← Chapters

တစ်ကိုယ်တော် ပွဲဦးထွက် ဇာတ်လိုက်မင်းသား လော့ချန်

Vol. 9 Ch. 88

တစ်ကိုယ်တော် ပွဲဦးထွက် ဇာတ်လိုက်မင်းသား လော့ချန်

Vol. 9 Ch. 88

အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်ရှိ ကျင့်ကြံသူတစ်ဦး သေဆုံးမှုကြောင့် တာဟဲဈေးမြို့တော်တွင် ကောလာဟလများ ပျံ့နှံ့ကာ ရှုပ်ထွေးနေသည်။

အိုက်လောင်တောင်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးမှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေပြီး ထိုဒေသရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအားလုံးအား ခေါ်ယူစစ်ဆေးတော့သည်။

သို့သော် နောက်ဆုံးတွင် မည်သည့်သဲလွန်စမျှ ထွက်ပေါ်မလာခဲ့ပေ။

ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူကြီးမှာ ကျောက်စိမ်းဓားဂိတ်သို့ အတင်းအဓမ္မ ဝင်ရောက်သွားခဲ့ပြီး ထိုနေရာရှိ ဓားကျင့်ကြံသူနှစ်ဦးနှင့် ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေသည်။

ရွှေအမြုတေအဆင့်၏ ထိတ်လန့်ဖွယ်ရာ ဒေါသအရှိန်မှာ မြို့တွင်းပိုင်းတစ်ခုလုံးအား လွှမ်းခြုံထားသော်လည်း ဤကိစ္စများသည် လော့ချန်နှင့် မသက်ဆိုင်ပေ။ ကြွယ်ဝချမ်းသာသော တာဝန်ခံတစ်ဦး သေဆုံးခြင်းမှာ သူ့အရေးမဟုတ်ပေ။

သူ့အတွက် အရေးကြီးသည့် တစ်ခုတည်းသောအရာမှာ ဆေးဖော်ဆောင် ဖွင့်လှစ်ခြင်းသာ ဖြစ်သည်။

ထို့ကြောင့်ပင် သူသည် လွန်ခဲ့သော သုံးရက်လုံးလုံး လခြမ်းတောင်ကြားတွင်သာ အချိန်ကုန်ဆုံးခဲ့သည်။ သူသည် ထိုအတွေ့အကြုံမရှိသေးသော တပည့်တစ်သိုက်အား အားကိုး၍မရနိုင်မှန်း သိသည်။ သို့သော် ဖိုရှန်းဂိုဏ်းမှ ပြောင်းရွှေ့ပေးလိုက်သော အလယ်အလတ်အဆင့် ကျင့်ကြံသူများ၏ လုပ်ဆောင်ချက်ကိုမူ သူ သဘောကျမိသည်။ သုံးရက်တာအတွင်း သူသည် ထိုလူအယောက်နှစ်ဆယ်အား မီးတောက်ထိန်းချုပ်နည်းမှလွဲ၍ အခြားဘာမျှ မသင်ပေးခဲ့ပေ။

မီးတောက်ထိန်းချုပ်နည်းဆိုသည်မှာ မီးတောက်အား စီမံခန့်ခွဲခြင်းပင် ဖြစ်သည်။ မည်သည့်အချိန်တွင် မီးအရှိန်မြှင့်ရမည်၊ မည်သည့်အချိန်တွင် လျှော့ချရမည်၊ ထင်း မည်မျှထည့်ရမည်ဆိုသည်ကို သူ အသေးစိတ် သင်ကြားပေးသည်။

