ပံ့ပေးရမယ့် အမြုတေများကိုလည်း ချွေတာနိုင်သည်။
' ဖုတ်ကောင်တွေကို နောက်တစ်ကြိမ် ရှင်းထုတ်တဲ့အခါကြမှ စမ်းကြည့်လို့ရတယ်' ဟု သူမ စိတ်ထဲမှာ တွေးတောလိုက်တယ်။
အမြုတေများကို စစ်ဆေးပြီးနောက်တော့ သူမက ကျီ(စပါးကျီ) ဘက်သို့လှည့်သွားသည်။ အဲဒီမှာ သိုလှောင်ထားတဲ့ ပြောင်းပမာဏက တဖြည်းဖြည်းတိုးလာနေတယ်။ သို့သော် အခြားသီးနှံများ မရှိပေ။ သူမမှာ အခြားအပင်မျိုးစေ့တွေရရှိထားတာကြောင့် အဲဒါတွေကိုလည်းစိုက်ချင်ခဲ့သည်။
ထိုအတွေးဖြင့် သူမရဲ့လယ်မြေများကို စစ်ဆေးလိုက်တယ်။ မြင်လိုက်ရသောအရာကြောင့် သူမထိတ်လန့်သွားခဲ့သည်။
စောစောကတင် သူမစိုက်ခဲ့တဲ့ သစ်ပင်တွေနှင့် ချုံပုတ်တွေက ကြီးထွားနှုန်းမြန်နေတာကြောင့် သူမရဲ့မျက်လုံးတွေကိုတောင် သံသယဝင်မိသွားတယ်။ စတော်ဘယ်ရီချုံပုတ်များက သေးငယ်သော်လည်း အသီးများ သီးနေပြီဖြစ်ပြီး အပင်များကတော့ ပိုမြင့်လာပြီး ပန်းပွင့်များ ပွင့်နေကြပြီ။
သူမက ခဏလောက်စဉ်းစားပြီးမှ စပါးပင်တွေကို စိုက်ဖို့ အနက်ရောင် မြေဆီလွှာကို အသုံးပြုပြီး သစ်ပင်တွေကိုတော့ မြက်ခင်းပြင်ကိုရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြောင်းဖူးပင် တွေအတွက်တော့ ဂျုံနှင့် အာလူးများဖြင့် အစားထိုးရန် စီစဉ်လိုက်သည်။
ဆက်တင်များကိုဖွင့်လိုက်တော့ ပြောင်းဖူးပင်ရိတ်သိမ်းရန်အတွက် ဆယ့်ငါးမိနစ်ခန့် စောင့်ရန် လိုအပ်ကြောင်း သူမတွေ့လိုက်ရသည်။ စောင့်ဆိုင်းနေစဉ်တွင် လယ်မြေမှ သစ်ပင်များကို ရွှေ့ပြောင်းပြီး အိမ်အနောက်ဘက်တွင် ပြန်လည်စိုက်ပျိုးခဲ့သည်။
ပြီးသောအခါမှာတော့ ပြောင်းဖူးတွေကရိတ်သိမ်းရန် အသင့်ဖြစ်နေပါပြီ။ ပြောင်းဖူးတွေရိတ်သိမ်းပြီးနောက်မှာတော့ စပါးစိုက်ရန်အတွက် အနက်ရောင်မြေဆီလွှာ 100 m²၊ ဂျုံအတွက် 50 m² နှင့် အာလူးအတွက် 50 m² တို့ကို အသုံးပြုခဲ့သည်။
ထို့နောက် သူမက အောက်ဆီဂျင်အဆင့်ကို စစ်ဆေးလိုက်တော့ သီးနှံပင်များထပ်ထည့်ပြီးနောက်တော့ ၁၀% တိုးလာတာကို သတိပြုမိလိုက်သည်။
