အခန်း (၂၉၇-၂၉၈)
Vol. 30 Ch. 297-298
အခန်း (၂၉၇) - ဖိတွန်းသော ပုလဲလုံး၊ ရှန်ကွမ်းကျင်း၊ တံဆိပ်ခတ်နှိပ်ထားသော ကြောက်မက်ဖွယ်ရာ
ကုသိုလ်တောအုပ် ဟု ခေါ်ဆိုသည့် နေရာကို တာလင် (စေတီပုထိုးများရှိရာ တောအုပ်) ဟုလည်း ခေါ်ကြသည်။
၎င်းသည် စေတီတော်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဒါက ကျင်းကွမ်းကျောင်းတော်ရဲ့ သန့်ရှင်းသော မြေနေရာ ဖြစ်သည်။
ပုံမှန်အားဖြင့် ကျောင်းတော်ရှိ ရဟန်းများက ဗုဒ္ဓတရားတော်များကို ထိုနေရာတွင် မကြာခဏ တရားထိုင်လေ့ရှိကြသည်။
ယခုအချိန်တွင် အားလုံးသည် စေတီတော်များအတွင်း စုဝေးနေကြပြီး ပူရှင်း ဆရာတော်သည် သာမန်စေတီတော်တစ်ဆူရှေ့သို့ အမြန်လျှောက်လာခဲ့သည်။
အခြားစေတီတော်များနှင့် ဘာမှမထူးခြားသည့်ပုံပင်။
သူ၏ မျက်ဝန်းထဲတွင် ရက်စက်သော အငွေ့အသက်များ ပေါ်လာပြီး လက်နှစ်ဖက်ကို လက်ဟန်အမှတ်အသား ပြုလုပ်လိုက်သည်။
ပါးစပ်မှလည်း ဇီယန် ကိုးလုံးမန္တန်ကို ရွတ်ဆိုလိုက်သည်
"လင်၊ ပင်း၊ တိုး၊ ကျယ်၊ ကြယ်၊ ကျန်း၊ လီ၊ ရှန်း၊ ဆင်း "
ပူရှင်း ဆရာတော်၏ ဒွါရ၇ပေါက် မှ သွေးများ စီးကျလာသည်။
ခြောက်ကပ်နေသော မျက်နှာမှာ ကြောက်စရာကောင်းလွန်းလှသည်။
သို့သော် သူ လုံးဝ မလှုပ်ရှားပေ။
ကိုးလုံးမန္တန်ကို ဆက်လက်ရွတ်ဆိုနေသည်။
ခရက်
တစ်ခုခု ပျက်စီးသွားသကဲ့သို့ ဖြစ်သွားသည်။
ပြင်းထန်သော မိစ္ဆာအရှိန်အဝါများ တိုးဝင်လာပြီး အေးစက်သော အငွေ့အသက်က ပူရှင်း ဆရာတော်ကို ချက်ချင်း အေးခဲသွားစေသည်။
ပူရှင်း ဆရာတော်မှာ ကြိုတင် သိထားသကဲ့သို့ပင်။
ထိတ်လန့်မည့်အစား ဝမ်းသာသွားသည်။
လေးလေးစားစားဖြင့်
"ကျနော်က ချင်းဟွမ်ဂိုဏ်း ဂိုဏ်းချုပ် ရှန်ကွမ်းကျင်း ပါ၊ အောင်လဲ့ အကြီးကဲကို အရိုအသေပြုပါတယ်"
ဟု ဆိုသည်။
တိတ်ဆိတ်ခြင်း။
သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်း။
နောက်ဆုံးတွင် အသံတစ်သံ ပြန်လည် ထွက်ပေါ်လာသည်။
အလွန် အေးစက်လှသည်။
"ချင်းဟွမ်ဂိုဏ်း... မကြားဖူးဘူး"
"ချင်းဟွမ်ဂိုဏ်း တည်ထောင်သူ လျန်တာအိုဆရာနှင့် အကြီးကဲမှာ အရင်က ခင်မင်မှု ရှိခဲ့ပါတယ်"
"အော်... လျန်တာအိုဆရာရဲ့ နောက်မျိုးဆက်ပေါ့... ဟားဟားဟား... လျန်တာအိုဆရာရဲ့ အတတ်ပညာတွေက နက်နဲလှပါတယ်၊ သူ့နောက်မျိုးဆက်တွေက ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ"
"ကျနော် အားနည်းပြီး အတတ်ပညာ မပြည့်စုံလို့ပါ၊ ဒါကြောင့် တောင်ပေါ်ကို လာပြီး အောင် အကြီးကဲကို ကျနော် နဲ့အတူ တောင်အောက်သို့ ဆင်းပြီး ချင်းဟွမ်ဂိုဏ်းမှာ အုပ်စိုးပေးဖို့ ဖိတ်ခေါ်တာပါ"
"ဟားဟားဟား... မင်းလိုမျိုးအဆင့် နဲ့ ကျင်းကွမ်း ရဟန်းအိုကြီး ချန်ထားခဲ့တဲ့ တံဆိပ်ခတ်နှိပ်ချက်ကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား "
ပူရှင်း ဆရာတော်ပုံစံ ပြောင်းလဲထားသော ရှန်ကွမ်းကျင်းမှာ အနည်းငယ် ပြုံးလိုက်သည်။
