ဝမ်းစာရေးမို့ စိတ်မကွက်စေချင်
Vol. 10 Ch. 98
ဥမင်လမ်းကြောင်းများ၏ နက်ရှိုင်းသော အစိတ်အပိုင်းများကို စူးစမ်းရန်မှာ နောက်ရက်များအတွက် ချန်ထား၍ ရပေသည်။
ကျယ်ဝန်းပြီး မှောင်ရီပျပျ ရှိလှသော သတ္တုတွင်းဟောင်း၏ လမ်းဆုံတစ်ခုတွင် ရပ်နေရင်း လော့ချန်သည် ရှေ့ရှိ လမ်းခွဲသုံးခုကို တစ်ချက် ကြည့်လိုက်သည်။
ခဏတာ စဉ်းစားပြီးနောက် သူ တွေဝေခြင်းမရှိဘဲ နောက်သို့ ပြန်လှည့်လာခဲ့သည်။
ဤကြယ်ငွေသတ္တုတွင်းဟောင်း၏ အပိုင်းအစမှာ တစ်နေ့ခင်းတည်းနှင့် အကုန်နှံ့အောင် စူးစမ်းရန် အလွန်ပင် ကျယ်ဝန်းလွန်းလှသည်။
“ဒီနေ့အတွက်တော့ ဒီလောက်ဆို တော်ပြီ” ဟု လော့ချန် ဆုံးဖြတ်လိုက်သည်။
အကြေးခွံသားရဲ ရုပ်သေးရုပ်လေးအား ပြန်သိမ်းကာ လော့ချန်သည် သူ၏ မှတ်ဉာဏ်ကို အသုံးချ၍ ကျောက်တုံးအိမ်လေးဆီသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။
အိမ်ထဲသို့ ရောက်သည်နှင့် သူသည် ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ လက်ဝါးရိုက်ချက်ကြောင့် ပေါက်ထွက်သွားသော အပေါက်ကို ပြန်ဖာလိုက်သည်။ ထို့နောက် သန့်စင်ခြင်းမှော်အတတ်ကို အသုံးပြုလိုက်ရာ တစ်ကိုယ်လုံး လန်းဆန်းသန့်ရှင်းသွားတော့သည်။
သူ စိတ်ကျေနပ်စွာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လေးလံသော ကျောက်တုံးတံခါးကြီးအား တွန်းဖွင့်လိုက်သည်။
အပြင်ဘက်ရောက်သောအခါ ကူချိုင်ယီက သူ့ထံ အိတ်တစ်အိတ် ကမ်းပေးသည်။
“ပြီးခဲ့တဲ့လအတွက် ကျွန်တော့ အမြတ်ဝေစုတွေလား”
လော့ချန် အံ့ဩတကြီး မေးလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် အိတ်ကို ဖွင့်ကြည့်လိုက်သည်။
အိတ်ထဲတွင် သေသပ်လှပပြီး အရွယ်အစား တညီတညာတည်းရှိသော အဆင့်နိမ့် ဝိညာဉ်ကျောက်ပုံကြီး ရှိနေသည်။ အမြန်ရေတွက်ကြည့်လိုက်ရာ ဝိညာဉ်ကျောက် ၆၅၀ တိတိ ရှိနေသည်။ သူ၏ ပျော်ရွှင်မှုမှာ အနည်းငယ် မှိန်ဖျော့သွားတော့သည်။
“ရှင် မျှော်လင့်ထားတာထက် နည်းနေလို့လား”
လော့ချန်၏ မျက်နှာပေါ်ရှိ စိတ်ပျက်သွားသော အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် ကူချိုင်ယီက မေးလိုက်သည်။
