← Chapters

ဒီနေ့ ငါအသက်အောင့်ထားပြီး မနက်ဖြန် နိုးထလာမယ်။ ငါနိုးလာတာနဲ့ တိုက်ခိုက်မယ်

Vol. 9 Ch. 897

ဒီနေ့ ငါအသက်အောင့်ထားပြီး မနက်ဖြန် နိုးထလာမယ်။ ငါနိုးလာတာနဲ့ တိုက်ခိုက်မယ်

Vol. 9 Ch. 897

ပိုင်ရှောင်ချန်းက ထာဝရသွေးနှင့် သူ၏သက်စောင့်အားများ လက်ဖျားခါရလောက်သည့် အမြန်နှုန်းဖြင့် ကုန်ခမ်းသွားသည့်အဖြစ်အပျက်တွင် စိတ်ရောကိုယ်ပါနစ်မြုပ်နေသည့်အတွက် သွေးဘိုးဘေးကြီးနှင့် ပတ်သက်၍ ဖြစ်ပျက်နေသော အခြင်းအရာအား သတိမထားမိခဲ့ပေ။

ထိုအခိုက်အတန့်ဝယ် သူ့ခန္ဓာကိုယ်ထဲတွင် ပြင်းပြသောစိတ်ဆန္ဒတစ်ခုနှင့် ပူဆွေးသောကရောက်ကာ ဒေါသအမျက်ချောင်းချောင်းထွက်နေခြင်းများ ဖြစ်တည်နေသည်ဟု သူ ခံစားလိုက်ရသည်။

ထိုမျှသာမက ကောင်းကင်ကြီးကို တုန်လှုပ်သွားစေနိုင်သည့် ဟိန်းဟောက်သံကြီးတစ်သံက သူ့နားထဲ ရုတ်တရက် ရောက်ရှိလာ၏။

" ဒီနေ့ ငါအသက်အောင့်ထားပြီး မနက်ဖြန် နိုးထလာမယ်။ ငါနိုးလာတာနဲ့ တိုက်ခိုက်မယ် "

ထိုစကားလုံးအနည်းငယ်က ပိုင်ရှောင်ချန်းအား အကြီးအကျယ် အံ့အားသင့်သွားစေတော့သည်။ အမှန်တွင် ထိုစကားလုံးများက သူ့ခန္ဓာကိုယ်ထဲမှ အစပြုလာခဲ့သည့်အလား သူ ခံစားနေရသည်။

ထိုစကားလုံးများထဲရှိ ချီနှင့် သွေးအခိုးအငွေ့များက သူ့မှာရှိသည်နှင့် တူညီနေသည်။ ထိုစကားလုံးများပြောလိုက်သည့် လူသည်လည်း ထာဝရသိုင်းကျင့်ကြံထားသည်။

" သွေးဘိုးဘေးကြီး "

ယခင်က သူသည် သွေးဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့သည့်တိုင် ဤသည်မှာ သူ့ထံမှ ခံစားချက်တစ်စုံတရာကို အာရုံရဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ရုတ်တရက် သူက တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများ ပြင်းပြလာသည်ကို ခံစားလိုက်ရပြီး သူ၏သွေးများက သွေးကြောများကိုဖြတ်သန်း၍ အပြင်းအထန်စီးဆင်းနေကြောင်း အာရုံရလိုက်သည်။ အကြောင်းကိစ္စတစ်ခုခုအတွက် သွေးဘိုးဘေးကြီးက သူ့ကို ဆင့်ခေါ်နေဟန်တူနေသည်။

ထို့အပြင် သူက အခြားဆင်တူသော အငွေ့အသက်များကို အာရုံရလိုက်ကြောင်း သေချာသလောက်ရှိသည်။ ၎င်းတို့က ပို၍အားနည်းပြီး မတူညီသောနေရာများမှ လာသော်လည်း တူညီသော အခိုးအငွေ့များ တည်ရှိနေသည်။

