← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း ( ၁၃ ) – ငါတို့အိမ်မှာ ပန်းကန်တွေ ခိုးနေတဲ့ သူခိုးတစ်ယောက် ရှိနေတယ်

မနက်ခင်း နေရောင်ခြည်သည် ကန့်လန့်ကာ ကြားမှတစ်ဆင့် ဖုန့်ချင်းယီ၏ အိပ်ရာပေါ်ကို ကျရောက်လာသည်။

ထပ်မံ တံခါးကို ခပ်ပြင်းပြင်း ခေါက်သံများ ပေါ်လာသည်။ ဖုန့်ချင်းယီ စိတ်မရှည်စွာနှင့် အိပ်ရာက ထလိုက်ရသည်။ မနက်စာကို သူမဘာသာ ပြင်ဆင်မယ်လို့ ပြောပြီးသားပဲ၊ ဒါကို ဘာလို့ ဒီလောက် မနက်စောစောစီးစီး တံခါးလာခေါက်နေရတာလဲ။

တံခါးဖွင့်လိုက်သောအခါ ဖုန့်ချင်းစီသည် မျက်နှာတည်ကြီးနှင့် အပြင်မှာ ရပ်နေ၏။ ဖုန့်ချင်းယီ စိုးရိမ်သွားသည်။ ဘာအရေးကြီးကိစ္စရှိလို့များလဲ။

ဘာပဲဖြစ်နေနေ ဖုန့်ချင်းစီသည် ပုံမှန်အားဖြင့် ပြုံးရယ်နေတတ်ပြီး ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်သည့်အတွက် ဒီလောက် တည်ငြိမ်နေသည်မှာ တွေ့ရခဲ၏။

"ဘာဖြစ်တာလဲ။ တစ်ခုခု ဖြစ်လို့လား။"

ဖုန့်ချင်းစီက "ငါတို့အိမ် သူခိုးခိုးခံရတယ်လို့ ငါထင်တယ်။"

"အခိုးခံရတယ်။ ဘာတွေ ပျောက်သွားလို့လဲ။" ဖုန့်ချင်းယီက မေးလိုက်သည်။

ဖုန့်ချင်းစီသည် ဖုန့်ချင်းယီကို မီးဖိုချောင်ထဲ ခေါ်သွားသည်။ "ငါ မှတ်မိတာ ငါတို့မှာ ပန်းကန် ဆယ်လုံး ရှိတယ်၊ ဒါပေမဲ့ အခု နှစ်လုံးပဲ ကျန်တော့တယ်။ တူရောပဲ။၊ ပြီးတော့ ပန်းကန်ပြားတွေလည်း တော်တော်များများ ပျောက်နေတယ်။"

"ဘယ်သူက ပန်းကန်နဲ့ တူတွေကို ခိုးမှာလဲ။ အဲဒါတွေကို စူပါမားကတ် ဈေး‌ချတုန်းက ဝယ်ခဲ့တာ။ တစ်စုံလုံးဆိုရင်တောင် ယွမ်တစ်ရာလောက်ပဲရှိတာ။ တန်ဖိုးလည်း မရှိဘူး။ သူခိုးက ခိုးချင်မှတော့ဖြင့် ဧည့်ခန်းထဲက ပစ္စည်းတွေက ပန်းကန်တွေ တူတွေထက် ပိုတန်ဖိုးရှိနေသေးတာပဲကို။"

ဖုန့်ချင်းယီသည် တည်ငြိမ်ဟန်ဆောင်ပြီး ပြောလိုက်သည်။ "ပန်းကန်နဲ့ တူတွေကို ခိုးတယ်တဲ့လား၊ ငါတို့အိမ်ရာထဲကို ဘယ်သူမှ ဝင်လို့မရဘူး၊ တံခါးမှာ လက်ဗွေရာ လုံခြုံရေးစနစ်လည်း ရှိတယ်။ ဘယ်သူမှ ဖွင့်ဝင်လာဖို့ မဖြစ်နိုင်ဘူး၊ ဒီလို ( ၂၁ ) ထပ် အထိကို တက်လာဖို့ဆိုတာ ဝေလာဝေးပဲ။"

"ဒါဆို ငါတို့ ပန်းကန်တွေက ဘယ်ရောက်သွားတာလဲ၊ နင် စားလိုက်တာလား။" ဟု ဖုန့်ချင်းစီက မေးသည်။

ဖုန့်ချင်းယီ မျက်လုံးကို လှန်ကြည့်လိုက်ပြီး ပြန်ပြောသည်။ "ငါ မသိဘူး။ ငါအမှတ်မမှားရင် ဒီရက်ပိုင်း ငါ ချက်နေတုန်း နင်ပန်းကန်တွေ ဆေးနေတာပဲလေ။"