လယ်မြေမှာစိုက်ပျိူးပြီးတာနဲ့ ကျင်းရွှီယန်းရဲ့ အသံကိုကြားလိုက်ရတယ် "အာ့ဇီ ကိုယ်တို့ရောက်ပြီ"
ဒါကိုကြားတော့ သူမရဲ့စိတ်စွမ်းအားတွေ ရုတ်သိမ်းလိုက်ပြီး အပြင်ကို လှမ်းကြည့်လိုက်တယ်။ ဒီနေရာက လမ်းပေါ်တွင် ပြန့်ကျဲနေသော ဖုတ်ကောင်များနှင့် တိရစ္ဆာန်အရိုးများဖြင့် ပြည့်နှက်နေသည်။ အခင်းဖြစ်ပွားရာနေရာကို သုံးသပ်ကြည့်ရလျှင် သက်ရှိသတ္တဝါများကို ရှာဖွေရန်က အခွင့်အလမ်း အလွန်နည်းပါးသည်။
ကားထဲကမထွက်လာခင်မှာပဲ လူတိုင်းက သူတို့ရဲ့ လေသေနတ်တွေကိုစစ်ဆေးပြီး ကားရဲ့ရှေ့မီးတွေကို အသုံးပြုကာ ဆက်သွယ်ခဲ့ကြတယ်။
"ဂါးးးး"
ကားပေါ်မှ ဆင်းလိုက်တာနဲ့ ဖုတ်ကောင်အများအပြားက ပြေးလာကြသည်။ နတ်ဆိုးအဖွဲ့သားတွေကတော့ သူတို့ရဲ့သေနတ်တွေကိ ကိုင်ရင်း ဆယ်စက္ကန့်မပြည့်ခင်မှာပဲ အားလုံးကို သတ်ပစ်လိုက်တယ်။
"ပေါ့ပ် ပေါ့ပ် ပေါ့ပ်"
သတ္တုကျည်ဆန်များဟာ ဦးခေါင်းခွံများထဲကိုထိုးဖောက်ဝင်ရောက်သွားပြီး ဖုတ်ကောင်များကိုချက်ချင်းသေဆုံးသွားခဲ့သည်။အခြားသူတွေက ဖုတ်ကောင်များကို ချေမှုန်းနေစဉ်တွင် ရှန်းကျင်းဇီကတော့ သူရဲ့အပြာရောင်မီးတောက်ကို အသုံးပြုပြီး အလောင်းများကိုမီးရှို့ခဲ့ပြီး ရှောင်ချီက အမြုတေများကို ကောက်ယူခဲ့သည်။
"ကပ္ပတိန်၊ အဲဒီဂိုဒေါင်ထဲမှာ လူတွေရှိတယ်" လို့ ချင်လူဇီက သူတို့နဲ့ မဝေးတဲ့ အဆောက်အဦးကို ညွှန်ပြရင်း ပြောလိုက်တယ်။
"လူဘယ်နှစ်ယောက်လဲ" လို့ ကျင်းရွှီယန်းက မေးသည်။
"သာမန်လူသုံးဆယ့်လေးယောက်နှင့် စွမ်းရည်အသုံးပြုသူခြောက်ယောက်" ဟု ချင်လူဇီက ခဏအကြာတွင် ပြန်ဖြေသည်။
ကျင်းရွှီယန်းက တစ်စက္ကန့်လောက်စဉ်းစားပြီးမှ "အဲဒီမှာ စွမ်းရည်ရှိတဲ့သူတွေရှိလို့၊ အသက်ရှင်ကျန်ရစ်သူတွေကို မစစ်ဆေးတော့ဘူး။ ခြံတွေကိုပဲ သွားစစ်ဆေးကြရအောင်"လို့ ပြောလိုက်တယ်။
"နားလည်ပြီ"
နတ်ဆိုးအဖွဲ့က လမ်းတစ်လျှောက်က ဖုတ်ကောင်များကိုသတ်ကာ တိရစ္ဆာန်ခြံများဆီသို့ လျှောက်သွားနေစဉ်တွင် ရှောင်ချီကတော့ လမ်းပတ်ပတ်လည်ကိုကြည့်ကာ စိတ်ပျက်သွားခဲ့သည်။