အပူရှိန်မလောက်ငပါက မီးလုံးမှော်အတတ်ကို အသုံးပြု၍ မည်သို့ အတိအကျ ညှိယူရမည်ကိုလည်း သူ သင်ပြပေးခဲ့သည်။ လော့ချန်သည် သူ၏ဘဝတစ်လျှောက် ဆည်းပူးခဲ့သော မီးတောက်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာဟူသမျှကို ထိုသုံးရက်အတွင်း ပုံအောပေးလိုက်ခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း သူလိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများအား မီရှုဟွာ၏ လူများက အချိန်မီ ပို့ဆောင်ပေးခဲ့ကြသည်။ ဝယ်ယူသည်ဖြစ်စေ၊ ဂိုဏ်း၏ ဆေးနန်းဆောင်မှ တိုက်ရိုက်ပေးပို့သည်ဖြစ်စေ လော့ချန်အတွက် ဆေးပင်ရှာရသည့် ဒုက္ခမှာ ကင်းဝေးသွားခဲ့ပြီ ဖြစ်သည်။

ပြင်ပလောကကြီးတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေစဉ်အတွင်း အချိန်များမှာ မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့ပြီး သုံးရက်မြောက်သောနေ့သို့ ရောက်ရှိလာခဲ့တော့သည်။

ယနေ့တွင် လခြမ်းတောင်ကြားတစ်ခုလုံး စည်ကားသိုက်မြိုက်နေတော့သည်။

ဖိုရှန်းဂိုဏ်းမှ ချီသန့်စင် အဆင့်နှောင်းပိုင်း ကျင့်ကြံသူ နှစ်ရာကျော်အနက် ထက်ဝက်ကျော်မှာ ဤနေရာသို့ စုရုံးရောက်ရှိနေကြပြီး အချို့မှာမူ တာဝန်အရ ကျန်ရစ်ခဲ့ကြသည်။ ကူချိုင်ယီနှင့် စီကုန်းရှို့ကျားတို့ ဦးဆောင်သော ကျင့်ကြံသူများမှာ လှိုင်းလုံးကြီးများနှယ် ချိုင့်ဝှမ်းအတွင်းသို့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာကြသည်။

မကြာမီပင် အခမ်းအနားများ စတင်တော့သည်။

ရိုးရာထုံးတမ်းစဉ်လာများ၊ နှုတ်ဆက်စကားများမှာ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း ဤအရာများမှာ အစပျိုးရုံသာရှိသေးမှန်း အားလုံး သိကြသည်။ ပွဲကြည့်ပရိသတ်များ အမှန်အကန် စောင့်မျှော်နေသည့် အစီအစဉ်မှာ ယခုမှ စတင်မည် ဖြစ်သည်။ ထိုအရာမှာ ဆေးဖိုမီး စတင်ညှိယူခြင်းနှင့် ဆေးဖော်စပ်မှု ပြသခြင်း ပင် ဖြစ်သည်။

“ဟိုကောင်လေးက လော့ချန်ဆိုတာလား”

“ဆေးဖော်စပ်ဆောင် ခေါင်းဆောင်က တော်တော်လေး ငယ်သေးတာပဲ”

“သူ့ကြည့်ရတာ အသက်သုံးဆယ်တောင် ကျော်ပုံမရဘူး၊ ကျင့်ကြံမှုအဆင့်က နည်းနည်းနိမ့်ပေမဲ့ သူ့ရဲ့ ဆေးဖော်စပ်ခြင်းပညာက ဘယ်လောက်အထိ ရှိမလဲဆိုတာ သိချင်မိသားပဲ”

“သူသာ တကယ် မတတ်ရင် အဘိုးကြီးမီက သူ့ကို ဒီရာထူးအထိ အတင်းအကျပ် မြှောက်ပေးမှာ မဟုတ်ဘူး”

“ဆေးဖော်စပ်ဆောင်ကရတဲ့ အမြတ်တွေကို အားလုံးကို ခွဲဝေပေးမယ်လို့ ငါကြားတယ်၊ အဲဒါ တကယ်လား”

