← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇) - အပြန်အလှန် ထိုးနှက်ခြင်း၊ ဖေးယွန်းစီရင်စု၏ မဟာစစ်သေနာပတိ၊ မွေးရာပါ ထူးခြားသူ

လီယန်ချူက တည်ငြိမ်စွာဖြင့်

"ဆရာတော် ချီးကျူးတာ ကျေးဇူးတင်ပါတယ်"

ဟု ပြောလိုက်သည်။

​သူက တစ်ဖက်လူ၏ စကားကို ချီးမွမ်းခြင်းဟုသာ သဘောထားလိုက်သည်။

​ဇန်ရှန်းဆရာတော်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မနေ့ညက လီတာအိုဆရာက ချင်းဖုန်းတောင်ပေါ် တစ်ယောက်တည်းတက်ပြီး တောင်ပိုင်သခင်ကို သတ်မယ်၊ ငါတို့အကူအညီ မလိုဘူးလို့ ပြောဆိုထားတယ်ဆိုပဲ၊ နဂါးကို ယဉ်ကျေးအောင်၊ ကျားကို နှိမ်နင်းနိုင်တဲ့ တာအိုကျင့်စဉ်မျိုး ရှိနေတဲ့ မဟာတာအိုဆရာကြီး ဖြစ်ရမယ်၊ အခုတော့ အဲဒီတောင်ပိုင်သခင်က ဘယ်ရောက်နေပြီလဲ မသိပါဘူး "

​ဝမ်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

အခြေအနေမှာ ပြင်းထန်လာပြီ။

​လီယန်ချူက ပြုံးပြီး

"တောင်ပိုင်သခင်က ကျုပ် လက်ချက်နဲ့ သေသွားပါပြီ၊ သူ့လက်အောက်က မိစ္ဆာတွေကိုလည်း အကုန် ရှင်းပစ်လိုက်ပါပြီ"

ဟု ပြောလိုက်သည်။

​ဝမ်ဝမ်က လှည့်ကြည့်ကာ လီယန်ချူကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

​"လီတာအိုဆရာ၊ ဒါ တကယ်လား "

​လီယန်ချူက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ၊ တောင်ပိုင်သခင်လည်း သေဆုံးသွားပြီ၊ ချင်းဖုန်းတောင်ကြောရဲ့ ဘေးအန္တရာယ်လည်း ကင်းရှင်းသွားပါပြီ၊ ဒါကြောင့် လာရောက် နှုတ်ဆက်တာပါ"

​ဝမ်ဝမ်မှာ အလွန်ပျော်ရွှင်သွားပြီး သူ့နောက်က လူငယ်အရာရှိကို မထိန်းနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။

​ထိုအရာရှိမှာလည်း အံ့အားသင့်နေသည်။

အဲဒါ တောင်ပိုင်သခင်လေ။

ဒီအတိုင်းပဲ သေသွားတာလား

​ဇန်ရှန်းဆရာတော်က မဲ့ပြုံး ပြုံးလိုက်သည်။

"လူငယ်တွေက မောက်မာတတ်ကြတာပဲ၊ အပေါ်ယံ ကျင့်စဉ်လောက် သင်ထားပြီးတာနဲ့ လေလုံးကြီးတွေ ထုတ်ရဲတယ်၊ အဲဒီတောင်ပိုင်သခင်က နှစ်ပေါင်းငါးရာ ကျင့်စဉ်ရှိတယ်လို့ နာမည်ကြီးတာ၊ ဘယ်လိုလုပ် အလွယ်တကူ သေနိုင်မလဲ၊ လီတာအိုဆရာက တောင်ပေါ်ကို သွားအိပ်ပျော်ပြီး ကျုပ်တို့ကိုလာပြီး လိမ်နေတာလား "

​ဒီစကားကတော့ အတော်လေး ပြင်းထန်သည်။

​လီယန်ချူက မျက်ခုံးပင့်လိုက်ပြီး လေသံမာမာဖြင့်

"အဘိုးကြီး မင်းရဲ့ အမျက်ဒေါသကတော့ အတော်ကြီးတာပဲနော်"

ဟု ပြောသည်။

​ဇန်ရှန်းဆရာတော်က မျက်လုံးကို မှေးလိုက်ပြီး အေးစက်စွာဖြင့်

"သတ္တိကောင်းလှချည်လား၊ မင်းရဲ့ ဆရာတွေက မင်းကို အကြီးအငယ် အရိုအသေပေးရမယ်လို့ မသင်ပေးခဲ့ဘူးလား၊ ငါ့ကို ဘယ်လိုပြောလိုက်တာလဲ"

