← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း ( ၄၃ ) – အပိုဖျော်ဖြေတင်ဆက်မှု

စက်တင်ဘာလ အလယ်ပိုင်းသို့ ရောက်ရှိလာသောအခါ ပေကျင်းတက္ကသိုလ်မှ ကျောင်းသားသစ်များ၏ စစ်ရေးလေ့ကျင့်မှုများလည်း ပြီးဆုံးခဲ့လေပြီ။

ဖုန့်ချင်းယီသည် အဆောင်ပြတင်းပေါက်ဘေးတွင် ရပ်လျက် အဝေးတစ်နေရာကို ငေးကြည့်နေစဉ် ကျောင်းသားသစ် တပ်ဖွဲ့များ၏ နောက်ဆုံးစစ်ဆေးမှုကို မြင်လိုက်ရသည်။ ရှန်ဟန်ယွဲ့က ဖုန့်ချင်းယီကို သတိပြုမိပြီး “ချင်းယီ၊ နင် ပြတင်းပေါက်ကနေ ကောင်ချောလေးတွေကို ကြည့်နေတာလား” ဟု မေးလိုက်သည်။

“ဒီကနေ ကောင်ချောလေးတွေ မမြင်ပါဘူးဟယ်။ စစ်ရေးပြကွင်းက ကျောင်းသားသစ် စစ်ဆေးတာကို ကြည့်နေတာပါ” ဟု ဖုန့်ချင်းယီက ပြန်ဖြေသည်။

ရှန်ဟန်ယွဲ့က “မနှစ်က ငါတို့လေးယောက် စစ်ရေးလေ့ကျင့်တုန်းက အစားအစာရဖို့ ဘယ်လောက်တောင် စိတ်အားထက်သန်ခဲ့ကြလဲဆိုတာကိုတောင် ရုတ်တရက် သတိရသွားပြီ။ အခုတော့ အဲဒီလို အားအင်မျိုး မရှိတော့ဘူးထင်တယ်” ဟု ပြောလိုက်သည်။

ချွီကျင်းချိုးက မတူညီကြောင်း ပြသသည့်အနေဖြင့် “...နင်ကတော့ အားအင်တွေ အများကြီးရှိပုံရတယ်။ ငါထင်တာတော့ နင်က အားအကြီးဆုံးပဲ။ အတန်းပြီးတာနဲ့ အမြန်ဆုံးပြေးတာ နင်ပဲ” ဟု ပြောသည်။

“အဲဒါက ငါ ဗိုက်အရမ်းဆာလို့ပါ။ မတတ်နိုင်ဘူး။ မနက်ခင်းအတန်း လေးနာရီ တက်ပြီးတာနဲ့ ငါ လုံးဝ ဗိုက်ဆာနေတာ” ဟု ရှန်ဟန်ယွဲ့က သူ့ကိုယ်သူ ဆင်ခြေပေးတတ်သည်။

ဖုန့်ချင်းယီက ကိစ္စတစ်ခုကို သတိရသွားပုံရသည်။ “ငါတို့ကျောင်းမှာ ကိုယ်ခံပညာအသင်း ရှိတယ်လို့ နင်တို့ ကြားမိကြလား” ဟု မေးလိုက်သည်။

“ကိုယ်ခံပညာအသင်းလား။ ငါ တစ်ခါမှ မကြားဖူးဘူးထင်တယ်။ ချင်းယီ၊ နင် အသင်း တစ်ခုခု ဝင်ဖို့ စဉ်းစားနေတာလား” ဟု ချွီကျင်းချိုးက မေးသည်။

ဖုန့်ချင်းယီက ခေါင်းညိတ်ပြီး “ငါ အသင်း တစ်ခုလောက် ဝင်ဖို့ စဉ်းစားနေတယ်။ စစ်ရေးလေ့ကျင့်ပြီးရင် အသင်းအသီးသီးက အဖွဲ့ဝင်အသစ်တွေ စုဆောင်းမှာဆိုတော့ သွားကြည့်လိုက်ဦးမယ်” ဟု ပြောသည်။

လော့ရှီက “နင် အကအသင်းကို မသွားတော့ဘူးလား” ဟု မေးသည်။

“အကအသင်းက ကျောင်းပွဲတွေရှိမှ ငါ့ကို လိုအပ်တာ။ မဟုတ်ရင် မလိုအပ်ဘူးလေ” ဟု ဖုန့်ချင်းယီက ပြန်ဖြေသည်။

ဖုန့်ချင်းယီသည် ငယ်စဉ်ကတည်းက အကကို သင်ယူခဲ့သည်။ အကအသင်းတွင် သူမ၏ ကျွမ်းကျင်မှုမှာ ထိပ်ဆုံးတွင် ပါဝင်သောကြောင့် ပုံမှန်ရက်များတွင် သူမသွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ အရေးမကြီးပေ။

ရှန်ဟန်ယွဲ့သည် သူ့ကိုလာအအေးကို တစ်ငုံသောက်လိုက်ပြီး “ဒါဆို ငါ နင်နဲ့အတူ လိုက်ကြည့်မယ်။ ငါလည်း အနားယူလို့ရတဲ့ အသင်းတစ်ခု ရှာပြီး credit ယူရဦးမယ်” ဟု ပြောသည်။