"ငါတို့ မီးဖိုချောင်မှာလည်း လုံခြုံရေးကင်မရာ မရှိဘူးဆိုတော့ ဘယ်ရောက်သွားမှန်း ဘယ်သူ သိမှာလဲ။ ဒါပေမဲ့ အခု ငါတို့မှာ ပန်းကန်နှစ်လုံးပဲ ကျန်တော့တယ်ဆိုတော့ သေချာ စောင့်ကြည့်မှရတော့မယ်။" ဟု ဖုန့်ချင်းစီက လေးလေးနက်နက် ပြောသည်။

ဖုန့်ချင်းယီ နဖူးကို လက်နှင့် ဖိကာ သက်ပြင်းချလိုက်သည်။ "ပန်းကန်တွေ ပျောက်သွားရင် အသစ်ဝယ်လို့ရတာပဲ။ အဲလောက်လိုလို့လား။"

"ဒီပန်းကန်နဲ့ တူက နင့်ဟာ၊ ဒါက ငါ့ဟာ။ ဒီနေ့ကစပြီး ငါတို့ ကိုယ့်ပန်းကန်နဲ့ တူတွေကို ကိုယ့်ဟာကိုယ် ဂရုစိုက်။ ပျောက်သွားရင် ကိုယ့်တာဝန်ပဲ။ ဒါ ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ။" ဟု ဆိုကာ ဖုန့်ချင်းစီသည် ပန်းကန်နှင့်တူတွေကို ခွဲပြီး သူ့အစုံလိုက်ကို အခန်းကို သွားထားလိုက်သည်။

ဖုန့်ချင်းယီ နေရာမှာတွင် ကြောင်တောင်တောင် ရပ်နေမိသည်။ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား။

သူမသည် အရင်က ချင်ယွီချွမ်အတွက် တစ်ခါသုံး ပန်းကန်နှင့် တူများ ဝယ်ရန် စဉ်းစားခဲ့သော်လည်း နောက်တော့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်တယ်လို့ တွေးပြီး အဲဒီအကြံကို ဖျက်လိုက်သည်။

ထျန်းချီအင်ပါယာ စစ်တပ်စခန်း။

အောင်ပွဲရစစ်သားများ၏ မျက်နှာများတွင် အပြုံးများ ပြည့်နှက်နေ၏။ သုံးနှစ်ကြာပြီးတဲ့နောက် နောက်ဆုံးမှာတော့ သူတို့ အိမ်ပြန်နိုင်ကြတော့မယ်။

မြောက်ချီနှင့် တိုက်ပွဲသည် ခြောက်လနီးပါး ကြာခဲ့ပေမဲ့ ထိုအချိန်မတိုင်ခင် နှစ်များစွာကတည်းက သူတို့သည် နယ်စပ်တွင် တပ်စွဲထားခဲ့သည်။ သူတို့ အိမ်ပြန်ဖို့ကို အချိန်အတော်ကြာ မျှော်လင့်စောင့်စားနေခဲ့ကြရသည်။

ထိုအချိန်တွင် ချင်ယွီချွမ်သည် သူ၏ရွက်ဖျင်တဲအထဲတွင် ထိုင်နေပြီး ဖုန့်ချင်းယီ ပို့ပေးသော စစ်ရေးဗျူဟာစာအုပ်ကို ကြည့်နေသည်။

"စစ်သူကြီး၊ ထမင်းစားရအောင်ပါ။" အမြဲတမ်းလိုလို ယန်ချီက ချင်ယွီချွမ်အတွက် ထမင်းလာပို့လေ့ ရှိသည်။

ချင်ယွီချွမ်က လက်ဝှေ့ယမ်းပြီး ချထားဖို့ ပြောလိုက်သည်။

ထမင်းပန်းကန်ကို တရိုတသေ ချထားပြီးနောက် ယန်ချီ ပြန်ထွက်သွားသည်။

တဲအပြင်ဘက်တွင် နာမူချီနဲ့ ယန်ယန်တို့သည် တဲနောက်တွင် ပုန်းအောင်းနေပြီး စားဖိုဆောင်ထဲက ထူးထူးဆန်းဆန်း ရောက်လာတဲ့ ပန်းကန်နဲ့ တူတွေ ဘယ်ကလာလဲဆိုတာကို စူးစမ်းနေကြသည်။

တဲထဲမှ ထွက်လာပြီးနောက် မည်သူမျှ မရှိသည်ကို သတိပြုမိပြီး ယန်ချီသည် နာမူချီနှင့် ယန်ယန်ကို အလျင်အမြန် သွားတွေ့လေသည်။

နာမူချီက တိတ်တိတ်နေဖို့ လက်ဟန်ပြသည့်အခါ ယန်ချီနှင့် ယန်ယန်တို့က နားလည်ပြီး အသက်အောင့်ထားကြလေသည်။

ဘာပဲဖြစ်ဖြစ် သူတို့ စစ်သူကြီးကို ချောင်းကြည့်နေတယ်ဆိုတာ မမိအောင် သတိထားရမယ်။

တဲ၏ အပေါက်ငယ်လေးတစ်ခုမှနေ၍ သူတို့ သုံးယောက်သည် ချင်ယွီချွမ် အေးအေးဆေးဆေး ထမင်းစားနေတာကို မြင်ရသည်။ အရာအားလုံးက ပုံမှန်ပဲ။

