← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း ( ၃၃ ) – ငါသဘောကျတဲ့လူရှိနေပြီ။

ရွှမ်းယွမ်ရှီက ရုတ်တရက် တစ်ခုခု သတိရသွားပြီး "ကွမ်ယွမ်ဘုရားကျောင်းရဲ့ ဆရာတော်ကြီးက တော်တော် အရည်အချင်းရှိတယ်။ ချင်ယွီချွမ်၊ မင်း အချိန်ရရင် သူ့ကို သွားတွေ့သင့်တယ်။ သူ့ဆီက တစ်ခုခု သိနိုင်လိမ့်မယ်။" ဟု ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ။ အချိန်ရရင် သွားလိုက်ပါ့မယ်" ဟု ချင်ယွီချွမ် ပြန်ဖြေ၏။

နေ့လယ်စာစားပြီးနောက် ချင်ယွီချွမ် သူ့ရဲ့ ခြံဝင်းကို ပြန်လာခဲ့သည်။ စစ်တပ်မှာ ရှိခဲ့တဲ့ ရက်တွေနဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ လက်ရှိဘဝက အရမ်း လျော့ရဲနေသည်။

သူ ပြင်ဆင်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ရမယ်၊ ဘာလို့လဲဆိုတော့ တချို့အရာတွေကို ကြိုတင် စီစဉ်ထားဖို့ လိုအပ်တယ်။

တစ်ဖက်မှာလည်း မနက်ပိုင်း ဗျပ်စောင်းသင်တန်း တက်ခဲ့သည့် ဖုန့်ချင်းယီသည် ပင်ပန်းနွမ်းနယ်နေ၏။

ရှေးခေတ်ဗျပ်စောင်းပညာကို သင်ယူရတာ တကယ် ခက်ခဲတာပဲ။ သူမကို သင်ပေးတဲ့ ဆရာမက တော်တော်လေးကို ကြမ်းတမ်းတယ်။ ကိုယ်ခံပညာလို ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့တဲ့ ဆရာမကို ခန့်လို့ မရဘူးလား။

သူမ ညည်းညူချင်ပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်လောက် ပင်ပန်းလိုက်လဲ။

ဖုန့်ချင်းယီ အတန်းကို ရောက်တော့ သူမရဲ့ အတန်းဖော်တွေ အားလုံး သူမကို စိုက်ကြည့်နေတာကို တွေ့လိုက်သည်။ အခု ဘာဖြစ်နေကြတာလဲ။

ရှန်ဟန်ယွဲ့က ဖုန့်ချင်းယီကို လက်ဝှေ့ယမ်းပြသောအခါ သူမ အမြန် လျှောက်သွားလိုက်သည်။

"သူတို့ ဘာဖြစ်နေတာလဲ။ ဘာလို့ အဲဒီလို ငါ့ကို ကြည့်နေကြတာလဲ။"

ရှန်ဟန်ယွဲ့က ခေါင်းခါပြီး "ငါလည်း မသိဘူး။ ဖြစ်နိုင်တာက သူတို့ မနာလို ဖြစ်နေတာများလား။" ဟု ပြော၏။

ဖုန့်ချင်းယီ မသက်မသာနှင့် သက်ပြင်းချလိုက်သည်။ သူမ ရှန်ဟန်ယွဲ့ရဲ့ စားပွဲကနေ စာအုပ်ကို ယူလိုက်သည်။ အတန်း စတော့မှာဆိုတော့ စာသင်ဖို့ပဲ အာရုံစိုက်သင့်တယ်။

သူမရဲ့ စာသင်ချိန် ပြန်လည်ပြီး ပုံမှန်ဖြစ်လာသည်။ ဖုန့်ချင်းယီရဲ့ အချိန်ဇယားက ပြည့်ကျပ်နေ၏။ နေ့လယ်စာစားပြီး ဗျပ်စောင်းသင်တန်း၊ ညစာစားပြီး ကိုယ်ခံပညာသင်တန်း၊ သင်တန်းချိန်တွေက နေ့တိုင်း ပြည့်နေလွန်းလို့ တခြား ဘာကိုမှ တွေးဖို့တောင် အချိန်မရှိပေ။

ရှန်ကျင်းမြို့၏ အထင်ကရ စားသောက်ဆိုင် ကျင်းကျွင်းမျှော်စင်တွင် ချင်ယွီချွမ်နှင့် သူ့သူငယ်ချင်းတစ်တွေ သီးသန့်ခန်းတစ်ခု၌ ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။

"ယွီချွမ်၊ ဒီတစ်ခါ မင်း ဘာအစီအစဉ်တွေ ရှိလဲ။" ရှန်းကွမ်းယီက မေးသည်။

ရှန်းကွမ်းယီ၊ ချူစစ်ရှင်းနဲ့ ရှုလီယန်တို့က ချင်ယွီချွမ် ငယ်စဉ်ကတည်းက ကျောင်းတွင် သိကျွမ်းခဲ့ကြသော သူငယ်ချင်းများ ဖြစ်သည်။ သူတို့လေးယောက်ဟာ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ကြပြီး အချိန်အတော်ကြာ မတွေ့ရပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက ခိုင်မြဲနေဆဲ ဖြစ်သည်။

