← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း ၁၂

ကျားကျင့်နှင့် ကျွန်တော့်ရဲ့ကွာရှင်းပြတ်စဲမှုက အဆင်ပြေပြေပဲပြီးဆုံးသွားခဲ့တယ်။

သူမနဲ့ကျွန်တော် အပြန်အလှန် နားလည်မှု ရှိခဲ့ကြတယ်။ ကျွန်တော်တို့ကွာရှင်းချိန်တွင် ကျားကျင့်၏ မိဘများကဝမ်းသာနေကြသည်။ ကွာရှင်းစာချုပ်ကို ကြည့်နေသော သူတို့၏ မျက်ဝန်းများကပျော်ရွှင်မှုများဖြင့်တောက်ပနေကြသည်။

ကျားကျင့်အမေက ကွာရှင်းစာချုပ်ကို စေ့စေ့စပ်စပ် ကြည့်ရင်း သူမသမီးရဲ့လက်ကိုကိုင်ထားပြီး "ဒီလိုလူမျိုးဆီက ငါ့သမီး လွတ်‌ မြောက်သွားပြီမို့ ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ။ အိမ်ရောက်ရင် ငါ အမွှေးတိုင်ထွန်းပြီး အဲ့ဒီလူနဲ့ ဘယ်တော့မှ မပတ်သက်ပါရစေနဲ့လို့ မင်းအတွက် ဆုတောင်းပေးမယ်" လို့အားမနာတမ်းပြောတယ်။

ကျားကျင့်က သူမအမေရဲ့ ရိုင်းစိုင်းမှုအတွက် ကျွန်တော့်ကို အားနာသလိုပြုံးပြတယ်။ ဒါပေမယ့်သူမအမေက ကျွန်တော့်ကို ဘာလို့များ ရက်စက်တဲ့ အဆိပ်အတောက်တစ်ခုလို မြင်ပြီး ပတ်သက်မှုအားလုံးကို အမြန်ဆုံး ဖြတ်တောက်ချင်နေရသလဲဆိုတာကို ကျွန်တော် နားမလည်နိုင်သေးဘူး။

ကျွန်တော့်စိတ်ထဲမှာ တစ်ခုခု မှား နေသလိုခံစားနေရပြီး အဲဒီဝေဒနာက ကျားကျင့်ရဲ့ ပျော်ရွှင်မှုကို ထိခိုက်စေခဲ့တယ်လို့သာ ကျွန်‌တော်က ထင်တာလေ။ ကျွန်တော် သူတို့ကိုထိခိုက်စေမယ့် အပြစ်တစ်ခုမှ မလုပ်ခဲ့ဖူးသလို နာကျင်စေချင်တဲ့ အပြုအမူမျိုးလည်း မလုပ်ခဲ့ဖူးပါဘူး။

ကျွန်တော့်အမေကတော့ တိုးတိုးလေးကြိတ်ငိုနေရင်းမျက်ရည်တွေကို တိတ်တဆိတ် သုတ်နေရှာတယ်။ ကျွန်တော် အမေ့ကိုကြည့်လိုက်ပြီး "ကျွန်တော် အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့" လို့နှစ်သိမ့်လိုက်တယ်။ အမေက ခေါင်းညိတ်ပြပေမဲ့ မျက်ရည်‌ တွေထွက်နေတုန်းပဲ။ အိမ်ထောင်ရေး နှစ်ကြိမ်စလုံး ကျရှုံးခဲ့ရတဲ့ သားဖြစ်သူအတွက်အမေ စိုးရိမ်နေတာလည်းဖြစ်နိုင်ပါတယ်။

ကွာရှင်းပြီးတော့ ကျွန်တော် ဟဲယုရှင်းရဲ့အိမ်ကို ပြောင်းနေခဲ့တယ်။ အဲဒီနေ့ကစပြီး ကျွန်တော် သူမဆီမှာပဲ နေထိုင်ခဲ့တယ်။

