← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း ( ၂၁ ) – ကျောင်းကို ပြန်သွားရပြီ

ယန်ယန် ခေါင်းငုံ့သွားပြီး နောက်ထပ် ဘာမှထပ်မပြောသော်လည်း သူ့စိတ်ထဲတွင် ချင်ယွီချွမ်အတွက် ဒေါသထွက်နေဆဲဖြစ်သည်။

နှစ်တွေအကြာကြီး စစ်သူကြီးက ထျန်းချီအင်ပါယာအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံထားပေမဲ့ ဘုရင့်ဆီက ရန်လိုမှုတွေ အမြဲ ကြုံတွေ့နေရတယ်။ ကမ္ဘာကြီးက ဘယ်လောက် တရားမဲ့လိုက်လဲ။

ချင်ယွီချွမ် လှေကားထစ်တွင် ထိုင်ပြီး စောစောက ဖုန့်ချင်းယီ သူ့ကို ယခုလေးတင် စိုက်ကြည့်သည့် အကြည့်ကို ပြန်သတိရနေသည်။ သူ သူမကို ကြောက်လန့်စေခဲ့ပြီလား။

ချင်ယွီချွမ် ဖုန်းထုတ်ရန် ပြင်နေတုန်း အချိန်ကို သတိရသွားပြီး ထိုအကြံကို လက်လျှော့လိုက်သည်။ သူမ နောက်နေ့ ကျောင်းသွားမှာဆိုတော့ ဒီနေ့ သူမ အနားယူချိန်ကို မနှောင့်ယှက်ဘဲ မနက်ဖြန်မှ အကြောင်းစုံ ရှင်းပြမယ်လို့ပဲ ဆုံးဖြတ်လိုက်တော့သည်။

နောက်နေ့တွင် ဖုန့်ချင်းယီ စောစော ထပြီး မျက်နှာသစ် မိတ်ကပ်လိမ်းကာ ပေါ့ပေါ့ပါးပါး အစိမ်းရောင် ပန်းပွင့် ဂါဝန်ကို လဲဝတ်လိုက်သည်။

သူမ ခရီးဆောင်အိတ်ကို ဧည့်ခန်းထဲ ဆွဲလာသောအခါ ဖုန့်ချင်းယီသည် တာဝန်မကျေပွန်ကြသော သူမ၏ မိဘများဖြစ်သူ ဖုန့်ကျစ်ရှင်းနှင့် နန်ယင်းတို့ကို တွေ့လိုက်ရသည်။

"အဖေ၊ အမေ၊ နှစ်ယောက်သား ဘယ်တုန်းက ပြန်ရောက်လာကြတာလဲ။"

ဖုန့်ကျစ်ရှင်း : "အဖေတို့ ဒီနေ့ သမီး ကျောင်းစတက်ရမယ်လို့ ကြားလို့ သမီးတို့ကို လေဆိပ်ပို့ဖို့ တကူးတက ပြန်လာတာ။ ပစ္စည်းတွေ အကုန် ထုပ်ပိုးပြီးပြီးလား။"

ဖုန့်ချင်းယီ ခေါင်းညိတ်ပြီး ပြန်ဖြေသည်။ "ဟုတ်ကဲ့၊ အကုန် ထုပ်ပိုးပြီးပြီ။"

"သမီးအစ်ကိုကို သွားခေါ်လိုက်တော့၊ အချိန် နောက်ကျနေပြီ။ သူ အခုထိ မထွက်လာသေးဘူး။ သူက အရင်လိုပဲ နှေးတိနှေးကန်နဲ့" ဖုန့်ကျစ်ရှင်းသည် ဖုန့်ချင်းစီအကြောင်း ပြောသောအခါ စိတ်မရှည်သည်မှာ ရှင်းနေ၏။

ဖုန့်ချင်းယီသည် ဖုန့်ချင်းစီ၏ အခန်းတံခါးကို သွားခေါက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

"အဖေနဲ့ အမေ ပြန်ရောက်လာပြီ။ ငါတို့ကို လေဆိပ်လိုက်ပို့ပေးမယ်လို့ ပြောတယ်၊ မြန်မြန် ပြင်ဆင်တော့။"

"... အေးပါ။ သူတို့ ပြန်ရောက်လာတာ ဟုတ်တယ်။ ဒါပေမဲ့ အခုမှ ခြောက်နာရီပဲ ရှိသေးတာ၊ ဘာတွေ အဲ့လောက် လောနေတာလဲ။" ဖုန့်ချင်းစီက အခုထိ အိပ်ရာကပင် မထသေးပေ။

ဖုန့်ချင်းယီ : "ဘယ်လိုပဲဖြစ်ဖြစ် နင့်ကို ငါ ခေါ်ပေးပြီးပြီ၊ ထတာ မထတာက နင့်ကိစ္စပဲ။"

ဧည့်ခန်းကို ပြန်ရောက်သောအခါ ဖုန့်ချင်းယီသည် နန်ယင်း အိတ်ထဲက သေတ္တာငယ်လေးတစ်လုံး ထုတ်ယူတာကို တွေ့လိုက်ရသည်။

