← Chapters

အခန်း (၁၂၉၅-၁၂၉၆)

Vol. 130 Ch. 1295-1296

အခန်း (၁၂၉၅-၁၂၉၆)

Vol. 130 Ch. 1295-1296

အခန်း (၁၂၉၅) - ဧကသတ်မှတ်ထားသော မသေမျိုးစာရင်း

​ကျိထျန်းတုသည် ဤတစ်ခေါက် ရန်ကျင်း အတွက် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်သွားနိုင်သည်ကို တွေးဖူးသည်။

အခြားသော ဖြစ်နိုင်ခြေများကိုလည်း တွေးကြည့်ဖူးသည်။

သို့သော်လည်း သူသည် တစ်နေ့တွင် ဘေးဒုက္ခဖြတ်ကျော်ခြင်း ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် ကျရှုံးလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

​မဟုတ်သေးပါ။

သူဘယ်တော့မှ မထင်ထားမိသည်မှာ မသေမျိုးလောကငယ် ထဲတွင် ကျိထျန်းကျွင်းသည် အညစ်ကြေးကင်းစင် မသေမျိုးလမ်းကြောင်းကို လျှောက်လှမ်းရန် ကြံစည်နေသည်ကို တစ်စုံတစ်ယောက်က သတိထားမိသွားပြီး သူ့ကို တိတ်တဆိတ် ဟန့်တားရန် စီစဉ်ထားလိမ့်မည်ဟုပင်။

​"နန်ချင်းကြယ်တာရာနယ်မြေရဲ့ မရဏ လမ်းကြောင်းက ဖွင့်လို့မရတော့ဘူး ငါ့အနေနဲ့ သူတို့နဲ့အတူ ဒီနေရာကနေ ထွက်ခွာဖို့ အခွင့်အရေးရှာမှပဲ ယင်လောက ကို သွားနိုင်ပြီး အစ်ကိုကြီး စေလွှတ်မယ့်လူတွေကို စောင့်ဆိုင်းနိုင်မှာ"

​ကျိထျန်းတုသည် စိတ်ထဲတွင် အံကြိတ်ထားသည်။

ကျိမျိုးနွယ်၏ အနာဂတ်အတွက်၊ မိမိ၏ အနာဂတ်အတွက် သူသည် ဤသတင်းကို မဖြစ်မနေ ပေးပို့ရမည်။

​တစ်ဖက်လူသည် နှစ်ကြိမ်ဆက်တိုက် ဟန့်တားခဲ့ပြီး နှစ်ကြိမ်လုံး အောင်မြင်ခဲ့ပြီ။

အကယ်၍ ကျိထျန်းကျွင်းသာ နောက်ကျမှ သိလိုက်ရပါက အညစ်ကြေးကင်းစင် မသေမျိုးလမ်းကြောင်းကို ဆက်လျှောက်ဖို့ အလွန်ခက်ခဲသွားလိမ့်မည်။

​နောက်ပိုင်းကာလတွင် ကျိထျန်းတုသည် ဖန့်ချန်၏ဘေးတွင် အမြဲလိုလို ကပ်ပါနေခဲ့သည်။

ထို ကျင့်ကြံသူသည် အခြားမည်သူများနှင့် အဆက်အသွယ်ရှိသေးလဲဆိုတာကို သူစောင့်ကြည့်ချင်သည်။

​သို့သော် ရလဒ်မှာမူ ထိုသူသည် အထွတ်ထိပ်ဝိညာဉ်ကျောက်တုံးများအကြောင်း ရှာဖွေနေသည်မှလွဲလျှင် တိတ်ဆိတ်သော အခန်းထဲတွင် တရားထိုင် ကျင့်ကြံနေခြင်းသာ ရှိပြီး ပြင်ပနှင့် အဆက်အသွယ် လုံးဝမရှိသည်ကို တွေ့လိုက်ရသည်။

​အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာရာ မသိလိုက်မသိဘာသာပင် မသေမျိုးဆွေးနွေးပွဲ၏ နောက်ဆုံးရက်များသို့ ရောက်ရှိလာသည်။

ဤရက်များ ကုန်ဆုံးသွားပါက ဆွေးနွေးပွဲလည်း ပြီးဆုံးတော့မည်ဖြစ်သည်။

​နောက်ဆုံးကျင်းပမည့် လေလံပွဲမှာ ယခင်ကထက် ပိုမိုစည်ကားလှသည်။

ယနေ့လူတိုင်းသည် 'ာရှေးဟောင်းမသေမျိုး၏ ရွှေရောင်ခန္ဓာကိုယ် ကို မျက်ဝါးထင်ထင် မြင်တွေ့ရရန် ဤနေရာတွင် စုဝေးနေကြသည်။

​ဆွေးနွေးပွဲက အစကတည်းက တမင်တကာ ပိတ်ပင်ထားခဲ့သော သတင်းများသည် နောက်ဆုံးရက်များတွင် ပျံ့နှံ့သွားလေသည်။

အဘက်ဘက်မှ ကျင့်ကြံသူများလည်း ထိုဆွေးနွေးပွဲတွင် အဘယ်ကြောင့် အဆင့် (၆) မသေမျိုးများ အများအပြား ရောက်လာကြသနည်းဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။

