← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉) - ကောင်းကင်ဖီးနစ်စောင်း၊ ရွှေတစ္ဆေဇီးကွက်နှင့် မြေကမ္ဘာအူတိုင် သန့်စင်အရည်(၁)

သူတို့၏ ဆက်ဆံရေးအရ ယခုကိစ္စမှာ ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုပင် ဖြစ်သည်။ ယင်းဟွမ်ဟွမ်သည် သူ့ကို သေချာပေါက် ကူညီပေးမည် ဖြစ်သော်လည်း ဤမာနကြီးသော မိန်းမပျိုလေးက သူ့ကို အနည်းငယ်မျှ စနောက်လိုနေခြင်းသာ ဖြစ်သည်။

ချစ်သူရည်းစားများကြားတွင် တစ်ယောက်ကိုတစ်ယောက် မစနောက်ဘဲ ပြန်မချော့ဘဲ နေမည်ဆိုလျှင် အချစ်ရေး၏ အရသာကို ခံစားရမည် မဟုတ်လော။

“ကျွန်မက ဘာလို့ ရှင့်အပေါ် အဲဒီလောက် ကောင်းပေးရမှာလဲ...”

ယင်းဟွမ်ဟွမ်က သူမ၏ သွယ်လျသော ကျောက်စိမ်းသဖွယ် လက်ချောင်းလေးများဖြင့် ဆံနွယ်လေးများကို သပ်တင်လိုက်ပြီးနောက် ဝူယွမ်ကို ချိုမြိန်စွာ ပြုံးပြကာ အပြစ်ကင်းစင်ပြီး နားမလည်နိုင်သည့် အမူအရာလေးဖြင့် မေးလိုက်လေသည်။

“တစ်ယောက်ယောက်အပေါ် ကောင်းပေးဖို့ဆိုတာ အဖြေတစ်ခု လိုအပ်လို့လား...”

ဝူယွမ်က သူမ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီး ပြန်လည် မေးခွန်းထုတ်လိုက်၏။ “ဒါဆို ဘာလို့ ငါက မင်းဆီကို အရင်ဆုံး ရောက်လာရတာလဲဆိုတာကို မင်း ဘာလို့မမေးတာလဲ...”

“ဒါဆို ရှင်က ဘာလို့ ကျွန်မဆီကို အရင်ဆုံး ရောက်လာရတာလဲ...” ယင်းဟွမ်ဟွမ်က ချက်ချင်းပင် မေးလိုက်လေသည်။

“ဘာလို့လဲဆိုတော့ မင်းက ငါပထမဆုံး စဉ်းစားမိတဲ့သူ ဖြစ်နေလို့ပေါ့...” ဝူယွမ်က တုံ့ဆိုင်းနေခြင်းမရှိ ချက်ချင်းပင် ဖြေလိုက်လေသည်။

“ကျွန်မ...” ယင်းဟွမ်ဟွမ်၏ မျက်နှာလေးမှာ ချက်ချင်းပင် ချယ်ရီသီးလေးတစ်လုံးအလား နီရဲသွားခဲ့၏။

အချစ်ရေးတွင် အတွေ့အကြုံ မရှိသေးသော မိန်းမပျိုလေးတစ်ဦးအနေဖြင့် ဤကဲ့သို့သော စကားမျိုးကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။

“ကောင်းပြီ၊ ကောင်းပြီ... ကျွန်မ ရှင့်အတွက် နောက်တံခါးပေါက် တစ်ခု ဖွင့်ပေးမယ်...”

ယင်းဟွမ်ဟွမ်က ခြေဆောင့်လိုက်ပြီး တံခါးဖွင့်ကာ အပြင်သို့ ထွက်သွားလေသည်။

ယင်းဟွမ်ဟွမ်သည် နက်မှောင်သော မျက်ဝန်းလေးများဖြင့် ဘယ်ညာသို့ ဝေ့ကြည့်လိုက်ပြီးနောက် ဝူယွမ်ကို လက်ယပ်ခေါ်လိုက်လေသည်။

“ကျွန်မနောက်ကို လိုက်ခဲ့...”

စကားပြောပြီးသည်နှင့် သူမက လှည့်ကာ လိပ်ပြာလေး တစ်ကောင်အလား ပေါ့ပါးစွာ ပျံဝဲသွားလေသည်။ ဝူယွမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး လျင်မြန်စွာ လိုက်ပါသွားခဲ့၏။

သူတို့နှစ်ဦးသည် အတော်ကျယ်ဝန်းသော ကောင်းကင်ခန်းမအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားကြသည်။

ဆယ်မိနစ်ခန့် အကြာတွင် သူတို့သည် လုံခြုံရေး အလွန် တင်းကျပ်လှသော ကောင်းကင်ခန်းမ၏ နက်ရှိုင်းသော နေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သို့သော်ငြားလည်း ယင်းဟွမ်ဟွမ်က လမ်းပြပေးနေသောကြောင့် သူတို့သည် မည်သည့် အတားအဆီးနှင့်မျှ မကြုံတွေ့ခဲ့ရပေ။

“ဒီနေရာပဲ...”

ယင်းဟွမ်ဟွမ်သည် သူ့အား ခမ်းနားကြီးကျယ်သော ခန်းမကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။

ခန်းမကြီး၏ ပတ်ပတ်လည်တွင် ဇောက်ထိုးမှောက်ထားသော ပန်းကန်လုံးပုံစံ အလင်းတန်း အကာအကွယ်တစ်ခုက လွှမ်းခြုံထား၏။

ဝူယွမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည်။

ဤအလင်းတန်း အကာအကွယ်ပေါ်မှ အတော်လေး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်တစ်ခုကို သူအာရုံခံမိလိုက်သည်။

