← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉) - မိုးကြိုးငါးပါးအဆောင် ၊ ရွှမ်းကွမ်းချီ၏ ကန့်သတ်ချက် ၊ အိပ်ရာပေါ်တွင် လူးလှိမ့်ခြင်း

"တာအိုမိတ်ဆွေ၊ ဒါက အဖိုးတန်ရတနာ ရွှမ်းကွမ်းချီ ပဲ မှော်ပစ္စည်းတွေကို ရိုက်ချနိုင်တယ်၊ သူ့ရဲ့ အကွက်ထဲ မကျမိစေနဲ့ "

အသံတစ်ခု ထွက်ပေါ်လာသည်။

သူက ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဖြင့် ဝန်းရံထားသော တာအိုပုဂ္ဂိုလ် ဖြစ်သည်။

သူက ဟော့တက်ဂိုဏ်းမှ တာအိုရော ဖြစ်သည်။

အမှန်တရား မီးတောက် ပုံဖော်ခြင်း နည်းလမ်းကို ကျင့်ကြံပြီး အလွန်ပင် ပြင်းထန်သည်။

"မင်းတို့လိုလူတွေက ငါ့ကို ထိန်းထားချင်တာလား"

ကျန်ယို ဝိညာဉ်ပုံရိပ်က အေးစက်စက် ရယ်မောလိုက်သည်။

ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများက သူ့ကို ချက်ချင်း ဖုံးအုပ်သွားပြီး တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားသည်။

သူ လီယန်ချူနှင့် တိုက်ခိုက်ပြီး သူ့၏ မှော်လက်နက်ကို ရိုက်ချလိုက်သည့်အချိန်မှသည် ပင်လယ်ရေထဲသို့ အရည်ပျော်ဝင်သွားသည့်အချိန်အထိ။

လက်ချောင်းတစ်ချက် တီးလိုက်သည့် အချိန်အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

ကိုယ်တစ်ယောက်တည်းဖြင့် ဂိုဏ်းကြီးများမှ ပညာရှင်များစွာကို ရင်ဆိုင်နေသည့် ချင်းဟွမ်ဂိုဏ်းချုပ်ကို ကြည့်ရင်း။

လူတိုင်း၏ စိတ်ထဲတွင် အကြောင်းမဲ့ ဒေါသများ ထွက်ပေါ်လာသည်။

နေရာတွင်ရှိသူများထဲ၌ ကျင်းကွမ်းကျောင်းတော်မှ ရဟန်းကြီးများအပြင် ရှန်ကွမ်းကျင်းကို ယှဉ်နိုင်မည့် စွမ်းရည်ရှိသူ အများအပြား ရှိနေသည်။

ဥပမာ - ဟော့တက်ဂိုဏ်းမှ တာအိုပုဂ္ဂိုလ်။

ဥပမာ - ဒွမ်းမူရွှမ်း။

သို့သော်လည်း ရှန်ကွမ်းကျင်း၏ နည်းလမ်းများမှာ ထူးဆန်းလွန်းသဖြင့် အမှန်တကယ်ပင် လွတ်မြောက်သွားခဲ့သည်။

"မောက်မာပြပြီးတော့ ထွက်သွားချင်တာလား "

လီယန်ချူက အေးစက်စက် ရယ်မောလိုက်သည်။

သူ ရင်ခွင်ထဲမှ ရှစ်ခွင်မှန်ကို ထုတ်ယူလိုက်သည်။

တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုက နေရာတစ်ခုဆီသို့ ချက်ချင်း ထိုးသွားသည်။

ရှစ်ခွင်မှန်

မိစ္ဆာ ပေါ်လာပြီ

"အား "

အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ကျန်ယို ဝိညာဉ်ပုံရိပ်မှာ ပင်လယ်ရေထဲမှ ရိုက်ထုတ်ခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်ရှိ အမွှေးများမှာ တစ်ဝက်နီးပါး မီးလောင်ကျွမ်းသွားပြီး အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းလှသည်။

လုံးဝ မမျှော်လင့်ထားခဲ့ပေ

ဒီတာအိုဆရာလူငယ်ရဲ့ လက်ထဲမှာ ဒီလောက် အစွမ်းထက်တဲ့ မှော်ပစ္စည်းတွေ အများကြီး ရှိနေလိမ့်မယ်လို့။

ရွှမ်းကွမ်းချီမှာ မှော်ပစ္စည်းတွေကို ရိုက်ချနိုင်သော်လည်း

သို့သော်လည်း လူတစ်ယောက်က ထိန်းချုပ်ပေးဖို့ လိုအပ်သည်။

သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး

ဒီတာအိုဆရာလူငယ်မှာ အလွန် အစွမ်းထက်တဲ့ ဆရာသမား ဂိုဏ်းဂဏ ရှိပုံရသည်။

အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး

သူ ဒီနေရာကနေ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။

ကံမကောင်းစွာဖြင့်

လီယန်ချူ စောင့်နေသည်မှာ ဤအချိန်ကိုပင် ဖြစ်သည်။

သူ့၏ စွမ်းအားက သူ့ကို တိုက်ရိုက် ချုပ်ကိုင်ထားလိုက်သည်။

"မိုးကြိုးငါးပါး ကောင်းကင်နှင့် မြေကြီး၏ တရားမှန်၊ မိစ္ဆာကို သတ်၊ သတ် "

