← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း ၁၇၁ - ဖရိုဖရဲ ခေါင်းလောင်းထဲသို့ ဝင်ရောက်ခြင်း

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လ ကုန်လွန်သွားခဲ့ချေပြီ။ ထိုနေ့တွင် ဝူယိတောက်သည် ကျင့်ကြံအားထုတ်နေစဉ် မြင့်မြတ်အရှင်သခင် ဖြစ်သူ၏ စာပေးပို့မှုကို လက်ခံရရှိခဲ့သည်။

“သွားရတော့မှာလား... ကျွန်တော် နားလည်ပါပြီ”

ဝူယိတောက်သည် ခေါင်းညိတ်လိုက်ပြီးနောက် ၊ သူ၏ ခမ်းနားသော ဝတ်စုံကို ရိုးရှင်းသော ဝတ်စုံဖြင့် လဲလှယ်ကာ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရင်ပြင်ဆီသို့ ထွက်ခွာလာခဲ့သည်။

ဤအခိုက်အတန့်တွင် ဖရိုဖရဲ စမ်းသပ်မှုတွင် ပါဝင်ရန်အတွက် ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ တပည့် အမြောက်အမြားသည် ရင်ပြင်၌ စုဝေးနေကြသည်။

ဖရိုဖရဲ မြင့်မြတ်နယ်မြေသည် တပည့် လက်ခံရာတွင် အလွန် တင်းကျပ်သော စံနှုန်းများ ရှိသော်လည်း ၊ အထက်ကမ္ဘာသည် အလွန်ပင် ကျယ်ပြောလှပေရာ လူဦးရေမှာလည်း အတော်လေး များပြားလှသည်။

ဝူယိတောက်သည် ပတ်ဝန်းကျင်ကို တချက် ဝှေ့ယမ်းကြည့်ရှုလိုက်ရာ ၊ ဆယ်ဂဏန်း၊ ထောင်ဂဏန်းမကသော အတွင်းတပည့်များကို ထည့်မဆိုခင် ၊ ကိုယ်ပိုင်တပည့် တစ်ရာကျော်မျှပင် ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။

သို့သော်လည်း ဤကိစ္စသည် သူနှင့် မသက်ဆိုင်ပေ။ လူအများကြား ပေါ်လွင်မနေစေရန် အတွက် ကျွင်းရှောင်ယောင်သည် ဝူယိတောက်အတွက် အတွင်းတပည့် ဝတ်စုံတစ်စုံကို အထူး ပြင်ဆင်ပေးထားခဲ့သည်။

ထို့ကြောင့် အတွင်းတပည့် ဝတ်စုံကို ဝတ်ဆင်ပြီးနောက် ဝူယိတောက်သည် လူအုပ်ထဲတွင် ပုန်းကွယ်ကာ ဖရိုဖရဲ ကမ္ဘာထဲသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေခဲ့သည်။

အထက်တွင် ရပ်နေသော ကျွင်းရှောင်ယောင်သည်လည်း ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လျက် ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ဝူယိတောက်သည် ဖရိုဖရဲ ခေါင်းလောင်း အသက်ဝင်လာမည့် အချိန်ကို စောင့်ဆိုင်းနေစဉ် ၊ တစ်စုံတစ်ယောက်က သူ့ထံ ရောက်ရှိလာခဲ့သည်။

“ ဟိုလေ... ရှင်နဲ့ အတူတူ အဖွဲ့ ဖွဲ့လို့ရမလား”

ထိုစကားကို ကြားသည်နှင့် ဝူယိတောက်သည် နောက်လှည့်ကြည့်လိုက်ရာ ၊ အနည်းငယ် ကြောက်ရွံ့နေဟန် ရှိသော်လည်း သတ္တိမွေးကာ သူ့ထံသို့ ရောက်ရှိလာသော မိန်းကလေး တစ်ဦးကို မြင်တွေ့လိုက်ရသည်။

ထိုမိန်းကလေးသည် ရှည်လျားသော ခရမ်းရောင် ဆံနွယ်များ ရှိကာ အလွန်ပင် ဆွဲဆောင်မှု ရှိသည်။ သူမ၏ ဖောင်းမို့နေသော ပါးပြင်လေးများသည် သူမကို ချစ်စရာကောင်းအောင် ပြုလုပ်ပေးထားပြီး ၊ သူမ၏ နတ်ဆိုးဆန်သော ခန္ဓာကိုယ် အချိုးအစားက ဝန်းရံနေသော အတွင်းတပည့်များ ၊ ကိုယ်ပိုင်တပည့်များ၏ အကြည့်များကို မနေနိုင်အောင် ညို့ယူဆွဲဆောင်နေလေ၏။

