← Chapters

အခန်း (၁၂၉၃-၁၂၉၄)

Vol. 130 Ch. 1293-1294

အခန်း (၁၂၉၃-၁၂၉၄)

Vol. 130 Ch. 1293-1294

အခန်း (၁၂၉၃) - ရှင် ၊ ရှင်ပဲ ဒီလူသတ်မှုရဲ့ တရားခံပဲ

​"အသွေးသားမသေမျိုး လို့ ပြောတာလား ဒီတစ်ခေါက် မသေမျိုးဆွေးနွေးပွဲမှာ ကျုပ် သိထားတဲ့ အသွေးသားမသေမျိုးဆိုလို့ တစ်ယောက်ပဲ ရှိတယ်"

​တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံဖြင့် ဖုံးအုပ်ထားပြီး ဦးခေါင်းထိပ်တွင် ဒရယ်ချိုနှစ်ချောင်း ပေါက်နေသည့် မသေမျိုးအရှင်တစ်ပါးက ဖြည်းညှင်းစွာ ပြောလိုက်သည်။

​သူသည် ရှီခုံးစျေးကွက်မှ ကျိတူးခုံးယွမ်နည်းတူ တန်တိုင်တောင်နယ်မြေရှိ အခြားဈေးတစ်ခု၏ ပိုင်ရှင်ဖြစ်ပြီး သူ၏ဂုဏ်ပုဒ်မှာ ဖေးလူး ဖြစ်သည်။

​"ဒီမသေမျိုးဆွေးနွေးပွဲကို ကျုပ်တို့ လေးယောက်တူတူ တာဝန်ယူ ကျင်းပတာပါ ဒီနေရာမှာ လူသတ်တယ်ဆိုတာ ကျုပ်တို့ရဲ့ မျက်နှာကို ရိုက်လိုက်တာနဲ့ အတူတူပဲ"

​ဖေးလူး မသေမျိုးအရှင်က အေးစက်စက် လေသံဖြင့်

"ကျုပ် အကြံပေးချင်တာက ဒီနေရာက တားမြစ်ဥပဒေတွေကို ဖျက်သိမ်းပြီး အဲဒီအသွေးသားမသေမျိုးကို ခေါ်လာခဲ့ပါ သူ ဘာပြောမလဲဆိုတာ ကြည့်ရအောင်"

ဟု ဆိုသည်။

​"မဖြစ်ဘူး"

​ကျိတူးခုံးယွမ်က ခေါင်းကို ခါယမ်းကာ

"မသေမျိုးဆွေးနွေးပွဲတိုင်းမှာ မပြီးဆုံးခင် တားမြစ်ဥပဒေတွေကို ဖျက်သိမ်းတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး တကယ်လို့သာ ကျုပ်တို့က ဒီလိုလုပ်လိုက်ရင် နောက်ပိုင်း ကျုပ်တို့ ကျင်းပသမျှ ဆွေးနွေးပွဲတိုင်းဟာ ပြင်ပကလူတွေရဲ့ လှောင်ပြောင်စရာ ဖြစ်ကုန်လိမ့်မယ်"

ဟု ငြင်းပယ်လိုက်သည်။

​အခြားသော အဆင့် (၆) မသေမျိုး နှစ်ပါးကလည်း ဘာမှမပြောဘဲ ကျိတူးခုံးယွမ်ကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။

​"ဒီနေရာမှာ လူသတ်မှု ဖြစ်သွားပြီဆိုတော့ ကျုပ်တို့က လှောင်ပြောင်စရာ ဖြစ်နေပြီလေ သတင်းကလည်း တားဆီးထားလို့ မရတော့ဘူး ပြင်ပကလူတွေကို ဘာသွားပြောမလဲ "

ဟု ဖေးလူး မသေမျိုးအရှင်က မျက်မှောင်ကြုတ်လျက် မေးသည်။

​"အရင်ဆုံး သတ်ခံရသူက ဘယ်သူလဲဆိုတာ အရင်ရှာ လူသတ်သမားကိုလည်း အသေးစိတ်ပဲ ရှာဖွေပါနောက်ဆုံးအကြိမ် လေလံပွဲကို မထိခိုက်စေနဲ့ အဲဒီလေလံပွဲက ဘယ်လောက်အရေးကြီးလဲဆိုတာ ကျုပ် ထပ်ပြောပြနေစရာ မလိုဘူးမလား ဒီကိစ္စကို ကောင်းကောင်းမလုပ်ဆောင်နိုင်ရင် ကျုပ်တို့အားလုံး အပြစ်ပေးခံရလိမ့်မယ်"

ဟု ကျိတူးခုံးယွမ်က သတိပေးသည်။

​"နေပါဦး၊ ခင်ဗျားတို့ မဝင်ရဘူး၊ အာ... လူငယ်လေးက ထိုင်ရွှီ မသေမျိုးအရှင်ကို ဂါရဝပြုပါတယ် "