ဟုန်း

မိုးကြိုးပစ်ချလိုက်သည်

လူတိုင်းက သူတို့ရှေ့တွင် အဖြူရောင်ဖုံးလွှမ်းသွားသည်ဟု ခံစားလိုက်ရသည်။

အမြင်အာရုံ ပြန်လည် ကောင်းမွန်လာသောအခါ။

ကျန်ယို ဝိညာဉ်ပုံရိပ်မှာ ဝိညာဉ်များ ပျက်စီးသွားပြီ ဖြစ်သည်။

မိုးကြိုးငါးပါးမှာ ကောင်းကင်နှင့် မြေကြီး၏ အသန့်စင်ဆုံး စွမ်းအားပင်

မိစ္ဆာမှန်သမျှ၏ ရန်သူဖြစ်သည်။

သူ၏ ဝိညာဉ်ကို တိုက်ရိုက် ရိုက်ချေလိုက်သည်။

ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများလည်း ပျောက်ကွယ်သွားသည်။

လီယန်ချူ လက်ကို ဆန့်ထုတ်ကာ မိမိ၏ မှော်ပစ္စည်းများအပြင် ကျန်ယို ဝိညာဉ်ပုံရိပ်မှ ကျသွားသော ရှေးဟောင်းပေတံကို ပြန်လည် ဆွဲယူလိုက်သည်။

ထျန်းကန်း လက်ဝါး

နှံကောင်ကို ထိန်း၊ နဂါးကို ဖမ်း

နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်း

လူတိုင်းက မျက်နှာထား တင်းမာသည့် တာအိုဆရာလူငယ်ကို ကြည့်ရင်း စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။

ဒီလိုနဲ့ပဲ သေသွားတာလား

သူတို့ အနည်းငယ် အံ့အားသင့်မိသည်။

သို့သော်လည်း ဖြစ်သင့်သည်ဟု ထင်မိသည်။

ဒီတာအိုဆရာလူငယ်မှာ သတ်ဖြတ်ခြင်း၌ ပြတ်သားပြီး စွမ်းအားကြီးသော တာအိုအတတ်ပညာနှင့် မှော်ပစ္စည်းများကို ပိုင်ဆိုင်သည်။

ပြီးတော့ သိုင်းပညာ၏ အထွတ်အထိပ် အဆင့်ကိုလည်း ရရှိထားသူ ဖြစ်သည်။

ရင်ဆိုင်ရန် အလွန် ခက်ခဲသော ပြိုင်ဘက်ဖြစ်သည်။

အထူးသဖြင့် နောက်ဆုံး အသုံးပြုသွားသည့် မိုးကြိုးငါးပါး ပင်

ကောင်းကင်နှင့် မြေကြီး၏ အသန့်စင်ဆုံး စွမ်းအား။

ပတ်ဝန်းကျင်ရှိ ဝိညာဉ်ပုံရိပ်များကိုပင် ခြိမ်းခြောက်မှု ရှိနေသည်ဟု ခံစားရစေသည်။

ကျန်ယို ဝိညာဉ်ပုံရိပ်တောင် မခံနိုင်လျှင် သူတို့လည်း ခံနိုင်ကြမည် မဟုတ်ပေ။

ကျင်းကွမ်းကျောင်းတော်မှ ရဟန်းကြီးက အမိတဘဟု ရွတ်ဆိုလိုက်သည်။

ဗုဒ္ဓဘာသာ၏ ကြီးမားသော တန်ခိုးတော်ကို အသုံးပြုကာ၊

ထိုမထင်ရှားသော စေတီတော်ပေါ်ရှိ တံဆိပ်ခတ်နှိပ်ချက်ကို ပြန်လည် ခိုင်ခံ့စေသည်။

ထိုနေရာတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးကို ဖိနှိပ်ထားသည်။

သို့သော် ကျောင်းတော်ရှိ ထိပ်တန်းပုဂ္ဂိုလ်များသာ တိကျသော နေရာကို သိကြသည်။

မထင်ရှားသယောင် ပြခြင်းမှာ အသွင်ယူထားခြင်းသာ ဖြစ်သည်။

အရာရာကို လူမြင်ကွင်းမှာပဲ ဝှက်ထားတာပဲလေ။

ချင်းဟွမ်ဂိုဏ်းမှ လူယုတ်မာများက သတင်းကို သိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လူတိုင်း တံဆိပ်ခတ်နှိပ်ချက်ကို ခိုင်ခံ့အောင် လုပ်ပြီးနောက်တွင် ထိုကိစ္စမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။

ရွှေရောင် ခန္ဓာကိုယ် ရှိသော ဝိညာဉ်ပုံရိပ်တစ်ခု လှုပ်ရှားလိုက်သည်။

လီယန်ချူ၏ ရှေ့သို့ ရောက်လာသည်။

"လီတာအိုမိတ်ဆွေ၊ ငါတို့ ကျောင်းတော်ကို ကူညီပြီး မိစ္ဆာနှိမ်နင်းပေးတာ ကျေးဇူးတင်ပါတယ်၊ ကြီးမားတဲ့ ဘေးဒုက္ခကို တားဆီးပေးခဲ့တာပါ၊ ဒီကိစ္စအတွက် ကျင်းကွမ်းကျောင်းတော်က သေချာပေါက် ဆုလာဘ် ပေးပါမယ် "

ဒါက ပူအင် ဆရာတော် ဖြစ်သည်။

ကျင်းကွမ်းကျောင်းတော်ရှိ "ပူ" အမည်ရှိ ရဟန်းကြီး (၆) ပါးထဲတွင် အသက်အကြီးဆုံး ဖြစ်သည်။

