← Chapters

မင်းသမီးကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်း

Vol. 28 Ch. 312

မင်းသမီးကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်း

Vol. 28 Ch. 312

မင်းသမီးဟွမ်းရှား၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေပြီး မည်သူမဆို သူမ၏ အလှတရားမှာ သူမ၏ဘွဲ့နှင့် ထိုက်တန်သည်ဟု ခေါင်းညိတ်ကြပေလိမ့်မည်။

အွန်လိုင်းပေါ်မှ နာမည်ကြီး အနုပညာရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် သူမ၏အလှတရားမှာ နိမ့်ပါးခြင်း မရှိပါ။ သူမတွင် သမီးတော်ဟူသောထူးခြားသည့် အရှိန်အဝါတစ်ခု ရှိနေသဖြင့် သာမန်ဆယ်လီများထက်ပင် ပိုလှနေသေးသည်။

"ကျွန်မကို ဝူယွင်ခန်းမဆီ လိုက်ပို့ပေးတဲ့အတွက် လူကြီးမင်းတို့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်"

မင်းသမီး ဟွမ်းရှားက တောက်ပစွာ ပြုံးရင်း ကျေးဇူးတင်စကား ပြောလိုက်၏။

ဟန်ခန်းက ထပ်မံ၍ သတိပေးလိုက်သည်။

"ဝူဂိုဏ်းက လူတွေဟာ မင်းသမီး ဟွမ်းရှားကို လုပ်ကြံဖို့ လုံထိုင်မြို့ထဲမှာ ပုန်းအောင်းနေကြတယ် ၊ မင်းတို့ နှစ်ယောက် ကိုယ့်အသက်နဲ့လဲပြီး မင်းသမီးရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံကြ။"

ဟန်ခန်း၏ စကားများမှာ အနည်းငယ်ကြောက်စရာကောင်းနေသော်လည်း အမှန်တကယ်တွင် ထိုမျှအထိ စိုးရိမ်စရာ မရှိပါ။

ဝူယွင်ခန်းမမှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ ကြာပြီဖြစ်သလို ဝူဂိုဏ်းအနေဖြင့် လုံထိုင်မြို့၌ မင်းသမီး ဟွမ်းရှားကို ရန်ပြုနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော် ယခုလို သေသေချာချာ ပြောနေရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မင်းသမီး၏ ဘေးကင်းရေးကို အလေးထားရန် ထိုနှစ်ယောက်ကို သတိပေးလိုခြင်း ဖြစ်သည်။

"ရှင်တို့အားလုံး ကျွန်မတို့ နောက်က လိုက်လာဖို့ မလိုပါဘူး။ လူအုပ်ကြီးနဲ့ဆိုရင် ပျင်းစရာ ကောင်းလိမ့်မယ်"

မင်းသမီး ဟွမ်းရှားက ထိုသို့မှာကြားလိုက်ပြီး ကျိယွမ်နှင့် ဟန်ချန်းယွင်တို့ရှိရာသို့ ပျော်ရွှင်စွာ လှမ်းသွားလေသည်။

ဟန်ခန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်းမှ စဉ်းစားခန်း ဝင်နေ၏။

ယနေ့ ညီဖြစ်သူ၏ သူ့အပေါ်သဘောထားမှာ ထူးခြားနေလေသည်။

သူ တစ်ခုခု ကြားထားလို့များလား...။

သူကအတွေးစကိုဖြတ်ကာ ကျန်သောသူများအား နောက်ထပ် ညွှန်ကြားချက် အချို့ ပေးလိုက်ပြီး လျူလီနိုင်ငံမှ ဝန်ကြီးကလည်း သဘောတူသဖြင့် သူတို့ သုံးဦးအား ဝူယွင်ခန်းမထဲသို့ စိတ်ချလက်ချ ဝင်ခွင့်ပြုလိုက်ကြ၏။

သို့သော် မင်းသမီး၏ ကိုယ်ပေါ်တွင် အချက်ပေး ကိရိယာတစ်ခု တပ်ဆင်ပေးထားပြီး အန္တရာယ် တစ်ခုခု ရှိပါက ထိုအရာက အချက်ပေးသံထွက်ပေါ်မည်ဖြစ်သည်။

အရေးအကြီးဆုံး အချက်မှာ တိုက်ခိုက်မှု တစ်ခုခု ရှိလာပါက မင်းသမီး၏ အလင်းစွမ်းအင် အကာအကွယ် ဒိုင်းလွှားမှာ ချက်ချင်းပွင့်လာမည် ဖြစ်ပြီး ထိုဒိုင်းကာက စနိုက်ပါရိုင်ဖယ်ကျည်ဆန်ကိုပင် ခံနိုင်ရည် ရှိ၏။

ထို့နောက် သူတို့ သုံးဦးမှာ မည်သည့် အဟန့်အတားမျှ မရှိဘဲ ဝူယွင်ခန်းမထဲသို့ ဝင်ရောက်ခဲ့ကြသည်။

မင်းသမီးဟွမ်းရှားမှာ မိန်းမပီသစွာဖြင့် စကားပြော အလွန် ဝါသနာပါပုံ ရ၏။

သူမသည် တိတ်ဆိတ်နေသော ကျိယွမ်ကို ကြည့်ကာ စပ်စုလေသည်။

"လူကြီးမင်းက စိတ်ပျက်နေပုံ ရတယ်နော်။ စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုခု ကြုံခဲ့ရလို့လား။"

ကျိယွမ်က အလေးအနက် ခေါင်းညိတ်ပြသည်။

"ကျွန်တော် အရမ်း ဆင်းရဲလွန်းလို့ပါ။"

မင်းသမီး ဟွမ်းရှားမှာ အနည်းငယ် ကြောင်အ သွားသည်။ ကျိယွမ်က ထိုသို့ တိုက်ရိုက်ကြီး ပြောလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူက မင်းသမီးတစ်ပါးနဲ့ တွေ့ရတုန်း အခွင့်အရေးတစ်ချိူ့ ရှာချင်နေတာလား။

ကျိယွမ်အပေါ် ထားရှိသော သူမ၏ အထင်အမြင်မှာ အနည်းငယ် ကျဆင်းသွားခဲ့သည်။

ကျိယွမ်သည် သနားစရာကောင်းအောင်လုပ်ပြပြီး သူမနှင့် ရင်းနှီးအောင် ကြိုးစားနေသည်ဟု သူမ ခံစားလိုက်ရ၏။

လူမှုရေး အဆင့်အတန်း မြင့်မားရန် ကြိုးစားခြင်းမှာ နားလည်ပေးနိုင်သော်လည်း ဘာမျှ အားမထုတ်ဘဲ ဤသို့ ဖြတ်လမ်းမှလုပ်ဆောင်ခြင်းမှာ စိတ်ပျက်စရာ ကောင်းလှသည်။

"အခြေအနေက တော်တော်ဆိုးနေတာ ၊ ကျွန်တော့်မှာ ချင်းယွမ်ဒင်္ဂါး သန်း ၁၀၀ ပဲ ရှိတယ်"

ကျိယွမ်က စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချ၏။မသိလျှင် သူ၏အမူအယာက မနက်ဖြန် သဘက်မှာပင် အငတ်ဘေးဆိုက်တော့မည့်အလား ရှိလေသည်။

မင်းသမီး ဟွမ်းရှားမှာ လုံးဝ အံ့အားသင့်သွားတော့သည်။

သူမ စိတ်ထဲတွင် ယခုလေးတင် ပေါ်လာခဲ့သော အတွေးများမှာ ရယ်စရာ ဖြစ်သွားသည် မဟုတ်ပါလား။

"ချင်ယွမ်ဒင်္ဂါး သန်း ၁၀၀ ဆိုတာ အများကြီးပဲလေ"

