← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

အပိုင်း (၁၁)

အောက်တိုဘာလရဲ့အစောပိုင်း‌ နေ့ရက်တွေက သာယာပြီးအေးစိမ့်နေခဲ့တယ်။

ဆည်းဆာချိန်မှာ မြို့ကို လွှမ်းခြုံထားတဲ့ မြူနှင်းထူထူတွေက ရေခဲသေတ္တာထဲက အခိုးအငွေ့တွေနဲ့ ဆင်တူနေသလိုလိုပဲ။ ညကောင်းကင်ယံကတော့ မြို့ပြရဲ့အမှောင်ထုထဲမှာ နတ်ဘုရားများက ခေါင်းလောင်းကြီးတစ်လုံးနဲ့ ကမ္ဘာကြီးကို အုပ်ထားသလိုထင်ရအောင် ထူးဆန်းခြောက်ခြားဖွယ် ကောင်းနေလေရဲ့။

ကမ္ဘာကြီးကို လွှမ်းခြုံထားတဲ့ အမှောင်ထုကြီးက အဆုံးမရှိဘဲ လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။

ကျွန်တော် တစ်ယောက်တည်း လမ်းပေါ်မှာ လျှောက်သွားနေမိတယ်။ အေးစိမ့်စိမ့်လေတွေ တိုက်ခတ်နေပေမဲ့ သစ်ပင်ပေါ်က သစ်ရွက်လေးတွေကတော့ စိမ်းလန်းနေဆဲပဲ။

ကျွန်တော် ဒေါင်ရှင်း ဆီ ဖုန်းဆက်လိုက်တယ်။ သူက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းပါ။

"ငါတို့ တစ်ခွက်လောက် သောက်ရအောင်" ဒေါင်ရှင်းက သဘောတူပြီးမကြာမီမှာပဲ ကျွန်တော့်ရှေ့ ပေါ်လာပြီး "မယုံနိုင်စရာပဲ။ မင်းက ညလယ်ခေါင်ကြီးမှာ အပြင်ထွက်ပြီး သောက်ဖို့ ခေါ်တယ်ပေါ့။ မင်းမိန်းမနဲ့ အချိန်မဖြုန်းဘူးလား" လို့ ပြုံးရယ်ရင်း မေးပါတယ်။

ဒေါင်ရှင်းရဲ့ပုံစံက စည်းမဲ့ကမ်းမဲ့ လွတ်လပ်လွန်းသူလေ၊ ကျွန်တော်ကတော့ သူ့ရဲ့ ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ပုံစံကို သဘောမကျဘူး။

ကျွန်တော်တို့ Barတစ်ခုကို ရှာတွေ့ခဲ့တယ်။ သူက အဲ့ဒီမှာ လူရင်းဖြစ်ပြီး ကျွန်တော်ကတော့ အဲ့ဒီက အနံ့အသက်တွေကြောင့် ရင်ထဲမှာ မသက်မသာ ဖြစ်နေမိတယ်။ ဒေါင်ရှင်း ထိုင်ပြီး မကြာခင်မှာပဲ သူ့အသိက လာနှုတ်ဆက်လို့ သူဟာ အဲ့ဒီလူနဲ့အတူ ကစားဖို့ ပျောက်သွားပြီးမှ ပြန်ပေါ်လာတယ်။ သူက အရက်ကို တစ်ငုံသောက်ပြီး အမောဖြေလိုက်တယ်။သူက စားပွဲပေါ် မှောက်ချလိုက်ရင်း "ပြောစမ်းပါဦး ဘာဖြစ်လို့လဲ"

ကျွန်တော်က ရင်ဖွင့်ချင်တဲ့စိတ်မရှိတော့တာကြောင့် ခေါင်းခါပြလိုက်ပြီး "ဘာမှ မဖြစ်ပါဘူး။ သောက်ချင်လို့ သောက်တာပဲ၊ မိန်းမတွေလို အကြောင်းပြချက်တွေ အများကြီး လိုလို့လား" ဒေါင်ရှင်းက ရယ်လိုက်ရာ သူ့ရဲ့ ထွက်သက်မှာ အရက်နံ့တွေ လွင့်ပျံ့နေတယ်။

ကျွန်တော် အင်္ကျီကို ကောက်ယူပြီး ပြန်ဖို့ ပြင်လိုက်တယ်၊ ဒီအနံ့ကို မခံနိုင်တော့လို့ပါ။ စိတ်ဓာတ်ကျနေတာကို အာရုံပြောင်းဖို့ လာခဲ့တာဆိုရင်တော့ အောင်မြင်သွားပြီလို့ ဆိုရမှာပါ။

"သွားကြစို့"။ "စောသေးတယ်လေ"လို့ ဒေါင်ရှင်းက နာရီကို ကြည့်ပြီး ပြောတယ်။ "ကျားကျင့် စိတ်ပူနေလိမ့်မယ်" လို့ ကျွန်တော် ပြောလိုက်တယ်။ ဒါဟာ အပေါင်းအသင်းတွေကြားကနေ လစ်ထွက်ချင်တဲ့အခါ ပေးလေ့ရှိတဲ့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုပါ ။

ဒါပေမဲ့ အဲ့ဒီစကားကို ပြောနေရင်း ကျွန်တော့်စိတ်ထဲမှာတော့ "ကျားကျင့်က ဘာကို စိတ်ပူမှာလဲ။ ငါ ညဘက်အပြင်ထွက်လို့ မတော်တဆဖြစ်မှာကိုလား၊ တခြားမိန်းမတစ်ယောက်နဲ့ ငြိစွန်းမှာကိုလား၊ ဒါမှမဟုတ် ငါ့မှာ တကယ်ပဲ စိတ်ရောဂါ ရှိနေသလားဆိုတာကိုလား" လို့ တွေးနေမိတယ်။

"မင်း အရင်ပြန်နှင့်လေ။ ငါကတော့ ဆက်ကဲဦးမယ်" ကျွန်တော် တစ်ယောက်တည်း ထွက်လာခဲ့တယ်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာ ဒေါင်ရှင်းရဲ့ အသံက နောက်ကနေ ထွက်ပေါ်လာတယ်။ "တကယ်လို့ မင်းဒီနေ့ မိန်းမနဲ့ ရန်ဖြစ်လို့ လာတာဆိုရင်တော့ ငါ မင်းကို ဂုဏ်ပြုရလိမ့်မယ်" ကျွန်တော် သူ့ဘက်ကို လှည့်ကြည့်လိုက်တယ်၊ သူ့စကားရဲ့ အဓိပ္ပာယ်ကို သိချင်လို့ပါ။