သူတို့ သုံးယောက် ငြိမ်ငြိမ်လေးနေပြီး ဆက်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ပြီးတော့ သူတို့ မမျှော်လင့်ထားတာထက် ထူးခြားမှု တစ်ခု ဖြစ်လာသည်။ ချင်ယွီချွမ်သည် သေတ္တာလေး တစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြီး နှစ်ချက် နှိပ်လိုက်သည်။ ရုတ်တရက် စားပွဲပေါ်တွင် လှပသော ပန်းကန်ပြား တစ်ခု ပေါ်လာသည်။

ပန်းကန်ပြားရဲ့ တစ်ဝက်က ထမင်းနဲ့ ပြည့်နေပြီး ကျန်တစ်ဝက်မှာတော့ ပူပူနွေးနွေးနဲ့ အရသာရှိပုံရတဲ့ ဟင်းတွေ ရှိနေသည်။

သူတို့ သုံးယောက်သည် ချင်ယွီချွမ် ပန်းကန်ထဲက အစားအစာတွေကို အကုန်စားသွားတာကို ကြည့်ရင်း ဗိုက်ဆာလာကြသည်။

နာမူချီသည် ကျန်နှစ်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်သည့်အခါ ယန်ချီနှင့်‌ ယန်ယန်တို့ ချက်ချင်း နားလည်ပြီး တိတ်တဆိတ် နောက်ပြန်ဆုတ်သွားကြသည်။

သူတို့တဲကို ပြန်ရောက်သောအခါ နာမူချီက စဉ်းစားဟန်နှင့် "အစားအစာတွေ ဘယ်လို ပေါ်လာတာလဲ မင်းတို့ မြင်လိုက်ကြလား။" ဟု မေးသည်။

ယန်ချီ ခဏလောက် စဉ်းစားပြီး "လေထဲကနေ ပေါ်လာသလိုပဲ။" ဟု ပြန်ဖြေသည်။

"အစားအစာတွေ မပေါ်ခင် စစ်သူကြီးက အဲဒီ အနက်ရောင်သေတ္တာလေးကို နှစ်ချက် နှိပ်လိုက်တာကို ငါ မြင်မိသလိုပဲ" ဟု ယန်ယန်က ထပ်ပြောသည်။

နာမူချီ ခေါင်းညိတ်သည်။ "ငါလည်း အဲဒါမြင်တယ်။ အစားအစာတွေက အဲဒီ အနက်ရောင် သေတ္တာလေးဆီက လာတာ ဖြစ်နိုင်တယ်။"

"အဲဒီ အနက်ရောင် သေတ္တာလေးက တကယ် အဲဒီလောက် ထူးဆန်းတာလား။” ဟု ယန်ယန်က မေးသည်။

ယန်ချီ ရုတ်တရက် တစ်ခုခုကို သတိရသွားကာ "နာမူ၊ စစ်သူကြီးက အဲဒီ အနက်ရောင် သေတ္တာလေးပေါ်က စာလုံးတွေကို ကြည့်ခိုင်းတာ မင်း မှတ်မိသေးလား။"

နာမူချီသည် ရုတ်တရက် သူ့နဖူးကို ဖြန်းခနဲ လက်နဲ့ ရိုက်လိုက်သည်။

"ငါ မှတ်မိပြီ။ အဲဒီမှာ စာလုံးတွေ မရှိဘူးလို့ ငါတို့ ပြောတော့ စစ်သူကြီး နည်းနည်း စိတ်ရှုပ်သွားပုံပဲ။"

"အခု ကြည့်လိုက်တော့ အဲဒီမှာ စာလုံးတွေ ရှိနေနိုင်တယ်၊ ဒါပေမဲ့ ငါတို့ပဲ မမြင်နိုင်တာ ဖြစ်ရမယ်။"

ယန်ယန် စိတ်ရှုပ်သွားပြီး "ဘာစာလုံးတွေလဲ။ ငါ အဲဒီအကြောင်း မသိဘူး။"

နာမူချီရော ယန်ချီရော ယန်ယန်ရဲ့ မေးခွန်းကို ဖြေဖို့ အရိပ်အယောင်ပင် မပြကြပေ။

"နာမူ၊ သတ်မှတ်ထားတဲ့ လူတွေပဲ မြင်နိုင်တဲ့ အရာမျိုး တကယ် ရှိလို့လား။" ယန်ချီ ကမ္ဘာကြီးအပေါ် ထားရှိသည့် အမြင်များ ယိမ်းယိုင်သွားသယောင် ခံစားလိုက်ရသည်။

