← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

Chapter 89

~

အခန်း ၈၉

~

" ဒီလူတွေ ဝင်လို့ ရပေမဲ့.. ကျုပ်ကြ ဘာလို့ ဝင်လို့မရတာလဲ.. "

ဂိတ်စောင့် ကျင့်ကြံသူက စိတ်မရှည်တော့ဘဲ...

" မင်းက နန်းတော်အရာရှိလေ.. ဝင်ခွင့်မပေးနိုင်ဘူး.. "

ဆူညံသံကြောင့် ဘုရားကျောင်း၏ ကျင့်သူကြံသူနှင့် ပွဲကြည့်လိုသူအချို့က ဝိုင်းလာကြသည် ။

" နန်းတော်အရာရှိက ဘာလို့ ဝင်ခွင့် မရှိရတာလဲ.."

ချောင်မူက လူအုပ်ကို မြင်လျှင် အသံမြှင့်၍ အော်လိုက်သည် ။

" လူဆိုးထိန်း တစ်ယောက်အနေနဲ့.. မဟာယန်အင်ပါယာရဲ့ ဥပဒေထိမ်းသိမ်စောင့်ရှောက်ရေး အရာရှိ တစ်ယောက်အနေနဲ့ ဒါက ဟဲရန်မြို့ရဲ့ ပိုင်နက်ထဲမှာ မဟုတ်ဘူးလား.. ကျုပ်က ဘာလို့ ဝင်ခွင့် မရှိရမှာလဲ.. "

သို့ရာတွင် ချောင်မူ အံ့သြသွားစေသည့် အရာက ပွဲကြည့်နေသည့် လူအုပ်ကြီး၏ တုန့်ပြန်မှုဖြစ်သည် ။

လူအုပ်ကြီးသည် ချောင်မူ၏ စကားကို ကြားလျှင် မည်သည့် တုန့်ပြန်မှုမှမရှိ ။ အချို့ဆိုလျှင် သဘောမကျဟန်ဖြင့် ဆွေးနွေးနေကြ၏ ။

ရွှမ်ထျန်းဂိုဏ်းသည် ဟဲရန်မြို့သို့ ရောက်နေသည်မှာ ခြောက်လသာ ရှိသေးသော်လည်း လွှမ်းမိုးနိုင်စွမ်းမှာ ချောင်မူ ထင်ထားသည်ထက်ပင် ပိုနေလေသည် ။ ဤသည်က ယန်မြို့တွင် ကုံးယန်အား ဆန့်ကျင့်ခဲ့သည်နှင့် မတူတော့ချေ ။

ယန်မြို့တွင် ကုံးယန်အား မည်သူမှ အပြစ်မပြောကျသော်လည်း ယန်မြို့ဒေသခံများ၏ နှလုံးသားထဲတွင် အမှန်နှင့် အမှားကို ခွဲခြားသိမြင်ကြ၏ ။ ယခုတော့ ဆန့်ကျင်ဘက် ဖြစ်သွားကြလေပြီ ။

ချောင်မူ သည် လောက၏ အညစ်အကြေးများ ကင်းစင်သည်ဟူသော အင်မော်တယ်ဂိုဏ်းနှင့် ရင်ဆိုင်နေခြင်းဖြစ်ပေသည် ။

ချောင်မူ၏ စကားကို ကြားလျှင် ကျင့်ကြံသူများက ရယ်လိုက်ကြသည် ။

" ဟားဟားဟား..လူဆိုးထိန်းကြီး.. ခင်ဗျားက အတိတ်မေ့နေတာလား ကြော​င်ပျောက်နေတာလား .."

ကျင့်ကြံသူတစ်ဦးက ရယ်၍ ဝင်ပြောလိုက်၏ ။

" မဟာယန်ရဲ့ ဥပဒေက မဟာယန်နဲ့ပဲ သက်ဆိုင်တယ်လေ.. ဒါက အင်မော်တယ်ဂိုဏ်း.. "

" လူသားတွေရဲ့ ဥပဒေက အင်မော်တယ်တွေနဲ့ ဘာဆိုင်လို့လဲ.. "

ဤစကားကို ပြောရင်း ကျင့်ကြံသူ၏ မျက်နှာက မိမိကိုယ်ကို သာလွန်သည်ဟု ခံယူထားသော မျက်နှာပေးကို ဖုံးကွယ်မထားပေ ။

သူတို့သည် တချိန်က မဟာယန်ရုံးတော်၌ အမှုထမ်းခဲ့ဖူးကြသော်လည်း ယခုအချိန်တွင်မူ တာအိုဝတ်စုံများ ဝတ်ဆင်ထားသည့် အင်မော်တယ်များ ဖြစ်နေကြလေပြီ ။

ဘုရား​ကျောင်း၏ တံခါးစောင့်များသာ ဖြစ်ကြသော်လည်း သာမန်သေမျိုးများထက် မြင့်မြတ်ပေ၏ ။

ချောင်မူက တည်ငြိမ်စွာဖြင့်...

