← Chapters

အခန်း (၁၂၉၁-၁၂၉၂)

Vol. 130 Ch. 1291-1292

အခန်း (၁၂၉၁-၁၂၉၂)

Vol. 130 Ch. 1291-1292

အခန်း (၁၂၉၁) - တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ စကားပြောကြရအောင်

​ခုံးမင်မြက် သည် ကောင်းကင်မသေမျိုးလမ်းကြောင်း ၏ အဆင့် (၄) မသေမျိုး နတ်ဆေးပင်ဖြစ်ပြီး၊ ကောင်းကင်မသေမျိုးလမ်းကြောင်းတွင် အဆင့် (၇) မသေမျိုးအထိ တက်လှမ်းနိုင်ကြောင်း သိရှိထားပြီး ဖြစ်သည်။

​၎င်းက ဆိုလိုသည်မှာ ကောင်းကင်မသေမျိုးလမ်းကြောင်းသည် အနည်းဆုံး ရှေးဟောင်းမသေမျိုး အဆင့်အထိ တက်လှမ်းနိုင်ပြီး၊ အဆင့် (၄)၊ (၅) သို့မဟုတ် (၆) အထိသာ တက်လှမ်းနိုင်သည့် အခြားသော မသေမျိုးကျင့်စဉ်လမ်းကြောင်းများထက် ပိုမိုအားကောင်းကြောင်း ပြသနေသည်။

​သို့သော် ကောင်းကင်မသေမျိုးလမ်းကြောင်း၏ ပြည့်စုံသော ကျင့်စဉ်အမွေအနှစ်မှာ အထက်ပိုင်း (၃) နယ်မြေရှိ အချို့သော ဂိုဏ်းကြီးများတွင်သာ ရှိသည်။

အောက်ပိုင်း (၆) နယ်မြေတွင်မူ ထိုလမ်းကြောင်းကို သိရှိသူ အလွန်နည်းပါးပြီး အဆင့် (၄) နှင့် (၅) အတွက် လိုအပ်သော နတ်ဆေးပင်များကိုသာ သိရှိကြသည်။

​"အနာဂတ်မှာ အဆင့် (၅)၊ (၆) မသေမျိုး နတ်ဆေးပင်တွေကို အထက်ပိုင်း (၃) နယ်မြေမှာပဲ ရှာရနိုင်ပေမဲ့၊ ကောင်းကင်မသေမျိုးလမ်းကြောင်းရဲ့ အမြင့်ဆုံးအဆင့်က (၇) ဖြစ်နေတာကတင် တခြား ကျင့်စဉ်လမ်းကြောင်းတွေထက် သာလွန်နေတာပါပဲ "

​ကျိတူးခုံးယွမ်က ပြုံးလျက်

"ဒီခုံးမင်မြက်ရဲ့ လေလံဈေးဟာ မသေမျိုးကျောက်တုံး (၃၀၀) ဖြစ်ပြီး တစ်ကြိမ်တိုးရင် (၁၀) တုံးထက် မနည်းရပါဘူး "

​လေလံပွဲ စတင်သည်နှင့် လေလံဆွဲသူများမှာ အလွန်များပြားပြီး၊ ယခုတစ်ကြိမ်တွင် ပွဲတက်ရောက်နေသည့် အဆင့် (၆) မသေမျိုးအရှင်များပင် လေလံဝင်ဆွဲကြသည်။

အခြားသော ကျင့်ကြံသူများလည်း နောက်မတွန့်ကြပေ။

​အပြင်းအထန်ဆုံး လေလံဆွဲသူများမှာ အဆင့် (၃) မသေမျိုးများ ဖြစ်ကြသည်။

သူတို့သည် နှစ်ပေါင်းများစွာ ကျောက်တုံးများကို စုဆောင်းခဲ့သည်မှာ ဤနေ့အတွက် ဖြစ်သည်။

​အချို့သော အဆင့် (၄) နှင့် (၅) မသေမျိုးများမှာလည်း မိမိတို့မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းအတွင်းမှ အဆင့် (၄) သို့ တက်လှမ်းရန် သင့်တော်သည့် မသေမျိုးများအတွက် အဖိုးအခကြီးမားစွာဖြင့် ဝယ်ယူရန် ဆန္ဒရှိကြသည်။

​ဈေးနှုန်းမှာ မကြာမီမှာပင် ကျောက်တုံး (၈၀၀) သို့ ရောက်ရှိသွားပြီး ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

​အကယ်၍သာ ဖန့်ချန်သည် အထက်ပိုင်း (၃) နယ်မြေ ဖိတ်စာကို ဝယ်ယူမထားခဲ့ဘဲ၊ ရန်ကျင်းကိုလည်း မဝယ်ယူခဲ့ပါက သူ၏ ပိုင်ဆိုင်မှုဖြင့် ယနေ့တွင် ထိုခုံးမင်မြက်ကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဖြစ်သည်။