သူမ၏ ဓာတ်ပုံကိုလည်း ဓာတ်ပုံဆိုင်ကိုပို့ခဲ့တယ်၊ သူတို့ရဲ့လက်ရာက ကျွန်တော် ထင်ထားတာထက်ကိုသေသပ်လှပနေခဲ့တယ်။ ခြစ်ရာအချို့ကို ရေးရေးလေး မြင်နေရသေးပေမဲ့ ဟဲယုရှင်းရဲ့ ပြုံးနေတဲ့ မျက်နှာက တောက်ပနေဆဲပဲ။

ကျွန်တော် သူမရဲ့ဓာတ်ပုံကို ကြည့်ပြီး "ဒီနေ့ ငါ ဘာလုပ်ခဲ့လဲ သိလား ငါ ကွာရှင်းလိုက်ပြီ၊ အခုတော့ ငါ့မှာ သွားစရာ နေရာမရှိလို့ ငါတို့အိမ်က နေဖို့ အကောင်းဆုံး နေရာ ဖြစ်နေတယ်"

အဲဒီစကားကို ပြောပြီးနောက် ဟဲယုရှင်းရှိတုန်းက ဝယ်ပေးထားတဲ့ ဖန်ခွက်နဲ့ရေကိုဖြည်ငြင်းစွာသောက်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ်မညာတမ်း ရိုးသားစွာ ပြောရမယ်ဆိုရင် ကွာရှင်းပြီး တဲ့နောက် မှာကျွန်တော့်ပခုံးပေါ်က လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးကြီး တစ်ခုကို ချလိုက်ရသလို လွတ်လပ်မှုကို ခံစားလိုက်ရတယ်။

ကျွန်တော့်အတွက်အဲဒီအိမ်ထောင်ရေးကခနတာပျော်ရွှင်မှုအတွက်ပဲဖြစ်ခဲ့တာလား။ လက်ထပ်ပြီးစရက်‌ တွေကလွဲလို့ကျွန်တော် တစ်ချိန်လုံး ပင်ပန်းနေသလိုခံစားခဲ့ရတာ‌လေ။ အခု ကွာရှင်းလိုက်တဲ့အချိန်မှာအဲ‌ လောက်ထိစိတ်ထဲပေါ့ပါးသွားလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။

ကျွန်တော်အရင်က ဝတ်နေကျ ညအိပ်ဝတ်စုံကိုဝတ်လိုက်ပြီး ဟဲယုရှင်းရဲ့အခန်းထဲမှာ လမ်းလျှောက်နေမိတယ်။ လက်တော့ပ်ကို စာကြည့်ခန်းထဲတွင် ထားလိုက်ပြီး၊ အဝတ်အစားများကို အိပ်ခန်းထဲသို့ ပြန်ရွှေ့ပြီး ရေချိုးခန်းသုံး ပစ္စည်းတွေကိုလည်း စနစ်တကျ စီထားလိုက်တယ်။ ရေချိုးခန်းအတွင်းကစင်ပေါ်တွင် သူမ ရှိနေခဲ့စဥ်တုန်းကကဲ့သို့ပင် အပြာနုရောင် မျက်နှာသုတ်ပုဝါ ၅ ထည် ၆ ထည်ခန့် စီစီရီရီရှိနေပြီး ကျွန်တော် ရေချိုးပြီးတိုင်း တစ်ခုခုကို အလိုအလျောက် လှမ်းယူမိတယ်။

မီးဖိုချောင်အတွက်လည်း စားစရာအချို့ဝယ်ဖြည့်လိုက်တယ်။ တစ်ခါတစ်ရံ ကျွန်တော်က သက်သောင့်သက်သာရှိတဲ့ ညအိပ်ဝတ်စုံကို ဝတ်ဆင်ပြီး အစားအစာတွေချက်ပြုတ်‌တတ်တယ်။ ကျွန်တော် အနှစ်သက်ဆုံးကတော့ ပဲခေါက်ဆွဲ ပါပဲ။

ဟဲယုရှင်းရဲ့ စာအုပ်စင်ထဲက ချက်ပြုတ်နည်း စာအုပ်ထဲမှာပါတဲ့ ညွှန်ကြားချက်အတိုင်း ချက်ပြုတ်ခဲ့လို့လားမသိဘူး။ ခေါက်ဆွဲ အရသာက သူမ ချက်ပေးခဲ့တာနဲ့တူနေခဲ့တယ်။ သူမလည်းစာအုပ်ထဲကအတိုင်း တစ်ဆင့်ချင်း သင်ယူခဲ့တာဖြစ်မယ်လို့ကျွန်တော် ခန့်မှန်းမိတယ်။သူမကျွန်တော့အတွက်ပင်ပန်းခံခဲ့ရတာတွေကိုသိလာရတယ်။