ဟု ဆိုသည်။

​ဝမ်ဝမ်က တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။

"နှစ်ဦးစလုံးက ဝေးလံတဲ့အရပ်ကနေ လာကြတာ၊ အားလုံးက နိုင်ငံတော်ရဲ့ ဒုက္ခတွေကို ဝေမျှဖို့၊ မိစ္ဆာတွေကို နှိမ်နင်းဖို့ လာကြတာပါ၊ ဆက်ပြီး ငြင်းခုံနေမယ်ဆိုရင်တော့ ကျုပ်ရဲ့ ရည်ရွယ်ချက်ကို လျစ်လျူရှုရာ ရောက်ပါလိမ့်မယ်"

​စစ်ဆေးရေးအရာရှိသည် တည်ကြည်ဖြောင့်မတ်သည်။

နိုင်ငံတော်၏ ကံကြမ္မာနှင့် တရားဥပဒေကို ကာကွယ်ထားသူ ဖြစ်သည်။

ထိုသို့ ပြောလိုက်သောအခါ ဇန်ရှန်းဆရာတော်လည်း တိတ်ဆိတ်သွားသည်။

​ချန်နိုင်ငံ၏ စစ်ဆေးရေးအရာရှိသည် အာဏာအလွန်ကြီးမားပြီး ဧကရာဇ်မင်း၏ အမိန့်ဖြင့် ဒေသအသီးသီးကို စစ်ဆေးရသူ ဖြစ်သည်။

သူ ယခုလာရခြင်းမှာ ကျင်ကွမ်းကျောင်းတော်၏ သာသနာကို ဖြန့်ချိရန် ဖြစ်သည်။

အရေးကြီးသည့်ကိစ္စကို အသေးအဖွဲအငြင်းပွားမှုကြောင့် ပျက်စီးသွား၍ မဖြစ်ပေ။

​အူမူတာအိုဆရာက ပြုံးပြီး

"ဝမ်အမတ်မင်း ပြောတာ မှန်ပါတယ်၊ လီတာအိုဆရာက အသက်ငယ်ပေမဲ့ တာအိုကျင့်စဉ်မှာ အတော်လေး ကျွမ်းကျင်မှာပါ၊ တောင်ပိုင်သခင်ကို သတ်တယ်ဆိုတော့ မိတ်ဆွေရဲ့ အရည်အချင်းကို ကျုပ်တို့လည်း ကြည့်ခွင့်ရအောင် သက်သေပြစရာများ ရှိမလား"

ဟု ဆိုသည်။

​သူ့လေသံမှာ တည်ငြိမ်ပြီး အပြုံးပါနေသည်။

သို့သော် ပြောသည့်စကားမှာ လီယန်ချူကို ညှပ်ထားခြင်းသာ ဖြစ်သည်။

​လီယန်ချူက ခေါင်းခါလိုက်သည်။

"တောင်ပိုင်သခင်နဲ့ တခြားမိစ္ဆာတွေကတော့ အကုန် မီးရှို့လိုက်လို့ ဘာအမှတ်အသားမှ မကျန်တော့ဘူး"

​ဇန်ရှန်းဆရာတော်က မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။

အူမူတာအိုဆရာမှာ တည်ငြိမ်နေသည်။

​"ဒါပေမဲ့ "

"ကျုပ်က တောင်ပိုင်သခင်ရဲ့ အလောင်းကို သန့်စင်လိုက်လို့ မိစ္ဆာအမြုတေ တစ်လုံး ရခဲ့တယ်၊ နှစ်ယောက်စလုံးကို ပြသချင်ပါတယ်"

​သူက အိတ်ထဲမှ အစိမ်းရောင်နှင့် အနီရောင် ရောနှောနေသော အမြုတေတစ်လုံးကို ထုတ်ပြလိုက်သည်။

ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်။

​အူမူတာအိုဆရာမှာ မျက်နှာပျက်သွားပြီး အကြည့်များမှာ လေးနက်သွားသည်။

ဇန်ရှန်းဆရာတော်မှာ မျက်လုံးပြူးသွားပြီး မျက်နှာမှာ ရှက်ရွံ့မှုများဖြင့် နီရဲသွားသည်။

​"ဘယ်လိုလဲ၊ အဘိုးကြီး ဒီမိစ္ဆာအမြုတေက အတုလား၊ မင်းရဲ့ အမြင်ကို သိချင်လိုက်တာ "

လီယန်ချူက ပြုံးပြီး မေးလိုက်သည်။

​ဇန်ရှန်းဆရာတော်၏ မျက်နှာမှာ နီရဲသွားပြီး ဒေါသထွက်လွန်း၍ စကားမပြောနိုင် ဖြစ်သွားသည်။

ခဏကြာသော်

သူက သက်ပြင်းကြီး ချလိုက်သည်။

​"အမိတဘ ၊ ဒီမိစ္ဆာအမြုတေက အစစ်ပါ ခုနက ကျုပ် ပြောမိတာ မှားသွားပါတယ်၊ သူရဲကောင်းတွေကို အထင်သေးမိလို့ လီတာအိုဆရာ ခွင့်လွှတ်ပေးပါ"