ဝူယိတောက်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ငြင်းဆိုရန် ပြင်ဆင်လိုက်သည်။ သူသည် ခေါင်းရှုပ်ရမည့် ပြဿနာများကို နှစ်သက်သူ မဟုတ်ပေ။ ဤမျှ လှပသော မိန်းကလေးသည် သူ့ဘေးတွင် ရှိနေပါက ၊ မလိုအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်။

ထို့အပြင် ဝူယိတောက်သည် တစ်ယောက်တည်း နေလေ့ရှိပြီး ၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို သဘောမကျပေ။

ဝူယိတောက်သည် ငြင်းဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ၊ တစ်စုံတစ်ခုကို ခံစားမိပုံရကာ ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး အနောက်မှ လာသော တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

ထို့နောက် သူသည် ခေါင်းငုံ့ထားရင်း နောက်သို့လှည့်ကာ လက်သီးဖြင့် ထိုးချလိုက်သောကြောင့် တိုက်ခိုက်သူမှာ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားခဲ့ရသည်။

ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူမှာ လူသားအင်မော်တယ် အဆင့်း ဖြစ်သည်။ သို့မဟုတ်ပါက၊ ဝူယိတောက်သည် သူ့ကို လက်သီးတစ်ချက်တည်းဖြင့် ရှင်းလင်းပစ်လိုက်သည်မှာ ကြာလှပြီ ဖြစ်ပေမည်။

“မင်းမှာ အရည်အချင်းအချို့ ရှိတာပဲ... ငါ့ရဲ့ တိုက်ခိုက်မှုကိုတောင် ကာကွယ်နိုင်တယ်ပေါ့”

ဝူယိတောက်သည် အစောပိုင်းက သူ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သော တပည့်ကို အလွန် လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

တစ်ဖက်လူသည် ဝူယိတောက်ကို အံ့အားသင့်သွားသော အရိပ်အယောင်များဖြင့် ကြည့်လိုက်သော်လည်း ၊ အလျင်အမြန်ပင် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“မင်းကောင်လေး... ဒီမိန်းမက ငါ ပစ်မှတ်ထားတဲ့သူပဲ... မင်းမှာ အသိဉာဏ် ရှိတယ်ဆိုရင် ငါ့လမ်းကနေ ဖယ်သွားလိုက်... မင်းက အတွင်းတပည့် အဆင့်ပဲ ရှိသေးတယ် .. ငါက ကိုယ်ပိုင်တပည့်ပဲ... တကယ်လို့ ငါသာ မပျော်ဘူးဆိုရင် ဖရိုဖရဲ မြင့်မြတ်နယ်မြေမှာ မင်း နေစရာ နေရာမရှိအောင် ငါ လုပ်ပစ်နိုင်တယ်”

“မှတ်ထား... ငါ့နာမည်က လင်းကန်းရှင်းပဲ”

လင်းကန်းရှင်းသည် သူ၏ နာမည်ကို ထုတ်ဖော်ပြောလာသဖြင် ဝူယိတောက်သည် ပြုံးလိုက်မိသော်လည်း ၊ ထိုအပြုံးသည် လျင်မြန်စွာပင် လှောင်ပြုံးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

သူသည် တစ်ဖက်လူ၏ အထောက်အထားအား မသိလိုက်ရမည်ကို စိုးရိမ်နေခဲ့သော်လည်း ၊ တစ်ဖက်လူသည် သူကိုယ်တိုင် ထုတ်ပြောလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

အစောပိုင်းက တစ်ဖက်လူ၏ တိုက်ခိုက်မှုတွင် သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်ကို ဝူယိတောက် ခံစားမိသည်။ အကယ်၍ သူသာ လုံလောက်အောင် မသန်မာခဲ့ပါက ၊ တစ်ဖက်လူ၏ တိုက်ခိုက်မှုကြောင့် သူသည် သေချာပေါက် ချေမှုန်းခံရနိုင်သည်။

“ဟေ့ကောင်လေး... မင်း ဘာရယ်နေတာလဲ”

လင်းကန်းရှင်းသည် ဝူယိတောက်၏ လှောင်ရယ်သော အပြုံးကို မြင်ပြီး ၊ စိတ်မသက်မသာ ဖြစ်သွားသော်လည်း သူသည် အလျင်အမြန် ခေါင်းယမ်းကာ ထိုမသက်မသာဖြစ်မှုကို ဖိနှိပ်ထားလိုက်သည်။