စနေနေ့ နံနက်ပိုင်းတွေမှာ ကျွန်တော် သစ်သားဆိုဖာပေါ်မှာ ထိုင်ရင်း သတင်းစာဖတ်တယ်။ နံနက်ခင်းရဲ့ နေရောင်ခြည်က အခန်းထဲဖြာဆင်းလာပြီးတဖြည်းဖြည်းတောက်ပလာတာကိုကြည့်ရင်းပေါ့။

ကျွန်တော်နဲ့ဟဲယုရှင်းက သူငယ်ချင်းတွေလို နေထိုင်နေခြင်း ဖြစ်တယ်။ ကျွန်တော်တို့က တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံလို့ မရပေမဲ့ သူမရဲ့ တည်ရှိမှုကို ကျွန်တော်ခံစားနေရပြီး တစ်ခါတစ်ရံမှာ‌ တော့အဲဆက်ဆံရေးကြောင့် ကျွန်တော် တိတ်တဆိတ် ပျော်ရွှင်နေမိတယ်။အရင်အချိန်တွေတုန်းကလည်း ဒီလိုအတူနေထိုင်ခဲ့သင့်တယ်လို့ တွေးနေမိတယ်။

နွေဦးရဲ့အစောပိုင်းရက်တွေမှာ ကျွန်တော် တခြားပြည်နယ်က စက်မှုစက်ရုံတစ်ခုကို စစ်ဆေးဖို့ လုပ်ငန်းခရီးထွက်ခဲ့တယ်။ အဆင်ပြေရင်တော့ စာချုပ်ပါချုပ်ခဲ့ရမှာပါ။ ခရီးထွက်ဖို့လိုအပ်တဲ့အရာအားလုံးကိုပြင်ဆင်လို့ပြီးစီးသွား‌ တော့ကျွန်တော် အနည်းငယ် ပင်ပန်းသွားပြီး ကျွန်တော့်နှုတ်မှ စကားတစ်ခွန်း ထွက်သွားခဲ့တယ်။

"ဟဲယုရှင်း၊ မနေ့ညက မင်းချက်တဲ့ ညစာက မကောင်းဘူး။ ပြီးတော့ မင်းမှာ အခု ကလေးရှိနေပြီဆိုတော့ မီးခိုးငွေ့တွေ ရှိတဲ့ မီးဖိုချောင်ထဲမှာ အကြာကြီး မနေနဲ့တော့။ ငါ ပြန်လာရင် မင်းအတွက် အိမ်အကူတစ်ယောက် ငှားပေးမယ်။ ငါ မရှိတဲ့အချိန်မှာ မင်း ငါ့အကြောင်း တွေးနေရမယ်နော်" လို့။

အဲဒီနောက်မှာတော့ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားခဲ့တယ်။သွားရမယ့်ခရီးတောင် နောက်ကျလုနီးပါးဖြစ်ခဲ့တယ်။ အိပ်ခါနီး သူမကို ပြောခဲ့တဲ့ စကားတွေကို လည်းမေ့သွားခဲ့တယ်။တကယ်လို့သာ အဲ့ဒီစကားတွေကို မှတ်မိနေခဲ့ရင် ကျွန်တော့်စိတ်ထဲမှာ တစ်ခုခု အမှားအယွင်းရှိနေပြီဆိုတာ ကျွန်တော် ဝန်ခံမိလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ လူတစ်ယောက်နှင့် အတူနေထိုင်နေတယ်လို့စိတ်ကူးယဉ်နေမိတာကိုး။