​မသေမျိုး လှေ ၊ ခုံးမင် မြက် သို့မဟုတ် အထက်နယ်မြေသုံးခုမှ ဖိတ်စာများဆိုသည်မှာ ဤအဆင့် (၆) မသေမျိုးများ၏ ပန်းတိုင်မဟုတ်။

ထနုရှေးဟောင်းမသေမျိုး၏ ရွှေရောင်ခန္ဓာကိုယ်သည်သာ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်သည်။

​"မိတ်ဆွေ၊ ခင်ဗျား ဒီရှေးဟောင်းရွှေရောင်ခန္ဓာကိုယ်အကြောင်း ဘယ်လောက်သိလဲ ကျုပ်တို့ သတင်းအချက်အလက်တွေ အပြန်အလှန် လဲလှယ်ကြမလား "

​ဖန့်ချန်၏ဘေးတွင် ရပ်နေသည့် ကျင့်ကြံသူတစ်ဦးသည် စကားပြောဖော်မရသဖြင့် ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ဖန့်ချန်ထံသို့ အကြည့်ရောက်လာသည်။

သူတို့၏ တည်နေရာသည် လေလံတင်စင်မြင့်နှင့် အလွန်ဝေးကွာလှသည်။

သူတို့မရောက်ခင်ကတည်းက နေရာကောင်းများကို လူတွေက အကုန်သိမ်းပိုက်ထားနှင့်ပြီ။

​"ရှေးဟောင်းမသေမျိုးဆိုတာ အဆင့် (၇) မသေမျိုးတွေလေ၊ လောကမှာ အလွန်ရှားတယ် ကျုပ်ဆိုရင် အသက်ရှင်နေတဲ့ ရှေးဟောင်းမသေမျိုးတစ်ပါးကိုတောင် မမြင်ဖူးသေးဘူး၊ ရွှေရောင်ခန္ဓာကိုယ်အကြောင်းဆိုရင် ပိုလို့တောင် မပြောနဲ့တော့"

​ဖန့်ချန်က အေးဆေးစွာ ရယ်မောပြောဆိုသည်။

"မိတ်ဆွေက ဒီအကြောင်းကို သိပြီး ဘာလုပ်မလို့လဲ ဘယ်လိုပဲဖြစ်ဖြစ် ဒီရွှေရောင်ခန္ဓာကိုယ်က အဆင့် (၆) အကြီးအကဲတွေ လက်ထဲပဲ ရောက်သွားမှာကျုပ်တို့နဲ့ ဘာမှမဆိုင်ပါဘူး"

​"အဲဒီလိုတော့ မပြောနဲ့လေ ကျုပ်တို့က အခုအခွင့်အရေး မရှိသေးပေမဲ့ အနာဂတ်မှာ အဆင့် (၆) ကို တက်လှမ်းနိုင်မလား ဘယ်သူသိမလဲ အကယ်၍ ရှေးဟောင်းမသေမျိုးရဲ့ ရွှေရောင်ခန္ဓာကိုယ် နဲ့ ကြုံလာရရင် သူ့ရဲ့ တန်ဖိုးနဲ့ အသုံးဝင်ပုံကို သိထားတာပေါ့"

ဟု လင်ပေါင်က ရယ်ကျဲကျဲဖြင့် ပြောသည်။

​"ဖြစ်နိုင်တာက ရှေးဟောင်းရွှေရောင်ခန္ဓာကိုယ် က အဆင့် (၆) မသေမျိုးတွေကို အဆင့် (၇) ဖြစ်ဖို့ ကူညီပေးနိုင်တာ ဖြစ်မယ် အဆင့်တက်ဖို့အတွက် အကျိုးရှိမှာပေါ့"

​ဖန့်ချန်သည် သူပြောသလိုလိုသာ ဖြေလိုက်သော်လည်း အကြည့်များမှာမူ ရှေ့ဆုံးမှ အဆင့် (၆) မသေမျိုးများအုပ်စုဆီသို့ ရောက်နေသည်။

သူသည် သူတို့ကို ကြည့်နေသည်ကို သိသွားမှာလည်း မစိုးရိမ်။

ယနေ့ရောက်ရှိနေသည့် ကျင့်ကြံသူများစွာသည်လည်း ထိုအဆင့် (၆) မသေမျိုးများကို တိတ်တဆိတ် အကဲခတ်နေကြသည် မဟုတ်ပါလော။

​လင်ပေါင်က အတော်ပင် ယုံကြည်နေပုံရသည်

"ကျုပ်လည်း အဲဒီလိုပဲ ထင်တယ် အဲဒီအဆင့်ကို ရောက်သွားရင် အဆင့်တက်တာက ဆေးဝါးသက်သက်နဲ့တင် မဟုတ်တော့ဘူးလေ"

​"အစ်ကို ၊ အစ်ကို က ဗဟုသုတ ကြွယ်ဝသူ၊ အထက်နယ်မြေသုံးခုမှာလည်း ကျင့်ကြံဖူးသူဆိုတော့ ဒီရွှေရောင်ခန္ဓာကိုယ် က ဘာအသုံးဝင်လဲဆိုတာ ပြောပြပေးပါလား ဒါကို ဆေးဖော်စပ်ဖို့ပဲ သုံးလို့ရတာလား "