“ ငါက ကိုယ်ပိုင်တပည့် တစ်ယောက် ဖြစ်တဲ့အပြင် ငါ့ဆရာက အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ရှိတဲ့ အကြီးအကဲလေ... ဖရိုဖရဲ မြင့်မြတ်နယ်မြေမှာ အင်မော်တယ် မဟာဧကရာဇ် အဆင့်ရှိတဲ့သူကို ရန်သွားမစသရွေ့ ဘယ်သူကမှ ငါ့ကို ဘာမှမလုပ်နိုင်ဘူး”

ထိုသို့တွေးရင်း ၊ လင်းကန်းရှင်းသည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ သူ့ရှေ့တွင် ရပ်နေသော ဝူယိတောက်သည် သူ၏ အဆင့်အတန်းထက် အဆတစ်ထောင်၊ အဆတစ်သောင်းမက ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကို သူ မသိခဲ့ချေ။

“မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာကို ငါ ရယ်နေတာ”

“မင်း...”

လင်းကန်းရှင်းသည် ချက်ချင်း ဒေါသထွက်သွားပြီး ၊ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း အစောပိုင်းက စကားပြောခဲ့သော မိန်းကလေးသည် သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းကာ ဝူယိတောက်၏ ရှေ့မှ ကာကွယ်ပေးခဲ့သည်။

ထိုမြင်ကွင်းကြောင့် လင်းကန်းရှင်းမှာ အံ့အားသင့်သွားသော်လည်း ၊ သူ့အနေဖြင့် ပြန်ပြောခွင့်ပင် မရလိုက်ချေ။ ထိုမိန်းကလေးက ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။

“လင်းကန်းရှင်း... ရှင့်ကို ကျွန်မ မကြိုက်ဘူးလို့ ပြောပြီးပြီလေ... အတင်းအကျပ် မလုပ်နဲ့ ကျွန်မကို လာမနှောင့်ယှက်နဲ့တော့”

“ကောင်းပြီ... ကောင်းပြီ... မိုရှီယွီ... မင်းကို ငါ ဒီလောက်ကြာအောင် ပိုးပန်းခဲ့တာတောင် မင်းက သဘောမတူဘူးဆိုတော့ ဒီကောင်လေးကို မင်း သဘောကျနေတာပေါ့... အဲ့လိုဆိုရင် မင်း သဘောကျတဲ့သူကို ငါ ဒုက္ခိတဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်”

လင်းကန်းရှင်း၏ ဒေါသများသည် ပို၍ ပြင်းထန်လာပြီး ဝူယိတောက်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် အကြီးအကဲ တစ်ဦးက သူတို့၏ရှေ့၌ ထွက်ပေါ်လာပြီး တိုးညင်းစွာ ပြောလိုက်သည်။

“မြင့်မြတ်နယ်မြေ အတွင်းမှာ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေကို တားမြစ်ထားတယ်... ချိုးဖောက်သူတွေကို ဖရိုဖရဲ မြင့်မြတ်နယ်မြေကနေ နှင်ထုတ်မယ်”

အကြီးအကဲ၏ စကားကို ကြားသောအခါ လင်းကန်းရှင်း၏ အမူအရာသည် အလွန်ပင် ကြည့်ရဆိုးသွားသော်လည်း ၊ သူသည် အေးစက်စွာ နှာမှုတ်၍ လှည့်ထွက်သွားခဲ့သည်။

သို့သော်လည်း မထွက်ခွာမီ တစ်ဖက်လူ၏ မျက်လုံးထဲမှ လူသတ်ချင်နေသော အကြည့်များအရ ၊ ၎င်းသည် ဖရိုဖရဲ ကမ္ဘာထဲတွင် မိမိအား သေချာပေါက် တိုက်ခိုက်လာမည် ဖြစ်ကြောင်း သူ သိလိုက်သည်။

ဝူယိတောက်သည်လည်း မည်သည့် အကြောင်းပြချက်နှင့်မျှ သူ၏ ရန်သူများကို အသက်ရှင်ခွင့် ပေးမည် မဟုတ်ချေ။

လင်းကန်းရှင်း ထွက်သွားပြီးနောက် ၊ မိုရှီယွီသည် ဝူယိတောက်ဘက်သို့ လှည့်ကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

“တောင်းပန်ပါတယ်... လင်းကန်းရှင်းနဲ့ ကျွန်မရဲ့ ပြဿနာထဲကို ရှင့်ကို မတော်တဆ ဆွဲသွင်းမိသလို ဖြစ်သွားတယ်... တောင်းပန်ပါတယ်နော်”