​သို့သော် ဤပစ္စည်းသည် သူ့အတွက် အသုံးဝင်ပုံ အလွန်နည်းလှသည်။

​အပြင်းအထန် လေလံဆွဲပြီးနောက် ခုံးမင်မြက်၏ ဈေးနှုန်းမှာ ကျောက်တုံး (၉၀၀) သို့ ရောက်ရှိသွားသည်။

​ထိြဈေးနှုန်းမှာ အဆင့် (၄) မသေမျိုး နတ်ဆေးပင်အတွက် အမြင့်ဆုံးဈေးနှုန်း ဖြစ်သည်။

အကယ်၍သာ ၎င်းသည် ကမ္ဘာမြေမသေမျိုးသို့မဟုတ် အလောင်းမဲ့မသေမျိုး လမ်းကြောင်းဖြစ်ပါက ကျောက်တုံး (၆၀၀) ကျော်လျှင်ပင် ဝယ်သူမရှိတော့ပေ။

​တက်ရောက်နေသည့် အဆင့် (၆) မသေမျိုးများမှာမူ လေလံဆွဲခြင်းကို စွန့်လွှတ်လိုက်ကြသည်။

သူတို့သည် နောက်မျိုးဆက်အတွက် ဤမျှကြီးမားသော ကျောက်တုံးပမာဏကို မသုံးစွဲလိုကြပေ။

​မသေမျိုးများအတွက် ကျောက်တုံးသည် ကျင့်စဉ်တိုးတက်ရန်သာမက အသက်ရှည်စေရန်အတွက်လည်း မရှိမဖြစ် လိုအပ်သောကြောင့် ဖြစ်သည်။

​မျိုးဆက်တူ သွေးသားအရင်းအချာဖြစ်ပြီး အရည်အချင်း အလွန်ထူးချွန်ကာ နောင်တွင် အဆင့် (၅) သို့မဟုတ် (၆) အထိ တက်လှမ်းနိုင်မည့်သူသာလျှင် ဤမျှကုန်ကျစရိတ်ဖြင့် ပြုစုပျိုးထောင်ရန် ထိုက်တန်သည်။

​နောက်ဆုံးတွင် ကိုယ်ဟန်ဖုံးကွယ်ထားသော ကျင့်ကြံသူတစ်ဦးက ထိုခုံးမင်မြက်ကို သိမ်းပိုက်လိုက်သည်။

​သူသည် လက်တုန်ယင်လျက် ကျောက်တုံးများကို ကျိတူးခုံးယွမ်ထံ ပေးအပ်ခဲ့ပြီး၊ ခုံးမင်မြက်ကို ရရှိသည်နှင့် လူအများရှေ့တွင် တိုက်ရိုက်မြိုချလိုက်ကာ ဝေးကွာသော တည်းခိုခန်းရှိ တိတ်ဆိတ်သည့်အခန်းသို့ ချက်ချင်း ပြေးသွားသည်။

​"ဒီလောက်တောင် သတိထားစရာလိုလို့လား၊ တကယ်ပါပဲ..."

​ကျင့်ကြံသူ အတော်များများက စိတ်ပျက်စွာ ခေါင်းခါလိုက်ကြသည်။

​အမှန်စင်စစ် သူတို့သည်လည်း လေလံပွဲအပြီးတွင် ဤခုံးမင်မြက် ဝယ်ယူသွားသူကို ရှာဖွေ၍ ကံစမ်းကြည့်ရန် စိတ်ကူးရှိကြသည်။

​သို့သော် ယခုအခါ တစ်ဖက်လူက ဆေးမြစ်ကို မြိုချလိုက်ပြီဖြစ်ရာ သူတို့၏ အကြံအစည်မှာ ပျက်ပြားသွားပြီဖြစ်သည်။

​လေလံပွဲမှာ ပြီးဆုံးသွားပြီး ဖန့်ချန်တို့လည်း အသီးသီး ထွက်ခွာသွားကြသည်။

​တည်းခိုခန်းရှိ တိတ်ဆိတ်သည့်အခန်းသို့ ပြန်ရောက်ပြီးနောက်၊ ဝိညာဉ်အသိသည် ကျိထျန်းတုတို့ နှစ်ဦး တည်းခိုရာနေရာသို့ ရောက်ရှိသွားသည်။