၎င်းမှာ အလွန် အားကောင်းလှသော အတားအဆီး အစီအရင်တစ်ခုဖြစ်ပြီး ကောင်းကင်ခန်းမ၏ အရေးကြီးသော နယ်မြေကို ဤမျှ လွယ်လွယ်ကူကူဖြင့် ကျူးကျော်ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ဤအချိန်တွင် ယင်းဟွမ်ဟွမ်က သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းလေးများကို မြှောက်လိုက်ရာ အဖြူရောင် ကျောက်စိမ်းတုံးလေး တစ်တုံးက သူမ၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာခဲ့၏။

၎င်းက အလင်းတန်း အကာအကွယ်နှင့် ထိတွေ့သွားသောအခါ အကာအကွယ်မှာ ချက်ချင်းပင် ပြင်းထန်စွာ လှိုင်းထသွားပြီး နောက်ဆုံးတွင် အလင်းတံခါးတစ်ခုအဖြစ်သို့ ပြန့်ကျဲသွားလေတော့သည်။

သူမက ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်ပြီးနောက် သူမ၏ စကတ်ကို မတင်ကာ အလင်းတန်း အကာအကွယ် အတွင်းသို့ ပြေးဝင်သွားပြီး ခန်းမတံခါးကို တွန်းဖွင့်လိုက်လေသည်။

ဝူယွမ်ကလည်း သူမ၏ အနောက်မှ နီးကပ်စွာ လိုက်ပါသွားခဲ့၏။

“တကယ်ကို နောက်တံခါးပေါက် ဖွင့်ပေးနိုင်တာပဲ...။”

ခန်းမကြီးမှာ အလွန်ကျယ်ဝန်းလှပြီး ၎င်းအတွင်း၌ ဧရာမတိုင်လုံးကြီးများစွာ ရှိလေသည်။

ဤတိုင်လုံးကြီးများပေါ်တွင် နက်နဲလွန်းသော ရူန်းစာလုံးများ ဖုံးလွှမ်းနေပြီး ၎င်းတို့မှာ ကြီးမားလှသော အစီအရင်တစ်ခုနှင့် တူညီနေခဲ့၏

ဤတိုင်လုံးကြီးများ အားလုံးတွင် ရတနာများ ပါဝင်နေသည်။ အားအနည်းဆုံး အရာများမှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်များ ဖြစ်သည်။

အများစုမှာ သာမန်ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်များသာ ဖြစ်ကြပြီး ယင်းရွှမ်းဇီက ဝူယွမ်အတွက် ရွေးချယ်ပေးခဲ့သော ရတနာများလောက် မကောင်းမွန်ကြပေ။

ဝူယွမ်က ခန်းမကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်များက ခန်းမကြီး၏ အလယ်ဗဟိုသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့၏။

ထိုနေရာတွင် ကျောက်စိမ်းတိုင် တစ်တိုင် တည်ရှိနေပြီး တိုင်ထိပ်တွင်တော့ မီးတောက်များကဲ့သို့ နီရဲနေသော ရှေးဟောင်းစောင်းတစ်လက် ရှိနေလေသည်။

ရှေးဟောင်းစောင်းပေါ်တွင် တောင်ပံ ဖြန့်ကျက်ထားသော ဖီးနစ်ငှက် တစ်ကောင်၏ ပုံစံကို ရေးဆွဲထားသည်။

အဝေးမှ ကြည့်မည်ဆိုလျှင် ထိုအတောင်ပံများသည် တောက်လောင်နေသော မီးတောက်များအလား တဖျတ်ဖျတ် ခတ်နေသကဲ့သို့ ထင်မှတ်ရသည်။

၎င်းထံမှ အတော်လေး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်နေကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တွန့်လိမ်ကောက်ကွေးသွားစေမည့် အရိပ်အယောင်များပင် ပြသနေခဲ့သည်။

“ကောင်းကင်ဖီးနစ်စောင်း...”

ဤကဲ့သို့သော လှိုင်းဂယက်မျိုးသည် သန့်စင်ယွမ်ရတနာ တစ်ခုထံမှသာ ထွက်ပေါ်လာနိုင်ပေသည်။

“ကျွန်မ အဲ့ဒါကို တိတ်တိတ်လေးယူသွားမယ်... ပြီးတော့ သုံးလို့ပြီးသွားရင် တိတ်တိတ်လေး ပြန်လာထားမယ်၊ အဲ့ဒီလိုဆိုရင် ဦးလေးချီလဲ့ သိမှာမဟုတ်ဘူး...” ယင်းဟွမ်ဟွမ်က ပါးနပ်စွာ ပြုံးရင်း ပြောလိုက်လေသည်။

“တကယ်လို့ ငါတို့ မိသွားရင် မင်း အပြစ်ပေးခံရမှာလား...” ဝူယွမ်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

ယင်းဟွမ်ဟွမ်က တိုးတိုးလေး ပြောလိုက်လေသည်။ “စိတ်မပူပါနဲ့... တကယ်လို့ အပြစ်ပေးခံရမယ်ဆိုရင်တောင် ကျွန်မ ယင်းဟွမ်ဟွမ်ပဲ အပြစ်ပေးခံရမှာပါ၊ ဝူယွမ် မဟုတ်ပါဘူး...”

“ကောင်းပြီ၊ ဒါဆိုရင် အဲ့ဒါကို ယူပြီးသွားကြရအောင်...” ဝူယွမ်က ချက်ချင်း သဘောတူညီကာ ခေါင်းညိတ်ပြလိုက်လေသည်။

“နှလုံးသားမရှိတဲ့လူကြီး...”