ရှန်းကွမ်းယီက ချမ်းသာတဲ့ ကုန်သည်မိသားစုတွင် မွေးဖွားခဲ့ပြီး အပျော်အပါး လိုက်စားသည်။

ရှုလီယန်က မြင့်မြတ်သည့်မျိုးရိုးကလာပြီး ယဉ်ကျေးသိမ်မွေ့ကာ နှိမ့်ချတတ်ပြီး တခြားသူတွေကို နွေးထွေးစွာ ဆက်ဆံတာကြောင့် ရှန်ကျင်းမြို့တွင် နာမည်ကောင်း ရရှိထားသူ ဖြစ်သည်။

ချူစစ်ရှင်းက ဤလူများနှင့် ပေါင်းသင်းနိုင်ခြင်းသည် သူ၏ ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်မှုကြောင့် ဖြစ်သည်။ သူသည် တက်တက်ကြွကြွရှိပြီး ပျော်ရွှင်စရာ စုဝေးပွဲများကို ကြိုက်တတ်သည့် စကားများသောသူတစ်ယောက်ဖြစ်သည်။

ချင်ယွီချွမ်က လက်ဖက်ရည်ခွက်ကို မြှောက်ပြီး "ငါက ဘာအစီအစဉ်တွေ ရှိမှာလဲ။ တစ်ကြိမ်ကို ခြေတစ်လှမ်းချင်းပဲ လှမ်းနိုင်မယ်လေ" ဟု ပြောလိုက်သည်။

"မင်းနဲ့ မတူသလိုပဲ" ဟု ရှုလီယန်က ပြန်ပြော၏။

ချင်ယွီချွမ်က လက်ဖက်ရည် တစ်ငုံ သောက်ပြီး "အခုလောလောဆယ်တော့ ငါ လုပ်နိုင်သလောက်ပါပဲ" ဟု ပြောလေ၏။

"ငါ့အမြင်အရ မင်း ပြန်မလာသင့်ဘူး။ မင်းက အရှင်မင်းကြီးရဲ့ အာဏာ မရောက်နိုင်တဲ့ သဲကန္တာရမှာပဲ နေသင့်တယ်၊ အဲ့မှာဆို မင်း ကြိုက်သလို နေနိုင်နေတာပဲ" ဟု ရှန်းကွမ်းယီက ပေါ့ပေါ့ပါးပါး မှတ်ချက်ချသည်။

ချင်ယွီချွမ်က "အရှင်မင်းကြီးက ငါ့ကို မြို့တော်ကို ပြန်လာဖို့ အမိန့်ပေးတာလေ။ ငါ ဘယ်လိုလုပ်ပြီး ဆန့်ကျင်လို့ရမှာလဲ" ဟု ပြန်ဖြေ၏။

ရှုလီယန်က "နံရံမှာ နားတွေ ရှိတာ သတိထားပါ။ ဒီနေ့ အဆင်မပြေတဲ့ကိစ္စတွေကို မဆွေးနွေးကြရအောင်။ ငါ့အမေဆီက ကြားတာက သခင်မက မင်းအတွက် လက်ထပ်ထိမ်းမြားဖို့ စီစဉ်နေတယ်။ မင်း စိတ်ဝင်စားတဲ့သူ ရှိလား" ဟု မေးလာသည်။

ချင်ယွီချွမ် ခေါင်းကို အနည်းငယ် ခါလိုက်ပြီး "ငါ ငြင်းလိုက်တယ်။ အရှင်မင်းကြီးက ငါ့ကို သံသယဝင်နေတယ်။ သူက ငါ့ကို ဘယ်လိုလုပ်ပြီး မြင့်မြတ်တဲ့ မိသားစုက အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခွင့် ပေးမှာလဲ။ ဒါ့အပြင် ငါ စိတ်ထဲမှာ တစ်ယောက်ယောက် ရှိနေပြီးသားလေ" ဟု ပြောလေ၏။

"မင်း သဘောကျနေတဲ့သူ ရှိတာလား။ မင်း အရင်တစ်ခါက ဝယ်ခဲ့တဲ့ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေက သူ့အတွက်လား" ချူစစ်ရှင်းက ရုတ်တရက် ပြောလေသည်။

ချင်ယွီချွမ်က မငြင်းခဲ့ပေ။ ဘာလို့လဲဆိုတော့ သူ တကယ် သူမကို လက်ဆောင်ပေးခဲ့တာပဲလေ။

ရှန်းကွမ်းယီက စိတ်ဝင်စားသွားပြီး "ယွီချွမ် ကြိုက်နေတဲ့ ဒီအမျိုးသမီးက ဘယ်မိသားစုကလဲ" ဟု မေး၏။

"သူမ ရှန်ကျင်းက မဟုတ်ဘူး။" တကယ်တော့ သူမ ဒီကမ္ဘာကတောင် မဟုတ်ဘူး။

ရှန်းကွမ်းယီက "ဒါဆို မင်း သဲကန္တာရမှာ တွေ့ခဲ့တဲ့သူ ဖြစ်ရမယ်။ တစ်ချိန်ကျ ငါတို့နဲ့ တွေ့ဖို့ သူ့ကို မင်းနဲ့အတူ ခေါ်လာသင့်တယ်" ဟု ပြောသည်။

