← Chapters

သေခြင်းစွမ်းအင်ကမ္ဘာ

Vol. 28 Ch. 311

သေခြင်းစွမ်းအင်ကမ္ဘာ

Vol. 28 Ch. 311

လေထုထဲတွင် လွင့်နေသောသွေးမြူများက ဟန်ချန်းယွင်၏ နဖူးနှင့်ခေါင်းပေါ်သို့ တဖွားဖွားကျလာပြန်၏။

သူ၏နဖူးကို သူပြန်စမ်းကြည့်လိုက်သောအခါ လက်တွင် သွေးများ ပေကျံလျှက်ပါလာသည်။

သို့သော် သူသည် လက်တွင်ပေနေသောသွေးများကို မလန့်တော့ပါ ။ ထိုအစား ကျိယွမ်ကိုသာ ထိတ်လန့်သောမျက်ဝန်းများဖြင့် ကြည့်နေ၏။

"အားနာစရာကြီး၊ ငါက အရမ်းကြမ်းသွားတော့ မင်းမိန်းမက မခံနိုင်ရှာဘူး။ နှမြောဖို့ကောင်းလိုက်တာ။ အမှတ်တရဖြစ်အောင် အကြွင်းအကျန်လေးတွေ သိမ်းချင် သိမ်းထားပေါ့"

ကျိယွမ်က မြေပြင်ပေါ်မှ သွေးစများကို မေးငေါ့ပြသည်။

လေထဲတွင် သွေးမြူများပြည့်နှက်နေသော်လည်း ကျိယွမ်ပေါ်သို့ သွေးတစ်စက်မျှ မကျပေ။ သူသည် ခန့်ညားသန့်ရှင်းနေပြီး လောကပြင်ပမှ နတ်သားတစ်ပါးကဲ့သို့ ရပ်နေ၏။

သို့သော် ထိုနတ်သား၏ စကားလုံးများမှာ အနည်းငယ် ရူးသွပ်နေပုံရပြီး နားလည်ရန် ခက်ခဲလှသည်။

ထိုအချိန်တွင် ဒဏ်ရာရထားသော ယုရှုမှာ ခက်ခဲစွာ ထရပ်လိုက်ပြီး ကျိယွမ်ကို ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ကြည့်ကာ ဦးညွှတ်၏။

"ကျေးဇူးတင်ပါတယ် အရှင်၊ ကျွန်တော့်အသက်ကို ကယ်တင်ပေးလို့ပါ"

ယုရှု၏ ဦးနှောက်မှာ ယခုအချိန်ထိ တုန်ခါနေဆဲဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်လှုပ်နေသည်။

ကျိယွမ်၏ အကြည့်က ယုရှုထံသို့ ကျရောက်သွားပြီး ဖော်ရွေစွာပြုံးပြကာ မေးလိုက်၏။

"ဒါဆို ငါ့ကို... ဝှက်ထားတဲ့ မြေပုံတွေအကြောင်း ပြောပြနိုင်မလား"

"ကျွန်တော်..."

ယုရှု ဇဝေဇဝါ ဖြစ်သွားသည်။

နတ်ဘုရားတစ်ပါးနဲ့ နီးစပ်လှသောအရှင်တစ်ပါးက ဒါကို မသိဘူးလား...

"အရှင်၊ ကျွန်တော့်နာမည်က ယုရှုပါ။ ဒီကိစ္စကို အချိန်တိုအတွင်း ရှင်းပြလို့ မရနိုင်ပါဘူး။ ကျိန်စာကုန်ဆုံးသွားရင် ဒီနေရာလည်း ပြိုကျသွားပါလိမ့်မယ်။ နောက်တစ်ကြိမ် ကျွန်တော် ပြန်ပေါ်လာတဲ့အခါ အရှင့်ကို လိုက်ရှာပြီး အားလုံးကို ရှင်းပြပါ့မယ်"

ယုရှုက အလျင်အမြန် ပြောလိုက်ရသည်။ အကြောင်းမှာ သူသည် နေရပ်သို့ ပြန်ပို့ခံရတော့မည်ကို ခံစားမိသောကြောင့်ပင်။

ထိုအချိန်မှာပင် သူ၏ ခန္ဓာကိုယ်မှာ စတင်ကာ ဖောက်ထွင်းမြင်နိုင်လုနီးပါး ကြည်လင်လာပြီးနောက် တဖြည်းဖြည်းမှုန်ဝါးပျောက်ကွယ်သွားသည်။

သူတို့ရောက်နေသော သီးခြားလောကငယ်လေးသည်လည်း ထိုအခိုက်အတန့်တွင် ပြိုကျသွားလေ၏။

ကျိယွမ်နှင့် ဟန်ချန်းယွင်တို့နှစ်ယောက်ရပ်နေသောနေရာမှာ မူလလမ်းကြားလေးအဖြစ်သို့ ပြန်ပြောင်းသွားသည်။

ဟန်ချန်းယွင်သည် သူ၏ဦးခေါင်းကို ကိုင်ထားပြီး နာကျင်စွာနှိပ်နယ်နေမိသည်။

အထူးသဖြင့် မေ့မြောသွားရာမှ နိုးလာပြီးနောက် ခေါင်းထဲတွင် မူးဝေနေပြီး ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ခံလိုက်ရသကဲ့သို့ ခံစားနေရသောကြောင့်ဖြစ်သည်။

အရာအားလုံးမှာ အိပ်မက်တစ်ခုလို သူ ခံစားနေရ၏။

သူသည် ကျိယွမ်ကို ကြည့်ပြီး နားမလည်နိုင်သလို မေးလိုက်သည်။

"ခုနက... ငါတို့ အထူးဟင်းလင်းပြင်တစ်ခုထဲ ရောက်သွားတာလား။ ဒါမှမဟုတ် အဲဒါတွေက ငါ့စိတ်ကူးပုံရိပ်တွေပဲလား"

သူသည် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပြီး အမြင်များပင် မှားနေသလားဟု သံသယဝင်နေသည်။

သူ၏ လက်ရှိအခြေအနေမှာ မကောင်းပေ။ ခေါင်းမှာ လေးလံနေပြီး မူးနောက်နေ၏။

ထိုသို့ဖြစ်ရခြင်းမှ ကျိယွမ်က သူ့ကို အတင်းအကျပ်အော်နှိုးလိုက်ခြင်းကြောင့် ဖြစ်သည်။

"မင်း မိန်းမရဲ့ အကြွင်းအကျန်တွေ မင်းခေါင်းပေါ်မှာ ရှိနေတုန်းပဲ၊ ဒါက ဘယ်လိုလုပ် စိတ်ကူးယဉ်ဖြစ်မှာလဲ။ ဒါမှမဟုတ် မင်းက တာဝန်မယူတတ်တဲ့ လူယုတ်မာတစ်ယောက် လုပ်ချင်တာလား"

ကျိယွမ်၏ စကားကြောင့် ဟန်ချန်းယွင်က သူ၏ကြက်ဖကေခေါင်းအား ကြောင်တောင်တောင်နှင့်ပြန်စမ်းလိုက်မိ၏။

"သွေးတွေက တကယ်ရှိနေတာ ပဲ"

....................