​လင်းပေါင်သည် ဘေးနားရှိ ဝမ်ချုံးစန်းကို လှမ်းကြည့်သည်။

ဝမ်ချုံးစန်းက သူ့ကို စိတ်ရှုပ်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။

"ငါတို့ ဒီနေ့ လာတာက ကြည့်ကောင်းဖို့ လာတာ။ ဒီအကြောင်းတွေကို မေးပြီး ဘာလုပ်မလို့လဲ"

​"အော်၊ မိတ်ဆွေက အထက်နယ်မြေသုံးခုကို ရောက်ဖူးတာပဲ"

​ဖန့်ချန်သည် ချက်ချင်းပင် သူ့နားကို ကပ်သွားပြီး လက်ယှက် ဂါရဝပြုလိုက်သည်။

မျက်ဝန်းထဲတွင် လေးစားမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။

​"အထက်နယ်မြေသုံးခုကို သွားနိုင်တဲ့သူဆိုတာ သာမန်လူတွေ မဟုတ်ဘူး။ မိတ်ဆွေအနေနဲ့ ကျုပ်တို့ကို အသိပညာ ဗဟုသုတတွေ ဝေမျှပေးနိုင်မလား "

​အနီးအနားမှ ကျင့်ကြံသူများစွာလည်း ဤနေရာကို စိတ်ဝင်တစား ကြည့်လာကြသည်။

​ဝမ်ချုံးစန်းသည် မူလက ကိစ္စမရှုပ်လိုသော်လည်း ဖန့်ချန်၏ မျက်ဝန်းထဲမှ လေးစားမှုနှင့် အနီးအနားရှိလူများ၏ မနာလိုအားကျမှုများကို မြင်လိုက်ရသောအခါ လည်ချောင်းရှင်းလိုက်သည်။

​"ငါသိတာကတော့ သိပ်မများပါဘူး။ ဒါပေမဲ့ ငါအထက်နယ်မြေမှာတုန်းက ကြားဖူးတဲ့ ကောလာဟလတစ်ခု ရှိတယ်။ အဲဒီကောလာဟလက ဒီရှေးဟောင်းရွှေရောင်ခန္ဓာကိုယ် နဲ့ သက်ဆိုင်တယ်။ မင်းတို့ ရွှေရောင်ခန္ဓာကိုယ် အကြောင်း သိချင်ရင် ရှေးဟောင်းမသေမျိုး ဆိုတာ ဘာလဲဆိုတာ အရင်သိရမယ်"

​လူတိုင်း အသက်ရှုမှားလုနီးပါး ဖြစ်သွားကြသည်။

တစ်ယောက်က မယုံသလိုဖြင့် မေးလိုက်သည်

"ရှေးဟောင်းမသေမျိုးဆိုတာ ဘာလဲဆိုတာ ခင်ဗျား သိလို့လား "

​"အဆင့် (၆) မသေမျိုးတွေတောင်... ရှေးဟောင်းမသေမျိုးဆိုတာ ဘယ်လိုအရာမျိုးလဲဆိုတာ လုံးဝ မသိကြပါဘူး။ အဆင့် (၆) နဲ့ အဆင့် (၇) ကြားမှာက အဆင့်အမျိုးအစား ကွာတာတင် မဟုတ်ဘူး၊ အကြီးမားဆုံး အတားအဆီးတစ်ခုလည်း ရှိတယ်။ အဆင့် (၃) နဲ့ (၄) ကြားက အတားအဆီးလိုမျိုးပေါ့။ အဆင့် (၃) မသေမျိုးတွေ ဘယ်လောက်များများက အဲဒီအတားအဆီးမှာ တစ်သက်လုံး အချိန်ကုန်ဆုံးသွားကြလဲ..."

​ဝမ်ချုံးစန်းက ပြုံးလိုက်သည်။

"ကောလာဟလဆိုတာ ကောလာဟလပါပဲ။ မင်းတို့ မကြားချင်ရင်လည်း ငါမပြောတော့ဘူး"

​လူတိုင်း ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကြသည်။

ဝမ်ချုံးစန်းအား အထာပေးကာ ရှေးဟောင်းမသေမျိုးအကြောင်း ဆက်ပြောပြစေရန် အတင်းအကျပ် တောင်းဆိုကြသည်။

​"ကောင်းပြီလေ၊ ပြောပြမယ်။ ငါအထက်နယ်မြေမှာ ကြားခဲ့ရတာကတော့ ရှေးဟောင်းမသေမျိုးဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာ မသေမျိုးလမ်းကြောင်းရဲ့ အဆင့် (၇) နတ်ဆေးပင်တင် မဟုတ်ဘူး၊ အစစ်အမှန် မသေမျိုးစာရင်းဝင် တစ်ခု လိုအပ်တယ်"

​ဝမ်ချုံးစန်းက အဓိပ္ပာယ်ပါပါ ပြုံးကာ

"ဒါက မင်းတို့ ဂိုဏ်းတွေထဲက စာရင်းမှတ်တမ်းဝင်တာမျိုး မဟုတ်ဘူး။ ဒါက နတ်ဘုရားလောက က ချမှတ်ခဲ့တဲ့ စည်းမျဉ်းဖြစ်တဲ့ ဧကသတ်မှတ်ထားသော မသေမျိုးစာရင်း ပဲ။ စာရင်းဝင်သူတွေမှသာ အဆင့် (၇) ကို ဝင်ရောက်နိုင်တာ။ ပြီးတော့ လောကမှာ ဒီစာရင်းဝင်ခွင့် အရေအတွက်က..."

​လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဤသတင်းမှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ထိုအထဲတွင် ပါဝင်နေသော အချက်အလက်များကပင် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။

ထို့ပြင် သူတို့၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများနှင့် တစ်ခါတရံ ကြားဖူးနားဝရှိသည့် သတင်းစကားများအရ ထနုလူပြောနေသည့် သတင်းမှာ အလွန်ပင် ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလိုက်ရသည်။

​"မိတ်ဆွေ၊ စာရင်းဝင်ခွင့်အကြောင်း ဆက်ပြောပါဦး"

​လူအချို့က တောင်းဆိုလိုက်သည်။

ယခုအခါ အနီးအနားရှိ လူအများစုမှာလည်း ဝမ်ချုံးစန်း၏ စကားကို အာရုံစိုက်နေကြပြီး အချို့မှာမူ စဉ်းစားခန်း ဝင်နေကြပြီ ဖြစ်သည်။

​ဝမ်ချုံးစန်းက ရယ်မောကာ

"မသေမျိုးစာရင်းဝင် အရေအတွက်ဆိုတာ တကယ်တော့ ကန့်သတ်ချက် ရှိတယ်။ ဆိုလိုတာက... အဆင့် (၇) ရှေးဟောင်းမသေမျိုး စာရင်းပြည့်သွားပြီဆိုရင် နောက်ထပ် တစ်ယောက်ယောက်က အဆင့်တက်ချင်ရင် ရှိပြီးသား ရှေးဟောင်းမသေမျိုး တစ်ပါးပါး သေဆုံးသွားမှပဲ ရမှာ"

​"ဟူး..."

​လူတိုင်း အသက်ရှုကြပ်သွားသည်။

ဤအရာမှာ သူတို့ တစ်ခါမှ မကြားဖူးသော သတင်းဖြစ်သည်။

အဆင့် (၇) ရှေးဟောင်းမသေမျိုး အရေအတွက်မှာ ကန့်သတ်ထားသည် အကယ်၍ ရှေးဟောင်းမသေမျိုးတွေ စာရင်းပြည့်နေရင် တခြားသော အဆင့် (၇) တစ်ပိုင်း တွေက အဆင့် (၇) နတ်ဆေးပင် တွေ ရှိနေရင်တောင် အဆင့်တက်လို့ မရဘူးပေါ့ ဒီလောကမှာ ဒီလိုမျိုးလည်း ရှိသေးတာလား

​လူအများအပြားမှာ တုန်လှုပ်သွားပြီးနောက် ဝမ်ချုံးစန်းကို ကြည့်သည့် အကြည့်များမှာ ပို၍ ရှုပ်ထွေးလာသည်။

ဤသတင်းမှာ အထက်နယ်မြေတွင် လျှို့ဝှက်ချက် မဟုတ်တော့ဘူးပေါ့။

အကယ်၍သာ အမှန်ဖြစ်ပါက အောက်နယ်မြေခြောက်ခုနှင့် အထက်နယ်မြေသုံးခုကြားက ကွာခြားချက်က အလွန်ကြီးမားလွန်းလှသည်။

​"ဆိုလိုတာက... ဒီရွှေရောင်ခန္ဓာကိုယ် က ရှေးဟောင်းမသေမျိုးတစ်ပါး သေဆုံးသွားပြီးနောက် ကျန်ခဲ့တဲ့ အရိုးအစုပေါ့။ အဲဒါဆိုရင် လောကမှာ စာရင်းဝင်ခွင့် တစ်နေရာ ပိုလာတာပေါ့ ဒီစာရင်းဝင်ခွင့်က... ဒီရွှေရောင်ခန္ဓာကိုယ် ပေါ်မှာပဲ ရှိနေတာများလား..."

​လူတိုင်းမှာ တစ်ကိုယ်လုံး ကြက်သီးထသွားကြသည်။

အကယ်၍ ဤခန့်မှန်းချက်သာ အမှန်ဆိုပါက ထိုလေလံပွဲမှာ အဆင့် (၆) မသေမျိုးတွေကြားက ပြိုင်ဆိုင်မှုတင် မဟုတ်တော့ဘဲ ပိုကြီးကျယ်သွားပြီဖြစ်သည်။

​အထက်နယ်မြေသုံးခုက... စာရင်းဝင်ခွင့် မလိုအပ်ဘူးတဲ့လား

​စောစောက စပ်စုဖို့လာခဲ့သော ကျင့်ကြံသူများစွာ၏ မျက်လုံးများမှာ ပြောင်းလဲသွားကြသည်။