စကားပြောရာတွင် အလွန်ပင် ဩဇာညောင်းသည်။

ပူရှင်း ဆရာတော်နှင့် ပူဟိုင် ရဟန်းကြီးတို့ပင် ပူအင် ဆရာတော်၏ စကားကို နားထောင်ကြရသည်။

" မိစ္ဆာနှိမ်နင်းတာက ပေါ့ပေါ့ပါးပါး လုပ်လိုက်ရတာပါ၊ ကျနော် အတွက် ဒီလောက်ထိ ပင်ပန်းခံစရာ မလိုပါဘူး "

လီယန်ချူက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

"အမိတဘ လီတာအိုဆရာ အခန်းကို အရင် ပြန်နားပါ၊ ကျုပ် လိုအပ်တာတွေကို စီစဉ်ပြီး လီတာအိုဆရာဆီ ပို့ပေးပါ့မယ် "

"ဒါဆို ဆရာတော်ကိုပဲ အားကိုးရတော့မှာပေါ့ "

လူတိုင်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။

လီယန်ချူဆီသို့ အံ့အားသင့်သော အကြည့်များကို ပို့လိုက်ကြသည်။

သူတို့အမြင်တွင် လီယန်ချူက မိစ္ဆာများကို သတ်ဖြတ်ပြီး ကျင်းကွမ်းကျောင်းတော်ထဲတွင် ပုန်းကွယ်နေသော မိစ္ဆာဂိုဏ်းသားကိုလည်း သတ်ဖြတ်ခဲ့သည်၊ အလွန်ပင် ပြတ်သားသည်။

စွမ်းအားနှင့် စိတ်ဓာတ်မှာ လက်ရှိ လောကတွင် အဆင့်အတန်းမြင့်မားလှသည်။

ဒီလိုလူမျိုးကို မိတ်ဆွေဖွဲ့သင့်ပြီး ရန်သူ မဖြစ်သင့်ပေ။

သူတို့ ဒီနေရာကနေ ချက်ချင်း ထွက်ခွာသွားကြသည်။

ဒွမ်းမူရွှမ်းနှင့် တင်းရုံ တို့သာ ကျန်ရစ်ခဲ့သည်။

"လီတာအိုဆရာ ဒီကိစ္စကို ကျမ တရားရုံးတော်ဆီ လျှောက်တင်ပြီး ဂုဏ်ပြုပေးပါ့မယ် "

"ကံဆိုးတာက ရှင်က တရားရုံးတော်က မဟုတ်တာပါပဲ၊ မဟုတ်ရင် ဒီဂုဏ်ပြုခံရမှုက တကယ်ကို ကြီးမားမှာပါ "

ဒွမ်းမူရွှမ်းက ပြောသည်။

"ကျုပ်က လွတ်လွတ်လပ်လပ် နေတာ ကြာပြီမို့လို့ ပါ ဒွမ်းမူ မမ ရယ်၊ အားနာစရာပါ၊ ဒီကိစ္စကလည်း မမရဲ့ စီမံခန့်ခွဲမှုကြောင့် အဆင်ပြေသွားတာပါ "

လီယန်ချူက ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

ဒွမ်းမူရွှမ်းက ပါးစပ်ကို ပိတ်ကာ ရယ်မောပြီး

"တာအိုဆရာက စကားပြောတာ တကယ်ကို ရယ်စရာ ကောင်းတာပဲ"

ဟု ဆိုသည်။

ထိုအမျိုးသမီးမှာ လှုပ်ရှားမှုတိုင်းတွင် ဆွဲဆောင်မှု ရှိနေပြီး၊ ထိုခံစားချက်က လီယန်ချူအား ပြည့်တန်ဆာရုံ မှ အလှဆုံး အမျိုးသမီးနှင့် ဆင်တူသည်ဟု ခံစားရစေသည်။

တင်းရုံက ဒွမ်းမူရွှမ်းကို စောင်းကြည့်လိုက်ပြီး မျက်နှာကို တင်းထားလိုက်သည်။

အကြောင်းမဲ့ ဒွမ်းမူရွှမ်းအပေါ် ရန်လိုမှု အနည်းငယ် ဖြစ်ပေါ်လာသည်။

အေးစက်စက် ညည်းတွားလိုက်သည်။

ဒွမ်းမူရွှမ်းက ရယ်မောလျက်

"တင်းမိန်းကလေး စိတ်မဆိုးပါနဲ့၊ ကျွန်မက ရှင်ရဲ့ လူကို လုယူဖို့ စိတ်ကူး မရှိပါဘူး စိတ်ချပါ "

တင်းရုံ၏ မျက်နှာမှာ နီရဲသွားပြီး

"ရှင် ဘာတွေ ပြောနေတာလဲ၊ ကျမတို့က သူငယ်ချင်းတွေ ပဲ "

ဟု ဆိုသည်။

ဒွမ်းမူရွှမ်းက မျက်တောင်ခတ်လိုက်ပြီး

"ကျမက ဘယ်သူ့ကို ပြောတာလဲလို့ ပြောလို့လား"

ဟု မေးသည်။

တင်းရုံက ဒွမ်းမူရွှမ်းကို ဒေါသတကြီး ကြည့်လိုက်သည်။

ဒွမ်းမူရွှမ်းမှာ ရယ်မောလိုက်သဖြင့် ခန္ဓာကိုယ်မှာ လှုပ်ခါနေပြီး စိတ်ဓာတ် အလွန် ကောင်းမွန်နေပုံရသည်။

"နှစ်ယောက်လုံး ညနက်နေပြီမို့ ကျမ မနှောင့်ယှက်တော့ပါဘူး "

