အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
Chapter 87
~
အခန်း ၈၇
~
အချိန်ကား ညနက်သန်းခေါင်ယံသို့ ချဥ်းကပ်လာလေပြီ ။
ချန်ယင်းရွှယ်က ရုံးတော်ထဲတွင် စာရေးနေပြီး အခန်းတစ်ခုလုံး သူမ စာရေးနေသည့် စုတ်တံ အသံကိုသာ ကြားနေရလေ၏ ။
သူမ က စာရေးနေသည်ကို ရပ်လိုက်၏ ။ အချိန်မည်မျှ ကြာသွားသည်ကို သူမ မသိ ။
" ပြီးပြီလား.. "
မျက်စိမှိတ်ပြီး အနားယူနေသော ချောင်မူက မျက်လုံးဖွင့်ကြည့်ပြီး မေးလိုက်သည် ။ သူသည် ချန်ယင်းရွှယ် ၏ လက်အောက်ငယ်သားဖြစ်သော်လည်း ရုံးစာရေးနေသည်ကို ကူညီခြင်းမရှိ ။ ပျင်းရိစွာဖြင့် ထိုင်ကြည့်နေ၏ ။
" အင်း.. ရေးပြီးပြီ.."
ချန်ယင်းရွှယ်က ခေါင်းညိတ်ပြလိုက်ပြီး ပြတင်းပေါက်မှတဆင့် အပြင်ဘက် ညအမှောင်ထဲသို့ လှမ်းကြည့်မိလိုက်သည် ။
" မနက်လင်းတာနဲ့.. အထက်အရာရှိ ဆီကို ပို့လိုက်မယ်.. "
" ဒီအမှုက အတော်လေး ရှုပ်ထွေးပြီး အင်မော်တယ်ဂိတ်နာမည်ပါ ပါနေတာဆိုတော့ ဆုံးဖြတ်ချက်တစ်ခု ထွက်လာဖို့ ရည်နည်းနည်းတော့ ကြာလိမ့်မယ်ထင်တယ်.. အဲ့ဒီ အခါကျမှ..."
" ရပ်.. ရပ်.."
ချောင်မူက ဖြတ်ပြောလိုက်လျှင် ချန်ယင်းရွှယ် အံ့အားသင့်သွားပြီး...
" ဘာလဲ.. "
" ဒီကိစ္စ ဒီမှာတင် ရပ်လိုက်ရအောင်.. လက်လျော့သင့်တယ်လို့ ကျုပ်ထင်တယ်.. "
ချောင်မူက ခပ်တည်တည် ပြောလိုက်၏ ။ သူ၏ မျက်နှာထက်တွင် မည်သည့် စိတ်ခံစားချက်မှ မရှိ ။
" ကျုပ်တစ်ညလုံး စဥ်းစားပြီးတော့ နားလည်သွားပြီ.."
" ဒီအမှုက အရမ်းရှုပ်ထွေးတယ်.. ကျုပ်တို့ ဆက်စုံစမ်းနေမယ်ဆိုရင် ဘာမှ ကောင်းတာ ဖြစ်လာမှာ မဟုတ်ဘူး.. ဒီသတင်းကို အထက်ကို ပို့တာက အရမ်းပေါ့ဆလွန်းတယ်.. "
ချန်ယင်းရွှယ်၏ မျက်လုံးရွဲကြီးများက ပြူးကျယ်နေ၏ ။
" နင်..နင်...ငါ.... ငါ့ကို အရမ်း ပေါ့ဆတယ်ပြောနေတာလား.. "
