← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း ၁၇၉ - အပြင်ထွက်ခြင်း

ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးမိုးကြိုးများသည် တုန်လှုပ်ချောက်ချားစရာ ကောင်းနေသော်လည်း ၊ ဝူဟောက်နှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ချေ။ ဝူဟောက်သည် ယခုမှ အင်မော်တယ် မဟာဧကရာဇ်အဆင့်သို့ တတ်လှမ်းထားခြင်း ဖြစ်သော်လည်း သူ၏ ခွန်အားသည် အင်မော်တယ် မဟာဧကရာဇ်ထက် များစွာ သာလွန်သည်။

ထို့အပြင် ဝူယီဖန်၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်မှ ရရှိသော ကောင်းချီးများဖြင့် ဝူဟောက်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ယခုအခါ စစ်မှန်နတ်ဘုရား တစ်ပါးနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။

မကြာမီ ကပ်ဘေးမိုးကြိုးများ ပျောက်ကွယ်သွားသည်နှင့်အမျှ ၊ ဝူဟောက်၏ ခန္ဓာကိုယ်မှ အလင်းတန်းများစွာ ဖြာထွက်လာသည်မှာ သူ့ကို စင်ကြယ်မြင့်မြတ်သော ပုဂ္ဂိုလ်အလား ထင်မှတ်စေသည်။

မကြာမီမှာပင် ဝူဟောက်သည် အင်မော်တယ် မဟာဧကရာဇ်အဆင့်တွင် အခြေတကျ ဖြစ်သွားသည်။ သို့သော် အင်မော်တယ် မဟာဧကရာဇ် ကနဦးအဆင့်သို့ ရောက်ရှိပြီး သိပ်မကြာမီမှာပင် ကြီးမားလှသော စွမ်းအားတစ်ခုသည် ဝူဟောက်၏ ခန္ဓာကိုယ်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်လာပြီး ၊ ဝူဟောက်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို နောက်ထပ် အဆင့်တစ်ခုသို့ တွန်းပို့ပေးလိုက်သည်။

“ ယီဖန်ရဲ့ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်က အဆင့်(၁၂)ကို ရောက်သွားပြီလား”

ဝူဟောက်သည် စိတ်ထဲကနေ တွေးလိုက်မိသည်။

“ အခုဆိုရင် ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အခု မြေကမ္ဘာနတ်ဘုရား အဆင့်နဲ့တောင် ယှဉ်နိုင်လောက်တယ်”

အင်မော်တယ် မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးနောက် ၊ ဝူဟောက်သည် နောက်တစ်ဆင့် ဉာဏ်အလင်းကို ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်သွားပြီး အင်မော်တယ် မဟာဧကရာဇ် နောက်ပိုင်းရှိ အဆင့်များကိုပင် သိရှိလာခဲ့သည်။

အင်မော်တယ် မဟာဧကရာဇ် နောက်ပိုင်းတွင် နတ်ဘုရား ဖြစ်လာမည်။ ထိုအဆင့်ကို ယခင်က သွေးဧကရာဇ်ကဲ့သို့ပင် နတ်ဘုရားဟု ခေါ်ဆိုကြသည်။ သို့သော်လည်း သူသည် တည်ငြိမ်မှု မရှိသေးပေ။ တည်ငြိမ်မှု ရှိမှသာ နတ်ဘုရားဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။

သို့သော်လည်း ထိုအချိန်သို့ ရောက်ရှိလာပါက ၊ အထက်ကမ္ဘာသည် နတ်ဘုရား တစ်ပါး၏ တည်ရှိမှုကို ခံနိုင်ရည် မရှိတော့သဖြင့် သူသည် နတ်ဘုရားကမ္ဘာသို့ သွားရောက်ရပေလိမ့်မည်။

နတ်ဘုရား နောက်တွင် စစ်မှန်နတ်ဘုရား၊ မြေကမ္ဘာနတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ နတ်ဘုရားဘုရင်၊ နတ်ဘုရား အရှင်သခင်နှင့် ထို့နောက်တွင် နတ်ဘုရား ဧကရာဇ်တို့ ဖြစ်ကြသည်။

သူ၏ ကောင်းကင်ဘုံ ဧကရာဇ် မဟာတာအို ကျင့်စဉ်သည် သူ့ကို နတ်ဘုရား ဧကရာဇ်အထက် ရောက်အောင် ပြုလုပ်နိုင်ပြီး ၊ အခြားသူများထက် သာလွန်သော တစ်ဦးတည်းသော အုပ်စိုးသူ ဖြစ်လာကာ ကောင်းကင်ဧကရာဇ် ဟူသော ဘွဲ့အမည်ကို ရရှိစေရန် လုံလောက်ပေသည်။

တစ်ချိန်တည်းမှာပင် ၊ တွမ့်သယ်၏ စောင့်ကြည့်မှုအောက်တွင် ဝူယီဖန်၏ ခန္ဓာကိုယ်မှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ချီအငွေ့အသက် တစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး တွမ့်သယ်ကို လွင့်ထွက်သွားစေခဲ့သည်။