“ငါ အရင်က ဝင်ဖူးတဲ့ အသင်းက အရမ်းစိတ်ပျက်စရာကောင်းတယ်။ တစ်ပတ်ကို အစည်းအဝေး သုံးကြိမ် ရှိတယ်၊ တစ်ကြိမ် ပျက်ကွက်ရင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်တဲ့စာ ရေးရတယ်။ ရူးတာပဲ၊ ဒါကြောင့် ငါ ချက်ချင်း ထွက်လိုက်တယ်”

ဖုန့်ချင်းယီ : “ကောင်းပြီ၊ ငါသွားရင် နင့်ကို ခေါ်လိုက်မယ်”

အခန်းဖော်လေးယောက်စလုံးတွင် ကိုယ်ပိုင်အသင်းများနှင့် အဖွဲ့အစည်းများ ရှိကြသည်။

လော့ရှီသည် ကျောင်းသားသမဂ္ဂတွင် ဝင်ထားပြီး အလုပ်များစွာကို တာဝန်ယူရသောကြောင့် ပုံမှန်ရက်များတွင် အတော်လေး အလုပ်များသော်လည်း credit များ ပိုမို ရရှိခဲ့သည်။

ချွီကျင်းချိုးသည် ကျောင်းစာပေအသင်းတွင် ဝင်ထားပြီး အသင်း၏ မဂ္ဂဇင်းနှင့် ကျောင်းသတင်းစာများတွင် ဆောင်းပါးများ မကြာခဏ ရေးသားထုတ်ဝေသည်။

ရှန်ဟန်ယွဲ့သည် ယခင်က စကားစစ်ထိုးပွဲအသင်း တွင် ဝင်ထားခဲ့သော်လည်း အသင်း၏ လိုအပ်ချက်များ အလွန်မြင့်မားသောကြောင့် တစ်ပတ်အကြာတွင်ပင် ပြတ်ပြတ်သားသား ထွက်လာခဲ့သည်။ ဖုန့်ချင်းယီအတွက်မူ သူမသည် အကအသင်း ကို ပေါ့ပေါ့ပါးပါး ရွေးချယ်ခဲ့သည်။

ယင်းအသင်းတွင် လေ့ကျင့်ရေးများရှိပြီး သူမ ပါဝင်လေ့ရှိသည့် ဖျော်ဖြေပွဲများ မကြာခဏ ရှိသည်။

သို့သော် အကအသင်းတွင် အဖွဲ့ဝင်များစွာရှိပြီး အစီအစဉ်များ နည်းပါးသောကြောင့် ကျောင်းကပွဲများတွင် ဖျော်ဖြေခွင့်အတွက် ပြိုင်ဆိုင်မှုမှာ အမြဲပြင်းထန်သည်။

ဖုန့်ချင်းယီသည် အချိန် အများကြီး မဖြုန်းချင်သောကြောင့် နောက်ပိုင်းတွင် ဥက္ကဋ္ဌကို အကြောင်း မရှိလျှင် မလာတော့ကြောင်း ပြောခဲ့သည်။

သူမ၏ ကုလားထိုင်တွင် ထိုင်လျက် ဖုန့်ချင်းယီသည် ခုနကမှ ဝယ်ယူထားသော ရေခဲချောင်းကို ဖွင့်စားလိုက်သည်။ သူမသည် ရေခဲချောင်းကြိုက်သည်။

“ချင်းယီ၊ ဒီသောကြာနေ့ ညနေ ကျောင်းသားသစ်ကြိုဆိုပွဲအတွက် ဖျော်ဖြေပွဲတွေ ရှိလား” ဟု ရှန်ဟန်ယွဲ့က မေးသည်။

ဖုန့်ချင်းယီက ရေခဲချောင်းစားရင်း ခေါင်းခါသည်။ “မရှိဘူး”

လော့ရှီက စားပွဲပေါ်ရှိ ကြိုဆိုပွဲ အစီအစဉ်စာရင်းကို ကြည့်ပြီး “နင့်နာမည် ဒီမှာ ပါနေတယ်” ဟု ပြောလိုက်သည်။

“ဘာ…” ဖုန့်ချင်းယီသည် လော့ရှီဘေးသို့ ပြေးသွားပြီး အစီအစဉ်စာရင်းတွင် သူမ၏ နာမည်ကို မြင်သောအခါ ကြောင်သွားခဲ့သည်။

သူမ လုံးဝ စာရင်းသွင်းဖူးခြင်း မရှိကြောင်း သေချာပေသည်။ ထို့အပြင် ၎င်းမှာ ဗျပ်စောင်း တစ်ကိုယ်တော် တီးခတ်မှု ဖြစ်နေသည်။

ဒါက ဘာလဲ၊ သူမ အခုမှ စသင်နေတာ၊ ငါ့ကိုယ်ငါ လူရယ်စရာဖြစ်အောင် လုပ်ရမှာလား။

“ငါနဲ့ နာမည်တူတဲ့သူ ဖြစ်ပါလိမ့်မယ်။ ငါ ဗျပ်စောင်းသင်တာ တစ်လတောင် မပြည့်သေးဘူး။ ငါ ကျောင်းကပွဲမှာ တက်တီးမယ်ဆိုရင် ကိုယ့်အရှက်ကိုယ်ခွဲမိရုံပဲဖြစ်လိမ့်မယ်။”

လော့ရှီက ဌာနကို အတည်ပြုလိုက်သည်။ “နင် သေချာတယ်”