"တံဆိပ်ခတ်နှိပ်ချက်က သေနေတာပါ၊ လူကတော့ ရှင်နေတာပဲ၊ အကြီးကဲသာ သဘောတူမယ်ဆိုရင် ကျနော်က အကြီးကဲ လွတ်မြောက်အောင် ကူညီပေးနိုင်ပါတယ်၊ အဲဒီအခါ အောင်အကြီးကဲ အနေနဲ့ ကျနော် ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်"
အေးစက်စက် အသံက ခဏတာ တိတ်ဆိတ်သွားသည်။
"ကောင်းပြီ "
ရှန်ကွမ်းကျင်း၏ မျက်လုံးများ တောက်ပသွားသည်။
ရင်ခွင်ထဲမှ အနက်ရောင် ပုလဲလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ပါးစပ်မှ မန္တန်များကို ရွတ်ဆိုလိုက်သည်။
ထိုစေတီတော်မှာ မမြင်နိုင်သော အကာအရံများဖြင့် ဖုံးအုပ်ခံလိုက်ရပြီး အရှိန်အဝါများ ယိုစိမ့်ခြင်း မရှိစေရပေ။
သူ့ရှေ့က နေရာမှာ သီးခြား ကမ္ဘာငယ်တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။
လေပြင်းများ တိုက်ခတ်နေသည်။
အေးဆေး တည်ငြိမ်နေသယောင် ရှိသော်လည်း၊ ရှန်ကွမ်းကျင်းသာလျှင် သိသည်။
ဒီ ဖိတွန်းသော ပုလဲလုံး ကို အသုံးပြုဖို့ သူ ဘယ်လောက်တောင် အားစိုက်ခဲ့ရသလဲဆိုတာကို။
သူ့ရဲ့ ပုံပန်းသဏ္ဍာန်မှာ ပူရှင်း ဆရာတော်အတိုင်း ဖြစ်ပြီး၊ ဒွါရ၇ပေါက်မှ သွေးများစီးကျကာ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေသည်။
"ဟစ်စ်... မင်းလို နောက်မျိုးဆက်မှာ အစွမ်းနည်းနည်း ရှိသားပဲ၊ ဖိတွန်းသော ပုလဲလုံးလို အရာမျိုးကိုတောင် ရှာတွေ့လာနိုင်တာပဲ"
ရှန်ကွမ်းကျင်း အနည်းငယ် ပြုံးလိုက်ပြီး စိတ်ထဲတွင် အလွန် ဝမ်းသာသွားသည်။
"ကျေး... ကျေးဇူးတင်ပါတယ် အကြီးကဲ"
သူ့ခန္ဓာကိုယ်မှာ အားနည်းနေသော်လည်း စိတ်ဓာတ်မှာမူ အလွန် ကောင်းမွန်နေသည်။
သူ့ရဲ့ လှုပ်ရှားမှုတွေကို တစ်ယောက်ယောက်က ရိပ်မိသွားတာကို နားမလည်နိုင်ဖြစ်ခဲ့ရသော်လည်း၊
ယခု အောင်မြင်ဖို့ နီးကပ်နေပြီဖြစ်၍
ရှန်ကွမ်းကျင်းမှာ ဝမ်းသာမှုကို မထိန်းနိုင်တော့ပေ။
သူ ဆက်လက်ပြီး အတတ်ပညာများကို အသုံးပြုနေသည်။
ယခုအချိန်တွင် ကျင်းကွမ်းကျောင်းတော်မှ ပညာရှင်များအားလုံးမှာ ဝူစဲဆရာတော်၏ စိတ်မိစ္ဆာကို ဖိနှိပ်ရန်အတွက် ဗုဒ္ဓစွမ်းအားများကို ပေးအပ်နေကြသည်။
သူ့ကို တားဆီးရန် လာမည့်သူ လုံးဝ မရှိနိုင်ပေ။
ခရက်
ခရက်
ပျက်စီးသွားသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ မိစ္ဆာအရှိန်အဝါများမှာ ပိုမို ပြင်းထန်လာပြီး
တစ်ခုခု ကြောက်စရာကောင်းသည့်အရာ နိုးထလာတော့မည့်ပုံပင်။
စေတီတော်ရှေ့တွင် ရွှေရောင် ဗုဒ္ဓဘာသာ စာလုံးတစ်လုံး ပေါ်လာသော်လည်း ယခုအချိန်တွင် အလွန် မှိန်ဖျော့နေသည်။
အပေါ်တွင် အက်ကြောင်းများဖြင့် ပြည့်နေသည်။
နောက်ထပ် ခဏလောက်ဆိုလျှင် ကျင်းကွမ်းကျောင်းတော် ဘိုးဘေးများ ချမှတ်ထားသည့် တံဆိပ်ခတ်နှိပ်ချက်မှာ လုံးဝ ပျက်စီးတော့မည်။
အနက်ရောင် ပုလဲလုံးမှာ သူ၏ရှေ့တွင် အလင်းရောင်များ တောက်လောင်နေသည်။
ရှန်ကွမ်းကျင်းက ထိုပုလဲလုံးနှင့် ဗုဒ္ဓစာလုံး တံဆိပ်ခတ်နှိပ်ချက်ကို စိုးရိမ်တကြီး စောင့်ကြည့်နေသည်။
ထိုပုလဲလုံးထဲတွင် သူ ဖိနှိပ်ခံထားရသည့် ပုဂ္ဂိုလ်ကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ ရှိသည်။