အကယ်၍ ဝူယီဖန်သည် ချီအငွေ့အသက်ကို ဖုံးကွယ်ရန် အစီအရင်များကို မတပ်ဆင်ခဲ့ပါက ၊ ဤနေရာမှ ချီအငွေ့အသက်များသည် လင်းမိသားစုကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

“ဘုရားရေ... တကယ်ကြီး ဒီလောက်တောင် ဆူညံသွားတာလား”

တွမ့်သယ်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် စစ်မှန်အင်မော်တယ် အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ၊ ဝူယီဖန်၏ အရှိန်အဝါကို မခံယူနိုင်သေးပေ။ ဝူယီဖန်၏ ကျင့်ကြံမှုသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းနေမည်နည်း။

တစ်စုံတစ်ခုကို တွေးမိကာ တွမ့်သယ်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ ဝူယီဖန်အနေဖြင့် ပို၍ သန်မာလာသည်နှင့် သူတို့သည် လင်းမိသားစုကို မျိုးဖြုတ်ကာ ကလဲ့စားချေနိုင်ပေတော့မည်။

တစ်ချိန်တည်းမှာပင် ဝူယီဖန်သည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများကြားတွင် ရွှေရောင် အလင်းတန်းများ သက်ဝင်လှုပ်ရှားနေပြီး ၊ ဝူယီဖန်၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အဆင့်(၁၂)တွင် လုံးလုံးလျားလျား တည်ငြိမ်သွားစေသည်။

“ဒါက ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားလား... ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် အင်မော်တယ် အရှင်မြတ် အဆင့်အောက်မှာ ငါက ပြိုင်ဘက်ကင်းပဲ... ဒါပေမဲ့ လင်းမိသားစုကို ကိုင်တွယ်ဖို့က အများကြီး လိုသေးတယ်”

ဝူယီဖန်သည် စိတ်ထဲကနေ တွေးလိုက်မိသည်။

“ကျစ်... ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် အဆင့်(၁၂)က ငါ့ကို အင်မော်တယ် အရှင်မြတ် အဆင့်အောက်မှာ ပြိုင်ဘက်ကင်း ဖြစ်စေဖို့ပဲ လုံလောက်တာ... ပြီးတော့ ငါ့ရဲ့ လက်ရှိ ကျင့်ကြံမှုက စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်မှာ ရှိနေပြီး ရွှေအင်မော်တယ် အဆင့်ကို ဖောက်ထွက်ဖို့ တစ်လှမ်းပဲ လိုတော့တယ်”

“ငါ့ရဲ့ ကျင့်ကြံမှုကို အမြန်ဆုံး တိုးတက်အောင် လုပ်ဖို့ နည်းလမ်း ရှာရမယ်”

အနားသို့ ယခုလေးတင် ရောက်ရှိလာသော တွမ့်သယ်သည် ဝူယီဖန်၏ ရေရွတ်သံများကို ကြားလိုက်ရပြီး တိတ်တဆိတ် တွေးလိုက်မိသည်။

“ညီအစ်ကို... မင်း ပြောနေတာတွေက လူစကား ဟုတ်၊ မဟုတ် တစ်ချက်လောက် ပြန်နားထောင်ကြည့်စမ်း “

“ အသက် တစ်ထောင်တောင် မပြည့်သေးတဲ့လူက စစ်မှန်အင်မော်တယ် အထွတ်အထိပ်တဲ့လား ...”

အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားခဲ့လျှင်ဖြင့် အထက်ကမ္ဘာ တစ်ခုလုံး တုန်လှုပ်သွားမည်မှာ သေချာသည်။

သို့သော်လည်း ယခုအချိန်သည် ၎င်းကို စိုးရိမ်နေရမည့် အချိန်မဟုတ်ပေ။ မကြာမီ တွမ့်သယ်သည် ဝူယီဖန်အနားသို့ ရောက်ရှိလာကာ ပြောလိုက်သည်။

“ညီအစ်ကို... အခု မင်း တံခါးပိတ် ကျင့်ကြံတာ ပြီးသွားပြီဆိုတော့ ငါတို့...”

“အင်း... လင်းမိသားစုကို နောက်တစ်ကြိမ် ကြောက်ရွံ့တုန်လှုပ်သွားအောင် လုပ်ရမယ့် အချိန် ရောက်ပြီ”

ဝူယီဖန်၏ မျက်လုံးများထဲတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ ယခု သင်္ချိုင်းဖောက်ရန် အချိန်ရောက်ရှိလို့ လာချေပြီ။

စွဲလမ်းသွားခဲ့လေသလေား မသိနိုင်သော်လည်း ဝူယီဖန်သည် သင်္ချိုင်းဖောက်ထွင်းခြင်းကို အတော်လေး စိတ်ဝင်စားလာပုံ ရသည်။

ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် ဝူလီနှင့် ဝူချီလုံတို့သည် အင်မော်တယ် မဟာဧကရာဇ်အဆင့်သို့ တတ်လှမ်းသွားပြီ ဖြစ်သော ဝူဟောက်ကို မြင်ပြီး ဂုဏ်ပြုရန် ထွက်လာကြသည်။

“ဂုဏ်ယူပါတယ် ဘိုးဘေး...”