“ဒါကို ဖျက်လိုက်လို့ ရလား” ဖုန့်ချင်းယီ အနည်းငယ် ထိတ်လန့်သွားပြီး သူ့ကို ဘယ်သူစာရင်းသွင်းလိုက်သည်ကို တွေးနေသည်။

လော့ရှီက ခေါင်းခါသည်။ “စာရင်းက အပြီးသတ်ပြီ။ အချိန်က လေးရက်ပဲ ကျန်တော့တယ်”

ရှန်ဟန်ယွဲ့နှင့် ချွီကျင်းချိုးလည်း အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်ပြီး ဖုန့်ချင်းယီနှင့် လော့ရှီထံ လျှောက်လာကြသည်။

ရှန်ဟန်ယွဲ့ : “တစ်ယောက်ယောက်က နင့်ကို ရည်ရွယ်ချက်ရှိရှိ စာရင်းသွင်းထားတာ ဖြစ်ရမယ်။ နင် မြန်မြန် စုံစမ်းကြည့်သင့်တယ်”

ချွီကျင်းချိုး : “နင် စာရင်းထဲ ပါပြီးသားဆိုတော့ လိုက်မေးတာက အကူအညီဖြစ်မယ် မထင်ဘူး။ နင် ဗျပ်စောင်း မတီးနိုင်ရင် တခြား တစ်ခုခု ပြောင်းလို့ မရဘူးလား”

“ပီယာနို၊ အက၊ ဘာမဆို ရတယ်။ ရှီရှီ၊ ကျေးဇူးပြုပြီး ကူညီပေးပါဦး” ဟု ဖုန့်ချင်းယီက တောင်းဆိုသည်။

ဖုန့်ချင်းယီသည် သူ တကယ်ပဲ ဆိုးရွားသော အခြေအနေတွင် ရောက်ရှိနေပြီဟု ခံစားရသည်။ ဒါ ဘယ်လိုကိစ္စမျိုးလဲ။

လော့ရှီက အစီအစဉ်စာရင်းကို ကြည့်ပြီး “နင့်အတွက် မေးကြည့်လိုက်မယ်၊ ဒါပေမဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်” ဟု ပြောသည်။

ဖုန့်ချင်းယီက အားအင်ချိနဲ့စွာ ခေါင်းညိတ်သည်။ ကျောင်းအဆင့် ညနေဖျော်ဖြေပွဲများကို ပုံမှန်အားဖြင့် အဖွဲ့လိုက် အတူတကွ စာရင်းသွင်းကြတာဖြစ်သဖြင့် သူ့ကို ဘယ်သူစာရင်းသွင်းသည်ကို သူ ရှာဖွေရမည်။

ချွီကျင်းချိုးက “ချင်းယီ၊ နင့်နာမည်ကို ဘယ်သူစာရင်းသွင်းထားလဲဆိုတာ ရှာတွေ့ပြီလား” ဟု မေးသည်။

ဖုန့်ချင်းယီသည် သူ့ကို ဘယ်သူစာရင်းသွင်းသည်ကို တကယ် ရှာတွေ့ခဲ့သည်။ “အကအသင်းက အတန်းဖော်တစ်ယောက်ပါ။ သူမက ဖျော်ဖြေပွဲတစ်ခု လိုနေတယ်လို့ ပြောတယ်၊ ဒါကြောင့် ငါ့ကို ဖြည့်စွက်ခိုင်းတာ၊ ပြီးတော့ သူမက ငါ ဗျပ်စောင်းတီးနိုင်တယ်လို့ ပြောခဲ့တယ်လို့ ပြောတယ်” ဟု ဖုန့်ချင်းယီက ပြန်ဖြေသည်။

“ဒါပေမဲ့ ငါ တစ်ခါမှ အဲဒီလို မပြောခဲ့ဘူး။ ငါ အခုတောင် တီးနိုင်တယ်လို့ ပြောရဲမှာ မဟုတ်ဘူး၊ ငါ သင်တာ ရက်နည်းနည်းပဲ ရှိသေးတယ်လေ။”

ရှန်ဟန်ယွဲ့ : “သူမမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ သေချာပေါက်ရှိတယ်လို့ ထင်တယ်။ ပြီးတော့ စာသင်နှစ် စတာကလည်း တစ်လခွဲရှိပြီ” ဟု ပြောသည်။

“ဒီကြိုဆိုပွဲကို စာသင်နှစ်,စကတည်းက ပြင်ဆင်ခဲ့တာ သေချာတယ်။ ဒါပေမဲ့ သူက နင့်ကို မပြောဘဲ စာရင်းသွင်းလိုက်တာ။ သူက နင့်ကို အရှက်ရအောင် လုပ်ဖို့ ကြိုးစားတာ သိသာတယ်။”

ဒီအချိန်မှာ လော့ရှီကလည်း သတင်းဆိုးအချို့ကို ယူလာပေးသည်။ “ဒီကြိုဆိုပွဲအတွက် ကျောင်းခေါင်းဆောင်တွေက ရိုးရာယဉ်ကျေးမှု ဖျော်ဖြေမှုအချို့ကို မြင်ချင်နေတယ်၊ ဒါကြောင့် ပြောင်းလို့ မရဘူး” ဟု ပြောသည်။