​ကျိထျန်းတု၏ မျက်နှာမှာ မြေကြီးကဲ့သို့ ညိုမွဲနေပြီး စကားတစ်ခွန်းမှ မပြောပေ။

​ဆူယာအမျိုးသမီးကလည်း ဘာမှမပြောဘဲ နှစ်ဦးစလုံး တိတ်ဆိတ်နေကြသည်။

ခဏအကြာတွင် ဆူယာအမျိုးသမီးက အေးစက်စက်ဖြင့်

​"ဒီတစ်ကြိမ် တာဝန်ပျက်ကွက်မှုအတွက် ယောက်ျားသည်ဆီမှာ ငါတို့ကိုယ်တိုင် သွားရောက် တောင်းပန်ရမယ် နောက်ပိုင်းမှာတော့ မင်းအစ်ကိုရဲ့ အညစ်အကြေးကင်းစင် မသေမျိုး လမ်းကြောင်း တက်လှမ်းဖို့အတွက် ပါဝင်ခွင့်ရတော့မယ် မထင်ဘူး "

​"မပျက်ကွက်ဘူး "

​ကျိထျန်းတုက ရုတ်တရက် မျက်လုံးကိုဖွင့်၍ ဆူယာအမျိုးသမီးကို စူးစိုက်ကြည့်သည်။

​"ရန်ကျင်းကို ဘယ်သူ ဝယ်သွားလဲဆိုတာ ငါသိတယ် သူ့လက်ထဲကနေ ပြန်လည် သိမ်းပိုက်နိုင်ရင် ကျောက်တုံးတွေ အများကြီး သက်သာသွားလိမ့်မယ် "

​"သူတို့က ကျောက်တုံးတစ်ထောင်ကျော် ပေးနိုင်တာ၊ သာမန်လူမျိုး မဟုတ်ဘူးလေ ငါ့ယောက်ျားရဲ့ ကိစ္စက လျှို့ဝှက်ထားရမှာ သူ့ရဲ့ ရန်သူတွေသာ သိသွားပြီး တစ်ခုခုကို ရိပ်မိသွားရင် ငါတို့ရဲ့ အပြစ်က တာဝန်နှစ်ခု ပျက်ကွက်တာထက် ပိုဆိုးသွားလိမ့်မယ် "

​ဆူယာအမျိုးသမီး၏ အမူအရာမှာ တည်ငြိမ်လှသည်။

​"မဟာမြေ မသေမျိုးအရှင် "

​ကျိထျန်းတု၏ မျက်နှာမှာ မှောင်မိုက်သွားပြီး

"အစ်မ၊ မေ့သွားပြီလား မဟာမြေ မသေမျိုးအရှင်လည်း နန်ချင်းကြယ်တာရာနယ်မြေ မှာ ရှိနေတာပဲ ငါတို့ တည်းခိုတဲ့ တည်းခိုခန်းမှာပဲ နေတာလေ "

​မဟာမြေ မသေမျိုးအရှင်လည်း ဒီတည်းခိုခန်းမှာပဲ နေတာလား

​ဖန့်ချန်၏ မျက်လုံးများ တောက်ပသွားသည်။

အကယ်၍သာ ကျိထျန်းတုမှတစ်ဆင့် မဟာမြေ မသေမျိုးအရှင်ကို တွေ့ဆုံနိုင်လျှင် သူသည် ဝိညာဉ်နတ်ဘုရားဂိုဏ်းမှ လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ် ရှိမရှိ သိနိုင်ပေလိမ့်မည်။

​နတ်ရိုသေနန်းတော် ၏ သတင်းအချက်အလက်အရ ယခုအကြိမ် လေလံပွဲသို့ တက်ရောက်လာသည့် အဆင့် (၅) နှင့် (၆) မသေမျိုး (၉၉) ရာခိုင်နှုန်းမှာ ရှေးဟောင်းမသေမျိုး ရွှေရုပ်အလောင်း ကို လိုချင်၍ လာခြင်း ဖြစ်သည်။

​"အော် သူ့ကို ဘယ်လို လုပ်ခိုင်းမလို့လဲ အရင်က သူကိစ္စ ကူညီပေးတုန်းကတောင် အဆင့် (၄) နတ်ဆေးပင် ပေးမှ သဘောတူခဲ့တာ အခု အဆင့် (၄) ဒါမှမဟုတ် (၅) မသေမျိုးကို သူ့ကို သွားတိုက်ခိုင်းဖို့ ဘယ်လောက် ပေးရမလဲ ထင်လဲ "

​ဆူယာအမျိုးသမီးက ပြုံးလျက် မေးသည်။

​"မဟာမြေ မသေမျိုးအရှင်ကို အကူအညီတောင်းမှာ မဟုတ်ဘူး ငါတို့ တာဝန် ပျက်ကွက်ခဲ့တာ သူနဲ့လည်း ဆိုင်တယ်၊ ဘယ်လိုလုပ် အတူတူ ထပ်လုပ်နိုင်မှာလဲ "