ထိုအခိုးအငွေ့များက အခြားမတူသောနေရာနှစ်ခုမှ လာနေပြီး နှစ်နေရာလုံးက အဏ္ဏဝါခေါ်သံဂိုဏ်းအတွင်းမှ ဖြစ်သည်။ မကြာခင် ထိုအရင်းမြစ်များအနက် တစ်ခုက အဏ္ဏဝါခေါ်သံဂိုဏ်းထဲက မျောက်ထံမှဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။

အခြားတစ်ခုကား သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ စကားပြောသောယုန်။

ထိုအခြင်းအရာက သူ့ကို ရိုးတွင်းခြင်ဆီထဲအထိ စိမ့်တက်သွားစေတော့သည်။ သူက အခြေအနေအားဆက်လက်လေ့လာလိုက်ရာ သွေးဘိုးဘေးကြီးနှင့်တူညီသော သက်စောင့်အားအခိုးအငွေ့များ အခြားနေရာများတွင် ရှိနေသေးပြီး အားလုံးက ဆင်တူနေကြောင်း သတိထားမိလိုက်သည်။

တစ်နေရာတွင် သူ ငှက်တစ်ကောင်တွေ့သည်။ အခြားနေရာတွင် တောင်ပံများနှင့် ကျားတစ်ကောင်။ တစ်ခုခုအား စောင့်ကြပ်နေသော ဧရာမဘဲငန်းကြီးတစ်ကောင်အား တွေ့သည်။ သူ ထိုတိရစ္ဆာန်များအား အဘယ်ကြောင့် မေ့နိုင်မည်နည်း။ သူတို့က သူ၏အထူးဆေးလုံးများ တိုက်ကျွေးခံရပြီးနောက် ပြောင်းလဲသွားခဲ့သော သတ္တဝါများပင် ဖြစ်ပေသည်။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

သူက ပင့်သက်ရှိုက်ကာ တွေးလိုက်သည်။ သူ၏နဖူးတစ်ပြင်လုံး ချွေးသီးချွေးပေါက်များ တွဲခိုနေပြီး ခြေကုန်လက်ပန်းကျသွားကာ သူ၏ကျင့်ကြံခြင်းအား အဆုံးသတ်လိုက်သည်။

ထာဝရသွေးနှင့် ဆက်နွှယ်သော လုပ်ဆောင်မှုများအားလုံးကို ဖြတ်တောက်ပြီးနောက်တွင် သွေးဘိုးဘေးကြီး၊ အခြားတိရစ္တာန်ငယ်များအားလုံးနှင့် သူ၏ဆက်သွယ်မှု ပျောက်ကွယ်သွားလေသည်။ အချိန်အတော်ကြာကုန်ဆုံးသွားသည့်တိုင် သူ့မျက်နှာပေါ်တွင် ကြောင်တောင်တောင်အသွင် ကျန်ရှိနေသေးသည်။

" ဒီတိရစ္ဆာန်တွေအကုန်လုံးက သွေးဘိုးဘေးကြီးနဲ့ တစ်နည်းနည်းနဲ့ ဆက်စပ်နေတာလား "

ထိုကိစ္စတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ထူးဆန်းထွေလာဖြစ်ရပ်များနှင့် ဆက်စပ်နေမည်ဖြစ်ကြောင်း သူ ရုတ်တရက် နားလည်လိုက်သည်။

" ဒီမှာ ဘာတွေ ဖြစ်နေတာလဲ “

သူက တွေးလိုက်၏။ အတန်ကြာတွေးပြီးသော် သူက ထရပ်ပြီး သွေးစွမ်းအင်နတ်ရေစင်အဖွဲ့ဆီသို့ ကမန်းကတန်း ပြေးသွားတော့သည်။ မကြာမီ သူက သွေးဘိုးဘေးကြီး၏ ပခုံးပေါ်တွင် ရပ်နေလေပြီ။