မိုရှီယွီ၏ စကားကို ကြားသောအခါ ဝူယိတောက်သည် လှောင်ရယ်ကာ ပြောလိုက်သည်။

“မတော်တဆဆိုတာ ဘာအဓိပ္ပာယ်လဲ... မင်းက ဒိုင်းကာအဖြစ် အသုံးချဖို့ ရည်ရွယ်ချက်နဲ့ လူတစ်ယောက်ကို ကျပန်း ဆွဲယူလိုက်တာလေ... အကယ်၍ သူတို့သာ လင်းကန်းရှင်းရဲ့ ဒေါသကို ခံနိုင်ရည်ရှိရင် ကောင်းတာပေါ့... ဒါပေမဲ့ အကယ်၍ မခံနိုင်ရင် တခြား ဘယ်သူမဆို လင်းကန်းရှင်းရဲ့ တိုက်ခိုက်မှုကြောင့် သေသွားနိုင်တယ်”

ဝူယိတောက်၏ စကားများကို နားထောင်ရင်း ၊ မိုရှီယွီ၏ အမူအရာတွင် အပြစ်မကင်းသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

သို့သော်လည်း ဝူယိတောက်သည် လက်ဝှေ့ယမ်းလိုက်ပြီး လှည့်ထွက်သွားကာ ပြောလိုက်သည်။

“ မင်း ငါနဲ့ ဝေးဝေးနေပေးတာက ... အဲ့တာက မင်း ငါ့ကို ပေးနိုင်တဲ့ အကြီးမားဆုံး တောင်းပန်မှုပဲ... လင်းကန်းရှင်း အတွက်ကတော့ သူ့ဘက်က သတ္တိရှိရင် လာစမ်းကြည့်ခိုင်းလိုက်”

ထိုသို့ ပြောပြီးနောက် ဝူယိတောက်သည် မိုရှီယွီ၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားပြီး ၊ မိုရှီယွီမှာ စိတ်ပျက်အားငယ်စွာဖြင့် ကျန်ရစ်ခဲ့လေသည်။

သူမ၏ ရုပ်ရည်သည် ထိပ်တန်းအဆင့်တွင် ရှိပေသည်။ မိုရှီယွီကို မြင့်မြတ်နယ်မြေတွင် ပိုးပန်းသူ အများအပြား ရှိပြီး ၊ ပိုးပန်းသူများကို တန်းစီလိုက်ပါက ကီလိုမီတာ ၃၀၀ အထိ ရှည်လျားနိုင်သည်ဟု ဆိုလျှင် ချဲ့ကားပြောဆိုရာ မရောက်ချေ။ သို့သော်လည်း သူမသည် မည်သူ့ကိုမျှ စိတ်မဝင်စားခဲ့ပေ။

သူမ၏ အလှအပကြောင့် လုံးဝ တုန်လှုပ်မသွားဘဲ ၊ သူမနှင့်ပင် ဝေးဝေးနေလိုသည့် ဤကဲ့သို့ အေးစက်ပြီး မာနကြီးသော လူမျိုးကို သူမ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်သည်။ ဤသည်က မိုရှီယွီကို ဝူယိတောက်နှင့်ပတ်သတ်၍ သိလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။

မိုရှီယွီ မသိခဲ့သည့် အချက်မှာ ဆန့်ကျင်ဘက် လိင်အပေါ် သိလိုစိတ် ဖြစ်ပေါ်လာခြင်းသည် အလွန် အန္တရာယ်များသော ကိစ္စတစ်ခုပင် ဖြစ်သည်။

အခန်း ၁၇၂ - ဖရိုဖရဲ ကမ္ဘာ၊ ကိုယ့်သေတွင်း ကိုယ်တူးသော လင်းကန်းရှင်း

ဤအခိုက်အတန့်တွင်၊ ဝူယိတောက်သည် ထိုအရာများကို စဉ်းစားမနေခဲ့ပေ။ ဖရိုဖရဲ ကမ္ဘာသည် မည်သို့သော ပုံစံဖြင့် ရှိနေကြောင်း နှင့် ဖရိုဖရဲ သားရဲများသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကိုသာ တွေးတောနေခဲ့သည်။

အကြောင်းမှာ အထဲသို့ ဝင်ရောက်သွားသူများသည် အတွင်းမှ မြင်ကွင်းကို တွေ့မြင်နိုင်သော်လည်း ၊ ပြင်ပမြင်ကွင်းအဖြစ် ဖော်ပြမည်မဟုတ်ပေ။ အထက်ကမ္ဘာတွင် ဖရိုဖရဲကို တည်ရှိခွင့် မပြုပုံရသည်။