"ချင်းယီ၊ သမီးအဖေနဲ့ အမေ ခရီးသွားနေတုန်း ဒီလည်ဆွဲကို တွေ့တာနဲ့ သမီးနဲ့ အရမ်းလိုက်မယ်ထင်လို့ ဝယ်လာတာ။ သမီး ဝတ်ကြည့်လိုက်ပါဦး။"

ဖုန့်ချင်းယီသည် သေတ္တာကို ယူပြီး ဖွင့်လိုက်သောအခါ ကြယ်နဲ့ လပုံစံပါသော ငွေရောင်လည်ဆွဲ တစ်ခုကို တွေ့လိုက်ရသည်။

"ကျေးဇူးတင်ပါတယ် အမေ၊ သမီး အရမ်းကြိုက်တယ်။"

နန်ယင်းက ပြုံးသွားသည်။ "သမီး ကြိုက်လို့ အမေ ဝမ်းသာတယ်။ လာ၊ သမီးကို ဝတ်ပေးမယ်။"

ဖုန့်ချင်းစီ ထွက်လာပြီး နန်ယင်းက ဖုန့်ချင်းယီကို လည်ဆွဲ ဝတ်ပေးနေသည်ကို တွေ့သောအခါ "ကျွန်တော့်ကိုရော လက်ဆောင် မပေးဘူးလား။" ဟု မေးသည်။

နန်ယင်း : "... မင်းအတွက် လက်ဆောင်လား၊ မင်းအဖေက မင်းအတွက် တစ်ခု ဝယ်ထားတယ်လို့ ပြောတယ်။"

ဖုန့်ကျစ်ရှင်းသည် နန်ယင်းကို ကြည့်လိုက်ပြီး သူ ဘယ်တုန်းက ဖုန့်ချင်းစီအတွက် လက်ဆောင် ဝယ်မယ်လို့ ပြောခဲ့လဲဆိုတာကို ပြန်စဉ်းစားနေသည်။

နန်ယင်းက သူ့ကို မျက်စပစ်လိုက်သောအခါ ဖုန့်ကျစ်ရှင်း နားလည်သွားသည်။ "အဖေ လက်ဆောင်ကြည့်သေးတယ်၊ ဒါပေမဲ့ မင်းနဲ့ သင့်တော်တာ မတွေ့လို့။ မင်းကို နောက်မှ ပိုက်ဆံ လွှဲပေးမယ်၊ ပြီးတော့ မင်း ကြိုက်တာ ဝယ်လိုက်လေ။"

"မျှမျှတတဖြစ်အောင် သူ့ဆွဲကြိုးနဲ့ တန်ဖိုး အတူတူ လွှဲပေးရမှာနော်" ဟု ဖုန့်ချင်းစီက ပြောသည်။

"အေးပါ။ မင်းအဖေ မင်းကို နောက်မှ ပိုက်ဆံ လွှဲပေးလိုက်မယ်။"

သူတို့ နှစ်ယောက်စလုံးက သူတို့ရဲ့ သားသမီးများ ဖြစ်ကြသည်မို့ တစ်ယောက်ကို တစ်ယောက် ပိုပြီး မျက်နှာသာပေးလို့မရ‌ပေ။ သူ နောက်မှ ချင်းယီကို ပိုက်ဆံ အပို နည်းနည်း လွှဲပေးလိုက်တော့မယ်။

ဖုန့်ကျစ်ရှင်းသည် ဖုန့်ချင်းစီကို အထင်အမြင်သေးစွာ ကြည့်လိုက်သောအခါ သူက ဖိနပ်တစ်ရံသာ ဝတ်ထား၏။ "ငါတို့ မကြာခင် သွားတော့မှာ၊ မြန်မြန်လုပ်စမ်း။"

ဖုန့်ချင်းစီ သူ့အခန်းကို ပြန်သွားသောအခါ ဖုန့်ကျစ်ရှင်း၏ အကြည့်သည် ဖုန့်ချင်းယီဆီတွင် သိသိသာသာ ပျော့ပျောင်းသွား၏။ "ချင်းယီ၊ သမီး ဒီတလော သုံးဖို့ ပိုက်ဆံ လောက်ရဲ့လား၊ အဖေ သမီးကို နောက်ထပ် နည်းနည်း လွှဲပေးရမလား။"

"ပိုကောင်းတာပေါ့" ဘယ်သူက အပိုငွေရတာကို ငြင်းရမှာလဲ။

ဖုန့်ကျစ်ရှင်းသည် ဖုန်းကို ထုတ်လိုက်ပြီး ပိုက်ဆံလွှဲပေးသည်။ "သမီး ဒီတစ်ခါ ကျူရှင်ခလည်း ပေးရမှာဆိုတော့ နည်းနည်း ပိုလွှဲပေးမယ်။"

နှစ်မိနစ်မပြည့်ခင် ဖုန့်ချင်းယီ၏ ဖုန်းတွင် ငွေလွှဲဝင်လာသည့် အကြောင်းကြားစာ ရောက်လာပြီး သူမ ဘဏ်အကောင့်ထဲကို ယွမ် ၅၀၀,၀၀၀ လွှဲထားတာကို ပြထားသည်။ သူမ ဝမ်းသာအားရ ပွေ့ဖက်လိုက်ပြီး "ကျေးဇူးတင်ပါတယ် အဖေ။" ဟု ပြောလိုက်သည်။