လောကကြီးမှာ ဒီလောက် လွယ်ကူတဲ့ ကိစ္စမျိုး မရှိပေ။
ကတိစကား တစ်ခုတည်းနဲ့ ရှန်ကွမ်းကျင်းက သူ့အသက်ကို ပေးရတော့မည်။
ဒီပုလဲလုံးမှာ ထိုပုဂ္ဂိုလ်က သဘောတူပြီးနောက် သူ့ကို အစီအရင် ဖျက်ဆီးရန် ပေးလိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဖိနှိပ်ခံထားရသည့် ကြောက်မက်ဖွယ် ပုဂ္ဂိုလ်က ပေးလိုက်သည့် အစိတ်အပိုင်းမှာ သူ့ကို ပြန်လည် ထိန်းချုပ်မည့် နည်းလမ်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ခရက်
ခရက်
ရွှေရောင် ဗုဒ္ဓစာလုံးပေါ်ရှိ အက်ကြောင်းများမှာ ပိုမို ကျယ်လာသည်။
ရုတ်တရက်
ထိုပုလဲလုံးမှာ လေထဲတွင် ပျောက်ကွယ်သွားသည်။
"..." ရှန်ကွမ်းကျင်း
သူ လုံးဝ အံ့အားသင့်သွားသည်။
ငါ့ရဲ့ ပုလဲလုံးကြီး ဘယ်ရောက်သွားတာလဲ
သူ မသတိထားမိခင်မှာပင်။
ရွှေရောင် ဗုဒ္ဓစာလုံး၏ စွမ်းအားက တံဆိပ်ခတ်နှိပ်ချက်ကို ပြန်လည် ပြုပြင်လိုက်ပြီး အလွန် ပြင်းထန်စွာ ပြန်လည် တိုက်ခိုက်လာသည်။
"ဟိန်း"
အသံတစ်သံဖြင့် ဟိန်းလိုက်သည်။
"ဘာဖြစ်တာလဲ "
ထိုအေးစက်စက် အသံ ထွက်ပေါ်လာသည်။
ရှန်ကွမ်းကျင်း သွေးအန်လုနီးပါး ဖြစ်သွားသည်။
သူလည်း သိချင်နေတာပဲ
"ချင်းဟွမ်ဂိုဏ်းက လူယုတ်မာတွေက မိစ္ဆာကောင်ကို လွှတ်ပေးဖို့ ကြိုးစားနေတာ "
"ကျင်းကွမ်းကျောင်းတော် အန္တရာယ်ရှိနေပြီ"
ရှင်းလင်းပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
နောက်ကျောဘက်ရှိ တာလင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကျင်းကွမ်းကျောင်းတော်ရှေ့က ရဟန်းဆောင်များမှ လူအများပင် ကြားလိုက်ကြသည်။
အလွန် ရှင်းလင်းပြတ်သားလှသည်။
အသံမှာ အားအင်အပြည့်ပင်
ရှန်ကွမ်းကျင်း၏ မျက်နှာမှာ ပြောင်းလဲသွားသည်။
ဘယ်ကောင်က ငါ့ကို ဒီလောက်တောင် ပိတ်လှောင်ရတာလဲ
သူ့အကြည့်မှာ ဝေးလံသော စေတီတော်တစ်ဆူဆီသို့ ရောက်သွားသည်။
ဒီဘက်ခြမ်းရှိ ခြံဝင်းထဲတွင် ဒွမ်းမူရွှမ်း၏ မျက်လုံးများ တောက်ပသွားသည်။
သူမ လီယန်ချူ၏ အသံမှန်း သိလိုက်သည်။
အလွန် ဝမ်းသာသွားသည်။
အသံက နောက်ကျောဘက်ရှိ တာလင်ထဲက ထွက်ပေါ်လာတာပဲ
သူမချက်ချင်းပဲ ဝိညာဉ်ခန္ဓာ ထုတ်ကာ အလင်းတန်းကဲ့သို့ ပျံသန်းထွက်သွားသည်။
ရတနာပုလင်းကို ကိုင်ထားသည့် နတ်သမီးလေးတစ်ပါး။
ဝိညာဉ်ပုံရိပ်
ဒွမ်းမူရွှမ်းတင် မဟုတ်ဘဲ၊ လျင်မြန်သော အတတ်ပညာကို သုံးပြီး ပြေးလွှားနေသော ကျင့်ကြံသူများလည်း ရှိသည်။
ဝိညာဉ်ပုံရိပ် အများအပြားလည်း ညကောင်းကင်မှ ဖြတ်သန်းသွားကြသည်။
ခဏတာမျှသာ
ပုံမှန် စကားရှိသည်။
စိတ်ကူးတစ်ခု ဖြစ်ပေါ်သည်နှင့်၊ စိတ်ကူးထဲမှာတင်။
လူ့စိတ်ကူးက အလွန် မြန်ဆန်ပြီး၊ ဝိညာဉ်ပုံရိပ်၏ အမြန်နှုန်းမှာလည်း ထိုနည်းအတိုင်းပင်။
ဟုတ်ပါတယ်
အမြန်ဆုံးမှာ ကျင်းကွမ်းကျောင်းတော်မှ ရဟန်းကြီးများပင်။
အမျက်ဒေါသထွက်နေသည့် ရဟန်းကြီး သုံးပါးက ကုသိုလ်တောအုပ်ထဲသို့ ရောက်လာသည်။
အားလုံးမှာ ရွှေရောင် ခန္ဓာကိုယ်များ ဖြစ်သည်။
ဗုဒ္ဓရောင်ခြည်များဖြင့် ဝန်းရံထားသည်။