တရားရုံးတော်က အောင်မြင်မှုကို အလေးပေးသည်။

ဒီည ချင်းဟွမ်ဂိုဏ်းမှ လူယုတ်မာများကို သတ်ဖြတ်လိုက်နိုင်ပြီ

သူမအတွက်လည်း ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

တင်းရုံ၏ မျက်နှာတွင် နီရဲမှုအနည်းငယ် ပေါ်လာပြီး အေးစက်စက် ညည်းလိုက်သည်။

သူမကို ဒွမ်းမူရွှမ်းနှင့် စကားပြောခိုင်းလျှင် တကယ်ကို သူမ၏ ပြိုင်ဘက် မဟုတ်ပေ။

ဒွမ်းမူရွှမ်းက တင်းရုံ ၏ ဘေးမှ ဖြတ်သွားသောအခါ တိုးတိုးလေး ပြောလိုက်သည်။

"တင်းမိန်းကလေး လှပတဲ့ တာအိုမလေးတွေကို ယောက်ျားတွေက အရမ်း စိတ်ဝင်စားကြတယ်၊ ရှင် အမြန်ဆုံး လုပ်ဖို့ လိုလိမ့်မယ်၊ မဟုတ်ရင် နောင်အခါမှာ ပြိုင်ဘက်တွေ ပိုများလာလိမ့်မယ် "

တင်းရုံ အလွန် ဒေါသထွက်သွားသည်။

"ဘာတွေ လျှောက်ပြောနေတာလဲ "

ချက်ချင်းပင် မြင်းမြီးယပ် ဖြင့် ရိုက်ချလိုက်သည်

တောက်ပသော အလင်းတန်း ထွက်ပေါ်လာပြီး လေကို ခွင်းသွားသည့် အသံဖြင့်

ဒွမ်းမူရွှမ်းမှာ ဝါဂွမ်းကဲ့သို့ ပေါ့ပါးစွာဖြင့် တိုက်ရိုက် ပျံသန်းသွားသည်။

သူမ၏ ပုံသဏ္ဍာန်မှာ ညမှောင်ထဲတွင် ပျောက်ကွယ်သွားသည်။

ရှန်းကျီး ရာအိုဆု

ညတွင် ပုန်းကွယ်ခြင်း။

ကောင်းကင်တွင် သူမ၏ ငွေခေါင်းလောင်းသံကဲ့သို့ ရယ်မောသံ ထွက်ပေါ်လာသည်။

ဒီမိန်းမက နည်းနည်း ရူးနေသလား လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်။

လှပပေမယ့်လည်း အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေ ရှိနေတယ်။

တင်းရုံ ခြေလှမ်းရပ်လိုက်သည်။

လိုက်သွားခြင်း မရှိပေ။

လီယန်ချူကို တစ်ချက် ပြန်ကြည့်လိုက်သည်။

မူလက သူမသည် လီယန်ချူကို ဂရုစိုက်ရန် ကျန်ခဲ့ခြင်း ဖြစ်သည်။

ဒွမ်းမူရွှမ်းက အခုလို ပြောလိုက်သောအခါ ရှက်တတ်သော တင်းရုံမှာ အနည်းငယ် အနေရခက်သွားသည်။

"ရှင်....ရှင် အဆင်ပြေရင် ကျွန်မလည်း ပြန်တော့မယ် "

လီယန်ချူ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

အမှန်တော့

တင်းရုံ၏ စိတ်ထဲတွင် လီယန်ချူနှင့် အိပ်ရာပေါ် လူးလှိမ့် (လိင်ဆက်ဆံ) ဖို့ အဆင်သင့် ဖြစ်နေနိုင်သည်။

လီယန်ချူကလည်း အချစ်ရေးကို နားမလည်သူ မဟုတ်ပေ။

သို့သော်

ဒီည လီယန်ချူမှာ ထိုကဲ့သို့သော စိတ်ကူး မရှိပေ။

သူ့၏ အာရုံစိုက်မှုမှာ ရှန်ကွမ်းကျင်း၏ လက်ထဲတွင် ရှိသော ရှေးဟောင်း ပေတံပေါ်တွင်သာ ရှိသည်။

တင်းရုံ အနည်းငယ် စိတ်ပျက်သွားသည်။

ခြေလှမ်းများကို ဖြည်းညှင်းစွာ လှမ်းကာ

လှည့်၍ တရားထိုင်ခန်းထဲမှ ထွက်သွားသည်။

အလှပဆုံး အမျိုးသမီး နှစ်ဦး ထွက်ခွာသွားပြီးနောက် လီယန်ချူမှ ရွှမ်းကွမ်းချီကို စတင် လေ့လာနိုင်သည်။

ရွှမ်းကွမ်းချီ

အရှည်မှာ သုံးဆယ် စင်တီမီတာ ခန့် ရှိသည်။

ပုံစံမှာ ရှေးဆန်သည်။

အပေါ်တွင် ရှုပ်ထွေးသော မန္တန်စာလုံးများ ထွင်းထုထားပြီး

အရောင်ငါးမျိုးရှိသော အလင်းတန်းများ ထွက်ပေါ်နေကာ လှပတောက်ပလှသည်။

အခန်း (၃၀၀) - ကောင်းကင်ကြီးက ထမင်းခွံ့ကျွေးခြင်း ၊ တံဆိပ်ခတ်နှိပ်ချက် လျော့ရဲလာခြင်း ၊ တရားစာပေတိုက်ရှိ လူငယ်ရဟန်း