ဖုန့်ကျစ်ရှင်း တိုးတိုးလေး ပြောလိုက်သည်။ "သမီး အစ်ကိုကို မပြောနဲ့နော်။"

"သိပါတယ်၊ သမီး လျှို့ဝှက်ထားပါ့မယ်။"

ဖုန့်ချင်းစီသည် ခရီးဆောင်အိတ်ကို ဧည့်ခန်းထဲ ဆွဲလာပြီး ပြောသည်။ “အဆင်သင့်ပဲ၊ သွားကြမယ်။"

မိသားစုလိူက် ဓာတ်လှေကားနဲ့ အောက်ထပ်ကို ဆင်းသွားပြီး ဖုန့်ကျစ်ရှင်းသည် ကားမောင်း၊ နန်ယင်းက ရှေ့ခုံတွင် ထိုင်ကာ၊ ဖုန့်ချင်းယီနဲ့ ဖုန့်ချင်းစီတို့က နောက်ခုံတွင် ထိုင်ကြသည်။

ဖုန့်ချင်းစီသည် ဖုန့်ချင်းယီ လက်နှစ်ဖက်မှာ ဖုန်းတစ်လုံးစီ ကိုင်ထားတာကို တွေ့ပြီး "အဖေ၊ အမေ၊ ကျွန်တော် ဖုန်းအသစ်တစ်လုံး ဝယ်ချင်တယ်။ ကျွန်တော့်ကို ဝယ်ပေးလို့ရမလား။" ဟု ပြောလိုက်သည်။

"မင်းဖုန်း ပျက်သွားလို့လား"ဟု နန်ယင်းက မေးသည်။

"ပျက်တာက မပျက်ဘူး၊ ဒါပေမဲ့ ဖုန်းက အရမ်း လေးပြီး သုံးလို့ မရတော့ဘူး။" အဓိကက ဂိမ်းကစားဖို့ ဖုန်းက မသွက်တော့ဘူး၊ ဒါကြောင့် ဖုန်းအသစ် လိုတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ စုဆောင်းထားတဲ့ ပိုက်ဆံတွေကလည်း ကုန်သွားပြီဆိုတော့ အကူအညီ တောင်းရတော့သည်။

နန်ယင်း : "မင်းအဖေက မင်းကို နောက်မှ ပိုက်ဆံ လွှဲပေးလိမ့်မယ်။ ဘယ်လောက်ဆို ရလဲ။"

ဘယ်လောက်ဆို ရလဲ။ ဖုန့်ချင်းစီ ခဏလောက် စဉ်းစားပြီး ပြန်မေးသည်။ "ဖုန့်ချင်းယီရဲ့ ဆွဲကြိုးက ဘယ်လောက်လဲ။"

"သူ့ဆွဲကြိုးက မစျေးကြီးပါဘူး၊ ယွမ်နှစ်သောင်းလားပဲ ပေးရတယ်" ဟု နန်ယင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

ဖုန့်ချင်းစီ စဉ်းစားလိုက်ပြီး "အဲ့တာဆို ကျွန်တော့ကို ယွမ်ငါးသောင်းပဲပေးပါ၊ အဲလောက်ဆို ဒီနှစ်ဝက်စာ လောက်ပြီ ထင်တယ်။"

"ကောင်းပြီ၊ မင်းအဖေကို နောက်မှ လွှဲပေးခိုင်းလိုက်မယ်။" နန်ယင်းက ရယ်ချင်သော်လည်း ထိန်းထားလိုက်သည်။ သူမရဲ့ သားက စကားပြောချိုတဲ့သူပဲ။

ဖုန့်ကျစ်ရှင်းနှင့် နန်ယင်းတို့သည် ဖုန့်ချင်းယီနှင့် ဖုန့်ချင်းစီတို့ကို လေဆိပ်မှာ ချထားပေးပြီးနောက် ပြန်ထွက်သွားကြသည်။

လေယာဉ်မထွက်ခင် အချိန်ရှိနေသေးသောကြောင့် နှစ်ယောက်သား စောင့်ဆိုင်းခန်းတွင် စောင့်နေကြရ၏။

သူတို့ ခန်းမကို ရောက်သည်နှင့် ဖုန့်ချင်းစီက ဖုန်းကို ထုတ်ကာ ဂိမ်းကစားနေပြီး ဖုန့်ချင်းယီသည်လည်း သူမ ဖုန်းကို ထုတ်ကာ သူငယ်ချင်းများနှင့် စကားပြောနေသည်။ စာတို နှစ်စောင်လောက် ပို့ပြီးနောက် ဖုန့်ချင်းယီသည် ချင်ယွီချွမ်ဆီမှ စာတိုတစ်စောင် ရောက်လာသည်။

[ယွီချွမ် : နိုးပြီလား။]

[ချင်းယီ : ဟုတ်၊ ကျွန်မ စောစော နိုးတယ်။ လေဆိပ်မှာ ရောက်နေပြီ၊ ဒါပေမဲ့ အချိန် မကျသေးလို့ ခန်းမမှာပဲ စောင့်နေရတယ်။]