" အင်မော်တယ်ဂိတ်က ကျင့်ကြံသူ တစ်ယောက်က မြို့ထဲမှာ အပြစ်မဲ့သူတွေကို သတ်ဖြတ်နေတယ်လို့ သံသယရှိရင်ရော.. "

ဤစကားကိုကြားလျှင် ကျင့်ကြံသူများ၏ မျက်နှာက လငပုတ် ဖမ်းသွားကြသည် ။ သူတို့က အနှီလူဆိုးထိန်းအား ဆုံးမရန် ပြင်လိုက်ကြစဥ် အဝေးမှ လျှောက်လာသော ကျင့်ကြံသူ မိန်းမပျိုကြောင့် ရပ်တန့်သွားကြသည် ။

" ဘာဖြစ်နေကြတာလဲ.. "

အမျိုးသမီးကျင့်ကြံသူက မေးလိုက်၏ ။

" စီနီယာအစ်မ မင်ယွဲ့.."

" အစ်မ...."

ကျင့်ကြံသူများက အလျင်အမြန်နှုတ်ဆက်လိုက်ကြသည် ။

မင်ယွဲ့သည် ဂိုဏ်း၏ သူတော်စင်မ၏ အစေခံဖြစ်ပြီး သားရဲထိန်းချုပ်နိုင်သည့် စွမ်းရည်ကြောင့် ပစားပေးခံထားရသူဖြစ်သည် ။

သူမသည် အစေခံသာ ဖြစ်သော်လည်း ဘုရားကျောင်း၏ သာမန်တပည့်များအား မျက်စိထဲ မထည့်ချေ ။

" မင်းက လူဆိုးထိန်းခေါင်းဆောင် ချောင်ပိုင်ဖူမှတ်လား .."

မင်ယွဲ့က တစ်ချက်ကြည့်​ပြီး ထိုလူကို မှတ်မိလိုက်၏ ။

သူမက သာမန်လူများ၏ နာမည်ကို မမှတ်တက်သော်လည်း ဤချောင်ပိုင်ဖူက သူမအား ခဏခဏ အနှောက်အယှက်ပေးနေ၍ မှတ်မိနေသည် ။

" ခု အဓိကလူ ပေါ်လာပြီ ဆို​တော့ လေမဖြုန်းတော့ဘူး.. "

ချောင်မူက ပြောလိုက်သည် ။

" အင်မော်တယ် မင်ယွဲ့.. ကျုပ် ဝိညာဥ်ဖမ်းသားရဲရဲ့ အစစ်အမှန်ပုံစံကို သိလာခဲ့ပြီ.."

" သြော်.. အဲ့ကိစ္စကို ဒီအထိလာပြောတာလား.. အလေးအနက်ထားတာ မှန်တယ်.. "

မင်ယွဲ့၏ မျက်နှာက ဝမ်းသားအားရဖြစ်သွားသည် ။

ချောင်မူက အစိမ်းရောင်မီးအိမ်ကို ထုတ်ယူပြီး မီးညှိလိုက်ရာ အစိမ်းရောင်မီးတောက်ပေါ်လာပြီး ချောင်မူ၏ ခြေရင်းတွင် ပက်လက်လန်နေသော ကြောင်ပေါက်လေးထံသို့ မျောလွင့်သွား၏ ။

" ဒါက ဝိညာဥ်ဖမ်း သားရဲလား.. "

မင်ယွဲ့ အံ့သြသွားလေသည် ။ သူမ လိုက်ရှာနေသော သားရဲက သာမန်ကြောင်ပေါက်လေး ဖြစ်နေမည်ဟု သူမ ထင်မထားခဲ့ချေ ။

" ကောင်းတယ်.. ကောင်းတယ်.."

သူမက အံ့သြနေမှုကို ဖုံးကွယ်ပြီး သားရဲဆီသို့ လျှောက်လာသည် ။

" ဒီသားရဲက မြို့ထဲမှာ လူသတ်မှုတွေ အများကြီး ကျူးလွန်ခဲ့တယ်.. သူ့ကို ငါတို့ဂိုဏ်းထဲမှာ ထာဝရ ပိတ်လှောင်ထားရမယ်.. "

ချောင်မူက မလှုပ်မယှက်သာ ရပ်နေ၏ ။

" ဒါဆို အင်မော်တယ်မင်ယွဲ့က ဒီသားရဲက ဝိညာဥ်ဖမ်းသားရဲဆိုတာ အတည်ပြုလိုက်ပြီလား.. "

ချောင်မူက မေးလိုက်သည် ။

" ဟုတ်တယ်.. ဝိညာဥ်ဖမ်းသားရဲက ဒီကြောင်ပဲ.. "

မင်ယွဲ့က ကြောင်ပေါက်လေးကို စူးစိုက်ကြည့်နေရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည် ။

' ဒီကောင်က တုံးလိုက်တာ.. တကယ်ဆို ငါ့ကို တိတ်တိတ်လေး လာပေးရမှာ.. ဘာလို့ ရွှမ်ထျန်းဘုရားကျောင်း ဝင်ပေါက်ကို ယူလာတာလဲ.. တခြားသူတွေက ငါ့အမှတ်ကို ခိုးယူဖို့ ကြိုးစားတော့မယ်...'