​ဒီရဟန်းကြီးက ဒေါသကြီးပေမဲ့ အမှားကိုတော့ ဝန်ခံတတ်သူ ဖြစ်သည်။

​လီယန်ချူက ပြုံးလိုက်သည်။

"ခုနက မယုံတာလည်း သဘာဝပါပဲ "

​ဇန်ရှန်းဆရာတော်မှာ အမှားဝန်ခံပြီးနောက် ဒီလူငယ်တာအိုဆရာက အခွင့်ကောင်းယူပြီး စော်ကားလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် သူက အလွယ်တကူပင် ခွင့်လွှတ်ပေးလိုက်သည်။

ဒါက သူ့ကို အံ့ဩစေသည်။

​"အမိတဘ ၊ ဒီနေ့ လီတာအိုဆရာကြောင့် ကျုပ် အမြင်ကျယ်သွားပါတယ်၊ တကယ်ကို ထူးချွန်တဲ့ လူငယ်ပါပဲ "

​ဝမ်ဝမ်က ရယ်မောလိုက်သည်။

"မိစ္ဆာတွေကို သတ်နိုင်ပြီး ပြည်သူတွေကို ကူညီနိုင်ရင် နိုင်ငံတော်အတွက် ကုသိုလ်ပါပဲ၊ လီတာအိုဆရာက အကြီးမားဆုံး ကုသိုလ်ရှင်ပါ ဇန်ရှန်းဆရာတော်နဲ့ အူမူတာအိုဆရာတို့ကလည်း ဝေးလံတဲ့အရပ်က လာပြီး မိစ္ဆာတွေကို နှိမ်နင်းပေးလို့ ကျေးဇူးတင်ပါတယ်။ ကျုက် အထက် ကို တင်ပြပြီး ဆုလာဘ်တွေ ပေးအပ်သွားပါ့မယ် "

​ဒီစကားကြောင့်

ဇန်ရှန်းဆရာတော်မှာ စိတ်အေးသွားသည်။

အူမူတာအိုဆရာလည်း ပြုံးလာသည်။

​သို့သော်

လီယန်ချူက အူမူတာအိုဆရာကို စိုက်ကြည့်နေသည်။

​အူမူတာအိုဆရာ အံ့ဩသွားပြီး

"ဘာကို ကြည့်နေတာလဲ"

ဟု ပြုံးပြီး မေးသည်။

​"အူမူတာအိုဆရာ၊ မျက်နှာကတော့ အတော်လေး မည်းနေတာပဲ"

လီယန်ချူက ပြုံးပြီး ပြောလိုက်သည်။

​အူမူတာအိုဆရာ - "..."

မင်းရဲ့ အမေ မျက်နှာမည်း

​ဇန်ရှန်းဆရာတော်နှင့် ဝမ်ဝမ်တို့မှာ ရယ်မောလိုက်ကြသည်။

ဘာကြောင့်လဲဆိုတော့

ဒီအူမူတာအိုဆရာမှာ မွေးရာပါ မျက်နှာမည်းနေတာ ဖြစ်ပြီး ကျောက်မီးသွေးလိုပင် ထူးခြားဆန်းပြားနေသောကြောင့် ဖြစ်သည်။

​ကျောက်အိမ်တော်

ကျောက်အဘွားကြီး ရောက်လာပြီး လီယန်ချူကို ကျေးဇူးတင်စကား ပြောကာ ရွှေအပြား တစ်ရာ ပေးအပ်သည်။

လီယန်ချူက ပြုံးပြီး လက်ခံလိုက်သည်။

တာအိုကျင့်ကြံသူတစ်ယောက်အနေနဲ့ မိစ္ဆာသတ်ပြီး အခကြေးငွေယူခြင်းမှာ သဘာဝကျသော ကိစ္စဖြစ်သည်။

လူတိုင်းကို ကိုယ်ကျိုးစွန့်ပြီး တရားမျှတအောင် လုပ်ခိုင်းလို့ မရပေ။

တချို့သော မိစ္ဆာတွေက အရမ်းကြမ်းတမ်းသည်။

အသက်ကို စတေးပြီး တိုက်ရိုက်ရသည်

​လူကျူး မှာ လီယန်ချူကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေသည်။

ကျောက်အဘွားကြီးက လီယန်ချူကို လူကျူးကို လက်ဆောင်ပေးချင်ကြောင်း ပြောသည်။

​ဒါကိုတော့ လီယန်ချူ ငြင်းပယ်လိုက်သည်။

ငွေယူတာက လုပ်ငန်းစံနှုန်း ဖြစ်ပေမဲ့ မိန်းမယူတာကတော့ မသင့်တော်ပေ။

​လူကျူး မှာ အလွန် စိတ်ပျက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ရှိနေသည်။

ကမ္ဘာကြီးကို လက်လွတ်လိုက်ရသလိုပင်

​အခန်းထဲတွင် ဝမ်ဝမ်နှင့် လီယန်ချူသာ ကျန်ရှိသောအခါ။

ဝမ်ဝမ်က

"လီတာအိုဆရာ၊ ကျုပ် နဲ့ တိုင်ပင်စရာ ရှိလို့လား "