သူတို့သည် အဆင့် (၆) မသေမျိုးများ၊ ရှေးဟောင်းမသေမျိုးများရှေ့တွင် ပုရွက်ဆိတ်မျှသာ ဖြစ်ကောင်းဖြစ်မည်။

သို့သော် ထိုရွှေရောင်ခန္ဓာကိုယ် ၏ အစစ်အမှန်တန်ဖိုးကို သိသွားသောအခါ ပုရွက်ဆိတ်ကလေးများကလည်း ကိုက်ဖူးချင်လာလိမ့်မည် မဟုတ်ပါလော မည်သူမဆို ထိုစာရင်းဝင်ခွင့်ကို ရသွားပါက အဆင့် (၄)၊ (၅) ဆေးပင် များနှင့် လဲလှယ်ရန် ပြဿနာ မရှိတော့ပေ။

​ဖန့်ချန်သည် ဝမ်ချုံးစန်း၏ စကားပြောပုံကို ကြည့်ရင်း စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာသည်။

​ဒီလူ ဘာလုပ်ချင်နေတာလဲ

အခန်း (၁၂၉၆) - ကျွဲမင်နတ်ဘုရားနန်းတော်မှ လီရှမ်းဇီ

​ဝမ်ချုံးစန်း၏ စကားများသည် အနီးအနားတွင် ပြင်းထန်သော ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

သတင်းမှာ တစ်ဆင့်စကား တစ်ဆင့်နား ပျံ့နှံ့သွားသဖြင့် ရှေ့ဆုံးမှ အဆင့် (၆) မသေမျိုးအရှင်များပင် ဤနေရာသို့ အကြိမ်ကြိမ် အကြည့်ရောက်လာကြသည်။

​ရုတ်တရက် လူအုပ်ကြီး နှစ်ခြမ်းကွဲသွားပြီး အဆင့် (၆) မသေမျိုးအရှင် အတော်များများ လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။

လူတိုင်း၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားကာ အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။

​ထိုအထဲမှ အဆင့် (၆) မသေမျိုးအရှင်တစ်ပါးက ဝမ်ချုံးစန်းကို ခဏမျှ စိုက်ကြည့်ပြီးနောက် လေးနက်သောလေသံဖြင့် မေးလိုက်သည်

"မိတ်ဆွေ၊ ခင်ဗျား ခုနက ပြောလိုက်တဲ့စကားက အမှန်ပဲလား "

​ဒီအဆင့် (၆) မသေမျိုးအရှင်တောင်မှ မသေမျိုးစာရင်းဝင် အကြောင်းကို မသိဘူးလား

လူတိုင်း အံ့အားသင့်သွားကြသည်။

သို့သော် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။

အဆင့် (၆) မသေမျိုးအရှင်တောင်မှ မသိရသေးသည့် သတင်းဆိုလျှင်... ဤသတင်းမှာ တစ်စုံတစ်ယောက်က တမင်တကာ ပိတ်ပင်ထားခြင်း ဖြစ်ပေမည်။

ထို သူ (ဝမ်ချုံးစန်း) အနေနှင့် ဤအချက်များကို သိရှိထားသည်မှာ အထက်နယ်မြေသုံးခုတွင် ရှိစဉ်က သူ၏နောက်ခံမှာလည်း မသေးလှဟု ယူဆရသည်။

​"ကျုပ် ကြားခဲ့ရတဲ့ ကောလာဟလတစ်ခုပါပဲ။ အမှန်တကယ် ဟုတ်မဟုတ်ဆိုတာကိုတော့ ကျုပ် ကိုယ်တိုင်က အဆင့် (၇) မသေမျိုး မဟုတ်တဲ့အတွက် ဘယ်လိုလုပ်ပြီး အတည်ပြုနိုင်ပါ့မလဲ"

ဝမ်ချုံးစန်းက ရိုသေလေးစားမှုလည်းမရှိ၊ မောက်မာမှုလည်းမရှိဘဲ လက်ယှက်၍ ပြုံးကာ ဖြေလိုက်သည်။

​အဆင့် (၆) မသေမျိုးတစ်ပါးက ရေရွတ်လိုက်သည်

"ဟုတ်တာပေါ့၊ အဆင့် (၇) ကို မရောက်ဖူးဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ၊ အကယ်၍ ရှေးဟောင်းအကြီးအကဲ တစ်ယောက်ယောက်က ပြောပြမှပဲ သိမှာလေ..."