ယင်းဟွမ်ဟွမ် နှုတ်ခမ်းစူလိုက်၏။

“မြန်မြန် ယူလိုက်... ငါက မင်းကို စနေတာပါဟာ၊ တကယ်လို့ ငါတို့ မိသွာပြီး မင်းအဖေက မင်းကို ရိုက်မယ်ဆိုရင် ငါက မင်းအပေါ်ကနေ အုပ်မိုးပြီး ကာကွယ်ပေးထားပါ့မယ်...” ဝူယွမ်က ရယ်မောရင်း ပြောလိုက်လေသည်။

“ဖွီး... ဘယ်သူက ရှင့်ရဲ့ အကာအကွယ်ကို လိုချင်နေလို့လဲ... ဖွီး၊ ဖွီး... ဘယ်သူက ရှင့်ကို အပေါ်ကနေ အုပ်ခိုင်းနေလို့လဲ...” ယင်းဟွမ်ဟွမ်က အကြိမ်ကြိမ် တံတွေးထွေးလိုက်ရာ သူမ၏ တံတွေးများမှာ ဝူယွမ်၏ မျက်နှာပေါ်သို့ပင် လွင့်စင်လာခဲ့လေသည်။

ယင်းဟွမ်ဟွမ်က ဒေါသတကြီးဖြင့် ဝူယွမ်ကို တွန်းဖယ်လိုက်ပြီးနောက် သူမ၏ သွယ်လျသော ကျောက်စိမ်းရောင် လက်ချောင်းလေးများဖြင့် ရုတ်တရက် လက်သင်္ကေတ တစ်ခုကို ဖန်တီးလိုက်လေသည်။

ထို့နောက် ကျောက်တိုင်ပေါ်ရှိ ကောင်းကင်ဖီးနစ်စောင်းသည် အောက်သို့ ပျံဝဲလာပြီး နောက်ဆုံးတွင် သူမ၏ ရင်ခွင်ထဲသို့ ပေါ့ပါးစွာ ကျဆင်းလာခဲ့၏။

“သွားကြစို့... ရှင့်မှာ အရေးတကြီး ကိစ္စရှိတယ် မဟုတ်ဘူးလား၊ မြန်မြန်သွားပြီး မြန်မြန်ပြန်လာကြတာပေါ့...” ယင်းဟွမ်ဟွမ်က ကောင်းကင်ဖီးနစ်စောင်းကို ကိုင်ဆောင်ထားရင်း အပြင်သို့ လျှောက်သွားကာ ပြောလိုက်လေသည်။

“မင်း လိုက်လာဖို့ မလိုဘူး မဟုတ်ဘူးလား... ဒီတစ်ခေါက်က နည်းနည်းအန္တရာယ်များတယ်၊ မင်းနဲ့ အတူတူ အချိန်အတော်ကြာ ကစားခဲ့ရတော့ ငါလည်း စောင်းနည်းနည်းပါးပါး တီးတတ်နေပါပြီဟ...” ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ဆွဲထားရင်း ပြောလိုက်လေသည်။

ယင်းဟွမ်ဟွမ်၏ ရင်ထဲတွင် ရုတ်တရက် နွေးထွေးသွားခဲ့သော်လည်း အန္တရာယ်အကြောင်းကို ကြားလိုက်ရသောအခါ သူမသည် ပို၍ပင် လိုက်သွားချင်စိတ် ပြင်းပြလာခဲ့၏။ သူမသည် ဝူယွမ်၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး ပြုံးဖြီးဖြီးဖြင့် ပြောဆိုလိုက်လေသည်။

“ရှင် ကောင်းကင်ဖီးနစ်စောင်းကို ဘာအတွက်သုံးမလဲဆိုတာ ကျွန်မ မသိပေမယ့် နောက်ပိုင်း ဒါရဲ့ပိုင်ရှင်က ကျွန်မ ဖြစ်လာမှာမို့လို့ နင့်ကို ပြောပြရအုမယ်...”

“ ဒါကို ထိန်းချုပ်နိုင်မယ့် တစ်ဦးတည်းသောသူက ကျွန်မပဲ၊ အဲ့ဒီလူက ကျွန်မအဖေ ချန်ထားခဲ့တဲ့ အမှတ်အသားကို ဖျက်ပစ်နိုင်လောက်အောင် အားကောင်းနေရင်တော့ တစ်မျိုးပေါ့လေ...”

“နင့်အဖေက တကယ်ကို နေရာတိုင်းမှာ ရှိနေတာပဲ...” ဝူယွမ်က မကျေမနပ် ညည်းတွားလိုက်လေသည်။

ဤယင်းရွှမ်းဇီသည် တကယ်ကို သမီးများအား ချစ်လွန်းသော ဖခင် တစ်ဦးပင် ဖြစ်၏။ ယင်းဟွမ်ဟွမ်၏ ပစ္စည်းများ အားလုံးနီးပါးတွင် သူ၏ အမှတ်အသားများ ရှိနေလေသည်။

“ကျွန်မအဖေအကြောင်း ရှင်ပြောခွင့်မရှိဘူးနော်...” ယင်းဟွမ်ဟွမ်က ဝူယွမ်၏ ခြေထောက်ကို ဆောင့်နင်းလိုက်လေသည်။

“လူကြီးသူမတွေကို မရိုမသေ လုပ်တယ်ပေါ့...”

“ငါတို့ သွားလို့ရပြီလား... အချိန်မဆွဲနေနဲ့တော့၊ တကယ်လို့ ဦးလေးချီလဲ့က ငါတို့ကို တွေ့သွားရင် ငါတို့ ထွက်သွားလို့ရမှာ မဟုတ်ဘူး...”

ယင်းဟွမ်ဟွမ်သည် သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးများထဲတွင် အပြစ်ကင်းစင်သော အရိပ်အယောင်များ တောက်ပလျက် အပြင်သို့ ပျံသန်းထွက်ခွာသွားလေသည်။

ဝူယွမ်ကလည်း အနီးကပ် လိုက်ပါသွားခဲ့၏။

သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ခန်းမကြီးအတွင်းရှိ လေဟာနယ်မှာ ရုတ်တရက် လှိုင်းထသွားပြီး လူရိပ်နှစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့လေသည်။ သူတို့မှာ ယင်းရွှမ်းဇီနှင့် ကောင်းကင်ခန်းမ၏ ခန်းမသခင် ချီလဲ့တို့ပင် ဖြစ်ကြ၏။

“ဒီကောင်မလေးကတောပ အရွယ်ရောက်လာပြီဆိုတော့ အိမ်မှာ ဆက်ထားလို့ မရတော့ဘူးပဲ...” ယင်းရွှမ်းဇီက သက်ပြင်းချလိုက်လေသည်။