ဟု မေးလိုက်သည်။

​လီယန်ချူက ခေါင်းညိတ်သည်။

"အမတ်မင်း၊ စိတ်ဆန္ဒလမ်းစဥ် အကြောင်း ကြားဖူးလား "

​ဝမ်ဝမ် လက်ထဲက လက်ဖက်ရည်ခွက် တုန်သွားပြီး သူ၏ အဝတ်ပေါ်သို့ ဖိတ်စင်တော့မလို ဖြစ်သွားသည်။

သူက အံ့ဩစွာဖြင့်

"လီတာအိုဆရာ၊ စိတ်ဆန္ဒလမ်းစဥ် အကြောင်း သိထားလို့လား "

​လီယန်ချူ ခေါင်းညိတ်လိုက်သည်။

သူ စောစောက ဖမ်းမိလိုက်သည့် သူတောင်းစားဆီက သိရသမျှကို ပြောပြလိုက်သည်။

​ဝမ်ဝမ်၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပေါ်လာပြီး

"ကောင်းလိုက်တာ ဒါဆိုရင် ရှူကျိုးမြို့ထဲက စိတ်ဆန္ဒလမ်းစဥ် မိစ္ဆာတွေကို အမြစ်ပြတ် ချေမှုန်းလို့ရပြီ "

ဟု ပြောသည်။

​သူတောင်းစားက ရှူကျိုးမြို့ထဲက သူတို့ရဲ့ ဌာနချုပ် တစ်ခုကို ဖော်ထုတ်ပေးခဲ့သည်။

​လီယန်ချူက မေးလိုက်သည်။

"ဝမ်အမတ်မင်း၊ အဲဒီ လူယင် ဆိုတဲ့လူက ဘယ်သူလဲ "

​ဝမ်ဝမ်က လီယန်ချူကို ကြည့်ပြီး စဉ်းစားလိုက်သည်။

"ဒီကိစ္စကို ပြောပြရင် ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ တခြားသူတွေကို မပြောပါနဲ့၊ ကျုပ်ကို အခက်တွေ့စေနိုင်ပါတယ်"

​"ဟုတ်ကဲ့ပါ"

​"လူယင်ဆိုတာ လီတာအိုဆရာ ပြောတဲ့အတိုင်းဆိုရင်၊ ဖေးယွန်းစီရင်စုရဲ့ မဟာစစ်သေနာပတိ လူချန်ရှင်း ရဲ့ သမီးဖြစ်သူ လူလီ ဖြစ်ရမယ်"

​ရှူကျိုးနှင့် ဂျင်ဂို တို့မှာ ဖေးယွန်းစီရင်စု နယ်မြေထဲတွင် ရှိသည်။

​လီယန်ချူက ခေါင်းညိတ်သည်။

​"ဒီ မဟာစစ်သေနာပတိမှာ ထူးခြားတဲ့ အချက်များ ရှိသလား "

​ချန်နိုင်ငံမှာ တောင်ပိုင်း (၇) ခု၊ မြောက်ပိုင်း (၆) ခု၊ စီရင်စု (၁၃) ခု ရှိပြီး စီရင်စုဝန်မှာ အုပ်ချုပ်ရေးအကြီးအကဲ ဖြစ်ကာ အမှုအခင်းများကို ဆုံးဖြတ်သည်။

မဟာစစ်သေနာပတိ မှာ စစ်တပ်၏ အကြီးအကဲ ဖြစ်ပြီး စစ်ရေးအာဏာကို ကိုင်တွယ်သူ ဖြစ်သည်။

​"ဒီ မဟာစစ်သေနာပတိက မွေးရာပါ ထူးခြားသူပါ၊ အစွမ်းထက်တဲ့ မှော်ပညာကို ပိုင်ဆိုင်ထားပြီး တိုက်ပွဲမှာ တစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခုနဲ့ ညီမျှပါတယ်၊ ဧကရာဇ်မင်းရဲ့ အားပေးမှုကြောင့် အသက် (၄၀) မှာတင် မဟာစစ်သေနာပတိ ဖြစ်လာတာပါ၊ လူလီဆိုတာက သူ့ရဲ့ တစ်ဦးတည်းသော သမီးပါ"

အခန်း (၂၈၈) - မဟာပညာရှင်၊ ပိုင်လုအကယ်ဒမီ၊ ကျင်ကွမ်းကျောင်းတော်သို့ ရောက်ရှိခြင်း

​"ကြားရတာတော့ အဲဒီ လူလီ က မဟာပညာရှင် ဂျင်ယန် ဆရာကြီးဆီမှာ ပညာသင်ဖူးတယ်တဲ့၊ ကိုယ်ခံပညာတင်မကဘူး၊ ကွန်ဖြူးရှပ်ကျမ်းစာတွေကိုလည်း သင်ယူထားလို့ ထူးချွန်တဲ့သူလို့ ပြောကြတယ်"