မင်ယွဲ့ အနည်းငယ် မကျေမနပ် ဖြစ်မိ၏ ။

သိူ့သော်လည်း ချောင်မူက ကြောင်ပေါက်လေးကို လွဲပြောင်းပေးခြင်းမရှိဘဲ မလှုပ်မယှက် ရပ်နေဆဲပင် ။

" ဒါက ဝိညာဥ်ဖမ်းသားရဲဆိုရင်.. မနေ့ညက လူသတ်ခဲ့တဲ့ အင်မော်တယ်မင်ယွဲ့နဲ့အတူ ပေါ်လာတဲ့ သားရဲကရော ဘာကောင်လဲ.. "

ချောင်မူ၏ အကြည့်က အေးစက်နေပြီး စကားပြောနေသည်က ပိုမိုမြန်ဆန်လာ၏ ။

" အင်မော်တယ်မင်ယွဲ့ က မနေ့ညက သံသယဝင်စရာကောင်းတယ်.. ကျန်းလုံရဲ့ အိမ်မှာ ရောက်နေတာ သွေးရိုးသားရိုးရော ဟုတ်ရဲ့လား.. "

" ပြီးတော့ ကျန်းလုံရဲ့ အလောင်းမှာ ဒီအမွေးတွေ တွေ့ခဲ့တယ်.. "

ချောင်မူက အသင့်ပြင်လာသော အမွေးများကို ထုတ်ယူပြီး ကိုင်မြှောက်ထားလိုက်ကာ ကျန်လက်ဖြင့် ကြောင်သားရဲကို ကိုင်မြှောက်ပြလိုက်သည် ။

အမွေးများက ထူးခြားပေ၏ ။ သိသိသာသာရှည်၍ မာကျောဟန်ရကာနေရောင်အောက်တွင် အဖြူရောင် တောက်ပနေသည် ။

သာမန်အကြည့်ဖြင့်ပင် ကြောင်ပေါက်လေး၏ အမွေးမဟုတ်မှန်း သိနိုင်သည် ။

မင်ယွဲ့က ရှေ့ဆက်မတိုးဘဲ ရပ်လိုက်သည် ။ ဤလူကို မြင်ကတည်းက သူမ ကောင်းတာ ဖြစ်မည်မဟုတ်မှန်း သိထား၏ ။

" ဘာပြောချင်တာလဲ.. "

မင်ယွဲ့၏ အသံက သိပ်မတည်ငြိမ်တော့ပေ ။

ချောင်မူက...

" ဝိညာဥ်ဖမ်းသားရဲ အမှုကို စစ်ဆေးဖို့အတွက် ကျုပ်က ရွှမ်ထျန်း ဂိုဏ်းမှာ မွေးထားတဲ့ ဝိညာသားရဲတွေကို အမွေးနဲ့ တိုက်ပြီး စစ်ဆေးရမယ်.. ဝိညာဥ်ဖမ်းသားရဲ ရဲ့ အမှုကို ပေါ်ပေါက်အောင် ကျုပ်ဖော်ထုတ်.. "

" တော်လိုက်တော့.."

မင်ယွဲ့က ချောင်မူ ပြောနေသည်ကို လက်ဝှေ့ယမ်းပြီးတားဆီးလိုက်ပြီး...

" နင်လို ဘာမဟုတ်တဲ့ လူဆိုးထိန်းတစ်ယောက်က ငါတို့ အင်မော်တယ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခါကို စော်ကားရဲတာလား.. "

" အင်မော်တယ်ဂိုဏ်းဆိုတာ နင်ဝင်ချင်တိုင်း ဝင်လို့ရတဲ့နေရာမဟုတ်ဘူး.. "

ဘုရားကျောင်းဝင်ပေါက်တွင် လူအုပ်ကြီးက ပိုမို စုဝေးလာကြသည် ။

လူဆိုးထိန်းတစ်ယောက်က ဘုရားကျောင်းရှေ့တွင် သောင်းကြမ်းနေသည်မှာ တစ်ခါမျှပင် မဖြစ်ဘူးသည့် ကိစ္စဖြစ်လေသည် ။

" ရွှမ်ထျန်းဂိုဏ်းက အင်မော်တယ်တွေက သူတို့မွေးထားတဲ့ သားရဲတွေကို လူသတ်ခိုင်းတယ်ဆိုပါလား ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .."

" ဒါပေမဲ့ လူဆိုးထိန်းက သက်သေတွေပါ ယူလာတာဟ.. "

" ရွှမ်ထျန်းဂိုဏ်းသာ အပြစ်မရှိဘူးဆိုရင် အစစ်ဆေးခံမှာပေါ့.. လူဆိုးထိန်းတစ်ယောက်က ဟိုဟိုဒီဒီလျှောက်ကြည့်တာ ဘာမှ ဖြစ်မသွားဘူး.. "

" ဒါပေမဲ့ ရွှမ်ထျန်းဘုရားကျောင်းရဲ့ နတ်ဘုရားက ဟဲရန်မြို့ ငြိမ်းချမ်းအောင် ကာကွယ်ပေးထားတာလေ .."