“ဂိုဏ်းချုပ်ကြီး... ဂိုဏ်းချုပ်ကြီးက တကယ်ပဲ ဒီလူငယ်နှစ်ယောက်ကို ကောင်းကင်ဖီးနစ်စောင်း ယူသွားခွင့် ပေးလိုက်တော့မလို့လား၊ ကျွန်တော် သူတို့နောက်ကို လိုက်သွားသင့်သလား...” ချီလဲ့က စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

“မလိုပါဘူး... သူတို့ကို သွားခွင့်ပြုလိုက်ပါ၊ ကောင်းကင်ဖီးနစ်စောင်းထဲမှာ ငါ အမှတ်အသားတစ်ခု ချန်ထားခဲ့တယ်”

“တကယ်လို့ ပြဿနာကြီးကြီးမားမား တစ်ခုခု ဖြစ်လာရင် ငါ အာရုံခံနိုင်မှာပါ၊ ပြီးတော့ မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကိုတောင် ဝူယွမ်က ယူသွားပြီးပြီပဲ၊ နောက်ထပ် ကောင်းကင်ဖီးနစ်စောင်းတစ်လက်က ဘာများ အရေးပါတော့မှာလဲ...”

ယင်းရွှမ်းဇီက ကျက်သရေရှိစွာ ပြုံးလိုက်ပြီး ချီလဲ့ကို ကြည့်ကာ ပြောလိုက်လေသည်။

“ဒါ့အပြင် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ရှိနေတော့ ဝူယွမ် ထုတ်လွှတ်နိုင်တဲ့ စွမ်းအားက မင်းထက်တောင် နိမ့်ကျမှာ မဟုတ်ဘူးထင်တယ်... မင်း သွားသွား မသွားသွား အတူတူပါပဲ...”

ချီလဲ့မှာ ဆွံ့အသွားခဲ့ရ၏။

“ဘယ်လို စကားမျိုးကြီးလဲ... ငါက ဘာမှ အသုံးမကျဘူးပေါ့... ဂိုဏ်းချုပ်ကြီးရယ်၊ နည်းနည်းလောက်တော့ ယဉ်ယဉ်ကျေးကျေး ပြောပါဦးလား”

သို့သော် သူ့အားပြောသူမ#! ဂိုဏ်းချုပ်ကြီး ဖြစ်နေသောကြောင့် ချီလဲ့မှာ သူ၏ရင်တွင်းမှ စကားများကို ဖွင့်ဟပြောဆိုရဲခြင်း မရှိပေ။

သူသည် သူ၏တပည့်ဖြစ်သူကိုသာ မကျေမနပ် ညည်းတွားနိုင်တော့သည်။

“ဟွမ်ဟွမ်၊ ဒီကောင်မလေးက ငါတို့ကောင်းကင်ခန်းမက တပည့် ဖြစ်နေပါလျက်နဲ့ ဝူယွမ်ကို ငါတို့ရဲ့ ရတနာ ခိုးဖို့ ကူညီပေးနေသေးတယ်၊ သူမ ဘယ်လိုများ ဒီလို ဖြစ်လာရတာလဲ... ငါကြည့်ရသလောက် ဒီကောင်မလေးက အပြင်လူကိုပဲ အားပေးအားမြှောက် လုပ်နေတော့တာပဲ...”

“ဂိုဏ်းချုပ်ကြီး... သူမ ပြန်လာရင်တော့ သူမကို သေချာဆုံးမဖို့ လိုမယ်နော်၊ မဟုတ်ရင် တစ်နေ့ကျရင် အဲဒီ ဝူယွမ်ဆိုတဲ့ကောင်လေးက သူမကို ခိုးပြေးသွားပြီး သူမက ဂိုဏ်းချုပ်ကြီးကို အဘိုးလို့ လာခေါ်တဲ့အချိန်ကျရင် ဂိုဏ်းချုပ်ကြီးက ဘာမှ မသိဘဲ နေနေရလိမ့်မယ်...”

ချီလဲ့က အလွန် စိုးရိမ်ပူပန်ဟန်ဆောင်ကာ သူ့ကို သတိပေးလိုက်လေသည်။

ယင်းရွှမ်းဇီသည် သူ၏ မျက်လုံးများကို အနည်းငယ် လှန်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ မည်သည့် စကားမျှ မဆိုခဲ့သော်ငြညး သူ၏ ရင်ထဲတွင်မူ မြင်းကောင်ရေ သန်းပေါင်းများစွာ ပြေးလွှားသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

“သေချာနေပြီး.. ချီလဲ့က စကားပြောတတ်ရဲ့လား၊ ဒီခန်းမသခင်က သူ့နေရာကို ဆက်ပြီး မလိုချင်တော့ဘူးထင်တယ်... ခင်ဗျားရဲ့ သမီးကမှ ခင်ဗျား ကွယ်ရာမှာ လက်ထပ်သွားမယ့်သူဗျ... တောင်ဂိုဏ်းရဲ့ အပြင်ဘက် ဒေသမှာလေ...”

...........

ဝူယွမ်၊ လင်းတုန်နှင့် ယင်းဟွမ်ဟွမ်တို့သည် တိတ်တဆိတ် ထွက်ပေါ်လာခဲ့ကြလေသည်။

“ဟဲဟဲ၊ ကျွန်မတို့ကို ဘယ်သူမှ မတွေ့လိုက်ပါဘူး...” ယင်းဟွမ်ဟွမ်က မီးတောက်များကဲ့သို့ နီရဲနေသော ကောင်းကင်ဖီးနစ်စောင်းကို ကိုင်ဆောင်ထားရင်း သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် တိတ်ဆိတ်အေးချမ်းနေသော ပတ်ဝန်းကျင်ကို အံ့ဩတကြီးနှင့် ပြုံးရွှင်စွာ ကြည့်ရင်း ပြောလိုက်လေသည်။