ချန်ယင်းရွှယ် အသက်ရှူမြန်လာပြီး ရင်ဘက်က ဖိုထိုးသလို ဖိုလှိုက်ဖိုလှိုက် ဖြစ်လာ၏ ။ သူမကဲ့သို့ အတွေ့အကြုံရင့် ၊ ဝါရင့် ၊ သမာရင့် လူဆိုးထိန်းချုပ်အား လူဆိုးထိန်းဖြစ်သည်မှာ ရက်ပိုင်းသာ ကြာသေးသော လူသစ်က ဝေဖန်နေသည်လော ။
" ငါ့ကို အပြစ်လာတင်မနေနဲ့.. ငါ က ငယ်တော့တာ မဟုတ်ဘူး.. ငါ့လို အသက်အရွယ်ရောက်မှ ဘာကိုလုပ်သင့်တယ် ဘာကိုမလုပ်သင့်ဘူးဆိုတာ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလာလိမ့်မယ်.. "
ချောင်မူက သူ့ကိုသူ အသက် ၄၀ ကျော်နေမှန်း သတိရသွားပြီး ရင့်ကျက်သော လေသံဖြင့် ပြောလိုက်၏ ။
" ဟူး.. ငါ ငယ်ငယ်တုန်းကလည်း မင်းလိုပါပဲလေ .. အနာဂတ်ကို မျှော်တွေး မကြည့်တက်ဘူး.. ခုလို အသက်အရွယ်ရောက်မှပဲ ရေစုန်ကို ဘယ်လို မျှောလိုက်ရမယ်ဆိုတာ နားလည်သွားတာ.. "
" ရှင်ကလား ..ရေစုန်အတိုင်း မျှောလိုက်တာလား.. အင်းအင်း.. "
ချန်ယင်းရွှယ်က ဆွံ့အ သွားပြီး ခနဲ့တဲ့တဲ့ ပြောလိုက်၏ ။ ဧကရာဇ်အား လူပုံအလယ်တွင် ဝေဖန်အပြစ်တင်ခဲ့သည့်အတွက် ထောင်ကျခဲ့သော ဤလူဆိုးထိန်းသည် သူမအား ရေစုန်တွင် မျှောလိုက်တက်သည်ဟု ပြောနေသည်လော ။
" ငါ အရင်က နိုင်ငံရေးအကြောင်း ဝေဖန်ရဲပေမဲ့ အင်မော်တယ်ဂိတ်ဆိုတာကျတော့ မတူဘူး.. "
ချောင်မူက သူ့အမှားသူ မှတ်မိသွားပြီး ဆင်ခြေပေးလိုက်၏ ။
ချန်ယင်းရွှယ်က ထိုသည်မှ အံ့သြသွားပြီး ခဏစဥ်းစားလိုက်ကာ..
" ရှင်က ထောင်ကနေ ထုတ်ပေးမယ့် နောက်ခံရှိလို့ ပြောရဲတာကိုး.. ခု အင်မော်တယ် ဂိတ်နဲ့ ရင်ဆိုင်ရင် သေရမှာ ကြောက်လို့ မပြောရဲတော့ဘူးပေါ့.. "
သူမ၏ စကားဆုံးလျှင် ချောင်မူ၏ မျက်နှာသည် နာကျင်စရာ စကားလုံးများ ကြားလိုက်ရသလို မည်းမှောင်သွားပြီး...
" ကလေးမ..ဒါက အချိန်အခါကို စောင့်ဆိုင်းပြီး အမြင်ကို ကျယ်ကျယ်ထားတာလို့ခေါ်တယ်.. "
" မင်းက အမြင်ကျဥ်းလွန်းတယ်.. လုပ်တာကိုင်တာ ပေါ့ဆလွန်းတယ်.. အဲ့တာကြောင့် ဒီလို မြို့လေးမှာပဲ လူဆိုးထိန်း လုပ်နေရတာပေါ့.. "
ချန်ယင်းရွှယ်က မကျေမနပ်ဖြင့်...