ပုံမှန်အရဆိုလျှင် ခေါင်းဆောင်ကြီးများသာ မြင့်မြတ်သော သွေးဘိုးဘေးကြီးနှင့် ဤမျှနီးနီးကပ်ကပ်နေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း တစ်ယောက်သာရှိလေသည်။ သူက ရင်တဒိန်းဒိန်းခုန်လျက် သွေးဘိုးဘေးကြီး၏ အရေပြားပေါ်သို့ လက်ကို လှမ်းတင်လိုက်သော်လည်း သက်စောင့်အား အစအနပင် မတွေ့ရပေ။ ပိုင်ရှောင်ချန်းသည် စောစောက သူအာရုံရခဲ့သည့်အရာမှာ ပုံရိပ်ယောင်သက်သက် ဖြစ်သည်လားပင် သိချင်လာတော့သည်။

" ငါဘယ်နည်းနဲ့မှ မမှားနိုင်ဘူး "

သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ တခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူသည် သွေးဘိုးဘေးကြီး၏ခန္ဓာကိုယ်ထဲအား ဝင်သွားပြီး အတိတ်က ရင်းနှီးခဲ့သော လမ်းကြောင်းအတိုင်း နှလုံးခန်းထဲ ရောက်သည်အထိ သွားလိုက်သည်။

အချိန်အနည်းငယ်ကြာသော် သူအပြင်ထွက်လာ၏။ သူ၏ ခရီးကား လုံးဝအလဟဿပင်။

" ဒီနေ့ ငါအသက်အောင့်ပြီး မနက်ဖြန်နိုးထမယ်။ သွေးဘိုးဘေးကြီးက.... မသေခဲ့ဘူးလား "

ပိုင်ရှောင်ချန်း၏မျက်လုံးများထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ သင်္ချိုင်းစောင့်ကြီးက ငရဲဧကရာဇ်၏အရိုက်အရာအား ပိုင်ဟောက်ကို လွဲအပ်ခဲ့ပြီး ကောင်းကင်ဧကရာဇ်၏ဇာတ်လမ်းအား သိရှိလာပြီးနောက်တွင် ပိုင်ရှောင်ချန်း၏ ကမ္ဘာကြီးအပေါ် နားလည်ခြင်းကား ပြောင်းလဲသွားခဲ့လေပြီ။ သူ သိခွင့်မရှိသည့် လျှို့ဝှက်ချက်များစွာ ရှိကြောင်း သူသိလာခဲ့လာရသည်။

သို့သော် ယခုတွင် လျှို့ဝှက်ချက်များက ပို၍ပင် များပြားသေးကြောင်း သူတွေ့လိုက်ရလေသည်။

" ပြီးတော့ တုလင်ဖေးကကော။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းလို နေရာသေးသေးလေးမှာ သူက ဘာလာလုပ်တာတုံး။ မြောက်ပိုင်းရဲ့ ဟန်ဇောင်ကျောင်းတော်နဲ့ ပတ်သက်နေမလား။ ဒါဆိုရင် သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဘာလို့ သွားသေးတာလဲ "

ထိုမေးခွန်းက သူ့ကို နှစ်ပေါင်းများစွာ ရင်တထိတ်ထိတ် ဖြစ်နေစေခဲ့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သန့်ရှင်းသော ဝိညာဥ်ဖြစ်သော ကလေးမလေးနှင့် တစ်နည်းနည်း ပတ်သက်လိမ့်မည်ဟုသုံးသပ်ခဲ့သော်လည်း ယခုတွင် မသေချာတော့ပေ။

သူ၏ခေါင်းထဲတွင် အတွေးပေါင်းများစွာ ပြေးလွှားနေပြီး မလှုပ်မယှက်ရပ်နေလေသည်။ အချိန်များ ကုန်မှန်းမသိ ကုန်ဆုံးသွား၏။ တစ်နေရာတွင် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ရှိ တောင်ထိပ်တစ်လုံးထံမှ မိုးခြိမ်းသံကဲ့သို့ ခပ်အုပ်အုပ် အသံတစ်သံကို ကြားလိုက်ရသည်။

ထိုအသံပျံနှံ့လာသည့်အတွက် ဂိုဏ်းသားအမြောက်အမြား တအံ့တသြ မော့ကြည့်လိုက်ကြသည်။ ၄င်းက ပိုင်ရှောင်ချန်း၏ အတွေးစဥ်များကို ရပ်တန့်သွားစေပြီး သူက တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့ဆီ လှမ်းကြည့်လိုက်သည်။

" စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီး "

သူက ရေရွတ်လိုက်၏။ ဆူညံသံက စိတ်စွမ်းအင်ခေါင်းဆောင်ကြီး နတ်အဆင့်ရောက်ရှိရန် ကြိုးစားအားထုတ်နေသည့် တံခါးပိတ်ကျင့်ကြံရာအဆောင်ထံမှ လာနေလေသည်။

ကြောက်ခမန်းလိလိ အခိုးအငွေ့များနှင့်အတူ ကုန်လွန်သွားသည့်အချိန်တိုင်း အားကောင်းလာနေသည့် အံသြတုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခုလည်း ပေါ်ထွက်လာ၏။

" ခေါင်းဆောင်ကြီး အဆင့်တက်တော့မယ် "

" အဏ္ဏဝါခေါ်သံဂိုဏ်းမှာ နောက်ထပ်နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိလာတော့မယ်ကွ "

" သူ သေချာပေါက် အောင်မြင်မှာ "

လီချင်းဟောက်အပါအဝင် ဂိုဏ်းအကြီးအကဲများအားလုံးက တာအိုစောင့်ရှောက်သူများအဖြစ်ရပ်တည်ရန် အလောတကြီးပြေးလာကြသည်။ သွေးစွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးနှင့် အခြားခေါင်းဆောင်ကြီးနှစ်ဦးလည်း ရောက်ရှိလာကြသည်။

စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏ အဆင့်တက်ခြင်းက ဂိုဏ်းအတွက် အရေးကြီးဆုံး ကိစ္စရပ်ဖြစ်ပေသည်။ ကံကောင်းထောက်မစွာ မဟာမန္တန်အစီအရင်သည် မကြာခင်ကပင် ပြုပြုင်ခဲ့ပြီးဖြစ်၍ မတော်တဆမှုတစ်ခုမှ မဖြစ်စေရန် အသက်ဝင်နေသည်။

ဂိုဏ်းသားများမှာ စိတ်လှုပ်ရှားမှုများဖြင့် တုန်ရီနေကြပြီး အားလုံး အဆင်ပြေပါစေကြောင်း ဆုတောင်းနေကြလေသည်။

ပိုင်ရှောင်ချန်းက အတွေးစများနှင့် သွေးဘိုးဘေးကြီးအကြောင်း မေးခွန်းများကို စိတ်ထဲမြှပ်နှံလိုက်ပြီး စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏ အရေးကြီးသောကိစ္စတွင် အာရုံစိုက်လိုက်သည်။

သူက သူမတူသောနည်းလမ်းဖြင့် အဆင့်တက်ခဲ့ခြင်းကြောင့် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး ယခုကြုံတွေ့နေရသော အရာအား မကြုံခဲ့ရဖူးသည့်အတွက် မည်သည့်အကြံမှ မပေးနိုင်ချေ။ သူလုပ်နိုင်သည်မှာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အားကိုး၍ အာရုံစူးစိုက်ထားကာ လိုအပ်သည့် မည်သည့်အထောက်အပံ့ကိုမဆို ပေးရန် အဆင့်သင့်ပြင်ထားလိုက်သည်။

သို့သော် စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်က အချည်းနှီးမဖြစ်ပေ။ သူသည် မြစ်အောက်ပိုင်းမှာရှိနေခဲ့သော ဂိုဏ်းသေးသေးလေးတစ်ခုကို အလယ်ပိုင်းဒေသ၏ လက်ရှိနေရာအထိ ရောက်သည့်တိုင်အောင် တစ်ယောက်တည်း ဦးဆောင်ခဲ့သူ ဖြစ်ပေသည်။

သူက နက်နဲသောအတွေ့အကြုံများနှင့် ကျင့်ကြံခြင်းအခြေခံအရ အရည်အချင်းပြည့်မီသည့် ဂိုဏ်းရှိ ထိပ်ဆုံးခေါင်းဆောင်ကြီးဖြစ်သည်။