"ဘာလို့လဲဆိုတော့ မင်းတို့ အိမ်ထောင်ရေးမှာ တစ်ခါမှ ဒေါသထွက်တာမျိုး မရှိခဲ့လို့ပဲ။ ကျားကျင့်ကြောင့် မဟုတ်ဘူးနော်‌ ကောင်းဖေး၊ မင်းကြောင့်ပဲ။ မင်းဟာ အိမ်ထောင်ကျကတည်းက တစ်ခါမှ ဒေါသထွက်တာမျိုး မရှိခဲ့ဘူး"

တံခါးသော့ပေါက်ထဲသော့ထည့်တဲ့အခါကျွန်တော်အရမ်းသတိထားလိုက်ရတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အနားယူဖို့ လိုအပ်သလို ကျားကျင့်ဟာလည်း ဒီရက်ပိုင်း အိပ်ရေးမဝရှာဘူးလေ။ဖိနပ်လဲပြီး အိပ်ခန်းထဲ ဝင်လိုက်တဲ့အခါ ကျားကျင့်ကို တွေ့လိုက်ရတယ်။ သူမက အိပ်ပျော်နေပြီ ဖြစ်ပေမဲ့ကုတင်ဘေးကစားပွဲပေါ်မှာတော့သူမဖတ်နေကျ စာရွက်တွေက ပျံ့ကြဲနေတုန်းပဲ။

ကျွန်တော် ဒါတွေကို ဂုဏ်မစိုက်ဘဲ သူမရဲ့ နဖူးကို နမ်းလိုက်တယ်။ စိတ်ထဲကနေ "ကျားကျင့် ငါ့ကို ယုံပါ။ ငါ မရူးပါဘူး" လို့ ပြောနေမိတယ်။မပြန်ခင် ဒေါင်ရှင်းကို ပြောခဲ့တာတွေကို သတိရမိတယ်။

"ကျားကျင့်က ငါ့စိတ်ထဲမှာ တစ်ခုခု မှားယွင်းနေတယ်လို့ ယုံနေတာ။ မင်းရော အဲ့လို ထင်လား" လို့ မေးခဲ့တယ်။ဒေါင်ရှင်းက ကျွန်တော့်ကို အကြာကြီး စိုက်ကြည့်ပြီးမှ "တကယ်လို့ ကျားကျင့်က မင်းစိတ်ထဲမှာ တစ်ခုခု မှားနေတယ်လို့ ယူဆတယ်ဆိုရင်တော့ အဲ့ဒါ အမှန်ပဲ ဖြစ်ရမယ်"

ကိုယ့်ရဲ့ ကျန်းမာရေးကို သူများက အကဲဖြတ်ပေးနေရတာက တကယ်ကို စိတ်မသက်မသာ ဖြစ်စရာပါ။ ကမ္ဘာကြီးကို အော်ဟစ်ပြောပြလိုက်ချင်စိတ်ပဲ ရှိတယ်။ ကျွန်တော် ဒီလို ခံစားချက်မျိုးကို မုန်းတယ်၊ ဒါပေမဲ့ အခု ကျွန်တော် တောင်းပန်တိုးလျှိုးနေမိတုန်းပဲ။

"ကျားကျင့် မင်းက ငါ့ရဲ့ အနီးကပ်ဆုံးလူပါ၊ ဒါကြောင့် ငါ့ကို ယုံပေးပါ၊ ငါ တကယ် ကျန်းကျန်းမာမာ ရှိပါတယ်"အဲ့ဒီနောက် ကျွန်တော် ရေချိုးပြီး အိပ်လိုက်ပါတယ်။

ဒါပေမဲ့ နောက်တစ်နေ့မှာ ကျားကျင့်ရဲ့ မိဘတွေနဲ့ ကျွန်တော့်မိဘတွေ အားလုံး ကျွန်တော့်အိမ်မှာ စုဝေးရောက်ရှိနေလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး။သူမက ထောင့်တစ်နေရာမှာ ထိုင်နေတယ်။ သူမက ဘာတစ်ခွန်းမှ မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်။

သူမရဲ့ မျက်ဝန်းထဲက ခိုင်မာတဲ့ အကြည့်တွေကြောင့် သူမ ဘယ်လောက်အထိ ဇွဲရှိနေသလဲဆိုတာ ကျွန်တော် သိနိုင်ပါတယ်။ သူမ ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောပါဘူး။ သူမက ပြတ်သားတဲ့ တရားသူကြီးတစ်ယောက်လိုပဲ။ မင်းသာ သူမရဲ့ အမိန့်ကို မနာခံရင် သူမမှာ မင်းကို နာခံလာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတဲ့ ပုံစံမျိုးပါ။

ကျားကျင့်ရဲ့ မိဘတွေက ပိုပြီးတော့တောင် ပြတ်သားနေကြတယ်။

ကျွန်တော်သာ ဆရာဝန်နဲ့ မပြဘူးဆိုရင် ဒါမှမဟုတ် ရောဂါမပျောက်ဘူးဆိုရင် ကျားကျင့်ကို ကလေးဖျက်ချခိုင်းပြီး ကျွန်တော့်နဲ့ ကွာရှင်းခိုင်းမှာလို့ပြောကြတယ်။ကျွန်တော့်မိဘတွေကတော့ မျက်နှာတွေ ပျက်လို့၊ ကျွန်တော့်ကို စိုက်ကြည့်နေကြတယ်။

ဒီ ဟာကိုဘယ်လိုငြင်းရမလဲ ဆိုတာသူတို့ မသိကြဘူး။ တကယ်လို့ သာကျားကျင့် ပြောသလို ကျွန်တော့်မှာ စိတ်ရောဂါ ရှိနေမယ်ဆိုရင် သူတို့ရဲ့ စိတ်ထဲက အပြစ်ရှိစိတ်နဲ့ မလုံခြုံမှုတွေကြောင့် ကျားကျင့်ကို ကျွန်တော့်ဘေးမှာ ဆက်နေဖို့ တိုက်တွန်းနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်အခန်းထဲမှာ ရပ်နေတုန်း အမေက ကျွန်တော့် နဖူးကို ပွတ်သပ်ပေးရင်း ကျွန်တော့်မျက်ဝန်းက ကျလာတဲ့ မျက်ရည်တွေကို ကြည့်နေတယ်။ပြီးတော့ အမေတစ်ယောက်မှာပဲ ရှိတဲ့ နူးညံ့ပြီး တုန်ရင်နေတဲ့ အသံလေးနဲ့ "ဒီလို မဖြစ်သင့်ဘူး။ ဒီလိုမျိုး မဖြစ်ခဲ့သင့်ဘူး" လို့ တိုးတိုးလေး ဆိုရှာတယ်။