" ရှင်လည်း အင်မော်တယ် မင်ယွဲ့ကို ဆန့်ကျင့်ခဲ့တာပဲ.. "
ချောင်မူက တွန့်ဆုတ်ခြင်းမရှိ ပြန်ဖြေလိုက်၏ ။
" မတူဘူး.. ဒါလုံးဝမတူဘူး.. အင်မော်တယ်မင်ယွဲ့ကို ဆန့်ကျင်တာနဲ့ ရွှမ်ထျန်းဘုရားကျောင်းကို စော်ကာတာနဲ့ ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ.. "
" ရွှမ်ထျန်း ဘုရားကျောင်းကို စွပ်စွဲတော့ရော သေဆုံးသူတွေအတွက် အဖြေရှာပေးနိုင်မယ်လို့ မင်းထင်နေတာလား.. မင်း သေသွားတာကလွဲလို့ ဘာမှဖြစ်မလာနိုင်ဘူး.. "
ချန်ယင်းရွှယ်သည် ထိုစကားများကို ကြားလျှင် တိတ်ဆိတ်သွား၏ ။ သူမ ချောင်ပိုင်ဖူအား အပြင်ပန်းတွင် အေးစက်စက်နိုင်သော်လည်း စိတ်ဓာတ်တည်ကြည်သူဟု ယူဆထားခဲ့၏ ။ အင်မော်တယ်ဂိတ်နှင့် မင်ယွဲ့အား ဆန့်ကျင့်ရဲမည့်သူဟု ထင်ခဲ့မိ၍ ဆွေးနွေးမိခြင်းဖြစ်သည် ။ သို့သော်လည်း ချောင်ပိုင်ဖူက အင်မော်တယ်ဂိတ်အား ဆန့်ကျင့်ရဲခြင်းမရှိ ။ ဤသည်က မုံမှန်သာဖြစ်လေသည် ။ သာမန်လူသားတစ်ယောက်က အင်မော်တယ်များအား မည်သို့ ဆန့်ကျင်ရဲပါမည်နည်း ။
ချန်ယင်းရွှယ်သည် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးမှ အမှန်တရားအတွက် ရဲရင့်သူကို မြင်လိုက်ရ၍ မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့မိခြင်းဖြစ်သည် ။
သူမ ၏ မျက်နှာက ပြိုတော့မည့် မိုးအသွင် ဝမ်းနည်းမှုများ ရစ်သိုင်းလာပြီး ပင်ပန်းနွမ်းနွယ်ဟန်ဖြင့် ...
" အဲ့လိုဆိုလည်း ရှင်ပြန်လိုက်တော့.. "
" ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး.. ပြန်သွားပြီး အနားယူလိုက်ပါ.. "
ချောင်မူက စိတ်ပျက်လက်ပျက် မျက်နှာဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး...
" မင်းဆက်ပြီး စုံစမ်းဦးမှာလား.. "
" ဒါပေါ့.. ကျွန်မ ဆက်ပြီး လုပ်ရမယ်.. "
ချန်ယင်းရွှယ်က အေးစက်စွာ ပြန်ဖြေလိုက်ပြီး ...
" ဒီကမ္ဘာပေါ်က လူတိုင်းက ရှင့်လို မထိခိုက်နိုင်တဲ့ ကိစ္စလေးတွေပဲ လုပ်ရဲပီး သေမှာကြောက်နေတဲ့သူ မဟုတ်ဘူး.. ဒီမဟာယန်အင်ပါယာကြီးက မှောင်မိုက်နေရင်တောင် ကိုယ်ကျင့်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားတဲ့သူတွေ ရှိသေးတယ်ဆိုတာကို ရှင်သိထားလိုက်ပါ.. "
ချောင်မူက တိတ်တဆိတ်သာ နားထောင်နေ၏ ။ သူ၏ မျက်နှာအမူအရာမှာ ချန်ယင်းရွှယ်သို့ပင် အေးစက်လာပြီး...
" သြော် မိန်းမမိန်းမ.. ငုံတာဥ မယူချင်ရင် လည်းတုတ်ပဲယူလိုက်တော့.. "
ချောင်မူက ပြောပြီးသည်နှင့် လျင်မြန်စွာ ရွေ့လျားကာ ချန်းယင်းရွှယ်၏ ဇတ်ပိုးကို လက်ဝါးစောင်းဖြင့် ခုတ်လိုက်သည် ။
" ရှင်......"