အခုလေးတင် ရှန်ကွမ်းကျင်းက သတိပေးသည့်သူ၏ တည်နေရာကို သိလိုက်ရသည့်အခါ။
စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပွက်ပွက်ဆူလာသည်။
ချက်ချင်းပင် ခုန်အုပ်လိုက်သည်။
သို့သော် သူ့ကို ကြိုဆိုနေသည်မှာ။
ပူပြင်းပြီး ပြင်းထန်သည့် ဓားအလင်းတန်းတစ်ခု
မျက်နှာထား တင်းမာသည့် တာအိုလူငယ်တစ်ဦးက ဓားကို ကိုင်ကာ ခုတ်ချလိုက်သည်။
ရှန်ကွမ်းကျင်း စဉ်းစားချိန် မရလိုက်ဘဲ မိစ္ဆာစွမ်းအားများ စုစည်းထားသော အနက်ရောင် လက်ဝါးမှာ အပိုင်းပိုင်း ဖြစ်သွားသည်။
သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အကာအကွယ် လက်နက်ကို အမြန်ဆုံး အသုံးပြုလိုက်သည်။
ဘုန်း
အကာအကွယ် လက်နက်မှာ ဓားချက်တစ်ချက်ဖြင့် အပိုင်းပိုင်း ဖြစ်သွားသည်။
သူ့ရင်ဘတ်တွင်လည်း သွေးများ စီးကျလာပြီး ဒဏ်ရာကြီးတစ်ခု ပေါ်လာသည်။
သာမန်ဆိုလျှင် သူ၏ အမြန်နှုန်းဖြင့် ရှောင်နိုင်သော်လည်း
ဓားစွမ်းအားကသာ သူ့ကို နှစ်ပိုင်းဖြစ်သွားအောင် လုပ်လိုက်နိုင်မည် ဖြစ်သည်။
"မင်းပဲလား "
ရှန်ကွမ်းကျင်း၏ မျက်နှာမှာ ပြောင်းလဲသွားသည်။
လီယန်ချူကို မှတ်မိသွားသည်။
သို့သော်
လီယန်ချူက သူ့ကို ဂရုမစိုက်ဘဲ အမူအရာ တင်းမာစွာဖြင့်။
နောက်ထပ် ဓားတစ်ချက် ထပ်ခုတ်လိုက်ပြန်သည်
မြန်လိုက်တာ
မျက်စိဖြင့်တောင် မမြင်နိုင်လောက်အောင် ဓားလမ်းကြောင်းမှာ မြန်ဆန်လွန်းသည်။
ရှန်ကွမ်းကျင်းမှာ လက်နှစ်ဖက်ကို အရှေ့သို့ တွန်းထုတ်လိုက်ပြီး အနက်ရောင် အလင်းတန်းကို ပစ်လွှတ်လိုက်သည်။
ဒီတာအိုလူငယ်ရဲ့ ဓားက တကယ်ကို မြန်လွန်းတယ်။
ပြီးတော့ ဓားစွမ်းအားကလည်း အလွန်ပင် ပြင်းထန်သည်။
ရှောင်တောင် မရှောင်နိုင်ဘူး
အတတ်ပညာဖြင့်သာ ခါးခါးသီးသီး ခံယူရတော့မည်။
ဟုန်းးး
ရှန်ကွမ်းကျင်း တစ်ကိုယ်လုံး လွင့်စင်သွားပြီး ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ် လက်နက်များ ထပ်မံ ပျက်စီးသွားသည်။
သူ့ရဲ့ လက်နှစ်ဖက်မှာ ကြွက်သားများ ထောင်တက်လာပြီး သွေးကြောများ ထွက်လာသည်။
"မင်းက ဘာလို့ ငါ့ရဲ့ ကိစ္စကို ဖျက်ဆီးရတာလဲ"
သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယခုအခါ သူ နားလည်သွားပြီ။
အရင်က သူ့ရဲ့ တည်နေရာကို ဖော်ထုတ်ခဲ့သူမှာ ထိုတာအိုဆရာလူငယ်ပင် ဖြစ်သည်။
လီယန်ချူ တစ်ခွန်းမှ မပြော။
ခြေလှမ်းတစ်လှမ်းသာ လှမ်းလိုက်သည်။
ရှန်ကွမ်းကျင်း စကားမဆုံးခင်မှာပင်၊ သူက ရှန်ကွမ်းကျင်းရှေ့သို့ ရောက်နေပြီ ဖြစ်သည်။
ချွင်
ဓားအလင်းတန်း တစ်ချက် လက်သွားသည်။
ရှန်ကွမ်းကျင်း၏ စိတ်ထဲတွင် အလွန်ပင် မကျေမနပ် ဖြစ်နေသည်။
သူ့ရဲ့ နက်နဲသော အတတ်ပညာများကိုတောင် ထုတ်သုံးဖို့ အချိန်မရလိုက်ဘူး။
တစ်ဖက်လူက အလွန်ပင် မလေးစားရာ ရောက်သည်။
ဒီလောက် စွမ်းအားရှိတဲ့သူက စကားတစ်ခွန်းမှ မပြောဘဲနဲ့။
ဓားကိုသာ ဆွဲထုတ်ပြီး ခုတ်လိုက်တာ၊ ဒါက အရည်အချင်းမရှိတဲ့သူတွေ လုပ်တဲ့အလုပ်ပဲ။
အခန်း (၂၉၈) - တောင် နှင့် ပင်လယ်ကျမ်းမှ မိစ္ဆာ၊ ကျန်ယိုဝိညာဉ်ပုံရိပ်၊ ရွှမ်းကွမ်းချီ