"ဒါက ကန့်သတ်ချက်တွေ ရှိပေမယ့် ကောင်းကောင်း အသုံးပြုတတ်ရင် ထူးခြားတဲ့ အစွမ်းတွေ ရှိတာပဲ "

သူက မိမိဘာသာ ရေရွတ်လိုက်သည်။

ရွှမ်းကွမ်းချီမှာ မှော်ပစ္စည်းတွေကို ရိုက်ချနိုင်သော်လည်း လက်နက်အမျိုးအစားများအတွက်မူ အစွမ်းမရှိပေ။

ပြီးတော့ ရွှမ်းကွမ်းချီ ရှိနေရုံနဲ့လည်း မနိုင်မရှုံး ဖြစ်မည်မဟုတ်ပါ။

ဒါက အလိုအလျောက် ဖြစ်နေတာ မဟုတ်ဘဲ ကျင့်ကြံသူ၏ စိတ်ဆန္ဒဖြင့် ထိန်းချုပ်ပေးရသည်။

ဒါကြောင့် ရှန်ကွမ်းကျင်းက လီယန်ချူ၏ ကျန့်ကျောင်း ဓားကို ရွှမ်းကွမ်းချီနဲ့ ရိုက်ချမနေခြင်း ဖြစ်သည်။

ဒါကြောင့်လည်း လီယန်ချူ၏ ရှစ်ခွင်မှန်ဖြင့် ရုတ်တရက် တိုက်ခိုက်မှုကို မကာကွယ်နိုင်ဘဲ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။

ပြီးတော့ ရွှမ်းကွမ်းချီက အဆောင် များအတွက်လည်း အစွမ်းမရှိပေ။

ကန့်သတ်ချက်များစွာ ရှိနေသော်လည်း

၎င်းက အလွန် အစွမ်းထက်သော မှော်ပစ္စည်းတစ်ခု ဖြစ်ကြောင်း ဖုံးကွယ်၍ မရနိုင်ပေ။

ရှန်ကွမ်းကျင်းကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ကုသိုလ် မှတ်(၈,၀၀၀) ရရှိသည်။

၎င်းကလည်း စိတ်ပျော်ရွှင်စေသော အချက်ပင်။

သို့သော်

စေတီအောက်တွင် ဖိနှိပ်ထားသော မိစ္ဆာက လီယန်ချူ၏ စိတ်ထဲတွင် လေးလံမှုတစ်ခု ဖြစ်စေသည်။

"ကျင်းကွမ်းကျောင်းတော်က သတ်ပစ်လိုက်ခြင်းမရှိဘဲ ဖိနှိပ်ထားတဲ့ မိစ္ဆာက ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ "

အကယ်၍ ထိုရဟန်းကြီးများက သူတို့၏ နောက်မျိုးဆက်ကို ထောင်ချောက်ဆင်ထားခြင်း မဟုတ်ပါက၊

အကြောင်းရင်းတစ်ခုတည်းသာ ရှိလိမ့်မည်။

သတ်လို့ မရခြင်း

ဒါက အနည်းငယ် ကြောက်လန့်ဖွယ် ကောင်းလှသည်။

လီယန်ချူ စဉ်းစားနေစဉ်အတွင်း။

ယွန်နျန်း၏ အရပ်ရှည်ရှည် ပုံရိပ်က အခန်းထဲသို့ ရောက်လာသည်။

"တာအိုဆရာ၊ ကျွန်မ ပြန်ရောက်ပါပြီ "

"အင်း "

ယွန်နျန်းက သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများကို ပြူးကြည့်ကာ လီယန်ချူကို စိုက်ကြည့်နေသည်။

လီတာအိုဆရာက သူမအပေါ် အရမ်း ဂရုမစိုက်တာပဲ။

"ဟင် "

"အခန်းထဲက အရမ်း ပူလိုက်တာ၊ တကယ်ကို နေရခက်တဲ့အထိ ပူတယ်နော် "

ယွန်နျန်းက ချွဲနွဲ့ကာ ပြောလိုက်သည်။

တစ်ဖက်တွင်လည်း လက်ချောင်းနုနုလေးများဖြင့် ဆံပင်ကို သပ်ရင်း သူမကိုယ်သူမ လေယပ်ပေးနေသည်။

လီယန်ချူက ခေါင်းကို အနည်းငယ် မော့လိုက်သည်။

မျက်လုံးမှာ ထူးဆန်းနေသည်။

ဒီမိန်းမ နေမကောင်းဘူးလား။

ဒီလိုရာသီဥတုမှာ ညဘက်ဆို အရမ်းအေးတာကို၊ ပူတယ်ဆိုတာ ဘယ်လိုဖြစ်ရတာလဲ။

ပြီးတော့ မင်းကိုယ်မင်း နုနယ်တဲ့ မိန်းကလေးလို့ ထင်နေတာလား

မင်းက သစ်ပင်ဝိညာဉ်လေ

ယွန်နျန်းက မျက်တောင် ခတ်လိုက်ပြီး သူမ၏ ချောမောသော မျက်နှာပေါ်တွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။

"အရမ်းပူတာပဲ "

သူမက လက်မောင်းကို ဆန့်ထုတ်လိုက်ရာ နှင်းဆီရောင်သန်းသည့် လက်ကောက်ဝတ်လေး ပေါ်လာပြီး ဆွဲဆောင်မှုရှိစွာဖြင့် လီယန်ချူရှေ့တွင် လှုပ်ရှားပြလိုက်သည်။