​ပြင်ပတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး လေးယောက်လုံးက ထိုင်ရွှီ မသေမျိုးအရှင် ၏ ဂုဏ်ပုဒ်ကို ကြားလိုက်ရသည့်အခါ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားသည်။

​မည်သည့်အချိန်ကတည်းကလဲမသိ၊ အပြင်ဘက်ရှိ ခြံဝင်းထဲတွင် စပ်စုချင်သော ကျင့်ကြံသူများ ပြည့်နှက်နေပြီး ထိုင်ရွှီ မသေမျိုးအရှင်သည်လည်း တပည့်နှစ်ဦးကို ခေါ်ဆောင်ကာ ရောက်ရှိလာသည်။

​ထိုလေးယောက်လုံးက အမြန်ပင် လက်ယှက်၍ ဂါရဝပြုကြသည်။

​"ဒီနေရာမှာ တစ်ယောက်ယောက် တိုက်ခိုက်လိုက်တာကို ငါ သတိထားမိတယ် သေသွားတဲ့သူက ဘယ်သူလဲ လူသတ်သမားကို ရှာတွေ့ပြီလား"

ဟု ထိုင်ရွှီ မသေမျိုးအရှင်က အေးဆေးစွာ မေးသည်။

​ကျိတူးခုံးယွမ်သည် အနီးအနားတွင် ကျင့်ကြံသူများ အများအပြား ရောက်နေသည်ကို မြင်လိုက်ရ၍ ဖုံးကွယ်ထားလို့မရတော့ကြောင်း သိလိုက်ရပြီး ရိုးသားစွာပင်

​"ကျုပ်တို့ လှုပ်ရှားမှုကို သတိထားမိတာနဲ့ ချက်ချင်း ရောက်လာခဲ့တာပါ ဒါပေမဲ့... လူသတ်သမားကို ရှာမတွေ့ခဲ့ပါဘူး သူက အရင်ဆုံး ထွက်ခွာသွားပါပြီ"

ဟု ဖြေသည်။

​"ဒီနေရာမှာ တကယ်ပဲ လူသတ်မှု ဖြစ်သွားတာလား"

​"မသေမျိုးဆွေးနွေးပွဲထဲမှာတောင် ဒုစရိုက်သမားတွေ ရောက်နေပြီပေါ့ ဒီနေရာမှာ ဘယ်လောက်အန္တရာယ်ကင်းလဲဆိုတာ မသိနိုင်တော့ဘူး၊ ဘယ်သူကများ ဒီမှာ ရောင်းဝယ်ဖောက်ကားရဲတော့မှာလဲ "

​"တိတ်တိတ်နေကြစမ်း၊ တာဝန်ခံ မသေမျိုးအရှင် လေးပါးက လူသတ်သမားကို ရှာတွေ့မှာပါ"

​ဖေးလူး မသေမျိုးအရှင်က ထိုစကားသံများကို ကြားရသောအခါ မျက်နှာမှာ ပိုမိုမှောင်မိုက်သွားသည်။

သူက ထိုင်ရွှီ မသေမျိုးအရှင်ကို ဂါရဝပြုပြီး စကားစမည်ပြင်စဉ် လူအုပ်ကြားမှ နောက်ထပ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လုံဖူ မသေမျိုးအရှင်နှင့် ဒါယူး မသေမျိုးအရှင် တို့ ရောက်ရှိလာသည်။

​သူတို့အပြင် နောက်ခံအမျိုးမျိုးရှိသည့် အဆင့် (၆) မသေမျိုးအရှင် ခုနစ်၊ ရှစ်ပါးခန့်လည်း ရောက်ရှိလာပြီး သူတို့၏ဘေးတွင် အဆင့် (၅) မသေမျိုးများလည်း ပါဝင်လာကြသည်။

​"ကျိ မိတ်ဆွေ၊ ဘာဖြစ်တာလဲ "

ဟု လုံဖူ မသေမျိုးအရှင်က ရယ်မောရင်း မေးလိုက်ပြီး အကြည့်များက ထိုင်ရွှီ မသေမျိုးအရှင်ကို တစ်ချက်ဖြတ်ကျော်သွားသည်။

​ကျိတူးခုံးယွမ်က စိတ်အေးသွားပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။

တိုက်ခိုက်သူသည် အသွေးသားမသေမျိုး ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ထိုင်ရွှီ မသေမျိုးအရှင်၏ဘေးတွင် ရှိသော ကြယ်မိုး မသေမျိုးအရှင်က ထူးဆန်းစွာ ပြုံးလိုက်သည်။

​"ကြယ်မိုး မင်း ဘာများ တွေ့ရှိတာရှိလဲ"

ဟု ထိုင်ရွှီ မသေမျိုးအရှင်က မေးသည်။

​လူတိုင်းက သူမကို ကြည့်လိုက်ကြသည်။

သူသည် ထိုင်ရွှီ၏ အားအထားရဆုံး တပည့်ဖြစ်ပြီး သူပိုင်ဆိုင်သည့် နတ်မင်းနန်းတော် သည်လည်း အင်အားကြီးမားလှသလို သူ၏လုပ်ရပ်များသည်လည်း အလွန်အစွန်းရောက်သောကြောင့် သာမန်လူများက မထိရဲကြပေ။