သို့သော်လည်း လောကရှိ အဆင့် (၆) မသေမျိုးများထဲတွင် ရှေးဟောင်းအဆင့် (၇) မသေမျိုးကို ဆရာ၊အကြီးအကဲအဖြစ် မှီခိုနိုင်သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ

အလွန်ပင် နည်းပါးလှ၏

သူတို့လိုပင် ယနေ့အချိန်အထိ တကယ့်ကို အပင်ပန်းခံ ရုန်းကန်လာခဲ့ရသည့် အဆင့် (၆) မသေမျိုးအရှင်များသည်သာ အောက်နယ်မြေခြောက်ခု၏ အဓိက အင်အားစုများ ဖြစ်သည်။

​"မိတ်ဆွေရဲ့ သတင်းက ကျုပ်တို့အတွက် အလွန်အရေးကြီးပါတယ်။ ကျေးဇူးတင်ပါတယ်"

အဆင့် (၆) မသေမျိုးအရှင်အချို့က ကျေးဇူးတင်စကားဆိုပြီးနောက် သူတို့၏ မူလနေရာသို့ ပြန်သွားကြကာ လေလံပွဲအစကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။

​ထိုက်ရွှီ မသေမျိုးအရှင်သည် ထိုအဆင့် (၆) မသေမျိုးများကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမျှမပြောဘဲ တည်ငြိမ်နေသည်။

သို့သော်လည်း တက်ရောက်လာသူများမှာ ထိုက်ရွှီ မသေမျိုးအရှင် တည်ငြိမ်နေပါစေ၊ ဤမသေမျိုးဆွေးနွေးပွဲသို့ လာခြင်းမှာ ထို ရှေးဟောင်းမသေမျိုး၏ ရွှေရောင်ခန္ဓာကိုယ် အတွက်ဆိုသည်မှာ သေချာနေပြီဟု ခန့်မှန်းမိလိုက်ကြသည်။

​"ဆရာ... သူတို့အထဲက လူတော်တော်များများက မသေမျိုးစာရင်းဝင်အကြောင်း သိသွားကြပြီ။ လာမယ့် လေလံပွဲအတွက် အနှောင့်အယှက် အတော်လေး ဖြစ်နိုင်တယ်"

ဟု ကြယ်မိုး မသေမျိုးအရှင်က တိုးတိုးလေး ပြောသည်။

​ထိုက်ရွှီ မသေမျိုးအရှင်က ပြုံးလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ဈေးအများဆုံးပေးနိုင်တဲ့သူ ရမှာပေါ့။ ငါတို့မှာ ပေးနိုင်တဲ့ မသေမျိုးကျောက်တုံး မရှိဘူးဆိုရင်လည်း ရှုံးနိမ့်တာကို ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူးလေ"

​ကြယ်မိုး မသေမျိုးအရှင်က ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းထဲတွင် တစုံတရာကို မျှော်လင့်နေဟန်ဖြင့် လူအုပ်ထဲတွင် တစ်စုံတစ်ယောက်ကို လိုက်ရှာနေသည်။

​အချိန်များ တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်ဆုံးသွားသည်။

ရုတ်တရက် လူတိုင်းမှာ ခမ်းနားတင့်တယ်လှသည့် ခေါင်းလောင်းသံတစ်ခုကို ကြားလိုက်ရပြီးနောက် လေလံစင်မြင့်ပေါ်တွင် လူလေးယောက် ပေါ်လာသည်။

သူတို့မှာ ဤမသေမျိုးဆွေးနွေးပွဲကို ဦးဆောင်သူများဖြစ်သည့် ကျိတူးခုံးယွမ်၊ ဖေးလူး မသေမျိုးအရှင်တို့ ဖြစ်သည်။

​ကျိတူးခုံးယွမ်၏ မျက်ဝန်းများ အရောင်လက်သွားပြီး တက်ရောက်လာသည့် အဆင့် (၆) မသေမျိုးများကို ဦးစွာ ဂါရဝပြုပြီးမှ

"ဒီနေ့ လေလံပွဲမှာ ပစ္စည်းတစ်ခုတည်းကိုပဲ လေလံတင်မှာပါ။ အဲဒါကတော့ အဆင့် (၇) ရှေးဟောင်းမသေမျိုးရဲ့ ရွှေရောင်ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်"

ဟု ပြောသည်။

​နေရာတစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။

ကျိတူးခုံးယွမ်က ဆက်လက်ပြောသည်

"ဒီရွှေရောင်ခန္ဓာကိုယ် ကို ဆယ်မျက်နှာဂိုဏ်းက ရှေးဟောင်းတားမြစ်နယ်မြေတစ်ခုကနေ ရရှိခဲ့တာပါ။ ဒါပေမဲ့ တရားမျှတမှုရှိစေဖို့အတွက် ဆယ်မျက်နှာဂိုဏ်းက ဒါကို ထုတ်ယူပြီး လေလံတင်ဖို့ ဆုံးဖြတ်လိုက်တာပါ၊ ဈေးအများဆုံးပေးသူက ရမှာပါ"

​တရားမျှတမှုရှိစေဖို့တဲ့လား

ဖန့်ချန်သည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

ဒါဟာ တရားမျှတမှု၊ မမျှတမှု ကိစ္စမဟုတ်ပေ။

အကယ်၍သာ ဤရွှေရောင်ခန္ဓာကိုယ်တော်ကို ဆယ်မျက်နှာဂိုဏ်းက ရထားတာဆိုရင် သူတို့ဘာကြောင့် အဲဒီပေါ်က မသေမျိုးစာရင်းဝင် ကို မယူရတာလဲ

ဆယ်မျက်နှာဂိုဏ်းတွင်လည်း အဆင့် (၆) မသေမျိုးများ ရှိသည်။

ယနေ့ရောက်နေသည့် လုံဖူ မသေမျိုးအရှင်ကို ကြည့်ရသည်မှာ ထိုက်ရွှီ မသေမျိုးအရှင်ထက် လုံးဝမနိမ့်ကျပေ။