နာမူချီက ဖြည်းဖြည်းချင်း ပြန်ပြောပြသည်။ "ရှိတယ်၊ ဒါပေမဲ့ ငါ ကိုယ်တိုင်တော့ မမြင်ဖူးဘူး။ ကောလဟာလတွေပဲ ကြားဖူးတာ။"

"လော့လန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စာအုပ်တစ်အုပ် ရှိတယ်လို့ပြောကြတယ်။ သာမန်လူတွေအတွက်တော့ ဘာစာမှမပါတဲ့ စာအုပ်ပုံစံ ပေါ်ပဲ။ ဒါပေမဲ့ သန့်စင်တဲ့ မိန်းမပျိုအတွက်တော့ အဲဒါက မြင့်မြတ်တဲ့ ကျမ်းစာလို့ ပြောတယ်။"

"အတိုချုပ်ပြောရရင် သန့်စင်တဲ့ မိန်းမပျိုပဲ အထဲက စာလုံးတွေကို မြင်နိုင်ပြီး စာအုပ်ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာခြင်းကြောင့် သူမက နိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်းနိုင်ပြီး အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်။"

"လော့လန်က ရှေးခေတ်နိုင်ငံတစ်ခုဖြစ်ပြီး လော့လန်မှာ သန့်စင်တဲ့ မိန်းမပျိုတွေ တကယ် ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီစာအုပ်က တကယ် ဟုတ် မဟုတ်တော့ ငါ သေချာ မသိဘူး။"

နာမူချီ၏ စကားကို ကြားပြီးနောက် ယန်ချီ အနည်းငယ် စိုးရိမ်စပြုလာသည်။

"ဒါဆို စစ်သူကြီးကရော ဘယ်လိုလဲ။ ဒါက သူ့အတွက် ဆိုးကျိုးဖြစ်နိုင်လား။ အဲဒီ သေတ္တာလေးက မင်းပြောတဲ့ စာအုပ်ထက်တောင် အများကြီး ပိုတန်ခိုးကြီးနေတာ ရှင်းနေတာပဲ။"

"အနည်းဆုံးတော့ အစားအစာတွေ ထုတ်ပေးနိုင်တဲ့ စာအုပ်အကြောင်း ငါ ဘယ်တုန်းကမှ မကြားဖူးဘူး။ စစ်သူကြီးက အဲဒီ သေတ္တာလေးကလာတဲ့ ထူးဆန်းတဲ့ အစားအစာတွေ စားရတာ အရမ်းပျော်နေပုံရတယ်၊ ဒါပေမဲ့ အဲဒါက အဆိပ်ရှိနေလားဆိုတာ ငါတို့ မသိရဘူး။"

ယန်ယန်က ဝင်ပြောသည်။‌ "ငါထင်တာတော့ အဆိပ်မရှိလောက်ဘူး။ မဟုတ်ရင် စစ်သူကြီးရဲ့ အလောင်းကို အခုချိန်မှာ ငါတို့ သွားကောက်နေရလောက်ပြီ။"

ယန်ယန် ပြောပြီးတာနဲ့ နာမူချီနဲ့ ယန်ချီတို့ သူ့ကို လှည့်ကြည့်လိုက်သည်။ ဒီကောင်လေး တကယ် စကားပြောမတတ်ဘူး။

သူတို့ရဲ့ ကြောက်မက်ဖွယ် အကြည့်တွေကို မြင်သည့်အခါ ယန်ယန် ချက်ချင်း ခေါင်းငုံ့သွားသည်။ သူ ဒီတိုင်းလေး ပြောလိုက်တာကို၊ ဘာလို့လဲ။

ပြီးတော့ သူပြောတာ အမှားမှ မပါဘဲနဲ့။ တကယ် အဆိပ်ရှိတယ်ဆိုရင် သူတို့တောင် ငရဲကို ရောက်နေလောက်ပြီ၊ မီးဖိုချောင်ထဲမှာ ပန်းကန်တွေ အပုံလိုက် ရှိနေတာတောင် အခုထိ အသက်ရှင်ပြီး ကျန်းမာနေတာ မဟုတ်ဘူးလား။

ဒီနှစ်ယောက်က ဘာမှ မဟုတ်တာကို ရေးကြီးခွင်ကျယ် လုပ်နေတာပဲ။ စစ်သူကြီးက တစ်ယောက်တည်း စားချင်ရုံပဲကို၊ ဒါပေမဲ့ သူတို့က အဲဒါနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ ရည်ရွယ်ချက် တစ်ခုခု ရှိနေသလိုမျိုး အကြီးအကျယ်ဖြစ်နေကြသလိုပဲ။

နာမူချီသည် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး "အဲဒီ သေတ္တာလေးပေါ်က စာလုံးတွေကို စစ်သူကြီးပဲ မြင်နိုင်တယ်။ ဒါအခွင့်အရေးပဲ။ လောလောဆယ်တော့ သူ့ကို ဘာအန္တရာယ်မှ ပေးပုံ မရဘူး။"