​ကျိထျန်းတု၏ မျက်လုံးထဲတွင် အကြံအစည်များ ပေါ်လာသည်

"နတ်မင်းနန်းတော် က သူ့ကို လိုက်ရှာနေတာ မဟုတ်လား ငါတို့ ကြယ်မိုးမသေမျိုးအရှင် နဲ့ ပူးပေါင်းလို့ရတယ် သူ့နောက်မှာ ထိုင်ရွှီ မသေမျိုးအရှင် ရှိသေးတယ် သူတို့လိုမျိုး ရှေးဟောင်းမသေမျိုး အဆင့် နီးပါးရှိသူတွေက မသေမျိုးလောကငယ်ထဲမှာတောင် အဆင့်အတန်း မြင့်မားသူတွေပဲ သူတို့သာ လုပ်ပေးရင် ရန်ကျင်းက ငါတို့လက်ထဲ ရောက်မှာပဲ "

​ဆူယာအမျိုးသမီး ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်သည်။

​"ဟုတ်တယ်၊ ကြယ်မိုးမသေမျိုးအရှင်နဲ့ ပူးပေါင်းကြည့်လို့ရတယ် သူသာ လုပ်ပေးရင် ပိုသေချာတယ် ထိုင်ရွှီ မသေမျိုးအရှင်လို အစွမ်းထက်သူတွေက ငါတို့ ကျိမျိုးနွယ်ရဲ့ အင်အားကို သိပြီး အလျှော့ပေးနိုင်တယ် "

​ခဏရပ်ပြီး

"မဟာမြေ မသေမျိုးအရှင်ရဲ့ ခြေရာကို ပြောပြရုံနဲ့ မလုံလောက်ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က ရှေးဟောင်းမသေမျိုး ရွှေရုပ်အလောင်း ဖြစ်နိုင်တယ် ကျောက်တုံးတွေ များများပေးနိုင်ရင် ပိုကောင်းမယ် မဟာမြေမသေမျိုးအရှင် အကြောင်းနဲ့ ကျောက်တုံး (၅၀၀) ဆိုရင် စကားပြောလို့ ရမယ် ဒီကိစ္စကို မင်းပဲ ကိုင်တွယ်လိုက်၊ ငါ မလိုက်တော့ဘူး "

​ဆူယာအမျိုးသမီးက ကျောက်တုံး (၇၀၀) ကို ထုတ်ပေးလိုက်သည်။

​"၇၀၀ လား "

​"၇၀၀ က အမြင့်ဆုံးပဲ အဲဒီထက်ကျော်ရင် သူတို့က ကျိမျိုးနွယ်ကို အရေးမစိုက်ဘူးလို့ မှတ်ယူရမယ် ဒါကိုယူသွားပြီး မဟာမြေ မသေမျိုးအရှင်နဲ့ ပူးပေါင်းလိုက်ပါ ဝိညာဉ်နတ်ဘုရားဂိုဏ်းလည်း ရှေးဟောင်းမသေမျိုး ရွှေရုပ်အလောင်းကိုပဲ လိုချင်နေတာ ဖြစ်မယ် "

​ကျိထျန်းတု ခေါင်းညိတ်ပြီး ကျောက်တုံးကိုယူ၍ တည်းခိုခန်းမှ ထွက်သွားသည်။

​ကြယ်မိုး မသေမျိုးအရှင်တို့၏ တည်းခိုရာကို လူတိုင်း သိကြပြီး သူတို့သွားလာမှုမှာလည်း လျှို့ဝှက်ချက်မရှိပေ။

ကျိထျန်းတုအတွက် သူတို့ကို တွေ့ဆုံရန် မခက်ခဲပေ။

လမ်းတွင် သူသည် မည်သို့ ပြောဆိုရမည်ကို စဉ်းစားနေသည်။

​သို့သော် လမ်းတစ်ဝက်တွင် အကျွမ်းတဝင်ရှိသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။

​ကျိထျန်းတု၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ပုံရိပ်တစ်ခု ထွက်သွားသည်နှင့် အခြားတစ်ဦး၏ ရှေ့သို့ သွား၍ ပြုံးလျက်

​"ဖန့် မိတ်ဆွေ "

​"မင်းကိုး၊ တစ်ခုခု လိုလို့လား "

​ဖန့်ချန်က အေးဆေးစွာ မေးသည်။

​"ငါ ရုတ်တရက် သတိရလိုက်လို့၊ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး အချို့ ရောင်းချင်သေးတယ်၊ ဖန့် မိတ်ဆွေ စိတ်ဝင်စားမလား "

​ကျိထျန်းတုက ပြောသည်။

​ဖန့်ချန်၏ မျက်နှာတွင် ပျော်ရွှင်ဟန် ပေါ်လာပြီး

"စိတ်ဝင်စားတာပေါ့၊ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ သွားပြောကြရအောင် "