ကံမကောင်းစွာဖြင့်
လီယန်ချူ၏ ကျန့်ကျောင်းဓားမှာ အလွန်ပင် ထက်မြက်ပြီး ဓားကွက်များမှာ ပြင်းထန်လွန်းသဖြင့် သူ့ကို အလုပ်ရှုပ်သွားစေသည်။
ရိုင်းစိုင်းတဲ့ တိုက်ခိုက်ရေးသမား
ရှန်ကွမ်းကျင်းက လီယန်ချူ၏ နောက်ခံကို သိမြင်သွားပြီဟု ယူဆကာ စိတ်ထဲမှ ဆဲရေးလိုက်သည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ပြောင်းလဲသွားသည်။
နောက်ကျောဘက်ရှိ ကုသိုလ်တောအုပ်မှနေ၍ ကျောင်းတော်ရှေ့ရှိ ဆွမ်းခံသူများဖြင့် ပြည့်နှက်နေသည့် ကျင်းကွမ်းကျောင်းတော်၏ တံခါးပေါက်ရှေ့သို့ ရောက်သွားသည်။
တစ်ခဏချင်းမှာပင် လူသံသူသံများ ဆူညံသွားသည်။
သူ၏ ပုံသဏ္ဍာန်မှာ ဆွမ်းခံသူများထဲမှ တစ်ဦးအဖြစ် ပုန်းကွယ်သွားသည်။
လုံးဝ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ
ရှန်ကွမ်းကျင်း၏ စိတ်ထဲတွင် ရယ်မောလိုက်သည်။
"သိုင်းပညာမှာ တိုက်ခိုက်ရေး ပြင်းထန်ပေမဲ့ နည်းလမ်းက တစ်မျိုးတည်းပဲ၊ အလွယ်လေးနဲ့ ကစားလို့ရတယ်၊ ဒါပေမဲ့ ကျင်းကွမ်းကျောင်းတော်ရဲ့ ရဟန်းအိုတွေကို သတိပေးမိပြီး ကိစ္စက ပျက်သွားပြီ "
သူ အလွန်ပင် ဒေါသထွက်နေသည်။
အောင်မြင်ဖို့အတွက် အနည်းငယ်သာ လိုတော့တာ ဖြစ်သည်။
ထို့အပြင် စိတ်ထဲတွင်လည်း မကျေမနပ်ဖြစ်ကာ အောင့်သက်သက် ဖြစ်နေသည်။
သူ အရင်က ဒီလူကို သတိကြီးသော ကျင့်ကြံသူတစ်ဦးဟု ထင်ထားခဲ့ပြီး စွမ်းအားမှာလည်း မကြီးမားဟု ယူဆခဲ့သည်။
တိုက်ခိုက်လိုက်သည်နှင့် သတ်ဖြတ်နိုင်မည်
သို့မဟုတ် တစ်ဖက်လူကို ကြောက်လန့်အောင် လုပ်ပြီး မောင်းထုတ်နိုင်မည်။
သူက အခွင့်အရေးယူပြီး တံဆိပ်ခတ်နှိပ်ချက်ကို ဖျက်ဆီးသည့် အခမ်းအနားကို အပြီးသတ်မည်။
သို့သော် သူ အားတက်သရော တိုက်ခိုက်လိုက်မှ တစ်ဖက်လူက သတိကြီးသူ မဟုတ်ဘဲ၊
ရိုင်းစိုင်းသူ ဖြစ်နေသည်။
ဓားကို ဆွဲထုတ်လိုက်သည်နှင့် ခုတ်တော့တာပဲ
တကယ်ကိုပဲ သူ့ရဲ့ ကျင့်စဥ်စွမ်းအားတွေကို အသုံးမချနိုင်အောင် ပိတ်ပင်လိုက်သည်။
ဒီလို ရိုးရှင်းကြမ်းတမ်းပြီး ဆင်ခြင်တုံတရားမရှိတဲ့ ပုံစံမျိုးကို။
စိတ်အကြံအစည် စေ့စပ်သေချာသည့် ချင်းဟွမ်ဂိုဏ်း ဂိုဏ်းချုပ် ရှန်ကွမ်းကျင်းက အထင်သေးလိုက်သည်။
"ထိုင်ရှန် ထိုင်ရှီ၊ အင်ဗျန့် ဝူထင်၊ ချူရှဲ့ ဖူမေ၊ ပေါင်မင် ဟူရှင်း၊ ဇီဟွေ မင်ကျင်း ဆင်ရှန်း အန်းနင်၊ ဆန်းဟွမ် ယုံကျူး၊ ဖိုဝူ ဆန့်ချင်း၊ ကျိကျိ ရူလျူလင် "
ရှင်းလင်းပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
တာအိုဘာသာ၏ မန္တန်ကြီးရှစ်ခုထဲမှ တစ်ခု
နှလုံးသားသန့်စင်ခြင်း မန္တန်
လီယန်ချူ ရွတ်ဆိုပြီးနောက် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ရုတ်တရက် လိမ်ကောက်ပြီး ပြောင်းလဲသွားသည်။
"..." ချင်းဟွမ်ဂိုဏ်း ဂိုဏ်းချုပ်
"မင်းကို မိပြီ "
သူ အေးစက်စက် ရယ်မောလိုက်သည်။
စိတ်ကူးတစ်ချက်ဖြင့် အရာများကို အားလုံး ဖြည်ချလိုက်သည်။