သူတို့က ဖုတ်ကောင်များစွာကို သတ်ခဲ့ကြပေမယ့် အမြုတေ သုံးခုကိုသာတွေ့ရှိခဲ့သည်။ စက်ရုံခရိုင်များရှိ ဖုတ်ကောင်များထက် အမြုတေအရေအတွက်က အလွန်နည်းပါသည်။
ဂိုဒေါင်ထဲက လူငယ်တစ်ယောက်ဟာ သူတို့ကို ပြတင်းပေါက်ကနေ ကြည့်နေတယ်။ ထိုကအဖွဲ့ထွက်သွားတာကိုမြင်တော့မှ သူကဒုတိယထပ်ကို အမြန်ပြေးပြီး "သူဌေး၊ ဒီလူတွေက ဖုတ်ကောင်တွေကို သတ်ပြီး ထွက်သွားပြီ" လို့သတင်းပို့လိုက်တယ်။
ဒါကိုကြားတော့ လူတစ်ယောက်က မေးစေ့ကို ပွတ်သပ်ပြီးပြောလိုက်တယ် "စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ရှေ့မှာ ဂိုဒေါင်တစ်ခုရှိတယ်၊ ဒါပေမယ့် သူတို့က အဲဒါကိုတောင် မစစ်ဆေးဘူး။ အဲဒီအစား ဖုတ်ကောင်တွေကိုသတ်ပြီး ထွက်သွားခဲ့တယ်"
ခဏလောက်စဉ်းစားပြီးမှ လူငယ်ကိုကြည့်လိုက်ပြီး “သူတို့က စစ်သားတွေလား” ဟုမေးလိုက်သည်။
လူငယ်ကခေါင်းယမ်းပြီး “သူတို့က ယူနီဖောင်းမဝတ်ထားပေမယ့် သေနတ်တွေ ရှိတယ်” လို့ ပြန်ဖြေတယ်။
"သူတို့ကားတွေကော" လို့ ထိုလူက ထပ်မေးတယ်။
"မီနီဗန်ကား နှစ်စီး၊ SUV လေးစီး၊ SUT တစ်စီး"
ဒါကိုကြားတော့ အဲဒီလူက အတည်ပြုဖို့ ပြတင်းပေါက်ကို သွားလိုက်တယ်။ အပြင်မှာ ရပ်ထားတဲ့ ကားတွေကို မြင်တော့ သူ့မျက်လုံးတွေက တောက်ပလာပြီး "လူတိုင်းကို သူတို့ရဲ့ ပစ္စည်းတွေ ထုပ်ပိုးဖို့ ပြောလိုက်ကြ။ တစ်ယောက်ယောက်က လာပြီး ကားတွေ လာပို့ပေးတယ်၊ နောက်ဆုံးတော့ ဒီနေရာက ငါတို့ ထွက်သွားနိုင်ပြီ" လို့ ရွင်မြူးစွာ ပြောလိုက်သည်။
လူငယ်ကလည်း သူ့အမိန့်ကြောင့် ဝမ်းသာသွားတယ်။ ရိက္ခာအချို့ ကျန်နေသေးသော်လည်း လူတိုင်းအတွက်တော့ မလုံလောက တော့ပါ။ သူတို့ထွက်သွားချင်ရင်တောင် ကားတွေလိုအပ်တယ်။ တကယ်တော့ ဒီနေရာက မြို့နဲ့ဝေးပြီး လုံးဝလူ ခြေတိတ်နေတယ်။
"ဟုတ်ကဲ့ သူဌေး"
အမိန့်ပေးပြီးနောက်တော့ ထိုအမျိုးသားက အပြင်ဘက်တွင် သူ့ပစ္စည်းများကို ထုပ်ပိုးရန် အမြန်သွားခဲ့ပြီး ထိုအချိန်တွင် ဖုန်းယွင်ကတော့ ပြန်လာကာ အဖွဲ့ဆီသွားမပူးပေါင်းမီတွင် ကားများကို သူ့ရဲ့နေရာလွတ်၌ သိမ်းဆည်းလိုက်သည်။