အခန်း (၁၂၉၂) - မင်းမှာ ငါနဲ့ အရောင်းအဝယ်လုပ်ဖို့ အရည်အချင်းမရှိဘူး

​ဖန့်ချန် တည်းခိုနေသည့် တည်းခိုခန်းသည် မသေမျိုးဆွေးနွေးပွဲ တွင် အလယ်အလတ်အဆင့်မျှသာ ရှိပြီး၊ တည်နေရာမှာလည်း အနည်းငယ် ခေါင်ကျ သီးသန့်ဆန်လှသည်။

ကျိထျန်းတုသည် ဖန့်ချန်နှင့် ရယ်မောစကားပြောရင်း တည်းခိုခန်းအတွင်းသို့ ဝင်ရောက်လာကာ တိတ်ဆိတ်သည့်အခန်း သို့ ရောက်ရှိလာသည်။

​"မိတ်ဆွေ၊ ခင်ဗျားရဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တွေက ဘယ်မှာလဲ ထုတ်ပြပါဦး၊ ကျုပ် ကြည့်ချင်တယ်"

ဟု ဖန့်ချန်က စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

​ကျိထျန်းတုသည် အနည်းငယ် ပြုံးလိုက်ပြီးနောက်

"ဖန့် မိတ်ဆွေ၊ ကျောက်တုံးတွေကို မထုတ်ပေးခင် ကျုပ် မေးခွန်းတစ်ခု အရင်မေးပါရစေဦး"

ဟု ဆိုသည်။

​ဖန့်ချန်မှာ မျက်မှောင်ကြုတ်လျက်

"ဘာမေးဖို့လဲ "

ဟု မေးသည်။

​"အခုနက လမ်းမပေါ်မှာ ခင်ဗျားနဲ့ စကားပြောနေတဲ့သူ၊ ခင်ဗျား သူ့ကို သိသလား သူက ဘယ်သူလဲ၊ နောက်ခံက ဘာလဲ "

ဟု ကျိထျန်းတုက ပြုံးစစဖြင့် မေးလိုက်သည်။

​ဖန့်ချန်မှာ လက်ကို ခါယမ်းလိုက်ပြီး

"ဒီအကြောင်းတွေကို မေးနေစရာ လိုလို့လား သူက သာမန် လုပ်ငန်းရှင် မိတ်ဖက်တစ်ယောက်ပါပဲ အရင်ဆုံး အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေအကြောင်းပဲ ပြောရအောင်"

ဟု ဆိုသည်။

​နောက်တစ်ခဏတွင် အဆင့် (၂) မသေမျိုး တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ဖန့်ချန်ကို လွှမ်းခြုံသွားသည်။

ကျိထျန်းတု၏ မျက်နှာမှာ မှောင်မိုက်သွားပြီး

​"သူ့ရဲ့ နောက်ကြောင်းကို ရိုးရိုးသားသား ပြောပြစမ်း မင်းက ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူလေးပဲ ရှိသေးတာကို ငါ့ရှေ့မှာတင် အထာ ထုတ်ရဲတယ်ပေါ့ "

ဟု ဆိုသည်။

​"ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် မင်းက ငါ့ကို ဘယ်လိုလုပ် သိတာလဲ မင်းက ဘယ်သူလဲ "

ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

​ကျိထျန်းတုက နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်ပြီး

"မင်းလို ကောင်လေးမျိုးက မသေမျိုးကျောက်တုံးတွေကို ပိုက်ပြီး ဟိုဒီလျှောက်သွားနေရင် ကိုယ့်ကိုယ်ကိုယ် ဘေးဒုက္ခရှာသလိုပဲ ဖြစ်နေမှာ ဒီနေ့တော့ မင်းကံကောင်းတယ်လို့ပဲ မှတ်လိုက်တော့ ခုနက အဘိုးကြီးရဲ့ နောက်ကြောင်းကို သေချာပြောပြရင် မသေမျိုးဆွေးနွေးပွဲ ပြီးတဲ့အခါ မင်းကို ငါ အနှောင့်အယှက် မပေးတော့ဘူး"

ဟု ဆိုသည်။

​"အရောင်းအဝယ်တစ်ခု လုပ်ရအောင်"

​ဖန့်ချန်၏ ထိတ်လန့်နေသော မျက်နှာမှာ ရုတ်တရက် တည်ငြိမ်သွားပြီး ကျိထျန်းတုကို တည့်တည့်ကြည့်ကာ