ချွီကျင်းချိုးက အကြံပြုသည်။ “ချင်းယီ၊ နင် တစ်လခွဲလောက် သင်ခဲ့ပြီးပြီဆိုတော့ အခြေခံတွေလောက်တော့ နင် ကျွမ်းကျင်လောက်တယ်မလား။ နောက်ရက်အနည်းငယ်အတွင်း သီချင်းတစ်ပုဒ်ကို သေချာလေ့ကျင့်လိုက်။ အရမ်းခက်တဲ့ဟာကို မရွေးနဲ့။ ငါတို့ ရှိတယ်။”

“နေ့လယ်စာနဲ့ ညစာစားချိန်တွေမှာ နင့်ဆရာဆီသွားပြီး သေချာသင်လိုက်ဦး။ အဲဒီအချိန်ကျရင် ဖျော်ဖြေနိုင်လိမ့်မယ်” ဟု ရှန်ဟန်ယွဲ့ကလည်း ချွီကျင်းချိုး၏ အကြံဉာဏ်ကို သဘောတူသည်။

အခြေအနေက ဖြစ်ပြီးသားဖြစ်သည့်အတွက် ဖုန့်ချင်းယီသည် ယခု ရင်ဆိုင်ဖို့သာ ရှိတော့သည်။ ပထမဆုံး၊ ဤလက်ရှိအခက်အခဲကို ကျော်လွှားရမည်။ ထို့နောက်မှ ထိုသူကို သွားရှင်းရမည်။

“ဒါဆို ဒီညပိုင်း အတိုင်ပင်ခံဆရာဆီက ခွင့်တိုင်ပြီး သွားလေ့ကျင့်မယ်” ဟု ဖုန့်ချင်းယီက ပြောသည်။

လော့ရှီ : “ဒီနေ့ တနင်္လာနေ့၊ နင် အချိန်ရှိသေးတယ်။ ကြိုးစားပါ။”

“ငါ အတတ်နိုင်ဆုံး လုပ်ပါ့မယ်” ဟု ဖုန့်ချင်းယီက မျက်နှာငယ်ဖြင့် ပြောလိုက်သည်။

ဗျပ်စောင်းကို ကြိုးစားလေ့ကျင့်ရန် ဆုံးဖြတ်ပြီးနောက် ဖုန့်ချင်းယီသည် သူ့၏ ကိုယ်ခံပညာအတန်းများကို ခဏ ရပ်နားလိုက်သည်။

ကိုယ်ခံပညာဆရာက နားလည်မှုပြပြီး လက်ရှိအခြေအနေ ဖြေရှင်းပြီးရင် ပြန်လည်သင်ယူရန် ပြောခဲ့သည်။ သူ၏ ဖုန်းပေါ်ရှိ သင်တန်းများမှ ဆရာများမှာ အလွန်ပင် လက်တွေ့ဆန်သည်။ အမှန်တကယ် ရှိနေသကဲ့သို့ပင်။ ဖုန့်ချင်းယီသည် ၎င်းတို့နှင့် ပေါ့ပေါ့ပါးပါး စကားပြောတတ်သည်။

သိမ်မွေ့သော ကိုယ်ခံပညာဆရာနှင့် နှိုင်းယှဉ်လျှင် ဗျပ်စောင်းဆရာမှာ အနည်းငယ် ပိုမိုတင်းကြပ်သည်။

ဖျော်ဖြေပွဲမတိုင်မီ လေးရက်သာ ကျန်တော့ကြောင်း သိရသောအခါ ဆရာမက မှင်သက်သွားသည်။ ထို့အပြင် သူမသည် လေးရက်အတွင်း သီချင်းတစ်ပုဒ်ကို ကောင်းစွာ သင်ယူရန် မဖြစ်နိုင်ကြောင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

ဖုန့်ချင်းယီမှာ ဗျပ်စောင်းအတွက် အရည်အချင်း သိပ်မရှိပုံရသည်ဟုလည်း ပြောသေးသည်။

ဖုန့်ချင်းယီလည်း အလွန်စိုးရိမ်နေခဲ့သည်။ နောက်ဆုံးတွင် သူမသည် လျှို့ဝှက်ဆန်းကြယ်စတိုးဆိုင်မှ အဆင့်မြင့် ဉာဏ်ရွှင်ဆေးများကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ ယင်းဆေးများသည် သူမကို အားအင်ပြည့်ဝစေပြီး သင်ယူခဲ့သည့် အရာအားလုံးကို မှတ်မိစေရန် ကူညီပေးလိမ့်မည်။

ဤဆေးများဖြင့် သူမ၏ သင်ယူမှုစွမ်းရည်မှာ များစွာ တိုးတက်လာခဲ့သည်။ ဂီတဆရာမက သူမအတွက် “ယန်ကွမ်းဆန်းထောင်” သီချင်းကို ရွေးချယ်ပေးခဲ့သည်။

၎င်းသည် အလွယ်ကူဆုံးနှင့် ဖျော်ဖြေရန် အသင့်တော်ဆုံးဟု ယူဆနိုင်သည်။ ဂီတဆရာမ၏ လမ်းညွှန်မှုအောက်တွင် ဖုန့်ချင်းယီသည် အဆိုပါသီချင်းကို သင်ယူနိုင်ခဲ့သော်လည်း ၎င်းကို ကျွမ်းကျင်စွာ တီးခတ်နိုင်ရန် သူမ ပိုမိုလေ့ကျင့်ရန် လိုအပ်နေပါသေးသည်။