ယနေ့၏ရာသီဥတုမှာ အုံ့မှိုင်းနေပြီး လေပြင်းများ တိုက်ခတ်နေသည်။

ရှေးဟောင်းခံတပ်ကြီးတစ်ခုအတွင်း၌ ကျဉ်းမြောင်းသော အဆောက်အအုံများ ရှိနေ၏။

ခံတပ်နံရံများပေါ်တွင် ထူးဆန်းသော သတ္တဝါအမျိုးမျိုးကို ထွင်းထုထားသည်ကို အဝေးမှပင် မြင်နိုင်လေသည်။

အတောင်ပံ ခြောက်စုံပါသော ထိတ်လန့်ဖွယ်ရာ ငါးကြီးများ၊ လူ့ခန္ဓာကိုယ်နှင့် ခြင်္သေ့မျက်နှာရှိသော ထူးဆန်းသည်သတ္တဝါကြီးများ စသည်ဖြင့် အရုပ်များက စုံလင်လှ၏။

ခံတပ်အလယ်ရှိ ကွင်းပြင်တွင် ရုတ်တရက် ဟင်းလင်းပြင် လှိုင်းထန်မှုတစ်ခု ပေါ်လာပြီး လူရိပ်တစ်ခု ကောင်းကင်မှ ကျလာသည်။

စက္ကန့်အနည်းငယ်အကြာတွင် ခံတပ်မှထွက်လာသော လူလေးဦးသည်လည်း ထိုကွင်းပြင်၌ စုရုံးမိသွားကြသည်။

"ယုရှုလား။ မင်း လက်တွေ့ကမ္ဘာမှာ ကျိန်စာဖြေဖျောက်ဖို့ ခွင့်ယူထားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် စောစောပြန်ရောက်လာတာလဲ"

"ပြီးတော့ မင်းဒဏ်ရာတွေက ဘာဖြစ်တာလဲ။ ဒါတွေက... သုတ်သင်ရေးသမား ဖူမော့လက်ချက်လား"

အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့သည် ယုရှုကို အံ့ဩတကြီး ကြည့်နေကြပြီး တစ်ယောက်တစ်ခွန်းမေးကြ၏။

ဆံပင်ကျစ်ဆံမြီး ကျစ်ထားသော အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးကတော့ စကားမဆိုဘဲ စိုးရိမ်တကြီး ကြည့်နေသည်။

"ကျိန်စာကို ဖြေဖျောက်နေတုန်း မျှော်လင့်မထားတဲ့ အပြောင်းအလဲတချို့ ရှိခဲ့တယ်"

ယုရှုသည် ထိုလူများကို ဖြစ်ခဲ့သမျှအရာအားလုံး ပြောပြချင်ပုံမရပေ။

သူ၏အဖြေက အကြမ်းဖျင်းနိုင်လှ၏။

"ဟူး... ငါတို့က တာဝန်တစ်ခုအတွက် ထွက်ခွာတော့မလို့၊ အခုတော့... မင်း ဒဏ်ရာရသွားပြီ။ နောက်တာဝန်အတွက် ငါတို့ ဘယ်လိုလုပ်ကြမလဲ"

ဗလကောင်းကောင်း အမျိုးသားတစ်ဦးက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောသည်။

အခြားသူများကလည်း ထိုကိစ္စအတွက်စိုးရိမ်နေပုံရသည်။

လက်ရှိတွင် သူတို့ငါးဦးမှာ အဖွဲ့ငယ်တစ်ခု ဖွဲ့ထားခြင်းဖြစ်သည်။ အဓိက တိုက်ခိုက်ရေးသမားတစ်ဦး ဒဏ်ရာရခြင်းမှာ သူတို့၏ တာဝန်ကို များစွာ ထိခိုက်စေသည် မဟုတ်ပါလား။

ထိုအချိန်တွင် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးက အရေးမကြီးသလို ဝင်ပြောသည်။

"တာဝန်အကြောင်း ခဏမေ့ထားလိုက်ပါ၊ ငါတို့ခံတပ် မပြိုကျခင် တာဝန်တောင် စနိုင်မှာ မဟုတ်ဘူး"

အခြားသူများ၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။

ခံတပ်သည် သူတို့၏ ခိုလှုံရာဖြစ်ပြီး ပြင်ပကျူးကျော်မှုများမှ ကာကွယ်ပေးသောအရာလည်း ဖြစ်၏။

သို့သော် မကြာသေးမီက ခံတပ်မှ ပြီးမြောက်သော တာဝန်အရေအတွက်မှာ သိသိသာသာလျော့နည်းလာခဲ့သည်။

ခံတပ်ကို စွမ်းအားပေးထားသည့် သွေးဝင်္ကပါမှာလည်း အားနည်းလာပြီး ထိရောက်မှု မရှိတော့ပေ။

ယခုအတိုင်းသာ ဆက်သွားပါက အမှောင်ထဲတွင် ပုန်းအောင်းနေသော ထိတ်လန့်ဖွယ်ရာ သတ္တဝါကြီးများသည် မကြာမီမှာပင် ခံတပ်၏ သွေးဝင်္ကပါကို ဖောက်ထွက်လာနိုင်ချေ ရှိသည်။

ထိုသို့ဖြစ်လာပါက ခံတပ်တွင်နေထိုင်သူများမှာ အကြီးအကျယ် ထိခိုက်သေဆုံးမှာသေချာ၏။

သူတို့သည်လည်း အသက်ရှင်သန်ရန် အမြဲတစေ ကြောက်လန့်နေရသော လေလွင့်သူများ ဖြစ်သွားပေလိမ့်မည်။