“ဂုဏ်ယူပါတယ် သခင်...”

ထိုအချိန်မှသာလျှင် ဝူလီသည် ဝူချီလုံ၏ တည်ရှိမှုကို သတိပြုမိသွားသည်။ သူ၏ အမူအရာသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် နေထိုင်နေစဉ် အတောအတွင်း ၊ အခြားလူများ ရှိနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့သလို ထို့အပြင် ဘိုးဘေးကြီး၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နေလိမ့်မည်ဟု ပို၍ပင် ထင်မှတ်မထားခဲ့ပေ။

ဝူဟောက်သည် တည်ငြိမ်စွာဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီလောက်ကတော့ ဘာမှ ကြွားစရာ မရှိပါဘူး”

ဝူဟောက်၏ စကားများကို ကြားပြီး ၊ ဝူလီနှင့် ဝူချီလုံတို့၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်ကွေးသွားကြသည်။

အကယ်၍ ဤကပ်ဘေးကို ဖြတ်ကျော်ရမည့်သူမှာ သူတို့သာ ဖြစ်ခဲ့လျှင်ဖြင့် ၊ ကပ်ဘေးမိုးကြိုးကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာကျသွားနိုင်သည်။

ဝူလီနှင့် ဝူချီလုံတို့သည် တိတ်ဆိတ်နေကြသော်လည်း ၊ ထိုစဉ် ဝူဟောက်သည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ နေစမ်းပါဦး မင်းက အပြင်ထွက်ပြီး အတွေ့အကြုံ ရှာနေရမှာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဖန်လိုင် အင်မော်တယ်ကျွန်းကို ရောက်နေတာလဲ”

“အဟမ်း... အင်း... ဘိုးဘေးကြီး... အပြင်မှာက အရမ်း အန္တရာယ်များတယ်လေ... ကျွန်တော့်ရဲ့ ပါရမီနဲ့ အပြင်မှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ... ပြီးတော့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက အားနည်းလွန်းသေးတယ်လို့ ခံစားရတယ်... အထက်ကမ္ဘာမှာဆိုရင် ဘာမှ မထူးခြားဘူးလေ... ဒါကြောင့် အပြင်မထွက်ခင် သန်မာအောင် လုပ်ဖို့ စီစဉ်ထားတာ”

ဝူလီသည် နေရခက်စွာဖြင့် ချောင်းဟန့်လိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

ဝူဟောက်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ ဝူလီသည် စိတ်ပျက်အားငယ်နေသော လေသံဖြင့် ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

“အဓိပ္ပာယ်မရှိတာ... မင်းက တံခါးပိတ်ပြီး ကျင့်ကြံနေရင် ဘယ်လိုလုပ်ပြီး ကြီးပြင်းလာနိုင်မှာလဲ... မင်းအနေနဲ့ အတွေ့အကြုံ လိုအပ်တယ်... ကြီးပြင်းဖို့အတွက် အပြင်ထွက်ပြီး လူတွေနဲ့ ပိုတွေ့ဖို့ လိုတယ်”

“ဘိုးဘေးက အခု မင်းကို ရည်မှန်းချက် တစ်ခု ပေးမယ်... နှစ်တစ်သောင်းအတွင်း အင်မော်တယ်ဘုရင် ဖြစ်လာရမယ်... မဟုတ်ဘူး... အင်မော်တယ် မဟာဧကရာဇ် ဖြစ်လာရမယ်... မင်းမှာ ကန့်ကွက်စရာ ရှိလား”

ဝူဟောက်၏ စကားများကို ကြားပြီး ဝူလီနှင့် ဝူချီလုံတို့မှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

“ နှစ်တစ်သောင်းအတွင်း အင်မော်တယ် မဟာဧကရာဇ်အဖြစ် တက်လှမ်းရမယ်... ဒါ လိမ်နေတာလား... မဟုတ်ဘူး... လိမ်ညာစကားဆိုတောင် ဒီလို လုပ်လို့ မရဘူး...”