ချင်ယွီချွမ်က ခဏလောက် တုံ့ဆိုင်းသွားပြီး "သူ့ကို ငါ ကြိုက်တယ်၊ ဒါပေမဲ့ သူ မသိဘူး။ ငါ့ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ နည်းလမ်း ရှိလား" ဟု မေး၏။

သူတို့သုံးယောက်သား အံ့အားသင့်သွားကြသည်၊ ချင်ယွီချွမ်က တစ်ဖက်သတ် ချစ်နေရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ကြချေ။

ရှန်ကျင်းရဲ့ နာမည်ကျော် လူရှုပ်လူပွေ ရှန်းကွမ်းယီက အဲဒီလို ကိစ္စတွေမှာ သူ့ကိုယ်သူ အတွေ့အကြုံ များသည်ဟု ယူဆသည်။

"ရိုးရှင်းလွန်းတယ်။ မင်း တစ်ယောက်ယောက်ကို ကြိုက်ရင် သူ့ကို လက်ဆောင်တွေ ပေးလိုက်၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ ပိုး၊ ဖဲ၊ ကတ္တီပါ ဘာပဲဖြစ်ဖြစ် အားလုံး အဆင်ပြေတယ်။ သူ မင်းရဲ့ ရည်ရွယ်ချက်ကို နားလည်မှာပါ။"

ချင်ယွီချွမ်က ရှန်းကွမ်းယီ၏ နည်းလမ်းများကို သိထားပြီး နှစ်ပေါင်းများစွာ သူက စည်းစိမ်ဥစ္စာများ၊ လက်ဆောင်များနှင့် အမျိုးသမီးများ၏ နှလုံးသားကို သိမ်းပိုက်ခဲ့တယ်ဆိုတာ သိသည်။

ဒါပေမဲ့ သူ့ရဲ့ အမျိုးသမီးလေးက အဲဒီလို အမျိုးသမီးတွေနဲ့ မတူပေ။ သူမကို သူတို့နဲ့ နှိုင်းယှဉ်တာက စော်ကားရာရောက်သည်။

"သူမ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ ပိုး၊ ဖဲ၊ ကတ္တီပါတွေကို စိတ်မဝင်စားဘူး။"

ရှန်းကွမ်းယီက မယုံကြည်စွာနဲ့ "ဘယ်လို ဖြစ်ရတာလဲ။ ဒါဆို သူမ ဘာကို ကြိုက်တာလဲ" ဟု မေးသည်။

"ငါ မသိဘူး" သူ သိရင် သူတို့ရဲ့ အကြံဉာဏ်ကို တောင်းနေပါ့မလား။

ရှုလီယန်က ခဏလောက် စဉ်းစားပြီး "ယွီချွမ်။ မင်း မသိဘူးဆိုရင် သူ့ကို တိုက်ရိုက် မေးလိုက်။ လက်ဆောင်တွေက သူမအကြိုက် ဖြစ်ဖို့ လိုတယ်" ဟု ပြောသည်။

ချူစစ်ရှင်းက "လီယန်ပြောတာကို ငါ ထောက်ခံတယ်။ ရှန်းကွမ်း ပြောတာက ပြည့်တန်ဆာတွေ ဒါမှမဟုတ် မာနကြီးတဲ့ မိန်းမတွေအတွက်ပဲ အလုပ်ဖြစ်တာ။ ဒီနေ့ခေတ် ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးတွေမှာ ပိုက်ဆံ မလိုအပ်ဘူး” ဟု ဝင်ပြောသည်။

"လက်ဆောင်တွေအပြင် တခြားနည်းလမ်းတွေ မရှိဘူးလား။" သေချာပေါက်၊ တခြားနည်းလမ်းတွေ ရှိနိုင်ပါလိမ့်မည်။

ရှန်းကွမ်းယီက "နောက်တစ်နည်း ရှိသေးတယ်။ မင်း သူမကို မင်းရဲ့ ဇနီးအဖြစ် ယူလိုက်။ ပြီးမှ ခံစားချက်တွေကို တည်ဆောက်။ မင်း သူမကို ရပြီးတာနဲ့ သူမ နှလုံးသားကို သိမ်းပိုက်ဖို့ အချိန်တစ်ခုပဲ လိုအပ်လိမ့်မယ်" ဟု ပြောသည်။

ချင်ယွီချွမ်က သူတို့နဲ့ ဒီအကြောင်း ဆွေးနွေးနေတာက အချိန်ကုန်တယ် ဟု ခံစားရသည်။ အချစ်ဝတ္ထုတချို့ ဖတ်တာပဲ ပိုကောင်းလိမ့်မယ်။

"မင်းတို့ ဆက်နေလိုက်ကြဦး။ ငါ တခြားကိစ္စ ရှိလို့ သွားတော့မယ်။"

ချင်ယွီချွမ် ထွက်သွားတာကို ကြည့်ပြီး ရှန်းကွမ်းယီက "သူ ဘာဖြစ်သွားတာလဲ။ ငါ ပြောတာ ဘာမှားလို့လဲ" ဟု ပြောသည်။