လီယန်ချူ၏ အကြည့်များက ယွန်နျန်း၏ လက်ကောက်ဝတ်ဆီသို့ ရောက်သွားသည်။

အပေါ်တွင် ပုတီးစေ့တစ်ကုံး ဝတ်ဆင်ထားသည်။

တစ်ချက်ကြည့်လိုက်လျှင် သာမန်အတိုင်းသာ။

သို့သော် စူးစိုက်ကြည့်လိုက်သောအခါ။

၎င်းထဲတွင် အစွမ်းထက်သော စွမ်းအားတစ်ခု စုဝေးနေသည်။

ဒါက မှော်ပစ္စည်းတစ်ခုပင်

ပြီးတော့ သုံးကြိမ်တိုင်တိုင် အဆင့်မြင့်ထားသော ကျန့်ကျောင်းဓား နှင့် မနိမ့်ကျသော ဝိညာဉ်ဓာတ်မျိုး ရှိနေသည်။

"ဟင် "

"ဒီပစ္စည်းက ဘယ်ကရတာလဲ "

လီယန်ချူက အံ့အားသင့်စွာ မေးလိုက်သည်။

ယွန်နျန်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့်

"ခုနက ကျွန်မ တစ်ဖက်မှာ ပုန်းနေပြီး လူတွေ ထွက်သွားမှ ပြန်လာတာပါ၊ ဒါပေမဲ့ အဆောက်အအုံငယ်တစ်ခုကို ဖြတ်သွားတဲ့အခါ ဒီပုတီးက ရုတ်တရက် ပျံထွက်လာပြီး ကျွန်မလက်ထဲကို ကျလာလို့ ယူလာခဲ့တာပါ၊ တာအိုဆရာကို ပေးဖို့အတွက်ပါ"

ဟု ပြောသည်။

စကားပြောပြီးသည်နှင့် ယွန်နျန်းက လက်ကောက်ဝတ်မှ ပုတီးကို ချွတ်ကာ လီယန်ချူကို ပေးလိုက်သည်။

မျက်နှာပေါ်တွင် ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။

ပုံစံက

"ကျွန်မကို ချီးကျူးပါ ၊ ကျွန်မကို ချီးကျူးပါ "

ဟု ရေးထားသလိုပင်။

ဒါက ကောင်းကင်ကြီးက ထမင်းခွံ့ကျွေးတာမျိုးလား... လီယန်ချူက ပုတီးကို လက်ခံယူလိုက်ပြီး အနည်းငယ် ပြုံးကာ

"ယွင်နျန်း မဟုတ်လား၊ ရတနာတွေကို ဘယ်လို ရှာရမလဲဆိုတာ သိနေတယ်၊ သိပ်တော်တာပဲ "

ဟု ပြောလိုက်သည်။

"ကျွန်မ"

"ယွန်နျန်း"

ယွင်နျန်း၏ မျက်လုံးများ တောက်ပသွားပြီး

"ကျမက ကံကောင်းတာပါ၊ ကောင်းတဲ့ပစ္စည်းတွေဆိုရင် တာအိုဆရာကိုပဲ အမြဲ သတိရမိပါတယ်"

ဟု ရယ်မောပြောဆိုသည်။

"ကျွန်မ"

"ယွန်နျန်း"

ဘယ်တော့မှ ဂုဏ်ယူမနေပါ

လီယန်ချူက အသံထွက်ကာ ရယ်မောလိုက်သည်။

ယွန်နျန်းကို အားပေးသည့် အကြည့်တစ်ခု ပေးလိုက်သည်။

ဒီပုတီးက ဗုဒ္ဓဘာသာ ရဟန်းကြီးတစ်ပါး၏ ပစ္စည်းဖြစ်မှာ သေချာသည်။

အလိုအလျောက် ပျံထွက်လာပြီး ယွန်နျန်းကို ရှာဖွေရခြင်းမှာ ကျင်းကွမ်းကျောင်းတော်၏ တည်ထောင်သူမှ ယွန်နျန်းကို ကောင်းချီးပေးခဲ့ဖူး၍ ဖြစ်နိုင်သလော။

လီယန်ချူက စိတ်လှုပ်ရှားစွာဖြင့်

"ဘယ်နေရာက အဆောက်အအုံငယ်လဲ"

ဟု မေးသည်။

"အပေါ်မှာ တရားစာပေတိုက် လို့ ရေးထားပါတယ်"

"ဟူးးးး"

လီယန်ချူက အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။

အကြည့်များ ပြောင်းလဲသွားသည်။

တရားစာပေတိုက်

အဲဒါက ကျင်းကွမ်းကျောင်းတော်၏ တားမြစ်နယ်မြေ (၂) ခုထဲမှ တစ်ခုပင်။

သူက ပုတီးကို ယွန်နျန်းဆီ ပြန်ပေးလိုက်သည်။

"ဒီပုတီးက ဗုဒ္ဓဘာသာ မှော်ပစ္စည်းမို့ မင်းနဲ့ တစ်စုံတစ်ရာ ကံကြမ္မာ ပါနေမှာပါ၊ မင်းပဲ သိမ်းထားလိုက်ပါတော့ "

"ဒါပေမဲ့ ကျမက တာအိုဆရာကိုပဲ ပေးချင်တာပါ "

"စေတနာကို လက်ခံပါတယ်၊ မနက်ဖြန် တောင်အောက်ကို ဆင်းကြမယ်၊ စျေးထဲမှာ ကောင်းကောင်း လည်ပတ်ကြမယ် "