“ဟက်.... အဲဒါကို မင်းက ယုံနေတာလား၊ အမြတ်ဝေစုကတော့ ခန်းမခေါင်းဆောင်တွေနဲ့ အဆင့်မြင့်ကျင့်ကြံသူတွေဆီပဲ ရောက်မှာပေါ့၊ ငါတို့လို သာမန်လူတွေကတော့ ဝိညာဉ်ကျောက်ရဖို့ ပင်ပင်ပန်းပန်း ဆက်လုပ်ရဦးမှာပဲ”

“ဘာလို့ ဒီလောက်တောင် အမြင်စောင်းနေရတာလဲ၊ မင်းအစ်ကိုတောင် ဆေးအရောင်းအဖွဲ့ထဲ ရောက်သွားတယ် မဟုတ်လား၊ ဆေးဖော်စပ်ဆောင်က ဆေးလုံးတွေ ထွက်လာရင် သူတို့ပဲ ရောင်းရမှာလေ၊ ဟုတ်တယ်မလား”

“ပြောရခက်သားပဲ၊ တကယ်ကို ပြောရခက်သားပဲ”

ပွက်လောရိုက်နေသော စကားသံများကြားမှ လော့ချန် ခန့်ညားစွာ ထွက်ပေါ်လာခဲ့သည်။

သူသည် မည်သည့် ခမ်းနားသော မိတ်ဆက်မှုမျှ မလုပ်သလို၊ အချိန်ဖြုန်းကာ လူတိုင်းကိုလည်း လိုက်လံ နှုတ်ဆက်မနေပေ။ သူသည် လခြမ်းရောင်ကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းထားပြီး ရှည်လျားနက်မှောင်သော ဆံနွယ်များကို သစ်သားဆံထိုးလေးဖြင့် ရိုးရှင်းစွာ ထုံးနှောင်ထားသည်။ သူ၏ တည်ငြိမ်အေးချမ်းသော အမူအရာနှင့် ယုံကြည်မှုအပြည့်ရှိသော မျက်ဝန်းများမှာ အထက်တန်းစား ကျင့်ကြံသူတစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။

သို့သော် သူ ဆက်လက်လုပ်ဆောင်လိုက်သည့် အရာမှာမူ ထိုကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း မရှိတော့‌ ပေ။

“မီးတောက်ကို ညှိလိုက်ကြ၊ ဆေးဖိုတွေကို အသက်သွင်းလိုက်တော့‌ ဟေ့”

ဆေးဖော်ဆောင် (၃) ခုလုံးတွင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာကာ ကောင်းကင်ယံသို့ ခုန်တက်သွားတော့သည်။ စိမ်းလဲ့သံသားထင်းများ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့များကြားတွင် လော့ချန်သည် အခန်းတစ်ခုချင်းစီသို့ လျင်မြန်စွာ ကူးသန်းသွားပြီး အနုစိတ်လှသော လုပ်ငန်းစဉ်ကို တည်ငြိမ်စွာ ကြီးကြပ်နေသည်။

သူ၏ ညွှန်ကြားမှုအောက်တွင် ဆေးဖက်ဝင် ပစ္စည်းများကို တစ်ခုချင်းစီ တိကျစွာ တိုင်းတာ၍ ဆေးဖိုများအတွင်းသို့ ထည့်သွင်းလိုက်ကြသည်။

ဗဟိုချက်တွင်ရှိသော အကြီးဆုံးဆေးဖိုကြီးမှာ လူတစ်ရပ်မက မြင့်မားလှသော အိုးကြီးတစ်လုံး ဖြစ်သည်။ ဤနေရာတွင် ဆေးပင်များကို ထည့်သွင်းခြင်းမှာ ရိုးရိုးလေး ပစ်ထည့်ရုံနှင့် မရပေ။

လော့ချန်သည် လေခွင်းအတတ် နှင့် ဆွဲငင်အတတ် တို့ကို အသုံးပြုကာ ဝေဟင်တွင် ပျံဝဲပြီး တိကျစွာ ထိန်းချုပ်နေသည်။ လေထဲ၌ ပျံဝဲရင်း ဆေးဖိုကြီးအတွင်းသို့ ဆေးပင်များကို အတိအကျ နေရာချပေးနေသည်။