​"ဒါပေမဲ့ ဘာလို့ လူလီကိုယ်တိုင် လူတွေကို ခေါ်ပြီး အပြင်ထွက်ပြီး အလုပ်ကိစ္စ လုပ်နေလဲဆိုတာတော့ မသိဘူး"

​လီယန်ချူသည် ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားသည်။

​ဒီ လူယင် ဆိုတဲ့လူက ဘာလို့ ငွေသုံးထောင်ကို အလွယ်တကူ ထုတ်ပေးနိုင်တာလဲ၊ ဘေးမှာလည်း သေရတာခက်တဲ့ စစ်သည်တော်တွေကို ဘာလို့ ခေါ်ထားနိုင်တာလဲဆိုတာ နားလည်သွားပြီ။

​ပြီးတော့ နဂါးကျား ရွှေအမြုတေ နဲ့ မဟာပညာရှင်ရဲ့ လက်ရေးမူတွေကိုတောင် အလွယ်တကူ ပေးနိုင်သေးတယ်။

​တကယ်တော့ ဖေးယွန်းစီရင်စု ရဲ့ နံပါတ်တစ် အရာရှိမျိုးဆက်ပဲကိုး

​လီယန်ချူ ခဏတာ တိတ်ဆိတ်သွားပြီး

"ဒီလိုဆိုရင် လုလီက ရှူကျိုးမြို့ကို သွားပြီး စိတ်ဆန္ဒလမ်းစဉ် ကိစ္စတွေကို ကိုင်တွယ်တာ အောင်မြင်ဖို့ သေချာနေပြီပေါ့"

ဟု ဆိုသည်။

​ဝမ်ဝမ်က ခေါင်းညိတ်လိုက်သည်။

"မှန်ပါတယ်"

​လီယန်ချူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ကျုပ် လျူကွမ်းဂူကို သွားတုန်းက မိစ္ဆာတွေဆီကနေ သတင်းရလိုက်တယ်၊ စိတ်ဆန္ဒလမ်းစဉ်က လူတွေက တောင်ပိုင်သခင်နဲ့ ပူးပေါင်းပြီး လူလွှတ်ဆက်သွယ်တာမျိုး ရှိခဲ့ဖူးတယ်တဲ့"

​ဝမ်ဝမ်၏ မျက်နှာမှာ တည်ကြည်သွားသည်။

"တကယ်လား "

​"အဲဒီမိစ္ဆာက စိတ်ဆန္ဒလမ်းစဉ်က လာတဲ့ ဆက်သွယ်သူမှာ မျက်နှာမည်းတာအိုဆရာ တစ်ယောက် ပါတယ်လို့ ပြောတယ်"

​လီယန်ချူက အေးဆေးစွာ ပြောလိုက်သည်။

​"ဘာ "

ဝမ်ဝမ်မှာ အံ့အားသင့်သွားသည်။

​မျက်နှာမည်းတာအိုဆရာ။

​အဲဒီ အူမူ တာအိုဆရာ ဖြစ်နေတာလား

​ဒါကလည်း တိုက်ဆိုင်လွန်းနေပြီ။

​"လီတာအိုဆရာ၊ ဒီကိစ္စက အရေးကြီးတယ် ဒါပေမဲ့ တိုက်ဆိုင်လွန်းနေလို့ သက်သေပြစရာများ ရှိမလား "

​ဝမ်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

​လီယန်ချူ ခေါင်းခါလိုက်သည်။

"သက်သေ မရှိပါဘူး၊ ကျုပ်က အူမူတာအိုဆရာကို ဆိုလိုတာ မဟုတ်ပါဘူး၊ အမတ်မင်းကို သတိပေးတာပါ"

​ဝမ်ဝမ်က သက်ပြင်းကြီး ချလိုက်သည်။

"ကျေးဇူးတင်ပါတယ် လီတာအိုဆရာ"

​လီယန်ချူက ပြုံးပြီး

"ကိစ္စပြီးပြီဆိုတော့ ကျုပ်မှာ တခြားအရေးကြီးကိစ္စ ရှိသေးလို့ သွားတော့မယ်"

ဟု ပြောလိုက်သည်။

​"ဝမ်အမတ်မင်း၊ နောက်မှ ထပ်တွေ့ကြမယ် "

​ဝမ်ဝမ် ထလိုက်သော်လည်း တစ်ခုခုပြောမလိုနဲ့ ရပ်လိုက်ပြီး နောက်ဆုံးတွင် လီယန်ချူကို လိုက်ပို့ပေးလိုက်သည်။

​သူ အခန်းထဲ ပြန်ရောက်သောအခါ။

​လူငယ်အရာရှိမှာ အခန်းထဲတွင် စောင့်နေသည်။

​"ဘယ်လိုထင်လဲ၊ တကယ်လို့ သူပြောသလိုဆိုရင် ဒီအူမူတာအိုဆရာမှာ သံသယဖြစ်စရာ အများကြီးပဲ"