အဖေကတော့ ဘာမှမပြောပေမဲ့ သူ့ရဲ့ ကျိုးနေတဲ့ ခြေထောက်ကို လက်နဲ့ ပွတ်နေတုန်းပဲ။ ဒါဟာ ဟဲယုရှင်းက သူ့အတွက် ချန်ထားရစ်ခဲ့တဲ့ ထာဝရ အမှတ်အသားတစ်ခုဖြစ်ပြီး သူ့ဘဝ အဆုံးသတ်အထိ ပါသွားမယ့်အရာပါ။ ခြေထောက်ကျိုးသွားကတည်းက အဖေဟာ ပြင်းထန်တဲ့ ကိစ္စတစ်ခုခု ကြုံရတိုင်း အသိစိတ်လွတ်ပြီး ဒီခြေထောက်ကို ပွတ်နေတတ်တာ အကျင့်ဖြစ်နေပါပြီ။

အဲ့ဒီကြားထဲမှာ ကျားကျင့်က နောက်ဆုံးတော့ စကားပြောလာတယ်။ သူမ ပြောလိုက်တာက တစ်ခုတည်းပါ၊ ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်ကို ခါးသီးစွာ စိတ်ပျက်သွားစေဖို့ လုံလောက်ခဲ့ပါတယ်။

"ကောင်းဖေး အရူးတစ်ယောက်ကို ငါ့ကလေးရဲ့ အဖေအဖြစ် ငါ ဘယ်တော့မှ လက်မခံနိုင်ဘူး။ ပြီးတော့ အရူးတစ်ယောက်ကို ငါ့ယောကျာ်းအဖြစ်လည်း လက်မခံနိုင်ဘူး" "ရှင် နားလည်လား" လို့ မေးတယ်။

အဲ့ဒီမေးခွန်းကို ဘယ်လို ပြန်ဖြေရမလဲ ကျွန်တော် မသိတော့ဘူး။ "ကတိဆိုတာ အတည်ယူဖို့ မဟုတ်ဘူး" ဆိုတဲ့ စကားမျိုးက မိန်းမတွေ နှလုံးသားကွဲကြေတဲ့အခါ ပြောတဲ့ စကားမျိုးတွေပါ။

အခုတော့ သူမက "အရူး" ဆိုတဲ့ စကားလုံးကိုတောင် သုံးခဲ့ပြီ။ ဒါက စိတ်ရောဂါထက်တောင် ပိုဆိုးပါတယ်။ကျွန်တော့် ရင်ထဲမှာ လွှကြီးနဲ့ တိုက်နေသလို နာကျင်သွားရတယ်။ ကျွန်တော် ဖြည်းဖြည်းချင်း ပဲ့ပြောလိုက်တယ်။ "ကျားကျင့် ငါတို့ မင်္ဂလာဆောင်တုန်းက ပေးခဲ့တဲ့ ကတိတွေကို မင်း မေ့သွားပြီပဲ"

"အဲ့ဒါတွေကို လာမပြောနဲ့။ကောင်းဖေး ရှင်သာ လူကောင်းတစ်ယောက် ဖြစ်ခဲ့ရင် ကျွန်မ ရှင့်ကို ကောင်းကောင်း ဆက်ဆံမှာပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်း၊ ရှင် လူကောင်း ဟုတ်ရဲ့လား၊ ရှင်သာ ကုသမှုခံယူမယ်ဆိုရင် ကျွန်မ ရှင့်နဲ့ ဆက်နေပါဦးမယ်" ကျွန်တော်က ကျွန်တော့်မှာ ရောဂါမရှိဘူးလို့ အခိုင်အမာ ပြောသလို၊ ကျားကျင့်ကလည်း သူမ မှန်တယ်လို့ ဇွတ်ပြောတယ်။

သူမရဲ့ မိဘတွေက သူမကို အိမ်ပြန်ခေါ်သွားချင်ကြတယ်။ သူတို့ ဆိုလိုတာက အရူးတစ်ယောက် နဲ့ အတူနေတာက မလုံခြုံဘူး၊ တစ်ရက်မှာ ကျွန်တော်က အကြောင်းပြချက် မရှိဘဲ သူမကို ထိခိုက်စေနိုင်တယ်၊ ဘာလို့လဲဆိုတော့ အရူးတွေဟာ သူတို့ လုပ်ရပ်အတွက် တာဝန်ခံဖို့ မလိုလို့ပါတဲ့။

ကျွန်တော် ကျားကျင့်ကို သတ်ခဲ့ရင်တောင် ဥပဒေအရ အပြစ်ပေးခံရမှာ မဟုတ်ဘူးတဲ့။ကျွန်တော့် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားမိတယ်။ ကျားကျင့်နဲ့ လက်ထပ်ခဲ့တဲ့ ဒီနှစ်နှစ်အတွင်းမှာ ကျွန်တော် သူတို့အပေါ် ပျက်ကွက်ခဲ့တာ မရှိပါဘူး။

ကျွန်တော် သေချာ ပြန်စဉ်းစားကြည့်တယ်၊ ဘာမှားခဲ့သလဲလို့ ရှာကြည့်တယ်၊ ဒါပေမဲ့ ဘာအမှားမှ ရှာမတွေ့ခဲ့ဘူး။ ကျွန်တော့် မိဘအရင်းတွေထက်တောင် သူတို့ကို 'အဖေ' 'အမေ' လို့ ပိုပြီး ရိုရိုသေသေ ခေါ်ခဲ့သလို၊ နှစ်သစ်ကူးနဲ့ ပွဲလမ်းသဘင်တွေမှာလည်း သားမက်တစ်ယောက်ရဲ့ တာဝန်ကို အပြည့်အဝ ကျေပွန်ခဲ့ပါတယ်။