"အဲဒီ သတ္တဝါကြီးက သိုင်းဘုရင် အဆင့်ပဲ၊ သုတ်သင်ရေးသမား ဖူမော့ထက်တောင် သန်မာတယ်။ ငါတို့ ခံတပ်လေးက ဒါကို မခုခံနိုင်ဘူး"

ကျစ်ဆံမြီးနှင့် အမျိုးသမီးကလည်း စိုးရိမ်တကြီး ဝင်ပြောသည်။

"အထက်လူကြီးတွေ ဘာစီစဉ်နေလဲ မသိတာခက်တယ်"

အဖွဲ့သားတစ်ယောက်က အကူအညီမဲ့စွာသက်ပြင်းချသည်။

ထိုအခိုက်တွင် ယုရှုသည် သူ၏ဒဏ်ရာကို ဖိထားရင်း ချောင်းတစ်ချက်ဆိုးလိုက်၏။

"အစ်မနာနာနဲ့ ကျွန်တော် အရင်သွားပြီး ဒဏ်ရာကုလိုက်ဦးမယ်၊ စကားမပြောတော့ဘူး"

ထိုစကားကိုကြားသောအခါ ကျစ်ဆံမြီးနှင့် အမျိုးသမီးက တွန့်ဆုတ်မနေဘဲ ယုရှုကို မချီကာ ပခုံးပေါ်တင်လျက် ခံတပ်၏ ကျဉ်းမြောင်းသော အခန်းများဆီသို့ ဦးတည်သွားတော့သည်။

အခန်းထဲသို့ ပြန်ရောက်ပြီး ပတ်ဝန်းကျင်တွင် လူမရှိသည်ကို အတည်ပြုပြီးနောက်မှ ယုရှုက သက်ပြင်းမောကြီးချလိုက်ပြီး အားနည်းစွာထိုင်လိုက်၏။

အန်းလျန်နာက အလွန်စိုးရိမ်နေသောမျက်နှာဖြင့် အခြေအနေအား စစ်ဆေးလေသည်။

"ယုရှု၊ နင် တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ။ ဒီဒဏ်ရာက ဖူမော့လက်ချက်လား"

အန်းလျန်နာတွင် မေးချင်သောမေးခွန်းများစွာရှိနေ၏။

သူမသည် ယုရှုနှင့် အလွန်နီးစပ်ပြီး သူ၏အစွမ်းနှင့် ဝှက်ဖဲများကို အားလုံးထက်ပိုသိသူဖြစ်သည်။

ယုရှု၏အနေအထားနှင့် အသတ်ခံရတော့မည့် အခြေအနေမျိုးကြုံရပြီးဆိုလျှင် ဤမျှ လွယ်လွယ်ကူကူ ပြန်ထွက်လာနိုင်မည် မဟုတ်ကြောင်း သူမ သိလေ၏။

"နာနာ..အပြင်ဘက်က လက်တွေ့ကမ္ဘာမှာ ဖူမော့ကို သတ်နိုင်တဲ့သူ ရှိနိုင်မယ်လို့ နင်ထင်လား"

ယုရှုသည် အပြစ်ပေးနယ်မြေတွင် သူမြင်ခဲ့ရသော မြင်ကွင်းကို ပြန်သတိရကာ မေးလိုက်သည်။

"မဖြစ်နိုင်တာ။ ဖူမော့က အနည်းဆုံး သိုင်းဘုရင်အဆင့် ရှိတယ်။ တာဝန်ကြီးတွေမှာဆို သူက အဓိက ဘော့စ်တစ်ကောင်ပဲ။ လက်တွေ့ကမ္ဘာမှာက သာမန်လူတွေပဲ ရှိတာလေ ၊ သာမန်လူတွေက သိုင်းဘုရင်တစ်ယောက်ကို ဘယ်လိုနိုင်မှာလဲ ၊ အနားတောင် မကပ်နိုင်ဘူး "

အန်းလျန်နာသည် အပြင်ဘက်ကမ္ဘာမှ မည်သူကမျှ ဖူမော့ကို သတ်နိုင်မည်ဟု မယုံကြည်ပါ။

ယုရှုသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ တိုးညင်းစွာပြောလိုက်သည်။

"ဖူမော့ သေပြီ ၊အပြင်ဘက် လက်တွေ့ကမ္ဘာက လူတစ်ယောက်ရဲ့ ဓားချက် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာ..."

သူသည် ကျိယွမ်၏ ကံကြမ္မာကို ဖတ်ရန် ကြိုးစားစဉ်က ဖြစ်ပျက်ခဲ့သည်များနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များကို အန်းလျန်နာအား သေချာ ရှင်းပြလိုက်သည်။

သူ၏စကားများကို နားထောင်ပြီးနောက် အန်းလျန်နာမှာ မယုံနိုင်လောက်အောင် အံ့အားသင့်သွား၏။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လက်တွေ့ကမ္ဘာ၏ သွေးမျိုးဆက်မှာ ကန့်သတ်ချက်များ ရှိနေပြီး သွေးစွမ်းအင်သိုင်းပညာရှင်လည်း မရှိနိုင်ပေ။

သွေးစွမ်းအင်သိုင်းပညာရှင် မရှိဘဲ မည်သူက ဖူးမော့ကို ယှဉ်နိုင်မည်နည်း။

"ပြီးတော့ နင်ပြောပုံအရဆိုရင် သူ့ဆီမှာ သေခြင်းစွမ်းအင်လည်း မရှိဘူးဆို၊ ဒါကြောင့် သူက ငါတို့ကမ္ဘာက မဟုတ်တာတော့ သေချာတယ်"

အန်းလျန်နာမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။

"လက်တွေ့ကမ္ဘာမှာ အပြောင်းအလဲကြီးတွေ ရှိနေတယ်လို့ ငါကြားတယ်၊ အဲဒါနဲ့ ပတ်သက်နိုင်တယ်"

ယုရှုသည် တစ်ခုခုကို သတိရကာ လေးနက်စွာ ပြောလိုက်၏။

"အပြောင်းအလဲကြီးတွေလား"

အန်းလျန်နာ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောသည်။

"လက်တွေ့ကမ္ဘာက ဘယ်လောက်ပဲ သန်မာနေပါစေ၊ ဘာဖြစ်လာမှာလဲ။ ...နင်လည်းသိသားပဲ..."