“ဖရိုဖရဲ ကမ္ဘာထဲမှာ ရွှေအင်မော်တယ် အဆင့်ရှိတဲ့ ဖရိုဖရဲ သားရဲတွေ ရှိတယ်... ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ၊ စစ်မှန်အင်မော်တယ် အဆင့်ရှိတဲ့ သက်ရှိတွေကိုပဲ အများဆုံး ရင်ဆိုင်နိုင်မှာ...ငါ့ရဲ့ ခွန်အားကို အမြန်ဆုံး တိုးတက်အောင် လုပ်ပြီး ၊ နည်းလမ်းအချို့ ပြင်ဆင်ထားဖို့ လိုလိမ့်မယ်”

ဝူယိတောက်သည် စိတ်ထဲကနေ တွေးလိုက်သည်။ လက်ရှိတွင် သူသည် လူသားအင်မော်တယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ အစီအစဉ်မှာ ဖရိုဖရဲ ကမ္ဘာအတွင်း၌ စစ်မှန်အင်မော်တယ် အဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။

ဖရိုဖရဲကို နားလည်သဘောပေါက်ရန် တစ်နှစ် အချိန်ရမည် ဖြစ်ကာ ၊ သူ၏ ပါရမီကို ထည့်သွင်းစဉ်းစားလျှင်ဖြင့် သူသည် စစ်မှန်အင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ထားသည်။

ဝူယိတောက် တွေးတောနေစဉ်မှာပင် ၊ သူ့ရှေ့ရှိ ဖရိုဖရဲ ခေါင်းလောင်းသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နေသကဲ့သို့ အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ဖရိုဖရဲ ခေါင်းလောင်းဘေးတွင် ရပ်နေသော အကြီးအကဲက ပြောလိုက်သည်။

“လူကြီးမင်းတို့... ကျေးဇူးပြုပြီး ဝင်ရောက်ကြပါ”

ထိုသို့ ပြောပြီးနောက် ၊ ဖရိုဖရဲ ခေါင်းလောင်းသည် အဆမတန် ကြီးမားလာပြီး မကြာမီမှာပင် ထိုနေရာတွင် ရှိနေသော တပည့်အားလုံးကို ဖရိုဖရဲ ခေါင်းလောင်းထဲသို့ စုပ်ယူသွားတော့သည်။

ရင်ပြင်ပေါ်ရှိ ပုံရိပ်များ ပျောက်ကွယ်သွားပြီး ၊ အရာအားလုံး ပြန်လည် တည်ငြိမ်သွားချိန်တွင် ဖရိုဖရဲ ခေါင်းလောင်းနှင့် ထိုအကြီးအကဲသာ နေရာတွင် ကျန်ရစ်ခဲ့လေ၏။

တစ်ချိန်တည်းမှာပင် အလယ်ပိုင်းဒေသ၌ စူးချောင်ရန်နှင့်အတူ ပျားရည်ဆမ်းခရီး ထွက်နေသော ဝူဟောက်သည် မြောက်ပိုင်းဒေသရှိ ဖရိုဖရဲ မြင့်မြတ်နယ်မြေဆီသို့ အကြည့်ရောက်သွားပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဘာဖြစ်လို့လဲ”

ရေချိုးပြီးကာစ ရေချိုးဝတ်ရုံကို ဝတ်ဆင်ကာ ထွက်လာသော စူးချောင်ရန်သည် ဝူဟောက်၏ အမူအရာကို တိုက်ဆိုင်စွာ မြင်တွေ့သွားပြီး မေးမြန်းလိုက်သည်။

ထိုအခါ ဝူဟောက်သည် သတိပြန်ကပ်လာပြီး စူးချောင်ရန်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

“ဘာမှမဟုတ်ပါဘူး... ယိတောက်ရဲ့ ချီအငွေ့အသက်တွေက အထက်ကမ္ဘာကနေ ပျောက်ကွယ်သွားတာကို သတိထားမိလိုက်လို့ပါ”

“ယိတောက် ပျောက်သွားတယ်... သူ တစ်ခုခု ဖြစ်လို့လား”

မြစ်ဖြစ်သူ၏ ကိစ္စကို ကြားလိုက်ရချိန်တွင် ၊ စူးချောင်ရန်၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။