​"မင်း ငါ့ရဲ့ ကျင့်စဉ်အဆင့်ကို ကြည့်နိုင်တယ်ဆိုတော့ မင်းဟာ ဒီနေရာရဲ့ တားမြစ်ဥပဒေတွေကို ကျော်လွန်ပြီး လူတိုင်းရဲ့ ပုံပန်းသဏ္ဌာန်၊ ခန္ဓာကိုယ်နဲ့ ကျင့်စဉ်အဆင့်တွေကို မြင်နိုင်တဲ့ နည်းလမ်းတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားတာပေါ့ ဟုတ်လား"

​"ငါ သူနဲ့ ပတ်သက်တာကို ပြောပြမယ်၊ နောက်ပြီး မသေမျိုးကျောက်တုံး (၃၀၀) လည်း ပေးမယ် အဲဒီကျင့်စဉ်နဲ့ လဲလှယ်ရအောင်"

ဟု ဆိုသည်။

​ကျိထျန်းတုမှာ ရယ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်သွားသည်။

မသေမျိုးကျောက်တုံး (၃၀၀) ဆိုသည်မှာ မနည်းလှသော်လည်း၊ ကျိမျိုးနွယ်၏ ရှေးဟောင်းအမွေအနှစ် ကျင့်စဉ်ကို သာမန်ရုပ်ဝတ္ထုပစ္စည်းလေးများနှင့် ပြင်ပလူကို သင်ပေးရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။

​သူက အေးစက်စက် လှောင်ပြုံးဖြင့်

"မင်းမှာ ငါနဲ့ အရောင်းအဝယ်လုပ်ဖို့ အရည်အချင်းမရှိဘူး။ မြန်မြန်..."

ဟု ပြောနေစဉ်

​သူ့နောက်တွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုအရိပ်က လက်ဖြင့် အသာအယာ ညှစ်လိုက်သည်နှင့် ကျိထျန်းတု၏ ခန္ဓာကိုယ်မှာ သွေးအိုင်အဖြစ် ပေါက်ကွဲသွားတော့သည်။

​ကျိထျန်းတု၏ မျက်နှာမှာ တောင့်ခဲသွားပြီးနောက်ပိုင်းတွင် မည်သည့်အရာမှ မသိတော့ပေ။

သို့သော် သူ သတိပြန်လည်လာသောအခါ တိတ်ဆိတ်သည့်အခန်းထဲတွင် လူတစ်ယောက် ပိုနေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။

သို့သော် ယခုအချိန်တွင် သူသည် မသေမျိုးကျင့်စဉ်ကို မသုံးနိုင်တော့သည့်အတွက် လာသူ၏ နောက်ကြောင်းကို မသိနိုင်တော့ပေ။

​"ဖန့်ချန် ငါ ပြောခဲ့တယ်မဟုတ်လား မသေမျိုးလောက ငယ် က မသေမျိုးတွေဟာ အလွန်မာနကြီးကြတယ် သူတို့ရဲ့ အိမ်တွင်းအမွေအနှစ် ကျင့်စဉ်တွေကို မင်းကို သင်ပေးပါ့မလား"

ဟု နဂါးအိုကြီးက ပြောရင်း ဖန့်ချန်ထံသို့ ပိဖူသဲ အိတ်တစ်လုံးကို ပစ်ပေးလိုက်သည်။

​ခဏလေးအတွင်းမှာပင် ထိုသဲအိတ်မှာ ဖန့်ချန်လက်ထဲသို့ ရောက်သွားပြီး အတွင်းရှိ ဝိညာဉ်အမှတ်အသားများမှာလည်း လုံးဝ သန့်စင်ခြင်း ခံလိုက်ရသည်။

​ကျိထျန်းတုမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ဒါက သူ၏ ပိဖူသဲအိတ်၊ သူ နှစ်ပေါင်းများစွာ စုဆောင်းထားသည့် မသေမျိုးကျောက်တုံးများနှင့် ဆူယာအမျိုးသမီးက ကြယ်မိုး မသေမျိုးအရှင်နှင့် ပူးပေါင်းရန် ပေးလိုက်သည့် (၇၀၀) ပါ အိတ်ဖြစ်သည်။

​"မင်းတို့ သေချင်နေတာလား "

ကျိထျန်းတုက သဲအိတ်ကို ပြန်လည် လုယူရန် ကြိုးစားလိုက်သော်လည်း သူ၏လက်များမှာ လူနှစ်ဦးကို ဖြတ်ကျော်သွားသည်။

သူကိုယ်တိုင်မှာ မီးခိုးငွေ့ကဲ့သို့ ဖြစ်သွားပြီး ထိုသူနှစ်ဦးကို မထိနိုင်တော့ပေ။

​ဘယ်လိုဖြစ်တာလဲ ကျိထျန်းတုမှာ နေရာတွင် တောင့်ခဲသွားသည်။

​"နောက်လာမယ့် အချိန်ကာလမှာ ငါတို့ နှစ်ယောက် ထပ်မတွေ့တာပဲ ကောင်းမယ် ဒီနေရာမှာ အဆင့် (၆) မသေမျိုး တွေ ရှိနေသေးတယ်၊ ကျိထျန်းတု သေသွားရင် သူတို့ ဒေါသထွက်ကြမှာပဲ"