ဝူလီသည် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင်၊ ဝူဟောက်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး သူ့ကို ဖန်လိုင် အင်မော်တယ်ကျွန်း၏ အပြင်ဘက်သို့ ပို့လွှတ်လိုက်၏။

“ တော်ပြီ... ညည်းညူနေတာ ရပ်လိုက်တော့... မင်းရဲ့ ပါရမီနဲ့ဆိုရင် နှစ်တစ်သောင်းအတွင်း တက်လှမ်းနိုင်လိမ့်မယ်... အဲ့အတွက် ဆက်ကြိုးစား”

ဝူလီသည် ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် ပုန်းအောင်းနေသည့် အချိန်အတောအတွင်း သူသည် ကနဦးအဆင့်မှ လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ဝူဟောက်၏ ခန့်မှန်းချက်အရ အကယ်၍ ဝူလီသာ အပြင်ဘက်တွင် ရှိနေမည်ဆိုပါက ၊ စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ပင် ဖောက်ထွက်ပြီးလောက်ပြီ ဖြစ်သည်

ထို့အပြင် သူသည် တိုက်ခိုက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း မရှိဘဲ ကြီးပြင်းလာမည်ဆိုပါက ၊ ကံကြမ္မာ၏ရွေးချယ်ခံရသူဟု ခေါ်ဆိုနိုင်ဦးမည်လော။

ဝူဟောက်သည် ထွက်ခွာရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ဝူချီလုံကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက မွေးကတည်းက ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်မှာပဲ နေလာတာဆိုတော့ မင်းရဲ့ အတွေ့အကြုံကလည်း သိပ်မများဘူး... အပြင်ထွက်ပြီး ကမ္ဘာကြီးကို လေ့လာကြည့်... နည်းနည်း ကြီးပြင်းလာအောင် လုပ်လိုက်... ဒါပေမဲ့ မင်းရဲ့ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ကို ငါ အသုံးပြုခွင့် ပေးမှာ မဟုတ်ဘူး... မင်းအနေနဲ့ ချီသန့်စင်ခြင်းအဆင့်ကနေ စတင်ပြီး မင်းရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံကို အင်မော်တယ် မဟညဧကရာဇ် နှောင်းပိုင်းအဆင့် ရောက်တဲ့အထိ ဆက်လက် တိုးတက်အောင် လုပ်ရမယ်... အဲ့အခါကျမှ မင်းရဲ့ ကျင့်ကြံမှုကို အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ထိ ပြန်ထားပေးမယ်”

ဝူချီလုံသည် လက်ရှိတွင် ကျင့်ကြံမှုမြင့်မားသော်လည်း သို့သော် ၎င်းနှင့် ကိုက်ညီသော တိုက်ခိုက်ရေး အတွေ့အကြုံ မရှိချေ။ ထို့ကြောင့် ဝူဟောက်သည် ဝူချီလုံကို တိုက်ခိုက်ရန် အပြင်သို့ စေလွှတ်ရန် စီစဉ်ထားပြီး ဝူချီလုံအနေဖြင့် သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံကို အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်သို့ မြှင့်တင်နိုင်သည့် အချိန်အထိ သူ၏ ကျင့်ကြံမှုအဆင့်ကို စည်းတံဆိပ်ခတ်ထားမည် ဖြစ်သည်။

ဝူဟောက်၏ စကားများကို ကြားပြီး ဝူချီလုံသည် ကန့်ကွက်ရန် ပြင်ဆင်လိုက်သော်လည်း အံ့အားသင့်စရာကောင်းစွာဖြင့် ဝူဟောက်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝူချီလုံ၏ ကျင့်ကြံမှုများသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့၏။

သူ၏ အင်မော်တယ် ကျင့်ကြံမှုသည် ကျဆင်းသွားရုံသာမက ၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည်ပင် မှေးမှိန်လာပြီး နောက်ဆုံးတွင် သူ့ကို သာမန်လူ တစ်ယောက်အဖြစ် ပြောင်းလဲသွားစေသည်။

ထို့အပြင် ဝူဟောက်သည် ဝူချီလုံကို ချေပပြောဆိုရန် အခွင့်အရေး မပေးဘဲ ဝူချီလုံကို အဝေးသို့ ပို့လွှတ်ရန် သူ၏ လက်ကိုသာ တစ်ချက် ဝှေ့ယမ်းလိုက်သည်။

“တကယ်ပါပဲ... ပုန်းအောင်းနေတာက ဘာအဓိပ္ပာယ် ရှိလို့လဲ... တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းကသာ တစ်ခုတည်းသော စစ်မှန်တဲ့ နိယာမပဲ”

ဝူဟောက်သည် ထိုသို့ ရေရွတ်လိုက်ပြီးနောက် ၊ ပျောက်ကွယ်သွားကာ ဖန်လိုင် အင်မော်တယ်ကျွန်းသည် တစ်ဖန် လူသူကင်းမဲ့သွား‌ပြန်သည်။

အခန်း ၁၈၀ - တည်ငြိမ်မှုမရှိသော ရာထူး ၊ တွမ့်သယ်၏ လျှို့ဝှက်ချက်

“ဘာ... အဲ့ကောင် နှစ်ကောင် ပြန်ပေါ်လာပြီ ဟုတ်လား”