ပစ္စည်းဥစ္စာအရရော၊ ဝတ္တရားအရရော သူတို့အပေါ် မတရားမလုပ်ခဲ့ပါဘူး၊ ဒါပေမဲ့ ဘာလို့ ဒီလို ဖြစ်လာရတာလဲ။

ကျွန်တော် မှတ်မိနေတာက ဟဲယုရှင်းရဲ့ အဖေအတွက် ကျွန်တော် အမွှေးတိုင် တစ်တိုင်တောင် မထွန်းပေးခဲ့ဖူးဘူး၊ သူ့အုတ်ဂူကို တစ်ခါမှ မရှင်းပေးခဲ့ဖူးဘူး။ ဟဲယုရှင်းအသက်ရှင်နေတုန်းက သူမက ကျွန်တော့်အသက်ကို ကယ်ဖို့ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံခဲ့ဖူးတယ်။

နောက်ပိုင်း သူမမှာ ရောဂါရှိနေတာ သိခဲ့တုန်းကလည်း သနားစိတ်နဲ့ အပြစ်မကင်းတဲ့ စိတ်တွေ ပေါ်လာတာကလွဲရင် ကျွန်တော် သူမအပေါ် နည်းနည်းလေးတောင် ကောင်းကောင်း မဆက်ဆံခဲ့ဘူး။ သူမအပေါ် နွေးထွေးမှု တစ်စက်တောင် မပြခဲ့ဖူးဘူး။

ဒါ‌ ပေမဲ့သူမကို ကျွန်တော်ပြန်ပြောခဲ့တာက "ဟဲယုရှင်း၊ ငါ မင်းကို မုန်းတယ်။ ငါ သေတဲ့အထိ မင်းကို ချစ်မှာ မဟုတ်ဘူး" လို့။ဒါပေမဲ့ သူမကတော့ ကျွန်တော့်ကို ကြည့်ပြီး ပြုံးနေဆဲပဲ။ သူမက "ကောင်းဖေး ကျွန်မရှင့်ကို ချစ်တယ်" လို့ ပဲပြောခဲ့တယ်။

သူမက နည်းလမ်းပေါင်းစုံ သုံးပြီး ကျွန်တော့်ရဲ့ အေးစိမ့်ခြောက်ကပ်နေတဲ့ မျက်နှာဆီကို တိုးကပ်လာခဲ့တယ်၊ကျွန်တော်တို့ကြားကကွာဟချက်ကို ပေါင်းကူးပေးဖို့ပါ။သူမက ကျွန်တော့်ကို ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး ရတနာတစ်ခုလို တန်ဖိုးထားခဲ့တာ။ ကျွန်တော် မိဘတွေကို အိမ်ပြန်ပို့လိုက်တယ်။

သူတို့က အသက်ကြီးနေကြပြီ၊ ဒါပေမဲ့ ကျွန်တော့်ကြောင့် ဒီလို အရှုပ်အထွေးကြီးကို မြင်သွားရတာကြောင့် အပြစ်မကင်းသလို ခံစားရတယ်။ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါ ကျားကျင့်က အထုပ်အပိုးတွေ ပြင်နေတာကို တွေ့လိုက်ရတယ်။

ကျွန်တော် သူမကို ပြောလိုက်တယ်။ "မင်း ထွက်သွားစရာ မလိုပါဘူး။ ငါပဲ ထွက်သွားပေးမယ်" ဒါနဲ့ ကျွန်တော်တို့ သီးခြားစီ နေကြတော့တယ်။

အောက်တိုဘာလမှာ နှင်းတွေ စကျလာတယ်။ မိုးစက်ဖွဲဖွဲတွေက ကောင်းကင်ယံက ဆီးနှင်းဖြူဖြူတွေနဲ့ ရောယှက်နေပြီး မြို့တစ်မြို့လုံးမှာ အေးစိမ့်တဲ့လေထုက ဖုံးလွှမ်းနေတယ်။

လမ်းထောင့်ကနေ လမ်းလျှောက်လာတဲ့အခါ ခြောက်သွေ့နေတဲ့ ကျွန်တော်ရဲ့ ဘောင်းဘီအနားတွေက နှင်းစက်တွေကြောင့် စိုစွတ်သွားတတ်တယ်။ ခြေအိတ်တွေထဲအထိ ရေမဝင်ပေမဲ့ လည်း‌၊ အဲ့ဒီ ခြေနားစကလာတဲ့အအေးဒဏ်က နှလုံးသားကိုပါအေးစက်သွားစေတယ်။

ဒါပေမဲ့ ဒီအအေးဒဏ်က စောစောထတဲ့သူတွေကိုတော့ သက်ရောက်မှု ရှိပုံမရဘူး။ ရေဒီယိုဟောင်းလေးတွေကို နားထောင်ရင်း ပန်းခြံထဲမှာ မနက်ခင်း လမ်းလျှောက်နေတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း မတားဆီးနိုင်ပါဘူး။ သူတို့က ရိုးရိုးရှင်းရှင်း ဝတ်ဆင်ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်နေကြတာကို မြင်နိုင်ပါတယ်။ ပန်းရောင် ပန်းလေးတွေနဲ့ အလှဆင်ထားတဲ့ ကလေးတွန်းလှည်းလေးတွေနဲ့ အထဲက ကလေးငယ်လေးတွေက လမ်းသွားလမ်းလာတွေကို စူးစမ်းစွာ ကြည့်နေတာကိုလည်း မြင်ရပါတယ်။

တကယ်လို့ လူသူကင်းဝေးတဲ့ လမ်းကြားလေးတွေထဲ သွားမယ်ဆိုရင်တော့ ဆင်တူဝတ်စုံ ဝတ်ထားတဲ့ ချစ်သူမောင်နှံတွေကို တွေ့နိုင်ပါတယ်။ တချို့က အရူးအမူး နမ်းနေကြတယ်။ သူတို့က ချစ်ကတိတွေ အထပ်ထပ် ပြောနေကြပြီး တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေကြတယ်။