လော့ချန်သည် ခဏတာ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“နည်းနည်းတော့ နည်းနေတာပေါ့၊ ဒါပေမဲ့ သိပ်အများကြီးတော့ မဟုတ်ပါဘူး”
ပြီးခဲ့သည့်လ အံ့ဖွယ်တစ်သောင်းဆေးလုံး အရောင်းအဝယ်များကို သူကိုယ်တိုင် မကိုင်တွယ်ခဲ့ရသော်လည်း ဆေးဖော်စပ်သူတစ်ဦးအနေဖြင့် ကုန်ကျစရိတ်နှင့် အမြတ်အစွန်းကို သူ ကောင်းကောင်း နားလည်ထားသည်။
တစ်လလျှင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဆေးဖိုနှစ်ခုစာ ဖော်စပ်ရသည်။
အဆင့်မြင့် တိမ်စုပ်ဆေးအိုးမှ ကုန်ကြမ်းနှစ်သုတ် ဖော်စပ်နိုင်ပြီး၊ ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို နှစ်ခုမှ တစ်သုတ်စီ ဖော်စပ်နိုင်သည်။ သူ၏ ဆေးဖော်စပ်မှု ကျွမ်းကျင်သွားချိန်တွင် သူသည် စုစုပေါင်း ဆေးလုံး (၁၀၀၀) နီးပါး ထုတ်လုပ်နိုင်ခဲ့သည်။
ဆေးလုံးများမှာ အဆင့်အတန်းအလိုက် အမျိုးမျိုး ကွဲပြားကြပြီး မီကျွင်းဖျင်က အဆင့်အလိုက် ဈေးနှုန်းသတ်မှတ်ချက်ကို အသုံးပြုခဲ့သည်။
အားလုံး ခြုံငုံတွက်ချက်ကြည့်လျှင် ရောင်းရငွေမှာ ဝိညာဉ်ကျောက် (၄၀၀၀) ခန့် ရရှိရမည် ဖြစ်သည်။ ကုန်ကြမ်းဖိုး ဝိညာဉ်ကျောက် ၆၀၀ ကို နှုတ်လိုက်လျှင် ကျန်ရှိသမျှမှာ အမြတ်ပင် ဖြစ်သည်။
လော့ချန်၏ အမြတ်ဝေစုမှာ ဝိညာဉ်ကျောက် ၇၀၀ ဝန်းကျင် ရှိရမည် ဖြစ်သည်။
ယခုအခါ ဝိညာဉ်ကျောက် ၅၀ လောက် ပျောက်နေသည်ကို မြင်လိုက်ရသဖြင့် သူ မျက်မှောင်ကြုတ်မိသွားသော်လည်း ကူချိုင်ယီက သူ့အား စာရင်းစာရွက်တစ်ရွက် ကမ်းပေးလိုက်ပြန်သည်။
“ဒါက ခန်းမမှူးမီ ပေးလိုက်တာပါ” ဟု သူမက ရှင်းပြသည်။
“ဒီထဲမှာ အထွေထွေကုန်ကျစရိတ်တွေ၊ ဆေးဖော်ဆောင်က ကျင့်ကြံသူတွေရဲ့ လစာ၊ ဆိုင်တာဝန်ခံ သုံးယောက်ရဲ့ လစာနဲ့ ဆေးလုံးစောင့်ကြပ်တဲ့အဖွဲ့ရဲ့ ကုန်ကျစရိတ်တွေကို အသေးစိတ် ဖော်ပြထားတယ်၊ ဒီကုန်ကျစရိတ်တွေကို အမြတ်ထဲကနေ နှုတ်ပြီး လူတိုင်း ခွဲဝေခံစားကြရတာလို့လဲ ပြောတယ်”
“ဒါပေမဲ့ ဒီအမြတ်လေးနဲ့တင် လူတိုင်းရဲ့ လစာကို မပေးနိုင်ပါဘူး၊ ဒါကြောင့် ဂိုဏ်းချုပ်ရုံးကနေ တချို့ကို ဖြည့်စွက်ပေးထားရတာပါ”