လူအုပ်ကြီး၏ ဆွေးနွေးသံများက ဆူညံလာ၏ ။ အကုန်လုံးနီးပါးမှာ ရွှမ်တျန်းဂိုဏ်း၏ ဘက်မှ ထောက်ခံပြောဆိုနေကြသည် ။

အပြာရောင် လူဆိုးထိန်းဝတ်စုံ ဝတ်ထားသည့် ချောင်ပိုင်ဖူဆိုသည်က မဟာယန်တရားရုံး၏ ဘက်တော်သားဖြစ်သည် ။ မျိုးနွယ်ခြားစစ်ပွဲပြီး​နောက် နှစ်လေးဆယ် အတွင်း အဆမတန်မြင့်မားလာသော အခွန်အတုတ်များနှင့် ဘေးဒုက္ခများကြောင့် ပြည်သူများ၏ အမြင်တွင် ရုံးတော်အမှုထမ်းများက မျက်စိနောက်စရာ ဖြစ်နေ၏ ။

အခြားတစ်ဘက်တွင်မူ ရွှမ်ထျန်းဂိုဏ်း၏ အင်မော်တယ်များသည် ထာဝရအသက်ပိုင်ဆိုင်ထားသော သန့်ရှင့်စင်ကြယ်သူများ ဖြစ်ကြ၏ ။ ဤသည်က သာမန်လူများအတွက် ကိုးကွယ်ယုံကြည်ရာ ဖြစ်သည် ။

ထို့အပြင် လက်ရှိတည်နေရာမှာ ဘုရားကျောင်းဝင်ပေါက်တွင်ဖြစ်၍ ကိုးကွယ်ယုံကြည်သူများသာ အများဆုံးရှိနေသည် ။

" ဟိတ်ရပ်..လူဆိုးထိန်း ပြသနာမရှာပါနဲ့.. "

အဝေးမှ ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာလေသည် ။

အရာရှိဝတ်စုံ ဝတ်ဆင်ထားသော ဗိုက်ပူပူ သက်လတ်ပိုင်းလူတစ်ယောက်က ဗိုက်ကြီး လှုပ်တုတ်လှုပ်တုတ်ဖြင့် အူယားဖားယား ပြေးလာ၏ ။ သူ၏ နှာဖူးတွင် ချွေးများ စိုရွှဲနေသည် ။

ယနေ့မှာ ဆယ့်ငါးရက်မြောက်နေ့ဖြစ်သဖြင့် နတ်ဘုရားအား အမွှေးတိုင်ပူဇော်ရန် သူ လာခဲ့သည် ။ သို့သော်လည်း ဘုရားကျောင်းသို့ မရောက်ခင် လမ်းတဝက်အရောက်တွင် လူဆိုးထိန်းတစ်ဦး ပြဿနာရှာနေသည်ဟူသော သတင်းကို ကြားလိုက်ရ၍ ပြေးလာခဲ့ခြင်းပင် ။

" ဟိတ် လူဆိုးထိန်း.. ရပ်လိုက်စမ်း..နောက်ဆုတ်.."

အရာရှိလူဝကြီးက အော်ဟစ်လိုက်ပြီး...

" မင်းက အင်မော်တယ်တွေရဲ့ ငြိမ်းချမ်းခြင်းကို နှောက်ယှက်ပြီး ဂုဏ်သိက္ခာချဖို့ ကြိုးစားနေတာလား.. "

" အဲ့အမှုနဲ့ အင်မော်တယ်ဂိတ် ဆက်စပ်နေတာ ငါဘာမှ မကြားဖူးဘူး.. လာလိမ်မနေနဲ့.. "

ချောင်မူက လူဝကြီးကို ကြည့်ပြီး ရုတ်တရက် မေးလိုက်၏ ။

" ခင်ဗျားရဲ့ တရားဝင်ရာထူးကို ကျုပ်သိခွင့်ရှိမလား.. "

လူဝကြီးက ချက်ချင်းနားလည်သွား၏ ။ ဤလူဆိုးထိန်းသည် သူ့ကိုပင်မမှတ်မိ ။ နောက်ခံ မရှိသည့် သာမန်လူဆိုးထိန်းပင် ဖြစ်ချေမည် ။ သူက အေးစက်စွာဖြင့်...

" ငါက ဟဲရန်စီရင်စုရဲ့ အဆင့် ၅ တရားသူကြီးပဲ.. "

" မဟာယန်ရဲ့ ဥပဒေအရ လူဆိုးထိန်းတွေက အင်မော်တယ်ဂိတ်ကို စစ်ဆေးခွင့် မရှိဘူး မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ.. "

" လူဆိုးထိန်းတစ်ယောက်အနေနဲ့ မင်းအမှားလုပ်ပြီးနေပြီ.. မင်းဆက်ပြီး ပြဿနာ ရှာရဲရင် ငါမင်းကို ရာထူးကနေ ထုတ်ပစ်မယ်.. "