ချန်ယင်းရွှယ်က ထိန်လန့်စွာ ကြည့်နေသော်လည်း တုန့်ပြန်ချိန်မရလိုက် ။ ချောင်ပိုင်ဖူ၏ သိုင်းအဆင့်က သူမ ထင်ထားသည်ထက် များစွာပို၍ မြင့်နေသည် ။ သူမ နားမလည်နိုင်လိုက်ခင်မှာပင် မေ့လဲသွား၏ ။
ချောင်မူက သတိလစ်သွားသော ချန်ယင်းရွှယ်ကို အမူအရာမဲ့စွာ ငုံ့ကြည့်လိုက်သည် ။
' ငတုံးမလေး.. ငါ ဒီလောက် ကြိုးစားထားရတာကို ငါနဲ့ လုပြီး သေချင်တာလား.. ဆုတောင်းလေ အိပ်နေလိုက်တော့.. '
Chapter 88
~
အခန်း ၈၈
~
ချောင်မူက အမှုတွဲနှင့် သက်သေ အမွေးများပါသောအိတ်ကို စားပွဲပေါ်မှ ကောက်ယူလိုက်ပြီး ကျားဖြူမွေး အနည်းငယ်ကို ထုတ်ယူကာ ထွက်လာခဲ့သည် ။
ချန်ယင်းရွှယ်သည် လူဆိုးထိန်း စစ်စစ် ဖြစ်သဖြင့် အမှုတစ်ခုဖြစ်လာလျှင် အထက်အရာရှိများထံသို့ အစီရင်ခံရန်သာ ကြိုးစား၏ ။
ချောင်မူက ထိုသို့မတွေး ။ သူ ယန်မြို့တွင် ကြုံဖူးသည် ။ မြို့စားကုံးယန်သည် သူ၏ ရန်သူတော်ကြီး ဖြစ်လာခဲ့ချေသည် ။
' အထက်ကို အစီရင်ခံတာက သာမန်ကိစ္စတွေဆိုရင် အဆင်ပြေပေမဲ့ ဒီကိစ္စက အဆင်ပြေမှာ မဟုတ်ဘူး.. မြို့စားလော့ ဆီသာ ဒီစာ ရောက်သွားရင် သူ ပြဿနာတက်လိမ့်မယ်.. "
ချောင်မူက တွေးတောရင်း တံခါးမှ ထွက်လာ၏ ။
" ခေါင်းဆောင်ချောင်.. ညနက်တဲ့အထိ အလုပ်များနေတာလား.. "
ညအစောင့်ကျသော လူဆိုးထိန်းက ပြုံးပြီး နှုတ်ဆက်လိုက်သည် ။ ရုံးတော်ရှိ အမှုထမ်းများအားလုံးသည် ချောင်ပိုင်ဖူတွင် သာမန်မဟုတ်သော နောက်ခံရှိမှန်း သိကြ၏ ။ ထို့ကြောင့် တွေ့သူတိုင်းက နွေးထွေးစွာ ပြုံး၍ နှုတ်ဆက်ကြသည် ။
ချောင်မူက အစောင့်ထံသို့ လျှောက်သွားလိုက်ပြီး...
" ကျုပ်ကို အကူအညီတစ်ခုလောက် ပေးလို့ရမလား .."
" လင်းကြက်တွန်ပြီး နာရီဝက်လောက်ကြာရင် ဒီပစ္စည်းတွေကို မြို့အနောက်ဘက်က တရားသူကြီး ရှန်းချင်ဟယ်ဆီကို ပို့ပေးပါ.. ချောင်ပိုင်ဖူက အရေးကြီးကိစ္စရှိလို့ ပို့ခိုင်းတယ်လို့ ပြောလိုက်.."
" အရမ်းကြီး စောမသွားနဲ့နော် မှတ်ထားအုံး.. အလင်းရောင်မြင်ရပြီး နာရီဝက်ကြာမှသွား.. "
ချောင်မူက ပြောပြီးနောက် အစောင့်အား ငွေစအနည်းငယ် ထုတ်ပေးလိုက်၏ ။
ချန်ယင်းရွှယ် သတင်းပို့လျှင် ရှန်းချင်ဟယ်ထံသို့ မရောက်မီ ကြားတစ်ဆင့်ကို ဖြတ်သန်းရမည်ဖြစ်၍ ချောင်မူက တိုက်ရိုက်တင်ပြရန် ဆုံးဖြတ်ခဲ့သည် ။
သို့ရာတွင် ချောင်မူသည် ရှန်းချင်ဟယ်အကြောင်းကို သိပ်မသိ ။ သူ့အား ထောင်ထဲမှ ထုတ်ပေးမည့် အပြင်လူဟူ၍ ရှန်းချင်ဟယ်သာ ရှိ၏ ။ ဧကရာဇ်အား ဝေဖန်သည့် အမှုဖြင့် ထောင်ကျသူအား ထုတ်ပေးနိုင်သည့်အတွက် ရှန်းချင်ဟယ်၏ နောက်ခံမှာ သာမန် မဟုတ်ပေ ။
ချောင်မူသည် ရှန်းချင်းဟယ်အား ဤကိစ္စအတွင်းသို့ အတင်းထိုးထည့်နေခြင်း မဟုတ်ချေ ။ သူ သေဆုံးပြီးနောက် ဂုဏ်သိက္ခာကောင်းကောင်းရရန် သတင်းဖြန့်ပေးနိုင်မည်ဟုသာ မျှော်မှန်းထားခြင်းဖြစ်သည် ။ မနက်လင်းသည်နှင့် ရွှမ်ထျန်းဘုရားကျောင်းသို့ တစ်ယောက်တည်း သွားတော့မည်ပင် ။
ရှန်းချင်ဟယ် အမှုတွဲအား လက်ခံ ရရှိမည့်အချိန်တွင် ချောင်မူ သေဆုံးသွားမည် ဖြစ်သည် ။
' ကိစ္စအားလုံးတော့ ပြီးပြီ..'