ဟွမ်းရှားက နိုင်ငံနှစ်ခုကြားရှိ ငွေလဲနှုန်းကို ကောင်းစွာ သိလေသည်။ ချင်းယွမ်ဒင်္ဂါး သန်း ၁၀၀ ဆိုသည်မှာ အလွန်များပြားသော ပမာဏ ဖြစ်ပြီး သာမန်လူတစ်ယောက် တစ်သက်လုံး ရှာလျှင်ပင် မရနိုင်သော ကိန်းဂဏန်းပင်။

"မဟုတ်တာ။ ကျွန်တော် လိုချင်တဲ့ အရာတွေကိုတောင် မဝယ်နိုင်ဘူး"

ကျိယွမ်ကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေဆဲရှိ၏။

"မစ္စတာကျိ. သန်း ၁၀၀ တောင် ပေးရအောင် ခင်ဗျားက ဘာဝယ်ချင်လို့လဲ။ တိုက်လေယာဉ် ဝယ်မလို့လား"

ဟန်ချန်းယွင်ပင် စိတ်ဝင်စားလာပြီး စပ်စုလိုက်သည်။

"ငါက ကုံရှင်းဂြိုဟ်တစ်ခုလုံးကို ဝယ်ချင်တာ"

ကျိယွမ်က လေးနက်စွာပြောလိုက်သည်။

"ခုနက ငါ အစော်ကား ခံလိုက်ရတယ်၊ ဝူယွင်ခန်းမထဲကိုတောင် မဝင်ရတော့ဘဲ ရှိတော့မလို့။ ငါ့ရဲ့ သိက္ခာကို ပြန်ဆယ်ဖို့ဆို ကုံရှင်းဂြိုဟ်ကို ဝယ်ရမယ်၊ မဟုတ်ရင်... ဒါက တစ်သက်လုံး အရမ်း အရှက်ရဖို့ ကောင်းနေမှာ။"

"သြော်.."

ဟန်ချန်းယွင်မှာ ဆွံ့အသွားရ သည်။

မင်းသမီး ဟွမ်းရှားမှာလည်း ဘာပြောရမှန်းမသိဖြစ်သွားပြီးမှ ..

"ရှင်က နောက်နေတာပဲ "

ကုံရှင်းဂြိုဟ်ကြီးကို ဝယ်မယ်တဲ့လား ။ သူ တော်တော် သတ္တိရှိတာပဲ။

ယခုမှသာ သူမသည် ကျိယွမ်ကို အထင်လွဲခဲ့ကြောင်း လုံးဝ နားလည်သွားသည်။ သူသည် ငွေတောင်းနေခြင်း သို့မဟုတ် သူမ၏ အကူအညီကို တောင်းခံနေခြင်း မဟုတ်ဘဲ သူက ဟာသဉာဏ် ရွှင်လွန်းနေခြင်းသာ ဖြစ်သည်။

"ကျွန်တော့်မှာ တကယ် ငွေအများကြီး မရှိဘူး။ သိပ်မကြာသေးခင်ကဆို အန်ချွမ်းနဲ့ ကျင်ချန်းက အသက် ၂၀ အရွယ် မိန်းကလေးတချို့ရဲ့ ပိုင်ဆိုင်မှု ၈ ကွီဒရီလီယံနဲ့ အချမ်းသာဆုံး ဖြစ်လာတဲ့ ဗီဒီယိုတွေကို ကျွန်တော် ခဏခဏ တွေ့နေရတယ်။"

"သူတို့နဲ့ နှိုင်းယှဉ်ရင် ကျွန်တော်က အရမ်းကို ဆင်းရဲနေတယ်။

အဲဒီလောက် ပမာဏကို စုမိဖို့ ကျွန်တော် အမဲသား ဘယ်လောက်တောင် လျှော့စားရမလဲ မသိတော့ဘူး "

ကျိယွမ်က လူအချင်းချင်း ဤမျှအထိကွာဟချက်ကြီးမားနေရသလားဟု အမှန်တကယ် ခံစားနေရသည်။

သူသည် ထိုအကောင့်များကို Follow လုပ်ထားပြီး တစ်နေ့တွင် နည်းနည်းပါးပါး လိမ်စားရမလားဟုပင် တွေးတောမိခဲ့ဖူးလေ၏။

၈ ကွီဒရီလီယံ ရှိတဲ့လူတွေဆီကနေ တစ်ဝက်လောက်စီ လိမ်နိုင်ရင် ကုံရှင်းဂြိုဟ်ကို ဝယ်ဖို့ လုံလောက်သွားမှာ မဟုတ်ဘူးလား။

သို့သော် ပြဿနာတစ်ခုက ရှိနေသေးသည်။

"မင်းသမီးက အဆက်အသွယ် ကောင်းမှာပဲ။ ကျွန်တော့်ကို တစ်ခုလောက် စုံစမ်းပေးနိုင်မလား"

ကျိယွမ်က မျှော်လင့်ချက် အပြည့်ဖြင့် မင်းသမီး ဟွမ်းရှားကို ကြည့်သည်။

မင်းသမီး ဟွမ်းရှားသည် ရိုလာကိုစတာ စီးနေရသလို ခံစားနေရပြီး ကျိယွမ်အပေါ် သူမ၏ အကဲဖြတ်ချက်များမှာလည်း ခဏခဏ ပြောင်းလဲနေသည်။

သူမက နွေးထွေးစွာ ပြန်ပြောလိုက်၏။

"ရှင် ဘာကို သိချင်လို့လဲ လူကြီးမင်း။"

"ကုံရှင်းဂြိုဟ်ကို ဘယ်မှာ ဝယ်လို့ရမလဲဆိုတာနဲ့ ခန့်မှန်းခြေ ဘယ်လောက် ကုန်ကျမလဲဆိုတာ သိချင်တာ"

ကျိယွမ်က လေးနက်စွာ မေးလိုက်သည်။

ငွေစတင် စုဆောင်းရန် အချိန်တန်ပြီဟု လည်း သူတွေးနေ၏။

အမဲသား ခေါက်ဆွဲစားသည့်အခါ အမဲသားအပို ထပ်မထည့်သင့်တော့ပါ။

ယနေ့မှစ၍ ကုံရှင်းဂြိုဟ်ကို ဝယ်ရန် သူ ငွေစုရပေတော့မည်။

"အဲ... ကျွန်မလည်း မသိဘူး"

မင်းသမီး ဟွမ်းရှားက ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ဖြေသည်။

ထိုစကားမျိုးကို တစ်ခါတစ်လေပြောပါက ရယ်စရာဟု သတ်မှတ်နိုင်သေးသည်။ သို့သော် အဓိပ္ပါယ်မရှိသည့်စကားများကို ထပ်ခါတလဲလဲ ပြောနေခြင်းကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာ ရှိနေခြင်းပင်။

သူမ၏အဖြေကို ကြားရသောအခါ ကျိယွမ် အတော်လေး စိတ်ပျက်သွားသည်။

အခြားတစ်ဖက်တွင်တော့ ဟန်ချန်းယွင်မှာ ချွေးပြန်နေပြီ ဖြစ်သည်။

ကျိယွမ်၏ကြောက်စရာကောင်းသောခွန်အားနှင့် ထူးဆန်းသောအကျင့်ကို အခြားသူများထက် သူက ပိုသိ၏။

အကယ်၍ ကျိယွမ်ကသာ ဆန္ဒရှိနေလျှင် တစ်နေ့နေ့တွင်......။

သူသည် ထိုအကြောင်းအရာကို ဆက်မတွေးရဲတော့သဖြင့် အကြောင်းအရာ ပြောင်းလိုက်သည်။

"မင်းသမီး ဟွမ်းရှား... ဝူဂိုဏ်းနဲ့ လျူလီနိုင်ငံက တစ်ဦးနဲ့တစ်ဦး ရန်ညှိုးသိပ်မရှိကြဘူးလို့ ထင်ရတယ်။ ဘာလို့ ဝူဂိုဏ်းက မင်းသမီးကို ပစ်မှတ်ထားရတာလဲ။"

ဟန်ချန်းယွင်မှာ အထက်တန်းလွှာများနှင့် တော်ဝင်မိသားစုများ၏ အတင်းအဖျင်းများကို နားထောင်ရတာ အလွန် ဝါသနာပါသူ ဖြစ်ပြီး ထိုအသိုင်းအဝိုင်းများ၏ ကိစ္စတော်တော်များများကို သိလေ၏။