***

အခန်း ( ၄၄ ) – မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်၊ မင်းက အရမ်းတော်တယ်။

ပုံမှန်အတန်းများအပြင် ဖုန့်ချင်းယီသည် သူ့အားလပ်ချိန် အားလုံးနီးပါးကို ဗျပ်စောင်း (တရုတ်ရှေးဟောင်းစောင်း) လေ့ကျင့်ရာတွင် ကုန်ဆုံးစေခဲ့သည်။

[ချင်ယွီချွမ် : ဒီရက်ပိုင်း အလုပ်များနေလား။]

ချင်ယွီချွမ်သည် ဖုန့်ချင်းယီနှင့် သူ၏ စကားပြောမှတ်တမ်းများ မကြာသေးမီက ပိုမိုနည်းပါးလာသည်ကို သတိထားမိသည်။ သူတို့ အသံနှင့် ဗီဒီယိုဖုန်းခေါ်ဆိုမှုများ ပြုလုပ်သည့်အခါတွင်ပင် သူမသည် စကားအနည်းငယ်သာ ပြောပြီး ဖုန်းချတတ်သည်။

[ဖုန့်ချင်းယီ : ကျွန်မ အရမ်းကို ဆိုးရွားတဲ့ အခြေအနေမှာ ရောက်နေတယ်။]

[ဖုန့်ချင်းယီ : အတန်းဖော်တစ်ယောက်က ကျွန်မကို ဗျပ်စောင်းဖျော်ဖြေပွဲအတွက် လျှို့ဝှက်စာရင်းသွင်းလိုက်တယ်။ ကျွန်မက သင်တာ တစ်လခွဲပဲ ရှိသေးတယ်။ အခု နေ့တိုင်း လေ့ကျင့်နေရတယ်]

[ချင်ယွီချွမ် : ဒါဆို မင်း ဒီရက်ပိုင်း ဗျပ်စောင်းလေ့ကျင့်နေတာပေါ့။]

[ဖုန့်ချင်းယီ : ဟုတ်တယ်။ ဖျော်ဖြေပွဲက သောကြာနေ့ ညနေလေ။ ထောင်နဲ့ချီတဲ့ လူတွေ ကြည့်နေကြလိမ့်မယ်။ ကောင်းကောင်း မလေ့ကျင့်ရင် စင်ပေါ်မှာ အရှက်ကွဲသွားနိုင်တယ်]

[ချင်ယွီချွမ် : အခု ဘယ်မှာလဲ။]

[ဖုန့်ချင်းယီ : အခန်းဖော်တွေကို အနှောင့်အယှက် မဖြစ်စေဖို့ ကျောင်းပြင်ပမှာ ဟိုတယ်အခန်းတစ်ခု ငှားထားတယ်]

[ချင်ယွီချွမ် : ဒါဆို ဗီဒီယိုခေါ်လိုက်မယ်။ မင်းတီးတာ နားထောင်ရင်း တစ်ခုခု ကူညီပေးနိုင်မလား ကြည့်ပေးမယ်။]

[ဖုန့်ချင်းယီ : ရှင် ဗျပ်စောင်းတီးတတ်လား။]

[ချင်ယွီချွမ် : အခြေခံလောက်တော့ နားလည်တယ်]

[ဖုန့်ချင်းယီ : ကောင်းပြီ၊ ဒါဆို ရှင့်ကို ဒုက္ခပေးရတော့မှာပေါ့]

ဖုန့်ချင်းယီသည် ချင်ယွီချွမ်က သူ အခြေခံနားလည်သည်ဟု ပြောသောအခါ သူ၏ အရည်အချင်းများကို နှိမ့်ချပြောနေခြင်းသာ ဖြစ်နိုင်သည်ဟု ခံစားရသည်။ အကြောင်းမှာ ရှေးခေတ်လူများသည် နှိမ့်ချပြောဆိုလေ့ရှိသောကြောင့် ဖြစ်သည်။

ဖုန့်ချင်းယီသည် ဗီဒီယိုဖုန်းခေါ်ဆိုမှုကို စတင်ပြီး ဖုန်းကို ထောက်တံပေါ်တွင် ထောက်ထားလိုက်သည်။

ကုလားထိုင်ပေါ်တွင် ထိုင်လျက် သူမ အသက်ရှူသွင်းလိုက်သည်။ ဒါက ဗျပ်စောင်းဆရာမမှအပ တစ်ဦးတစ်ယောက်ရှေ့တွင် သူမ ပထမဆုံးအကြိမ် ဖျော်ဖြေခြင်း ဖြစ်သည်။

မျက်နှာပြင်မှတစ်ဆင့် ဖြစ်သော်လည်း သူမသည် အနည်းငယ် စိုးရိမ်စိတ် ခံစားရဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကိုယ်ပိုင်အရည်အချင်းများကို ယုံကြည်မှုမရှိသောကြောင့် ဖြစ်သည်။

သူမ၏ စိတ်ကို ငြိမ်သက်စေပြီးနောက် ဖုန့်ချင်းယီ ဖျော်ဖြေခြင်းကို စတင်လိုက်သည်။

ဖုန့်ချင်းယီသည် သီချင်းပြီးဆုံးသောအခါ သူမသည် ချင်ယွီချွမ်ကို စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်သည်။ “ကျွန်မ တီးတာ သိပ်မကောင်းဘူးလား” ဟု မေးသည်။