ဤဆေးဖိုကြီးမှာ ကြီးမားသလောက် အကျိုးကျေးဇူးလည်း ရှိသည်။ ကြေးနီဆေးဖိုငယ်လေးများက တစ်ခါဖော်လျှင် ဆေးတစ်သုတ်သာ ရနိုင်သော်လည်း ဤဆေးဖိုကြီးမှာ နှစ်သုတ်စာအား တစ်ပြိုင်နက် ဖော်စပ်နိုင်ခြင်း ဖြစ်သည်။

အပြင်ဘက်ရှိ ကျင့်ကြံသူများသည် လော့ချန်တစ်ယောက် အခန်းသုံးခုကြား လျင်မြန်စွာ ကူးသန်းလှုပ်ရှားရင်း အလုပ်လုပ်နေသည်ကို ငေးမောကြည့်နေကြသည်။ သူ၏ လှုပ်ရှားမှုများမှာ စည်းချက်ကျလှပြီး ချောမွေ့လွန်းလှသည်။

သူသည် လက်ထောက်များအား မီးတောက်ညှိရန် ညွှန်ကြားလိုက်၊ ဆေးပင်များကို တည်ငြိမ်စွာ ထည့်သွင်းလိုက်၊ လက်ချောင်းများဖြင့် ဂါထာအမှတ်အသားများကို ရေးဆွဲလိုက်ကာ ဆေးဖိုအတွင်းရှိ ဆေးရည်များကို မွှေနှောက်လိုက် လုပ်နေသည်။ အရာအားလုံးမှာ အစီအစဉ်တကျနှင့်စနစ်တကျ ရှိလှပေသည်။

ပရိသတ်များမှာ မအောင့်နိုင်ဘဲ တီးတိုး ပြောဆိုလာကြသည်။

“ဆေးဖော်စပ်သူတစ်ယောက် အလုပ်လုပ်တာ မြင်ဖူးတာ ဒါပထမဆုံးပဲ၊ ဒီလောက်တောင် အနုစိတ်ပြီး ခန့်ညားဖို့ ကောင်းလိမ့်မယ်လို့ မထင်ထားမိဘူး၊ တကယ်ကို ကျော့ရှင်းလွန်းတယ်”

“သူက တော်တော်လေးကို ကျွမ်းကျင်တာပဲ၊ ဒီလော့ချန်လေးက မိခင်ဝမ်းထဲကတည်းက ဆေးဖော်စပ်လာတာ ထင်ရတယ်”

“ဆေးဖိုသုံးလုံးကို တစ်ပြိုင်တည်း ဖော်စပ်နိုင်တာကတော့ တကယ့်ကို အံ့မခန်း အရည်အချင်းပဲ”

“သူငယ်ချင်း…. မင်းပြောချင်တာက ဘာလဲ”

“အမှန်အတိုင်း ပြောရရင် ငါ ထိုက်ရှန်းဈေးကွက်မှာတုန်းက ကြားဖူးတာ၊ ရွှေကျောက်နန်းဆောင်ရဲ့ အကြီးအကဲဖြစ်တဲ့ ဒုတိယအဆင့် ဆေးဖော်စပ်သူ ခန်းတုံးယွဲ့တောင် တစ်ခါဖော်ရင် ဆေးဖိုတစ်လုံးပဲ ဖော်နိုင်တာတဲ့”

“တကယ်လား၊ အဲဒါဆို လော့ချန်ရဲ့ အရည်အချင်းက ဒုတိယအဆင့် ဆေးဖော်စပ်သူတစ်ယောက်ထက် မနိမ့်ဘူးလို့ ဆိုလိုတာလား”

“ပြောရခက်တယ်ကွ၊ တကယ်ကို ပြောရခက်သားပဲ”