ဝူယွမ်က စကားမပြောခဲ့သော်လည်း သူမ၏ ဖခင်က သေချာပေါက် သိနေမည်ကို သူ သိထားလေသည်။

“သွားကြစို့ အစ်ကိုကြီး... ရှောင်တျောင်းနဲ့ တခြားသူတွေကို အရင်ကူညီဖို့က အရေးကြီးတယ်...” လင်းတုန်က တောင်ဂိုဏ်းရှိရာသို့ လှည့်ကြည့်လိုက်၏။

တစ်စုံတစ်ယောက်က သူတို့အား တမင်တကာ ထွက်သွားခွင့် ပြုထားခြင်း ဖြစ်ရမည်ကို သူလည်း နားလည်သဘောပေါက်ထားလေသည်။

အခန်း (၂၅၀) - ကောင်းကင်ဖီးနစ်စောင်း၊ ရွှေတစ္ဆေဇီးကွက်နှင့် မြေကမ္ဘာအူတိုင် သန့်စင်အရည်(၂)

တောင်ဂိုဏ်းတွင် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော အားကောင်းသည့် ကျင့်ကြံသူများ ရှိနေပြီး သူတို့ကို မသတိထားမိဘဲ နေရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ၎င်းမှာ အရေးမကြီးတော့ပေ။ ဤသည်မှာ အကောင်းဆုံးပင် ဖြစ်သည်။ သူတို့ကို တိတ်တဆိတ် ခွင့်ပြုထားပြီး ဖြစ်သည် မဟုတ်ပါလား။

“အင်း... သွားကြစို့...”

ဝူယွမ်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး သူ၏ ကျောဘက်တွင် နတ်ဆိုးတောင်ပံတစ်စုံ ထွက်ပေါ်လာခဲ့လေသည်။

လင်းတုန်သည်လည်း ရွှေရောင်အလင်းတန်း တစ်ခုဖြင့် တောက်ပသွားပြီး သူ၏ ခန္ဓာကိုယ် အနောက်ဘက်တွင် ကောင်းကင်ပြာနဂါးတောင်ပံတစ်စုံ ထွက်ပေါ်လာခဲ့၏။

သူက တောင်ပံများကို ခတ်လိုက်ရာ အားကောင်းသော လေပြင်းများ တိုက်ခတ်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။

“လာခဲ့လေ...” ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ကြည့်ကာ သူ၏ လက်မောင်းများကို ဆန့်တန်းလိုက်ရင်း ပြောလိုက်လေသည်။

“ဘာလုပ်မလို့လဲ...” ယင်းဟွမ်ဟွမ်မှာ လန့်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ နေရာတွင်ပင် အေးခဲသွားခဲ့၏။

“ငါက ကိုယ်တိုင် လုပ်ပေးရဦးမှာလား... မင်းဘာသာ တက်လာခဲ့ပါ၊ ငါတို့ အလျင်လိုနေတယ်...” ဝူယွမ်က ခါးအနည်းငယ် ကုန်းလိုက်လေသည်။

ယင်းဟွမ်ဟွမ်သည် ကောင်းကင်ဖီးနစ်စောင်းကို ကိုင်ဆောင်ထားရင်း တုံ့ဆိုင်းနေခဲ့သော်လည်း အနီးသို့ လျှောက်သွားခဲ့၏။ ထို့နောက် သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးများက ဝူယွမ်၏ လက်မောင်းများ သူမ၏ သွယ်လျသော ခါးလေးအား ရစ်ပတ်လာသည်ကို အနည်းငယ် ထိတ်လန့်စွာ မြင်တွေ့လိုက်ရသည်။

ဝူယွမ်၏ လုပ်ရပ်ကြောင့် သူမလန့်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တောင့်တင်းသွားခဲ့၏။ ဝူယွမ်၏ အားကောင်းသော အရှိန်အဝါက သူမထံသို့ တိုးဝင်လာခဲ့သည်။

သူမက သတိပြန်ဝင်လာပြီးနောက် ကောင်းကင်ဖီးနစ်စောင်းကို သူတို့နှစ်ဦးကြားတွင် အလျင်အမြန် ကာထားလိုက်ကာ ဝူယွမ်ကို စိုက်ကြည့်လိုက်လေသည်။ သူမ၏ မျက်နှာလေးမှာ မီးတောင်တစ်ခုအလား ပူထူနေခဲ့၏။

ဝူယွမ်က မဖွယ်မရာလုပ်ရပ်များ လုပ်ဆောင်လာမည်ကိုလည်း သူမ ကြောက်ရွံ့နေခဲ့သည်။

“ငါ့ရဲ့ အရှိန်က ပိုမြန်တယ်လေ... မင်းကို ငါ တိုက်ရိုက် ခေါ်သွားပေးမယ်၊ တောင်ဂိုဏ်းက သားရဲတစ်သောင်း တောင်တန်းကြီးနဲ့ အတော်လေး ဝေးတယ်...”

ဝူယွမ်က ဝင်းမှည့်နေသော ပန်းသီးလေးတစ်လုံးအလား နီရဲနေသည့် ယင်းဟွမ်ဟွမ်၏ မျက်နှာလေးကို ရယ်ချင်ပက်ကျိ အရိပ်အယောင်များဖြင့် ကြည့်ကာ လေးနက်စွာ ပြောလိုက်လေသည်။

ယင်းဟွမ်ဟွမ်သာ် မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ဝူယွမ်ကို စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းများထဲမှ မကောင်းသော ရည်ရွယ်ချက်များကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းနေပုံရ၏။

အကယ်၍ သူက စကားအမှားတစ်ခွန်း ပြောလိုက်သည်နှင့် ချက်ချင်းပင် အပြတ်ရှင်းလင်းပစ်ရန် အသင့်ရှိနေသည့်အလား သူမက စောင်းကြိုးများကို သတိထားကိုင်တွယ်ကာ တီးခတ်ရန် ပြင်ဆင်နေခဲ့သည်။

ဝူယွမ်က ချက်ချင်းပင် များစွာ လေးနက်သွားပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်လေသည်။ “မင်းစိတ်ချလို့ရပါတယ်... မင်းလို ဆံပင်အဝါနဲ့ ကောင်မလေးကို ငါက စိတ်မဝင်စားပါဘူး၊ အနည်းဆုံးတော့ မင်းက နောက်ထပ် နှစ်နှစ်လောက် ထွားလာဖို့ လိုသေးတယ်...”