​ဝမ်ဝမ်က မေးလိုက်သည်။

​လူငယ်အရာရှိ၏ မျက်လုံးများမှာ ဓားလိုပင် ထက်မြက်နေသည်။

"ကွန်ဖြူးရှပ် ပညာရှင်ကို ခေါ်ပြီး စိတ်စစ်ဆေးခိုင်းရမယ် "

​ဝမ်ဝမ်၏ မျက်လုံးများ ပြောင်းလဲသွားပြီး စကားပြောမလို့လုပ်စဉ် လူငယ်အရာရှိက တားလိုက်သည်။

​"ဝမ်အမတ်မင်း၊ ဧကရာဇ်မင်းက ပိုင်လု အကယ်ဒမီကို အားကိုးတယ်ဆိုတာ အမတ်မင်း သိသင့်တယ်၊ စိတ်ဆန္ဒလမ်းစဉ် မိစ္ဆာတွေရဲ့ ကိစ္စမို့လို့ ဘာမှ မှားလို့မရဘူး"

​ဝမ်ဝမ် သက်ပြင်းချလိုက်သည်။

​"ကောင်းပြီ"

​အစိုးရနဲ့ စိတ်ဆန္ဒလမ်းစဉ်တို့ရဲ့ ကိစ္စမှာ လီယန်ချူ မပါဝင်ခဲ့ပါ၊ သူက ဘုန်းတော်ကြီးရဲ ဓာတ်တော်တွေကို ကျင်ကွမ်းကျောင်းတော် ကို ပို့ပေးချင်ရုံပဲ ရှိသည်။

​ပြီးရင် ဝေမြို့ ကို ပြန်ရမည်။

​သူ့ကို အံ့အားသင့်စေတာကတော့။

​လမ်းတစ်လျှောက်တွင် မကောင်းဆိုးဝါးတွေက လာမနှောင့်ယှက်သလို၊ မိစ္ဆာတွေလည်း ကြားဖြတ်မတားကြပေ။

အလွန်ချောမွေ့လွန်းလို့ မယုံနိုင်စရာ ဖြစ်နေသည်။

​"မိစ္ဆာတွေကဓာတ်တော်တွေကို အရမ်းလိုချင်ကြတယ်၊ မတိုက်ခိုက်ကြဘူးလား "

​လီယန်ချူ စိတ်ထဲမှာ တွေးနေမိသည်။

​သူသည် လမ်းတစ်လျှောက် လူသတ်သမား လူဆိုးဂိုဏ်းတွေကိုပဲ သတ်ခဲ့ရပြီး ရွာသားတွေအတွက် နတ်ဆိုးဖယ်ရှားပေးတာလောက်ပဲ လုပ်ခဲ့ရသည်။

​ဒါမှမဟုတ် သာမန်ဖုတ်ကောင်တစ်ကောင်ကိုပဲ နှိမ်နင်းခဲ့ရသည်။

​ဒီလောက်ပဲ။

​အန္တရာယ် တစ်ခုမှ မတွေ့ခဲ့ရပေ။

​ချောမွေ့လွန်းလို့ တစ်ခုခု လွဲနေသလိုပင်။

​ကံကောင်းနေသလိုလို။

​ဒေါင်လင်စီရင်စုသို့ ချောမွေ့စွာ ရောက်လာပြီး ဘာပြဿနာမှ မရှိခဲ့ပေ။

​ဒေါင်လင်စီရင်စု

​မြောက်ပိုင်းစီရင်စု (၆) ခုထဲက တစ်ခုဖြစ်ပြီး တောင်တန်းကြီးတွေနဲ့ သစ်တောတွေ ပေါများကာ ခက်ခဲနက်နဲသည်။

​ကျင်ကွမ်းကျောင်းတော်သည် ဒေါင်လင်စီရင်စုမြို့ပြင် (၃၀) ကီလိုမီတာအကွာ ဝေါ်လုံတောင် ပေါ်တွင် ရှိသည်။

​ဝေါ်လုံတောင်သည် နဂါးကြီးတစ်ကောင် ဝပ်နေသကဲ့သို့ ခေါင်း၊ လည်ပင်း၊ ကျော၊ ခြေ၊ အမြီးများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

​ဒါက ကောင်းမွန်တဲ့ ကံကြမ္မာပေးသော နေရာတစ်ခုဖြစ်သည်။

​လီယန်ချူသည် ဗုဒ္ဓဘာသာ အရှိန်အဝါ ကြီးမားသော ထိုကျောင်းတော်သို့ ရောက်လာပြီး ကြီးမားသော ဘာသာရေး အရှိန်အဝါကို ခံစားလိုက်ရသည်။