ဖုန့်ချင်းယီက ဓာတ်ပုံတစ်ပုံ ရိုက်ပြီး ချင်ယွီချွမ်ဆီ ပို့လိုက်သည်။

[ယွီချွမ် : မနေ့ညက ငါ မင်းကို လန့်သွားစေခဲ့မိလား။‌ ငါ တောင်းပန်ပါတယ်နော်။]

[ချင်းယီ : မဟုတ်တာ၊ ရှင် ကျွန်မကို တောင်းပန်စရာ မလိုပါဘူး။ ကျွန်မ မှားသွားတာ၊ အရာရာကို သေချာ မစဉ်းစားခဲ့မိဘူး။]

[ယွီချွမ် : မဟုတ်ဘူး၊ မင်းအမှား မဟုတ်ပါဘူး။ မနေ့က ငါ စိတ်ထဲမကောင်းနေလို့။]

[ချင်းယီ : ဒီနေ့ရော ရှင် စိတ်အခြေအနေ ဘယ်လိုလဲ။]

[ယွီချွမ် : ငါ တချို့ဟာကို တွေးမိပြီးသွားပြီဆိုတော့ ဒီနေ့တော့ နေလို့ကောင်းပါတယ်။]

[ချင်းယီ : တော်သေးတာပေါ့။ ရှင် မနက်စာရော စားပြီးပြီလား။]

[ယွီချွမ် : အင်း၊ ငါ စားပြီးပြီ။ မင်းရော။]

[ချင်းယီ : ကျွန်မ အခု စားနေတာ၊ အပြင်က ပေါင်မုန့်နှစ်လုံး ဝယ်လာတယ်၊ ဒါပေမဲ့ စားလို့ မကောင်းဘူး။]

[ယွီချွမ် : ဒါဆို အခြားတစ်ခု ထပ်ဝယ်လိုက်လေ။]

[ချင်းယီ : မဝယ်တော့ဘူး။ ကျွန်မ အဆင်ပြေသလို လုပ်လိုက်မယ်။ နေ့လည် ကျောင်းရောက်မှ ကောင်းကောင်း စားလိုက်မယ်။ ကျွန်မတို့ ကျောင်းက ထမင်းစားခန်းက အစားအသောက်တွေ တော်တော် ကောင်းတယ်၊ တစ်နေ့ ရှင့်ကို စမ်းကြည့်ခိုင်းမယ်။]

[ချင်းယီ : ရှင် အခု အိမ်ပြန်ရောက်နေပြီလား။ အရမ်း အလုပ်ရှုပ်နေလား။]

[ယွီချွမ် : မရှုပ်ပါဘူး။ အိမ်မှာ လုပ်စရာ ဘာမှ သိပ်မရှိဘူး။]

မနက်ပိုင်း တရားခွင်ကိုသွားဖို့ကလွဲရင် ရွှမ်းယွမ်ရှန့်က သူ့ကို တာဝန်တွေ ဘာမှ ပေးမှာ မဟုတ်ဘူးဆိုတော့ သူ့မှာ အားလပ်ချိန် နည်းနည်း ရှိတယ်။

[ချင်းယီ : ရှင် အခု အားနေပေမယ့် ကျွန်မကတော့‌ အလုပ်တွေများတော့မယ်။ ဒီစာသင်နှစ်ဝက်ရဲ့ အတန်းအချိန်ဇယားကို ရှင့်ကို ပြမယ်။ သောကြာမနက် အတန်းတစ်ခုပဲ ရှိတာကလွဲရင် ကျန်တဲ့ရက်တွေ အကုန် အတန်းချိန်တွေ အပြည့်ပဲ။]

ချင်ယွီချွမ်သည် ဖုန့်ချင်းယီ ပို့ပေးသည့် အတန်းချိန်ဇယားကို ကြည့်သော်လည်း သူ တကယ် နားမလည်နိုင်ပေ။ ဒါပေမဲ့ သူမ ပြောတာကို ကြည့်ရင် သူမ နေ့တိုင်း အတန်းတက်ရမယ့်ပုံပဲ။

သူမ နေထိုင်တဲ့ ကမ္ဘာနဲ့ သူ မရင်းနှီးဘူးဆိုတော့ ဘယ်လို တုံ့ပြန်ရမလဲ သူ မသိ။ ဒါပေမဲ့ ဖုန့်ချင်းယီက တစ်ယောက်ယောက်ကိုပြောပြပြီး စိတ်ဖြေလျှော့နေရုံပဲဆိုတာ သိသာနေသည်။

[ဖုန့်ချင်းယီ : ဒီသင်တန်းတွေအပြင် တခြားသင်တန်းတချို့လည်း သင်ဖို့လည်း လိုသေးတယ်။ ဒီစာသင်နှစ်က တကယ် ပြည့်စုံမယ်လို့ ထင်မိတာပဲ။]

[ချင်ယွီချွမ် : မင်းရဲ့ ပညာရေးမှာ အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်။]

[ဖုန့်ချင်းယီ : ဒါဆို ရှင့်ရဲ့ မင်္ဂလာစကားတွေကို ကျွန်မ ခဏချေးယူထားလိုက်တော့မယ်။]

[ဖုန့်ချင်းယီ : ကျွန်မ ကျောင်းသွားပြီးရင် အချိန်ရတာနဲ့ ရှင်နဲ့ စကားထပ်ပြောမယ်။ အခု ရေတစ်ဘူး ဝယ်လိုက်ဦးမယ်၊ နည်းနည်း ရေငတ်နေတယ်။]