သူ၏ သွေးစွမ်းအားများမှာ နေမင်းကြီးကဲ့သို့ ထိန်လင်းနေပြီး သွေးစွမ်းအား မီးခိုးတန်းများ ကောင်းကင်သို့ ထိုးတက်သွားသည်။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် မြေကြီးများ တုန်ခါသွားသည်။
ရှေးခေတ်ကာလမှ မိစ္ဆာသားရဲကြီးတစ်ကောင်ကဲ့သို့ပင်။
ရှန်ကွမ်းကျင်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာသည်။
လက်နှစ်ဖက်ကို လက်ဟန်အမှတ်အသား ပြုလုပ်လိုက်သည်
လျူကြား မန္တန်ကို သုံးလိုက်သည်။
"တိုး"
သူ အော်ဟစ်လိုက်သည်။
အလင်းရောင်များ စုစည်းထားသော ဓားကြီးတစ်လက် သူ၏ရှေ့တွင် ပေါ်လာသည်။
အေးစက်သော အလင်းရောင်များဖြင့်
ရှူး
ဓားကြီးမှာ ကောင်းကင်သို့ ထိုးဖောက်သွားသည်။
လီယန်ချူ ရှောင်တိမ်းခြင်း မရှိဘဲ သူ့ရှေ့တွင် မမြင်နိုင်သော အကာအရံတစ်ခု ပေါ်လာသည်။
ဟွန့်ယွမ်ကျင့်စဥ်
ကိုယ်ခန္ဓာအကာကွယ်
သူ၏ အကာကွယ်မှာ အလွန်ပင် ပြင်းထန်ပြီး သန့်စင်သည်။
ထိုသို့သော မမှန်ကန်သည့် တာအိုအတတ်ပညာမှာ မိစ္ဆာအငွေ့အသက်များ ပါဝင်နေသဖြင့်၊
ကိုယ်ခန္ဓာအကာကွယ် ဖြင့် တိုက်ရိုက်ပင် နှိမ်နင်းလိုက်သည်။
တိုက်ရိုက်ပင် တားဆီးလိုက်သည်။
ချွင်
သူ ဓားတစ်ချက် ခုတ်လိုက်သည်။
ဓားအလင်းတန်း တစ်ချက် လက်သွားသည်။
ရှန်ကွမ်းကျင်းမှာ ထိပ်ဆုံးမှနေ၍ နှစ်ပိုင်း ကွဲသွားသည်။
နှစ်ပိုင်း ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင်။
တောက်ပသော ရုပ်ပုံတစ်ခု သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ဒါက မျက်လုံးနီနီနှင့် အမြီးရှည်သည့် နားလေးဖက်ရှိသော မျောက်တစ်ကောင် ဖြစ်သည်။
အရွယ်အစားမှာ သာမန်မျောက်ထက် ပိုကြီးသည်။
အကြည့်များမှာ ရက်စက်လှသည်
ရှန်ကွမ်းကျင်း၏ ဝိညာဉ်ပုံရိပ်
အခုလေးတင် ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး ပြင်းထန်သော ဓားချက်ကို ရှောင်တိမ်းလိုက်သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်တွင် ဝိညာဉ်ပုံရိပ်များစွာ ရောက်ရှိလာသည်။
ဗုဒ္ဓဘာသာမှ ရဟန်းကြီးများ
ပုလင်းကိုင်ထားသော နတ်သမီး
မီးတောက်များဖြင့် ဝန်းရံထားသော တာအိုပုဂ္ဂိုလ်။
ရွှေရောင် တံဆိပ်တော်။
ဗုဒ္ဓဘာသာမှ ရဟန်းကြီးတစ်ပါးက အော်ဟစ်လိုက်သည်။
"သတ္တိရှိတဲ့ မိစ္ဆာကောင်၊ ငါတို့ ကျင်းကွမ်းကျောင်းတော်ရဲ့ သန့်ရှင်းတဲ့ နေရာကို လာစော်ကားရဲတယ် "
နားလေးဖက်ရှိ မျောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အားလုံးမှာ ဝိညာဉ်ပုံရိပ်ကို ရရှိထားသော ပညာရှင်များ ဖြစ်သည်။
သူက လီယန်ချူအပေါ် အငြိုးအတေးများ ပိုမို ပြင်းထန်လာသည်။
"ရဟန်းအိုကြီး၊ ဒီနေ့ ငါ အမှားလုပ်မိလို့ မအောင်မြင်ခဲ့တာ၊ ဒါပေမဲ့ မင်းတို့ ကျင်းကွမ်းကျောင်းတော်လည်း မကြာခင်မှာ ပျက်စီးတော့မှာ၊ ဘယ်သူက နောက်ဆုံး ရယ်မောနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ "
နားလေးဖက်ရှိ မျောက်ပုံရိပ်က အေးစက်စက် ရယ်မောလိုက်သည်။
ဒါက အနောက်ဘက် ခရီးစဉ် ထဲက နားခြောက်ဖက်ရှိသော မျောက် မဟုတ်ပေ။