မင်းသမီး ဟွမ်းရှား၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားသည်။

"ကျွန်မက ဝူနတ်ဘုရားရဲ့ သမီးတော် ဝင်စားတာမို့လို ဝူနတ်ဘုရားရဲ့ ဘေးမှာ နေ့ရောညပါ ခစားဖို့ ကောင်းကင်ဘုံကို ပြန်သွားရမယ်လို့ ဝူဂိုဏ်းက အခိုင်အမာ ပြောနေကြတယ်။"

မင်းသမီးဟွမ်းရှားကို မွေးဖွားစဉ်အခါက လျူလီနိုင်ငံ၏ဘုရင်သည် ဆုတောင်းမေတ္တာပို့သရန် ဝူကွေနိုင်ငံမှ ဘုန်းတော်ကြီး တစ်ပါးကိုပင် ဖိတ်ကြားခဲ့သည်။

၄င်းမှာ တော်ဝင်မိသားစုများတွင် ရှေးထုံးကျသော ကိစ္စဖြစ်ပြီး ထူးခြားသောအရာတော့မဟုတ်ပေ။

သို့သော် ထိုဆုတောင်းမေတ္တာပို့သရာတွင် ပြဿနာဖြစ်လာ၏။

ဝူဂိုဏ်းမှ ဘုန်းတော်ကြီးက မင်းသမီး ဟွမ်းရှားသည် ဝူနတ်ဘုရား၏ အချစ်ဆုံးဖြစ်သော အငယ်ဆုံးသမီးတော်ဝင်စားသည်ဟု အခိုင်အမာဆိုလေသည်။

ထိုအငယ်ဆုံး သမီးတော်သည် အနည်းငယ်ဆိုးသွမ်းပြီး ကောင်းကင်ဘုံမှ လူ့ပြည်သို့ တိတ်တဆိတ် ဆင်းလာခဲ့ခြင်း ဖြစ်သောကြောင့် ဝူနတ်ဘုရားထံ ပြန်လည် အဖော်ပြုရန် ကောင်းကင်ဘုံသို့ ပြန်သွားရမည်ဟု တောင်းဆို၏။

ကောင်းကင်ဘုံသို့ မည်သို့ ပြန်ရမည်နည်း ဆိုသည်မှာကတော့ရိုးရှင်းပါသည်။

သေဆုံးခြင်းသာ ဖြစ်လေသည်။

တည့်တည့်ပြောရလျှင် ဝူဂိုဏ်းသည် မင်းသမီး ဟွမ်းရှားကို သတ်ရန် ကြံစည်နေခဲ့ခြင်းပင်။

လျူလီဘုရင်မှာ ဤကိစ္စအတွက် အလွန် ဒေါသထွက်ခဲ့သည်။

ဂုဏ်သရေရှိ မင်းသမီးတစ်ပါးကို အသေခံခိုင်းခြင်းမှာ စိတ်ပိုင်းဆိုင်ရာအရ လက်မခံနိုင်စရာ ဖြစ်သလို တော်ဝင်မိသားစုအတွက်လည်း အရှက်ရစရာ ဖြစ်၏။

သို့သော် ဝူနိုင်ငံနှင့် လျူလီနိုင်ငံကြားတွင် ကုန်သွယ်မှုများစွာ ရှိနေသောကြောင့် ဤကိစ္စကို လူသိရှင်ကြား ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ကြပေ။

"ဝူဂိုဏ်းက လူတွေက အရှက်မရှိလိုက်တာ။ အဲဒါဆို ကျွန်တော်လည်း သူတို့ရဲ့ ဝူနတ်ဘုရားက ကျွန်တော့် မိန်းမပါလို့ ပြောလိုက်မယ်။ အဲဒါဆို သူတို့ ဝူနတ်ဘုရားကို ကျွန်တော့် ကုတင်ပေါ် ပို့ပေးမလား"

ဟန်ချန်းယွင်က သဘောမကျစွာမှတ်ချက်ချလိုက်သည်။သို့သော် သူ၏အကျင့်အတိုင်း ထူးခြားသောမိန်းမအကြောင်းမပါလျှင် ဥပမာတောင် ဖြောင့်ဖြောင့်ပေးတတ်ပုံမရချေ။

"ရှင် ပြောတာလည်း အဓိပ္ပာယ် ရှိတာပဲ"

မင်းသမီးဟွမ်းရှားက သဘောကျသွားကာ သူမ၏ပါးစပ်ကို ပိတ်ပြီး တခိခိ ရယ်မောလေ၏။

သို့သော် ကျိယွမ်ကတော့ မရယ်ပါ ။ သူက ဟန်ချန်းယွင်ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။

"မင်းက လူယုတ်မာပဲ။ မင်းမိန်းမရဲ့ သွေးတောင် မအေးသေးဘူး၊ မိန်းမအသစ်အကြောင်း စဉ်းစားနေပြီလား။"

ကျိယွမ်မှာလည်း အနည်းငယ်လူယုတ်မာဖြစ်သော်လည်း သူသည် ဟန်ချန်းယွင်၏ အဆင့်အတန်းအထိ တော့ လျော့မကျသေးပါ။ ဟန်ချန်းယွင်ကတော့ ကျား၊ မ မရွေး မည်သူ့ကိုမဆို သူ့မိန်းမဟု ကြေညာနေသူ ဖြစ်သည်။

စကားပုံတစ်ခု ရှိသည်မှာ "မိန်းမကောင်းလေးကို စိတ်မပျက်စေနဲ့၊ မိန်းမဆိုးနဲ့လည်း အချိန်မဖြုန်းနဲ့ " ဟူ၏။

ကျိယွမ်သည် ထိုစကားပုံ၏ ပထမတစ်ဝက်ကိုသာ လိုက်နာနိုင်ပြီး ဒုတိယတစ်ဝက်ကိုတော့ မသိပါ။ အဘယ့်ကြောင့်ဆိုသော သူ၏အနီးတွင် မိန်းမဆိုးလေးများ မရှိသောကြောင့်ဖြစ်၏။

"တော်ပါတော့"

ဟန်ချန်းယွင်သည် ကျိယွမ်ဆိုလိုသော ဇနီးဆိုးကြီးကို သတိရသွားပြီး ခြေထောက်များပင် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။

အဲဒါကြီးက အထီးလား အမလားတောင် မသိတာကို ။ ပြီးတော့ ရွံ့စရာကြီး။

မင်းသမီးဟွမ်းရှားသည် အံ့သြစရာ တစ်ခုခုကို တွေ့ရှိသွားသကဲ့သို့ မျက်လုံးပြူးလေးများဖြင့် သူတို့အားကြည့်နေသည်။

သို့သော် သူမသည် ထက်မြက်သူ ဖြစ်သောကြောင့် ထိုကိစ္စကို မမေးမြန်းဘဲ အကြောင်းအရာ ပြောင်းလိုက်၏။

"ဝူဂိုဏ်းက ခြိမ်းခြောက်ရုံ သက်သက်ပဲ ဖြစ်မှာပါ။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ကောင်းကောင်း နေခဲ့တာပဲ မဟုတ်လား။ ခမည်းတော်ရဲ့ ကိုယ်ရံတော်တွေ ကာကွယ်ပေးထားတော့ ဝူဂိုဏ်းက ဘာမှ မလုပ်နိုင်ပါဘူး။"

မင်းသမီးဟွမ်းရှား၏ လျူလီနိုင်ငံမှာ နိုင်ငံငယ်လေး တစ်ခု ဖြစ်သော်လည်း သယံဇာတ ကြွယ်ဝသဖြင့် အလွန် ချမ်းသာသည်။

မင်းသမီးဟွမ်းရှားကိုလည်း အစောင့်အရှောက်များစွာဖြင့် အမြဲတမ်းထားပေးထားကာ သူမအတွက် အသက်ပေးဝံ့သော သစ္စာရှိ မျိုးရိုးဗီဇ စစ်သည်တော်များပင် မနည်းမနော ရှိလေ၏။