ကျွန်တော်မှာတော့ ကျားကျင့်နဲ့ သီးခြားစီ မနေချင်ပေမဲ့လည်း သီးခြားစီ နေနေရတယ်။ ဒါဟာ ကျွန်တော် ထိန်းချုပ်လို့ မရတဲ့ အရာတစ်ခုပါ။ဒီမြို့ထဲမှာ ကျွန်တော် အကြောင်းပြချက်ပေါင်း တစ်ထောင်လောက် ရှာခဲ့ဖူးပေမဲ့ ဆင်ခြေတစ်ခုတောင် ရှာမတွေ့ခဲ့ပါဘူး။

မနက်တိုင်း အမှိုက်သိမ်းသမားက အချိန်မှန် ရောက်လာမြဲ၊ လမ်းမကြီးတွေပေါ်မှာ ကားတွေကလည်း အဆက်မပြတ် သွားလာနေမြဲ၊ ရုံးခန်းတွေမှာလည်း လူတွေနဲ့ စည်ကားနေမြဲပါ။ ကျွန်တော်တို့ရဲ့ ခွဲခွာခြင်းက ဘယ်သူ့ကိုမှ "အဆုံးသတ်ပြီ" လို့ ပြောဖို့ အခွင့်အရေး မပေးခဲ့ပါဘူး။

ကျွန်တော် အိမ်က ထွက်လာခဲ့ပေမဲ့ သွားစရာ နေရာမရှိဘူး။ဒါတောင်မှ ကျွန်တော် ဟဲယုရှင်းရဲ့ အိမ်ကို ပြန်မသွားခဲ့ဘူး။ ဟိုတယ်တစ်ခုမှာ သွားနေပြီး အဲ့ဒီမှာ နှစ်ပတ်ကျော်လောက် ကြာခဲ့တယ်။ကျားကျင့်ရဲ့ ဒေါသတွေ ပြေသွားရင် ကျွန်တော် ပြန်သွားလို့ ရနိုင်မယ်လို့ တွေးခဲ့တာ။ကျွန်တော့်ကလေးမှာ မိဘနှစ်ပါး ရှိဖို့ လိုအပ်ပါတယ်။

"ဖေး... ငါတို့ အတူတူ နေကြရအောင်" လို့ ပြောခဲ့တဲ့ နေ့ကို ကျားကျင့်မေ့သွားလိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ဒီနှစ်ပတ်အတွင်းမှာပဲ ကျွန်တော် ရာထူးတိုးခဲ့တယ်။ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေက သက်သေပါပဲ။ တကယ်လို့ ကျွန်တော်က ကျားကျင့် ပြောသလို စိတ်မနှံ့ဘူးဆိုရင် ဘယ်အရူးက ကျွန်တော့်လို အလုပ်မှာ ထူးချွန်နိုင်မှာလဲ။ ဒီအချက်ကို သုံးပြီး ကျားကျင့်ကို ကျွန်တော် နားချမယ်။

ကျွန်တော် တကယ်ပဲ ဟဲယုရှင်း အလိုရှိတဲ့အတိုင်း နေထိုင်ခဲ့ပါတယ် ။ ခြေလှမ်းတိုင်း၊ နေ့ရက်တိုင်းကို သာမန်လူတစ်ယောက်လိုပဲ ဖြတ်သန်းခဲ့တယ်။ အတိတ်က ဘဝဟောင်းဆီ ပြန်သွားနိုင်မယ့် ဘယ်အခွင့်အရေးကိုမှ ကျွန်တော် ဖျက်ဆီးမပစ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျားကျင့်ကရော သဘောတူပါ့မလားဆိုတာ ကျွန်တော် တစ်ခါမှ ထည့်မစဉ်းစားခဲ့ဘူး။

နိုဝင်ဘာလ အစောပိုင်းမှာ သူမ ကျွန်တော့်ဆီ ဖုန်းဆက်ခဲ့တယ်။ အဲ့ဒီနေ့က ကျွန်တော် စိတ်အခြေအနေ ကောင်းနေခဲ့ပြီး သူမက ကျွန်တော်နဲ့ ပြန်စချင်လို့ ဖုန်းဆက်တာလို့ ထင်ခဲ့တာ။ဒါပေမဲ့ ဒါဟာ အိမ်မက်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။

ကျွန်တော် ကျားကျင့်ရှေ့မှာ ရပ်နေမိတယ်။ သူမ ပြောလိုက်တဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားတွေးတောနေမိတယ်။အဲ့ဒီအချိန်မှာ ကျွန်တော် တရုတ်စကားလုံးတွေကို အရမ်းမုန်းတီးသွားမိတယ်။သူမက "ကောင်းဖေး ငါ ကလေးကို ဖျက်ချလိုက်ပြီ"

သူမရဲ့ မျက်နှာက ဘာမှ မပြောင်းလဲဘူး၊ ပုံမှန်လိုပဲ။ အစကနေ အဆုံးအထိ သူမ မျက်နှာပေါ်မှာဘာခံစားချက်မှ ပေါ်မလာခဲ့ဘူး။ "မင်း ငါ့သဘောတူညီချက် မရဘဲနဲ့ ငါ့ကလေးကို ဖျက်ချလိုက်တယ်ပေါ့" ကျွန်တော် ရင်ထဲက တုန်လှုပ်ချောက်ချားမှုကို ထိန်းချုပ်ဖို့ ကြိုးစားရင်းတိုးတိးလေးရေရွတ်နေမိတယ်။ "စိတ်မလှုပ်ရှားနဲ့ စိတ်မလှုပ်ရှားနဲ့"

"အင်း" " ထပ်ကြာနေရင် နောက်ကျသွားလိမ့်မယ်" "သူ့ရဲ့ အင်္ဂါရပ်တွေတောင် စပေါ်နေပြီ။ ငါ ထပ်ပြီး အချိန်မဆွဲနိုင်တော့ဘူး"

"စုကျားကျင့် ဘယ်သူက မင်းကို ဒီလိုလုပ်ဖို့ အခွင့်အရေး ပေးလို့လဲ" ကျွန်တော် ဒေါသကို မထိန်းနိုင်တော့ဘဲ ထရပ် ပြီး‌ "ငါ့ကလေးကို ဖျက်ချဖို့ မင်းမှာအခွင့်အရေး ရှိလိုလား။မင်း ဒီလောက်အထိ ရက်စက်နိုင်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့ဘူး။ ဒါက မင်းရဲ့ သွေးသားအရင်းလေ။ မင်း ဘယ်လိုများ လုပ်ရက်တာလဲ"