ဒါက တောင်နှင့်ပင်လယ် ကျမ်းထဲက မိစ္ဆာသားရဲတစ်ကောင်
ကျန်ယို
ရှေးခေတ်စာအုပ်များတွင် မှတ်တမ်းတင်ထားမှုများမှာ ကွဲပြားသည်။
ကျမ်း တွင် မှတ်တမ်းတင်ထားသည်မှာ ကျန်ယိုကို တွေ့လျှင် မြို့ရွာများတွင် ရေကြီးလိမ့်မည်။
ကောင်းသော သားရဲဟု မှတ်တမ်းတင်ထားသည်လည်း ရှိသည်။
"ကျန်ယိုသည် နားလေးဖက် ရှိပြီး၊ မျောက်နှင့်တူသည် ရေကြီးခြင်း၏ နိမိတ်ဖြစ်ပြီး မြင်လျှင် ရေလွှမ်းမိုးလိမ့်မည် "
သို့သော် ကျမ်း၏ ဝိညာဉ်ပုံရိပ်မှာ ရက်စက်မှုများ ပြည့်နှက်နေသည်။
ဘယ်လိုကြည့်ကြည့် ကောင်းသော နိမိတ်နှင့် မတူပေ
သူ ဟိန်းလိုက်သည်။
ပတ်ဝန်းကျင်တွင် ရေလွှမ်းမိုးမှုများ ရုတ်တရက် ပေါ်လာသည်။
လှိုင်းတံပိုးများ
လက်များစွာကို ဖန်တီးလိုက်သည်။
အနီးရှိ ဝိညာဉ်ပုံရိပ်များဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။
ဒီကောင်က တစ်ယောက်တည်းနဲ့ အများကြီးကို တိုက်ခိုက်ရဲတာလား
လီယန်ချူ မျက်ခုံးပင့်လိုက်သည်။
မကြာမီ
သူ သဘောပေါက်သွားသည်။
အတုပဲ
ဒီကောင်က အလွန်ပင် ဉာဏ်ကောင်းပြီး စီမံကိန်းဆွဲရာတွင် ကျွမ်းကျင်သည်။
အကျပ်အတည်း ကြုံလာလျှင် အသက်ပေး တိုက်ခိုက်မည့်သူ မဟုတ်ပေ
သူ ဓားတစ်ချက်ဖြင့် ရေလှိုင်းကို ခုတ်ဖျက်လိုက်သည်။
ထို့နောက် လက်ကို ဆန့်ထုတ်လိုက်သည်။
ပြင်းထန်သော စွမ်းအားတစ်ခု ပေါ်လာသည်။
ကျန်ယိုပုံရိပ်မှာ ထိတ်လန့်သွားပြီး မကြာမီ ပြန်လည် တည်ငြိမ်သွားသည်။
လီယန်ချူကို ကြည့်ကာ သွားစွယ်များ ဖြဲပြီး အော်ဟစ်လိုက်သည်။
ထို့နောက် ရေလှိုင်းကြီးနှစ်ခုကို ထိန်းချုပ်ကာ အပြင်းအထန် ပစ်ချလိုက်သည်။
အနည်းဆုံးတော့ အားအင်များစွာ ရှိသည်။
ကျန်ယိုမှာ ရေကို ထိန်းချုပ်နိုင်သည်။
ရှန်ကွမ်းကျင်းမှာ မာယာအတတ်ကို ကျွမ်းကျင်သည်။
ယခု အသုံးပြုထားသော အစွမ်းဟာ အစစ်အမှန်နှင့် အတုအယောင်များ ရောထွေးနေပြီး မခန့်မှန်းနိုင်ပေ
အစစ်အမှန် လှိုင်းများလား သို့မဟုတ် မာယာအတတ်လား မခွဲခြားနိုင်ပေ
လီယန်ချူက ဒါတွေကို ဂရုမစိုက်ပေ။
သူ ဒွမ်းမူရွှမ်းထံမှ ခန္ဓာကိုယ်သန့်စင်ဆေးကို ရထားပြီးဖြစ်၍ အနည်းငယ်တော့ အားထုတ်ရမည်
ထို့အပြင် ဒီကောင်က အသွင်ပြောင်းခြင်း အတတ်ပညာတွင် ကျွမ်းကျင်သဖြင့် မသတ်လျှင် နောက်ဆုံးတွင် အန္တရာယ် ဖြစ်လာနိုင်သည်။
တောက်ပသော အလင်းရောင်တစ်ခုက ညကောင်းကင်ကို လင်းထိန်သွားစေသည်။
လီယန်ချူ စိတ်ကူးတစ်ချက်ဖြင့် ကျောက်ထျန်းတံဆိပ် ကို ပစ်လွှတ်လိုက်သည်။
ဝေးလံသောနေရာတွင် ပုန်းကွယ်နေသည့် ယွန်နျန်းက သူမ၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။
သူမက အတတ်ပညာကို သုံးပြီး ကျင်းကွမ်းကျောင်းတော်ရှိ မိစ္ဆာအရှိန်အဝါ၏ ရင်းမြစ်ကို ခြေရာခံကာ၊ လီယန်ချူက အဝေးကပစ္စည်းယူခြင်း အတတ်ပညာဖြင့် ပုလဲလုံးကို လုယူသွားပုံကို မြင်တွေ့ခဲ့သည်။
ထို့အပြင် ကျင်းကွမ်းကျောင်းတော်မှ ရဟန်းကြီးများကိုလည်း ပရိယာယ်ဖြင့် ခေါ်ဆောင်လာခဲ့သည်။
အစမှအဆုံး အကုန်မြင်ခဲ့သည်။
လီယန်ချူ၏ လုပ်ဆောင်ပုံကို အလွန်ပင် ချီးကျူးသည်။