ချင်ယွီချွမ် : “ချင်းယီ၊ မင်း ဒီနေ့ ပုံမှန်နဲ့မတူဘူးထင်တယ်။ သတိထားမိလား”

“ကျွန်မ ဘယ်လိုကွာခြားသွားလဲ။ ဗျပ်စောင်းအကြောင်း ပြောတာ မဟုတ်ဘူးလား” ဖုန့်ချင်းယီက နားမလည်ဘူး ဖြစ်နေသည်။

ချင်ယွီချွမ်သည် ဖုန့်ချင်းယီအား ဖြည်းဖြည်းချင်း ရှင်းပြသည်။ “ပုံမှန်ဆို မင်းက တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်။ ဒါပေမဲ့ ဒီနေ့ မင်း အရမ်း ထိန်းချုပ်ထားတဲ့ပုံပဲ။ မင်းရဲ့ အခြေခံ နည်းစနစ်တွေက ကောင်းမွန်တယ်၊ ဒီသီချင်းကိုလည်း ကောင်းကောင်း တီးခတ်နိုင်တယ်။”

“ဒါပေမဲ့ မင်းက အရမ်းထိန်းချုပ်နေတယ်၊ အကြည့်တွေက ဂနာမငြိမ်ဘူး၊ လက်ချောင်းတွေလည်း မတည်ငြိမ်ဘူး။ မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ လိုတယ်။ တစ်လခွဲပဲ သင်ယူထားတဲ့သူတစ်ယောက်အတွက် မင်းရဲ့ ကျွမ်းကျင်မှုက လူအများစု မလုပ်နိုင်သေးတဲ့ အဆင့်ကို ရောက်နေပြီပဲလေ။”

“ဒါကြောင့် စိုးရိမ်စရာ မလိုပါဘူး၊ ဗျပ်စောင်းက မင်းကို ထိန်းချုပ်ခွင့် မပြုလိုက်နဲ့”

ချင်ယွီချွမ်သည် တည်ငြိမ်စွာနှင့် အလျင်စလိုမရှိဘဲ ပြောဆိုခဲ့သည်။ သူ့စကားများကို နားထောင်ပြီးနောက် ဖုန့်ချင်းယီသည် အနည်းငယ် ပိုမိုယုံကြည်မှုရှိလာခဲ့သည်။

“ကျွန်မ တကယ် ကောင်းကောင်းတီးတတ်လား”

ချင်ယွီချွမ်က ညင်သာစွာ ခေါင်းညိတ်ပြသည်။ “မင်း တီးနိုင်တယ်။ ဖျော်ဖြေဖို့ နှစ်ရက်ပဲ ကျန်တော့တယ်၊ ကိုယ် မင်းကို ယုံကြည်တယ်”

“ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဒီလောက် မရေရာဖူးတဲ့ ပထမဆုံးအကြိမ်ပဲ”

“အရင်ဖျော်ဖြေပွဲတွေအတွက်ဆို အနည်းဆုံး အမှားအယွင်း မရှိအောင် လေ့ကျင့်ပြီးမှပဲ စင်ပေါ်တက်ရဲတာ။ ကျွန်မက အပြည့်အဝ ပြင်ဆင်တာကို အကျင့်ဖြစ်နေပြီ”

“ဒါပေမဲ့ ဒီတစ်ခါတော့ မတော်တဆဖြစ်ခဲ့တာ။ မဖျော်ဖြေလို့လည်း မရတော့ဘူး။ တစ်စုံတစ်ယောက်က ကျွန်မအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ဘာလို့ ဒီလို ပစ်မှတ်ထားလဲဆိုတာ မသိဘူး”

“ကျွန်မတို့က အသင်းတစ်ခုတည်းမှာပဲ၊ ဆက်ဆံရေးလည်း ကောင်းခဲ့တယ်။ ရုတ်တရက် ဒီလိုဖြစ်လာတော့ နည်းနည်း စိတ်မကောင်းဖြစ်မိတယ်”

သူမကို စာရင်းသွင်းခဲ့သူမှာ လန်ရွေ့ဟွမ်း ဖြစ်သည်။ သူမတို့နှစ်ဦးစလုံးသည် အကအသင်းတွင် အရည်အချင်းအရှိဆုံး အဖွဲ့ဝင်များ ဖြစ်ကြသည်။

ငယ်စဉ်ကတည်းကပင် သူမတို့နှစ်ဦးသည် အကကို သင်ယူခဲ့ကြပြီး အကအသင်း၏ ဖျော်ဖြေပွဲတိုင်းတွင် ခေါင်းဆောင်အခန်းကဏ္ဍများကို သူတို့နှစ်ဦးအနက်မှ ရွေးချယ်လေ့ ရှိသည်။

သို့သော် ဖုန့်ချင်းယီသည် အကအသင်းတွင် အချိန်အများကြီး ဖြုန်းတီးနေသည်ဟု ခံစားရပြီး မထိုက်တန်ဘူးဟု ထင်မြင်ခဲ့သောကြောင့် သူမ၏ ပထမနှစ်၊ ပထမနှစ်ဝက်ပြီးနောက် တဖြည်းဖြည်း ထွက်လာခဲ့သည်။