သူမ၏စကားကိုကြားလိုက်ရသောအခါ ယုရှုလည်း တိတ်ဆိတ်သွားခဲ့သည်။

အန်းလျန်နာပြောသည်မှာ အမှန်ဖြစ်၏။

လက်တွေ့ကမ္ဘာက ဘယ်လောက်ပဲ သန်မာလာပါစေ၊ သူတို့ကို မထိခိုက်နိုင်သလို အကျိုးလည်းမပြုနိုင်ပါ။

ဤနေရာတွင် သူတို့သည် အချင်းချင်းနှင့် ရဲဘော်ရဲဘက်များကိုသာ အားကိုးနိုင်သော သေခြင်းစွမ်းအင်များ၏ ကမ္ဘာမဟုတ်ပါလား။

..........

လုံထိုင်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဖြစ်သည်။

ကျိယွမ်၏ ရှေ့တွင် မျက်နှာပြင်အကြီးကြီး တစ်ခု ရှိနေသည်။

မျက်နှာပြင်ပေါ်တွင် စက်ရုပ် ဇီးရိုးဝမ်း

က ပြုံးနေ၏။

"ဒီနေ့ ဗီဒီယို သုံးခု မှတ်တမ်းတင်ထားပါတယ်... မနေ့က ဝင်ငွေကိုတော့... မင်္ဂလာဆောင် သကြားလုံးတွေ ဝယ်ထားပါတယ်... ကြောင်က အမွေး ၅၇၂ ချောင်း ကျွတ်ပါတယ်..."

၎င်းသည် ကျိယွမ်အား အလုပ်များကိ တင်ပြနေ၏။

ကျိယွမ်က ခေါင်းညိတ်ပြီး သဘောတူကြောင်း ပြသသည်။

"နဂါးရူး သိုင်းဘုရင်၊ သွေးသံလိုက်အိမ်မြှောင် စတာတွေနဲ့ ပတ်သက်ပြီး ငါစစ်ခိုင်းထားတဲ့ အချက်အလက်တွေကော"

ကျိယွမ်က လက်ရှိ သူအလေးထားဆုံး ကိစ္စကို မေးလိုက်သည်။

ထိုအရာက စိတ်ဝိညာဉ်လမ်းစဥ်သိုင်းဘုရင်ဖြစ်လာမည့် လမ်းစနှင့် ပတ်သက်နေသဖြင့် သူ့အတွက်အလွန်အရေးကြီး၏။

ထို့အပြင်သိုင်းပညာ၏ ကန့်သတ်ချက်များကို ကျော်ဖြတ်ရန်နှင့်လည်း သက်ဆိုင်နေသည်။

"နဂါးရူးသိုင်းဘုရင် ဒါမှမဟုတ် သွေးသံလိုက်အိမ်မြှောင်နဲ့ ပတ်သက်တဲ့ အချက်အလက် မတွေ့ရပါဘူး။

"ဒါပေမဲ့ ရှာဖွေကြည့်ရာကနေ သွေးလော့ကျွန်းအကြောင်း အချက်အလက်တွေ တွေ့ခဲ့ပါတယ်။"

"သွေးလော့ကျွန်းက ကျုန်းယ သမုဒ္ဒရာ အနက်ပိုင်းမှာ ရှိခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၇၀၀ က ကျုန်းယ သမုဒ္ဒရာမှာ ငလျင်တစ်ခု ဖြစ်ပွားခဲ့ပြီး သွေးလော့ကျွန်းဟာ ပင်လယ်ထဲ နစ်မြုပ်သွားပြီး အစအန ပျောက်ကွယ်သွားခဲ့ပါတယ်"

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၇၀၀ က ရှိခဲ့တဲ့ကျွန်းတစ်ကျွန်းလား။ အခုချိန် သူ့ရဲ့ တည်နေရာ အတိအကျကို ရှာလ်ု့ရနိုင်သေးလား"

ရှာတွေ့နိုင်လျှင် သူရေငုပ်ပြီး သွားကြည့်ချင်၏။

"အချက်အလက်တွေက အရမ်းနည်းလွန်းလို့ ရှာဖို့ မဖြစ်နိုင်ပါဘူး"

ဇီးရိုးဝမ်းသည် ကျိယွမ်၏ ပြဿနာကို မဖြေရှင်းပေးနိုင်သည့်အတွက် နာကျင်နေသည့်အလား စိတ်မကောင်းသော မျက်နှာထား ဖြစ်သွားသည်။

သို့သော် ဇီးရိုးဝမ်းက ဆက်ပြော၏။

"သခင်၊ ယုရှုနဲ့ပတ်သတ်ပြီး သခင်ပေးထားတဲ့ ပုံရိပ်အကြောင်းကို ကျွန်တော် အချက်အလက်တွေ အများကြီး ရှာဖွေခဲ့သလို တစ်ကမ္ဘာလုံးက စောင့်ကြည့်ရေး ကင်မရာ မှတ်တမ်းတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။ နောက်ဆုံးတော့ အချက်အလက်တချို့ တွေ့ခဲ့ပါတယ်။"

"ယုရှုဟာ ချင်းယွမ်နိုင်ငံ၊ အန်းခရိုင်က လူတစ်ယောက်ပါ။ သူက... လွန်ခဲ့တဲ့ ၃၄ နှစ်က ယာဉ်တိုက်မှုတစ်ခုနဲ့ သေဆုံးသွားခဲ့ပါတယ်။"

"သူရဲ့မွေးနှစ်အရဆိုရင် အခုဆို သူက အသက် ၅၀ ရှိပါပြီ"

"ဟေ.."

"သေပြီးသားလား"

ကျိယွမ် အံ့ဩသွားသည်။

ရုတ်တရက် ယုရှုပြောခဲ့သော "သေခြင်းစွမ်းအင်" ဆိုသည့် စကားကို သူ သတိရလိုက်သည်။

"အဲဒါဆို ယုရှုရှိနေတဲ့ နေရာကို ရောက်ဖို့အတွက်ဆိုရင် သေရမယ်လို့ ဆိုလိုတာလား"

ကျိယွမ်က ဖြစ်နိုင်ခြေကို စဉ်းစားလိုက်သည်။

"ဒါဆို ဝိညာဉ်လမ်းစဥ်သိုင်းဘုရင် တာဝန်ကို အောင်မြင်ဖို့ ငါက ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ်လို့ ဆိုလိုတာလား"