ရက်စက်တယ်၊ စိတ်တိုင်းကျပဲ၊ ထူးခြားတယ်။
သို့သော်
ယခုအချိန်တွင် သူမသည် သူမ၏ ရင်ဘတ်ကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်
"ငါ့ကို နဂါးကျားထဲ ပြန်ပို့ပါလို့ ပြောတာကို နားမထောင်ဘူး၊ ငါက အားနည်းတဲ့ မိန်းကလေးပါ"
ယွန်နျန်းမှာ ကျောက်ထျန်းတံဆိပ် ပေါ်လာပြီးနောက် ပထမဆုံး အနေဖြင့် နောက်ဆုတ်လိုက်သည်။
အလွန်ပင် ကြောက်ရွံ့သွားသည်။
တကယ်တမ်းတော့။
သူမတင် မဟုတ်ပေ။
ဝိညာဉ်ပုံရိပ် အများအပြားနှင့် ကျင်းကွမ်းကျောင်းတော်မှ ရဟန်းကြီးများ၊ ဧည့်သည်တော်များ အားလုံးမှာလည်း ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
လီယန်ချူ အားမလျှော့ပေ။
စွမ်းအားများမှာ ကျန်ယိုပုံရိပ်ကို ချုပ်ကိုင်ထားသည်။
သူ့ကို လွတ်မြောက်အောင် မလုပ်နိုင်စေရပေ။
ကျောက်ထျန်းတံဆိမ်မှနေ၍ နတ်မီးတောက်များ ထွက်ပေါ်လာသည်။
နေမင်းကြီးကဲ့သို့ လောင်ကျွမ်းခြင်း
ပြင်းထန်သော မီးတောက်များက ပတ်ဝန်းကျင်ရှိ ရေများကို အငွေ့ပျံသွားစေပြီး ကျန်ယိုပုံရိပ်ကို လောင်ကျွမ်းသွားစေသည်။
ကျန်ယိုပုံရိပ်၏ အာရုံကြောတိုင်းမှာ သူ့ကို သတိပေးနေသည်။
သူ၏ ခန္ဓာကိုယ်တွင် ရတနာအလင်းတန်းတစ်ခု ပေါ်လာသည်။
ကျင်းကွမ်းကျောင်းတော်သို့ တစ်ယောက်တည်း လာရဲသည့် ရှန်ကွမ်းကျင်းမှာ ပြင်ဆင်မှုများ ရှိထားသည်။
အရင်က အဆောင်မှာ တတိယအဆင့်၏ အရှိန်အဝါကို အတုယူနိုင်ပြီး ကောင်းကင်ကို လှည့်စားနိုင်သည်။
ကျင်းကွမ်းကျောင်းတော်မှ ရဟန်းကြီးများနှင့် ဒွမ်းမူရွှမ်းတို့ကို လှည့်စားနိုင်သည်။
ဒါက တန်ဖိုးရှိတဲ့ အဆောင်တစ်ခုပဲ
ယခု အလင်းတန်းမှာလည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ရတနာတစ်ခုပင် ဖြစ်သည်။
ရွှမ်းကွမ်းချီ
အရောင်ငါးမျိုးရှိသော အလင်းတန်းများကို ထုတ်လွှတ်နိုင်ပြီး အရာအားလုံးကို ဖမ်းယူနိုင်သည်။
ဒီအရောင်ငါးမျိုးရှိသော အလင်းတန်းမှာ လီယန်ချူ၏ ကျောက်ထျန်းတံဆိပ် ကိုပင် ဖမ်းယူလိုက်သည်။
မီးတောက်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
လီယန်ချူ ကျောက်ထျန်းတံဆိပ်ကို ရရှိပြီးကတည်းက၊ မီးတောက်များမှာ အရာအားလုံးကို ဖျက်ဆီးနိုင်သည်။
ဒါက ပထမဆုံးအကြိမ်အဖြစ် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။
"ဟားဟားဟား "
"မသိနားမလည်တဲ့ နောက်မျိုးဆက်၊ ငါ့ရဲ့ ရွှမ်းကွမ်းချီရဲ့ စွမ်းအားကို မြည်းစမ်းကြည့်လိုက်ဦး "
ကျန်ယိုပုံရိပ်က ရယ်မောလိုက်သည်။
လီယန်ချူ၏ အကြည့်မှာ အေးစက်သွားသည်။
နောက်တစ်ကြိမ် နဂါးကျား ရွှေအမြုတေ ကို ထုတ်သုံးလိုက်သည်။
လေပြင်းမုန်တိုင်းကဲ့သို့ပင်
ကျန်ယိုပုံရိပ်၏ ဦးခေါင်းကို တိုက်ရိုက် ရိုက်ချလိုက်သည်။
ဒါကို ပစ်ပေါက်ပြီး သုံးရတာ ဖြစ်ပြီး၊ သေးငယ်သယောင် ရှိသော်လည်း အမှန်တော့ အလေးချိန် ပေါင်ထောင်ကျော် ရှိသည်။
နောက်ထပ် အရောင်ငါးမျိုးရှိသော အလင်းတန်း တစ်ချက် ထွက်လာသည်။
နဂါးကျား ရွှေအမြုတေလည်း ဖမ်းဆီးခံလိုက်ရသည်။