​"ဒီတစ်ခေါက် မသေမျိုးဆွေးနွေးပွဲမှာ အသွေးသားမသေမျိုးတစ်ယောက် ရှိတယ် သူက အဆင့် (၅) ဖြစ်ပြီး ဒီနေရာမှာ လူသတ်ပြီး သူများမရောက်ခင် အေးဆေး ထွက်သွားဖို့ဆိုတာ ဖြစ်နိုင်ချေရှိတယ်"

ဟု ကြယ်မိုး မသေမျိုးအရှင်က ပြုံးရင်း ပြောလိုက်သည်။

​ကျိတူးခုံးယွမ်က ခေါင်းညိတ်၍

"မင်းပြောတာက မဟာမြေ မသေမျိုးအရှင်ကို ပြောတာလား"

ဟု မေးသည်။

​မဟာမြေမသေမျိုးအရှင်

​လူတိုင်း အံ့အားသင့်သွားကြသည်။

အပြင်ဘက်တွင် မဟာမြေ မသေမျိုးအရှင်နှင့် ကြယ်မိုး မသေမျိုးအရှင်တို့ အပြန်အလှန် စကားများနေသည်ကို မြင်လိုက်ရ၍ အခြေအနေမှာ ပိုမိုထူးဆန်းလာသည်။

​"မဟာမြေ မသေမျိုးအရှင် ဒီနေရာမှာ ရှိလား "

​ဖေးလူး မသေမျိုးအရှင်က မျက်နှာပျက်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

​ခဏအကြာတွင် လူတစ်ယောက်က သတ္တိမွေးပြီး ထွက်လာကာ

"ကျုပ် ပါ ဒါပေမဲ့ ဒီနေ့ဖြစ်တဲ့ကိစ္စနဲ့ ကျုပ် နဲ့ ဘာမှမဆိုင်ပါဘူး"

ဟု ဆိုသည်။

​မဟာမြေမသေမျိုးအရှင် ထွက်လာသည်ကို မြင်တော့ လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

သူကိုယ်တိုင် ထွက်လာခြင်းက ကိစ္စကို ဖြေရှင်းရလွယ်ကူစေသည်။

​ကြယ်မိုး မသေမျိုးအရှင်က ဟက်ခနဲ ရယ်လိုက်ပြီး

"ရှင် နဲ့ မဆိုင်ဘူး ဒါဆို ဘယ်သူလုပ်တာလဲအသွေးသားမသေမျိုးလမ်းကြောင်းကို လျှောက်ထားတဲ့သူက ရှားပါးတာကို၊ ဒီမှာသေသွားတဲ့သူက ရှင့်လက်ချက် မဟုတ်ရင် ဘယ်သူ့လက်ချက်ဖြစ်မလဲ "

ဟု မေးသည်။

​မဟာမြေမသေမျိုးအရှင်၏ မျက်နှာမှာ ညိုမွဲသွားပြီး

"ကျုပ် ဒီလောက်ထိ မိုက်မဲမနေဘူး လူသတ်ချင်ရင်လည်း ဆွေးနွေးပွဲပြီးမှ လုပ်မှာပေါ့ အခုလို အကြီးအကဲတွေ အများကြီးရှိနေချိန်မှာ ကျုပ် ဘာလို့ ဒီလို အရှုပ်တော်ပုံမျိုး လုပ်ရမှာလဲ"

ဟု ဒေါသတကြီး ငြင်းဆိုသည်။

​"အထောက်အထားမှ မရှိတာ"

ကြယ်မိုး မသေမျိုးအရှင်က အေးဆေးစွာပင်

"ရှင်က ဒီလိုမလုပ်ဘူးလို့ ပြောပေမဲ့ ကျွန်မတို့ နန်းတော်က အဆင့် (၄) မသေမျိုးကိုတော့ ရှင် တိုက်ခိုက်ခဲ့တာပဲလေ အခုသေသွားတဲ့သူက ဘယ်သူလဲ၊ ဘယ်သူ့နောက်ခံလဲဆိုတာရော သိလား ဝိညာဉ်သုတ်သင်ရေးဌာန က မဟုတ်မှ လွဲရော ရှင်တို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက သူတို့ကို မုန်းတီးနေတာ တစ်ကမ္ဘာလုံး သိတယ်၊ အခု ဒီမှာတင် အရေးယူလိုက်တာလား "

ဟု စွပ်စွဲလိုက်သည်။

​ထိုစကားများက မဟာမြေ မသေမျိုးအရှင်၏ မျက်နှာကို ပိုမိုဆိုးရွားသွားစေပြီး ပတ်ဝန်းကျင်မှ တိုးတိုးတိတ်တိတ် ပြောသံများမှာလည်း ကျယ်လောင်လာသည်။