ကျိယွမ် ချက်ချင်းခေါင်းခါလိုက်သည်။

သူ့မှာ စိတ်ရောဂါရှိကြောင်း လက်မှတ် ရှိသော်လည်း သူက တကယ်ရူးနေခြင်းမဟုတ်ပေ။

လုကောင်းတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေရန် မလုပ်နိုင်ပါ။

ဘယ်လိုလုပ်သင့်လဲ။

ကျိယွမ် ငြိမ်သက်ကာ နည်းလမ်းများကို စဥ်းစားကြည့်နေမိသည်။

ရုတ်တရက် သူသည် ဟန်ချန်းယွင်၏ သွေးမျိုးဆက်ကို အသုံးပြုပြီး သီးခြားလောကနေရာထဲသို့ ဝင်ရောက်နိုင်ခဲ့သည်ကို တွေးမိသွား၏။

ထိုအရာက သူ၏ သွေးမျိုးဆက် သိပ်သည်းဆက စံချိန်မီသွားလျှင် သူသည်လည်း ဖုံးကွယ်ထားသော နေရာများသို့ ဝင်ရောက်နိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

"ငါက ရေငုပ်သမားလုပ်ပြီး သမုဒ္ဒရာထဲမှာ ဗီဇပြောင်း ပင်လယ်သတ္တဝါတွေကို ဖမ်းရဦးမယ့်ပုံပဲ"

ကျိယွမ်က သက်ပြင်းချရင်းတွေးလိုက်သည်။

ဝူဂိုဏ်းမှ သွေးအဆီအနှစ်မှာ အမျိုးအစားများစွာရောနှောနေသဖြင့် ၎င်းကို သောက်သုံးခြင်းက ကျိယွမ်၏ သိုင်းပညာ လေ့ကျင့်မှုနှင့် ပါရမီကို တိုးတက်စေသော်လည်း အလွန်အကျွံ သောက်သုံးခြင်းက ပြောင်းပြန်အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။

"ခရီးထွက်ဖို့ အချိန်တန်ပြီပဲ"

သိုင်းပြိုင်ပွဲ မစတင်မီ ဤမြို့၌ တစ်ပတ်ခန့် နေထိုင်ဦးမည်ဖြစ်သည်။

ဤတစ်ပတ်အတွင်း သူသည် သိုင်းပညာဆိုင်ရာ နေရာအချို့ကို သွားရောက်လည်ပတ်ရန် စီစဉ်ထား၏။

ဥပမာအားဖြင့် သိုင်းပညာ အမှတ်အသား အမျိုးမျိုးကို ထွင်းထုထားသည့် ဝူယွင်ခန်းမကဲ့သို့သော နေရာမျိုးဖြစ်သည်။

မနေ့က သူတို့ ထွက်ခွာလာစဉ် ဟန်ချန်းယွင်သည် ဝူယွင်ခန်းမသို့ လမ်းပြအဖြစ် လိုက်ပါမည်ဟု ကတိပေးထားသည် မဟုတ်ပါလား။

အခမဲ့ရသော လမ်းပြတစ်ယောက်ကို အလဟဿ အဖြစ်မခံနိုင်ပေ။

တစ်နာရီခန့်အကြာတွင် ဖြစ်သည်။

ကျိယွမ်သည် ဝူယွင်ခန်းမ၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။

ဤကမ္ဘာသို့ရောက်သည်မှာ သုံးလကြာ ကြီးပြီဖြစ်သောကြောင့် သူ၏ ဆံပင်များမှာ သိသိသာသာ ရှည်လာသဖြင့် ပို၍ခန့်ညားလာကာ ရှေးဟောင်းခေတ်လူတစ်ယောက်၏ အသွင်အပြင်ကို ပေးစွမ်းနေသည်။

ဟန်ချန်းယွင်သည် ကျိယွမ်ကို မြင်သောအခါ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြီး သူသည် လက်ကို အပြင်းအထန် ဝှေ့ယမ်းကာ ပြေးလာ၏။

"မစ္စတာ ကျိ"

ဟန်ချန်းယွင်သည် မနေ့ညက ခေါင်းကိုက်ဝေဒနာဖြင့် အိမ်ပြန်ရောက်သွားပြီး ချက်ချင်းအိပ်ပျော်သွားခဲ့သည်။

ထို့နောက် သူ ပြန်နိုးလာပြီး ခေါင်းကြည်ကြည်ဖြင့် ပြန်စဥ်းစားမိသောအခါ အလွန် စိတ်လှုပ်ရှားလျှက် ထိုင်မရမလို ထရမလိုပင်ဖြစ်သွားခဲ့ရသည်။

ကျိယွမ်သည်... ဝူကွေ့နိုင်ငံ၏ စစ်စခန်းကို ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့သော စွမ်းအားရှင်လူသားဖြစ်နေသည် မဟုတ်ပါလား။

ဒဏ္ဍာရီလာ... အစွမ်းထက်လှသောမသေမျိုးကျင့်ကြံသူတစ်ဦးနှင့် သူဆုံတွေ့ခင်မင်ခွင့်ရခဲ့၏။

စိတ်လှုပ်ရှားလွန်း၍ ဟန်ချင်းယွင်မှာ ဂဏာမငြိမ်ဖြစ်နေခဲ့သည်။

မနေ့က သူပြောခဲ့သောစကားများထဲတွင် မသေမျိုးလမ်းစဉ် ပြန်လည်နိုးထလာပြီး သိုင်းပညာ လမ်းစဉ် ပျက်သုဉ်းသွားမည်ဟု စိုးရိမ်စွာပြောခဲ့သော်လည်း ကျိယွမ်က အဘယ်ကြောင့် နည်းနည်းလေးမှ စိုးရိမ်ပူပန်ခြင်း မရှိသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

သူက မသေမျိုးကျင့်ကြံသူတစ်ယောက်ပဲ၊ ဘာလို့ သိုင်းပညာလမ်းစဥ်ကို စိုးရိမ်နေမှာလဲ။

သိုင်းပညာဆိုသည်က သူ့အတွက် ကစားစရာတစ်ခု သိူ့မဟုတ် ဘဝအတွေ့အကြုံယူသော နည်းလမ်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ဒါဆို မသေမျိုးကျင့်ကြံသူတစ်ယောက်နဲ့ ဘယ်လို ဆက်ဆံရမလဲ။

ဟန်ချန်းယွင်သည် ယနေ့နံနက်ကတည်းက မိမိကိုယ်ကိုယ် မေးကြည့်ခဲ့သည်။

နောက်ဆုံးမှာတော့ သူ အဖိုးတန်အဖြေကို သိခဲ့သည်။

ဖားရမည်။

သူသာ ကောင်းကောင်း ဖားနိုင်လျှင် မစ္စတာကျိက သူ့ကို အံ့သြစရာကောင်းသော ဇနီးတစ်ယောက်ပင် ဆုချကောင်း ဆုချနိုင်သည်။ထိုဇနီးက ကျင့်ကြံသူပင် ဖြစ်နေနိုင်၏။