ချူစစ်ရှင်းက ခေါင်းခါပြီး "အဲဒီလိုပုံမပေါ်ပါဘူး။ ဖြစ်နိုင်တာက သူ လက်ထပ်ခွင့် တောင်းဖို့ တစ်ယောက်ယောက်ကို လွှတ်ဖို့ စီစဉ်နေတာဖြစ်မယ်။ ဒါပေမဲ့ ရှန်ကျင်းကနေ သဲကန္တာရအထိဆို တော်တော်လေးကို ဝေးတယ်" ဟု ပြောသည်။

ရှုလီယန် ထရပ်ပြီး "သူ လက်ထပ်ခွင့် တောင်းမှာ မဟုတ်ဘူး။ ရှန်းကွမ်းရဲ့ အကြံပြုချက်က မသင့်တော်ဘူးလို့ သူ ထင်နေမှာ။ နောက်တစ်ရက်မှ ပြန်ဆုံကြတာပေါ့။ ငါလည်း သွားတော့မယ်" ဟု ပြောသည်။

ချင်ယွီချွမ် သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေတာကို ခံစားမိပြီး ခြေလှမ်းကို နှေးလိုက်သည်။

ရှုလီယန်က သူ့ဘေးမှာ လျှောက်လာပြီး "နှလုံးသားရေးရာတွေနဲ့ မင်း စိတ်အနှောင့်အယှက် ဖြစ်တာ ရှားတယ်" ဟု ပြောသည်။

"ငါက နတ်ဘုရား မဟုတ်ဘူးလေ" လို့ ချင်ယွီချွမ်က ပြောလိုက်သည်။

ရှုလီယန်က ခပ်သာသာ ရယ်မောလိုက်ပြီး "မင်း နှစ်တွေကြာလာတာနဲ့အမျှ အများကြီး ပြောင်းလဲသွားတယ်။ အဲဒီပြောင်းလဲမှုက ကောင်းသလား ဆိုးသလားဆိုတာ တခြားသူတွေ မှတ်ချက်ပေးခွင့် မရှိဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိထားသင့်တယ်" ဟု ပြောသည်။

"မင်း တစ်ယောက်ယောက်ကို ဂရုစိုက်ပြီး အဲဒီလူက မင်းရဲ့ ချစ်ခင်မှုကို ထိုက်တန်တယ်ဆိုရင် မင်း လိုအပ်တာက တကယ့်စိတ်ရင်းမှန်ပဲ။ မင်း ချမ်းသာမှု ဒါမှမဟုတ် အကျိုးကျေးဇူးတွေ မလိုဘူး။"

"ဘာပဲဖြစ်ဖြစ် ရှန်းကွမ်းက အပျော်အပါးလိုက်စားတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ ငါတို့ထဲမှာ အအေးဆုံးပဲဆိုတာ မင်း သိတယ်။ သူ့ရဲ့ အမျိုးသမီးတွေက သူ့ရဲ့ စည်းစိမ်ကိုပဲ လိုချင်ကြတာ၊ ဒါပေမဲ့ မင်း လေးစားတဲ့သူက အဲဒီလို ဖြစ်နေမှာကို ငါ သံသယဝင်မိတယ်။"

ချင်ယွီချွမ်က "ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။

"မင်း ရှန်ကျင်းကို အခုမှ ပြန်ရောက်တာ၊ ပြီးတော့ မျက်လုံးတွေအများကြီး မင်းကို စောင့်ကြည့်နေတယ်။ အစစ အရာရာကို သတိထားပါ။ မင်း တစ်ခုခု လိုအပ်ရင် ငါ့ဆီ လာလို့ ရတယ်။"

"အေးပါ" ချင်ယွီချွမ် ရှုလီယန်ရဲ့ စေတနာကို မငြင်းခဲ့ပေမဲ့ နောက်ပိုင်း သူ့ကို သွားရှာမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာ အမှန်ပင်။

ရှုလီယန်နဲ့ ခွဲပြီးနောက် ချင်ယွီချွမ် သကြားရုပ်လေးတွေ ရောင်းချနေတဲ့ လမ်းဘေးဈေးသည်တစ်ယောက်ကို တွေ့လိုက်သည်။

"ဒီယုန်လေး၊ တစ်ခု ပေးပါ။"

အသက်ကြီးကြီး သကြားရုပ်ရောင်းတဲ့သူက ယုန်ရုပ်လေးတစ်ခုကို ချင်ယွီချွမ်ကို ပေးပြီး "သေချာယူပါ၊ သခင်လေး" ဟု ပြောသည်။

ငွေပေးချေပြီးနောက် ချင်ယွီချွမ်က သူ့လက်ထဲက ယုန်သကြားရုပ်လေးကို ကြည့်ပြီး ဖုန့်ချင်းယီဆီ ပို့ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ဒီရက်ပိုင်း သူမက သူ ပို့တဲ့ စာတွေကို ဖြည်းဖြည်းချင်းပဲ စာပြန်သည်။ သူမကို နည်းနည်း မြင်ချင်နေပြီ။