ဝူယီဖန်နှင့် တွမ့်သယ်တို့သည် လင်းမိသားစုပိုင် သင်္ချိုင်းဂူ နှစ်ခုကို ထပ်မံ ဖောက်ထွင်းသွားသည်ကို သတင်းရပြီးနောက် ၊ လင်းရွှီခွင်၏ မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေ၏။

အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော သူခိုးနှစ်ကောင်သည် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး သင်္ချိုင်းဂူ နှစ်ခုစလုံးမှ မြှုပ်နှံထားသော ပစ္စည်းများကို ယူဆောင်သွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ချေ။

“ကျစ်... သူတို့ကို ရှာကြစမ်း... ပြီးတော့ သူတို့က ငါတို့ လင်းမိသားစု ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူကို သေချာပေါက် ထပ်ပစ်မှတ်ထားဦးမှာပဲ... သင်္ချိုင်းတစ်ခုစီမှာ အင်မော်တယ်ဘုရင် တစ်ယောက်စီ စောင့်ကြပ်ခိုင်းထား... သူတို့ ပေါ်လာတာနဲ့ ရအောင် ဖမ်းခဲ့ “

လင်းရွှီခွင်သည် သူ၏ ဖခင် ချန်ထားရစ်ခဲ့သော လူများကို ညွှန်ကြားချက်များ ပေးလိုက်ပြီး ၊ သူ၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးနေသည်။

“ငါ ဒီလောက် ပြင်ဆင်မှုတွေ လုပ်ထားတာတောင် နေ့ခင်းကြောင်တောင်ကြီး ဘိုးဘေးကြီး နှစ်ယောက်ရဲ့ သင်္ချိုင်းဂူတွေကို ဖောက်သွားနိုင်ခဲ့သေးတယ်.. အကယ်၍ သူတို့သာ ထပ်ပြီး အောင်မြင်သွားရင် ငါက လင်းမိသားစုရဲ့ သခင်လေး ဖြစ်ဖို့ ထိုက်တန်ပါဦးမလား...”

ထို့အပြင် သူ တာဝန်ယူပြီးနောက်တွင် ဝူယီဖန်နှင့် တွမ့်သယ်တို့ကို အကြိမ်များစွာ အောင်မြင်ခွင့် ပေးခဲ့သဖြင့် ၊ မျိုးနွယ်စုအတွင်း သူ့ကို မကျေနပ်ကြသော အကြီးအကဲများစွာ ရှိနေကြောင်း လင်းရွှီခွင် သိထားသည်။

ဖခင်ဖြစ်သူသည် မိသားစု ခေါင်းဆောင် ဖြစ်သော်လည်း လင်းမိသားစုကို သူ တစ်ယောက်တည်း အုပ်ချုပ်နေခြင်း မဟုတ်ချေ။ ဖခင်ဖြစ်သူ ရာထူးမှ ဆင်းပေးပြီး သူတို့သည် လင်းမိသားစု၏ ခေါင်းဆောင် ဖြစ်လာရန် လိုလားနေသူ အများအပြား ရှိနေသည်။

“ ငါ့အဖေကို စိတ်မပျက်စေရဘူး”

ထိုစဉ် ၊ ဖခင်ဖြစ်သူမှ စီစဉ်ပေးထားသော အင်မော်တယ် အရှင်မြတ် အကြီးအကဲ တစ်ဦးသည် သူ့အနားသို့ ရောက်လာပြီး ပြောလိုက်သည်။

“သခင်လေး... ငါတို့ မျိုးနွယ်စုမှာ အခု ဘိုးဘေးကြီးတွေရဲ့ သင်္ချိုင်းဂူ တစ်ရာကျော်လောက်ပဲ ကျန်တော့တယ်... အကယ်၍ ထပ်ပြီး လျော့နည်းသွားဦးမယ်ဆိုရင် မိသားစု ခေါင်းဆောင်ကို စွပ်စွဲပြစ်တင်ကြမှာကို ငါ စိုးရိမ်တယ် “

အကြီးအကဲ၏ စကားကို ကြားပြီးနောက် လင်းရွှီခွင်သည် ပို၍ပင် ဂနာမငြိမ် ဖြစ်လာသော်လည်း ၊ သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး အေးစက်စွာဖြင့် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။

“ငါတို့ လင်းမိသားစုမှာ အင်မော်တယ် ဧကရာဇ် အဆင့်ရှိတဲ့ စွမ်းအားရှင်တွေ ရာဂဏန်းလောက် ရှိတယ်ဆိုတာ ငါ မှတ်မိတယ်... အဲ့လိုဆိုရင် အင်မော်တယ် ဧကရာဇ်တွေ အားလုံးကို စုစည်းပြီး ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူ ပတ်လည်မှာ ပုန်းအောင်းနေခိုင်းလိုက်... အကယ်၍ သူတို့ လာရဲရင် သူတို့ကို ဘယ်တော့မှ ပြန်မလာနိုင်အောင် လုပ်ပစ်လိုက် “