[ချင်ယွီချွမ် : ကောင်းပြီ၊ သွား သွား။]

"ဖုန့်ချင်းယီ၊ နင် ဘယ်သူနဲ့ စကားပြောနေတာလဲ၊ နင် အရမ်းအာရုံစိုက်နေတဲ့ပုံပဲ။" ဖုန့်ချင်းစီက အနားကို လျှောက်လာပြီး ကြည့်သော်လည်း ဘာမှ မမြင်ရပေ။

***

အခန်း ( ၂၂ ) – စစ်သူကြီး သဘောကျတဲ့ မိန်းကလေးက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲဖြစ်ရမယ်

"သူငယ်ချင်း တစ်ယောက်ပါ။" ဟု ဖုန့်ချင်းယီက ရှောင်တိမ်းကာ ပြောသည်။

ဖုန့်ချင်းစီက သိပ်ပြီး မယုံကြည်ပေ။ "နင် သူနဲ့ စကားပြောရတာ အရမ်းပျော်နေပုံရတယ်။ နင် ရည်းစားများရနေတာလား။"

"ဒါပေမဲ့ နင့်ပုံစံကို ကြည့်ရင် ရည်းစားရနိုင်တဲ့သူလည်း မဟုတ်ပါဘူး။ ပြီးမှ နင် လှည့်စားခံလိုက်ရတယ်လို့ မပြောနဲ့နော်။"

"ရည်းစား မရနိုင်တဲ့သူ" ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဖုန့်ချင်းယီသည် စော်ကားခံလိုက်ရတယ်လို့ ခံစားလိုက်ရသည်။

"... ဖုန့်ချင်းစီ၊ နင် ငါ့ကို အဲဒီလို ပြောရဲတယ်နော်။ နင် လော့ရှီကို ခြောက်လလောက် လိုက်နေတာ။ သူက ငါ့အခန်းဖော်ဖြစ်ပြီး ငါ နင့်အတွက် ကောင်းကောင်း ပြောပေးခဲ့လို့သာ မဟုတ်ရင် သူ နင့်နာမည်တောင် သိမှာ မဟုတ်ဘူး။"

လော့ရှီအကြောင်း ပြောလိုက်သောအခါ ဖုန့်ချင်းစီ နည်းနည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ "ဒါဆို သူ ဘယ်လို ယောက်ျားလေးမျိုးကို ကြိုက်တာလဲ။"

"ငါ ဘယ်လို သိမလဲ။ ဒါပေမဲ့ ငါ ခန့်မှန်းတာကတော့ ပုံမှန်အားဖြင့် ခပ်ထန်ထန်နေတတ်တဲ့ နတ်ဘုရားမက ခွေးပေါက်စလေးလိုလူမျိုးကို ကြိုက်ချင်ကြိုက်မှာပေါ့။ နင်က အဲဒီလိုမျိုးနဲ့ အံမဝင်ပါဘူး။"

ဖုန့်ချင်းစီက "ငါ ဘယ်လို အံမဝင်တာလဲ။ ဒီနှစ်တော့ ငါ သူမကို သေချာပေါက် ရအောင် လိုက်မှာ။ ငါ နင့်ကို ပြောထားမယ်နော်။ သူမရှေ့မှာ ငါ့နာမည်ကောင်းကို မဖျက်ဆီးနဲ့။" ဟု ပြောလေသည်။

ဖုန့်ချင်းယီ မျက်လုံးကို လှန်ကြည့်လိုက်သည်။ "နင့်မှာ နာမည်ကောင်းက ဖျက်ဆီးခံရဖို့ ရှိသေးလို့လား။ နင် ကျောင်းမှာ နင့်ရဲ့ ဂုဏ်သတင်းက ဘယ်လိုလဲဆိုတာရော သိရဲ့လား။"

"ကျောင်းမှာ ငါ့ရဲ့ ဂုဏ်သတင်းက ဘယ်လိုဖြစ်နေလို့လဲ။" ဖုန့်ချင်းစီက တကယ် မသိဘူး။ တစ်ခါတလေ ဂိမ်းကစားတာကလွဲရင် သူက အများအားဖြင့် တော်တော်လေး အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်သည်။

သူ တကယ် မသိဘူးဆိုတာကို မြင်သောအခါ ဖုန့်ချင်းယီသည် "ကျောင်းဖိုရမ်ကို ကြည့်ပြီး နင့်နာမည်ကို ရှာကြည့်လိုက်။ နင် သိရလိမ့်မယ်။" ဟု ပြောလေသည်။

ဖုန့်ချင်းစီ အလျင်အမြန် ကျောင်းဖိုရမ်ကို ဝင်ကြည့်လိုက်သည်။ သူ မြင်လိုက်ရတာတွေကြောင့် တုန်လှုပ်သွားလေသည်။ - သူ့မှာ ဘယ်တုန်းက ဒီလောက် များတဲ့ ရည်းစားဟောင်းတွေ ရှိခဲ့တာလဲ။ သူတို့ရဲ့ ပြောထားချက်တွေက တော်တော်ကို ယုံကြည်လောက်စရာကောင်းပြီး ဓာတ်ပုံတွေလည်း ပါသေးတယ်။