ဝူဟောက်သည် စူးချောင်ရန်၏ ကျောကို ညင်သာစွာ ပွတ်သပ်ရင်း နှစ်သိမ့်ပေးလိုက်သည်။

“ ဘာမှမဖြစ်ပါဘူး... ယိတောက်ရဲ့ ချီအငွေ့အသက်တွေက အထက်ကမ္ဘာကနေ ပျောက်ကွယ်သွားပေမဲ့ ...သူ့အခြေအနေ ကောင်းတယ်ဆိုတာ ငါ ခံစားမိတယ်... သူ တစ်ခုခုနဲ့ တွေ့ကြုံနေတာ ဖြစ်ရမယ်... ဒါပေမဲ့ စိတ်မပူနဲ့... ဘာထိခိုက်မှုမှ ရှိမှာ မဟုတ်ဘူး... ကံကောင်းရင် သူက အတော်လေး ကြီးမားတဲ့ ကံကောင်းမှုကိုတောင် ရနိုင်လိမ့်မယ်”

ဝူဟောက်၏ စကားများကို ကြားပြီးနောက် စူးချောင်ရန်၏ စိုးရိမ်ပူပန်မှုများသည် လျော့ကျသွားသော်လည်း ၊ အနည်းငယ် ကျန်ရှိနေသေး၏။

ထိုအရာကို မြင်ပြီး ဝူဟောက်သည် ပြုံး၍ ပြောလိုက်သည်။

“မိန်းမ... ငါ မင်းကို ပုံစံတချို့ သင်ပေးခဲ့တာ မှတ်မိတယ်... ဒီည အဲ့တာတွေကို လေ့ကျင့်ကြရအောင်”

ဝူဟောက်၏ စကားများကြောင့် စူးချောင်ရန်၏ မျက်နှာမှာ နီရဲသွားပြီး ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူမ၏ ခင်ပွန်းသည် ထိုပုံစံများကို မည်သည့်နေရာမှ သင်ယူလာခဲ့လေသနည်း။

သို့သော်လည်း အခြား ရွေးချယ်စရာ မရှိချေ။ သူမအနေဖြင့် ခင်ပွန်းသည်ကို ကတိပေးထားပြီး ဖြစ်သဖြင့် ထိုပုံစံအတိုင်း နေရန်သာ ဆုံးဖြတ်လိုက်သည်။

ဤသို့ တွေးမိရင်း စူးချောင်ရန်သည် သူမ၏ အဝတ်အစားများကို ညင်သာစွာ ချွတ်ချလိုက်သည်။ စူးချောင်ရန်ကို ကြည့်ရင်း ဝူဟောက်သည် ကျေနပ်မှုကို ခံစားလိုက်ရသည်။

“ ထင်တဲ့အတိုင်းပဲ... ရှေးလူကြီးတွေရဲ့ အတွေးအခေါ်တွေက အတော်လေး ဖန်တီးနိုင်စွမ်းရှိတာပဲ “

တစ်ချိန်တည်းမှာပင် ၊ ဖရိုဖရဲ ခေါင်းလောင်းထဲသို့ စုပ်ယူခံလိုက်ရပြီးနောက် ဝူယိတောက်သည် မူးဝေမှုကို ခံစားလိုက်ရပြီး သတိလစ်သွားသည်။ သူတို့ နိုးထလာချိန်တွင် ဖရိုဖရဲ ကမ္ဘာထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြူများဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်ယံကို ကြည့်ရင်း ဝူယိတောက်၏ အမူအရာသည် အလွန် လေးနက်နေသည်။ ဖရိုဖရဲ ကမ္ဘာသည် မည်မျှ ကြီးမားကြောင်းကို သူ မသိသော်လည်း ၊ လက်ရှိ သူ၏ ပတ်ဝန်းကျင်တွင် ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ အခြားတပည့်များ ရှိမနေခဲ့ပေ။

သူ၏နတ်ဘုရား အသိစိတ်ကို ဖြန့်ကျက်ကာ စုံစမ်းစစ်ဆေးလိုက်သော်လည်း ၊ အနီးအနား၌ အခြား မည်သည့် သက်ရှိကိုမျှ မတွေ့ရှိရချေ။

ဝူယိတောက်သည် ခေါင်းခါလိုက်ပြီး တင်ပျဉ်ခွေ ထိုင်ကာ ဖရိုဖရဲနိယာမကို စတင် နားလည်သဘောပေါက်ရန် ကြိုးစားလိုက်သည်။

အထဲသို့ ဝင်ရောက်လာပြီးနောက်တွင် ၊ ပုံမှန်ကမ္ဘာနှင့် ယှဉ်လျှင် ဖရိုဖရဲ ကမ္ဘာထဲတွင် အပိုဆောင်း စွမ်းအားတစ်ခု ရှိနေကြောင်း သူ သတိပြုမိခဲ့သည်။