ဆေးဖော်ဆောင်အတွင်းရှိ လော့ချန်မှာမူ ပြင်ပ စကားသံများအား မကြားနိုင်ပေ။ အကယ်၍ သူသာ ကြားခဲ့လျှင် အားရပါးရ ရယ်မောမိပေလိမ့်မည်။

ယနေ့သည် သူ၏ စင်မြင့်ထက်တွင် ဖျော်ဖြေရမည့်နေ့ ဖြစ်သဖြင့် လုံးဝ အမှားခံ၍ မရပေ။ ထို့ကြောင့် သူပြသရန်အတွက် သူအကျွမ်းကျင်ဆုံးဖြစ်သော မှော်အာဟာရဆေးလုံးကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူသည် ဤဆေးလုံးဖော်စပ်မှုတွင် ပါရမီရှင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဆေးဖိုသုံးလုံးမက ခြောက်လုံးကိုပင် တစ်ပြိုင်တည်း ကိုင်တွယ်နိုင်စွမ်း ရှိသည်။

နှစ်နာရီခန့် ကြာပြီးနောက် လူပေါင်း တစ်ရာကျော်၏ စူးစိုက်ကြည့်နေမှုအောက်တွင် လော့ချန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

“မီးကို ငြှိမ်းလိုက်တော့”

“လူစုခွဲကြ‌ တော့”

သူ၏ အမိန့်ပေးသံအဆုံးတွင် အခန်းသုံးခုလုံးရှိ မီးထိန်းကျင့်ကြံသူများမှာ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ လော့ချန်သည် အမြဲ သတိဝီရိယကို ဦးစားပေးသူ ဖြစ်သည်။ ဆေးဖော်စပ်မှု၏ နောက်ဆုံးအချိန်မှာ အန္တရာယ်အရှိဆုံး အချိန်ပင် ဖြစ်သည်။ ထိုအချိန်တွင် ဆေးဖို ပေါက်ကွဲနိုင်သလို၊ မအောင်မြင်သော ဆေးလုံးများမှ အဆိပ်ငွေ့များ ထွက်ပေါ်လာနိုင်သဖြင့် ဆေးဖော်စပ်သူကိုယ်တိုင်သာ ကျန်ရစ်ခဲ့လေ့ ရှိသည်။

ယခုအခါ အခန်းသုံးခုလုံး၏ တံခါးများမှာ အကျယ်ကြီး ပွင့်နေပြီ ဖြစ်သည်။

အားလုံး၏ စူးစိုက်ကြည့်နေမှုအောက်တွင် လော့ချန်သည် သူ၏ ချီစွမ်းအားကို ထုတ်ဖော်ကာ ပါရမီရှင်အဆင့်ရှိသော မှော်ဂါထာကို အသက်သွင်းလိုက်သည်။

ဆေးဖိုသုံးလုံးလုံး၏ အဖုံးများမှာ တစ်ပြိုင်နက် ပွင့်ထွက်သွားပြီး နံရံရှိ သံမဏိစင်များပေါ်သို့ တိကျစွာ ကျရောက်သွားသည်။ သူ လက်ကို အသာအယာ မြှောက်လိုက်သည့်အခါ ကြေးနီဆေးဖိုငယ် တစ်ခုအတွင်းမှ ရေတွက်မကုန်နိုင်သော ဆေးလုံးလေးများ ပျံဝဲထွက်လာကြသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ဆေးလုံးပေါင်း ငါးဆယ်၊ ခြောက်ဆယ်ခန့် လေထဲ၌ ငြိမ်သက်စွာ ပျံဝဲနေသည်ကို မြင်ရသည်။

သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။

သူ၏ လက်ဟန်ခြေဟန်များနှင့်အတူ အခြားသော ဆေးဖိုနှစ်လုံးမှလည်း ဆေးလုံးများ လိုက်ပါ ထွက်ပေါ်လာကြသည်။ အလယ်ရှိ ဆေးဖိုကြီးအတွင်းမှ ဆေးလုံးပေါင်း တစ်ရာကျော် ထွက်ပေါ်လာသည့်အခါတွင်မူ လေထုထဲ၌ ဆေးပင်နံ့၊ အသားနံ့နှင့် ကောက်ပဲသီးနှံနံ့များ ရောယှက်နေသော မွှေးကြိုင်သည့် ရနံ့များမှာ ပျံ့နှံ့သွားတော့သည်။

“အဲဒါတွေက မှော်အာဟာရဆေးလုံးတွေလား”

“ဖြစ်နိုင်တယ်ကွ”

“ဒီလောက်ထိ ကြိုးစားအားထုတ်ပြီး ဖော်စပ်တာက သာမန်မှော်အာဟာရဆေးလုံးတွေပဲလား”

“နေဦး.... တစ်ခုခုတော့ မှားနေပြီ”

လူအုပ်ကြားမှ တီးတိုးသံများ ထွက်ပေါ်လာစဉ် လော့ချန် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

လေထဲရှိ ဆေးလုံးပေါင်း နှစ်ရာကျော်မှာ ဖိုရှန်းဂိုဏ်းမှ ကျင့်ကြံသူများထံသို့ တစ်ယောက်လျှင် အနည်းဆုံး နှစ်လုံးစီ တိကျစွာ ပျံဝဲသွားကြသည်။

လူအုပ်ကြားတွင် ရပ်နေသော မီရှုဟွာသည် လက်ထဲသို့ ကျရောက်လာသော ဆေးလုံးနှစ်လုံးကို ကြည့်ကာ အံ့အားသင့်သွားရသည်။ ထိုဆေးမှာ လူသားအသားအရောင်ကဲ့သို့ ဝင်းလက်နေသော ဆေးလုံးလေးများပင် ဖြစ်သည်။

“အဆင့်မြင့် မှော်အာဟာရဆေးလုံးလုံးတွေလား….” ဟု ရေရွတ်ရင်း မီရှုဟွာ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ယှက်သန်းသွားသည်။

ဤဆေးလုံးများမှာ လူတစ်ယောက်အား ရက်အနည်းငယ်စာ မကဘဲ ဆယ်ရက်မှ ဆယ့်ငါးရက်အထိ ဆာလောင်မှုကို အောင့်ထားနိုင်စွမ်း ရှိစေသည်။ လော့ချန်သည် သာမန်ဆေးဖော်စပ်မှု တစ်ခုတည်းဖြင့် ဤမျှ အရည်အသွေးမြင့်သော ဆေးလုံးများကို ထုတ်လုပ်နိုင်ခဲ့သည်လော။

မီရှုဟွာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အခြားသူများ၏ မျက်ဝန်းထဲတွင်လည်း အလားတူ အံ့ဩမှုများကို မြင်တွေ့လိုက်ရသည်။

“ငါ့ဆီက နှစ်လုံးလုံးက အဆင့်မြင့်တွေပဲ”

“ငါ့ဆီမှာတော့ အလယ်အလတ်တစ်လုံးနဲ့ အဆင့်မြင့်တစ်လုံးပါတယ်၊ ဒီမှာကြည့်.... ဆေးလုံးရဲ့ အမှတ်အသားတွေက လှလိုက်တာ”

“နှစ်လုံးလုံးက အလယ်အလတ်တွေ”

“ငါ့ဆီမှာတော့ အဆင့်နိမ့်တစ်လုံးနဲ့ အဆင့်မြင့်တစ်လုံး”

လူတိုင်း အာရုံများနေစဉ် လော့ချန် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ မှော်အာဟာရဆေးလုံး ဖော်စပ်ခြင်းက သူ့အတွက် မခက်ခဲသလို အဆင့်မြင့်ဆေးလုံး ထွက်လာအောင် လုပ်ခြင်းမှာလည်း မခက်ခဲပေ။