စက်ရုံစစ်ဆေးမှုကလည်းသုံးရက်အတွင်းချောမွေ့စွာ ပြီးစီးခဲ့တယ်။ လုပ်ဖော်ကိုင်ဖက် တွေက နောက်ထပ်တစ်ရက် လည်ပတ်ရန် အကြံပြုတာနဲ့ကျွန်တော်လည်းသဘောတူလိုက်ယ်။ အဲဒီနေ့က ကျွန်တော် စိတ်ဓာတ်တက်ကြွနေပြီး လူကလည်းအားအင် ပြည့်ဝလန်းဆန်းနေခဲ့တယ်။ တကယ်လို့သာအဲဒီနေ့ရဲ့ အဆုံးသတ်ကို ကျွန်တော် ကြိုသိခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့တက်ကြွမှုတွေဟာ မသေဆုံးမီ ထွက်ပေါ်လာသောဘဝရဲ့ နောက်ဆုံး အားအင်များသာ ဖြစ်တယ်လို့ဝန်ခံရပါလိမ့်မယ်။

ကျွန်တော်တို့ခရီးထွက်လာတဲ့ပြည်နယ်သည် လှပတဲ့ရှုခင်းတွေနဲ့ ပြည့်နှက်နေသလို ရှေးဟောင်းမြို့တွေ သမိုင်းဝင် အမွေအနှစ်တွေနဲ့ သဘာဝရှုခင်းတွေလည်း ရှိတယ် ။

အားလုံးက တစ်မူထူးခြားပြီး ဆွဲဆောင်မှုအပြည့်ပဲ။ ကျွန်တော်တို့ တစ်နေကုန်နီးပါး လမ်းလျှောက်ခဲ့ကြပြီး လူတိုင်းက ဒီခရီးထိုက်တန်တယ်လို့ သဘောတူခဲ့ကြတယ်။

နေဝင်ချိန်ရောက်တော့ ကျွန်တော်တို့ ဘတ်စ်ကားစီးပြီး မြို့သို့ ပြန်ခဲ့ကြတယ် ၊ ကျွန်တော့်ဘေးတွင် ထိုင်နေတာက သုံးလေးနှစ်အရွယ် ကလေးမလေး။

သူမက ပန်းရောင်ဂါဝန်လေး ဝတ်ထားပြီး ခေါင်းမှာ အနီရောင် ကလစ်လေး ပန်ထားတယ်။ သူမ ကကျွန်တော့်ကို ပြုံးပြလိုက်တဲ့အချိန်ပါးပြင်ပေါ်မှာ ပါးချိုင့်လေး နှစ်ဖက်ကို တွေ့လိုက်ရတယ်။

အဲဒီနောက် ကျွန်တော် မြန်မြန်ဆန်ဆန်ပဲ ဘာမှမ‌တွေးမိဘဲ အိပ်ပျော်သွားခဲ့တယ်။ပင်ပန်းနေလို့လားမသိ အိမ်မက်တေညင်မမက်ခဲ့ဘူး ၊ ကျွန်တော် လန့်နိုးလာတော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတယ် ၊ ကားက အရှိန်အဟုန်နဲ့မောင်းနှင်နေရင်း လမ်းချော်ပြီး လမ်းဘေးကို လိမ့်ဆင်းသွားတာတဲ့ ။

ခရီးသည်အားလုံးရဲ့ ကူကယ်ရာမဲ့‌ကြောက်လန့်တကြား အော်ဟစ်သံတွေက လေထုထဲမှာ ပဲ့တင်ထပ်နေပြီး နားမခံသာအောင်ကို စူးရှ‌ နေခဲ့တယ်။

ဒါပေမယ့်ကျွန်တော်ကတော့ အရမ်းကို သတိကောင်းနေခဲ့ပြီးကျွန်တော့်ရှေ့မှာဖြစ်ပျက်သမျှကို တိတ်တဆိတ်လိုက်ကြည့်နေမိတယ်။ ကြောက်လန့်နေရမယ့်အစား အဲဒီအရာကို စောင့်ဆိုင်းနေခဲ့သလိုကို ဖြစ်နေတာ။

ခနကြာတော့ ကျွန်တော့်ခန္ဓာကိုယ် အောက်ပိုင်းမှာ တစ်ခုခု၏ ဖိညှပ်ခြင်းကို ခံလိုက်ရပြီး ပြင်းထန်သော နာကျင်မှုက ကျွန်တော့်အာရုံများကို လွှမ်းမိုးသွားခဲ့တယ်။