လောလောဆယ်တွင်ပင် ဝူယွင်ခန်းမ အပြင်ဘက်၌ ထိုသို့သော စစ်သည်တော် အဖွဲ့တစ်ဖွဲ့ ရှိနေသည်။

"ဝူဂိုဏ်းက လူတွေက လေလုံးတော်တော်ထွားကြတာပဲ။ သူတို့ရဲ့ ကြွားလုံးတွေက အကန့်အသတ် မရှိဘူး။ မကြာသေးခင်ကပဲ ကျွန်တော်တို့ ချင်းယွမ်သိုင်းပညာရှင် တစ်ယောက်က သူတို့ရဲ့ ဘုန်းတော်ကြီး တစ်ပါးကို ဖမ်းမိခဲ့သေးတယ်"

ဟန်ချန်းယွင်က ဂုဏ်ယူစွာ ပြောလိုက်သည်။မည်သို့ဆိုစေကာမူ သိုင်းပညာရှင်တစ်ယောက်၏ အောင်မြင်မှုမှာ သူတို့လိုသိုင်းလောကသားများအတွက် ဂုဏ်ယူစရာပင် မဟုတ်ပါလား။

မင်းသမီး ဟွမ်းရှားက ပျော်ရွှင်စွာ ပြုံး၏။

"တကယ်တော့ ကျွန်မ ငယ်ငယ်ကတည်းက ချင်းယွမ်ရဲ့ သိုင်းပညာကို အားကျခဲ့တာ။ ကံမကောင်းတာက ခမည်းတော်က ကျွန်မကို ကြွက်သားတွေနဲ့ မိန်းမကြီး ဖြစ်သွားမှာ ကြောက်လို့ သိုင်းသင်ခွင့် မပေးခဲ့ဘူး။"

သူမ၏ စကားများက နောင်တရိပ် အနည်းငယ်ပင် ပါဝင်နေသည်။

ဟန်ချန်းယွင်းက သူမအားကြည့်ကာ ခေါင်းညိတ်၏။

"မင်းသမီးရဲ့ ခမည်းတော် ပြောတာ မှန်တယ်လို့ ကျွန်တော် ထင်တယ်။ တကယ်လို့ မင်းသမီးသာ သိုင်းသင်ခဲ့ရင် ဒီကမ္ဘာကြီးဟာ ထူးခြားတဲ့ အလှနတ်သမီး တစ်ပါး ဆုံးရှုံးသွားလိမ့်မယ်။"

"ပြီးတော့ မင်းသမီးက ..မျိုးရိုးဗီဇ ဆေးရည်တွေ သောက်ထားတယ် မဟုတ်လား။ မင်းသမီးရဲ့ တိုက်ခိုက်နိုင်စွမ်းက ကျွန်တော့်ထက်တောင် ပိုကောင်းနိုင်သေးတယ်။ သိုင်းပညာ လမ်းစဉ်ပေါ် အတင်းအကျပ် တက်စရာ မလိုပါဘူး။"

"မျိုးရိုးဗီဇ ဆေးရည်တွေက ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ တိုက်ခိုက်နိုင်စွမ်း သိပ်မရှိဘူး။ မဟုတ်ရင် ကျွန်မတို့ အထဲဝင်လာတုန်းက ရှင်တို့ ကာကွယ်ပေးဖို့ လိုမှာ မဟုတ်ဘူး"

မင်းသမီးဟွမ်းရှားက ပြုံးလျှင်ပြောလိုက်ရာ သူမ၏ အပြုံးမှာ ဆောင်းရာသီ နေရောင်ခြည်ကဲ့သို့ နွေးထွေးလှသည်။

"စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဒီမှာ ရှိနေသရွှေ့ ဝူဂိုဏ်းရဲ့ အရိပ်အဖွဲ့ တစ်ခုလုံး ရောက်လာရင်တောင် ခင်ဗျားကို ထိနိုင်မှာ မဟုတ်ဘူး"

ဟန်ချန်းယွင်က သူ့ဘေးရှိ ကျိယွမ်ကို တစ်ချက် ကြည့်ကာ ရဲရင့်စွာ အာမခံလိုက်၏။။

ထိုစကားကို မည်သူ့အားကိုးနှင့်ပြောရဲသည်ကို သူသာ အသိဆုံးဖြစ်၏။

ကျိယွမ်၏ အင်အားကို သူကိုယ်တိုင် လည်း မြင်တွေ့ခဲ့ဖူးသည်။

စစ်သည် ၃၀၀၀ နှင့် ခေတ်မီလက်နက်ကြီးများရှိသော စစ်စခန်းတစ်ခုလုံးကို တစ်ကိုယ်တော် ဖျက်ဆီးနိုင်သောသူက သူ၏အနီးတွင်ရပ်နေ၏။

သူက ဘာကိုစိုးရိမ်နေရ မည်နည်း။

ဝူဂိုဏ်းတွင် အင်အားအကောင်းဆုံး အဖွဲ့မှာ အရိပ်အဖွဲ့ ဖြစ်ပြီး အသေခံ တိုက်ခိုက်လေ့ရှိသော အစွန်းရောက်သမားများဖြင့် ဖွဲ့စည်းထားသည်။

သို့သော် သူတို့မှာလည်း သာမန် လူသားများသာဖြစ်ပြီး မျိုးရိုးဗီဇ ဆေးရည်များ သောက်ထားလျှင်ပင် ကျိယွမ်ကဲ့သို့ ဒဏ္ဍာရီလာနတ်ဘုရားတစ်ပါးကို ယှဉ်နိုင်စရာမရှိပါ။

တစ်ယောက်လာလျှင် တစ်ယောက်သေမည်၊ နှစ်ယောက်လာလျှင် နှစ်ယောက်သေမည်ဖြစ်ပြီး အကုန်လုံးလာလျှင် အကုန်လုံးသေရုံသာရှိပေလိမ့်မည်။

မင်းသမီးဟွမ်းရှားမှာလည်း အနည်းငယ် အံ့သြသွားပုံရသည်။

သူမသည် သိုင်းပညာရှင်များကို အားကျသော်လည်း သူတို့၏ အင်အားတွင် အကန့်အသတ် ရှိကြောင်း သေသေချာချာသိထားလေသည်။

သို့သော် သူမရှေ့ရှိ ဟန်ချန်းယွင်သည် အဘယ်ကြောင့် ကျိယွမ်အပေါ် ဤမျှ ယုံကြည်မှု ရှိနေရသနည်းဆိုသည်ကိုတော့ စဥ်းစားမရပေ။

"ရှင်တို့ နှစ်ယောက်က ကျွန်မကို ဘယ်လို နည်းလမ်းနဲ့ ကာကွယ်မှာလဲ"

မင်းသမီးဟွမ်ရှားက ကျိယွမ်ကို စိုက်ကြည့်ရင်း အပြုံးလေးနှင့် မေးလိုက်သည်။

မဟုတ်မဟပ် အတင်းအဖျင်းများ မဟုတ်သရွှေ့ သူမသည် အခြားသူများ၏ လျှို့ဝှက်ချက်များကို စူးစမ်းရသည်ကို အလွန်ဝါသနာပါ၏။

ကျိယွမ်က ချက်ချင်းမဖြေပါ ။ သူမ၏ မေးခွန်းကို အလေးအနက် စဉ်းစားလိုက်ပြီးမှ တုန့်ပြန်သည်။

"ဒါက ဝူဂိုဏ်းက ဘယ်လို နည်းဗျူဟာ သုံးမလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။"

"ဝူဂိုဏ်းရဲ့ အရိပ်အဖွဲ့မှာ သေနတ်မျိုးစုံနဲ့ ဓားလက်နက်တွေကို ကျွမ်းကျင်တဲ့သူတွေရော ၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ ဟက်ကာ နည်းပညာတွေကို တတ်မြောက်ထားတဲ့အဖွဲ့ဝင်တွေရော ထောင်ပေါင်းများစွာ ရှိတယ်။"