လန်ရွေ့ဟွမ်း အဘယ်ကြောင့် သူမကို အခက်တွေ့အောင် လုပ်နေသည်ကို သူမ ကောင်းစွာ နားမလည်နိုင်ခဲ့ပေ။ အသင်းဥက္ကဋ္ဌက လန်ရွေ့ဟွမ်းကို သူမ၏ အရိုက်အရာကို ဆက်ခံရန် ရည်ရွယ်ထားပြီးသားပင်။

ချင်ယွီချွမ်သည် ဖုန့်ချင်းယီ၏ ပြောဆိုမှုများကို နားထောင်ပြီး “ဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး၊ မင်းရဲ့ တည်ရှိမှုက သူမအတွက် အတားအဆီးဖြစ်နေလို့ပါ” ဟု ပြောလိုက်သည်။

“ဒါပေမဲ့ ပထမနှစ်ဝက်ပြီးနောက် အသင်းလှုပ်ရှားမှုတွေကို ကျွန်မ သိပ်မတက်တော့ဘူး။ ပထမနှစ်၊ ပထမနှစ်ဝက်အတွင်း ကျွန်မတို့ကြားမှာ ပြိုင်ဆိုင်မှုအချို့ ရှိခဲ့တာကလွဲရင် သူမ ဒီလို ပစ်မှတ်ထားဖို့ အကြောင်းပြချက် မရှိဘူးလို့ ထင်တယ်” ဟု ဖုန့်ချင်းယီက သဘောမတူပေ။

ချင်ယွီချွမ်သည် သူ၏ လက်ချောင်းသွယ်သွယ်လေးများဖြင့် စားပွဲကို ဖြည်းညင်းစွာ ခေါက်လိုက်သည်။

“နုံအလိုက်တဲ့မိန်းကလေး၊ လူ့စိတ်နှလုံးသားက ခန့်မှန်းရခက်တယ်။ သူမ ဘာတွေတွေးနေလဲဆိုတာ မင်း ဘယ်လိုသိမလဲ” ဟု ပြောသည်။

“ဒီဖြစ်ရပ်ပြီးရင် မင်း သူမနဲ့ ရင်ဆိုင်ပြီး ရှင်းပြချက်တောင်းဖို့ စီစဉ်ထားတာမလား”

ဖုန့်ချင်းယီသည် ချင်ယွီချွမ်တွင် စိတ်ဖတ်နိုင်သည့်စွမ်းရည်ရှိနေနိုင်သည်ဟု သံသယရှိသည်။ သူသည် သူမ ဘာတွေတွေးနေသည်ကို အတိအကျသိနေပုံ ရသောကြောင့်ပင်။

“အဲဒါ ကျွန်မ အစီအစဉ်ပါပဲ၊ ဒါပေမဲ့ ရှင် ဘယ်လိုသိတာလဲ။”

ချင်ယွီချွမ်က တိုက်ရိုက်မဖြေဘဲ “ဒီ့နောက်ပိုင်း သူမနဲ့ ခပ်ဝေးဝေးနေပါ။ မင်း အသင်းကနေ ထွက်လို့ရရင် ထွက်လိုက်ပါ” ဟု ပြောသည်။

ဖုန့်ချင်းယီက “ဘာလို့လဲ” ဟု မေးသည်။

“ငါ မှန်းတာ မမှားရင် မင်းအသင်းရဲ့ တာဝန်ခံက သူမ မဖြစ်နိုင်ဘူး” ဟု ချင်ယွီချွမ်က ပြောသည်။

ဖုန့်ချင်းယီသည် ချင်ယွီချွမ်က အလွန်ဉာဏ်ကောင်းသည်ဟု တစ်ကြိမ်ထက်မက ခံစားခဲ့ရသည်။

သူမသည် သတင်းအချက်အလက်များစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း သူသည် သူမ၏ စကားလုံး အနည်းငယ်မှ အခြေအနေ အလုံးစုံကို ခန့်မှန်းနိုင်ခဲ့သည်။ ထိုသို့သောသူတစ်ဦးသည် တကယ်ကို ကြောက်စရာကောင်းလှသည်။

“အသင်းဥက္ကဋ္ဌက အသင်းရဲ့ ကိစ္စရပ်တွေကို တာဝန်ယူပါတယ်။ သူမက လန်ရွေ့ဟွမ်းကို ဆက်ခံသူအဖြစ် ရည်ရွယ်ထားပေမဲ့ လန်ရွေ့ဟွမ်းက ဥက္ကဋ္ဌ မဟုတ်သေးပါဘူး”

“ဒီလိုဆိုရင် မင်းကို ပစ်မှတ်ထားတဲ့သူရဲ့ နောက်ကွယ်မှာ တခြားသူတစ်ဦး ရှိနိုင်တယ်။ လန်ရွေ့ဟွမ်းက အပြစ်ခံရုံသက်သက် ဖြစ်နိုင်တယ်” ဟု ချင်ယွီချွမ်က ပြောလိုက်သည်။

ဖုန့်ချင်းယီ တုန်လှုပ်သွားသည်။ ဒါ အသင်းဥက္ကဋ္ဌရဲ့ လုပ်ရပ် ဖြစ်နိုင်သလား။ ဒါပေမဲ့ အသင်းဥက္ကဋ္ဌက သူမအပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပဲ။ ဘာလို့များ ဖုန့်ချင်းယီကို ဒီလို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားရတာလဲ။ ဖုန့်ချင်းယီ သူ့ကို စော်ကားဖူးသည်ဟု မထင်မိပေ။