ကားထဲကခရီးသည်တွေရဲ့ငိုကြွေးသံ တွေ၊ မှန်ကွဲသံတွေနဲ့ ပြင်းထန်တဲ့ ဖိအားကြောင့် ပုံပျက်သွားတဲ့ ကားကိုယ်ထည်ကထွက်လာတဲ့အသံတွေကြောင့် ပွက်လောရိုက်နေခဲ့တယ်။ ကျွန်တော်ကတော့အကြောင်းပြချက်မရှိဘဲ ပြုံးနေမိတယ်။

မကြာမီမှာပဲလူနာတင်ကား တွေနဲ့မီးသတ်ကား တွေရောက်လာတယ်။ ကျွန်တော်တို့ကားက လမ်းမနဲ့ သစ်ပင်ကြီးတစ်ပင်ကြားမှာ ညပ်နေပြီး ချောက်ထဲ ပြုတ်ကျလုနီးပါး ဖြစ်နေတာလေ ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ အလွန်ခက်ခဲနေတယ်။ လူတစ်‌ ယောက်ကို ဆွဲထုတ်လိုက်တိုင်း ကားက နည်းနည်း လျောကျသွားနေတော့ ကားထဲမှာရှိနေသူတွေခမျာ ကြောက်လန့်တကြားနဲ့ ရင်တမမနဲ့ ငိုကြွေးနေခဲ့ကြတယ်။

ဒါပေမယ့်နောက်ဆုံးမှာတော့ ခရီးသည်‌ တွေကိုတစ်ဦးပြီးတစ်ဦး ကယ်တင်နိုင်ခဲ့တယ်။ကျွန်တော့်အလှည့် ရောက်‌လာတယ် ၊ ကျွန်တော်က ခေါင်းယမ်းပြပြီး အလှည့်ကို တခြားလူတစ်ဦးအတွက် ကျော်ပေးလိုက်တယ် ။ ကျွန်တော့်အလှည့်လာတိုင်း အဲဒီလိုကျော်ပစ်နေမိတာ။

နောက်ဆုံးမှာတော့ ကျွန်တော်တစ်ဦးတည်းသာ ကားပေါ် ကျန်ရစ်ခဲ့တယ်။မီးသတ်သမားက ကျွန်တော့်ဆီ လက်လှမ်းပေးလိုက်ပေမဲ့ ကားက သူတို့ကို ဝင်ခွင့်မပေးတော့သလို ဖြစ်နေပြီး ယမ်းခါလာတယ် ။

ဒါဟာ ကျွန်တော် မျှော်လင့်ထားတဲ့ အရာပါပဲ။ "မြန်မြန်လုပ်ပါ ၊ နောက်ကျလို့ မဖြစ်တော့ဘူး။ ကားက ပြုတ်ကျတော့မယ်"

သူတို့ရဲအလောတကြီးအော်သံတွေက ကျွန်တော့်အတွက် ဘာမှ အဓိပ္ပာယ် မရှိတော့ပါဘူး ။ ကျွန်တော် ခေါင်းကို လှည့်လိုက်ပြီး အဆုံးမဲ့ ကောင်းကင်ကြီးကို စိုက်ကြည့်နေမိတယ်။

ကောင်းကင်ကြီးက တိတ်ဆိတ်ငြိမ်သက်နေပြီး သေဆုံးသွားသူတွေက လေညင်းတွေ တိမ်တိုက်တွေ၊ မြက်ရိုင်းတွေ ၊ သစ်ပင်တွေအဖြစ်ကျွန်‌တော့်ကို စောင့်ကြည့်နေသလို ခံစားလိုက်ရတယ်။

နောက်နေ့မနက်ထွက်မဲ့သတင်းစာတွေရဲ့ခေါင်းကြီးပိုင်းမှာ ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက် လူတစ်ဦးသည် ကယ်ဆယ်မှုကို ငြင်းဆန်ကာ ချောက်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ကားအပျက်အစီးများ၊ သတ္တုပိုင်းအစများနှင့် လူအသားစများသာ ကျန်ရစ်ခဲ့ကြောင်း ဖော်ပြခံရမည်ကို ကျွန်တော် ကြိုသိနေခဲ့တယ်။