"ဒါတွေ အကုန် ဘယ်ကလဲ။ ငါ ဘယ်လိုလုပ်ပြီး မသိရတာလဲ။"

ဖုန့်ချင်းယီသည် လက်ကို လှုပ်ရမ်းပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "နင် ငါ့ကို ဘာလို့ မေးနေတာလဲ။ ငါ တင်ခဲ့တာမှ မဟုတ်တာ။"

ဖုန့်ချင်းစီ ဂိမ်းကစားတာကို ရပ်ပြီး သူ့အကြောင်း တင်ထားတဲ့ ပို့စ်တွေ အားလုံးကို တစ်ခုချင်းစီ ကြည့်ပြီး မသင့်တော်တဲ့ ပို့စ်တွေကို တိုင်ကြားလိုက်သည်။ ဒါ သူ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား။

စစ်သူကြီးအိမ်တော်တွင် ချင်ယွီချွမ်သည် သူ၏ စာကြည့်ခန်းတွင် ထိုင်နေပြီး စာအုပ်တစ်အုပ်ကို လှန်လှောကြည့်နေသည်။

ရွှမ်းယွမ်ရှီသည် မုန့်တစ်ပန်းကန် ယူလာသည်။ "ယွီချွမ်၊ မင်း အခုမှ ပြန်ရောက်တာ။ တစ်နေကုန် စာကြည့်ခန်းထဲမှာပဲ မနေနဲ့။ မင်း သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ဦးလေ။ "

ချင်ယွီချွမ်သည် ပန်းကန်ကို ယူလိုက်ပြီး ပြောသည်။ "အမေ၊ ကိုယ့်ကိုကိုယ် ဒုက္ခမခံပါနဲ့။ ကောင်းကောင်း အနားယူပါ။"

"ဒီနေ့ မင်းကို လာတွေ့တာ တခြား ကိစ္စတစ်ခု ရှိလို့။ မင်း အသက်အရွယ် ရလာပြီ။ ဇနီးမယား ရွေးချယ်ဖို့ စဉ်းစားသင့်တဲ့ အချိန်ရောက်ပြီ။ ငါ သင့်တော်တဲ့ မိန်းကလေးငယ် တချို့ကို စုံစမ်းထားတယ်။ သူတို့ကို တွေ့ချင်လား။"

အရင်က ရွှမ်းယွမ်ရှီသည် ချင်ယွီချွမ် ဘေးကင်းစွာ ပြန်လာဖို့ မျှော်လင့်ခဲ့သူ ဖြစ်သည်။ အခု သူ ပြန်ရောက်လာတော့ သူမက သူ့ရဲ့ အိမ်ထောင်ရေးကို အာရုံစိုက်လာပြီ။

သူမ၏ သားဖြစ်သူက အသက် ( ၂၅ ) နှစ် ရှိပြီး အခုထိ အိမ်ထောင်မရှိသေးခြင်းသည် ရှန်ကျင်းတွင် တော်တော် ထူးဆန်းတဲ့ အကြောင်းအရာ တစ်ခု ဖြစ်နေသည်။

ချင်ယွီချွမ်က ရွှမ်းယွမ်ရှီကို ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်သည်။ "အမေ၊ ကျွန်တော့်မှာ အခု အဲဒီလို အစီအစဉ် မရှိဘူး။ ပြီးတော့ အရှင်မင်းကြီးလည်း သဘောတူမှာ မဟုတ်ဘူး။"

"ယွီချွမ်၊ မင်း သဘောတူရင်တော့ ငါ အရှင်မင်းကြီးနဲ့ ဆွေးနွေးလိုက်မယ်" ဟု ရွှမ်းယွမ်ရှီက ပြောသည်။

ချင်ယွီချွမ်က "အမေ၊ ကျွန်တော့်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစရာ မလိုပါဘူး။" ဟု ပြော၏။

ရာထူးနဲ့ မသေချာတဲ့ အနာဂတ်နဲ့ လူတစ်ယောက်မှာ အချစ်ရေးကို လိုက်စားဖို့ အခွင့်အရေး မရှိဘူးလေ။

"ယွီချွမ်၊ မင်း ..." ရွှမ်းယွမ်ရှီက နောက်ထပ် ပြောချင်ပေမဲ့ သူ့မျက်လုံးထဲက အကြည့်ကို မြင်ပြီး သူမ စကားကို ရပ်လိုက်သည်။

"အမေ၊ အမေ ဘာပြောချင်လဲဆိုတာ ကျွန်တော် သိတယ်။ ဒီနေရာကို ရောက်ဖို့ ကျွန်တော် လျှောက်လှမ်းခဲ့တဲ့ လမ်းကို ကျွန်တော် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။"

"ရှန်ကျင်းမှာ လတ်တလော ရာသီဥတု အေးလာတယ်။ အမေ ကျန်းမာရေး ဂရုစိုက်ပါ။"

သူ့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို မြင်သည့်အခါ ရွှမ်းယွမ်ရှီ ထွက်သွားသည်။