၎င်းမှာ ဖရိုဖရဲ စွမ်းအားပင် ဖြစ်သည်။ ဤပတ်ဝန်းကျင်တွင် အခြား ကျင့်စဉ်များကို ကျင့်ကြံသည်ဖြစ်စေ၊ ဖရိုဖရဲ ကျင့်စဉ်ကို ကျင့်ကြံသည်ဖြစ်စေ ကျင့်ကြံမှု အရှိန်သည် အပြင်ဘက်ထက် အများကြီး ပိုမို မြန်ဆန်ပေလိမ့်မည်။

ဖရိုဖရဲ ကမ္ဘာထဲတွင် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တစ်ပတ်အတွင်းမှာပင် ၊ ဝူယိတောက်သည် လူသားအင်မော်တယ် နှောင်းပိုင်းအဆင့်မှ အထွတ်အထိပ်အဆင့်သို့ ဖောက်ထွက်သွားခဲ့ပြီ ဖြစ်သည်။

လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီးနောက် ၊ ဝူယိတောက်သည် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ သူ၏ နောက်ဘက် မနီးမဝေးဆီသို့ လှမ်းကြည့်လိုက်သည်။

မျက်လုံးထဲတွင် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော လင်းကန်းရှင်းသည် ထိုနေရာ၌ ရပ်သည်ကို မြင်တွေ့လိုက်ရသည်။

“ အသုံးမကျတဲ့ အမှိုက်ကောင်... မင်း ငါ့ကို သတိထားမိလိမ့်မယ်လို့ ငါ ထင်မထားဘူး... ကြည့်ရတာ မင်းက အဲ့လောက်ထိ အသုံးမကျတာတော့ မဟုတ်ဘူးပဲ”

ဝူယိတောက်သည် သူ့ကို သတိထားမိခဲ့သဖြင့် လင်းကန်းရှင်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ မည်သို့ပင်ဖြစ်စေ ၊ သူသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်ကာ ၊ ယုတ္တိကျကျဆိုရလျှင်ဖြင့် ဝူယိတောက်ကဲ့သို့ အသုံးမကျသော သူတစ်ယောက်သည် သူ့ကို ရှာတွေ့နိုင်စရာ အကြောင်းမရှိပေ။

ထိုစဉ် ၊ ဝူယိတောက်က မေးခွန်းထုတ်လိုက်သည်။

“တကယ်တော့ ငါ အရမ်း သိချင်နေတဲ့ မေးခွန်းတစ်ခု ရှိတယ်... ငါတို့က အဲ့လောက် ရင်းနှီးတာလည်း မဟုတ်ဘဲနဲ့ မင်းက ဘာလို့ ငါ့ကို သတ်ဖို့ အတင်းအကျပ် လုပ်နေရတာလဲ... ပြီးတော့ ငါ့ကို ဘာလို့ အမှိုက်လို့ ခေါ်ရတာလဲ.. ငါက တကယ်ပဲ အမှိုက်နဲ့ တူလို့လား “

အသက် ရာဂဏန်း အရွယ်ရှိသော လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ကို အသုံးမကျသော အမှိုက်တစ်ကောင်ဟု သတ်မှတ်မည်ဆိုပါက ၊ အသက် သောင်းဂဏန်း အရွယ်ရှိသော လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်ကို မည်သို့သမုတ်မည်နည်း။

ထိုစကားကို ကြားသည်နှင့် ၊ လင်းကန်းရှင်းက အေးစက်စွာ ရယ်မောလိုက်သည်။

“မင်းရဲ့ မေးခွန်းကို ဖြေဖို့ ငါ စိတ်မဝင်စားဘူး... ပြီးတော့ သေတော့မယ့်သူရဲ့ မေးခွန်းတွေကို ဖြေဖို့လည်း ငါ စိတ်မဝင်စားဘူး... အဲ့တော့ မင်းရဲ့ သေလမ်းကိုသာ ကောင်းကောင်း သွားလိုက်တော့”

ထိုသို့ ပြောပြီးနောက် လင်းကန်းရှင်းသည် ဝူယိတောက်ဆီသို့ ရုတ်တရက် ပြေးဝင်လာသည်။ သူ၏ အစောပိုင်းက တိုက်ခိုက်မှုသည် လူသားအင်မော်တယ် ကနဦးအဆင့်ကို သတ်ရန် လုံလောက်သော်လည်း ၊ ဝူယိတောက်သည် ၎င်းကို ကာကွယ်နိုင်ခဲ့သဖြင့် ဝူယိတောက်၏ ခွန်အားသည် အားနည်းပုံမပေါ်ချေ။