ဒါပေမဲ့ ဒါတွေက ကျွန်တော့်အတွက်အရေး မပါတော့ဘူး။ကျွန်တော်ရှာဖွေနေတဲ့အရာကိုတွေ့ရှိသွားပြီလေ။

ဟဲယုရှင်း မသေဆုံးခင်ကသူမက ကျွန်တော့်ကို အေးချမ်းပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်စေချင်တယ်လို့ ပြောခဲ့ဖူးပြီး ကျွန်တော်ကလည်း သူမရဲ့ ဆန္ဒအတိုင်း ရှင်သန်ခဲ့တယ်။

နောက်အိမ်ထောင်ပြုတယ်၊ အလုပ်မှာ ကြိုးစားခဲ့တယ်၊ သူမအကြောင်း မတွေးခဲ့သလို၊ သေကြောင်းလည်း မကြံစည်ခဲ့ဘူး။

ကျွန်တော် ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစား ရှင်သန်ခဲ့တယ်။ ဒါပေမယ့်ယာဉ်မတော်တဆမှု ဆိုတာမှကကျွန်တော် ထိန်းချုပ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။ကျွန်တော် ကွာရှင်းရလိမ့်မယ်ဆိုတာကိုလည်း မသိနိုင်ခဲ့သလို ယာဉ်မတော်တဆမှုနှင့် ကြုံရမှာကိုလည်း ကျွန်တော် မသိနိုင်ဘူးလေ။

ဒါကြောင့် သူမ ကျွန်တော့်ကို နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ ကျွန်တော့်ကို အပြစ်မတင်နိုင်တော့ဘူး‌။သူမ ကျွန်တော့်ကို အပြစ်လည်းတင်ရက်မှာမဟုတ်ပါဘူး။

ကျွန်တော့်ပါး‌ပေါ်မှာပူ နွေးစိုစွတ်လာတယ်။ ကျွန်တော် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရတဲ့ ဟဲယုရှင်းရဲ့မျက်နှာကို မြင်လိုက်ရတယ်။ သူမရဲ့မျက်နှာကို ကျွန်တော့်လက်ချောင်း တွေနဲ့ ထိတွေ့ချင်ခဲ့တဲ့ အကြိမ်ပေါင်း မနည်းတော့ကြောင်း ကောင်းကင်ဘုံက သိပါလိမ့်မယ် ။

ချစ်သူတစ်ယောက်လို သူမရဲ့မျက်နှာကို ညင်သာစွာ ပွတ်သပ်ချင်ခဲ့တာ။တကယ်လို့ ကျွန်တော် သူမကို တွေ့ခဲ့ရင် မဟုတ်ဘူး၊ ကျွန်တော် သူမကို အသေအချာ တွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ သူမနဲ့ တွေ့ဖို့အတွက်ပဲ ကျွန်တော် ဒါတွေအားလုံးကို လုပ်ခဲ့တာမို့လို့ပဲ။

ကျွန်တော်တို့ ကောင်းကင်ယံမှာ ဆုံကြလိမ့်မယ်။အဆုံးမဲ့တဲ့ တိမ်တိုက်တွေကြားမှာ ကျွန်တော် ပြောလိုက်မယ် "ဟိုင်း... ဟဲယုရှင်း။ ငါ ကောင်းဖေးပါ၊ ငါတို့ သူငယ်ချင်း ဖြစ်ကြရအောင်"

အဲဒီနောက် ကျွန်တော် သူမရဲ့ ယောကျာ်းဖြစ်လာလိမ့်မယ်။ သူမမှာ ဟိုမှာ တခြားဆက်ဆံရေးသစ် ရှိနေခဲ့ရင်တောင် ကျွန်တော်နည်းလမ်းပေါင်းစုံ သုံးပြီး သူမတို့၏ ဆက်ဆံရေးနှင့် မိသားစုကို ဖျက်ဆီးပစ်ပြီး သူမရဲ့ ယောကျာ်း ဖြစ်အောင် လုပ်ပါဦးမယ်။

—---------------------------------------------------

ဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် ။

(ဘာသာပြန် - ဆွေး)

All Chapters