"လိုအပ်ရင် သူတို့ကို လေကြောင်းကနေပါ ပံ့ပိုးပေးနိုင်တဲ့နောက်ခံအင်အားလည်းရှိတယ်။ ယေဘုယျအားဖြင့် သူတို့နဲ့ ရင်ဆိုင်ရရင် သိုင်းပညာရှင် အများစုအတွက် အနိုင်ရဖို့ အခွင့်အရေး မရှိဘူး"

မင်းသမီးဟွမ်ရှားက သူမသိထားသည့်အတိုင်း ရှင်းပြလိုက်သည်။

ဟန်ချန်းယွင်ကလည်း ခေါင်းညိတ်ထောကိခံ၏။

"အမှန်အတိုင်း ပြောရရင် ကျွန်တော်သာ အရိပ်အဖွဲ့နဲ့ တကယ်တမ်း ရင်ဆိုင်ရရင် အသက်ရှင်ဖို့တောင် အခွင့်အရေး မရှိဘူး။"

အရိပ်အဖွဲ့၏ တိုက်ခိုက်ရေး ယူနစ်များမှာ မျိုးရိုးဗီဇ ဆေးရည်များ သောက်ထားကြပြီး သာမန် ဆေးရည်များ မဟုတ်ဘဲ အထူးထုတ် ဆေးရည်များ ဖြစ်သည်။

ထိုအထူးထုတ် မျိုးရိုးဗီဇ ဆေးရည်များသည် သုံးစွဲသူ၏ ခွန်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်သော်လည်း ခန္ဓာကိုယ်၏ ဟန်ချက်ကို ပျက်ပြားစေသဖြင့် တိုက်ခိုက်ရေး အထူးအဖွဲ့ဝင်များသည် ဆယ်နှစ်ထက် ပို၍ အသက်မရှည်နိုင်ကြသည့် ဆိုးကျိုးတော့ရှိ၏။

ထို့ကြောင့် အထူးထုတ်မျိုးရိုးဗီဇ ဆေးရည်များကို နိုင်ငံအားလုံးတွင် တရားဝင် ပိတ်ပင်ထားကြီး လုံးဝတင်းကျပ်ထားကြသည်။

သို့သော် ဝူကွေနိုင်ငံကမူ ဟန်ဆောင်နေခြင်းပင် မရှိဘဲ ဗြောင်ကျကျသုံးနေ၏။

ထို့ပြင် ဝူနတ်ဘုရားကို ကိုးကွယ်ဆည်းကပ်သော အစွန်းရောက်သမားများမှာလည်း မရေမတွက်နိုင်အောင် ရှိသဖြင့် အရိပ်အဖွဲ့တွင် တိုက်ခိုက်ရေးသမားများက ပြတ်လပ်ခြင်းမရှိဘဲ အမြဲပေါများနေခဲ့သည်။

"တကယ် ဒုက္ခပေးနိုင်တာပဲ။ ဘလူးစတားပေါ်မှာဆိုရင် သူတို့က နဂါးအဖွဲ့ နဲ့ တောင် ယှဉ်နိုင်တယ်။"

" နဂါးဘုရင် ဒါမှမဟုတ် စစ်နတ်ဘုရား ကလွဲလို့ ကျန်တဲ့သူတွေ သူတို့ကို မယှဉ်နိုင်ဘူး။"

"မင်းသမီး ဟွမ်ရှား... ခင်ဗျား အတော်လေး အန္တရာယ် ရှိနေပုံ ရတယ်"

ကျိယွမ်က စိတ်ပျက်သလိုညည်းတွားလိုက်သည်။

ဟန်ချန်းယွင်ကတော့ သူ၏စကားများကြောင့် ဇဝေဇဝါ ဖြစ်သွားပြီး ကျိယွမ်အား ကြည့်၏။

"ဘလူးစတားက ဘာကြီးလဲ။ နဂါးအဖွဲ့ကရော ။"

ကျိယွမ်က အသံကိုအနည်းကယ်နှိမ့်ကာ ရှင်းပြသည်။

"မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... တကယ်တော့ ငါက ဂြိုဟ်သားပဲ၊ မင်းတို့အားလုံးက... နိုင်ငံခြားသားတွေပဲ"

"တော်ပါတော့ ...ရှင်ကမှ နိုင်ငံခြားသား"

မင်းသမီးဟွမ်ရှားသည် ကျိယွမ်၏ထူးဆန်းသော စကားပြောပုံများကြောင့် ဟာသများပြောနေသည်ဟုသာ ထင်သွား၏။

"အဲဒါတွေထားပါတော့ အခုကျွန်မ အန္တရာယ် ရှိနေတယ်။ ရှင် ကျွန်မကို ဘယ်လို ကာကွယ်မှာလဲ။"

ကျိယွမ်က မင်းသမီးအား ပေါ့ပေါ့ပါးပါးဖြေသည်။

"လွယ်ပါတယ်။ သူတို့ ခင်ဗျားကို ရှာမတွေ့အောင် လုပ်လိုက်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်။"

"ဟင်"

မင်းသမီး ဟွမ်ရှားမှာ ကျိယွမ် ဘာကို ဆိုလိုသည်ကို နားမလည်ဘဲ ခေတ္တမျှ ကြောင်သွားသည်။

"တကယ်လို့ အရိပ်အဖွဲ့က ခင်ဗျားကို ရှာမတွေ့ရင် ခင်ဗျားကို မသတ်နိုင်တော့ဘူးလေ။"

"ဒါကြောင့် မင်းသမီး ဟွမ်းရှားကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ခင်ဗျားကို... ပါရာမေစီယံ တစ်ကောင်အဖြစ် ပြောင်းလိုက်ဖို့ပဲ"

(ပါရာမေစီယံ = ဆဲလ်တစ်ခုတည်းသာရှိသော အလွန်သေးငယ်သောသက်ရှိတစ်မျိုး)

မင်းသမီးဟွမ်းရှားမှာ လုံးဝဆွံ့အသွားလေသည်။

ဟန်ချန်းယွင်ကတော့ ဘာပြောရမှန်း မသိတော့ပါ။

ပါရာမေစီက ဘာကောင်လဲ ။

သူတို့နှစ်ယောက်လုံး အတွေးနက်နေစဥ်မှာပင် ကျိယွမ်က မင်းသမီးဟွမ်ရှားအား လက်ညှိုးထိုးကာ ရေရွတ်လိုက်၏။

"ပြောင်းလဲစေ"

ကျိယွမ်က သူ၏လက်ကို ညွှန်လိုက်သည်နှင့် မင်းသမီးဟွမ်ရှားမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ဟန်ချန်းယွင်၏မျက်လုံးများ ချက်ချင်းပြူးထွက်သွားသည်။

ပြဿနာတော့ တက်ပြီ။

"မင်းသမီးဟွမ်ရှား ဘယ်ရောက်သွားတာလဲ။"

သူက အရပ်လေးမျက်နှာသို့ မျက်ကလဲဆန်ပြာလိုက်ကြည့်သော်လည်း မင်းသမီးအား လုံးဝမတွေ့ရတော့ပါ။

"သူက မင်းရှေ့ တည့်တည့်မှာ ရှိတယ်။ ငါ သူ့ကို ပါရာမေစီယံ တစ်ကောင်အဖြစ် ပြောင်းလိုက်ပြီ။ အခုကစပြီး သူမကို မင်းသမီး ပါရာမေစီယံလို့ ခေါ်ရမယ်။"

ကျိယွမ်က သူ၏လက်ကို ဝှေ့ယမ်းကာ ဟန်ချန်းယွင်ရှေ့တွင် ဖြန့်ပြလိုက်သည် ။

"မင်း မမြင်ဘူးလား။ မင်းသမီး ဟွမ်ရှားက ဒီမှာ ရှိနေတာ။"