Chapter 90

~

အခန်း ၉၀

~

ဟဲရန်မြို့တွင် အဆင့်၅ အရာရှိ ရာထူးဟုသည်က အဆင့်၄ အုပ်ချုပ်ရေးမှူး၏ အောက်တစ်ဆင့်ဖြစ်၍ အလွန်လေးစားခံရသော ဂုဏ်ပုဒ်တစ်ခုဖြစ်သည် ။

သူ၏ အဆင့်ဖြင့် မင်ယွဲ့အား ကာကွယ်ပေးလျှင်ဂုဏ်သိက္ခာကျနိုင်သော်လည်း မျက်လုံးပြာကျားပျံ ဟူသည်က သူတော်စင်မ မွေးမြူထားသော ဝိညာဥ်သားရဲဖြစ်လေသည် ။

ချောင်ပိုင်ဖူက ဤကိစ္စအား ဖော်ထုတ်လိုက်လျှင် အင်မော်တယ်ဂိတ်၏ ဂုဏ်သတင်းထိခိုက်မည်ဆိုး၍ သူရှေ့ထွက်ကာ ဆူပူခဲ့ခြင်းပင် ။

ဤအသံကိုကြားလိုက်လျှင် မင်ယွဲ့တည်ငြိမ်သွားသည် ။ ချောင်မူက ထုတ်ဖော်ပြောလိုက်သဖြင့် သူမ ထိတ်လန့်သွားသော်လည်း သေချာပြန်စဥ်းစားကြည့်မှ သူမဘက်တွင် ထောက်ခံသူများစွာ ရှိနေ၏ ။ ချောင်ပိုင်ဖူ၏ အထက်အရာရှိကိုယ်တိုင်ပင် ချောင်ပိုင်ဖူအား ဆူပူနေသည် ။ ထို့ကြောင့် သူမ ကြောက်စရာ အကြောင်းမရှိ ။ ကြောက်သင့်သည့်သူမှာ ချောင်ပိုင်ဖူ သာလျှင်ဖြစ်သည် ။ ဟဲရန်မြို့၏ စည်းမျဥ်းများကို ဆန့်ကျင်နေသည့် သာမန်လူတစ်ယောက်သာ ဖြစ်သည် ။

သို့သော်လည်း ချောင်ပိုင်ဖူက တည်ငြိမ်နေဆဲပင် ။ ဖက်တီးအရာရှိက ခြိမ်းခြောက်နေသော်လည်း ၊ သာမန်ယုံကြည်သူများက ပြောဆိုနေသော်လည်း တုန်လှုပ်မှုမရှိ ၊ ကြောက်လန့်မှု မရှိဘဲ ခိုင်မာစွာ ရပ်နေခဲ့သည် ။

" မင်းက ငါ့ကို အလုပ်ထုတ်ချင်တာလား.. "

ချောင်မူက ရုတ်တရက် ပြုံးလိုက်၏ ။ လူဆိုးထိန်း ဝတ်ရုံ ခြုံထားရသဖြင့် ထိန်းသိမ်းနေရသည်က များလှပေသည် ။

" မှားနေတာက ငါမဟုတ်ဘဲ မဟာယန်ရဲ့ ဥပဒေက မှားနေတာလား.. "

ဖက်တီးအရာရှိက အစောပိုင်းအံ့သြနေပြီး တဖြည်းဖြည်းမျက်နှာမည်းမှောင်လာကာ အသားများ တဆတ်ဆတ်တုန်ရီ လာသည် ။ သူ ချောင်မူ ပြောသည်ကို ထပ်ကြားလိုက်ရ၏ ။

" လူဆိုးထိန်းတစ်ယောက်အနေနဲ့ တရားမျှတမှုကို ဖော်ထုတ်ခွင့် မရှိဘူးဆိုရင် ဒီ ဝတ်စုံ ဝတ်ထားရတာ ဘာအသုံးဝင်တော့မှာလဲ.. "

ချောင်မူက စကားပြောပြီးသည်နှင့် လူအများ၏ ရှေ့မှာပင် လူဆိုးထိန်းဝတ်စုံကို ဆွဲဆုတ်ပစ်လိုက်သည် ။

လူဆိုးထိန်းဝတ်စုံ၏ အောက်တွင် လှုပ်ရှားရ လွယ်ကူသော သိုင်းဝတ်စုံ ဝတ်ဆင်ထား၏ ။ ကြိုတင်ပြင်ဆင်လာသည်မှန်း သိသာလှသည် ။

" လူဆိုးထိန်းလား.. ခုကစပြီး ကျုပ်လူဆိုးထိန်း မဟုတ်တော့ဘူး.. "

လူဆိုးထိန်းဝတ်စုံကို ချွတ်လိုက်သည်က ချောင်မူသည် ရုံးတော်အမှုထမ်းမဟုတ်တော့ဘဲ မဟာယန်၏ ဥပဒေကို ကိုယ်စားမပြုတော့ကြောင်း ဆိုလို၏ ။

ချောင်မူသည် ဓားတစ်ချောင်းကို ကိုင်ကာ တစ်ယောက်တည်းရပ်နေပြီး အပြစ်တင်နေသော လူအုပ် ၊ ဒေါသထွက်နေသော ဖက်တီးအရာရှိနှင့် မြို့မြောက်ဘက်ရှိ အင်မော်တယ် ဘုရားကျောင်း၏ တံခါးကို မျက်နှာမူထားသည် ။