လော့ချန်သည် စာရင်းစာရွက်ကို သေသေချာချာ စစ်ဆေးလိုက်သည်။
အမည်တစ်ခုချင်းစီနှင့် ကုန်ကျစရိတ်များကို အသေအချာ ကြည့်ပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။ သူ တွက်ချက်ထားသည်နှင့် ကိုက်ညီလှသည်။ မမှန်ကန်သည်ကို မတွေ့ရသဖြင့် ပျောက်ဆုံးနေသော ဝိညာဉ်ကျောက် (၅၀) အတွက် ငြင်းခုံနေရန် မလိုအပ်တော့ပေ။
သို့သော် သူ၏ အတွေးများမှာ ပိုမိုကြီးမားသော မေးခွန်းတစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။
သူသာ ဖိုရှန်းဂိုဏ်းထဲသို့ မဝင်ခဲ့ပါက ပြီးခဲ့သောလ တစ်ဦးတည်း ဒိုင်ခံလုပ်ခြင်းဖြင့် ဝိညာဉ်ကျောက် မည်မျှ ရလိုက်မည်နည်း ဆိုသည့် အတွေးဝင်သွားသည်။
သို့သော် ဆေးဖိုသုံးလုံး၊ ဖိုရှန်းဂိုဏ်းမှ ပေးထားသော ကုန်ကြမ်းများ၊ မီးထိန်းသူများ၊ သူ့အား ကူညီသော ဆေးဖော်လက်ထောက်များ၊ ဆေးလုံးရောင်းပေမည့် သူများ ကိုလည်း ထည့်တွက်ရပေမည်။
အများဆုံးဆိုလျှင် သူသည် တစ်နေ့လျှင် ဆေးဖိုနှစ်ခုစာသာ ဖော်စပ်နိုင်မည် ဖြစ်သည်။
မည်မျှပင် လျင်မြန်စွာ တိုးတက်ပါစေ၊ သူ၏ ကျွမ်းကျင်မှုမှာ ပါရမီရှင်အဆင့်သို့ အလွယ်တကူ ရောက်ရှိသွားမည် မဟုတ်ပေ။
ထိုကန့်သတ်ချက်များကို ထည့်တွက်ကြည့်လိုက်သောအခါ လော့ချန်သည် ခန့်မှန်းခြေ တစ်ခုကို ရရှိလိုက်သည်။
“၈၀၀”
အကယ်၍ သူသာ တစ်ကိုယ်တည်း သီးသန့် ရုန်းကန်ခဲ့မည်ဆိုလျှင် ပြီးခဲ့သည့်လအတွက် သူ၏ အသားတင်ဝင်ငွေမှာ ဝိညာဉ်ကျောက် ၈၀၀ ခန့်သာ ရှိပေလိမ့်မည်။
ကြည့်လိုက်လျှင် ဖိုရှန်းဂိုဏ်းထဲ ဝင်လိုက်ခြင်းကြောင့် ဝိညာဉ်ကျောက် ၁၅၀ ခန့် ဆုံးရှုံးသွားသည်ဟု ထင်ရပေလိမ့်မည်။
သို့သော် တွက်ချက်ပုံမှာ ထိုသို့ မဟုတ်။
အမြတ်ဝေစုအပြင် သူသည် တစ်လလျှင် ဝိညာဉ်ကျောက် ၄၀၀ တန်ဖိုးရှိသော အတင်းအကျပ် တောင်းဆိုထားရသည့် ချီစွမ်းအင်ဖြည့်ဆေးလုံးများအား လစာအဖြစ် ရနေသေးသည်။
ဤအပိုဝင်ငွေတစ်ခုတည်းနှင့်ပင် သူ၏ ဆုံးရှုံးမှုများကို ပြန်လည်ကာမိသွားပြီ ဖြစ်သည်။
အမှန်စင်စစ် သူသည် အကျိုးအမြတ် ရရှိနေခြင်းပင် ဖြစ်သည်ဟု လော့ချန် ပြန်တွေးကြည့်လိုက်မိသည်။