***

အခန်း ( ၃၄ ) – တောင်းပန်ပါတယ်၊ ကျွန်မက ရှင့်ကို အသုံးချနေခဲ့တာ

နောက်ဆုံးတော့ သောကြာနေ့ ရောက်လာပြီ။ မနက်ပိုင်း အတန်းပြီးသည်နှင့် တစ်ပတ်စာအတန်းတွေ ပြီးဆုံးသွားတော့ ဖုန့်ချင်းယီ သူမနဲ့ သူမရဲ့ အခန်းဖော်တွေရဲ့ စာအုပ်တွေကို ယူပြီး အဆောင်ကို ပြန်လာခဲ့သည်။

လော့ရှီနှင့် ချွီကျင်းချီတို့သည် မြို့ထဲတွင် နေထိုင်ကြသောကြောင့် အသွားအပြန် အဆင်ပြေသဖြင့် သောကြာနေ့တိုင်း အိမ်ပြန်ကြသည်။

ရှန်ဟန်ယွဲ့လည်း သူမရဲ့ အဒေါ်အိမ်ကို သွားလေ့ရှိပြီး ဖုန့်ချင်းယီသာ အဆောင်မှာ တစ်ယောက်တည်း ကျန်နေလေ့ ရှိသည်။

ဒီလိုကြောင့် သူမ နေ့တိုင်း ကျောင်းဝင်းထဲက လူသူကင်းမဲ့တဲ့ တောလေးထဲကို အတန်းတက်ဖို့ သွားစရာ မလိုတော့ပေ။

ဖုန်းကို ထုတ်လိုက်သည့်အခါ ဖုန့်ချင်းယီ ချင်ယွီချွမ်ရဲ့ စာနဲ့အတူ လက်ခံဖို့ စောင့်နေတဲ့ ပစ္စည်းကို တွေ့လိုက်ရ၏။

ဒီရက်ပိုင်း ဖုန့်ချင်းယီသည် ချင်ယွီချွမ် ပို့ပေးတဲ့ အစားအစာတွေကို နေ့လည်တိုင်း လက်ခံရရှိသည်။

အစပိုင်းမှာတော့ ပင်လုံးကြိုင်ကိတ်မုန့်၊ ပြီးတော့ လုံကျင်းလက်ဖက်ရည်ကိတ်မုန့်နှင့် နှင်းပွင့်ကိတ်မုန့်တွေ၊ ပြီးတော့ သူမ စားပြီးရင် ရေငတ်မှာကို စိုးရိမ်လို့လား မသိဘူး၊ သူက လက်ဖက်ရည် တစ်ခွက်လည်း ထည့်ပေးသည်။

ပိုပြီး လျှို့ဝှက်နိုင်ဖို့ ဖုန့်ချင်းယီက နေ့လည်ပိုင်း စားရန် ယူသွားဖို့ သေတ္တာလေး တစ်ခု ဝယ်ပြီး သူ့ကို မုန့်တွေကို အဲဒီထဲ ထည့်ခိုင်းလိုက်သည်။

လက်ဖက်ရည်အတွက်တော့ သူမက ချင်ယွီချွမ်ကို ရေနွေးဘူး တစ်ခု ပေးပြီး အဲဒီထဲ တိုက်ရိုက် ထည့်ခိုင်းလိုက်သည်။

ဖုန့်ချင်းယီက သူမထက် ပိုပြီး အရှက်မဲ့တဲ့သူ ဒီကမ္ဘာမှာ ရှိမှာ မဟုတ်ဘူးလို့ ခံစားရသည်။

[ချင်းယီ : ဒီနေ့ ရှင် ကျွန်မအတွက် ဘာတွေ ပြင်ဆင်ထားသေးလဲ။]

[ယွီချွမ် : လမ်းဘေးက ဝယ်ထားတဲ့ သကြားရုပ်တွေ၊ တန်ဖိုးမရှိပါဘူး။]

အခုတလော ချင်ယွီချွမ် သူမကို တစ်ခုခု ပို့တိုင်း "တန်ဖိုးမရှိပါဘူး" ဆိုတဲ့ စကားလုံး ထည့်ပြောလေ့ ရှိတယ်။ ဖုန့်ချင်းယီ အဲဒါကို ရိုးသွားပြီး၊ သူ့မျက်လုံးထဲမှာ ဘာမှ တန်ဖိုးမရှိသလို ထင်လာရသလိုပဲ။

[ချင်းယီ : ဒီရက်ပိုင်း ရှင် ကျွန်မအတွက် တကယ် အလုပ်ရှုပ်နေတာပဲ။ နေ့တိုင်း ကျွန်မကို စားစရာတွေ ပို့ပေးဖို့ မလိုပါဘူး။ ကျွန်မ အရင်က ပြောခဲ့သလိုပဲ ကျောင်းမှာ စားစရာ၊ အဝတ်အစား ဘာမှ လစ်ဟင်းတာ မရှိပါဘူး။]

[ယွီချွမ် : အနှောင့်အယှက် မဖြစ်ပါဘူး။]

[ချင်းယီ : ရှင် ကြိုက်တာများ တစ်ခုခု ရှိလား။ အခု အားလပ်ရက်မှာ ကျွန်မ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ထားလို့လေ။]