​ထိုအချိန်တွင် အမျိုးသမီးတစ်ဦး ဝင်လာသည်။

အချို့က တားဆီးရန် ပြင်ဆင်လိုက်သော်လည်း သူမက သူမ၏ ဖုံးကွယ်ထားသော မျက်နှာကို ဖွင့်ပြလိုက်ရာ အလွန်လှပသော ရုပ်ရည်ကို မြင်လိုက်ရသည်။

​သူမသည် ဆူယာအမျိုးသမီး ဖြစ်သည်။

သူမက ကျောက်ပြားတစ်ခုကို ထုတ်ပြပြီး

"ကျွန်မက မသေမျိုးလောကငယ် က ကျိမျိုးနွယ်ဝင်ပါ"

ဟု ဆိုသည်။

​မသေမျိုးလောကငယ်

​လူတိုင်း တုန်လှုပ်သွားကြသည်။

အဆင့် (၆) မသေမျိုးများပင် လေးနက်သော အမူအရာ ဖြစ်သွားကြသည်။

​မဟာမြေ မသေမျိုးအရှင်က ထိုအမျိုးသမီးကို မြင်တော့ အံ့အားသင့်သွားသည်။

"ဘာလို့ ဒီလောက်တောင် ပြာပြသလဲ ဖြစ်နေရတာလဲ"

ဟု တွေးလိုက်သည်။

​"အခန်းထဲမှာ သေသွားတဲ့သူက ကျိမျိုးနွယ်ဝင်တစ်ယောက်ပါ"

ဟု ဆူယာအမျိုးသမီးက ဆက်ပြောသည်။

​ဘုန်း

​လူတိုင်း၏ စိတ်နှလုံး တုန်လှုပ်သွားသည်။

မသေမျိုးလောကငယ် က ကျင့်ကြံသူတစ်ယောက် မသေမျိုးဆွေးနွေးပွဲမှာ သေသွားတယ်

​အဆင့် (၆) မသေမျိုးများ၏ မျက်နှာမှာ တည်ငြိမ်မှုမရှိတော့ပေ။

မသေမျိုးလောငယ် ကဆိုလျှင် ကိစ္စမှာ အလွန်ကြီးမားသွားနိုင်သည်။

မဟာမြေ မသေမျိုးအရှင်ကမူ သေသူက ကျိမျိုးနွယ်မှန်း သိလိုက်ရသဖြင့် သူ၏အပြစ်မရှိကြောင်း သက်သေပြနိုင်တော့မည်ဟု မျှော်လင့်လိုက်သည်။

​သူက ဆူယာအမျိုးသမီးဆီသို့ လျှောက်သွားကာ

"မိတ်ဆွေ..."

ဟု ဆိုသည်။

​"ရပ်"

ဟု ဆူယာအမျိုးသမီးက ပြတ်သားစွာ အမိန့်ပေးသည်။

​မဟာမြေမသေမျိုးအရှင် ကြောင်သွားသည်။

​ဆူယာအမျိုးသမီးက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက်

​"ကျိမျိုးနွယ်က ကျိထျန်းတု၊ ကျွန်မတို့ရဲ့ မိသားစုဝင်တစ်ယောက် ဒီမသေမျိုးဆွေးနွေးပွဲမှာ သေဆုံးသွားခဲ့တယ် ဒီလူသတ်သမားကို အပြင်းအထန် အပြစ်ပေးဖို့ တောင်းဆိုတယ်"

ဟု ဆိုသည်။

​"မိတ်ဆွေ၊ လူသတ်သမားက ဘယ်သူဖြစ်မယ်လို့ ထင်လဲ "

ဟု ကျိတူးခုံးယွမ်က မေးသည်။

​ဆူယာအမျိုးသမီးက မဟာမြေ မသေမျိုးအရှင်ကို လက်ညှိုးထိုးပြီး

"ဒီနေရာမှာ အသွေးသားမသေမျိုးရဲ့ အငွေ့အသက်တွေ ကျန်ခဲ့တယ်ဆိုတာ ကြားတယ် ရှင် ၊ ရှင်ပဲ ဒီလူသတ်မှုရဲ့ တရားခံပဲ "

ဟု စွပ်စွဲလိုက်သည်။

​မဟာမြေ မသေမျိုးအရှင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး

"ဘာတွေ ပြောနေတာလဲ ကျုပ်တို့မှာ စာချုပ်တွေတောင် ရှိထားတာ၊ ကျုပ် ဘာလို့ တိုက်ခိုက်ရမှာလဲ "

ဟု ဆိုသည်။

​"မဟုတ်ရင်ရော ဒီလောက်တောင် တိုက်ဆိုင်ပါ့မလား ကျိထျန်းတုက ကြယ်မိုး မသေမျိုးအရှင်နဲ့ ပူးပေါင်းဖို့ ကြိုးစားတုန်းမှာပဲ အသတ်ခံရတယ် မဟာမြေ မသေမျိုးအရှင်၊ ရှင်တို့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက တကယ်ကို ဥပဒေမဲ့လွန်းတယ်"