ဟု ဖန့်ချန်က အေးဆေးစွာ ပြောသည်။

​"ခုနက တိုက်ခိုက်လိုက်တာ ခြေရာ ကျန်ခဲ့သေးလား "

ဟု ဖန့်ချန်က မေးသည်။

​"နည်းနည်း ကျန်ခဲ့တယ် အသွေးသား မသေမျိုး ရဲ့ အငွေ့အသက်တွေပေါ့"

ဟု နဂါးအိုကြီးက ဖြေသည်။

​"ဒီလိုလုပ်လိုက်ရင် သူတို့က မဟာမြေ မသေမျိုးအရှင်ကိုပဲ သံသယဝင်ကြလိမ့်မယ် ဒါပေမဲ့ သေချာစစ်ဆေးကြည့်ရင် မင်းဟာလည်း အသွေးသား မသေမျိုးလမ်းကြောင်းကို လျှောက်ထားသူဆိုတော့ ဆက်စပ်မိသွားနိုင်တယ်"

ဟု ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်သည်။

​အကယ်၍ ယခုအချိန်တွင် ယင်လောက သို့ အချိန်မရွေး သွားနိုင်ပါက ပိုစိတ်ချရသည်။

သို့သော် နန်ချင်းကြယ်တာရာနယ်မြေ၏ မရဏလမ်းကြောင်းကို ဖွင့်၍မရသောကြောင့် သူတို့၏ အရေးကြီးဆုံးနှင့် အမြန်ဆုံး လမ်းကြောင်းကို အသုံးမပြုနိုင်သေးပေ။

​"ကိစ္စမရှိပါဘူး သူတို့ မဟာမြေ မသေမျိုးအရှင်ကို ထပ်မသွားအောင် လမ်းကြောင်းလွှဲလိုက်တာပေါ့ အန္တရာယ်တော့ နည်းနည်းများတယ်၊ ဒါပေမဲ့ ပစ္စည်းက ငါ့ဆီမှာ မရှိတော့ဘူး သူတို့နဲ့ ဆက်သွယ်ထားတဲ့ အဆင့် (၅) အသွေးသား မသေမျိုးတစ်ယောက်က ငါ့ထက်တော့ သံသယဝင်ဖို့ ပိုကောင်းတာပေါ့"

ဟု နဂါးအိုကြီးက ရယ်မောကာ တည်းခိုခန်းမှ ထွက်ခွာသွားသည်။

သူသည် လူအုပ်ထဲသို့ ပျောက်ကွယ်သွားပြီးနောက် ပုံစံအမျိုးမျိုး ပြောင်းလဲကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

​ကျိထျန်းတုမှာ မယုံနိုင်စွာဖြင့် ခေါင်းရှုပ်ထွေးသွားသည်။

သူတို့ မဟာမြေ မသေမျိုးအရှင်ကို သိနေတာလား သူတို့ သူ၏ နာမည်ကို သိနေတာလား အခုနက တိုက်ခိုက်သူမှာ ရန်ကျင်းအတွက် ယှဉ်ပြိုင်ခဲ့တဲ့ အဘိုးကြီးလား ဘာလို့လဲ

​ပြန့်ကျဲနေသော သဲလွန်စများမှာ ပဟေဠိတစ်ခုလိုပင်။

အသွေးသား မသေမျိုး အကြောင်း ပြောလိုက်မှ သူ၏ ဦးနှောက်ထဲတွင် အဖြေများ ပေါ်လာသည်။

​"အသွေးသား မသေမျိုး... အရင်က နတ်မင်းနန်းတော် နဲ့ မဟာမြေ မသေမျိုးအရှင် ရန်ညှိုးဖွဲ့ခဲ့တာလည်း သူတို့ရဲ့ အဆင့် ၄ မသေမျိုး သေဆုံးခဲ့လို့ပဲ မဟာမြေ မသေမျိုးအရှင်က အဆင့် (၅) အသွေးသား မသေမျိုးဖြစ်ပြီး သူလုပ်တာမဟုတ်ဘူးလို့ ငြင်းနေတာ... ဒါဆိုရင် ဒီအဘိုးကြီးက လုပ်တာပေါ့ "