ကျွန်တော်က သူမကို အပြစ်တင်မယ်၊ စွပ်စွဲမယ်လို့ သူမ မထင်ထားပုံရဘူး။သူမလည်း ထရပ်လိုက်ပြီး ကျွန်တော့်ကို အော်ပြောတယ်။ "ဒါဆိုရင် ငါ့အိမ်ထောင်ရေးက အချစ်တွေကို ဖျက်ဆီးဖို့ ရှင့်ကိုရော ဘယ်သူက အခွင့်အရေး ပေးလို့လဲ"

အဲ့ဒီအချိန်ကျွန်တော့်မှာ ပြောစရာစကားလုံးတွေ ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်တော် ငြိမ်သက်စွာ ရပ်နေမိတယ်။ ကျွန်တော့်ရဲ့ စကားတွေက သူမကို နာကျင်စေခဲ့မှန်း သိသာပါတယ်၊

ဘာလို့လဲဆိုတော့ သူမ ငိုနေလို့ပါ။ ကျားသစ်တောင်မှ သူ့သားသမီးကို ပြန်မစားဘူးလေ။ ကျားကျင့်က‌ တော့ လုပ်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ကျွန်တော် သူမကို ခွင့်မလွှတ်နိုင်တော့ဘူး။

"ကောင်းဖေး ကျွန်မ အရင်က ပြောခဲ့ဖူးတယ် ရှင် ကျွန်မကို ချစ်တယ်လို့ ယုံမှသာ ရှင့်ဘေးမှာ နေမှာလို့။ ဟဲယုရှင်းကြောင့် ငါတို့ လမ်းခွဲခဲ့ကြတယ်၊ ဒါပေမဲ့ အဲ့ဒီတုန်းက ရှင့်ကို အပြစ်မတင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ဒါက ရှင့်ရဲ့ ရွေးချယ်မှု မဟုတ်မှန်း သိလို့။

သူမရဲ့ မိသားစုက ချမ်းသာတယ်၊ အာဏာရှိတယ်၊ ကျွန်မတို့မှာ သူတို့ကို တော်လှန်ဖို့ နည်းလမ်းမရှိဘူး၊ ဒါကြောင့် ဘာမှမပြောဘဲ နောက်ဆုတ်ပေးခဲ့တာ"

"ရှင် အိမ်ထောင်ကျနေတဲ့ တစ်လျှောက်လုံး ကျွန်မတခြားဘယ်သူ့ကိုမှ မချစ်ခဲ့ဘူး။ ရှင် ချစ်တဲ့သူက ကျွန်မပဲလို့ အမြဲယုံကြည်ခဲ့လို့ ရှင့်ကို ဆက်ချစ်နေခဲ့တာ။ ရှင်သာ ကျွန်မကို ဆက်ချစ်နေမယ်ဆိုရင် ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ရှင့်ဘေးမှာ သူငယ်ချင်းအဖြစ်ပဲ နေရပါစေ၊ အဲဒီကံကြမ္မာကို ကျွန်မ လက်ခံမှာပါ "

"ကျွန်မတို့အတွက် အခွင့်အရေး တစ်ခုပဲ လိုချင်ခဲ့တာ ဘာအနှောင်အဖွဲ့မှ မရှိဘဲ ချစ်နိုင်မယ့် အခွင့်အရေး တစ်ခုပဲ။ ဒါပေမဲ့ ကောင်းကင်ဘုံကတော့ တခြား ရည်ရွယ်ချက် ရှိပုံရတယ်"

"ကောင်းဖေး သူကသေသွားပြီ‌ လေ။ ရှင် ကျွန်မကို လက်ထပ်ခွင့် တောင်းတုန်းက အားလုံးပြီးဆုံးခဲ့ပြီလို့ ထင်ခဲ့တာ။ ငါတို့ သေတဲ့အထိ အတူနေသွားမယ်လို့ ငါ ကတိတွေ ပေးခဲ့တယ်။"

"ဒါပေမဲ့ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို ဘဝတစ်ခုလုံး ပုံအပ်ဖို့ ကတိပေးတယ်ဆိုတာ ဘာကို ဆိုလိုသလဲဆိုတာ ရှင် တစ်ခါမှ နားမလည်ခဲ့ဘူး" နောက်ဆုံးတော့ သူမ စကားရပ်လိုက်ပြီး ကျွန်တော့်ကို ကြည့်တယ်။ သူမက ဆက်ပြီး "ကောင်းဖေး ရှင် ကျွန်မကို မပေးနိုင်ဘူး။ ကျွန်မ လိုချင်တာကို ရှင် မပေးနိုင်သလို၊ ရှင် လိုချင်တာကိုလည်း ကျွန်မမပေးနိုင်ဘူး" လို့ ပြောတယ်။

"မပေးနိုင်ဘူး" ဆိုတဲ့ စကားလုံးနဲ့တင် အရာအားလုံးက ရပ်တန့်သွားခဲ့ပြီ။ ကျွန်တော် သူမရဲ့ အရင်လို ပြန်ပြီး ပြားချပ်သွားတဲ့ ဝမ်းဗိုက်ကို စိုက်ကြည့်လိုက်တယ်။ကျွန်တော် "နှုတ်ဆက်ပါတယ်" လို့ပဲ ပြောလိုက်မိတယ်။

ကျွန်တော် ဟဲယုရှင်းရဲ့ အိမ်ကို ဘယ်လိုရောက်သွားလဲ မသိဘူး။ လမ်းဆုံမှာ ရပ်နေရင်း လမ်းဘေးက လူအုပ်ကြီး ဟိုဘက်ဒီဘက် ကူးနေတာကို ကြည့်နေမိတယ်။ မီးစိမ်းကနေ မီးနီပြောင်းသွားတာ၊ လမ်းလျှောက်နေတဲ့လူတွေကနေ စီးဆင်းနေတဲ့ ကားတွေအဖြစ် ပြောင်းလဲသွားတာတွေကို ကြည့်နေမိတယ်။ နီယွန်မီးရောင်တွေအောက်က လူပင်လယ်ကြီးက တကယ့်ကို လှုပ်ရှားသက်ဝင်နေတဲ့ ပုံရိပ်တစ်ခုလိုပဲ။ ကျွန်တော်ကတော့ မီးပွိုင့်အောက်မှာ မျက်လုံးတွေ မှေးစင်းရင်း ရပ်နေမိတယ်။