ဒါက အကြီးအကျယ် အနိုင်ရရှိခြင်း ဖြစ်ပေလိမ့်မည်။

"မင်းက အိတ်တွေ အများကြီး သယ်လာတာပဲ၊ သေသေချာချာ ပြင်ဆင်လာပုံရတယ်"

ကျိယွမ်က အိတ်ပေါင်းစုံကို လက်နှစ်ဖက်တွင်မက ပုခုံးမှာပါ ချိတ်လာသော ဟန်ချန်းယွင်အား ကြည့်ကာပေါ့ပေါ့ပါးပါး မှတ်ချက်ပေးသည်။

ဒီကောင့်မျက်နှာက နည်းနည်းပုံမှန်မဟုတ်သလို ခံစားရတယ်။

"မစ္စတာကျိရဲ့ လမ်းပြလုပ်ဖို့ဆိုမှတော့ ကျွန်တော် အပြည့်အဝ ပြင်ဆင်ထားရမှာပေါ့"

ဟန်ချန်းယွင်က တက်ကြွစွာ ပြောပြီးအနီးသို့ ပြေးလာ၏။

"ဝူယွင်ခန်းမက ပိတ်ထားတာ မဟုတ်ဘူးလား။ အပြင်မှာ လူတချို့ စောင့်နေတာ တွေ့တယ်"

ကျိယွမ် စရောက်လာကတည်းက ဝူယွင်ဆောင် ပတ်ပတ်လည်တွင် သတိပေးစည်းများ တားထားပြီး အနီးအနားတွင် ဝတ်စုံနက်ဝတ် သက်တော်စောင့် အချို့ရှိနေသည်ကို သတိပြုမိခဲ့သည်။

"ဝူယွင်ခန်းမက အခမဲ့ဖြစ်ပြီး အများပြည်သူအတွက် ဖွင့်ထားတာပါ။ ဒါက တစ်ယောက်ယောက်က နေရာဦးထားတာဖြစ်ပါလိမ့်မယ် ၊ ကိစ္စမရှိပါဘူး၊ ကျွန်တော်လည်း ချမ်းသာတဲ့ ဒုတိယမျိုးဆက်ပဲလေ။ ဒီလောက်က ပြဿနာ မရှိပါဘူး"

ဟန်ချန်းယွင်က အစောင့်များကိုတစ်ချက်ကြည့်ပြီး အရေးမကြီးသလို ပြန်ပြောလိုက်သည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ ချင်းယွမ်နိုင်ငံတွင် ထူးခြားမှု မရှိပေ။

သာမန်ပြည်သူများမှာ ထိုအရာမျိုးကို ကျင့်သားရနေပြီဖြစ်ပြီး ကန့်ကွက်ခြင်း ဝေဖန်ခြင်းမျိုးလည်း မရှိကြပါ။

ကြားဖူးနားဝ ဟာသတစ်ခုလိုပင် .... မှူးမတ်များအပေါ် တင်ရှိနေသော ကျေးဇူးကြွေးမှာ တစ်သက်လုံး ဆပ်လျှင်တောင် ကုန်နိုင်မည် မဟုတ်ပေ ဟူ၏။

လက်တွေ့ကျကျ စဉ်းစားကြည့်လျှင် ကန့်ကွက်လျှင်ပင် ဘာများ ထူးခြားသွားမည်နည်း။

ဤကမ္ဘာ၌ ရုပ်မြင်သံကြားတွင်လည်းကောင်း ၊ ကျောင်းသုံးစာအုပ်များတွင်လည်ကောင်း ၊ အခြေခံဥပဒေတွင်ပင်လည်ကောင်း ဟန်ဆောင်မှုများ မရှိခဲ့ပါ။

ကြယ်ခုနှစ်ပွင့် မိသားစုကြီးများမှဆိုလျှင် အော်တိုမစ်တစ် သေဒဏ်မှ ကင်းလွတ်ခွင့်မျိုးပင် ရှိသည်။

"အခွင့်ထူးခံအာဏာကို အခုလို သုံးတာက နည်းနည်း မသင့်တော်ဘူး မဟုတ်ဘူးလား"

ကျိယွမ်က အနည်းငယ် တွန့်ဆုတ်နေ၏။

သူသည် ကမ္ဘာတော်တော်များများတွင် အရေးပါသူဖြစ်သော်လည်း သူ၏ အခွင့်ထူးများကို တစ်ခါမျှ ယခုလို မသုံးခဲ့ဖူးပေ။

ဥပမာအားဖြင့် သူ ကန်းလန်လောက တွင် ရှိစဉ်က ဂိုဏ်းတစ်ခု၏ စာကြည့်တိုက်သို့ ဝင်ရောက်လိုလျှင် သူ၏ အခွင့်ထူးများကို သုံးပြီး ထိုလူများကို စာကြည့်တိုက် ဖွင့်ပေးရန် အတင်းအကျပ် ခိုင်းစေနိုင်၏။

သို့သော် သူသည် သူ၏ အခွင့်ထူးများကို မသုံးခဲ့ပေ။ ယင်းအစား သူ၏ ခိုင်မာသော ပုဂ္ဂိုလ်ရေးဆွဲဆောင်မှုနှင့် အချို့သော ဂိုဏ်းဝင်များ၏ ဧည့်ဝတ်ကျေပွန်မှုတို့အပေါ်တွင်သာ အားကိုးခဲ့သည်မဟုတ်ပါလား။

သူ သွားရောက်သည့် အခါတိုင်း သူတို့က စာကြည့်တိုက်ကို ကြည်ကြည်ဖြူဓြဖွင့်ပေးကြသည်။

"ငါ့ရဲ့ ပုဂ္ဂိုလ်ရေး ဆွဲဆောင်မှုကို သုံးပြီး သူတို့ကို စည်းရုံးကြည့်ရင်ကော"

ကျိယွမ်က ကန်းလန်လောကတွင် သုံးခဲ့သော နည်းလမ်းကို သုံးရန် စဉ်းစားလိုက်သည်။

"ဒီကိစ္စသေးသေးလေးကို ကျွန်တော့်လက်ထဲသာ အပ်လိုက်ပါ"