ချောင်မူက မြို့အနောက်ဘက်ရှိ သူငှားရမ်းထားသော အိမ်သို့ ပြန်သွားပြီး မျက်လုံးမှိတ်ကာ အနားယူနေတော့သည် ။ မနက်အတွက် စွမ်းအင်အပြည့်အဝ ရှိနေရပေမည် ။
ချောင်မူ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ ကောင်းကင်က လင်းစ ပြုနေလေပြီ ။ သူ လူဆိုးထိန်း ဝတ်စုံကို လဲဝတ်လိုက်ပြီး ဓားကို ခါးတွင်ချိတ်၍ သက်သေအမွေးကိုယူဆောင်ကာ ထွက်လာခဲ့သည် ။
ထွက်လာခါနီးတွင် ချိတ်ထားသော ပြက္ခဒိန်ကို တစ်ချက်ကြည့်ခဲ့၏ ။
' ဒီနေ့က ဆယ်ငါးရက်နေ့ပဲ.. '
' နတ်ဘုရားတွေကို အမွှေးတိုင်ပူဇော်သင့်တဲ့ နေ့ပဲ.. '
ချောင်မူ အပြင်သို့ ထွက်လာချိန်တွင် ကောင်းကင်က အနည်းငယ်သာ လင်းနေသေး၏ ။ နေမထွက်လာသေးသဖြင့် လမ်းပေါ်တွင် လူသွားလူလာ သိပ်မရှိသေးပေ ။
မြို့မြောက်ဘက်သို့ ရောက်လာလျှင် တဖြည်းဖြည်းပို၍ စည်ကားလာ၏ ။
ရွှမ်ထျန်းဘုရားကျောင်းသည် မြို့မြောက်ဘက်တွင် ရှိသော တောင်ငယ်လေးတစ်ခု၏ ခြေရင်းတွင် ရှိလေသည် ။ ဂိုဏ်းဝင်များ၏ နေအိမ်များမှာ တောင်ပေါ်တွင် တည်ဆောက်ထားကြ၏ ။
' ဒါ ဟဲရန်မြို့က ချောင်မိသားစုရဲ့ နေရာလား.. '
ချောင်မူသည် ဟဲရန်မြို့တွင် ရက်ပေါင်းများစွာနေထိုင်ခဲ့ပြီးနောက် ရွှမ်းထျန်းဘုရားကျောင်းသို့ လာနိုင်ခဲ့ချေပြီ ။ သူ ဝင်ပေါက်သို့ ရောက်ခံနီးတွင် မာန်ဖီသံ ထွက်ပေါ်ပြီး သူ့ခြေထောက်တစ်ဖက်မှာ လေးလံသွား၏ ။
သူအောက်သို့ ငုံ့ကြည့်လိုက်လျှင် ရောင်စုံ ကြောက်ပေါက်လေးက သူ့ဘောင်းဘီအား ကိုက်ပြီး ဆွဲထားသည်ကို မြင်လိုက်ရသည် ။
ချောင်မူက ရှေ့သို့ ဆက်လျှောက်သွားသဖြင့် ကြောင်ပေါက်လေးက တရွတ်တိုက်ပါလာသည် ။
' ရောက်တာနဲ့ ကြောက်ငတုံး နဲ့တွေ့ရတယ်ဆိုတော့ အခြေအနေ ကောင်းမယ့်ပုံပဲ.. ဒါပေမဲ့ ဒီငတုံးက ကိုယ်ရောင်ဖျောက်တာ တော်လွန်းတယ် ..သူဘယ်အချိန်ပေါ်လာမှန်းတောင် ငါမသိလိုက်ရဘူး.. "
ချောင်မူက ကြောင်ပေါက်လေးကို သေချာပြန်ကြည့်လိုက်၏ ။ ကြောင်ပေါက်လေး၏ ထူးဆန်းမှုကို မသိခဲ့ပါက သာမန်ကြောက်ပေါက်လေးဟုသာ ထင်မိပေသည် ။