“ဒါပေမဲ့ အင်မော်တယ် ဧကရာဇ် အဆင့်ရှိတဲ့ စွမ်းအားရှင်‌ အများအပြားကို စုစည်းလိုက်ရင် မျိုးနွယ်စု အတွင်း ကြီးမားတဲ့ ဆန့်ကျင်မှုတွေ ရှိလာနိုင်တယ်”

အကြီးအကဲသည် တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။

သို့သော်လည်း လင်းရွှီခွင်၏ လေသံသည် ပြတ်သားသည်။

“ဟွန့်... အခု သူတို့ သဘောတူ၊ မတူဆိုတာက ပြဿနာ မဟုတ်ဘူး... ဒါက ငါတို့ လင်းမိသားစုရဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်တယ်... ငါတို့ လင်းမိသားစုအတွက် မျက်နှာ အကြီးအကျယ် အပျက်မခံချင်ဘူးဆိုရင် သူတို့က ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ဘူး... ဒါ့အပြင် ငါ့ဆီမှာ မိသားစု ခေါင်းဆောင်ရဲ့ အမိန့်စာ ရှိတယ်... ဘယ်သူကများ ဖီဆန်ရဲမှာလဲ”

ဤစကားကို ကြားသောအခါ အင်မော်တယ် အရှင်မြတ် အကြီးအကဲသည် ဘာမှ ထပ်မပြောတော့ဘဲ လှည့်ကာ လိုအပ်သော အစီအစဉ်များ လုပ်ဆောင်ရန် ထွက်သွားတော့သည်။

အခြေအနေသည် အင်မော်တယ် အရှင်မြတ် အကြီးအကဲ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်၏။ လင်းရွှီခွင်သည် အင်မော်တယ် ဧကရာဇ်များ အားလုံးကို စုစည်းတော့မည်ဟု ကြားသိပြီးနောက် မျိုးနွယ်စုအတွင်းရှိ အင်မော်တယ် အရှင်မြတ်များသည် အစည်းအဝေး စတင်လေတော့သည်။

လင်းထျန်းအန်သည် မိသားစု ခေါင်းဆောင် နေရာတွင် ထိုင်နေပြီး သူ၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးနေသည်။ သူသည် အင်မော်တယ် မဟာဧကရာဇ် အဆင့်သို့ တတ်လှမ်းရန် တံခါးပိတ် ကျင့်ကြံရန် ပြင်နေစဉ်မှာပင် ၊ အစည်းအဝေး အတွက် ထွက်လာရမည်ဟူသော အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။

“ခေါင်းဆောင်... ဒီကိစ္စကို ရွှီခွင်ကို လွှဲထားပေးလို့ တကယ်ရော ရပါ့မလား... ငါးနှစ်တောင် ရှိသွားပြီ... အဲ့တုန်းက သူက အဲဒီ သူခိုးနှစ်ယောက်ကို တစ်နှစ်အတွင်း ဖမ်းပြီး ပြန်ခေါ်လာခဲ့မယ်လို့ ကျိန်ဆိုခဲ့ပေမဲ့ ...အခုတော့ ငါတို့ လင်းမိသားစုအတွက် သေဆုံးသွားခဲ့တဲ့ ဘိုးဘေးကြီးတွေ ငြိမ်းငြိမ်းချမ်းချမ်း မနားရတော့ဘူး ... ဒါ့အပြင် ဒီရှုပ်ထွေးမှု အားလုံးကို ဖြစ်စေခဲ့တာကလည်း ရွှီခွင်ပဲလေ... အကယ်၍ သူ့ကြောင့်သာ မဟုတ်ရင် ဒီလိုအခြေအနေမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောလို့ရတယ်... ဒါကြောင့် ခေါင်းဆောင်... ခင်ဗျား ဘာလုပ်ဖို့ စီစဉ်ထားလဲ”

ထိုအခိုက်အတန့်တွင် လင်းထျန်းအန်၏ ဘယ်ဘက်၌ ထိုင်နေသော အကြီးအကဲ တစ်ဦးက အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ သူ၏ စကားများတွင် လင်းထျန်းအန်အပေါ် မလိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေ၏။

သူသည် လင်းထျန်းအန်၏ ဝမ်းကွဲအစ်ကို လင်းထျန်းယွီ ဖြစ်သည်။ သူနှင့် အခြား ဝမ်းကွဲအစ်ကို တစ်ဦးဖြစ်သူ လင်းထျန်းချင်တို့သည် မိသားစု ခေါင်းဆောင် နေရာအတွက် လင်းထျန်းအန်နှင့် ယှဉ်ပြိုင်ခဲ့ကြသော်လည်း ၊ လင်းထျန်းအန်၏ ပါရမီက သာလွန်နေသဖြင့် သူသည် ရှုံးနိမ့်သွားခဲ့ရသည်။