ဟန်ချန်းယွင်မှာ အစွမ်းကုန်ပြူးပြဲကြည့်သော်လည်း ဘာမှ မမြင်ရပါ။

"လုပ်စမ်းပါဦး ညီအစ်ကိုရာ... မင်းက နားကောင်းသလောက် မျက်စိက မှုန်နေတာလား။ ဒီလောက်ကြီးတဲ့ ပါရာမေစီယံတစ်ကောင်ကို မမြင်ရဘူးလား။"

ကျိယွမ် အတော်လေး စိတ်မရှည် ဖြစ်သွားသည်။

ပါရာမေစီယံကို ကာကွယ်ရန်အတွက် သူသည် ၎င်း၏ ဘေးပတ်ပတ်လည်တွင် အကာအကွယ် အလွှာတစ်ခုကိုပင် စေတနာဖြင့် ပြုလုပ်ပေးထားသေးသည်။

"ကျွန်တော် တကယ်မမြင်ရတာပါ မစ္စတာကျိရယ် "

ဟန်ချန်းယွင်က ငိုချင်နေသော မျက်နှာဖြင့် ခေါင်းခါပြသည်။ မင်းသမီးသာတကယ်ပျောက်သွားရင် အကုန်ငါ့ခေါင်းပေါ် ရောက်လာမှာ ။

"မင်း သူ့ကို ကြည့်ဖို့ အဏုကြည့်မှန်ပြောင်းလိုမယ် ထင်တယ်"

ကျိယွမ်က လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ပါရာမေစီယံလေးသည် အုတ်ခဲကြားထဲရှိ အက်ကြောင်းတစ်ခုထဲသို့ ကျသွားသည်။

"အိုကေ... မင်းသမီးဟွမ်ရှားကို လုံခြုံတဲ့ နေရာတစ်ခုမှာ ထားလိုက်ပြီ။ ငါတို့လည်ပတ်လို့ ပြီးတဲ့အခါမှ သူ့ကို ပြန်လာခေါ်ကြတာပေါ့။"

"အခုဆို အရိပ်အဖွဲ့လည်း သူ့ကို ဘယ်လိုမှ ရှာမတွေ့နိုင်တော့ဘူး၊ ဒါကြောင့် ဘေးကင်းသွားပြီ"

ကျိယွမ်က ပျင်းရိစွာ သမ်းဝေရင်း ပြောလိုက်သည်။

ဟန်ချန်းယွင်မှာတော့ အင်းမလုပ် အဲမလုပ်ဖြစ်နေပြီး စိတ်ပူနေဆဲရှိသည်။

သူက ကျိယွမ်၏ စကားကိုမယုံသောကြောင့် မဟုတ်ပါ ။ကျိယွမ်ကသာ အာမခံထားလျှင် မင်းသမီးကို မမြင်ရတော့သော်လည်း ဘေးကင်းနေမည်ဟု ယုံကြည်ပါသည်။

သို့သော်....

မင်းသမီးကို ကာကွယ်တာ... ဒီလိုနည်းလမ်းမျိုးနဲ့လား။

သူမကို ပါရာမေစီယံ တစ်ကောင်အဖြစ် တကယ်ကြီးပြောင်းလိုက်တာပေါ့။

ဘယ်လို ပုံမှန်လူက မင်းသမီးကို ဒီနည်းနဲ့ ကာကွယ်မှာလဲ။

ကျိယွမ်နှင့် အတူရှိနေသည်မှာ ကြာလာသည်နှင့်အမျှ သူ၏ ဦးနှောက်မှာလိုက်မမီတော့ဘဲ ပို၍ချာချာလည်လာသလို ခံစားရသည်။

ရုတ်တရက် သူ တစ်ခုခုကို သတိရသွားပြီး လွှတ်ခနဲ ပြောလိုက်မိသည်။

"မစ္စတာကျိ... အခု မင်းသမီးက ပါရာမေစီယံ ဖြစ်နေပြီဆိုတော့ နောက်ကျသူ့ကို ပြန်ရှာမတွေ့ရင် ဘယ်လိုလုပ်မ

လဲ။"

ကျိယွမ်က ဟန်ချန်းယွင်အား တုံးလိုက်တာဟုသော အကြည့်ဖြင့်ကြည့်၏။

"ဒါက လွယ်ပါတယ်။ အဏုကြည့်မှန်ပြောင်း တစ်လက် ငှားပြီး ရှာလိုက်ရုံပဲ"

"ဒါပေမဲ့... ရှာနေတုန်းမှာ ကျွန်တော် မတော်တဆ သူ့ကို နင်းမိပြီး သတ်မိသွားရင် ဘယ်လိုလုပ်မလဲ"

ဟန်ချန်းယွင်က စိတ်မအေးသလို စိုးရိမ်တကြီး မေးပြန်သည်။

မင်းသမီးမှာ ယခု ပါရာမေစီယံ တစ်ကောင် ဖြစ်နေသဖြင့် အလွန် အားနည်းသော သတ္တဝါ ဖြစ်ပြီး တံတွေး တစ်စက်နှင့်ပင် ရေနစ် သေဆုံးနိုင်သည်မဟုတ်ပါလား။

"အဲဒါဆိုရင်တော့ စိတ်မကောင်းပါဘူး သူငယ်ချင်းရာ... မင်းက လူသတ်သမား ဖြစ်သွားပြီ၊ ဘုရင်ကို သတ်တဲ့သူပေါ့။"

ထို့မျှသာပြောပြီး ကျိယွမ်က ပုခုံးတွန့်ကာ ဝူယွင်ခန်းမ၏ အတွင်းပိုင်းသို့ လျှောက်သွားတော့သည်။

ဟန်ချန်းယွင်မှာ သူ့နောက်ပဲလိုက်ရမလိုလို မှန်ဘီလူးတစ်ခုပြန်ယူပြီး မင်းသမီးအားရှာရမလိုလိုတုံ့ဆိုင်းနေ

သော်လည်း နောက်ဆုံးတွင် သူလည်း ကျိယွမ်နောက်သို့ လိုက်သွားလေ၏။

သူ၏ နှလုံးသားမှာ မရေရာမှုများဖြင့် ပြည့်နှက်နေပြီး မင်းသမီးလေး ကံကောင်းစေရန်အတွက် နတ်ဘုရားများထံ ဆုတောင်းရုံသာ ရှိတော့သည်။

ထို့နောက်ကြံရာမတော့သည့်အဆုံး သူသည် မင်းသမီး ဟွမ်ရှားကို လျစ်လျူရှုရန်သာ ဆုံးဖြတ်လိုက်၏ ။ဟုတ်သည်မဟုတ်သည်အသာထား မင်းသမီးကို ဘေးကင်းအောင် ကာကွယ်ရန်ကသာ ပန်းတိုင် မဟုတ်ပါလား။

သူမကို ပါရာမေစီယံ တစ်ကောင်အဖြစ် ပြောင်းလိုက်ခြင်းကလည်း ကာကွယ်ပေးခြင်းတစ်မျိုးပင်။

သူတို့ နှစ်ဦးသည် ဝူယွင်ခန်းမထဲသို့ ရောက်ရှိလာကြသည်။

သူတို့ရှေ့တွင် ၁၃ ထပ် ရှိသော သစ်သား အဆောက်အအုံကြီး တစ်ခု ရှိနေ၏။

ဟန်ချန်းယွင်မှာ အနည်းငယ် ပြန်လည် တည်ငြိမ်လာပြီဖြစ်သောကြောင့် နောက်ကြောင်းမအေး ဖြစ်မနေတော့ ပါ။

"ဝူယွင်ခန်းမကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်သုံးရာက တည်ဆောက်ခဲ့တာ။ အခု မြင်နေရတဲ့ အဆောက်အအုံကတော့ ပြန်လည် တည်ဆောက်ထားတာ ဖြစ်တယ်။"

"တစ်နေရာကလွဲလို့ အဆောက်အအုံ တစ်ခုလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်သုံးရာကတည်းက လက်ဆင့်ကမ်း လာခဲ့တာဖြစ်ပြီး ဝူယွင်ခန်းမရဲ့ အဖိုးတန်ဆုံး အစိတ်အပိုင်း ဖြစ်တယ်။"