သို့သော် ခက်ခဲသောအရာမှာ ဆေးလုံးအားလုံးအား အဆင့်မြင့်ချည်း ဖြစ်မသွားအောင်၊ အဆင့်မျိုးစုံ ရောယှက်နေအောင် တမင်တကာ ထိန်းချုပ်ဖော်စပ်ရခြင်းပင် ဖြစ်သည်။

အမှန်စင်စစ် ဆေးတစ်သုတ်အတွင်း အဆင့်မျိုးစုံ ထွက်ပေါ်လာခြင်းမှာ ဆေးဖော်စပ်သူတို့၏ သဘာဝပင် ဖြစ်သည်။ ချီစွမ်းအား ထိန်းချုပ်မှုနှင့် ဆေးဖက်ဝင် ဂုဏ်သတ္တိများ၏ ရှုပ်ထွေးမှုကြောင့် ဆေးလုံးတိုင်းမှာ တူညီနိုင်ခြင်း မရှိပေ။

သို့သော် လော့ချန်ကဲ့သို့ ပါရမီရှင် အဆင့်ရှိသူအတွက်မူ သူအလိုရှိပါက အားလုံးအား ထိပ်တန်းအဆင့် အဆင့်မြင့်ဆေးလုံးများအဖြစ် ဖော်စပ်နိုင်စွမ်း ရှိသည်။

သို့သော် ဤအရည်အချင်းအား မီရှုဟွာနှင့် အခြားသူများကို မသိစေချင်ပေ။ ၎င်းမှာ လူသားတစ်ယောက်အတွက် အလွန်အမင်း ထူးခြားလွန်းနေသောကြောင့် ဖြစ်သည်။

အကယ်၍ ဤသတင်း ပျံ့နှံ့သွားပါက မီရှုဟွာပင်လျှင် သူ့အား ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ အင်အားကြီးသော အဖွဲ့အစည်းများက သူ့အား ဖမ်းဆီးကာ သူတို့အတွက် အဆုံးမရှိ ဆေးဖော်ပေးရမည့် စက်ရုပ်တစ်ယောက်အဖြစ် အသုံးချကြပေလိမ့်မည်။

ထိုအဖွဲ့အစည်းများနှင့် ယှဉ်လျှင် ဖိုရှန်းဂိုဏ်းမှာ သူ့အတွက် ကိုင်တွယ်ရ ပိုလွယ်ကူလှသည်။ သူ၏ သိုးမွှေးနုတ်ခြင်း စီမံကိန်းမှာ ယခုမှ စတင်ရုံသာ ရှိသေးသည် ။ထို့ကြောင့်ပင် သူသည် အိမ်တွင် ဆယ်ရက်တိုင်တိုင် အချိန်ယူကာ ဆေးလုံးများကို အဆင့်မျိုးစုံ ထွက်ပေါ်လာအောင် မည်သို့ ထိန်းချုပ်ရမည်ကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ယနေ့ ပြသမှုမှာ သူ၏ ကြိုတင်ပြင်ဆင်မှုများကြောင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

“အဆင့်မြင့် ၆၀၊ အလယ်အလတ် ၁၂၀ နဲ့ အဆင့်နိမ့် ၃၁ လုံး ထွက်လာတာပဲ”

ရလဒ်ကို ကြားလိုက်ရသည့်အခါ မီရှုဟွာ၏ မျက်နှာတွင် ကျေနပ်သည့် အပြုံးများ ပေါ်ထွက်လာသည်။

“မင်းရှိနေမှတော့ ငါလည်း ဆေးဖော်စပ်ဆောင်အတွက် စိတ်အေးရပြီကွာ” ဟု လော့ချန်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

လော့ချန် ပြန်လည် နှုတ်ဆက်စကား မပြောနိုင်သေးခင်မှာပင် မီရှုဟွာက လူအုပ်ဘက်သို့ လှည့်၍ ကြေညာလိုက်သည်။

“ဒီဆေးလုံးတွေကတော့ အားလုံးအတွက် လက်ဆောင်အဖြစ် ပေးလိုက်တာပါ၊ တန်ဖိုးကတော့ သိပ်မကြီးပေမဲ့ ငါတို့ရဲ့ စေတနာလို့ပဲ မှတ်ယူပေးကြပါ၊ ငါတို့ရဲ့ ခန်းမခေါင်းဆောင် လော့ချန်ရဲ့ တကယ့် အရည်အချင်းက ဒီမှော်အာဟာရဆေးလုံးလုံးတွေတင် မကပါဘူး….”