လမ်းတစ်ဖက်ကနေကိုယ်လုံးတီး ကလေးလေး တစ်ယောက် ကျွန်တော့်ဆီ လမ်းလျှောက်လာတာကို မြင်လိုက်ရတယ်။ သူက အရမ်းသေးငယ်ပြီး အားနည်းလွန်းတယ်၊ လူအုပ်ကြားထဲကနေ တိုးထွက်လာတဲ့ သူ့ကို တစ်ယောက်ယောက်က တက်နင်းမိတော့မလားလို့ ကျွန်တော် စိုးရိမ်မိတယ်။

သူကယိမ်းယိုင်နေတဲ့ ခြေလှမ်းတွေနဲ့ လာနေတာ။ ဘေးပတ်ဝန်းကျင်က ဘယ်သူမှ သူ့ကို သတိမထားမိကြဘူး၊ လူတွေရဲ့ ဖိနပ်တွေ၊ ဘောင်းဘီတွေ၊ စကတ်တွေက သူ့ဘေးကနေ ဖြတ်သွားကြတယ်။ သူ လမ်းလျှောက်လာရင်း သူ့ရဲ့ ပုံရိပ်က ပျောက်လိုက် ပေါ်လိုက် ဖြစ်နေပြီးမှ ပြုံးလျက်သား ပြန်ပေါ်လာတတ်တယ်။

ဖြည်းဖြည်းချင်း သူက ကျွန်တော့်ဆီကို အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ လက်လေးကို ကမ်းပေးတယ်။ သူ့ရဲ့ တံတောင်ဆစ်နဲ့ ရင်ဘတ်က အသားစတွေနဲ့ ဆက်နေတုန်းပဲ။ သူက လက်နှစ်ဖက်ကို ဖြန့်ပြီး ကျွန်တော့်ဆီ တိုးလာတာက အသားရောင် လင်းနို့လေးတစ်ကောင်နဲ့ တူနေတယ်။ ကျွန်တော် ပြုံးရင်း သူ့ကို စိုက်ကြည့်နေမိတယ်။ သူ့ရဲ့ လည်ချောင်းလေးထဲက တိုးတိုးလေး ပြောနေတဲ့ အသံတွေ၊ အကူအညီမဲ့နေတဲ့ ငိုသံလေးတွေကို ကျွန်တော် ကြားနေရတယ်။

ကျွန်တော့် မျက်ဝန်းတွေမှာ စိုစွတ်လာတယ်။ မီးပွိုင့်ရဲ့ အဝါရောင်မီးနဲ့ ရောယှက်နေတဲ့ မြူနှင်းဖြူဖြူတွေက ကျွန်တော့် အမြင်အာရုံကို ဝေဝါးစေတယ်။အေးစိမ့်တဲ့ လေတိုက်လိုက်တဲ့အခါ အဲ့ဒီကလေးလေးဟာ လွင့်ပါးသွားခဲ့တယ်။ ကျွန်တော့် ပါးပြင်ကို ထိကြည့်လိုက်တော့ အေးစိမ့်ပြီး စိုစွတ်နေတာကို ခံစားရတယ်၊ ကျွန်တော် ငိုနေခဲ့တာပဲ။

အဲ့ဒီနောက်မှာတော့ ဝမ်းနည်းမှုနဲ့ ဒေါသတွေ ပြည့်နှက်နေရင်း ဟဲယုရှင်းရဲ့ အိမ်ဆီကို အားနဲ့ လျှောက်သွားမိတယ်။ သော့ကို သုံးပြီး အိမ်ထဲကို ဝုန်းခနဲ ဝင်လိုက်တယ်။အိပ်ခန်းထဲကို ပြေးဝင်သွားပြီး သူမရဲ့ ဓာတ်ပုံကို အားကုန်သုံးပြီး ကြမ်းပြင်ပေါ် ရိုက်ခွဲပစ်လိုက်တယ်။

မှန်တွေက အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး မှန်ကွဲစတစ်ခုက ဟဲယုရှင်းရဲ့ မျက်နှာပေါ်မှာ ပွခြစ်ရာထင်သွားခဲ့တယ်။ကျွန်တော် ဓာတ်ပုံထဲက သူ့ကို အော်ဟစ်ပြောဆိုလိုက်တယ်။ "ဟဲယုရှင်း မင်း နောက်တစ်ခါ လိမ်ပြန်ပြီ။ မင်းပြောခဲ့တာလေ မင်း ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး၊ မင်းက အိုမင်းတဲ့အထိ ရှင်သန်မှာ မဟုတ်ဘူးလို့။ ပြီးတော့ ငါက နောက်ဆုံးမှာ သာမန်လူတစ်ယောက်လို ပြန်နေထိုင်နိုင်လိမ့်မယ်လို့ မင်းပြောခဲ့တာလေ။

ဒါပေမဲ့ မင်းလုပ်ထားတာတွေကို ကြည့်စမ်းဦး ၊ မင်း သေသွားတာတောင် ဘာလို့ ငါ့ကို လွတ်လပ်ခွင့် မပေးရတာလဲ"

ဓာတ်ပုံထဲမှာတော့ သူမက အဖြူအမည်းနဲ့ပဲ ရှိနေပေမဲ့ သူမ အမြဲပြုံးနေကျအတိုင်း ပြုံးနေတုန်းပဲ။ ဒီကမ္ဘာပေါ်မှာ သူမတစ်ယောက်ပဲ နာရေးဓာတ်ပုံပေါ်မှာ ဒီလောက်အထိ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးရိုးသားသား ပြုံးနိုင်တာပါ။

အဲ့ဒီစကားတွေကို အော်ဟစ်ပြီးနောက် ကျွန်တော့်မှာ အားအင် မရှိတော့ဘူး။ ကုတင်ပေါ်ကို ပင်ပင်ပန်းပန်းနဲ့ ပြိုလဲကျသွားမိတယ်။ ကျွန်တော့်မျက်စိထဲမှာ အဲ့ဒီကလေးရဲ့ ပုံရိပ်က ပြန်ပေါ်လာပြန်တယ်။ သူက ကျွန်တော့်ကို ပြုံးပြရင်း ဝေဝါးတဲ့ စကားလုံးတွေ ပြောနေတယ်။ ကျွန်တော် စောင်ထဲမှာ ခေါင်းဝှက်ထားလိုက်မိတယ်။