"စစ်သူကြီးက ငါတို့ကို မသိစေချင်ဘူးဆိုတော့ ငါတို့လည်း မသိချင်ယောင်ဆောင်နေကြမယ်။"

***

အခန်း ( ၁၄ ) – မင်းရဲ့ လက်ရာက အရမ်းစားကောင်းတယ်

ယန်ချီက ခေါင်းညိတ်ပြီး "ဒါပေမဲ့ ဘာအန္တရာယ်မှ မရှိဘူးဆိုတာ သေချာလား။"

"စစ်သူကြီးတောင် ဖြစ်နေပြီ၊ ဘယ်လိုလုပ် သတိဝီရိယ မရှိဘဲ နေပါ့မလဲ။ မင်းက သူ့ကို လျှော့တွက်နေတာပဲ" နာမူချီသည် ယန်ချီ၏ ပခုံးကို ပုတ်လိုက်သည်။

ယန်ယန်သည် ဘေးကနေ၍ အသံတိုးတိုးဖြင့် "အဲဒီအစားအစာတွေက အရမ်းမွှေးတယ်၊ ငါ နည်းနည်းလောက် သွားယူလိုက်ရမလား။" ဟု ပြောလိုက်သည်။

"မင်း နေ့တိုင်း စားဖို့ပဲ စဉ်းစားနေတာ။ မင်းလုပ်ရမယ့်အလုပ်ကိုသာ မြန်မြန် လုပ်စမ်းပါ" ဆိုကာ ယန်ချီက ယန်ယန်ကို တစ်ချက်ကြည့်လိုက်သည်။

ဒီကောင်လေးက အလုပ်ကျရင်သာ စိတ်မပါ၊ အစားဆို ရှေ့ဆုံးက။

ရွက်ဖျင်တဲထဲမှာ နေ့လယ်စာစားပြီးနောက် ချင်ယွီချွမ်ဆီသို့ ဖုန့်ချင်းယီထံမှ စာတစ်စောင် ရောက်လာသည်။

[ချင်းယီ : အိမ်မှာ ပန်းကန်တွေ ကုန်သွားလို့ ပန်းကန်ပြားပဲ သုံးလိုက်ရတယ်။]

[ချင်းယီ : အစ်ကိုက ပန်းကန်တွေ ဝင်ခိုးသွားတယ်လို့ ထင်နေတာ၊ ရယ်နေရတယ်။]

[ယွီချွမ်: တောင်းပန်ပါတယ်၊ ငါ မင်းကို ဝန်တွေပိုနေစေမိပြီ။]

[ချင်းယီ : စိတ်ထဲထားမနေနဲ့။ ပန်းကန်နဲ့ တူတွေက ဈေးမကြီးဘူး။ ဒီနေ့ နေ့လည် စူပါမားကတ်ကို သွားပြီး ဝယ်လိုက်မယ်။]

[ချင်းယီ : ရှင် စားချင်တာ တစ်ခုခုရှိရင် ပြောလေ။ ဝယ်လို့ရတာဆို လုပ်ပေးလို့ရတယ်။]

[ယွီချွမ်: ငါ့ကို နေ့တိုင်း ပို့ပေးတဲ့ ထမင်းဟင်းတွေက မင်း ချက်တာလား။]

[ချင်းယီ : အရင်ဆုံး ပို့ပေးတာတွေက ကျွန်မအစ်ကို ချက်တာ၊ ဒါပေမဲ့ အဲဒီနောက်ပိုင်း အကုန် ကျွန်မချက်တာ။ အရသာမရှိလို့လား။]

[ယွီချွမ်: အဲလို မဟုတ်ပါဘူး၊ မင်းတော်တော်လေး ဟင်းချက်ကောင်းတယ်။]

[ချင်းယီ : ကျွန်မလည်း အဲဒီလို ထင်တာပဲ၊ ငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ်လုပ်ခဲ့ရတာဆိုတော့။]

[ချင်းယီ : ရှင် အရင်က မြို့တော်ကို ပြန်မယ်လို့ ပြောသေးလားလို့လေ။]

[ယွီချွမ်: ငါ မနက်ဖြန် ပြန်ဖြစ်မယ်။]

[ချင်းယီ : ရှင် ဘယ်တော့လောက် ပြန်ရောက်မှာလဲ။]

[ယွီချွမ်: လဝက်လောက်နေရင်ပေါ့။]

ရှေးခေတ်က သွားလာရ အရမ်းခက်ခဲတာပဲ။ သူ ပြန်ရောက်တဲ့အချိန်ဆို သူမ ကျောင်းစတက်နေရလောက်ပြီ။

[ချင်းယီ : ခရီးလမ်းသာယာဖြောင့်ဖြူးပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။]

[ယွီချွမ်: အင်း။]