"အဲဒါကတော့ ဝူယွင်ပန်းပုလက်ရာ ပဲ။

ဝူယွင်ပန်းပုကို အထူး ပြုလုပ်ထားတဲ့ လဲ့ယင်းသစ်သား နဲ့ ပြုလုပ်ထားတာ၊ အဲဒီသစ်သားဟာ မြစ်တွေ၊ တောင်တွေအောက်မှာ နှစ်ပေါင်း တစ်ရာလောက် နှစ်ထားရင်တောင် မပုပ်သိုးဘဲ နှစ်ပေါင်း တစ်ထောင်လောက်ထိ ခံတယ်"

" ဝူယွင်ပန်းပုပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း သိုင်းပညာရှင် ပေါင်းတစ်ထောင်ကျော်က ချန်ထားခဲ့တဲ့ အမှတ်အသားတွေ ပါဝင်နေပြီး နောင်လာနောက်သားတွေ လေ့လာဖို့အတွက် ထိန်းသိမ်းထားတာလေ။"

ဝူယွင်ပန်းပုအကြောင်း ပြောသည့်အခါ ဟန်ချန်းယွင်၏ မျက်လုံးများမှာ လေးစား အားကျမှုများဖြင့် ပြည့်နှက်လာသည်။

ကျိယွမ်က သူ၏စကားများကို နားထောင်ရင်းမှ ၁၃ ထပ်ရှိသော အဆောက်အအုံကြီးကိုမော့ကြည့်နေ၏။

"ဘာလို့ ဝူယွင်မျှော်စင်လို့ မခေါ်ဘဲ ဝူယွင်ခန်းမလို့ ခေါ်တာလဲ"

ကျိယွမ်၏ မထင်မှတ်ထားသောမေးခွန်းကြောင့် ဟန်ချန်းယွင်မှာ ကြောင်တောင်တောင်ဖြစ်သွားရပြန်သည်။

"ဖြစ်နိုင်တာကတော့... တည်ဆောက်တဲ့သူက ခန်းမတွေကို ကြိုက်လို့နေမှာပေါ့"

ဟန်ချန်းယွင်ကလည်း မရေမရာ ပြန်ဖြေလိုက်သည်။ထိုအမည်ပေးကင်ပွန်းတပ်ပွဲကို သူ မမှီခဲ့သောကြောင့် အဖြစ်မှန်ကို သူလည်းမသိပေ။

ထို့နောက် သူတို့ နှစ်ဦး ဓာတ်လှေကား စီးကာ ဝူယွင်ခန်းမ၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားကြသည်။

အပေါ်ဆုံးထပ်သည် ဝူယွင်ပန်းပု ရှိသော အထပ်လည်းဖြစ်သည်။

ဝူယွင်ပန်းပုမှာ ၁၀ စတုရန်းမီတာခန့် အရွယ်အစား ရှိ၏။ ပန်းပုတစ်ခုလုံးမှာအဝါရောင်သစ်သားဖြစ်ထွင်းထုထား

ပြီး ခရမ်းရောင် အရိပ်အယောင်များ ပါရှိကာ မြင့်မြတ်သော အရှိန်အဝါ အနည်းငယ် ထွက်ပေါ်နေသည်။

ပြောရလျှင် ဤကဲ့သို့သော သစ်သားမှာ ခေါင်းတလား ပြုလုပ်ရန် အကောင်းဆုံး ဖြစ်ပုံရ၏။

ဝူယွင်ပန်းပုပေါ်တွင် အမှတ်အသား အမျိုးမျိုး ရှိနေပြီး လက်ချောင်းရာများ၊ ဓားချက်များ နှင့် ခြေရာကြီးများပင် ရှိသည်။

"ရှေးလူကြီးတွေရဲ့ သိုင်းပညာအစွမ်းက တကယ်ပဲ ကြောက်စရာ ကောင်းတာပဲ၊ ဝူယွင်ပန်းပုပေါ်မှာ သူတို့ရဲ့ လက်ချောင်းတွေသပ်သပ်နဲ့တင် အမှတ်အသားတွေ ချန်ထားနိုင်ခဲ့တယ်။"

"ကျွန်တော်က သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ ဆိုပေမဲ့ လက်ချောင်းတွေနဲ့တင် ဒီလို အမှတ်အသားတွေ မချန်နိုင်ဘူး။"

"ဒီရှေးလူကြီးတွေရဲ့ ကိုယ်ပိုင်အင်အားဟာ အဆင့်မြင့် မျိုးရိုးဗီဇ ဆေးရည်တွေ သောက်ထားတဲ့ စစ်သည်တော်တွေနဲ့တောင် ယှဉ်နိုင်လိမ့်မယ်။

"သူတို့က သိုင်းပညာရဲ့ အကန့်အသတ်ကိုတောင် မကျော်ဖြတ်ဘဲနဲ့တောင် ဒီလို အစွမ်းမျိုး ရှိနေပြီ။ တကယ်လို့ ကျော်ဖြတ်နိုင်ခဲ့ရင်... ဘယ်လိုမျိုး ဖြစ်မလဲ"

ဟန်ချန်းယွင်က သက်ပြင်းချလိုက်သည်။

သိုင်းပညာမျိုးဆက်မှာ ရှေးခေတ်မှယနေ့အထိ တဖြည်းဖြည်းအားနည်းလာခဲ့၏။

သမိုင်းမှတ်တမ်းများအရ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က ကုံရှင်းဂြိုဟ်ပေါ်တွင် သိုင်းပညာရှင်များ ထွန်းကားခဲ့ပြီး သိုင်းအကန့်အသတ် ကျော်ဖြတ်နိုင်သူများမှာ မြစ်ထဲက ငါးများကဲ့သို့ များပြားခဲ့သည်။

သို့သော် ထို့နောက်ပိုင်းတွင် နှစ်ပေါင်း တစ်ထောင်အတွင်း လော့ပုဖန်မှလွဲ၍ မည်သူမျှ သိုင်းအကန့်အသတ်ကို မကျော်ဖြတ်နိုင်ခဲ့ကြတော့ပါ။

"မင်းတို့ နိုင်ငံခြားသားတွေမှာ ကြက်၊ ဘဲ၊ အိမ်မြှောင်၊ ငှက်၊ချေးပိုးထိုးကောင်

စတဲ့ သွေးနှောတွေ အများကြီး ရှိတာပဲ..."

ကျိယွမ်က ပန်းပုပေါ်ရှိ အမှတ်အသားများကို ကြည့်ကာ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။

"မင်းတို့ရဲ့ ဘိုးဘေးတွေ အားလုံးက ရှုရှန်းတွေ ဖြစ်ပုံရတယ်။"

ထိုသို့ပြောပြီးနောက် ကျိယွမ်က ဟန်ချန်းယွင်ကို စိုက်ကြည့်ကာ မှတ်ချက်ချ၏ ။

"ငါသိပြီ ..မင်းက အထင်ကြီးစရာ ကောင်းတဲ့ မိန်းမတွေကို ကြိုက်တာက မင်းရဲ့ အမှား မဟုတ်ဘူး၊ မင်းရဲ့ ဘိုးဘေးတွေဆီက အမွေဆက်ခံလာတဲ့ ပြဿနာပဲ။"

ကျိယွမ်၏ မျက်လုံးများမှာ ဖုံးကွယ်ထားသော အချက်အလက်များကို မြင်နိုင်၏။

ဝူယွင်ပန်းပုမှတစ်ဆင့် ပန်းပုပေါ်တွင် အမှတ်အသား ချန်ထားခဲ့သူများ၌ အမျိုးမျိုးသော သွေးနှောများ ရှိနေကြောင်း သူ သိခဲ့ရသည်။

အများစုက တိရစ္ဆာန်အမျိုးမျိုး ပါဝင်နေ၏။

ဒီကောင်တွေက တိရိစ္ဆာန်တွေက ဆင်းသက်လာတာပဲ ၊ တိရိစ္ဆာန်မျိုးနွယ်တွေပေါ့။

သို့သော် ထိုသို့တွေးပြီးမှာပင် ကျိယွမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားလေ၏။