အဆင့် (၇) ဆေးပင် မရှိလို့လား မသေမျိုးစာရင်းဝင်က နတ်ဆေးပင်ထက် ပိုအရေးကြီးသည်။

စာရင်းဝင်ခွင့်ကို အရင်ယူပြီးမှ အဆင့် (၇) နတ်ဆေးပင် ကို ရှာဖွေလျှင် နောက်မကျသေးပေ။

ဖြစ်နိုင်ခြေ အရှိဆုံးအကြောင်းရင်းမှာ ဆယ်မျက်နှာဂိုဏ်းသည် ခြိမ်းခြောက်ခံနေရသဖြင့် အပေးအယူလုပ်ပြီး လေလံတင်ရခြင်းသာ ဖြစ်ပေမည်။

ဆယ်မျက်နှာဂိုဏ်းကို ဘယ်သူက ခြိမ်းခြောက်နိုင်မှာလဲ ရှေးဟောင်းနယ်မြေထဲတွင်တော့... အများကြီး ရှိမနေနိုင်ပေ။

ထိုဂိုဏ်းမှာ နန်ချင်းကြယ်တာရာနယ်မြေကို ထိန်းချုပ်ထားနိုင်သဖြင့် ဝိညာဉ်သုတ်သင်ရေးဌာနနှင့် ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင်များပင် သူတို့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

​ဖန့်ချန်၏ အကြည့်များ လူအုပ်ထဲတွင် လှည့်ပတ်နေစဉ် ရုတ်တရက် သူနှင့်တကွ လူအများ၏ အကြည့်များမှာ တစ်နေရာတည်းသို့ ကျရောက်သွားသည်။

ထိုနေရာတွင် ထူးခြားသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်နေပြီး အသက် ၂၀ ကျော်ခန့်ရှိသည့်၊ မျက်နှာတွင် ရိုးသားဖြူစင်စွာ ပြုံးနေသော လူငယ်တစ်ဦး ရှိနေသည်။

သူဝတ်ဆင်ထားသည့် ဝတ်ရုံပေါ်တွင် သာမန်လူများ မဖတ်နိုင်သော ရှေးဟောင်းစာတန်းများ ထွင်းထုထားပြီး သူ၏ အငွေ့အသက်များက စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးအထိ တုန်ခါသွားစေသည်။

ဤခံစားချက်... ယခင်က ပေါ်လာခဲ့သော မသေမျိုးလှေ နှင့် ဆင်တူလှသည်။

​"သူ့ဝတ်ရုံက ဝိညာဉ်ရတနာ ပဲ..."

လူတိုင်းမှာ ထိတ်လန့်သွားကြသည်။

ဝတ်ရုံအမျိုးအစား ဝိညာဉ်ရတနာဆိုသည်မှာ အလွန်ရှားပါးပြီး အသေမျိုးလှေထက်ပင် တန်ဖိုးကြီးမားသည်။

ဝတ်ရုံဝိညာဉ်ရတနာများသည် များသောအားဖြင့် ကာကွယ်ရေးကို အဓိကထားလေ့ရှိသည်။

ကာကွယ်ရေး ဝိညာဉ်ရတနာ၏ တန်ဖိုးကို တွက်ချက်ရန်ပင် ခက်ခဲလှသည်။

​"သူလည်း အဆင့် (၆) မသေမျိုးအရှင်တစ်ပါးပဲ"

တက်ရောက်လာသည့် အဆင့် (၆) မသေမျိုးအရှင်များမှာ လေးနက်သော အမူအရာဖြစ်သွားကြသည်။

ထိုလူသည် ယခုအချိန်အထိ ပုံပန်းသဏ္ဌာန်နှင့် အငွေ့အသက်ကို ဖုံးကွယ်ထားခဲ့ပြီး ယခုမှ ပေါ်လာခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း

သူသည် ဤရွှေရောင်ခန္ဓာကိုယ်ကို အလွန်အမင်း အလေးထားကြောင်း ပြသနေသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်းကပင် သူသည် လူတိုင်းကို လျှို့ဝှက်စွာ အကဲခတ်နေခဲ့ခြင်း ဖြစ်နိုင်သည်။

​ထိုလူငယ်ဘေးတွင် နောက်ထပ်လူငယ်တစ်ဦး ရှိနေသည်။

မျက်နှာသာ ငယ်ရွယ်နေသော်လည်း သူ၏ အဆင့်မှာလည်း (၆) အထိ ရောက်နေပြီ။

သူ၏ အငွေ့အသက်မှာ ကြယ်မိုး မသေမျိုးအရှင်နှင့် ဆင်တူကာ တာလော့ မသေမျိုးလမ်းကြောင်း ဖြစ်သည်။

​"ဂျီကန်း ပဲ သူက အထက်နယ်မြေသုံးခုမှာ ကျင့်ကြံနေတာမဟုတ်ဘူးလား ဘာလို့ ဒီမှာ ရုတ်တရက် ပေါ်လာရတာလဲ ဒါဆိုရင် သူ့ဘေးကလူက..."