[ချင်းယီ : ရှင့်မြို့ကို ပြန်ရောက်ရင် ကျွန်မ ကျောင်းစတက်နေရလောက်ပြီ။ ကျွန်မ ပုံမှန်အားဖြင့် ကော်ဖီဆိုင်မှာပဲ စားတယ်၊ အဲဒါကြောင့် ရှင့်ကို ထမင်းဟင်းတွေ ထပ်ပို့ပေးနိုင်တော့မှာ မဟုတ်ဘူး။ ရှင်က ကော်ဖီဆိုင်က အစားအသောက်တွေကို စိတ်မရှိဘူးဆိုရင်တော့ ကျွန်မ ရှင့်အတွက် တစ်ယောက်စာ ဝယ်ပေးလို့တော့ ရတယ်။]

ဖုန့်ချင်းယီနှင့် စကားပြောကြည့်ခြင်းအားဖြင့် ချင်ယွီချွမ်က သူမသည် ချမ်းသာတဲ့မိသားစုက မဟုတ်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။

သူမအိမ်တွင် ပန်းကန်နဲ့ တူ အရေအတွက် ကန့်သတ်ခံထားရပြီး အစေခံလည်း ရှိပုံ မရပေ။ သူမကိုယ်တိုင် ချက်ပြုတ်နေရပြီး နေ့စဉ်စားသောက်နေတဲ့ ထမင်းဟင်းတွေက အရသာရှိပေမဲ့ ချမ်းသာတဲ့ အိမ်ထောင်စုတွေနဲ့ နှိုင်းယှဉ်ရင် မခမ်းနားလှပေ။

ရှန်ကျင်းမြို့က နာမည်ကြီးမိသားစုတွေရဲ့ သမီးတွေဆိုရင် အချက်အပြုတ်ပညာကို လေ့လာခဲတယ်လေ။ သူတို့က တူရိယာ၊ စစ်တုရင်၊ ကဗျာ၊ သီချင်းနဲ့ စာသားတွေကိုပဲ လေ့လာဖို့ လိုအပ်တာ။ အချက်အပြုတ်ပညာက သူတို့ ထည့်စဉ်းစားစရာမလိုတဲ့ အရာပဲ။

သူက သူမကို အခုအချိန်မှာ ဘာမှပြန်မပေးနိုင်သေးဘူး ။ ဒါကို သူ့အတွက် အစားအစာတွေ ဝယ်ဖို့ ပိုက်ဆံထပ်သုံးခိုင်းနေရဦးမယ်ဆိုရင် ဒါက မတရားဘူးပဲ။

[ယွီချွမ်: ရပါတယ်။ ဒီကာလအတွင်း မင်း ငါ့ကို အများကြီး ကူညီပေးပြီးသားပါ။ မင်း ကျောင်းစတက်ရင် စာကိုပဲ အာရုံစိုက်ပါ။]

[ယွီချွမ်: မင်း အကူအညီလိုရင် ငါ့ကို ဆက်သွယ်လို့ ရတယ်။]

[ချင်းယီ : ဟုတ်ကဲ့၊ ဒါနဲ့ ဒီည ဘာစားချင်လဲ။]

[ယွီချွမ်: ငါ အစားမရွေးဘူး၊ မင်းချက်တာ အကုန်ကြိုက်တယ်။]

သာမန်အိမ်ထမင်းဟင်းတွေ ဖြစ်ပေမယ့် သူ တကယ်ကြိုက်တယ်။

[ချင်းယီ : ခုနတုန်းက ကျွန်မ ဘာလုပ်ရမလဲကို မသိဘူး၊ ဒီနေ့ နေ့လည်တော့ ပန်းကန်တွေ ဝယ်တုန်း ပစ္စည်းတွေ နည်းနည်း ဝယ်လိုက်မယ်။ အဲဒီအချိန်ကျမှ ဗီဒီယိုဖုန်းခေါ်လိုက်မယ်၊ ရှင် ကြည့်ပြီး ဘာလိုချင်လဲ ပြောလေ။]

[ယွီချွမ်: ကောင်းပါပြီ။]

[ချင်းယီ : ညနေ ၃ : ၃၀ လောက် သွားမယ်၊ အဲဒီအချိန်ကျမှ ဗီဒီယိုဖုန်းခေါ်လိုက်မယ်။]

[ယွီချွမ်: အင်း။]

ချင်ယွီချွမ်နဲ့ စကားပြောပြီးနောက် ဖုန့်ချင်းယီက လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်မှာ စုဆောင်းထားတဲ့ အမှတ်တွေကို စစ်ဆေးလိုက်တော့ အမှတ် ( ၁၄၀ ) ရောက်နေပြီ။

ဒီရက်အတွင်း သူတို့ နေ့တိုင်း နည်းနည်းစီ စကားပြောကြတယ်။ များသောအားဖြင့် ထွေလီကာလီလေးတွေပါပဲ။

ဒါပေမဲ့ ချင်ယွီချွမ်က စကားပြောဖော်ကောင်းတစ်ယောက်၊ အရမ်း လိမ္မာပါးနပ်ပြီး စကားလည်း ကောင်းကောင်း နားထောင်ပေးတတ်သူတစ်ယောက်ပဲ။