ဝင်ပေါက်နှင့် နီးလာလေ ကြောင်ပေါက်လေးက ပိုပျော်လာလေ ဖြစ်ပြီး သေဆုံးခြင်းစွမ်းအင်ကို အားရပါးရ ရှူရှိုက်နေရသဖြင့် အမွေးများပင် လျို့ဝှက်ဆန်းကြယ်စွာ တောက်ပနေ၏ ။ သို့ရာတွင် သေဆုံးခြင်းစွမ်းအင်က အားကောင်းလွန်းသဖြင့် သူ၏ ခြေထောက်များ ပျော့ခွေနေသည် ။ ဝိညာဥ်သားရဲ တစ်ကောင် ဖြစ်သဖြင့် ကြောက်ပေါက်လေး၏ ခွန်အားသည် ချောင်မူထက် အားမနည်းပေ ။ ခြေမခိုင်တော့၍သာ တရွတ်တိုက် ပါလာခြင်းဖြစ်သည် ။
ချောင်မူက ရှေ့သို့ ဆက်လျှောက်သွားပြီး ဘုရားကျောင်းနှင့် နီးကပ်လာသည်နှင့်အမျှ ကြောင်ပေါက်လေးက ပို၍ အားနည်းလာ၏ ။
ဆယ်ငါးရက်နေ့ ဖြစ်သဖြင့် ဘုရားကျောင်းကို လာရောက်ပူဇော်သူများသည် သာမန်နေ့များထက် ပို၍ များပြားနေသည် ။
ချောင်မူက လူအုပ်ကြားမှ ရောယောင်လိုက်လာသော်လည်း ဝင်ပေါက်တွင် စောင့်နေသည့် တာအိုဝတ်စုံ ဝတ်ဆင်ထားသော အစောင့်တစ်ဦးက မြင်သွားပြီး တားလိုက်၏ ။
" ဟေး.. မင်း.. ရပ်စမ်း.. လူဆိုးထိန်းလား.. ဒီနေရာကို နေရာမှားလာတာလား.."
အစောင့်က အလေးအနက်မထားဘဲ မေးလိုက်သည် ။
" ဒါ ရွှမ်းထျန်း ဘုရားကျောင်းလေ.. လက်နက်ကိုင်ပြီး ဝင်ခွင့်မရှိဘူး.. "
" ဟုတ်လား.."
ချောင်မူကို ဓားဆွဲထုတ်လိုက်သဖြင့် အစောင့်က အံ့အားသင့်သွား၏ ။
" မင်းဘာလုပ်တာလဲ.. ဒါ ရွှမ်ထျမ်းဘုရားကျောင်းနော် မလေးမစား လာမလုပ်နဲ့.. "
ဝင်ပေါက်မှ ဆူညံသံများကို လူအချို့က သတိထားမိသွားကြပြီး အဝေးတွင် ရှိသော ကျင့်ကြံသူအချို့က လျှောက်လာနေကြသည် ။
ဟဲရန်မြို့သည် ဤဒေသ၏ အကြီးဆုံးမြို့ ဖြစ်သဖြင့် အမွှေးတိုင်စွမ်းအားအတွက် ကာကွယ်သူများ ရှိပေသည် ။
ချောင်မူက ဘေးတွင် သွားလာနေသည့် ဘုရားဖူးများကို လက်ညိုးထိုးပြီး မေးလိုက်၏ ။
" ဒီလူတွေတောင် ဝင်လို့ရသေးတာကို ကျုပ်က ဝင်လို့မရဘူးလား.. "
သူသည် ဂုဏ်သိက္ခါရှိရှိ သေဆုံးချင်ပြီး နာမည်တစ်ခု ကျန်ခဲ့စေချင်၏ ။