သို့သော်လည်း အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သူနှင့် လင်းထျန်းချင်တို့သည်လည်း အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်သို့ ဖောက်ထွက်သွားခဲ့ကြပြီး ၊ မိသားစု ခေါင်းဆောင် ရာထူးနှင့် ပတ်သက်၍ အတွေးအချို့ ရှိလာခဲ့ကြသည်။

ဤဖြစ်ရပ်က သူတို့ကို အခွင့်အရေး တစ်ခု ပေးလိုက်ခြင်း ဖြစ်ရာ ၊ သူတို့သည် သဘာဝကျကျပင် ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။

“ဟုတ်တယ်... ထျန်းအန်... မင်းရဲ့ လုပ်ရပ်တွေကြောင့် ငါတို့ လင်းမိသားစုအတွက် ခုလို ကြီးမားတဲ့ ထိုးနှက်မှုကြီး ဖြစ်စေခဲ့တာပဲ... အဲ့အတွက် မင်းမှာ တာဝန်ရှိတယ်... ငါတို့ကို ရှင်းပြချက် တစ်ခု ပေးသင့်တယ်လို့ မင်း မထင်ဘူးလား”

လင်းထျန်းချင်ကလည်း ရှေ့သို့ ထွက်လာကာ အေးစက်စွာ နှာမှုတ်၍ ပြောလိုက်၏။

မကြာသေးမီ နှစ်များအတွင်း လင်းထျန်းယွီနှင့် လင်းထျန်းချင်တို့၏ လျှို့ဝှက် ကြိုးကိုင်မှုအောက်တွင် လင်းမိသားစုသည် အုပ်စု သုံးစုအဖြစ် တိတ်တဆိတ် ကွဲပြားသွားခဲ့သည်။ လင်းထျန်းအန်သည် အခြေအနေကို သတိပြုမိချိန်တွင် အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ၎င်းက လင်းမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေသဖြင့် လင်းထျန်းအန်သည် မျက်ကွယ်ပြုထားပြီး လျစ်လျူရှုထားခဲ့သည်။ သူသည် လင်းမိသားစု၏ ပထမဆုံး အင်မော်တယ် မဟာဧကရာဇ် ဖြစ်လာသည်နှင့် သူ့ကို ဆန့်ကျင်သော အသံများ အားလုံး ဖိနှိပ်ခံရပေမည်။

သို့သော်လည်း ယခုလို ကိစ္စမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဤသို့ တွေးမိသောအခါ ၊ လင်းထျန်းအန်သည် သူ၏ကိုယ်ပိုင် သားအရင်းကိုပင် သတ်ပစ်ချင်စိတ် ဖြစ်နေမိသည်။

သို့သော်လည်း လင်းရွှီခွင်သည် သူ၏ တစ်ဦးတည်းသော မျိုးဆက် ဖြစ်ပြီး ၊ ထူးခြားပြောင်မြောက်သော ပါရမီ ရှိနေသဖြင့် လင်းထျန်းအန်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လင်းရွှီခွင်ကို သတ်ချင်သည့် စိတ်ဆန္ဒကို အတင်း ဖိနှိပ်ထားလိုက်ရ၏။

“လူကြီးမင်းတို့... ငါ့သားက အမှားလုပ်ခဲ့တယ်လို့ ငါ မယုံကြည်ဘူး... အဲ့တာက သူ့ရဲ့ အခွင့်အရေးပဲ... ပြီးတော့ သူက အရင် တိုက်ခိုက်ပြီး သားကောင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တာလေ... အဲဒီ သူခိုးနှစ်ကောင်က ကံကောင်းလို့ ထွက်ပြေးလွတ်မြောက်သွားခဲ့တာလေ ..... ငါ့သားက ငါတို့ လင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးနေတာပဲ... အကယ်၍ ငါတို့သာ လက်လျှော့လိုက်မယ်ဆိုရင် အဲ့တာက ငါတို့ လင်းမိသားစုအတွက် တကယ့် မျက်နှာပျက်စရာ ဖြစ်လာလိမ့်မယ်”

“ဒီကိစ္စနဲ့ ပတ်သက်ပြီး တကယ့် အကြောင်းရင်းက ငါ့သားကြောင့် မဟုတ်လောက်ဘူး “

လင်းထျန်းအန်သည် မတ်တတ်ရပ်လိုက်ပြီး ၊ လင်းထျန်းယွီနှင့် လင်းထျန်းချင်တို့ကလည်း အလျှော့မပေးဘဲ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“မင်းက လင်းရွှီခွင် ရန်စခဲ့လို့ မဟုတ်ဘူးလို့ ပြောနေတာလား... ဒါဆို အကြောင်းရင်းက ဘာလဲ... တစ်ဖက်လူက အကြောင်းပြချက် မရှိဘဲနဲ့ ငါတို့ လင်းမိသားစုကို တိုက်ခိုက်မှာ မဟုတ်ဘူး”