ဟန်ချန်းယွင်က သူ၏ ရင်ဘတ်ကို ပုတ်ကာ ကတိပေး၏။

ထို့နောက် သူက တာဝန်ရှိသူကို ရှာရန် လုပ်နေစဉ်မှာပင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"သခင်လေးလည်း ဒီကိုရောက်နေတာလား"

နှုတ်ဆက်သံနှင့်အတူ အဖိုးအိုတစ်ဦး က ဝမ်းသာအားရဖြစ်နေသောပုံစံနှင့် သူတို့ထံသို့ လျှောက်လာ၏။

"ဦးလေးဝမ်၊ ဒီမှာ ဘာလုပ်နေတာလဲ"

ဟန်ချန်းယွင် ဇဝေဇဝါ ဖြစ်သွားသည်။

"ဝူယွင်ခန်းမကို နေရာယူထားတာကအစ်ကိုကြီးလား။ ဒါဆိူလည်း ကောင်းတာပေါ့၊ သူက ကျွန်တော့်အတွက် နောက်ဖေးပေါက်ကနေ ခွင့်ပြုပေးနိုင်တာပဲ၊ ကျွန်တော့်မှာ အထဲဝင်ချင်နေတဲ့ တစ်ယောက်လည်း ပါလာတယ်"

သူ၏မိသားစုဖြစ်နေသည့်အတွက် အံ့ဩသွားသော်လည်း ဟန်ချန်းယွင်သည် ဤအရာက ကိုင်တွယ်ရ ပိုလွယ်ကူသည်ဟု ခံစားလိုက်ရသည်။

ထိုအခိုက်တွင် လူတစ်စုကလည်း သူတို့ဆီသို့ လျှောက်လာ၏။

ဦးဆောင်လာသူမှာ သက်လတ်ပိုင်း အမျိုးသားတစ်ဦးနှင့် ထူးခြားသော လက္ခဏာများရှိသည့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

သက်လတ်ပိုင်း အမျိုးသားသည် ဟန်ချန်းယွင်ကို မြင်သောအခါ သူ၏ မျက်လုံးများတွင် အံ့ဩရိပ် အနည်းငယ် ထွက်ပေါ်လာ၏။

ထို့နောက် သူသည် ဘေးမှ အမျိုးသမီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မင်းသမီး ဟွမ်ရှား၊ ဒါက ကျွန်တော့်ညီ ဟန်ချန်းယွင်ပါ။ သူက သိုင်းပညာ အထွတ်အထိပ်မှာ ရှိတဲ့ သိုင်းပညာရှင် တစ်ယောက်လေ"

"မင်းသမီးကလည်း သိုင်းပညာကို စိတ်ဝင်စားတယ် မဟုတ်လား။ ကျွန်တော့်ညီက မင်းသမီးအတွက် လမ်းပြလုပ်ပေးပြီး ဝူယွင်ဆောင်အကြောင်း ရှင်းပြပေးပါလိမ့်မယ်"

မင်းသမီး ဟွမ်ရှားသည် လျူလီနိုင်ငံမှ မင်းသမီးတစ်ပါးဖြစ်ပြီး ချင်းယွမ်နိုင်ငံ၊ လုံထိုင်မြို့သို့ လည်ပတ်ရန် ရောက်ရှိနေခြင်း ဖြစ်လေ၏။

ဟန်ချန်းယွင်၏ အစ်ကိုဖြစ်သူ ဟန်ခန်းသည် သူမအားလမ်းပြပေးပြီး သူမ၏ လုံခြုံရေးကို တာဝန်ယူရန် တာဝန်ပေးခြင်း ခံထားရသည်။

ယခုအခါ ညီဖြစ်သူကို ဤနေရာတွင် မြင်လိုက်ရသဖြင့် ဟန်ခန်းသည် သူ၏ ညီကိုပါ သူမနှင့်အတူ လိုက်ပါရန် ခိုင်းစေလိုက်ခြင်းပင်။

ဟန်ချန်းယွင်သည် ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ် အကူအညီမဲ့သွား၏။

"အစ်ကို၊ ကျွန်တော်က သူငယ်ချင်းတစ်ယောက်ကို လိုက်ပြပေးမယ်လို့ ပြောထားပြီးပြီ"

ထို့နောက် သူက မင်းသမီး ဟွမ်ရှားကို လေးစားစွာကြည့်လိုက်သည်။

"တောင်းပန်ပါတယ် မင်းသမီး၊ ဒါပေမဲ့ ကျွန်တော် ဒီနေ့ မအားလို့ပါခင်ဗျာ"

နိုင်ငံငယ်လေးက မင်းသမီးနောက်ကိုလိုက်မလား၊ ဒဏ္ဍာရီလာ မသေမျိုးကျင့်ကြံသူနောက်ကို လိုက်မလား။

ရွေးချယ်နေစရာပင် မလိုပါ။

သေချာပေါက် ဒဏ္ဍာရီလာကျင့်ကြံသူပေါ့။

မင်းသမီးက ငါ့ကို အံ့သြစရာကောင်းတဲ့ ဇနီးတစ်ယောက် ပေးနိုင်မှာမို့လို့လား။

မပေးနိုင်မှာ သေချာ၏။

ဟန်ခန်းသည် ညီဖြစ်သူ၏ စကားကိုကြားသောအခါ အနည်းငယ် အံ့ဩသွားသည်။

သူ၏ညီမှာ အမြဲတစေ ပေါ့ပေါ့ဆဆ နေတတ်သော်လည်း အရေးကြီးသော ကိစ္စများတွင်မူ အမှားအယွင်း မလုပ်တတ်ပါ။

ထို့အပြင် တစ်လျှောက်လုံးတွင် သူ၏ညီသည် သူ၏ အမိန့်ကို တစ်ခါမျှ မငြင်းဆန်ခဲ့ဖူးပေ။

ယနေ့တွင် ညီဖြစ်သူက သူ့ရှေ့တွင်ပင် သူ့ကို ငြင်းဆန်လိုက်လေသည်။

ဟန်ခန်း၏ စိတ်ထဲတွင် သိသိသာသာ မကျေမနပ်ဖြစ်သွား၏။

"မင်းရဲ့ ဒီသူငယ်ချင်းက... သိုင်းလောကကလား"

ဟန်ခန်းက ကျိယွမ်ကို အရေးမကြီးသလို ကြည့်လိုက်သည်။

"ဒီလိုလုပ်ရင်ကော၊ ဝူယွင်ခန်းမကို မနက်ဖြန်မှ လာခဲ့ပေါ့။ အဲဒီကျမှ ငါ့ညီလေးကို မင်းနဲ့အတူ လိုက်ခိုင်းလိုက်မယ်"