သူက ရွှမ်းထျန်း ဘုရားကျောင်းဝင်ပေါက်သို့ တစ်လှမ်းခြင်းစီ လျှောက်လာပြီး သူ၏ အသံကပိုမို ကျယ်လောင်လာကာ လူအများ၏ နားထဲတွင် ပဲ့တင်ထပ်လာသည် ။

" ခု ကျုပ်က လူဆိုးထိန်း မဟုတ်တော့ဘူး.. အလုပ်မရှိတဲ့ သာမန်လူတစ်ယောက်ပဲ.. "

" အင်မော်တယ်တွေက လူသတ်လို့ရတယ်လား.. သူတို့မွေးထားတဲ့ သားရဲတွေက လူသတ်ခွင့်ရှိတယ်လား.. "

" မဟာယန်ရဲ့ ဥပဒေက အင်မော်တယ်တွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် တရားမျှတမှုအတွက် ကျုပ် ချောင်ပိုင်ဖူ ကိုယ်တိုင် တာဝန်ယူမယ် .."

လူအုပ်ကြီးက အံ့အားသင့်သွားကြ၏ ။ ဘုရားကျောင်းကို စောင့်ကြပ်သော ကျင့်ကြံသူများပင် တုန့်ပြန်ရမည်ကို မေ့နေပြီး မှင်သက်သွားကြသည် ။

ချောင်ပိုင်ဖူက ဝတ်စုံချွတ်လိုက်လျှင် သာမန်လူများ၏ အမြင်က အနည်းငယ်ပြောင်းလဲသွားသည် ။ တရားဝင်ဝတ်စုံသည် ရုံးတော်ကို ကိုယ်စားပြု၏ ။ သာမန်လူများသည် အမှုထမ်းများကို သိပ်မကြိုက်ကြ ။ သူတို့က လေးစားသည်ထက် ကြောက်ရွံ့မှုပိုကြ၏ ။ သူတို့၏ အမြင်အရ အမှုထမ်းများသည် လာဘ်လာဘ ရှာဖွေရန်နှင့် ရာထူးတိုးရန်ကိုသာ တစိုက်မတ်မတ်လုပ်ဆောင် နေကြသူများ ဖြစ်သည် ။

ယခုတော့ အဆင့် ၅ အရာရှိ၏ ဖိအားအောက်မှ သာမန်လူဆိုးထိန်းတစ်ဦးသည် တရားဝင်ဝတ်စုံကို ချွတ်ပြီး ဘုရားကျောင်းထဲသို့ ဝင်ရန်ကြိုးပမ်းနေသည်က သူတို့၏ အမြင်များကို ပြောင်းပြန်လှန်သွားစေသည် ။

ရုတ်တရက်...

ချောင်မူ၏ ခြေထောက်နားတွင် လဲနေသော ကြောင်ပေါက်လေး၏ နားရွက်များ ထောင်သွားသည် ။

ခြေထောက်များ အားနည်းနေသော်လည်း တစ်ခုခုကိုခံစားမိ၍ မျက်လုံကျဥ်းမြောင်းသွားပြီး သတိထားကာ ချောင်မူ၏ နောက်တွင် ပုန်းအောင်းနေလိုက်သည် ။

" ဝေါင်းးးးးး..."

အဝေးမှ မိုးကြိုးပစ်သံ သဖွယ်ကျယ်လောင်သည့် ဟိန်းဟောက်သံပေါ်ထွက်လာ​ပြီး အသံလှိုင်းများကြောင့် လေထုပင် တုန်ခါသွားသည် ။

သာမန်လူများက နားကို ပိတ်ထားကြပြီး တချို့လူများဆိုလျှင် အသံလှိုင်းကြောင့် လွင့်စင်ထွက်ကုန်သည် ။

" သူတော်စင်မရဲ့ ကျားပျံလား.. "

ဂိတ်စောင့် ကျင့်ကြံသူ မျက်နှာပျက်သွား၏ ။ သူတော်စင်မ၏ ကျားပျံသည် ရွှမ်ထျန်းဘုရားကျောင်းတွင် နာမည်ကြီးပေသည် ။ ငယ်သေးသော်လည်း ရက်စက်ကြမ်းကြုတ်သည့် စရိုက်ရှိ၍ ပုန်းအောင်းဖို့ရန် မတက်နိုင်သလို ပြန်တိုက်ခိုက်ရန်လည်း ခွန်အားမရှိသည့် အဆင့်နိမ့်ကျင့်ကြံသူများမှာ ဒုက္ခရောက်ကြပေသည် ။

မျက်နှာလုံးဝပျက်နေသူမှာ မင်ယွဲ့ဖြစ်သည် ။ ကျားပျံ၏ အသံက တောင်ပေါ်မှ မဟုတ်ဘဲ တောင်ခြေမှလာသည်ကို သူမ သတိထားမိသွား၏ ။

' ကျားပျံက လှောင်အိမ်ထဲကနေ လွတ်သွားတာလား.. '