​"ဒီအဘိုးကြီးက မဟာမြေ မသေမျိုးအရှင်နဲ့ နန်းတော်ကို ရန်တိုက်ပေးခဲ့ပြီး မြေဝက်ဝံဂြိုလ်ရဲ့ စီမံကိန်းကို ဖျက်ဆီးခဲ့တာပဲ အခု ငါနဲ့လည်း ရန်ကျင်းအတွက် ယှဉ်ပြိုင်သေးတယ် သူတို့က အစ်ကိုကြီးရဲ့ ရန်သူတွေလား သူတို့က မသေမျိုးလောက ငယ် က ဘယ်အကြီးကဲ ရဲ့ နယ်ရုပ်တွေလဲ "

​ကျိထျန်းတုသည် အမှန်တရားကို ရှာတွေ့သွားသလို ခံစားလိုက်ရသည်။

ဖန့်ချန်ကို ကြည့်လိုက်သည့်အခါ ကြောက်ရွံ့မှုနှင့် ဒေါသတို့ လွှမ်းခြုံသွားသည်။

သူကိုယ်တိုင်က ပြိုင်ဘက်ကို အန္တရာယ်ပေးဖို့ ကြိုးစားခဲ့မိတာလား ထိုကျောက်တုံးများမှာလည်း မသေမျိုးလောကငယ် က တစ်စုံတစ်ယောက်၏ အကွက်များဖြစ်ပြီး အစ်ကိုကြီး၏ အညစ်အကြေးကင်းစင် မသေမျိုး လမ်းကြောင်းကို ဖျက်ဆီးရန် ကြိုးစားနေခြင်း ဖြစ်သည်။

​"ဟုတ်ပြီ၊ သူတို့က မသေမျိုးလောကငယ် က လာတာ၊ ဒါကြောင့် ငါ သူတို့ကို မြင်နိုင်တယ်ဆိုတာ သူတို့ သိနေတာပေါ့ လမ်းမှာ စကားပြောနေတာလည်း ငါ့ကို ဆွဲဆောင်ပြီး ကြယ်မိုး မသေမျိုးအရှင်နဲ့ ပူးပေါင်းခြင်းကို တားဆီးဖို့ပဲ ဒါပေမဲ့ ငါ သူတို့နဲ့ ပူးပေါင်းမယ်လို့ သူတို့ ဘယ်လိုလုပ် သိတာလဲ "

​ကျိထျန်းတုမှာ ကြောက်လန့်တကြား ဖြစ်သွားသည်။

သူသည် အတိတ်က အောင်မြင်မှုများကြောင့် အမြဲတစေ မာန်မာနရှိခဲ့သော်လည်း ယခုအခါတွင်မူ ထိုမာနတို့ ပျောက်ကွယ်သွားပြီဖြစ်သည်။

မြေဝက်ဝံဂြိုလ် နှင့် မသေမျိုးဆွေးနွေးပွဲတွင် အကြိမ်ကြိမ် ပျက်စီးခဲ့ရပြီး၊ ယနေ့တွင်သာ မသေရင် အမှန်တရားကို သိနိုင်မည် မဟုတ်ပေ။

​"မရဘူး၊ ငါ သူ့နောက်ကို လိုက်ရမယ် နန်ချင်းကြယ်တာရာနယ်မြေ က ထွက်သွားပြီးတာနဲ့ ယင်လောကကို သွားမယ် အစ်ကိုကြီးရဲ့ နည်းလမ်းနဲ့ ဆိုရင် ငါ့ကို ရှာတွေ့မှာပါ အဲဒီအခါ ဒီအရေးကြီးတဲ့ သတင်းကို အစ်ကိုကြီးကို ပြောပြမယ်"

ဟု သူ တွေးလိုက်သည်။

​ဖန့်ချန် ထွက်သွားပြီးနောက် ကျိထျန်းတုလည်း ချက်ချင်းပင် နောက်မှ လိုက်သွားသည်။

​ခဏအကြာတွင် ကျိတူးခုံးယွမ်နှင့် အခြားအဆင့် (၆) မသေမျိုးသုံးဦး ရောက်ရှိလာသည်။

အဆင့် (၄) မသေမျိုးက အဆင့် (၂) ကို သတ်ဖြတ်ခြင်းမှာ ဖုံးကွယ်ရန် ခက်ခဲသောကြောင့် သူတို့ သံသယဖြစ်ကာ ရောက်လာကြခြင်း ဖြစ်သည်။

​သတင်းမှာ တည်းခိုခန်းအတွင်း လူသတ်မှု ဖြစ်ပွားကြောင်း ပျံ့နှံ့သွားသည်။

ကျိတူးခုံးယွမ်က အခန်းထဲတွင် စမ်းသပ်ကြည့်ပြီးနောက်

"အသွေးသား မသေမျိုးရဲ့ အငွေ့အသက်ပဲ..."

ဟု အေးစက်စက် ပြောလိုက်သည်။

All Chapters