ယွန်နျန်းက မျက်လုံးတောက်ပသွားပြီး နာခံစွာ ခေါင်းညိတ်လိုက်သည်။

သူမက ကျေနပ်အားရစွာဖြင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နဂါးကျားရွှေအမြုတေ ထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

လီယန်ချူက သက်ပြင်းချလိုက်သည်။

မိစ္ဆာ၏ စွမ်းအားကို ရှာဖွေနိုင်ပြီး ရတနာများကို အလိုအလျောက် ရှာပေးနိုင်သည်။

ခိုင်းသမျှ လုပ်သည်။

ဇာတ်လမ်းနားထောင်ပြီး စျေးလျှောက်ဝယ်တာနဲ့တင် ကျေနပ်သည်။

ယွန်နျန်းကတော့ အကောင်းဆုံး လက်ထောက်ပဲ။

သူက ခေါင်းခါလိုက်ပြီး ရင်ခွင်ထဲမှ ပုလဲ ကို ထုတ်ယူကာ စေ့စေ့ကြည့်လိုက်သည်။

ဒီပစ္စည်းက ရှန်ကွမ်းကျင်းက ကျင်းကွမ်းကျောင်းတော်၏ တံဆိပ်ခတ်နှိပ်ချက်ကို ဖျက်ဆီးရန် သုံးခဲ့တာ ဖြစ်သည်။

အစွမ်းမှာ ကြီးမားလှသည်။

သို့သော်

လီယန်ချူက ဒီရတနာမှာ ရိုးရှင်းမည် မဟုတ်ဟု ထင်မိသောကြောင့် ချက်ချင်း မသန့်စင်သေးပေ။

၎င်းကို သိမ်းဆည်းလိုက်သည်။

"ဒီတစ်ခေါက် ကျင်းကွမ်းကျောင်းတော်ကို လာရတာ တန်လိုက်တာ "

လီယန်ချူက အခန်းထဲတွင် အလွန် ပျော်ရွှင်နေသည်။

နဂါးကျား ရွှေအမြုတေ နည်းလမ်း၊ ကောင်းကင်နှင့် မြေကြီး၏ အစွမ်း၊ ပညာရှိ၏ လက်ရေးစာ၊ နဂါးကျား ရွှေအမြုတေ၊ ဗောဓိဆေးလုံး၊ ခန္ဓာကိုယ်သန့်စင်ဆေးလုံး၊ ရွှမ်းကွမ်းချီ၊ ဖိတွန်းသော ပုလဲ

ယွန်နျန်းကဲ့သို့သော စွမ်းအားကြီးသော လက်ထောက်နှင့်အတူ။

မိစ္ဆာများကို သတ်ဖြတ်ခြင်းဖြင့် ရရှိသော ကုသိုလ်မှတ် များ။

တကယ့်ကို ရိတ်သိမ်းချိန်ပဲ

"မနက်ဖြန် ကျင်းကွမ်းကျောင်းတော်ကနေ ထွက်ခွာမယ်၊ ဒီနေရာက မငြိမ်သက်ဘူး "

သူက မိမိဘာသာ ရေရွတ်လိုက်သည်။

ကျင်းကွမ်းကျောင်းတော်ထဲသို့ ပုန်းလျှိုဝင်ရောက်လာသော ချင်းဟွမ်ဂိုဏ်းမှ လူယုတ်မာများ၊ ယုရှုဆရာတော်ကို ဒဏ်ရာရစေခဲ့သော မိန်းကလေး၊ ကျင်းကွမ်းကျောင်းတော်၏ ကုသိုလ်တောအုပ်တွင် ဖိနှိပ်ထားသော ကြောက်မက်ဖွယ် မိစ္ဆာများ။

ပြီးတော့ စိတ်မိစ္ဆာဝင်နေသော လူငယ်ကျောင်းထိုင်ဆရာတော် ဝူစဲ။

ရုတ်တရက် ပေါ်လာသော မိစ္ဆာများ။

ဒီအရာအားလုံးက။

ကျင်းကွမ်းကျောင်းတော်၏ အခြေအနေမှာ အလွန် နက်နဲလှပြီး တစ်နေ့နေ့တွင် အကွက်ချခံရနိုင်သည်ဟု လီယန်ချူက ခံစားရသည်။

အကျိုးအမြတ်တွေ အများကြီး ရထားပြီးပြီ။

ထွက်သွားတာပဲ ကောင်းပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိစ္ဆာတွေကို သတ်ဖြတ်ပြီးပြီ၊ ကျင်းကွမ်းကျောင်းတော်၏ ဘေးဒုက္ခကိုလည်း ဖြေရှင်းပေးခဲ့ပြီ။

အခု ထွက်သွားရင်လည်း ဘယ်သူမှ ဘာမှ ပြောနိုင်မှာ မဟုတ်ဘူး။

သူက အိပ်ရာပေါ်တွင် ထိုင်ကာ အသက်ရှူနှုန်းကို ထိန်းချုပ်လိုက်သည်။

ဟွမ်ထင် တာအိုကျမ်း ကို စတင် ကျင့်ကြံသည်။

ဒီကျင့်စဉ်မှာ တည်ငြိမ်ပြီး အစပြုရန် ခက်ခဲကာ ကျင့်ကြံရသည့် အရှိန်မှာလည်း မမြန်သော်လည်း အမြင့်ဆုံး အဆင့်မှာမူ အလွန်မြင့်မားသည်။

ထူးခြားသည့် မိုးကြိုး၊ မီးလျှံ အစွမ်းများ မရှိသော်လည်း။

အလွန် နက်နဲလှသည်။

လီယန်ချူတွင် နောက်ပိုင်း၌ ထိုကျင့်စဉ်၏ ထူးခြားချက်များ ပေါ်လာလိမ့်မည်ဟူသော အာရုံခံစားမှု ရှိနေသည်။