ဟု ဆူယာအမျိုးသမီးက အဆင့် (၂) ကျင့်ကြံသူဖြစ်သော်လည်း အဆင့် (၅) ဖြစ်သော မဟာမြေမသေမျိုး ကို အထက်စီးမှ ဆူပူလိုက်သည်။

အခန်း (၁၂၉၄) - အပြစ်တင်ခံရခြင်း

​လူတိုင်းမှာ အံ့အားသင့်သွားကြသည်။

ကြယ်မိုး မသေမျိုးအရှင်နဲ့ ပူးပေါင်းဖို့ ကြိုးစားတာလား ယခုအချိန်တွင် ကြယ်မိုး မသေမျိုးအရှင်ကိုယ်တိုင်ကပင် ဘာမှနားမလည်သလို ဖြစ်နေသည်။

သူမ၏ ဆရာဖြစ်သူနှင့် အစ်ကိုတော်တို့က သူမကို ကြည့်လိုက်သဖြင့် သူမလည်း ကိစ္စမသိကြောင်း ခေါင်းခါပြလိုက်သည်။

မဟာမြေ မသေမျိုးအရှင်၏ မျက်နှာမှာ ညိုမွဲသွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။

ဖေးလူး မသေမျိုးအရှင်က ရှေ့သို့ တစ်လှမ်းတိုးလာကာ လေးနက်စွာ မေးလိုက်သည်

"မိတ်ဆွေ၊ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရင်းတွေကို အသေးစိတ် ပြောပြပေးပါ ဒါမှသာ ကျုပ် တို့လည်း လူသတ်သမားက ဘယ်သူလဲဆိုတာ ပိုပြီး ဆုံးဖြတ်နိုင်မှာပါ"

​ဆူယာအမျိုးသမီးက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် အနည်းငယ် ရယ်မောကာ

"ကျွန်မတို့က မဟာမြေမသေမျိုးအရှင်ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကြယ်မိုး မသေမျိုးအရှင်နဲ့ ပူးပေါင်းပြီး အရောင်းအဝယ် လုပ်ဖို့ ကြံစည်ထားတာပါ ကြယ်မိုးမသေမျိုး ကို မဟာမြေမသေမျိုး ရဲ့ သွားလာမှုကို ပြောပြပေးပြီး တစ်ဖက်မှာရှိတဲ့ မသေမျိုးတစ်ယောက်ကို တိုက်ခိုက်ဖို့ အကူအညီ တောင်းမလို့ပါ"

​မဟာမြေ မသေမျိုးအရှင်၏ သွားလာလှုပ်ရှားမှုတွေလား

မဟာမြေမသေမျိုးအရှင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ဆူယာအမျိုးသမီးကို ဒေါသတကြီး ကြည့်လိုက်သည်။

​ကြယ်မိုးလ မသေမျိုးအရှင်ကမူ သိချင်စိတ်ဖြင့်

"မဟာမြေမသေမျိုး ရဲ့ သွားလာလှုပ်ရှားမှုတွေကို အသုံးပြုပြီး ကျွန်မနဲ့ အရောင်းအဝယ်လုပ်မလို့လား ဒီမသေမျိုးဆွေးနွေးပွဲထဲမှာ သူ ဘယ်လိုလှုပ်ရှားနေလဲဆိုတာ ရှင် သိနိုင်လို့လား "

ဟု မေးသည်။

​"ကျွန်မက ကျိမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သေဆုံးသွားတဲ့သူက ကျိမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်ပါ။ ကျိမျိုးနွယ်မှာ ရှေးဟောင်းအမွေအနှစ် ကျင့်စဉ်တစ်ခု ရှိတယ်။ အဲဒီကျင့်စဉ်က ဒီနေရာရဲ့ တားမြစ်ဥပဒေတွေကို ကျော်လွန်နိုင်ပြီး လူတိုင်းရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အငွေ့အသက်တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်"

ဟု ဆူယာအမျိုးသမီးက ရှင်းပြသည်။

​အမှန်စင်စစ် ဤအချက်များသည် အလွန်လျှို့ဝှက်သော အရာများဖြစ်သဖြင့် လူသိရှင်ကြား ပြောပြရန် မဖြစ်နိုင်ပေ။

သို့သော် ကျိထျန်းတု သေဆုံးသွားခြင်းက သူမကို ထိတ်လန့်သွားစေသလို၊ နောက်ဆက်တွဲအဖြစ် ကြောက်ရွံ့မှုများလည်း ဝင်လာသည်။

သူမလည်း ဘာသံမှမကြားဘဲ ဒီနေရာမှာ အသတ်ခံရမည်ကို ကြောက်ရွံ့နေသဖြင့် အားလုံးကို ဖွင့်ချလိုက်ခြင်း ဖြစ်သည်။

ဤနေရာရှိ အဆင့် (၆) မသေမျိုးများအနေဖြင့်လည်း သူမကို အသက်ရှင်အောင် ထိန်းထားရမည်။

သူမသာ ထပ်သေသွားပါက ယနေ့ပွဲတက်ရောက်နေသည့် မသေမျိုးအရှင်များထဲမှ မည်သူမျှ ရှင်းမရတော့ပေ။