ဒီလို မဖြစ်သင့်ဘူး။

ဒီလိုမျိုး မဖြစ်ခဲ့သင့်ဘူး။ညလယ်ခေါင်မှာ ကျွန်တော် လန့်နိုးလာတယ်။ ဟဲယုရှင်းရဲ့ ဓာတ်ပုံက အဲ့ဒီမှာ ရှိနေဆဲ၊ မှန်ကွဲစတွေကလည်း ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲလို့။ကျွန်တော် ငုံ့ပြီး ဓာတ်ပုံကို ကောက်လိုက်တယ်။ ကျွန်တော် အားနဲ့ ပစ်ပေါက်လိုက်မိလို့ မှန်ကွဲစတွေက သူမရဲ့ မျက်နှာပေါ်မှာ အမာရွတ်တွေ ခရှိ‌ နေသလိုဖြစ်ပြီးကြည့်ရတာ နည်းနည်း ရုပ်ဆိုးသွားတယ်။

ဒါတွေကို လွှင့်ပစ်လိုက်ချင်တယ်၊ ပြီးမှ ဓာတ်ပုံအသစ် လဲပေးမယ်လို့ တွေးမိတယ်။ ဒါပေမဲ့ လက်က အမှိုက်ပုံးနား ရောက်ခါမှ ပြဿနာတစ်ခုကို သတိရသွားတယ်။ ကျွန်တော့်မှာသူမရဲ့ တခြားဓာတ်ပုံ တစ်ပုံမှ မရှိဘူး၊ တစ်ပုံမှ ကိုမရှိတာ။ ကျွန်တော့် ပိုက်ဆံအိတ်ထဲမှာလည်း သူမပုံ မရှိသလို၊ ဘယ်နေရာမှာမှ ဝှက်ထားတဲ့ ပုံလည်း မရှိပါဘူး။

ကျွန်တော့် လက်တွေ တုန်ရင်လာတယ်။ ဓာတ်ပုံထဲက ပျက်စီးသွားတဲ့ မျက်နှာကို စိုက်ကြည့်ရင်း "မင်း ခံရတာ ထိုက်တန်ပါတယ်။ ဘယ်သူက မင်းကို အဲ့လိုလုပ်ခိုင်းလို့လဲ" လို့ ပြောလိုက်မိတယ်။ကျွန်တော် ဓာတ်ပုံကို ကုတင်ခေါင်းရင်းမှာ သေသေချာချာ ပြန်တင်ထားလိုက်တယ်၊ ဓာတ်ပုံဆိုင်သွားပြီး ဒီပုံကို ပြန်ပြုပြင်ခိုင်းရမယ်လို့ တွေးနေမိတယ်။

ကုတင်ပေါ်မှာ လှဲနေပေမဲ့ အိပ်လို့မရတာနဲ့ ဟဲယုရှင်းနဲ့ ရင်ဖွင့်စကား ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ "မင်းရော ငါ့ကို အဲ့လိုမျိုး ဆက်ဆံမှာလား" လို့ မေးလိုက်တယ်။ ကိုယ်ကို ဘေးစောင်းပြီး သူမကို ကြည့်ရင်း "တကယ်လို့ မင်းသာဆိုရင်ရော ငါ့ကို အဲ့လိုမျိုး ဆက်ဆံမှာလား" လို့ ထပ်မေးမိတယ်။

တကယ်လို့သာ ဟဲယုရှင်းသာဆိုရင်၊ သူမမှာ ငါ့ကလေး ရှိနေခဲ့ရင်၊ ငါဟာ စိတ်မနှံ့ဘူးဆိုတာ သူမ သိသွားခဲ့ရင်၊ ငါတို့ လက်ထပ်ထားတုန်းမှာ ငါက ကျားကျင့်အကြောင်းပဲ တွေးနေခဲ့ရင်၊ ဒါမှမဟုတ် ကျားကျင့်က အသက်ရှင်နေသေးတယ်လို့ ငါက စိတ်ကူးယဉ်နေခဲ့ရင် ဟဲယုရှင်းက ငါတို့ကလေးကို ဖျက်ချပြီး ငါ့ကို ဆရာဝန်နဲ့ ပြခိုင်းမှာလား။

ကျွန်တော် သိခဲ့သမျှ ဟဲယုရှင်းရဲ့ အကြောင်းတွေကို အကုန်စုစည်းပြီး တွေးကြည့်မိတယ်။ သူမရဲ့ အပြုအမူတွေကနေတစ်ဆင့် သူမ ငါ့အပေါ် ဘယ်လို သဘောထားမျိုး ထားမလဲဆိုတာကို စိတ်ကူးကြည့်မိတယ်။ အကြာကြီး တွေးကြည့်ပြီးတဲ့နောက်မှာတော့သူမသာ ငါ့ကလေးကို လွယ်ထားရမယ်ဆိုရင် သူမဟာ ကျွန်တော့်ဆီကို တောက်ပတဲ့ အပြုံးနဲ့ လမ်းလျှောက်လာပြီး "ကောင်းဖေး ငါတို့မှာ ကလေးလေး ရတော့မယ်" လို့ ပြောမှာ အသေအချာပါပဲ။

ပြီးတော့ ကျွန်တော်သာ နေမကောင်းဖြစ်လို့ ဆရာဝန်ကတောင် ရောဂါရှိတယ်လို့ သတ်မှတ်လိုက်ရင်တောင်မှ သူမကတော့ "ကောင်းဖေး ငါ မင်းကို ချစ်တယ်" လို့ပဲ ပြောမှာပါ။သူမရဲ့ အချစ်က အမြဲတမ်း တဇွတ်ထိုးဆန်တယ်၊ မိုက်မဲလောက်အောင်ကိုပဲ။ အပြန်အလှန် မရရှိရင်တောင်မှ အဲ့ဒီအချစ်က ရှင်သန်နေဆဲပဲ၊ အရမ်းကို ဇွဲကောင်းပြီး ခေါင်းမာလွန်းတာ။

ကျွန်တော့် မျက်နှာကို သူမရဲ့ ဓာတ်ပုံလေးနား ကပ်လိုက်တယ်။ ပြီးတော့ တိုးတိုးလေး ကပ်မေးလိုက်မိတယ် "ဟဲယုရှင်း မင်းရော ငါ့ကို အဲ့လိုမျိုး ဆက်ဆံမှာလား"

All Chapters