များသောအားဖြင့် သူမက မေးပြီး သူက ဖြေနေရတာတောင် သူနဲ့ စကားပြောရတာ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။

ပစ္စည်းအသစ်တစ်ခု ဝယ်ဖို့ အမှတ်တွေ လုံလောက်နေပြီဆိုသည်ကို မြင်သောအခါ ဖုန့်ချင်းယီသည် လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်က အမှတ် ( ၁၀၀ ) သုံးပြီး အခြေခံအဆင့် ကိုယ်ခံပညာအတန်းကို ဝယ်လိုက်သည်။

ဝယ်ယူပြီးနောက် သူမရဲ့ ဖုန်းရဲ့ ပင်မစာမျက်နှာတွင် သင်တန်းအက်ပ်တစ်ခု ပေါ်လာသည်။ ဖုန့်ချင်းယီ နှိပ်လိုက်သောအခါ သူမ ဝယ်ထားသော သင်တန်းကို မြင်ရသည်။

သင်တန်းမိတ်ဆက်နဲ့ သင်ယူနည်းများကို ဖတ်ပြီးသောအခါ သူမ ကိုယ်တိုင် အတန်းထဲကို ဝင်ပြီး သင်ယူနိုင်တယ်ဆိုတာကို သိလိုက်ရတော့ အံ့သြသွားသည်။

ဒါ ဘယ်လို အဆင့်မြင့်လိုက်တဲ့ နည်းပညာလဲ။ မယုံနိုင်စရာပဲ။

ဖုန့်ချင်းယီ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အတန်းထဲကို ဝင်ပြီးနောက် သူမ၏ ဆရာကို မြင်လိုက်ရသည်။ သူက အဖြူရောင် ဝတ်စုံနှင့် ဆံပင်အနက်ရောင်ကို ထုံးထားပြီး ဝူရှကားတွေထဲက တာအိုဘုန်းတော်ကြီးနှင့် တူသည်။

"ဒီနေ့ကစပြီး မင်း ငါ့ရဲ့ တပည့် ဖြစ်ပြီ။ ကိုယ်ခံပညာကို လေ့လာတာဟာ အချိန်ယူရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တာကြောင့် အလျင်စလို လုပ်လို့ မရဘူး။ ဒါကြောင့် အခုကစပြီး နေ့တိုင်း တစ်ရှီချန် (နှစ်နာရီ) လောက် မင်း ဒီသင်တန်း တစ်ခုလုံး အပြီးအထိ ငါ ကိုယ်တိုင် သင်ပေးမှာ ဖြစ်တယ်။"

"... တစ်ရှီချန်လား။" ဒါက အတိအကျဆိုရင် နှစ်နာရီ ဖြစ်၏။ ကျောင်းသွားတဲ့အချိန်ဆို အဲဒီလောက် အချိန် ဘယ်လိုလုပ်ပြီး ရမှာလဲ။

သူမသည် တက္ကသိုလ်တွင် သင်္ချာအထူးပြုဘာသာရပ်ကို ရွေးချယ်ခဲ့ပြီး သူမ၏ အချိန်ဇယားသည် အပြည့်နီးပါး ဖြစ်သည်။ ညနက်မှ အိပ်ပြီး မနက်စောစောထမှသာ အချိန်ရလိမ့်မည်။

"ဘာပြဿနာရှိလဲ။"

ဖုန့်ချင်းယီက "ဒီတစ်ရှီချန်က အမြဲပဲလား။”ဟု မေးလိုက်သည်။

"မင်းဘက်က အချိန်ညှိလို့ရတယ်။ ငါ့ဘက်က အချိန်မရွေး အဆင်သင့်ပဲ။"

"ဟုတ်ကဲ့၊ ဒါဆို အခု စလိုက်မယ်လေ" ဖုန့်ချင်းယီ နည်းနည်း စိတ်လှုပ်ရှားသွားသည်။

သို့ပေမယ့် သူမ အရင်က ကိုယ်ခံပညာနှင့် ပတ်သက်ပြီး ဘာမှ မသင်ယူခဲ့ဖူးသည့်အတွက် ပထမနေ့ သင်ခန်းစာအပြီးတွင် လုံးဝ အားကုန်ခမ်းသွားသည်။

လတ်တလော သောက်ခဲ့သော ခန္ဓာကိုယ် အားဖြည့်ဆေးသာ မရှိလျှင် သူမ သတိလစ်သွားနိုင်တယ်လို့ ခံစားလိုက်ရသည်။

ဒါက သူမ အမှတ်တွေ သုံးပြီး ဝယ်ခဲ့သော သင်တန်းတစ်ခုဖြစ်ပြီး ဆရာကလည်း ကျွမ်းကျင်သည်။ သူမ တော်တော် ပင်ပန်းပေမဲ့ ဒီပညာတွေက နောင်တစ်ချိန်မှာ အသုံးဝင်လာနိုင်သည်။