ဟန်ခန်း၏ စကားလုံးများမှာ ငြင်းဆန်၍မရသော လေသံမျိုး ပါဝင်နေပြီး အထက်လူကြီး တစ်ယောက်၏ လွှမ်းမိုးမှုကို ထုတ်ဖော်နေသည်။

"ကျွန်တော်က ဒီနေ့ ရောက်နေတာလေ၊ ဘာလို့ မနက်ဖြန်မှ လာရမှာလဲ။ ဝူယွင်ဆောင်က ခင်ဗျားတို့ မိသားစုပိုင်တာလား။ မနက်ဖြန်မှ လာတာသဘောကျရင် ခင်ဗျားတို့ပဲ မနက်ဖြန်မှ လာပါလား"

ကျိယွမ် မကျေမနပ် ဖြစ်သွားသည်။

ဟန်ခန်းက ဘာမှပြန်မပြောမီမှာပင် ရွှေကိုင်းမျက်မှန် တပ်ထားပြီး အတွင်းရေးမှူးနှင့်တူသော အမျိုးသားတစ်ဦးက ဝင်ပြောလိုက်သည်။

"ဝူယွင်ဆောင်က... တကယ်တော့ ကျွန်တော်တို့ မိသားစုပိုင် ပစ္စည်းတစ်ခုပါပဲ"

ကျိယွမ်မှ ထိုစကားကြောင့် ဆွံ့အသွားပြီး အငိုက်မိသွားလေ၏။

"ဒါက..."

သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။

ဤဂိမ်းထဲတွင် သူသည် အမြဲတစေ ကန့်သတ်ခံနေရ၏။

တောက်...ငါချမ်းသာလာတဲ့နေ့ကျရင် ကုံရှင်းတစ်ခုလုံးကို အပိုင်ဝယ်ပစ်မယ်။

ထိုအခါမှသာ ယနေ့ကဲ့သို့ အခြေအနေမျိုးတွင် သူ ယုံကြည်ချက်ရှိရှိ တုံ့ပြန်နိုင်ပေလိမ့်မည်။

"ဘာကွ... ဝူယွင်ခန်းမက ခင်ဗျားတို့ မိသားစုပိုင်တယ်ပေါ့ ။ ဆောရီးပဲ... ဒါပေမဲ့ ကုံရှင်းဂြိုလ်ကြီးက ငါပိုင်တာလေ "

သူက ထိုသို့အထာကျကျတုန့်ပြန်ချင်သော်လည်း ကံမကောင်းစွာဖြင့် ကုံရှင်းဂြိုဟ်ကို သူမဝယ်နိုင်သေးပါ။

ယခုတော့ သူသည် အလွန်သေးငယ်ပြီး အားနည်းလှသည့် အကူအညီမဲ့သော ကစားသမားလေးတစ်ယောက်သာ ဖြစ်သည်။

နှိပ်စက်ခံရ၏ ၊အထင်သေးခံရ၏။ ပြင်းထန်စွာ လှောင်ပြောင်ခံရ၏။ သို့သော် ပြန်မတိုက်ဝံ့ဘဲ လက်ပါးစေတစ်ယောက်ကဲ့သို့ ရပ်နေရသည်။

ရင်နာစရာပင် ...။

ထိုအခိုက်တွင် မင်းသမီးဟွမ်ရှားက ကျိယွမ်အားကြည့်ကာ သူမ၏ မျက်လုံးများ စိတ်ဝင်စားသော အရိပ်အယောင်များ ပေါ်လာ၏။

"ဒီလူကြီးမင်း နှစ်ယောက်လုံးက သိုင်းပညာရှင်တွေလား။ ကျွန်မက ရှင်တို့နိုင်ငံရဲ့ သိုင်းပညာကို အမြဲတမ်း အထင်ကြီး လေးစားခဲ့တာပါ။"

"ဒီလိုလုပ်ရင်ကော၊ ကျွန်မလည်း ဒီလူကြီးမင်း နှစ်ယောက်နဲ့အတူ ဝူယွင်ခန်းမကို လှည့်လည်ကြည့်ရှုမယ်လေ။ အားလုံးဘယ်လိုသဘောရလဲ။"

" ပြီးတော့ ကျွန်မတို့အားလုံးက လူငယ်တွေပဲဆိုတော့ အတူတူ လည်ပတ်ရတာ ပိုပြီး ပေါ့ပေါ့ပါးပါး ရှိတာပေါ့"

မင်းသမီး ဟွမ်ရှား၏ အဆိုပြုချက်ကြောင့် ကျန်သောသူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ဟန်ခန်းသည် ခဏမျှ အံ့အားသင့်သွားပြီးနောက် စဉ်းစားပြီးမှ ပြောလိုက်သည်။

"ဒါဆိုလည်း ရပါတယ်"

အခြားသူများလည်း ကန့်ကွက်စရာမရှိပါ။

မည်သို့ပင်ဖြစ်စေ ဝူယွင်ဆောင်မှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ကောင်းမွန်သော လုံခြုံရေး အစီအစဉ်များ ရှိနေသည့်အတွက် ပြဿနာရှိမည် မဟုတ်ပေ။

ဟန်ခန်းသည် ဟန်ချန်းယွင်နှင့် ကျိယွမ်ကို ကြည့်လိုက်ပြီး ဖိအားပေးမှုနှငိ့ပြတ်သားမှုများ ပါနေသော လေသံဖြင့် မှာကြားလိုက်၏။

"ဝူယွင်ခန်းမထဲ ရောက်သွားရင် မင်းသမီး ဟွမ်ရှားကို သေချာကာကွယ်ပေးပြီး ဘာမှမဖြစ်အောင် ဂရုစိုက်ကြ"

ဟန်ချန်းယွင်က ကျိယွမ်ကို အလွန်အားနာသောအမူအယာဖြင့် တောင်းပန်သလို မေးသည်။

"မစ္စတာ ကျိ၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

ကျိယွမ်မှာ ဝူယွင်ခန်းမအား အကူအညီမဲ့စွာ မော့ကြည့်မိရင်း သူ၏ အားနည်းချက်များကြောင့် ခိုကိုးရာမဲ့မှုကို ခံစားနေရသည်။

"ဘာတတ်နိုင်မှာလဲ၊ ဒါက သူတို့ပိုင်တဲ့ ပစ္စည်းပဲလေ"

All Chapters