ဆေးလုံး အမြောက်အမြား ဖော်စပ်ရခြင်းသည် သူ၏ ကျွမ်းကျင်မှုကို သိသိသာသာ မြင့်တက်စေသည်။ထို့အပြင် အတွေ့အကြုံနှင့် အောင်မြင်မှုအမှတ်များလည်း ရစေခဲ့သည်။
ထိုအရာများကိုလည်း ထည့်တွက်ရပေမည်။
ထိုတင်မကသေးပဲ ချင်ယွမ်ဇီ၏ ဆေးဖော်ပညာ ခွဲခြမ်းစိတ်ဖြာချက်၊ ဆေးဖက်ဝင်အပင်များ စုစည်းမှု နှင့် အပြည့်မပါသော ချီလမ်းကြောင်းဆေးလုံး ဖော်စပ်ကျမ်း များသည်လည်း ဝိညာဉ်ကျောက် ထောင်ပေါင်းများစွာ တန်ပေသည်။
အရေးကြီးဆုံး အချက်တစ်ချက်လည်း ရှိသေးသည်။
ဖိုရှန်းဂိုဏ်း၏ ဂုဏ်သတင်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မီရှုဟွာ၏ အကာအကွယ်မှာ သူ အားနည်းနေချိန်တွင် အခြားသော ကျင့်ကြံသူများ၏ လောဘရမ္မက်များမှ ကာကွယ်ပေးထားသည့် တန်ဖိုးမဖြတ်နိုင်သော အရာပင် ဖြစ်သည်။
ဥပမာအားဖြင့် ကောင်းထင်ယွမ်နှင့် ပတ်သက်သည့် ပြဿနာများကို မီရှုဟွာ ကိုယ်တိုင် ဖြေရှင်းပေးခဲ့သည်။
လော့ချန် စိတ်ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူ၏ ဆုံးဖြတ်ချက်များသည် မှန်ကန်ခဲ့လေသည်။
တစ်ခါတစ်ရံ၌ အသုံးချခံနေရသလို ခံစားရသော်လည်း ရေရှည်အကျိုးကျေးဇူးများသည် တန်ဖိုးရှိလှသည်။ ထို့အပြင် လစဉ်ဝင်ငွေလည်း ပြန်တိုးလာပြီ ဖြစ်သည်။
သူ၏ အကြည့်မှာ အိတ်ထဲရှိ အခြားပစ္စည်းတစ်ခုဆီသို့ ရောက်ရှိသွားသည်။ ထိုအရာမှာ ရိုးရှင်းသော သစ်သားသေတ္တာလေးတစ်ခု ဖြစ်သည်။ လော့ချန်သည် သိလိုစိတ်ဖြင့် ဖွင့်ကြည့်လိုက်ရာ အထဲရှိ အရာကို မြင်လိုက်ရသည်နှင့် မျက်နှာမှာ ဝင်းပသွားတော့သည်။
အထဲတွင် စနစ်တကျ စီထားသော ရှည်လျားလှပသည့် အမွှေးတိုင် (၁၂) တိုင် ရှိနေသည်။
“စိတ်ငြိမ်အမွှေးတိုင် ပါလားကွ” ဟု သူ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ကူချိုင်ယီ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ မီရှုဟွာသည် အလုပ်လုပ်ပုံ အမှန်ပင် လျင်မြန်လှသည်။ ဤပစ္စည်းအား လော့ချန်လက်ထဲ ရောက်အောင် အမှန်ပင် ပို့ပေးခဲ့လေသည်။
လော့ချန်သည် စိတ်ကျေနပ်စွာဖြင့် သေတ္တာကို ပြန်ပိတ်လိုက်သည်။ ဤသည်မှာ သာမန်လက်ဆောင်တစ်ခု မဟုတ်ဘဲ တန်ဖိုးရှိလှသော အရာပင်ဖြစ်သည်။