တဖြည်းဖြည်းနှင့် သမာဓိ တည်ငြိမ်သွားကာ စိတ်ဝိညာဉ် ငြိမ်းချမ်းသွားသည်။

တဖြည်းဖြည်းနှင့် စိတ်ရှုပ်ထွေးမှုများ ငြိမ်းအေးသွားသည်။

စိတ်အခြေအနေ ဆိုတာ။

နက်နဲလှသည်။

သို့သော် ဂရုမစိုက်မိပါက အောက်တန်းကျသွားနိုင်သည်။

စိတ်မိစ္ဆာ မဝင်နိုင်သော်လည်း စိတ်အခြေအနေ မှားယွင်းပါက အသုံးချခံရလွယ်သည်။

လီယန်ချူက မိစ္ဆာနှိမ်နင်းရာတွင် ပြတ်သားပြီး ယောက်ျားပီသသော စွမ်းအားများ ရှိသည်။

ရဲရင့်သည်ဟု ထင်ရသော်လည်း။

သတ်ဖြတ်လိုစိတ်ဖြင့် ထိန်းချုပ်ခံရပါက စိတ်မိစ္ဆာဝင်ပြီး ယိုယွင်းသွားနိုင်သည်။

ဟွမ်ထင် တာအိုကျမ်းမှာ မကောင်းသော စိတ်ဓာတ်များကို ဖယ်ရှားပေးပြီး စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းပေးနိုင်သည်။

ဒီရှုထောင့်က ကြည့်ရင်။

ဒီကျင့်စဉ်က လီယန်ချူနှင့် အလွန် ကိုက်ညီသည်။

ကျင့်ရတာ နှေးပေမယ့် ဘယ်တော့မှ အမှားမဖြစ်နိုင်ဘူး။

နောက်ကျောဘက်ရှိ ကုသိုလ် တောအုပ်

မျက်ခုံးဖြူဖြူနှင့် နားရွက်ကြီးကြီး ရှိသော ရဟန်းကြီးတစ်ပါးက မိစ္ဆာကို ဖိနှိပ်ထားသော စေတီရှေ့တွင် ရပ်နေသည်။

သူ့နောက်တွင် ကျင်းကွမ်းကျောင်းတော်မှ ရဟန်းကြီး (၄) ပါး ရှိသည်။

သူတို့က အတူတကွ မန္တန် ရွတ်ဆိုကာ တံဆိပ်ခတ်နှိပ်ချက်ကို ပြန်လည် ခိုင်ခံ့စေခဲ့ခြင်း ဖြစ်သည်။

အကြီးအကဲ ရဟန်းကြီးမှာ ကျင်းကွမ်းကျောင်းတော်၏ ယုရှု ရဟန်းကြီး ဖြစ်သည်။

တတိယအဆင့် ယန်ဝိညာဉ် ကျင့်ကြံသူ

"ကျင်းကွမ်းကျောင်းတော်မှာ ဆက်တိုက်ဆိုသလို ပြဿနာတွေ ဖြစ်နေတာ၊ ဒီဘေးဒုက္ခက မပြီးဆုံးသေးဘူး၊ ဒါက ဝူစဲ ကြောင့် ဖြစ်တာလား "

သူ့မျက်နှာတွင် စိုးရိမ်မှုများ ရှိနေသည်။

ရုတ်တရက် အမူအရာ ပြောင်းသွားသည်။

"သွားကြ "

"လောဟန် မိစ္ဆာနှိမ်နင်းရေး အစီအရင်ဆီ သွားမယ်"

သူ အာရုံခံလိုက်မိသည်မှာ အစီအရင်ထဲရှိ ဝူစဲ ၏ အခြေအနေမှာ တည်ငြိမ်မှု မရှိတော့ခြင်းပင်။

ယုရှု ရဟန်းကြီးနှင့် ရဟန်းကြီး (၄) ပါးတို့မှာ အလျင်အမြန် ပျံသန်းသွားကြသည်။

ခိုင်ခံ့သည်ဟု ထင်ရသော တံဆိပ်ခတ်နှိပ်ချက်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။

ကုသိုလ် တောအုပ်အပြင်ဘက်

ကင်းလှည့်နေသော ရဟန်းတစ်ပါးက ရုတ်တရက် ယိုင်သွားပြီး ခေါင်းငုံ့သွားသည်။

"ညီတော် ရှူးမင်း၊ အဆင်ပြေရဲ့လား "

ရဟန်းအချို့က ဂရုတစိုက် မေးမြန်းသည်။

ရှူးမင်း ရဟန်းက ခေါင်းမော့လိုက်သည်။

ပြုံးရွှင်စွာဖြင့်။

"အဆင်ပြေပါတယ်၊ ကင်းလှည့်တာ ဆက်လုပ်ကြရအောင် "

တရားစာပေတိုက်တွင်

နှုတ်ခမ်းနီ၊ သွားဖြူနှင့် လူငယ်ရဟန်းတစ်ပါးက ရုတ်တရက် ခေါင်းမော့လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

သို့သော် မကြာမီ။

ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ခေါင်းကို ကုတ်လိုက်ပြီး

ခုနက ဘာမှ မဖြစ်ခဲ့သလိုပင်

မျက်လုံးကို မှိတ်ကာ။

တရားဆက်လက် ရွတ်ဆိုနေသည်။

All Chapters