“ငါ သိထားသလောက်ဆိုရင် သူတို့ထဲက ဝတဲ့ကောင်ရဲ့ မျိုးရိုးနာမည်က တွမ့် ပဲ”

လင်းထျန်းအန်က စကားတစ်ခွန်းချင်းစီကို ပီပီသသ ပြောလိုက်၏။

လင်းထျန်းယွီသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ၊ သူ၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားပြီး တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

“တစ်ဖက်လူရဲ့ မျိုးရိုးနာမည်က တွမ့်လို့ မင်း ဆိုလိုချင်တာလား... ဒါပေမဲ့ အဲ့တုန်းက ငါတို့ အရမ်း သတိထားပြီး လုပ်ခဲ့တာ မဟုတ်ဘူးလား... အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှတောင် ငါတို့ မချန်ထားခဲ့ဘူးလေး”

“တွမ့်မိသားစုကို ငါတို့ တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက မင်း မှတ်မိလား... တွမ့်မိသားစုမှာ အဲ့ အရာ ရှိနေတယ်လို့ ယူဆခဲ့ပေမယ့် အဲ့တုန်းက ငါတို့ ရှာမတွေ့ခဲ့ဘူး .. အကယ်၍ တွမ့်မိသားစုက အဲ့အရာကို အသုံးပြုခဲ့ပြီး သွေးသားတွေကို အဝေးကို ပို့လိုက်တာဆိုရင်ရော “

လင်းထျန်းအန်သည် လှောင်ရယ်ကာ ပြုံးလိုက်သည်။ သေချာစုံစမ်းစစ်ဆေးပြီးနောက် ၊ တစ်ဖက်လူ၏ အမည်မှာ တွမ့်သယ် ဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။

လင်းထျန်းအန်၏ စကားသံအဆုံးတွင် လင်းမိသားစု၏ အကြီးအကဲများ အားလုံး တိတ်ဆိတ်သွားကြသည်။

“ဒါကြောင့် ဒီကိစ္စက ငါ့သားကြောင့် ဖြစ်လာတာ မဟုတ်ဘဲ ငါတို့ လင်းမိသားစုကို ပစ်မှတ်ထားနေတဲ့ တစ်ဖက်လူကြောင့်ပဲ... ဘိုးဘေးကြီးတွေရဲ့ သင်္ချိုင်းဂူကို စောင့်ကြပ်ဖို့ မျိုးနွယ်စု အတွင်းမှာရှိတဲ့ အင်မော်တယ် ဧကရာဇ် အဆင့် စွမ်းအားရှင် အားလုံးကို စုစည်းတာက အသင့်တော်ဆုံး အစီအစဉ်ပဲ... အဲ့လိုမှ မဟုတ်ရင် တစ်ဖက်လူ ပိုပြီး သန်မာလာတဲ့အခါ ငါတို့ လင်းမိသားစုလည်း ဘေးကင်းနိုင်မှာ မဟုတ်ဘူး”

လင်းထျန်းအန်သည် ထပ်မံ ပြောလိုက်ရာ လင်းထျန်းယွီနှင့် လင်းထျန်းချင်တို့မှာ မချေပနိုင်တော့ချေ။ သူတို့သည် တစ်စုံတစ်ခုကို တွေးမိပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ပြောလိုက်သည်။

“ဒီကိစ္စအတွက် ငါ ကန့်ကွက်စရာ မရှိဘူး... ဒါပေမဲ့ အင်မော်တယ် ဧကရာဇ်တွေက အရမ်း များလွန်းတယ်... ငါ့ရဲ့ အကြံပြုချက်ကတော့ ဘိုးဘေး သင်္ချိုင်းဂူ တစ်ခုစီကို စောင့်ကြပ်ဖို့ အင်မော်တယ် ဧကရာဇ် တစ်ယောက်စီ လွှတ်ဖို့ပဲ... ဘာပဲဖြစ်ဖြစ် တဖက်လူက အရင်တုန်းက အင်မော်တယ်ဘုရင်ရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်ခဲ့တယ်ဆိုပေမဲ့... အခု သူတို့ ဘယ်လောက်ပဲ သန်မာပါစေ၊ ဘယ်လောက်ပဲ ပါရမီ ပါပါစေ အင်မော်တယ် ဧကရာဇ် တစ်ပါးကိုတော့ ယှဉ်နိုင်စရာ အကြောင်းမရှိဘူး”

လင်းထျန်းယွီ၏ စကားကို ကြားသောအခါ လင်းထျန်းအန်သည် တစ်ခဏမျှ တွန့်ဆုတ်သွားသော်လည်း ၊ အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ... အဲ့လိုဆိုရင် ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူ တစ်ခုစီကို စောင့်ကြပ်ဖို့ အင်မော်တယ် ဧကရာဇ် တစ်ယောက်စီ လွှတ်လိုက်... ငါတို့ လင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အမြန်ဆုံး သူတို့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်နိုင်ရမယ်”

All Chapters