သူသည် စိတ်ငြိမ်အမွှေးတိုင်၏ အကျိုးအာနိသင်ကို ကိုယ်တိုင် ခံစားဖူးထားသူ ဖြစ်သည်။
ဤကဲ့သို့ သေတ္တာအပြည့်ဆိုလျှင် ဝိညာဉ်ကျောက် (၁၂၀) ခန့် တန်ဖိုးရှိသည်။
အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးအတွက်မူ ရတနာတစ်ပါးပင်။
ဤအမွှေးတိုင်များ ရှိခြင်းကြောင့် သူ၏ ကျင့်ကြံမှုနှုန်းမှာ သိသိသာသာ မြင့်တက်လာပေလိမ့်မည်။ ထိုအရာသည် အဆင့်နိမ့်ကျင့်ကြံသူများ၏ အဓိကကျင့်စဉ်အား ဝိညာဉ်ပင်ပန်းနွမ်းနယ်မှု သို့မဟုတ် နာကျင်မှုမရှိဘဲ တစ်နေ့လျှင် လေးငါးကြိမ် ပိုမို လေ့ကျင့်နိုင်ရန် ကူညီပေးနိုင်သည်။
သို့ရာတွင့် ခန္ဓာကိုယ်အတွက် လုံလောက်သော အာဟာရဖြည့်စွက်မှုများလည်း လိုအပ်ပေသည်။ မဟုတ်ပါက ဝိညာဉ်က ခံနိုင်သော်လည်း ခန္ဓာကိုယ်က လိုက်မနိုင်ဘဲ ဖြစ်သွားလိမ့်မည်။
လော့ချန်သည် ဤအချက်ကို ကိုယ်တွေ့ အတွေ့အကြုံအရ သိထားသည်။ သူ စိတ်ငြိမ်အမွှေးတိုင်အား ပထမဆုံးအကြိမ် အသုံးပြုစဉ်က အလွန် ဆင်းရဲလှသဖြင့် တစ်တိုင်တည်းအား နှစ်ရက်၊ သုံးရက်ခန့် ခွဲသုံးခဲ့ရသည်။
အကြောင်းမှာ ထိုစဉ်က သူ၏ အာဟာရဖြည့်စွက်မှုမှာ ကျင့်ကြံမှုဒဏ်ကို မလိုက်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် ယခုမူ သူ ချမ်းသာနေပြီ ဖြစ်သည်။
အမြတ်ဝေစုများနှင့် ယခင်စုဆောင်းထားသည်များကို ပေါင်းလိုက်လျှင် သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် ဝိညာဉ်ကျောက် ၁၀၀၀ ကျော်ကို ပိုင်ဆိုင်လိုက်ပြီ ဖြစ်သည်။
၁၃၀၀….။
ဤသည်မှာ အခြားသော ပိုင်ဆိုင်မှုများကို မတွက်ဘဲ သူ၏ လက်ရှိ အသားတင် ပိုင်ဆိုင်မှု ဖြစ်သည်။
အာဟာရဖြည့်စွက်မှုနှင့် ပတ်သက်လျှင်ကား သူ့တွင် နည်းလမ်းများ ရှိပြီးသား ဖြစ်သည်။
စိတ်ငြိမ်အမွှေးတိုင်များအား သိမ်းဆည်းလိုက်ပြီးနောက် လော့ချန်သည် ကူချိုင်ယီ၏ လက်ကို ဆွဲကာ “အလုပ်ဆင်းရအောင်၊ ပြန်ကြမယ်လေ” ဟု ပြောရင်း အလျင်အမြန် ထွက်လာခဲ့သည်။
ကူချိုင်ယီမှာ ဇဝေဇဝါ ဖြစ်သွားသည်။
“ဒီညနေဆေးမဖော်တော့ဘူးလား”
“ဘာလို့ အလောတကြီး လုပ်နေမှာလဲ၊ ဒီနေ့ ကျောက်စိမ်းအမြုတေ ဆေးလုံး တစ်သုတ် ဖော်ထားတာနဲ့တင် အဘိုးကြီးမီကို နောက်နှစ်ရက်လောက် ပြုံးနေအောင် လုပ်ဖို့ လုံလောက်ပါပြီ” ဟု ပြောကာ လက်ကာပြလိုက်သည်။