​ကျင်ကွမ်းကျောင်းတော်မှာ လူသိများပြီး ယုံကြည်သူတွေ အများကြီး ရှိသည်။

​ဝေမြို့က ချင်းယီမယ်တော် ကျောင်းတော်ထက်တောင် ပိုပြီး စည်ကားသည်။

​သို့သော်

​ယခု ကျင်ကွမ်းကျောင်းတော်၏ တံခါးများ ပိတ်ထားပြီး အပြင်လူကို မလက်ခံတော့ပေ။

​လီယန်ချူ ကျောက်လှေကားပေါ် တက်လိုက်ပြီး ကြည့်လိုက်ရာ ရွှေရောင်အလင်းတန်းများ ပေါ်လာကာ မကြည့်ရဲလောက်အောင် တောက်ပနေသည်။

​"ဒီလို နာမည်ကြီးတဲ့ ကျောင်းတော်တွေက တကယ်ကို ထူးခြားတာပဲ"

ယွန်းနျန်း ​သည် နဂါးကျား ရွှေအမြုတေ ထဲမှနေ၍ အသံပေးသည်။

​"အရမ်းသန့်စင်တဲ့ ဗုဒ္ဓဘာသာ အရှိန်အဝါပဲ၊ ကျင်ကွမ်းကျောင်းတော်ကို ရောက်ပြီလား "

​လီယန်ချူ ပြန်ဖြေသည်။

​"ဟုတ်တယ် ကျင်ကွမ်းကျောင်းတော်ရဲ့ တံခါးရှေ့မှာ ရှိနေပြီ"

​နဂါးကျား ရွှေအမြုတေ မှာ ယွန်နျန်းအတွက် နေစရာဖြစ်ပေမဲ့ အပြင်ဘက်ကို အမြဲတမ်းတော့ မသိနိုင်ပေ။

​ဗုဒ္ဓဘာသာ အရှိန်အဝါကို ခံစားရမှသာ အသံပေးသည်။

​"အပြင်ထွက်ပြီး ကြည့်ချင်လား"

​လီယန်ချူက မေးလိုက်သည်။

​သာမန်မိစ္ဆာတွေဆိုရင် ဒီနေရာကို မလာရဲပေမဲ့ ယွန်နျန်း က သစ်ပင်ဝိညာဉ်ဖြစ်ပြီး ကျင်ကွမ်းကျောင်းတော် ရဟန်းကြီးတွေရဲ့ သွန်သင်မှုကို ခံထားရလို့ ဗုဒ္ဓဘာသာ အရှိန်အဝါနဲ့ ရင်းနှီးသည်။

​ဒါကြောင့် ပြဿနာ မရှိနိုင်ဘူး။

​ယွန်းနျန်း တိတ်ဆိတ်သွားသည်။

​"တာအိုဆရာ စိတ်ချလက်ချ နေထိုင်ပြီးမှပဲ ကျွန်မ ထွက်လာပါတော့မယ်"

​လီယန်ချူလည်း အတင်းမလုပ်တော့ပါ။

​တံခါးကို ခေါက်လိုက်သည်။

​မျက်ခုံးထူထူနဲ့ လူငယ်ရဟန်းတစ်ပါး ထွက်လာသည်။

​သူက ကျင်ကွမ်းကျောင်းတော်၏ ဧည့်သည်လက်ခံရဟန်း ဖြစ်သည်။

​လီယန်ချူ သူ့ရဲ့ စာတမ်းကို ပေးလိုက်သည်။

​အပေါ်မှာ လုံဟူရှန်းတောင်က အဘိုးအိုရဲ့ လက်ရေးမူ ရှိသည်။

​လူငယ်ရဟန်းက ခေါင်းငုံ့ပြီး ကြည့်လိုက်တော့ မျက်လုံးတွေ လင်းသွားသည်။

​"အော် လီတာအိုဆရာ၊ ဝင်ခဲ့ပါ "

​စာတမ်းမှာ လုံဟူရှန်း တောင်က ကျန်းဟွိုင်ဟဲ ရဲ့ လက်ရေးမူ ဖြစ်လို့ အရေးကြီးမှန်း သိသာသည်။

​ပြီးတော့ လီယန်ချူက ဓာတ်တော်တွေကို ပို့ပေးမယ့်သူ ဖြစ်လို့ အလေးအနက်ထား ဆက်ဆံခံရသည်။

​ကျင်ကွမ်းကျောင်းတော်သည် ကြီးမားပြီး အဆောက်အဦး (၆၀၊ ၇၀) ခန့် ရှိကာ ရဟန်း (၃၀၀) ကျော် ရှိသည်။

​သာမန်အချိန်တွေမှာ ဘုရားဖူးတွေ များလှသည်။

​လီယန်ချူသည် ရဟန်းနောက်လိုက်ပြီး ရဟန်းဆောင်သို့ ရောက်သွားသည်။

​"လီတာအိုဆရာ ခဏစောင့်ပါ၊ ကျနော် ပူရှင်း ဆရာတော်ကို သွားခေါ်လိုက်ပါ့မယ်"

​"ကျေးဇူးတင်ပါတယ်"