သူမ သူ့ကို လက်ဆောင်တစ်ခု ပြန်ပေးဖို့ စဉ်းစားနေတုန်းပဲ။ ချင်ယွီချွမ် နည်းနည်း မသက်မသာ ဖြစ်သွားရသည်။

[ယွီချွမ် : ငါလည်း လိုအပ်တာ မရှိပါဘူး။ ချင်းယီ ပိုက်ဆံ မသုံးပါနဲ့။]

ဒါက ပိုက်ဆံသုံးတာ မသုံးတာနဲ့ မဆိုင်ဘူး။ သူမ သူ့ဆီက ပုလဲနဲ့ လက်ဝတ်ရတနာတွေ အများကြီးကို အလကား ရခဲ့တာ၊ ရောင်းလိုက်ရင် သန်းနဲ့ချီ ရနိုင်တယ်။

ပြီးတော့ သူလုပ်တဲ့ မုန့်တွေကို နေ့တိုင်း စားနေတယ်။ သူ့ကို လက်ဆောင် တစ်ခုမှ ပြန်မပေးရင် မသင့်တော်ဘူး မဟုတ်လား။

[ချင်းယီ : ရှင်ဘာမှ မလိုဘူးဆိုတာ ကျွန်မ သိတယ်၊ ရှင် ကြိုက်တဲ့ အရာ တစ်ခုခု ရှိလားလို့ ကျွန်မ မေးနေတာ။]

[ယွီချွမ် : လက်နက်တွေ။]

[ချင်းယီ : ... ကျွန်မ မေးတာကို မေ့လိုက်တော့။]

လက်နက်တွေ ရအောင် သူမ ဘယ်လိုမှ မလုပ်နိုင်ဘူး။ အတု ဝယ်လို့လည်း မရဘူး။

[ယွီချွမ် : ဒါကြောင့် အဲဒီအကြောင်း အများကြီး မတွေးနဲ့တော့။ ငါ မင်းကို ပို့ပေးတဲ့ အရာတွေ အားလုံးက ငါ့အတွက် ဘာမှမဟုတ်တဲ့ အရာတွေပဲ။]

[ယွီချွမ် : အရင်တုန်းက စခန်းမှာ မင်း နေ့တိုင်း ငါ့အတွက် ချက်ပြုတ်ပေးတယ်။ အခု ငါ မင်းအတွက် အစားအစာတွေ လုပ်ပေးနေတာ၊ ဘာမှားလို့လဲ။]

[ချင်းယီ : ဒါပေမဲ့ အရင်တုန်းက...]

သူမက သူ့ကို အမှတ်ရဖို့၊ သူ့ကို အမြတ်ထုတ်ဖို့ပဲ ချက်ပေးခဲ့တာ။

သူက သူမကို စိတ်ရင်းမှန်နဲ့ ဆက်ဆံနေပြီး သူမက သူ့ကို အသုံးချနေခဲ့ရုံပဲ...

[ယွီချွမ် : အရင်တုန်းက ဘာဖြစ်လဲ။]

[ချင်းယီ : တကယ်တော့ ကျွန်မ ရှင့်ကို ကျွန်မရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ အသုံးချနေခဲ့တာ။]

ဒါက အတော်ကြာနေပြီဆိုတော့ သူမ ပြောလိုက်တာ ပိုကောင်းလိမ့်မယ်။

သူ ဒေါသထွက်ရင် သူမတို့ လမ်းခွဲသွားနိုင်တယ်။

သူမက လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်က ပစ္စည်းတွေကို တကယ် လိုချင်ပေမဲ့ အဲဒါတွေ မရှိရင်လည်း နေလို့ မရတာတော့ မဟုတ်ဘူး။

အဲဒီသင်တန်းတွေနဲ့ အဲဒီလိုမျိုးတွေ သူမ သင်ချင်ရင် အတန်းတွေ တက်လို့ ရတယ်။ အိမ်ကတော့ နောက်မှ ပိုက်ဆံရှာပြီး ဝယ်လို့ ရတယ်။

ပြီးတော့ ဉာဏ်ရွှင်ဆေးအတွက်တော့ သူမက ဓာတ်ပုံမှတ်ဉာဏ်လို မမှတ်နိုင်ပေမဲ့ ပိုပြီး လေ့လာ သင်ယူ မှတ်သားနိုင်ပါသေးတယ်။

လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်က သူမအတွက် မလိုအပ်ဘူး။

ဒါပေမဲ့ သူက သူမကို စိတ်ရင်းမှန်နဲ့ ဆက်ဆံနေပြီး သူမက ဒီလို ဆက်လုပ်နေလို့ မရဘူး။

ဖုန့်ချင်းယီသည် ချင်ယွီချွမ်က အချိန်အတော်ကြာသည့်အထိ ပြန်စာ မပို့တာကို တွေ့ပြီး သူ ဒေါသထွက်သွားတာကြောင့် သူမ စကားမပြောချင်တော့ဘူးလို့ ယူဆလိုက်သည်။

သူမက လိုအပ်ရင် လမ်းခွဲနိုင်တယ်လို့ ပြောခဲ့မိသောကြောင့် နည်းနည်း စိတ်ရှုပ်ထွေးမိသွားသည်။

ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် ဒီလောက် ရက်ပေါင်းများစွာ စကားပြောခဲ့ကြတာ။ သူ တကယ် ဒေါသထွက်ပြီး သူမကို စကားမပြောချင်တော့ရင်တောင် အနည်းဆုံးတော့ သူ့ကို သိစေချင်သည်။

ချင်ယွီချွမ်က ဖုန့်ချင်းယီရဲ့ သူ့ကို အသုံးချတယ်ဆိုတဲ့ စာကို မြင်သောအခါ သူ နည်းနည်း စိတ်ရှုပ်သွားရသည်။ ဘာလို့လဲဆိုတော့ သူတို့က ကမ္ဘာတစ်ခုတည်းမှာ မဟုတ်ဘူးလေ။ သူမက သူ့ကို ဘယ်လိုလုပ်ပြီး အသုံးချနိုင်မှာတဲ့လဲ။

သူ ပြန်ရောက်ရင် သူမနဲ့ သေချာ စကားပြောရမယ်။

ထျန်းချီနန်းတော်၊ ယန်ရှင်းခန်းမ။

ရွှမ်းယွမ်ရှန့်က နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး "ယွီချွမ်၊ ငါ ဒီနေ့ မင်းကို ဘာလို့ ခေါ်လိုက်လဲ သိလား။" ဟု မေးသည်။

ချင်ယွီချွမ် : "ကျွန်တော် မသိပါဘူး။"

ရွှမ်းယွမ်ရှန့်က ပြုံးပြီး "ယွီချွမ်၊ ရှန်ကျင်းမြို့ရဲ့ ရှုခင်းကို မင်း ဘယ်လို ထင်လဲ။" ဟု ဆိုသည်။

"တကယ်ကို စည်ပင်သာယာပါတယ်။"

ရွှမ်းယွမ်ရှန့်သည် ချင်ယွီချွမ်ကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။

"အဒေါ့်မှာ မင်းက တစ်ဦးတည်းသောသားပဲ။ သူ မင်းကို ရှန်ကျင်းမှာ နေစေချင်မှာ သေချာတယ်။"

"မင်းလည်း အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်နေပြီ။ ဝန်ထမ်းရေးရာဝန်ကြီးက သူ့သမီးက မင်းကို သဘောကျလို့ မင်းနဲ့ လက်ထပ်ခွင့်ပေးဖို့ ငါ့ကို လာတောင်းဆိုခဲ့တယ်၊ ယွီချွမ် မင်း ဘယ်လို ထင်လဲ။"

ချင်ယွီချွမ်သည် ရွှမ်းယွမ်ရှန့်က သူ့ကို စမ်းသပ်နေတယ်ဆိုတာ သူသိတယ်။ ဝန်ထမ်းရေးရာဝန်ကြီးရဲ့ သမီးက စေ့စပ်ပြီးသား ဖြစ်သည်။ သူ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူ့အတွက် ဘာမှ မထူးခြားဘူး။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဒီအချိန်မှာ လက်ထပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဝန်ထမ်းရေးရာဝန်ကြီးရဲ့ သမီးက ကျွန်တော့်ကို အထင်ကြီးလွန်းနေတာပါ။ ကျွန်တော် လက်မခံနိုင်ပါဘူး။"

ရွှမ်းယွမ်ရှန့်က ဆက်ပြောသည်။ "မင်း အခုလောလောဆယ် လက်ထပ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတော့ အဒေါ်ကတော့ စိုးရိမ်နေမှာပဲ။"

"ကျွန်တော်မျိုး အမေနဲ့ ဒီအကြောင်းကို ဆွေးနွေးပြီးပါပြီ၊ ပြီးတော့ သူလည်း သဘောတူပါတယ်။"

ချင်ယွီချွမ်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသဖြင့် ရွှမ်းယွမ်ရှန့်သည် သူ့အတွေးများကို မခန့်မှန်းနိုင်ဘဲ လက်လျှော့လိုက်သည်။

ဒီနေ့တွင် သူသည် ချင်ယွီချွမ်၏ အမေက သူ့ကို အိမ်ထောင်ချပေးရန် ကြိုးစားနေကြောင်း ကြားသိရပြီးနောက် သူ့ကို စုံစမ်းရန်အတွက်သာ ခေါ်လိုက်ခြင်း ဖြစ်သည်။

စစ်အာဏာသည် သူ့လက်ထဲတွင် ရှိနေပြီး တောင်ပိုင်းလည်း မတည်မငြိမ် ဖြစ်နေသဖြင့် အခုချိန်တွင် ပြန်သိမ်းယူ၍ မရသေးပေ။

"ဒါဆို မင်းပြောတဲ့အတိုင်းပဲ၊ နောင်တစ်ချိန်မှာ မင်း သဘောကျတဲ့ မိန်းကလေးတစ်ယောက် တွေ့ရင် ငါ့ဆီလာပြီး လက်ထပ်ထိမ်းမြားဖို့ တောင်းဆိုနိုင်တယ်"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ တခြား ကိစ္စ မရှိတော့ရင် ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါဦး" ချင်ယွီချွမ်က ရွှမ်းယွမ်ရှန့်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