ထို့နောက် သူက ဘာမှ ထပ်မပြောတော့ဘဲ သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ ကောင်းကင်ပြာနဂါးတောင်ပံများကို တစ်ချက် ခတ်လိုက်သည်နှင့် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားလေတော့သည်။

“အ... နာလိုက်တာ...”

“ဆံပင်အဝါနဲ့ ကောင်မလေး... မင်းက ခွေးလား၊ ဘာလို့ လူကို လျှောက်ကိုက်နေရတာလဲ...”

ဝူယွမ်က နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။ သူမ၏ ထက်ရှလှသော သွားလေးများက သူ့အားအနည်းငယ် နာကျင်စေခဲ့၏။

“အဲ့ဒါက ကျွန်မကို ဆံပင်အဝါနဲ့ ကောင်မလေးလို့ ခေါ်တဲ့အတွက်ပဲ... အဲ့ဒါ ရှင့်ကို အပြစ်ပေးတာ၊ ဒီမိန်းမပျိုလေးက အရွယ်ရောက် အခမ်းအနားကိုတောင် ဖြတ်ကျော်ပြီးသွားပြီနော်...”

ယင်းဟွမ်ဟွမ်၏ အနည်းငယ် ဒေါသထွက်နေပြီး မာနကြီးသော အသံလေးက ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့လေသည်။

........

သားရဲတစ်သောင်း တောင်တန်းကြီးသည် အရှေ့ဘက်ရွှမ်ဒေသ၏ အနောက်တောင်ဘက် အရပ်တွင် တည်ရှိပြီး တောင်ဂိုဏ်းနှင့် အတော်လေး ဝေးကွာလှပေသည်။

သို့သော် ဝူယွမ်၏ လက်ရှိ အမြန်နှုန်းနှင့် နတ်ဆိုးတောင်ပံများ၏ အားဖြည့်မှုတို့ကြောင့် ထိုနေရာသို့ ရောက်ရှိရန် ခုနစ်ရက် သို့မဟုတ် ရှစ်ရက်ခန့်သာ ကြာမြင့်ပေလိမ့်မည်။

လင်းတုန်က ရှေ့မှ လမ်းပြပျံသန်းနေပြီး ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ပွေ့ချီထားလေသည်။

သားရဲတစ်သောင်း တောင်တန်းကြီးသို့ ရောက်ရှိပြီးနောက် လင်းတုန်သည် ရှောင်တျောင်း၏ နတ်ဆိုးဝိညာဉ်အမှတ်အသား လှိုင်းဂယက် ထွက်ပေါ်လာရာ အရပ်ကို စတင် အာရုံခံလိုက်လေသည်။

“အစ်ကိုကြီး၊ ဟိုဘက်မှာ...”

လင်းတုန်က သူ၏ နဂါးတောင်ပံများကို ခတ်ကာ ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားခဲ့၏။

ဆယ်မိနစ်ခန့် အကြာတွင် သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး နောက်ဆုံး၌ အချိန်အတော်ကြာ မတွေ့ခဲ့ရသော ရင်းနှီးကျွမ်းဝင်သည့် လူရိပ်နှစ်ခုကို ခပ်လှမ်းလှမ်းရှိ တောင်ထွတ်တစ်ခုပေါ်တွင် မြင်တွေ့လိုက်ရလေသည်။

“အစ်ကိုကြီး...”

“ဒုတိယညီလေး...”

“တတိယညီလေး...”

“စတုတ္ထညီလေး...”

“ဒါက မရီးလား...” (သေချာတယ် ဒါရှောင်ယန်မေးတာ🤣)

... သူတို့ငါးဦးသည် တောင်ထွတ်ပေါ်တွင် ဆုံတွေ့ကြပြီး တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် အပြန်အလှန် နှုတ်ခွန်းဆက်သလိုက်ကြလေသည်။

ညီအစ်ကိုများသည် တစ်ယောက်ကိုတစ်ယောက် မတွေ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

ဝူယွမ်က ထိုနှစ်ဦးကို အကဲခတ်ကြည့်လိုက်၏။ အချိန်အတော်ကြာပြီးနောက်တွင် ရှောင်ယန်မှာ ပိုမိုကြံ့ခိုင်တောင့်တင်းလာပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှာ သံမဏိရဲတိုက်ကြီး တစ်ခုအလား ဖြစ်နေကာ သူ၏ အသံမှာလည်း နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသဖြင့် တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော လူကြီးတစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော် ရှောင်ယန်၏ ခန္ဓာကိုယ်ပေါ်တွင် ယခင်ကထက် ရှုပ်ယှက်ခတ်နေသော၊ သိသာထင်ရှားသည့် အမာရွတ်များ ပိုမိုများပြားနေခဲ့ပြီး ဤအမာရွတ်များက ရှောင်ယန်ကို ပိုမိုကြမ်းတမ်းပြီး သတ်ဖြတ်လိုသော အရှိန်အဝါအချို့ကို ခပ်ရေးရေး ပေါင်းထည့်ပေးနေခဲ့လေသည်။

ရှောင်တျောင်းမှာမူ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာမှာ နတ်ဆိုးတစ်ပါးအလား ချောမောလှပနေကာ သူ၏ မျက်ခုံးများကြားတွင်တော့ ရင်းနှီးကျွမ်းဝင်သော ပျင်းရိပျင်းတွဲ အမူအရာလေး ရှိနေဆဲပင် ဖြစ်သည်။

ဤသို့ ကြည့်ရမည်ဆိုလျှင် ရှောင်တျောင်းနောက်သို့ လိုက်ခြင်းသည် သုံးရက်လျှင် နှစ်ကြိမ်ခန့် အရိုက်ခံရခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ရှောင်ယန်၏ ဘဝမှာ သိပ်ပြီး အဆင်ပြေချောမွေ့နေပုံ မရပေ။

သို့သော် ဤအချိန်တွင် သူ၏ အစ်ကိုကြီးနှင့် ဒုတိယညီလေးကို မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့၏။

“အစ်မကော...”