​"စကားပုံအတိုင်းပဲ၊ ကိုယ့်အကြောင်း ကိုယ်သိ၊ သူတစ်ပါးအကြောင်း သိ၊ ရာကျော်တိုက်လည်း ရာကျော်နိုင် တဲ့လေ ။ တကယ်လို့သာ ကျွန်မတို့က မဟာမြေ မသေမျိုးအရှင်ရဲ့ လှုပ်ရှားမှုတွေကို ကြယ်မိုး မသေမျိုးအရှင်ကို အသေးစိတ် ပြောပြနိုင်မယ်၊ ပြီးတော့ မသေမျိုးကျောက်တုံး (၇၀၀) လည်း ပေးမယ်ဆိုရင် ကြယ်မိုး မသေမျိုးအရှင်အနေနဲ့ ကျွန်မတို့ဘက်ကနေ ဝင်ကူပေးဖို့ ဆန္ဒရှိပါသလား "

ဟု ဆူယာအမျိုးသမီးက မေးသည်။

​ရှီယွီ မသေမျိုးအရှင်က ခဏမျှ စဉ်းစားပြီးနောက်

"ပြိုင်ဘက်ရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ"

ဟု မေးသည်။

​"အဆင့် (၄) အောက်ပါ"

ဆူယာအမျိုးသမီးသည် နဂါးအိုကြီး၏ အဆင့်ကို မသိသော်လည်း ထိုအချိန်တွင် အဆင့် (၄) အောက်ဟုသာ အခိုင်အမာ ပြောရတော့မည်။

​"ဒါဆိုရင် ကျွန်မ လုပ်ပေးပါ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မဟာမြေမသေမျိုး နဲ့ ကျွန်မကြားက ရန်ငြိုးကလည်း ပြေလည်သွားဖို့ မရှိတော့ဘူးလေ သူသေမှ ကျွန်မအေးမှာ"

ကြယ်မိုး မသေမျိုးအရှင်က မဟာမြေမသေမျိုးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

"ဒါကြောင့်မို့လို့လား ရှင်က ဒီကိစ္စကို သိသွားလို့ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေ ပေါက်ကြားမှာစိုးပြီး မသေမျိုးလောကငယ် က မသေမျိုးကို အသေသတ်လိုက်တာလား "

​"အဓိပ္ပာယ်မရှိတာ "

မဟာမြေ မသေမျိုးအရှင်မှာ ဒေါသထွက်လွန်း၍ပင် ရယ်မိသည်။

သူသည် ထိုကိစ္စကို ဘာမှမသိပါဘဲနှင့်။

သူ၏စိတ်ထဲတွင် ဒေါသများ ပေါက်ကွဲနေသည်။

ထိုအပြစ်တင်မှု ( အဓိပ္ပာယ်မှာ သူများလုပ်သည့်အမှားကို မိမိခေါင်းပေါ် အတင်းတင်ခံရခြင်း) ကို သူ့ခေါင်းပေါ်သို့ အတင်းတင်လိုက်ပြီလား။

​"ဒါကတော့ ရှင်ကိုယ်တိုင်ပဲ သိမှာပေါ့။ ဖြစ်နိုင်တာက ရှင့်မှာလည်း လူတွေကို ခွဲခြားနိုင်တဲ့ နည်းလမ်းတွေ ရှိနေတာမျိုးလေ"

ကြယ်မိုး မသေမျိုးအရှင်က ပြုံးလိုက်ပြီး

"ဒါက ကျွန်မကို သတိပေးလိုက်တာနဲ့ တူတယ်နောက်တစ်ခါ ရှင့်ကို တိုက်ခိုက်တဲ့အခါ ကျင့်စဉ် တွေက ရှင့်ကို သိပ်ထိရောက်မှာ မဟုတ်တော့ဘူးပေါ့"

ဟု ဆိုသည်။

သူမသည် ပို၍ပင် ပျော်ရွှင်နေသည်။

အဆင့် (၅) မသေမျိုးတစ်ယောက်အကြောင်းကို ပိုသိလေ၊ ထိုသူသေဆုံးဖို့ ပိုနီးကပ်လေဖြစ်သည်။

​"အမှန်တရားက ဒါပဲ။ ဒါက တိုက်ဆိုင်မှုတစ်ခုလို့ ရှင် ပြောချင်တာလား ဒီမှာရှိနေတဲ့သူတွေကို မေးကြည့်ရအောင်၊ ကျိမျိုးနွယ်နဲ့ ရန်ငြိုးရှိတဲ့သူ ဘယ်သူရှိလဲ ဘာလို့ ကျိမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်ကိုပဲ ပစ်မှတ်ထားရတာလဲ "

ဆူယာအမျိုးသမီးက လှောင်ပြုံးဖြင့် ပြောပြီး လက်ထဲတွင် 'းအကြီးစားတည်နေရွှေ့ပြောင်းခြင်း မသေမျိုး အဆောင် ကို ထုတ်ပြလိုက်သည်။