' မနေ့ညက အဆင့်၆ သွေးတိုက်ထားတာ​တောင် ဘာလို့ စိတ်ရိုင်း ဝင်သွားတာလဲ.. '

……………………

ချောင်မူ ရှိနေသည့် ဝင်ပေါက်၏ ဘေးဘက်လမ်းကြားတွင် တိတ်ဆိတ်ငြိမ်သက်နေ၏ ။

ယနေ့သည် ဆယ်ငါးရက်မြောက်နေ့ဖြစ်သဖြင့် ဘုရားဖူးများက ပုံမှန်ထက်စည်ကားနေ​သည် ။

ကျောက်တုံးပြာခင်းထားသော လမ်းပေါ်တွင် မိသားစုတစ်စုသည် စားပွဲတစ်လုံးကို ရွေ့လာပြီး သူတို့၏ အိမ်ဝင်ပေါက်တွင် ချထားလိုက်သည် ။

ထို့နောက် သူတို့က အဖြူရောင် တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် အင်မော်တယ်ရုပ်ထုကို စားပွဲပေါ်သို့ တင်လိုက်ပြီး ဆန်အရက် ၊ ပေါက်စီ နှင့် ဖယောင်းတိုင်များကို ထိန်းညှိလိုက်ကြသည် ။

" ဒီနေ့ ရွှမ်းထျန်းဘုရားကျောင်းမှာ အမွှေးတိုင်ထွန်းတဲ့သူများတော့ မီးခိုးတွေ မွှန်ထူနေမှာ.. ကလေးအတွက်မကောင်းဘူး.. ဒီတစ်ခါတော့ ဘုရားကျောင်းကို မသွားဘဲ အိမ်မှာပဲ ပူဇော်ကြတာပေါ့.. "

ချန်ချန်က ပြောလိုက်သည် ။ သူက နူးညံသော ကြွေရုပ်လေးသဖွယ် ချစ်စရာကောင်းသည့် သမီးလေးကို ချီပြီးအပြင်သို့ ထွက်လာသည် ။

ထို့နောက် ချန်ချန်က ပထမဆုံး ဒူးထောက်၍ အမွှေးတိုင်ထွန်းကာ မျက်လုံးမှိတ်ပြီး ဆုတောင်းလိုက်သည် ။ ကျန်မိသားစုဝင်များက အလှည့်ကြတစ်ယောက်ပြီးတစ်ယောက်ဆုတောင်းကြ၏ ။

" မီးမီး လာဆုတောင်း.. "

အမျိုးသမီး တစ်ယောက်က ကလေးမလေးကို လက်ဆွဲပြီး လူကြီးများကဲ့သို့ စားပွဲရှေ့တွင် ဒူးထောက်ပြီး ဆုတောင်းတက်အောင် သင်ပေးလိုက်၏ ။

ချန်ချန်၏ မိသားစုက မချမ်းသာသလို အိမ်ထောင်ဦးစီးဖြစ်သော ချန်ချန်ကိုယ်တိုင်ပင် ပိန်ပိန်ပါးပါးသာဖြစ်သည် ။ ချန်ချန်၏ သမီးသည်တော့ အနည်းငယ်ဝသောမျက်နှာလေးနှင့် ပါးဖောင်းဖောင်းလေး ပိုင်ဆိုင်ထား၏ ။ သူမ ၏ မျက်တောင်ကော့နေသော မျက်လုံးဝိုင်းကြီးများနှင့် ပေါင်းစပ်လိုက်လျှင် အလွန်ချစ်စရာ ကောင်းလေသည် ။

" သမီး ဦးမညွှတ်နဲ့အုံးလေ ..အင်မော်တယ်ရွမ်ထျန်းဆီက ဆုတောင်းလိုက်အုံး.. "

" ဘာ..ဘာမေးရမှာယဲ.."

ကလေးမလေးက နားမလည်ဟန်ဖြင့် မေးလိုက်၏ ။

" ကျန်းမာရေး ကောင်းပါစေ ဘာညာပေါ့..သမီး ကြိုက်တာသာ ဆုတောင်းလိုက်.. "

ချန်ချန်က ပြုံးလိုက်ပြီး ညင်သာစွာ ပြောလိုက်၏ ။

" ဟုတ်.."

ကလေးမလေးက လူကြီးများ၏ ပုံစံကို အတုခိုးပြီး ဒူးထောက်၍ မျက်လုံးမှိတ်ကာ တစ်လုံးခြင်းစီ ပြောလိုက်သည် ။

" အချင် ချွမ်တန်းနတ်မင်းကြီး ကျန်းမာပါချေ ..အရာအားရုံး အချင်ပြေပါချေ.. "

" ဟား..ဟားဟား..ဟားဟား..."