ထို့ကြောင့် လင်းကန်းရှင်းသည် ဦးဆောင် တိုက်ခိုက်ကာ သူ၏ ကိုယ်ပိုင် ဆုံးရှုံးမှုများကို အနည်းဆုံး ဖြစ်အောင် လျှော့ချခြင်းက ပိုကောင်းသည်ဟု တွေးလိုက်သည်။

သို့သော်လည်း ထိုမြင်ကွင်းကို မြင်ပြီးနောက် ဝူယိတောက်သည် မတတ်သာသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“သေချင်နေတာပဲ”

ထိုသို့ ပြောပြီးနောက် ဝူယိတောက်သည် ဖရိုဖရဲ လှံကို ထုတ်ယူကာ တိုက်ရိုက် ပစ်ခွင်းလိုက်သည်။ ကြောက်ခမန်းလိလိ စွမ်းအားများကို သယ်ဆောင်လာသော ဖရိုဖရဲ လှံသည် လင်းကန်းရှင်း၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး နေရာတွင်ပင် ပြင်းထန်စွာ ဒဏ်ရာရကာ သေလုနီးပါး ဖြစ်သွားစေသည်။

ယခုအချိန်တွင် ဝူယိတောက်သည် ကျားကို စားရန် ကြိုးစားနေသော ဝက်တစ်ကောင် ဖြစ်ကြောင်းနှင့် သူသည် ဝူယိတောက်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်ကာ လင်းကန်းရှင်းသည် နောက်ဆုတ်ရန် ရွေးချယ်လိုက်သည်။

ဤသို့ တွေးမိရင်း ၊ လင်းကန်းရှင်းသည် ရုန်းကန်ထလိုက်ပြီး ဝူယိတောက်ကို ကြမ်းတမ်းသော စကားများဖြင့် ဆိုလိုက်သည်။

“မင်း ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့ ဒီနေ့ ဖြစ်ခဲ့တာတွေကို ငါ မှတ်ထားမယ်... ဒီကနေ ထွက်သွားတဲ့အခါ မင်း သေချာပေါက် ပြန်ပေးဆပ်ရမယ် “

ထိုသို့ ပြောပြီးနောက် လင်းကန်းရှင်းသည် လှည့်ထွက်ရန် ဟန်ပြင်လိုက်သော်လည်း ၊ သူ မှားယွင်းသွားသည့် အချက်တစ်ချက် ရှိနေခဲ့သည်။ ဤသည်မှာ လက်ရှိ အခြေအနေသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေခဲ့ခြင်းပင်။

နောက်တစ်စက္ကန့်တွင် ဖရိုဖရဲ လှံသည် သူ၏ ရှေ့၌ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ဖောက်ထွက်သွားသည်။ ယင်းက သူ့ကို လုံးဝ ဆွံ့အသွားစေသည်။

“မင်းကများ ရာရာစစ... ငါ့ဆရာက အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ပဲ... မင်းကများ သတ္တိရှိနေတယ်ပေါ့ “

ဝူယိတောက်သည် အဝေးမှနေ၍ လင်းကန်းရှင်းဆီသို့ တစ်လှမ်းချင်း လျှောက်လာပြီး ၊ လင်းကန်းရှင်း၏ မျက်နှာပေါ်က မယုံနိုင်မှုများကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ဘာကြောက်စရာ ရှိလို့လဲ... ငါ့ကို မင်း စပြီး ရန်စကတည်းက မင်းရဲ့ ကံကြမ္မာက ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီ”

“ပြီးတော့ ငါက ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ အတွင်းတပည့် တစ်ယောက်လို့ တကယ်ကြီး ထင်နေတာလား ...ဘယ်လိုပဲဖြစ်ဖြစ် မင်းက သေရတော့မှာ ဆိုတော့ ငါ ပြောပြလိုက်မယ်... ငါက ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ သူတော်စင်... တစ်ဦးတည်းသော သူတော်စင်ပဲ”

ထိုသို့ ပြောပြီးနောက် ဝူယိတောက်သည် လင်းကန်းရှင်း၏ လုံးလုံးလျားလျား စိတ်ပျက်အားငယ်နေသော အမူအရာကို လျစ်လျူရှုကာ ၊ လင်းကန်းရှင်း၏ အပြစ်များသော ဘဝကို အဆုံးသတ်ပေးလိုက်တော့သည်။

All Chapters