နှစ်နာရီကြာသင်တန်းအပြီးတွင် ဖုန့်ချင်းယီ ရေချိုးပြီး အိပ်ရာပေါ်တွင် လှဲနေလိုက်သည်။

သို့သော် သူမ ချင်ယွီချွမ်ကို ဗီဒီယိုဖုန်းခေါ်ဆိုရန် ကတိပေးထားသောကြောင့် ဈေးထွက်ဝယ်ရန် မတိုင်ခင် အကြာကြီး အနားယူခွင့် မရခဲ့ပေ။

စူပါမားကတ်ကို နီးနီးလေး သွားရုံပဲ ဖြစ်သော်လည်း ဖုန့်ချင်းယီက အနည်းငယ် ဝတ်စားဆင်ယင်ပြီး ရိုးရိုးရှင်းရှင်း မိတ်ကပ်လိမ်းခြယ်ကာ အိတ်လေး တစ်လုံး လွယ်ပြီးနောက် အပြင်ထွက်လာခဲ့သည်။

သူမ အောက်ထပ်ကို ရောက်သောအခါ ဖုန့်ချင်းယီက နားကြပ်တပ်ရင်း ချင်ယွီချွမ်ဆီကို ဗီဒီယိုဖုန်းကောလ်ခေါ်လိုက်သည်။

"ဟိုင်း။ ကောင်းသောနေ့လည်ခင်းပါ။ အခုမှ အောက်ထပ်ကို ရောက်တာ။ စူပါမားကတ်ကို ရောက်ဖို့ ( ၁၀ ) မိနစ် ( ၁၅ ) မိနစ်လောက်တော့ ကြာမယ်။"

ချင်ယွီချွမ်သည် ဖုန်းကိုင်ရင်း စခရင်ပေါ်က မိန်းကလေးကို စိုက်ကြည့်နေသည်။ ဒီနေ့ သူမ ပန်းရောင်ဝတ်စုံနှင့် ကျောက်ဘီးကုတ်ကို ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့လှသည်။

"ကောင်းပါပြီ၊ လမ်းမှာ သတိထားသွား။"

ဖုန့်ချင်းယီသည် နောက်ဘက်ကင်မရာကို ပြောင်းလိုက်သည်။ "ဒီနားက လမ်းတွေကို ပြမယ်။ ဒီရာသီဥတုက အရမ်းပူလို့ ဒီမှာ လူသိပ်မရှိဘူး။"

ချင်ယွီချွမ် ခဏကြာသည်အထိ ဘာမှ မပြောသောကြောင့် "ရှင် သိချင်တာရှိရင် ကျွန်မကို မေးနော်" ဟု ဖုန့်ချင်းယီက ပြောလိုက်သည်။

ချင်ယွီချွမ်က လမ်းပေါ်မောင်းနှင်နေသောယာဉ်များကို ကြည့်ပြီး "လမ်းပေါ်မှာ ပြေးနေတဲ့ အဲဒါတွေက ဘာတွေလဲ။" ဟု မေးသည်။

"အဲဒါ ကားတွေ၊ ရှေးခေတ်ကဆို မြင်းလှည်းတွေနဲ့ အတူတူပဲ၊ ဒါပေမဲ့ မြင်းလှည်းတွေထက် အများကြီး ပိုမြန်တယ်။ တစ်ရက်ကို မိုင်ထောင်နဲ့ချီပြီး သွားလာလို့ရတယ်။"

တစ်ရက်ကို မိုင်ထောင်နဲ့ချီပြီး ခရီးသွားနိုင်တာ ဘယ်လောက်တောင် မြန်တာလဲ၊ ချင်ယွီချွမ် နည်းနည်း အံ့သြသွားသည်။

ဖုန့်ချင်းယီသည် ချင်ယွီချွမ် နောက်ထပ် မေးခွန်းတွေ မေးသည်ကို မစောင့်ဘဲ သူ့ဘာသာသူ ရှင်းပြစပြုလာသည်။

"ဒါတွေက လမ်းဘေးဆိုင်တွေ၊ အမျိုးမျိုး ရောင်းချကြတယ်၊ ဒါပေမဲ့ ဒီမှာတော့ အဝတ်အစားဆိုင်တွေ ပိုများတယ်။ ဒီနားမှာ မနက်စာဆိုင် တစ်ဆိုင် ရှိတယ်၊ သူတို့စီက ဆန်ခေါက်ဆွဲက တော်တော်လေး စားကောင်းတယ်၊ ပြီးတော့ မနက်ဖြန် မနက် ဒီမှာ မနက်စာ စားဖြစ်တယ်။"

"အပြင်မှာ တော်တော်ပူတယ်။ ရေနွေးအိုးထဲ ရောက်နေသလိုပဲ။ နွေရာသီကုန်ခါနီးတောင်မှ အပူချိန်က ( ၃၀ ) ကျော်နေတုန်းပဲ..."

All Chapters