ကြားလိုက်ရသူများအားလုံး ရယ်မိလိုက်ကြ၏ ။ ဤကဲ့သို့ ဆုတောင်းစကားထွက်လာမည်ဟု ထင်မထားကြပေ ။ သူတို့မျက်နှာရှိ အရေးအကြောင်းများပင် ပြေလျော့သွားသည် ။

" ဖေဖေ သင်ပေးတာ အဲ့လို ဟုတ်လို့လား.. "

ချန်ချန်က အားရပါးရ ရယ်လိုက်သည် ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝိညာဥ်ဖမ်းသားရဲအမှုကို သူစုံစမ်းနေရသဖြင့် ပင်ပန်းနွမ်းနယ်နေခဲ့၏ ။ ယခု သမီးလေးကိုကြည့်ရင်း သူ့ရင်ထဲမှ ပင်ပန်းနွမ်းနယ်မှုများသည် သူသတိမထားမိဘဲ ပျောက်ကွယ်သွားသလို ပေါ့ပါးသွားသည် ။

ပူဇော်ပွဲ ပြီးသဖြင့် ပြန်သိမ်းရန်ပြင်လိုက်စဥ် ရုတ်တရက် ကျယ်လောင်သည့် ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည် ။

" ဝေါင်းးးး....."

ချန်ချန် ခေါင်းလှည့်ပြီး ကြည့်လိုက်၏ ။ ဆန့်တန်းထားသော အတောင်ပံများနှင့် မျက်လုံးပြာ ဧရာမ ကျားဖြူကြီးသည် လူသွားလမ်းပေါ်သို့ ဆင်းသက်လာပြီး လူများပေါ်သို့ နင်းချလိုက်သည် ။

ကြောက်ရွံ့နေသော လူများကြားတွင် ဧရာမကျားကြီးက လျင်မြန်စွာ ရွေ့လျားနေပြီး လက်သည်းများဖြင့် မြင်မြင်သမျှ ဆွဲဖြဲပစ်နေ၏ ။ ကျား၏ တစ်ကိုယ်လုံးမှာ လူသွေးများနှင့် ရဲရဲနီနေချေသည် ။

' ဒီကျား..'

ချန်ချန် မျက်လုံးပြူးသွားသည် ။ ဤပုံရိပ်အား သူ မနေ့ညက မြင်ခဲ့ဘူးချေသည် ။ သို့သော်လည်း ကျင့်ကြံသူများအား ကြောက်သဖြင့် အမှန်တရားကို ထုတ်မပြောရဲခဲ့ ။

သူ ကြောင်အအ ဖြစ်နေစဥ်မှာပင် ဧရာမကျားကြီးက စားပွဲခုံပေါ်မှ စားစရာများကြောင့် ဆွဲဆောင်ခံလိုက်ရပုံပေါ်၏ ။ ကျားကြီးက အတောင်ဖြန့်ပြီး ခုန်အုပ်လိုက်ရာ အနံဆိုးများ ထွက်ပေါ်လာသည် ။

စားပွဲပေါ်ရှိ အင်မော်တယ်ရွှမ်ထျန်းရုပ်ထုသည် လေပြင်းအရှိန်ကြောင့် လွင့်စင်သွားပြီး ကျောက်တုံးပြာလမ်းပေါ်သို့ ကျကာ အပိုင်းပိုင်း ကွဲအက်သွားသည် ။

ဧရာမကျားကြီးက စားပွဲရှေ့သို့ ရောက်လာပြီး သွေးများဖြင့် ရဲရဲနီနေသော ပါးစပ်ကို ဟကာ ကိုက်လိုက်သည် ။

ကျားနှင့် မီတာဝက်လောက်သာဝေးသော ကလေးမလေးက ကြောက်လန့်လွန်း၍ ကြက်သေသေနေ၏ ။ ကလေးမလေးက သေးငယ်လှသဖြင့် ကျား၏ ပါးစပ်အမြင့်သို့ပင် မရောက်ချေ ။

" နန်....."

ချန်ချန်က မျက်လုံးပြူးကျယ်စွာဖြင့် ရှေ့သို့ တက်ရန်ပြင်လိုက်သော်လည်း ဒဏ်ရာများကြောင့် တုန့်နှေးနေ၏ ။ သူ မမီနိုင်တော့ ။ အချိန်များက နှေးကွေးသွားသလိုပင် ။ ကျားကြီးက ပါးစပ်ဟပြီး ကိုက်ချ လိုက်သည်ကို နှေးကွေးစွာမြင်နေရသည် ။

' လုပ်သမျှ ကိစ္စတိုင်းမှာ အကျိုးဆက်ဆိုတာ ရှိတာပဲ.. '

ဤသည်က သူနောက်ဆုံး တွေးမိလိုက်သော အတွေးဖြစ်သည် ။ သူ မြင်ခဲ့မိသော ပုံရိပ်ကို မပြောရဲခဲ့သည့်အတွက် သူ၏ သမီးလေး သေဆုံးရတော့မည် ။

ရုတ်တရက် သူ့နားထဲတွင် ရင်းနှီးနေသော အသံတစ်ခု ပဲ့တင်ထပ်သွားသည် ။

" ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်း... "

သွေးနီရောင် အလင်းတန်းများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုက ဒေါသထွက်နေသော သားရိုင်းတစ်ကောင်လို ကျားဖြူကြီးကို ဝင်တိုက်လိုက်သဖြင့် ကျားဖြူကြီး လွင့်ထွက်သွား၏ ။

All Chapters