“မကြာခင်မှာ သူက သူ့ရဲ့ အရည်အချင်းအစစ်အမှန်ကို ပြသပြီး ငါတို့ဂိုဏ်းအတွက် အကောင်းဆုံး ဆေးလုံးတွေကို ဖော်စပ်ပေးပါလိမ့်မယ်၊ သူ ဖိုရှန်းဂိုဏ်းထဲကို ရောက်လာတဲ့အတွက် ငါတို့အားလုံး ပိုပြီး ထွန်းကားလာမှာဖြစ်သလို လူတိုင်းရဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေလည်း ပိုတိုးလာမှာပါ”

“ဒါကြောင့် နောင်မှာလည်း ဂိုဏ်းခွဲခေါင်းဆောင် လော့ချန်ကို အစွမ်းကုန် ကူညီပေးကြပါဦး”

ဟု အစချီကာ မိန့်ခွန်းရှည်ကြီးကို ပြောလိုက်‌လေသည်။

‘ဒီအဘိုးကြီးကတော့ စကားပြော ကောင်းလွန်းလှပါပေတယ်’ ဟု လော့ချန်၏ စိတ်ထဲတွင် ရယ်ချင်ပတ်ချင် ဖြစ်နေသော်လည်း မျက်နှာတွင်မူ ဂုဏ်ယူဝင့်ကြွားသော အမူအရာကို ဆင်မြန်းထားလိုက်သည်။

ဂိုဏ်းသားများကလည်း အားတက်သရော အော်ဟစ် အားပေးကြတော့သည်။

“ကျွန်တော်တို့ အစွမ်းကုန် ထောက်ခံပါတယ်”

“ခေါင်းဆောင်လော့ချန် ရှိနေတာက ဖိုရှန်းဂိုဏ်းအတွက် ကံကောင်းခြင်းပါပဲ”

“ကျွန်တော် လုံကန်ကတော့ ခေါင်းဆောင်ကို အရင်ဆုံး ထောက်ခံတဲ့သူ ဖြစ်မှာပါ၊ သူက ငါတို့ ဖိုရှန်းဂိုဏ်းကို တာဟဲစျေးမြို့တော်တင်မက ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးမှာ နာမည်ကြီးအောင် လုပ်ပေးမှာပါ”

ဝိညာဉ်ကျောက် တစ်ပြားမှ မကုန်သော မြှောက်ပင့်စကားများကို နားထောင်ရင်း လော့ချန် ခပ်အေးအေးပင် ပြုံးပြလိုက်မိသည်။ ယနေ့မှစ၍ သူ၏ အမည်မှာ လူတိုင်း၏ ပါးစပ်ဖျားတွင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူသည် ဖိုရှန်းဂိုဏ်း၏ နံပါတ်တစ် ဆေးဖော်ဆရာ ဖြစ်သွားလေပြီ။

တစ်နေ့ကျလျှင် သူသည် တာဟဲစျေးမြို့တော်တင်မကဘဲ အရှေ့ပိုင်းလွင်ပြင်ကြီး တစ်ခုလုံးတွင် အတော်ဆုံး ဆေးဖော်ဆရာ ဖြစ်လာပေလိမ့်မည်။

လူတိုင်းတွင် အိပ်မက်ကိုယ်စီ ရှိကြသည်မှာ အမှန်ပင်။

All Chapters