ကလေးတွေ ကြီးပြင်းလာပြီး ကိုယ်ပိုင် အမြင်တွေနဲ့ ကိုယ်ပိုင် အခက်အခဲတွေကို ရင်ဆိုင်ကြတယ်။ သူမ သူ့ကို မကူညီနိုင်တော့တဲ့အတွက် သူ့ကို လွှတ်ထားရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

ရွှမ်းယွမ်ရှီသည် သူမရဲ့ အိမ်ဝင်းကို ပြန်ရောက်သည့်အခါ နာမူချီက အပြင်မှာ စောင့်နေတာကို တွေ့လိုက်ရသည်။

နာမူချီက ချင်ယွီချွမ်နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူဖြစ်တာကြောင့် သူ့ကို သားတစ်ယောက်လို ဆက်ဆံသည်။ ရွှမ်းယွမ်ရှီကလည်း သူ့ကို အရမ်း ကျေးဇူးတင်မိပေသည်။

"စစ်အကြံပေး နာမူချီ၊ ဒီနေ့ ဘာကိစ္စနဲ့ ရောက်လာတာလဲ။"

နာမူချီက ဦးညွှတ်အရိုအသေပေးလိုက်သည်။ "မင်းသမီးကို ဂါရဝပြုပါတယ်။ ဒီနေ့ ကျွန်တော် အရှင်မကို ကိစ္စတစ်ခု လျှောက်တင်ဖို့ ရောက်လာတာပါ။"

"ဒါဆို အထဲဝင်ပြီး ပြောပါ။ ပိုင်ဝေ၊ လက်ဖက်ရည် ပြင်လိုက်ပါဦး။" ရွှမ်းယွမ်ရှီက ခန်းမထဲ ဝင်ပြီး ပိုင်ဝေကို ညွှန်ကြားသည်။

ရွှမ်းယွမ်ရှီက ထိပ်ဆုံးထိုင်ခုံမှာ ထိုင်ပြီး နာမူချီက သူမရဲ့ ဘယ်ဘက်မှာ ထိုင်သည်။ လက်ဖက်ရည် တည်ခင်းပြီး ပိုင်ဝေ ထွက်သွားသည့်အခါ နာမူချီ စကားပြောလေသည်။

"ဒီနေ့ ကျွန်တော် စစ်သူကြီးနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခု လျှောက်တင်ဖို့ ရောက်လာတာပါ။ အရင်တုန်းက စစ်သူကြီးက စစ်ပွဲမှာ ရခဲ့တဲ့ စစ်သုံ့ပန်းပစ္စည်းတွေထဲက ထူးဆန်းတဲ့ သေတ္တာလေး တစ်ခု ရခဲ့တယ်။"

"စစ်သူကြီးရဲ့ ပြောပြချက်အရ ဒီအရာက အသံတွေရော ပစ္စည်းတွေကိုရော အဝေးကြီးကနေ ပို့ဆောင်ပေးနိုင်တယ်။ စစ်သူကြီးက အဲဒီသေတ္တာကနေ အမျိုးသမီးငယ်တစ်ယောက်နဲ့ ရင်းနှီးသွားတယ်။"

"ကျွန်တော့် လေ့လာချက်အရ စစ်သူကြီးက သူမကို စိတ်ဝင်စားပုံရတယ်။ ဒါပေမဲ့ ဒီသေတ္တာက ကျွန်တော်တို့ ကမ္ဘာနဲ့ မသက်ဆိုင်သလို အမျိုးသမီးငယ်ကလည်း ကျွန်တော်တို့ ကမ္ဘာနဲ့ မသက်ဆိုင်ဘူး။ ကျွန်တော်က စစ်သူကြီး ဒုက္ခရောက်မှာ စိုးရိမ်လို့ ဒီသေတ္တာကို ဖျက်ဆီးစေချင်တယ်။ ဒါပေမဲ့ စစ်သူကြီးက ခွင့်မပြုဘူး။"

"ဒီနေ့ ကျွန်တော်လာတာက သခင်မအနေနဲ့ စစ်သူကြီးကို ဒီသေတ္တာကို ဖျက်ဆီးဖို့ တိုက်တွန်းပေးနိုင်မလားလို့ မျှော်လင့်ပြီး ရောက်လာတာပါ။ ဒီကမ္ဘာပေါ်က အရာအားလုံးမှာ သူ့နေရာနဲ့ သူ သတ်မှတ်ထားပြီးသား။ အိပ်မက်တွေကို စွဲလမ်းတာက ဒုက္ခပဲ ယူလာပေးလိမ့်မယ်။"

"စစ်သူကြီးရဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေနဲ့ဆိုရင် ရှန်ကျင်းရဲ့ အမျိုးသမီးငယ်တွေကို အသင့်တော်ဆုံး ရွေးချယ်နိုင်တယ်။ အလွန်တရာ ဝေးလံခေါင်ဖျားတဲ့ နေရာကလူဖြစ်ပြီး အဲဒီလူကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနေရဦးမှာလဲ။"

နာမူချီရဲ့ ပြောပြချက်ကို ကြားပြီးနောက် ရွှမ်းယွမ်ရှီ စဉ်းစားသွားသည်။ နာမူချီက ဒီလောက် စိုးရိမ်ပူပန်စွာနဲ့ စိတ်ရင်းမှန်နဲ့ ဒါကို လျှောက်တင်ခဲ့တာ မဟုတ်ရင် သူမက ဒါကို တစ်ယောက်ယောက်ရဲ့ လိမ်ညာပြောဆိုမှုလို့ မှတ်ယူလိုက်မိမှာ အမှန်ပင် - ဘာလို့လဲဆိုတော့ ဒီကမ္ဘာမှာ အဲဒီလို ထူးဆန်းတဲ့ အရာမျိုး ဘယ်မှာ ရှိနိုင်ပါ့မလဲ။

ဒါပေမဲ့ နာမူချီက ယုံကြည်ချက်အပြည့်နဲ့ ပြောဆိုတာကြောင့် ရွှမ်းယွမ်ရှီက သူ့ကို ယုံကြည်တယ်။

"ဒီကိစ္စကို ငါ သိပြီ။ ယွီချွမ်နဲ့ ငါ ဆွေးနွေးလိုက်မယ်။ ငါ့ကို အသိပေးဖို့ ဒီလောက် ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

နာမူချီ ထရပ်ပြီး ထွက်ခွာဖို့ ပြင်သည်။ "ကျွန်တော် အရှင်မကို ကိစ္စ လျှောက်တင်ပြီးပြီဆိုတော့ ကျွန်တော် ပြန်လိုက်ပါဦးမယ်။"

နာမူချီ ထွက်သွားပြီးနောက် ရွှမ်းယွမ်ရှီက လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။

ကမ္ဘာတွေ ခြားပြီး ဆက်သွယ်နိုင်တဲ့ ထူးဆန်းတဲ့ သေတ္တာငယ်လေး၊ တခြားကမ္ဘာက မိန်းကလေးတစ်ယောက် - ဒီကမ္ဘာနဲ့ မသက်ဆိုင်တဲ့ အရာတွေနဲ့ လူတွေ။

ယွီချွမ်က အမြဲတမ်း ရင့်ကျက်ပြီး တည်ငြိမ်တယ်။ ဘာလို့ သူက ဒီလို နားမလည်နိုင်တဲ့ အရာတစ်ခုကို သူ့ဘေးမှာ သိမ်းထားရတာလဲ။ သူ့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတာလား၊ ဒါမှမဟုတ် နာမူချီ ပြောသလိုပဲ - သူက သေတ္တာထဲက မိန်းကလေးကို ခံစားချက်တွေ ဖြစ်နေတာလား။

အဲဒီလိုဆိုရင်ရော သူမ ဝင်ပါသင့်လား။

ပိုင်ဝေက နာမူချီရဲ့ လက်ဖက်ရည်ခွက်တွေကို သိမ်းဆည်းဖို့ ရောက်လာသည်။ "စစ်အကြံပေးက သခင်မကို တစ်ခုခု ပြောခဲ့တာလား။ သခင်မ တော်တော်လေး စိတ်သောကရောက်နေပုံရလို့ပါ။"

"ပိုင်ဝေ၊ ယွီချွမ်က မိန်းကလေးငယ်တစ်ယောက်ကို သဘောကျပေမဲ့ သူမကို တွေ့နိုင်လား မတွေ့နိုင်လား မသေချာရင် ငါ သူ့ကို တားသင့်လား။" လို့ ရွှမ်းယွမ်ရှီက မေးသည်။

ပိုင်ဝေက "အရှင်မ၊ ချင်ယွီချွမ်က ငယ်ငယ်ကတည်းက သူ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိတယ်။ သူ တကယ်လို့ မိန်းကလေးတစ်ယောက်ကို ချစ်သွားရင် အရှင်မတောင် သူ့ကို တားနိုင်မှာ မဟုတ်ဘူး။ ဒါဆို ဘာလို့ အဲဒီလို အရာတွေကို စိုးရိမ်နေတာလဲ။" ဟု ပြောလေသည်။

ရွှမ်းယွမ်ရှီ : "ငါ မိုက်မဲတာ။ ချင်ယွီချွမ်က အမြဲတမ်း သေချာရေရာတဲ့ဆုံးဖြတ်ချက်တွေ ရှိတယ်။ သူ ဆုံးဖြတ်ထားတာကို ဘယ်သူမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ သူ သူမကို ကြိုက်တယ်ဆိုတော့ သူ့ကို လွှတ်ထားလိုက်ပါမယ်။ ငါ ဘာလို့ လူဆိုး အဖြစ်ခံရမလဲ။"

"ဒါပေမဲ့ ချင်ယွီချွမ် ကြိုက်တဲ့ မိန်းကလေးကို ကျွန်မ တော်တော်လေး စိတ်ဝင်စားမိတယ်။ သူမ ဘယ်လိုပုံစံမျိုးလဲဆိုတာ ကျွန်မ တွေးကြည့်မိတယ်။"

ပိုင်ဝေ မျက်နှာကို ငုံ့ထားပြီး သူမရဲ့ ဝမ်းနည်းမှုကို ဖုံးကွယ်ထားလိုက်သည်။ "ချင်ယွီချွမ် ကြိုက်တဲ့ မိန်းကလေးက ဒီကမ္ဘာမှာ အကောင်းဆုံး ဖြစ်လိမ့်မယ်။"

All Chapters