အဘယ်ကြောင့်ဆိုသော် ထိုလှောင်ပြောင်မှုက သူ့ထံသို့ ပြန်လည် ရောက်ရှိလာသည်ကို သူ သတိထားမိသွားသောကြောင့်ပင်။

နင်းထောင်၏ ယခင်ဘဝမှာ အိုးကိုးလုံးတောင်မှ ရွှေရောင်ကနေရီစာဝါငှက်ကလေးတစ်ကောင် ဖြစ်နေသည် မဟုတ်ပါလား။

အကယ်၍ သူသည် ထိုငှက်ကလေးနှင့် လက်ထပ်ပြီး သားသမီးများ ရလာခဲ့လျှင်... သူ့မျိုးဆက်များသည်လည်း ဤနိုင်ငံခြားသားများကဲ့သို့ တိရိစ္ဆာန်မျိုးနွယ်ဖြစ်နေပေလိမ့်မည်။

ဟန်ချန်းယွင်ကတော့ ပြောစရာစကားများ ပျောက်ဆုံကာ ကြောင်နေဆဲ ဖြစ်ပြီး သူ၏ ဦးနှောက်မှာ ချာချာလည်နေသည်။

ယခုအခါမှာလည်း ကျိယွမ် ဘာပြောနေသည်ကို သူ နားမလည်နိုင်ခဲ့ပါ။

"မစ္စတာကျိ... ခင်ဗျား ပြောတဲ့ သွေးနှောအကြောင်းက... အမှန်ပဲလား။"

"ဟုတ်တယ်၊ မင်းက ကြွက်ဘုရင်ရဲ့ မျိုးဆက်ပဲ ၊ သံသယဖြစ်စရာ မလိုဘူး"

ကျိယွမ်က ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။

မဆုံးဖြတ်တတ်တော့သည့်အဆုံး ဟန်ချန်းယွင်သည် ကျိယွမ်ကို ယုံကြည်ရန် သာ ဆုံးဖြတ်လိုက်တော့သည်။

ဘာပဲပြောပြော မစ္စတာကျိမှာ နတ်ဘုရားတစ်ပါး မဟုတ်ပါလား။

နတ်ဘုရားများ၏ ဗဟုသုတများမှာ သူတို့လိုသာမန်လူများထက် များပြားမှာ သေချာ၏။

"သမိုင်းမှတ်တမ်းတွေမှာလည်း မင်းတို့ ဘယ်က လာသလဲဆိုတာ ဖော်ပြမထားဘူး၊ ဒါကြောင့်... မင်းတို့ဟာ တကယ်ပဲ ကြွက်ဘုရင်ရဲ့ မျိုးဆက်တွေ ဖြစ်နိုင်တယ်"

ကျိယွမ်သည် ကောလာဟလများကို စိတ်ကြိုက် လုပ်ကြံဖန်တီးရာ၌ တစ်ဆူဖြစ်သည်။

ထို့အပြင် ယခုကိစ္စများမှာ ဒဏ္ဍာရီတစ်ခုဖြစ်သဖြင့် သူ ပြောချင်ရာ ပြောနိုင်သည် မဟုတ်ပါလား။

ကျိယွမ်က ပြောချင်ရာပြောခြင်းဖြစ်သော်လည်း ဟန်ချန်းယွင််မှာမူ တော်တော်ဒုက္ခများသွားရှာသည်။

သူက ငြိမ်သက်ကာ သူ့ကိုယ်သူ သုံးသပ်နေ၏။

"ငါက တကယ်ပဲ ကြွက်တွေရဲ့ မျိုးဆက်လား"

"ဒါဆို အသံတွေကြားနေတာက ငါကကြွက်မို့လို့ပေါ့ "

"နေပါဦး..ဒါဆို ငါရဲ့သွားတွေက ခေါထွက်လာမှာလား "

ထိုအရာကတော့ သူလုံးဝမဖြစ်ချင်သော အရာပင်။

ငါ မိန်းမကောင်းကောင်း မရဘဲနေလိမ့်မယ် ။

အကယ်၍ ထိုအရာက အမှန်ဖြစ်လျှင် သူကကွန်ကရစ်တိုက်အိမ်ကြီးတွင် နေထိုင်ခြင်းကိုရပ်တန့်ပြီး မြေကျင်းထဲတွင် သွားနေချင်စိတ်များပေါက်လာမည်လား။

ဟန်ချန်းယွင်မှာ အမျိုးမျိုးစဉ်းစားသော်လည်း အဖြေထွက်မလာသဖြင့် ဆက်မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။

"ဒီအမှတ်အသားတွေထဲမှာ လော့ပုဖန် ချန်ထားခဲ့တာက ဘယ်တစ်ခုလဲ"

ကျိယွမ်က ပန်းပုရုပ်အားစူးစမ်းနေရင်းမှ မေးလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ပန်းပုပေါ်တွင် သိုင်းပညာအကန့်အသတ်ကို ကျော်လွန်သော စွမ်းအားရှိသည့် အမှတ်အသား အနည်းဆုံး ၁၀ ခုကို တွေ့ရှိထား၏။

ထိုအရာက ရှေးခေတ်က သိုင်းအကန့်အသတ်ကို ကျော်ဖြတ်နိုင်သူများ ရှိခဲ့သော်လည်း သူတို့၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖုံးကွယ်ထားပြီး သူတို့၏ အင်အားကို မကြွားဝါခဲ့ကြကြောင်း ပြသနေသည်။

"ဒီတစ်ခုပါ"

ဟန်ချန်းယွင်က သွယ်လျသော လက်ချောင်းရာ တစ်ခုကို ညွှန်ပြ၏။

"ဒီလူက... လက်ချောင်း ခြောက်ချောင်း ရှိတာလား"

ကျိယွမ် အံ့သြသွားသည်။

ဟန်ချန်းယွင်မှာတော့ ပို၍ ကြောင်သွားရပြန်သည်။

ပန်းပုပေါ်တွင် လက်ချောင်းရာ တစ်ခုတည်းသာ ရှိသည်ကိုမြင်နေလျှက်နှင့်ကျိယွမ်က ထိုသူတွင် လက်ချောင်း ခြောက်ချောင်းရှိကြောင်း မည်သို့ သိနိုင်သနည်း။

ကျိယွမ်သည် စကားဆက်မပြောတော့ဘဲ ထိုလက်ချောင်းရာကို သေချာစွာ စစ်ဆေးနေပြီး သူ၏ မျက်နှာအမူအရာမှာ ပို၍လေးနက်နေ၏။

"သိုင်းပညာအကန့်အသတ်ကို ကျော်ဖြတ်ဖို့ သော့ချက်က သွေးထဲမှာ ရှိနေပုံရတယ်"

ထိုလက်ချောင်းရာသည် ကျိယွမ်အတွက် အသုံးဝင်သော အချက်အလက်များစွာကို ပေးနိုင်ခဲ့လေသည်။

လော့ပုဖန်သည် ရက်စက်သော လူတစ်ယောက် ဖြစ်သည်။

သိုင်းပညာအကန့်အသတ်ကို ကျော်ဖြတ်ရန်အတွက်... သူသည်...။

သို့သော် ကျိယွမ်ကိုယ်တိုင်လည်း ဤဂိမ်းထဲတွင် မိဘမဲ့တစ်ဦး ဖြစ်သောကြောင့် လော့ပုဖန်ကဲ့သို့ အရာအားလုံးကို စမ်းသပ်ရန် ဝန်မလေးပါ။

လောလောဆယ်လေ့လာမှုများအရ သူ၏ အကန့်အသတ် ကျော်ဖြတ်မှုမှာ မျိုးရိုးဗီဇပြောင်းလဲနေသော ပင်လယ်သတ္တဝါများပေါ်တွင် မူတည်နေကြောင်း ပို၍သေချာလာခဲ့သည်။

ဒီဂိမ်းစုတ် ငါ့ကို ရေငုပ်ခိုင်းနေတာလား။

All Chapters