ရှောင်ယန်က မေးလိုက်လေသည်။

“မင်းရဲ့ အစ်မက ကလေးမွေးတော့မယ်...” ဝူယွမ်က ထိုစကားကို စိတ်ထဲတွက်သာပြောလိုက်ကာ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလိုက်ပြီး ပိုင်ယွမ်ကို မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ထဲမှ အပြင်သို့ ခေါ်မထုတ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ယင်းဟွမ်ဟွမ်သည် အနားမှာရှိနေလေသည်။

“မင်းရဲ့ အစ်မက တံခါးပိတ် ကျင့်ကြံနေတယ်၊ သူမက ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ထိုးဖောက်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီ... မင်းကော...”

ဝူယွမ်နှင့်အတူ တက်ကြွပြီး ကြီးပွားချမ်းသာသော ဘဝကို ဖြတ်သန်းနေရသည့် ပိုင်ယွမ်နှင့် နှိုင်းယှဉ်လျှင် ရှောင်တျောင်းနောက်သို့ လိုက်ပါသွားသော ရှောင်ယန်မှာမူ သနားစရာကောင်းသည်ဟုသာ ဖော်ပြနိုင်ပေလိမ့်မည်။

ရှောင်ယန်မှာ နိဗ္ဗာန်အဆင့် ၉ သို့ပင် မရောက်ရှိသေးချေ။

“အစ်မက ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ထိုးဖောက်ဝင်ရောက်တော့မလို့လား...” ရှောင်ယန်က အံ့ဩတကြီး မေးလိုက်လေသည်။

သူက ရှောင်တျောင်းကို အနည်းငယ် မကျေမနပ်ဖြင့် လှမ်းကြည့်လိုက်၏။

သူနှင့် နှိုင်းယှဉ်လျှင် အစ်ကိုကြီးနောက်သို့ လိုက်ရသည်က ပိုမိုသက်သောင့်သက်သာ ရှိလေသည်။

“ဒီတတိယအကိုက နည်းနည်းတော့ မယုံရသလိုပဲ...”

“ကျေးဇူးကန်းတဲ့ကောင်... မင်းက မင်းရဲ့အစ်မနဲ့ သွားယှဉ်လို့ရမလား...” ရှောင်တျောင်းက ရှောင်ယန်ကို စူးရှစွာ ကြည့်လိုက်လေသည်။

“မင်းက ဘယ်လိုကျားမျိုးလဲ... မင်းရဲ့ ကန့်သတ်ချက်ကို မင်းမသိဘူးလား၊ မင်းအစ်မက ကျားဖြူတစ်ကောင်လေ၊ အရှင်သခင်တျောင်းထက်တောင် ပိုပြီးအားကောင်းသေးတယ်...”

“အစ်ကိုကြီး၊ အစ်ကိုကြီးက ဘာလို့ ဒီကောင်မလေးကို ခေါ်လာရတာလဲ... အရင်တုန်းက သူမက အစ်ကိုကြီးအပေါ် သိပ်ပြီး သဘောကောင်းပုံမရပါဘူး၊ အစ်ကိုကြီးက သူမကို ဟိုလိုဒီလိုတွေ လုပ်လိုက်တာလား...”

ရှောင်တျောင်းက အမျိုးသားနှင့် အမျိုးသမီးကြားရှိ ရင်းနှီးကျွမ်းဝင်မှုကို ညွှန်ပြသော သူတို့၏ ဘာသာစကား လက်ဟန်ခြေဟန်များဖြင့် အမူအရာ ပြလိုက်လေသည်။

“နင် ဘာတွေ လျှောက်ပြောနေတာလဲ... သူက ဘယ်လိုလုပ် လုပ်ရဲမှာလဲ...” ယင်းဟွမ်ဟွမ်က ထိုသည်ကိုနား‌လည်နေပြီး ရှောင်တျောင်းကို စူးရှစွာ ကြည့်ကာ မာနကြီးစွာဖြင့် ပြောလိုက်လေသည်။

သူမ၏ ဖခင် ပြုလုပ်ပေးထားသော အကာအကွယ်များ အထပ်လိုက် ရှိနေသဖြင့် ဝူယွမ်က မည်သို့ အောင်မြင်နိုင်မည်နည်း။

“မလိုအပ်တာတွေ လျှောက်ပြောမနေနဲ့ ရှောင်တျောင်း၊ ‘ဒီကောင်မလေး’ ဆိုတာက ဘာလဲ... ယဉ်ကျေးမှု မရှိလိုက်တာ၊ မရီးလို့ ခေါ်လိုက်...”

ဝူယွမ်က လေးနက်ဟန်ဆောင်ကာ ပြောလိုက်လေသည်။

“အို... မရီး...”

“ဘာ... ဘာကိုမရီးလဲ... ဝူယွမ်၊ ရှင်ထပ်ပြီး မလိုအပ်တာတွေ လျှောက်ပြောနေမယ်ဆိုရင် ကျွန်မ ပြန်သွားပြီး အဖေ့ကို တိုင်ပြောလိုက်မှာနော်...”