ရွှမ်းယွမ်ရှန့်က လက်ဝှေ့ယမ်းပြကာ ထွက်ခွာခွင့်ပြုလိုက်သည်။

အဆောင်တွင် ထိုင်နေစဉ် ဖုန့်ချင်းယီသည် ချင်ယွီချွမ် စာပို့ထားလား စစ်ဆေးရန် ဖုန်းကို တစ်ခါတစ်ရံ ထုတ်ကြည့်သော်လည်း ဘာမှ မရှိပေ။

ဖုန့်ချင်းယီ စဉ်းစားလိုက်ပြီး သူပို့ထားသော သကြားရုပ်များကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ ဒါက သူ သူမကို ပို့ပေးမယ့် နောက်ဆုံးလက်ဆောင် ဖြစ်ကောင်း ဖြစ်လိမ့်မည်။

သူမသည် သကြားရုပ်များကို မြည်းစမ်းကြည့်ရာ အရသာမှာ အတော်လေး ကောင်းမွန်လှသည်။

သကြားရုပ်များကို စားပြီးနောက် ဖုန့်ချင်းယီသည် ကိုယ်ခံပညာသင်တန်းကို ဖွင့်ရန် ပြင်ဆင်နေစဉ် ချင်ယွီချွမ်ထံမှ ဗီဒီယိုဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာသည်။

သူမကို မျက်နှာချင်းဆိုင်ကြည့်ပြီး ဆူပူဖို့ ခေါ်တာများလား။ သူမ ပြန်ဖြေသင့်လား၊ မဖြေသင့်ဘူးလား၊ ဒါက မေးခွန်းထုတ်မှာပဲဖြစ်ရမည်။

သူမ ပြန်ဖြေရန် ဆုံးဖြတ်လိုက်သည်။ နောက်ကျမှဖြစ်စေ၊ စောစီးစွာဖြစ်စေ ဒါကို ရင်ဆိုင်ရမည်သာ။

ဖုန့်ချင်းယီက ဗီဒီယိုဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်။ ချင်ယွီချွမ်သည် ဒီနေ့ ပုံမှန်အတိုင်း ဝတ်စားဆင်ယင်ထားပြီး တရားရုံးတက်ရောက်သည့် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည်။

ဖုန့်ချင်းယီက ချင်ယွီချွမ်ကို ကြည့်နေစဉ် သူကလည်း သူမကို ကြည့်နေသည်။

ဒီနေ့တွင် သူမသည် အဖြူရောင်ကော်လာရှပ်အင်္ကျီကို ယုန်နားကပ်လေးများနှင့် ဝတ်ဆင်ထားပြီး အိမ်မွေးတိရစ္ဆာန်လေးလို အေးအေးဆေးဆေး ရှိနေသည်။

ဖုန့်ချင်းယီသည် ချင်ယွီချွမ် စကားမပြောသည်ကို မြင်သောအခါ သူမ စကားစရန် ဆန္ဒရှိသော်လည်း ပြန်စဉ်းစားပြီးနောက် တိတ်ဆိတ်စွာ နေလိုက်သည်။

ချင်ယွီချွမ်က ဖုန့်ချင်းယီ တစ်ခုခု ပြောချင်ပေမဲ့ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ "ဘာလို့ စကားမပြောတာလဲ" ဟု မေးသည်။

"တောင်းပန်ပါတယ်" ဖုန့်ချင်းယီက အရင် တောင်းပန်ဖို့ ဆုံးဖြတ်လိုက်သည်၊ တကယ်တော့ သူမရဲ့ အမှားပင်။

ချင်ယွီချွမ် : "အရာအားလုံးကို ရှင်းရှင်းလင်းလင်း မရှင်းပြဘဲ တောင်းပန်တာ ဘာအဓိပ္ပာယ်ရှိလို့လဲ"

"ကျွန်မ အရင်က ရှင့်ကို မပြောပြခဲ့ပေမဲ့ ကျွန်မရဲ့ ဖုန်းက နည်းနည်း ထူးဆန်းတယ်။ ကျွန်မရဲ့ အရင်ဖုန်းကို ကျွန်မအစ်ကိုက ဖျက်ဆီးပစ်လိုက်မိလို့ သူက ဒီဖုန်းကို ဝယ်ပေးခဲ့တာလေ။"

"ဒီဖုန်းက ကျွန်မတို့ ပုံမှန်သုံးတဲ့ ဖုန်းတွေနဲ့ ဆင်တူပေမဲ့ တခြား ထပ်ဆောင်း လုပ်ဆောင်ချက်တွေ ပါရှိတယ်"

"ဒီဖုန်းအတွင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စတိုးဆိုင်တစ်ခု ရှိပြီး အဲဒီမှာ ပစ္စည်းတွေ ဝယ်ယူနိုင်တယ်။ ဒါပေမဲ့ အဲ့ကနေ ပစ္စည်းတွေ ဝယ်ယူဖို့အတွက် အမှတ်တွေ လိုအပ်ပြီး အဲ့အမှတ်တွေကို ရှင်နဲ့ စကားပြောဆိုတာကနေ ရရှိတယ်"

ဖုန့်ချင်းယီ၏ အသံသည် တဖြည်းဖြည်း တိုးတိုးလာခဲ့သည်...

All Chapters