ထို့အပြင် သူ ပြုံးစစဖြင့် ပြောလိုက်သေးသည်။
“လော့ချန်ဆိုတာ အလုပ်ဆင်းဖို့အတွက်ပဲ အလုပ်လုပ်တာ၊ အချိန်ပိုလား၊ လော့ချန်ရဲ့ မူဝါဒတွေနဲ့ လုံးဝ မကိုက်ညီဘူး”
ထို့နောက် ဆေးဖော်ဆောင်ဘက်သို့ လှည့်ကာ အော်လိုက်သည်။
“ညီအစ်ကိုတို့၊ ဒီနေ့ တော်လောက်ပြီ၊ နားကြတော့၊ မနက်ဖြန်ကျမှ စောစောပြန်လာ”
ကျောက်စိမ်းအမြုတေ ဆေးလုံး၏ ကုန်ကြမ်းများနှင့် မီးထိန်းနည်းများကို အသည်းအသန် လေ့ကျင့်နေကြသော ဂိုဏ်းသားအသစ်များမှာ ချက်ချင်းပင် ဟေးခနဲ အော်ဟစ်ကာ အောင်ပွဲခံလိုက်ကြသည်။
“ခန်းမခေါင်းဆောင်ကြီးလော့ သက်တော်ရာကျော် ရှည်ပါစေ”
“တွေ့လား”
လော့ချန်က ကူချိုင်ယီအား ကြည့်၍ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဘယ်သူမှ အချိန်ပို မလုပ်ချင်ကြဘူး”
ကူချိုင်ယီမှာ နားမလည်နိုင်စွာ မျက်တောင်ခတ်နေမိသည်။ ဤသည်မှာ အချိန်ပိုမဟုတ်ဘဲ အလုပ်မှ လစ်ထွက်ခြင်း ဖြစ်သည်။
လော့ချန် ပြုံးလိုက်သည်။ သူမ စိတ်ထဲရှိ အလုပ်ရှင်၏ ခိုင်းနွားသဖွယ် အတွေးအခေါ်များကို သူ ကြားနေရသကဲ့သို့ ခံစားလိုက်ရသည်။
‘ထျန်းရှန်းမျှော်စင်က သနားစရာ ငါ့အစ်မလေး၊ ညဆိုင်းတွေ အလုပ်လုပ်ရင်းနဲ့ လုံးဝကို ဦးနှောက်ဆေးခံထားရတာပဲ’ ဟု သူ တွေးလိုက်မိသည်။
အမှန်စင်စစ် အလုပ်စောစောဆင်းခြင်းမှာ ပျင်းရိခြင်းကြောင့် မဟုတ်ပေ။
အဓိက အကြောင်းရင်းမှာ ပိုမို လက်တွေ့ကျလှသည်။ သူ၏ အချိန်ဇယားမှာ မနက်စောစောမှ ညနက်ပိုင်းအထိ အလုပ်များနေသဖြင့် နေ့ဘက် ဈေးဝယ်ရန် အကောင်းဆုံး အချိန်များကို သူ အမြဲ လွဲချော်နေရသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရက်စက်ပြီး ကောက်ကျစ်လှသော ကျင့်ကြံခြင်းလောက ဖြစ်သည်။ လူများသည် ညဘက်တွင် အရောင်းအဝယ် လုပ်လေ့မရှိကြပေ။ ထို့ကြောင့် တန်ဖိုးရှိသော အရာအားလုံးမှာ နေ့ဘက်တွင်သာ ရရှိနိုင်သည်။
လော့ချန် နောက်ထပ် မစောင့်နိုင်တော့ပေ။ သူသာ ထပ်ပြီး နောက်ကျနေဦးမည်ဆိုလျှင် ဝိညာဉ်ကျောက်များသာ ရှိပြီး သုံးစရာ နေရာမရှိဘဲ ဖြစ်သွားမည်ကို သူ စိုးရိမ်နေသည်။