"ဒါက အကြီးစားတည်နေရာရွှေ့ပြောင်းခြင်း အဆောင်ပဲ ကျွန်မ ဒါကို ချေဖျက်လိုက်တာနဲ့ ကျိမျိုးနွယ်ရဲ့ အဆင့် (၆) မသေမျိုးတစ်ပါးကို ချက်ချင်း ခေါ်ဆောင်လာနိုင်တယ်"

​"မိတ်ဆွေ၊ ခဏလေး စောင့်ပါဦး ဒီကိစ္စကို ကျုပ်တို့ လေးယောက်လုံး တာဝန်ယူပြီး ရှင်းပြပေးပါ့မယ်။ ဒီလို တန်ဖိုးကြီးတဲ့ အရာကို ဒီအတိုင်း ပျက်စီးသွားတာ နှမြောစရာပါ"

ဟု ကျိတူးခုံးယွမ်က အမြန်တားသည်။

မသေမျိုးလောကငယ် က အဆင့် (၆) မသေမျိုးတစ်ပါး ထပ်ရောက်လာပါက ကိစ္စမှာ ပိုကြီးကျယ်သွားမည်ဖြစ်ပြီး သူတို့အနေဖြင့် သိမ်းဆည်းရန် ခက်ခဲသွားလိမ့်မည်။

​ဆူယာအမျိုးသမီးက အဆောင်ကို သိမ်းလိုက်ပြီး

"ဒါဆိုရင်လည်း ကျွန်မ စောင့်ကြည့်ရသေးတာပေါ့"

ဟု ဆိုသည်။

​"မဟာမြေမသေမျိုးအရှင်၊ ခင်ဗျားရဲ့ သံသယဖြစ်ဖွယ် အခြေအနေက အလွန်ကြီးမားနေတယ်။ ကိစ္စအမှန်တရားကို မသိရသေးခင်အထိ ခင်ဗျား ဒီနေရာကနေ ထွက်သွားလို့ မရဘူး။ ကျုပ်တို့နဲ့အတူ လိုက်ခဲ့ရမယ်"

ဟု ကျိတူးခုံးယွမ်က သူ့ကို ကြည့်ကာ လေးနက်စွာ ပြောသည်။

​မဟာမြေမသေမျိုး ၏ မျက်နှာမှာ ဆိုးရွားနေသည်။

သူလိုက်မသွားရဲပေ။

တကယ်လို့ သူ့ကို အမှန်တကယ် ပြစ်ဒဏ်ပေးလိုက်ပါက ဘယ်လိုလုပ်မလဲ သူသည် ဝိညာဉ်နတ်ဘုရားဂိုဏ်းမှ ဖြစ်သော်လည်း ထိုအဆင့် (၆) မသေမျိုးများနှင့် မသေမျိုးလောကငယ် ၏ နောက်ကွယ်မှ အင်အားစုများကို သူ မယှဉ်နိုင်ပေ။

ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင်များက သူတစ်ယောက်အတွက်နှင့် ထိုအင်အားစုများနှင့် ရန်ငြိုးမဖွဲ့လိုကြပေ။

​မဟာမြေမသေမျိုး က ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်တော့ ကျိတူးခုံးယွမ်မှာ ဒေါသထွက်လာပြီး လက်ရွယ်လိုက်သည်။

ထိုအချိန်တွင် လုံဖူ မသေမျိုးအရှင်က လက်ကာပြလိုက်သည်

"ကိစ္စမရှင်းရသေးခင် လူကို အတင်းအဓမ္မ မဖမ်းဆီးသင့်ဘူး။ သူက အဆင့် (၅) မသေမျိုးပဲ၊ ဒီလို ဆက်ဆံခံရဖို့ မသင့်ဘူး ဒီမသေမျိုးဆွေးနွေးပွဲ ပြီးတဲ့အထိ ကျုပ်တို့ရဲ့ တည်းခိုခန်းမှာပဲ နေခိုင်းပြီးမှ ဒီကိစ္စကို ဖြေရှင်းတာ ပိုကောင်းမယ်"

​ထိုင်ရွှီ မသေမျိုးအရှင်က မျက်မှောင်ကြုတ်လျက်

"ဒီနေရာမှာ လူတစ်ယောက် သေသွားတာ၊ အဲဒါကလည်း မသေမျိုးလောကငယ် ကလူပဲ။ ဒီလိုမျိုး ဖြေရှင်းတာ အဆင်ပြေပါ့မလား "

​လုံဖူ မသေမျိုးအရှင်က လက်ယှက်ပြီး

"ထိုင်ရွှီ အကြီးအကဲ၊ ဒီနေရာက နန်ချင်းကြယ်တာရာနယ်မြေ လေ ကျိ မိတ်ဆွေတို့ ဒီဆွေးနွေးပွဲ ကျင်းပတာ နှစ်ပေါင်းများစွာ ကြိုးစားလာရတာပါ ဒီကိစ္စကြောင့် ပွဲပျက်သွားရင် ကျွန်တော်တို့ ဆယ်မျက်နှာဂိုဏ်းမှာလည်း ထိခိုက်မှု ရှိလိမ့်မယ်"