ယင်းဟွမ်ဟွမ်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပြီး မျက်နှာလေး နီရဲသွားကာ စောင်းကို ကိုင်ဆောင်ထားရင်း သူမ၏ ဝိညာဉ်စွမ်းအင်ဖြင့် ဝူယွမ်ထံသို့ သတင်းစကား ပါးလိုက်လေသည်။

သို့သော် ဝိညာဉ်စွမ်းအင် သတင်းစကား ပါးခြင်းကတစ်ပိုင်း၊ သူမ၏ အပြင်ပန်း အမူအရာက တစ်ပိုင်း ဖြစ်နေခဲ့၏။

သူမ၏ ပါးပြင်လေးများ နီမြန်းနေသော်လည်း ရှောင်တျောင်းနှင့် ရှောင်ယန်တို့ကို ချိုမြိန်စွာ ပြုံးပြကာ ပြောဆိုလိုက်လေသည်။

“အားလုံးပဲ မင်္ဂလာပါ... အထင်မလွဲကြပါနဲ့၊ ဝူယွမ်နဲ့ ငါက ဂိုဏ်းတူမောင်နှမတွေဆိုတော့ ရိုးရိုး သံယောဇဉ်ပဲ ရှိကြတာပါ...”

သူမ၏ နူးညံ့သိမ်မွေ့သော အမူအရာလေးမှာ တကယ်ကို အပြစ်ကင်းစင်လွန်းလှပေသည်။ ဤမြင်ကွင်းက ဝူယွမ်ကို မျက်လုံးလှန်သွားစေခဲ့လေသည်။

“အခု နင်က ဘယ်သူ့ကို ဟန်ဆောင်ပြနေတာလဲ...”

“မိန်းမတွေ... တကယ်ကို နားလည်ရခက်လိုက်တာ”

“ကောင်းပြီ၊ စနောက်တာတွေ ရပ်ကြတော့... ဒါက ငါတို့တောင်ဂိုဏ်းရဲ့ ဒုတိယမင်းသမီးလေး ယင်းဟွမ်ဟွမ်ပဲ၊ သူမ ကျေးဇူးကြောင့်သာ ဒီတစ်ခေါက် ငါတို့ ကောင်းကင်ဖီးနစ်စောင်းကို ယူလာနိုင်ခဲ့တာ၊ မဟုတ်ရင် ယူလာဖြစ်မှာ မဟုတ်ဘူး...” ဝူယွမ်က ပြောလိုက်လေသည်။

“တကယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြောပြပါဦး... မင်းတောင် အဲ့ဒါကို မဖြေရှင်းနိုင်ဘူးလား၊ ပြီးတော့ အခု မင်းရဲ့ စွမ်းအားက ဘယ်လောက်အထိ ပြန်လည်ပြည့်ဖြိုးလာပြီလဲ...”

ရှောင်တျောင်းက ဖြေကြားလိုက်၏။ “အပြည့်နီးပါး ပြန်လည်ပြည့်ဖြိုးလာပါပြီ... ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်က လူတစ်ယောက်ကို ရင်ဆိုင်ဖို့ရာ ပြဿနာ မဟုတ်တော့ဘူး...”

“ဒီတစ်ခေါက်က အဓိကအားဖြင့် ကျွန်တော့်ကို ထိန်းချုပ်နိုင်တဲ့ ထူးခြားတဲ့ အကောင်တစ်ကောင်နဲ့ တွေ့သွားလို့ပါ၊ ဒါပေမယ့် အခု အစ်ကိုကြီးတို့က ကောင်းကင်ဖီးနစ်စောင်းကို ယူလာပြီဆိုတော့ ပြဿနာ ပြေလည်သွားပါပြီ...”

“ပြိုင်ဘက်က သားရဲတစ်သောင်းတောင်တန်းကြီးရဲ့ အရှင်သခင်တစ်ကောင်ပဲ၊ အဲ့ကောင်က အစစ်အမှန် ပုံစံက ရွှေတစ္ဆေဇီးကွက် ဖြစ်ပြီး ဆန်းကြယ်ရှင်ခြင်းအဆင့် အလယ်အလတ်မှာ ရှိတယ်”

“အဲ့ကောင် အမိန့်အောက်မှာ စုစည်းနေတဲ့ သားရဲတွေလည်း ရှိသေးတယ်... အားအကောင်းဆုံးကတော့ စစ်သူကြီးနှစ်ကောင်ပဲ၊ သူတို့ရဲ့ စွမ်းအားက နိဗ္ဗာန်အဆင့် ၉ လောက် ရှိတယ်...”

“လူခေါင်းနဲ့ ဇီးကွက်တွေ၊ ဇီးကွက်အသံအစီအရင်လား... ဒါကြောင့် နင်က ကောင်းကင်ဖီးနစ်စောင်းကို လိုချင်နေတာပေါ့...” ယင်းဟွမ်ဟွမ်၏ မျက်လုံးများ လင်းလက်သွားခဲ့၏။

“မဆိုးဘူး... ထက်မြက်တယ်...” ရှောင်တျောင်းက လက်မထောင်ပြလိုက်လေသည်။

“အဲ့ဒီ ရွှေတစ္ဆေဇီးကွက်က လူခေါင်းနဲ့ဇီးကွက်သားရဲ တစ်သိန်းကို မွေးမြူဖို့ အားထုတ်မှု အများကြီး လုပ်ခဲ့တယ်၊ ဒီဇီးကွက်သားရဲတွေက အသံလှိုင်း တိုက်ခိုက်မှုတွေမှာ အတော်လေး ကျွမ်းကျင်ကြတယ်...”

“မိစ္ဆာအသံ တောင်တန်းကြီးရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကောင်းကင်အသံအစီအရင်လို့လည်း ခေါ်တဲ့ ဇီးကွက်အသံအစီအရင်ကို ဖြစ်ပေါ်စေပြီး အရမ်းအားကောင်းလွန်းတယ်၊ ကျွန်တော်တောင် အဲ့ဒါကို ထိုးဖောက်မဝင်ရောက်နိုင်ခဲ့ဘူး...”

“ဟဲဟဲ၊ အရေးကြီးဆုံးအချက်က အဲ့ဒီမှာ ရတနာတစ်ခု ရှိနေတာပဲ... မြေကမ္ဘာအူတိုင် သန့်စင်အရည်လေ...”

“အဲ့ဒါက အစ်ကိုကြီးတို့အတွက်လည်း အကျိုးရှိစေလိမ့်မယ်...”

All Chapters