ဖုန့်ချင်းယီ ရှုပ်ထွေးသွားသည်ကို မြင်သောအခါ ချင်ယွီချွမ်က “မင်း စဉ်းစားလို့မရရင် အဲဒါကို ခေါင်းထဲ ထည့်မနေနဲ့။ အခု မင်းလုပ်ရမယ့်အရာကို အာရုံစိုက်ပြီးမှ အဲဒီလူတွေနဲ့ ခပ်ဝေးဝေးနေပါ” ဟု ပြောသည်။

“ဒါက ပြဿနာကို ရှောင်တိမ်းတာ မဟုတ်ဘူးလား” ဖုန့်ချင်းယီက ဒါ ချင်ယွီချွမ်ရဲ့ ပုံမှန်ပုံစံ မဟုတ်ဘူးလို့ ခံစားရသည်။

“မဟုတ်ဘူး၊ အဲဒါက ပြဿနာနဲ့ ဝေးဝေးနေတာပဲ”

သူသာ ဒီလိုအခြေအနေမျိုး ကြုံခဲ့ရရင်တော့ ဒီလောက် အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။ သို့သော် မိန်းမငယ်လေး၏ စိတ်ဓာတ်ကို ထည့်သွင်းစဉ်းစားလျှင် သူမသည် ထိုသို့သော အတွင်းရေးကိစ္စများနှင့် ကောက်ကျစ်မှုမျိုးအတွက် သင့်တော်ပုံမရပေ။

သူမသာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရင်ဆိုင်ဖို့ အစပြုခဲ့ရင် သူမရဲ့ အခြေအနေက သိပ်မကောင်းနိုင်ဘူး။ ရှောင်ရှားတာက ကောင်းတဲ့နည်းလမ်းမဟုတ်ပေမဲ့ သူမရဲ့ လက်ရှိအခြေအနေအတွက်တော့ အသုံးဝင်နိုင်တယ်။

ဖုန့်ချင်းယီက ချင်ယွီချွမ်၏ မျက်လုံးများကို စိုက်ကြည့်သည်။ “ကျွန်မ ဒီလိုကိစ္စတွေကို မကိုင်တွယ်နိုင်ဘူးလို့ ရှင်ထင်နေတာမလား။ ရှင် အတွေးလွန်နေပြီ။ ကျွန်မက ရှင် ထင်သလောက် နူးညံ့မနေပါဘူး”

“ကျွန်မ ပြဿနာကို ရှောင်ရှားဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဖျော်ဖြေပွဲပြီးရင် သူတို့နဲ့ သွားရှင်းမယ်။ အသင်းကနေ ထွက်ရရင်တောင် ကောင်းကောင်းမွန်မွန် ထွက်ပြီး သူတို့ဆီကနေ သေချာရှင်းလင်းတဲ့ ရှင်းပြချက် အရယူမယ်”

“ကျွန်မ ပြဿနာရှာတာ မဟုတ်ဘူး၊ ဒါပေမဲ့ ကြောက်နေမှာလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ ကျွန်မကို ရှင်းပြချက်ပေးစေရမယ်”

“မင်း သင့်တော်သလို လုပ်ပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မနစ်နာအောင်တော့ သတိရပါ” ဟု ချင်ယွီချွမ်က ပြောလိုက်သည်။

သူမသည် ပထမတော့ နူးညံ့သော ယုန်ငယ်လေးတစ်ကောင်လို ထင်ရသော်လည်း ယခုမူ ခြေသည်း၊ လက်သည်းများထက်မြိနေသော ကြောင်လေးတစ်ကောင်နှင့် တူနေသည်။ ထိုအရာက ကောင်းသည်။ သူမ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည်။

“နားလည်ပါပြီ၊ ဒီနေ့ နောက်ကျနေပြီ။ ကျွန်မ နောက်ထပ် နည်းနည်းလောက် လေ့ကျင့်ပြီး အိပ်ဖို့ ပြင်ဆင်တော့မယ်။ ကောင်းသောညပါ။” ဖုန့်ချင်းယီက ချင်ယွီချွမ်ကို ပြုံးပြလိုက်သည်။

ချင်ယွီချွမ်သည် သူမ၏ အပြုံးကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ “ချင်းယီ၊ မင်း အံ့သြစရာပဲ။ အရမ်းတော့ မကြာပါစေနဲ့။ စောစောအနားယူပါ”

ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြီးဆုံးပြီးနောက် ဖုန့်ချင်းယီသည် သူ့အခန်းတွင် နောက်ထပ် အကြိမ် အနည်းငယ် လေ့ကျင့်လိုက်သည်။ ချင်ယွီချွမ်၏ အားပေးမှုကြောင့် သူမ၏ တီးခတ်မှုသည် ထင်သလောက် မဆိုးကြောင်း ခံစားခဲ့ရသည်။

နောက်တစ်ညတွင် လူတိုင်းကို အံ့အားသင့်စေရန် မမျှော်လင့်သော်လည်း အရာရာ အဆင်ပြေချောမွေ့ရန်သာ မျှော်လင့်ခဲ့သည်။

All Chapters