လူတိုင်းသည် ဤဆွေးနွေးပွဲ၏ နောက်ကွယ်တွင် ဆယ်မျက်နှာဂိုဏ်း ၏ အရိပ်အယောင် ရှိနေသည်ကို သဘောပေါက်သွားကြသည်။

​"ကောင်းပြီလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့နဲ့တော့ မဆိုင်ဘူး"

ထိုင်ရွှီ မသေမျိုးအရှင် ခေါင်းညိတ်ပြီး ကြယ်မိုးတို့ကို ခေါ်ကာ ထွက်သွားသည်။

ကျိတူးခုံးယွမ်တို့ကမူ ဆူယာအမျိုးသမီးကို စိတ်မပူအောင် နှစ်သိမ့်ထားလိုက်ကြသည်။

​အမှန်စင်စစ် ဆူယာအမျိုးသမီးသည် ထိုအဆောင်ကို ချေဖျက်ရန် မဝံ့ရဲပါ။

အဘယ်ကြောင့်ဆိုသော် ၎င်းက ကျိမျိုးနွယ်၏ အဆင့် (၆) မသေမျိုးကို ခေါ်လာမည်မဟုတ်ဘဲ အဆင့် (၂) သာရှိသေးသော သူမ၏ ခင်ပွန်းကိုသာ ခေါ်ဆောင်လာမည် ဖြစ်သောကြောင့်တည်း။

​ဖန့်ချန်သည် လုံဖူ မသေမျိုးအရှင်ကို အကဲခတ်ကြည့်လိုက်သည်။

သူက ဆွေးနွေးပွဲဘက်ကနေ ရပ်တည်ပြီး ဖြေရှင်းပေးနေသော်လည်း အမှန်တော့ မဟာမြေမသေမျိုးအရှင်အတွက် လမ်းစဖန်တီးပေးနေခြင်း ဖြစ်သည်။

သူသည် ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင် ဖြစ်နိုင်ခြေရှိပြီး ဒါယူး မသေမျိုးအရှင်နှင့်လည်း ပတ်သက်နေနိုင်ပေမည်။

​"အေးလေ၊ တချို့လူသတ်သမားတွေက အမှုကျူးလွန်ပြီးရင် ဒီနေရာကို ပြန်လာပြီး ကျုပ်တို့ ရှာတွေ့မတွေ့ ကြည့်တတ်ကြသေးတယ်"

ကျိတူးခုံးယွမ်က ရုတ်တရက် ဆိုသည်။

"အခု ဒီမှာရှိနေတဲ့ ကျင့်ကြံသူအားလုံး ကျုပ်တို့နဲ့ တစ်ခေါက်လိုက်ခဲ့ပါ မစိုးရိမ်ပါနဲ့၊ စစ်ဆေးပြီးလို့ သံသယကင်းရှင်းရင် ပြန်လွှတ်ပေးမှာပါ"

​စပ်စုနေသည့် ကျင့်ကြံသူများမှာ ကြောက်လန့်သွားကြသည်။

သို့သော် အခုချိန်မှာ ထွက်သွားလျှင်လည်း သံသယဖြစ်မှာစိုး၍ စိတ်ထဲမှာတော့ ကြိတ်ဆဲနေကြသည်။

ဖန့်ချန်သည်လည်း အပြင်တွင် စပ်စုနေခဲ့သည်။

သို့သော် သူ၏ စိတ်ဝိညာဉ် သာ ရောက်ရှိနေခြင်း ဖြစ်သည်။

ကျိတူးခုံးယွမ်၏ စကားကို ကြားပြီးနောက် သူ၏ ခန္ဓာကိုယ်ကို လျှို့ဝှက်စွာဖြင့် ထွက်ခွာစေလိုက်သည်။

​နောက်ထပ် ၁၅ ရက်ကြာသော် ကျိထျန်းတု၏ သေဆုံးမှုအကြောင်းကို မည်သူမျှ မပြောတော့ပေ။ ကိစ္စမှာ ပြီးဆုံးသွားသလိုပင်။

လူအချို့က ကျိထျန်းတု အသတ်ခံရသည့် အခန်းကို ရှာဖွေခဲ့ကြသော်လည်း မည်သူမည်ဝါမှန်း မသိရသဖြင့် နောက်ဆုံးတွင် စွန့်လွှတ်လိုက်ကြသည်။

​"ဒီတစ်ခေါက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ ရလိုက်ပြီ မသေမျိုးကျောက်တုံး ထောင်ဂဏန်းနဲ့ ရန်ကျင်း နောက်တစ်ခု ရလိုက်တာနဲ့ တူတူပဲ"

ဖန့်ချန်သည် ကျိထျန်းတု၏ ပစ္စည်းများကို စစ်ဆေးရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

ကျိထျန်းတုကမူ ဘေးတွင် ရပ်နေရင်း ဒေါသထွက်နေသော်လည်း ဘာမှလုပ်၍ မရပေ။

All Chapters