ထို့ကြောင့် ထူးဆန်းသော မျက်နှာပေးများဖြင့် ကိုယ်ရံတော်နှစ်ဦး၏ စောင့်ကြပ်မှု၊ ဘေးနားတွင် ကူချိုင်ယီနှင့်အတူ ၏ မြို့တွင်းပိုင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာခဲ့သည်။
ထို့နောက် သူသည် တောင်ဘက် တစ်ကိုယ်တော်ကျင့်ကြံသူများ ဈေးဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။
တာဟဲဈေးမြို့တော်ရှိ ကျင့်ကြံသူ အရေအတွက်မှာ တဖြည်းဖြည်း တိုးတက်လာနေပြီး ယခုအခါ အမြဲတမ်း နေထိုင်သူ အရေအတွက်မှာ နှစ်သောင်းကျော်နေပြီ ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မိသားစုသစ် နှစ်စု ရောက်ရှိလာခဲ့ပြီး နောက်ထပ် လူပေါင်း ထောင်ချီကို ခေါ်ဆောင်လာခဲ့သည်။ ကျောက်စိမ်းအိုး ဓားဂိုဏ်းသည် လူများကို ဤနေရာသို့ ဆက်တိုက် ပြောင်းရွှေ့ပေးနေသည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေသည်။ သာမန်လူသားများအပြင် ကျင့်ကြံသူ မိသားစုများကိုပါ ပြောင်းရွှေ့ပေးနေခြင်း ဖြစ်သည်။
တာဟဲဈေးမြို့တော်မှာ တစ်နေ့ထက်တစ်နေ့ ပိုမို စည်ကားလာနေသည်ဟုသာ ဆိုရမည်။
ရလဒ်အနေဖြင့် တောင်ဘက်မြို့ ဈေးကွက်နှင့် ဗဟိုစီးပွားရေးလမ်းမကြီးအပြင် နောက်ထပ် ကုန်သွယ်မှု ဗဟိုချက် နှစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့သည်။
တစ်ခုမှာ အဆုံးအဖြတ်စင်မြင့် အပြင်ဘက်ရှိ ကျောက်ဖြူရင်ပြင် တွင် ဖြစ်သည်။ ထိုနေရာမှာ ရှောင်ယွဲ့ တစ်ချိန်က ဝိညာဉ်ပေါက်ပေါက် ရောင်းခဲ့သည့် နေရာ ပင်ဖြစ်သည်။ အခြားတစ်ခုမှာ မြို့မြောက်ဘက်ပိုင်းတွင် ဖြစ်ပြီး ထိုနေရာ၌ စီးပွားရေး လမ်းမငယ်တစ်ခုနှင့် ဖိုရှန်းဂိုဏ်း၏ ကိုယ်ပိုင်ဆိုင်ခန်းများ ရှိနေသည်။
ဂိုဏ်းများ၏ ကျောထောက်နောက်ခံ ပါရှိသော ဗဟိုလမ်းမကြီးနှင့် မတူဘဲ မြောက်ဘက်ပိုင်း ဆိုင်ခန်းများကို မိသားစုငယ်များနှင့် အဖွဲ့အစည်းငယ်များက ဦးစီးကြသည်။ လော့ချန်သည် အချိန်ရလျှင် ထိုနေရာသို့ သွားလည်ရန် စိတ်ကူးလိုက်သည်။
သို့သော် ယနေ့အတွက် သူ၏ အဓိက ပန်းတိုင်မှာ သူ ရင်းနှီးနေသော တောင်ဘက်မြို့ ဈေးကွက်နှင့် ဗဟိုစီးပွားရေး လမ်းမကြီးပင် ဖြစ်သည်။