လူအချို့က သူ့ကို မှတ်မိသွားပြီး ထိုက်ရွှီ မသေမျိုးအရှင်ဘက်သို့ အလိုလို လှည့်ကြည့်မိသွားသည်။

အဘယ်ကြောင့်ဆိုသော် ဂျီကန်းမှာ ထိုက်ရွှီ မသေမျိုးအရှင်၏ တပည့်ရင်း ဖြစ်သောကြောင့်တည်း

​ဂျီကန်းသည် အထက်နယ်မြေသုံးခုမှ ဂိုဏ်းကြီးတစ်ခုသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း လူအများ သိထားကြသည်။

သူ၏ဘေးတွင် ဝတ်ရုံဝိညာဉ်ရတနာ ဝတ်ဆင်ထားသည့်လူနှင့် ပတ်သက်ပြီး အမျိုးမျိုး စိတ်ကူးယဉ်လာကြသည်။

​"မိတ်ဆွေတို့၊ ကျုပ်က ကျွဲမင်နတ်ဘုရားနန်းတော် မှ လီရှမ်းဇီ ပါ"

ဝတ်ရုံဝိညာဉ်ရတနာ ဝတ်ဆင်ထားသူ လူငယ်က လူတိုင်းကို လက်ယှက်၍ ဂါရဝပြုသည်။

​"အော်... ကျွဲမင်နတ်ဘုရားနန်းတော်က မိတ်ဆွေပဲကိုး"

အဆင့် (၆) မသေမျိုးအရှင်များ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး အတင်းပြုံး၍ ပြန်လည် ဂါရဝပြုလိုက်ကြသည်။

အကယ်၍ လီရှမ်းဇီက ကျွဲမင်နတ်ဘုရားနန်းတော်မှ ဖြစ်ပါက ဂျီကန်းသည် ထိုနန်းတော်သို့ ဝင်ရောက်သွားခြင်း ဖြစ်ပေမည်။

ထိုက်ရွှီ မသေမျိုးအရှင်နှင့် ဆက်စပ်ပြီး တွေးကြည့်လိုက်သော်... လူတိုင်း ထိတ်လန့်သွားကြသည်။

ဂျီကန်းနှင့် ကျွဲမင်နတ်ဘုရားနန်းတော်မှ အဆင့် (၆) မသေမျိုးတို့ ပူးပေါင်းလာခြင်းမှာ ထိုက်ရွှီ မသေမျိုးအရှင်နှင့် ပူးပေါင်းကာ ရွှေရောင်ခန္ဓာကိုယ်ပေါ်ရှိ ဧကသတ်မှတ်ထားသော မသေမျိုးစာရင်း ကို လုယူရန် ဖြစ်နိုင်ခြေများသည်။

​"ကျွဲမင်နတ်ဘုရားနန်းတော်..."

ဖန့်ချန်၏ မျက်ဝန်းများ အရောင်လက်သွားသည်။

ဝမ်ချုံးစန်းနှင့် လင်ပေါင်မှာ လူအုပ်ထဲသို့ လျှို့ဝှက်စွာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

မလွဲမသွေပင် ဝမ်ချုံးစန်းက ရွှေရောင်ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်ကို တမင်ဖော်ထုတ်လိုက်ခြင်းမှာ ဤလီရှမ်းဇီအတွက် အခက်အခဲများ ဖန်တီးပေးလို၍ ဖြစ်ပေမည်။

​"ဒီနှစ်ယောက်ကြားမှာ ရန်ငြိုးကြီးကြီးမားမား ရှိနေတာပဲ"

သတင်းအချက်အလက်အသစ်ကို ရလိုက်သည့်အတွက် ဖန့်ချန်မှာ စိတ်လှုပ်ရှားသွားသည်။

​လီရှမ်းဇီနှင့် ဂျီကန်းတို့သည် ထိုက်ရွှီ မသေမျိုးအရှင်ထံသို့ ရောက်သွားပြီး အပြန်အလှန် နှုတ်ဆက်ကြသည်။

လုံဖူ မသေမျိုးအရှင်၏ မျက်နှာမှာမူ အေးဆေးပင် ရှိနေသေးသည်။

ကျန်ရှိသည့် အဆင့် (၆) မသေမျိုးများမှာမူ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

ဒီလို အင်အားကြီးမားတဲ့လူတွေ ပါလာမှတော့ ရွှေရောင်ခန္ဓာကိုယ် က သူတို့လက်ထဲ ရောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။

​"လီမိတ်ဆွေ၊ အကြာကြီးပဲနော်။ ဒီနေ့မှ ရောက်လာပါလား။ စောစောကတည်းက ပေါ်လာပါတော့၊ ကျုပ်တို့ မိတ်ဆွေဟောင်းတွေနဲ့ စကားပြောချင်နေတာ ကြာပြီ"

အံ့ဩဝမ်းသာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက်တွင် အဆင့် (၆) မသေမျိုးများနှင့် တန်းတူ စွမ်းအားရှိသည့် အငွေ့အသက်အချို့ လူအုပ်ထဲမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်...

All Chapters