အတိတ်က သူ့မှာ မရှိခဲ့သည့် တစ်ခုတည်းသောအရာမှာ မှန်ကန်သော အခွင့်အရေးပင်။

ပိုင်ရှောင်ချန်းက သူ့ကို ထိုအခွင့်အရေးပေးခဲ့သည့်အတွက် သူက တုံ့ဆိုင်းခြင်းမရှိဘဲ ဆုပ်ကိုင်ခဲ့သည်။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏ အရှိန်အဝါက ပို၍အားကောင်းလာသည့်အတွက် ကောင်းကင်တွင် ထစ်ခြုန်းသံများ မြည်ဟည်းနေတော့သည်။ ယခုတွင် သူ၏ စိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေကြီးတို့ဖြင့် လုံးဝပေါင်းစပ်လုနီးပါးအထိ ရောက်ရှိနေပြီဖြစ်သည်။

ခုနစ်ဆယ်ရာခိုင်နှုန်း ၊ရှစ်ဆယ်ရာခိုင်နှုန်း ၊ ကိုးဆယ်ရာခိုင်နှုန်း.......။

ကုန်လွန်သွားသည့်အချိန်တိုင်း သူ၏ ကျင့်ကြံခြင်းအခြေခံ အခိုးအငွေ့များ ပို၍ပြင်းထန်လာသည်။ အဏ္ဏဝါခေါ်သံဂိုဏ်းမှ လူတိုင်း အာရုံစူးစိုက်နေကြစဥ် ပိုင်ရှောင်ချန်းက စိတ်သက်သာရာရကာ သက်ပြင်းချပြီး ပြုံးလိုက်သည်။

သူပြုံးလိုက်ချိန် စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၏ စိတ်ဆန္ဒက ကောင်းကင်၊ ကမ္ဘာမြေကြီးတို့နှင့် လုံးဝပေါင်းစပ်သွားတော့သည်။

ဂျိန်းးးးး

တိမ်တိုက်များ တလိပ်လိပ်ထလာသော်လည်း ကောင်းကင်ပြစ်ဒဏ်တစ်ခုမှ ပေါ်မလာပေ။ ကောင်းကင်ယံထက်တွင် ဧရာမမျက်နှာကြီးတစ်ခုသာ လွင့်မျောနေ၏။

၄င်းသည်ကား စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီး၏ မျက်နှာပင် ဖြစ်ပေသည်။

သူ၏အသံ ဆက်လက်ပဲ့တင်ထပ်နေချိန် သူ၏စိတ်ဆန္ဒကား ကောင်းကင်နှင့် မြေကြီးထံမှ ပြန်လည်ယူဆောင်ခံလိုက်ရသည်။ သူက မော်တယ်တာအို နတ်အဆင့်ကျင့်ကြံသူတစ်ယောက်သာဖြစ်သည့်တိုင် နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သည့် မြောက်မြားစွာသော ပြင်ဆင်ချက်များကြောင့် ယခုတွင် သူသည် ထိုအဆင့်ထက်များစွာ ကျော်လွန်သွားသည်။ အမှန်တွင် သူက အစောပိုင်း မြေတာအို နတ်အဆင့်တမျှ အစွမ်းထက်လေသည်။

" ခေါင်းဆောင်ကြီး "

" ခေါင်းဆောင်ကြီး "

" ခေါင်းဆောင်ကြီး "

အဏ္ဏဝါခေါ်သံဂိုဏ်း၏ ဂိုဏ်းသားများအားလုံး တစ်ခနဲ ကြွေးကြော်လိုက်ကြသည်။ သူတို့သာ မဟုတ်။ ယင်ယန်ဝိညာဥ်အဆင့်အကြီးအကဲများသာမက သွေးစွမ်းအင်၊ ဆေးစွမ်းအင်နှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတို့မှ ခေါင်းဆောင်ကြီးများလည်း ပါဝင်လာကြလေသည်။ ထို့နောက် သူတို့က ရိုသေလေးစားသော မျက်နှာအမူအရာများဖြင့် လက်ယှက်၍ လေးလေးနက်နက်ဦးညွှတ်အရိုအသပေးလိုက်ကြလေသည်။

All Chapters