​လီယန်ချူသည် အခန်းထဲတွင် ထိုင်နေပြီး နံ့သာနံ့ကြောင့် ငြိမ်းချမ်းမှုကို ခံစားရသည်။

​လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို ပျောက်ကွယ်သွားစေသည်။

​"ဒီကျင်ကွမ်းကျောင်းတော်က တကယ်ကို ထူးခြားတာပဲ၊ အပြင်လူတွေ မဝင်အောင်နဲ့ မိစ္ဆာတွေကို ကာကွယ်ဖို့အတွက် ကြီးမားတဲ့ အကာအကွယ်တွေ လုပ်ထားတာပဲ"

​လီယန်ချူ အံ့ဩသွားသည်။

​ခဏကြာတော့။

​ရဟန်းအိုတစ်ပါး ဝင်လာပြီး မျက်လုံးတွေက ထက်မြက်သည်။

​"အမိတာဘ ကျုပ် က ပူရှင်းပါ လီတာအိုဆရာ ကျေးဇူးတင်ပါတယ်၊ ကျုက်တို့ကျောင်းတော်ရဲ့ ဘုန်းတော်ကြီးရဲ့ ဓာတ်တော်တွေကို ပို့ပေးလို့ အလွန်ကျေးဇူးတင်ပါတယ်"

​လီယန်ချူ ထပြီး အရိုအသေပေးလိုက်သည်။

"ဆရာတော်၊ ကျနော် က အလုပ်တစ်ခုလုပ်ပေးရုံပါ"

​သူက နောက်ကျောက အိတ်ကို ယူပြီး သစ်သားသေတ္တာ နှစ်ခုကို ထုတ်လိုက်သည်။

​ဖွင့်လိုက်သောအခါ။

​ရွှေရောင်အလင်းတန်း နှစ်ခု ထွက်ပေါ်လာသည်။

​ဘုန်းတော်ကြီးရဲ့ ဓာတ်တော်

​ပူရှင်းဆရာတော် ပြုံးပြီး ထပ်မံ ကျေးဇူးတင်သည်။

​"လီတာအိုဆရာ၊ ကျွန်တော်တို့ကျောင်းတော်မှာ ခဏနားပါဦး၊ ဒီဓာတ်တော်ကိစ္စက အရေးကြီးလို့ ၊ ကျုပ်တို့ ကျေးဇူးဆပ်ပါ့မယ်"

​လီယန်ချူ ပြုံးပြီး လက်အုပ်ချီလိုက်သည်။

​"ကျုပ် ဒီဓာတ်တော်ကို နောက်ကျောက ဓာတ်တော်မျှော်စင်မှာ ပူဇော်ဖို့ သွားရဦးမယ်၊ ကိစ္စက အရေးကြီးလို့ သွားလိုက်ဦးမယ်"

​ပူရှင်းဆရာတော် ပြောပြီး ထွက်သွားသည်။

​"ဆရာတော် ကြွပါ"

လီယန်ချူက ပြောလိုက်သည်။

​ဒီအချိန်မှာ

​သူက နောက်ဆုံးတော့ အဘိုးအို တာဝန်ပေးလိုက်တဲ့ ဘုန်းတော်ကြီးရဲ့ ဓာတ်တော်ကို ကျင်ကွမ်းကျောင်းတော်ကို အောင်အောင်မြင်မြင် ပို့ပေးလိုက်နိုင်ပြီ။

​လမ်းမှာ အခက်အခဲ မရှိပေမဲ့၊ မိစ္ဆာတွေကို သတ်ခဲ့ရလို့ ကုသိုလ်မှတ် တွေရပါတယ်။

​ပြီးတော့ စိတ်ဆန္ဒလမ်းစဉ် ကိစ္စကိုလည်း တင်ပြပေးနိုင်ခဲ့တယ်။

​ဒီခရီးစဉ်ကတော့ တော်တော်လေး ပြည့်စုံပါတယ်။

​ဒါပေမဲ့ ကျင်ကွမ်းကျောင်းတော်က ဝူစဲ ဆရာတော် ဘာဖြစ်နေလဲဆိုတာ မသိရသေးဘူး။

​ပြီးတော့

​ကျင်ကွမ်းကျောင်းတော်ထဲ ရောက်ကတည်းက သူ့စိတ်ထဲမှာ မသက်မသာ ဖြစ်နေသည်။

​ဒီလောက် စည်ကားတဲ့ ကျောင်းတော်ကြီးက တံခါးပိတ်ထားရတာ တကယ်ပဲ ရဟန်းတစ်ပါး စိတ်မိစ္ဆာဝင် လို့လား။

​ပြီးတော့ ပူရှင်းဆရာတော်ရဲ့ သဘောထားကလည်း မသင်္ကာစရာကောင်းနေသည်။

​လီယန်ချူသည် ရှေးဟောင်းကျောင်းတော်ကို ကြည့်ရင်း တွေးတောနေသည်။

All Chapters