← Chapters

ကျစ်မောင်နှမနှစ်ဦးနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခြင်း

Vol. 14 Ch. 136

ကျစ်မောင်နှမနှစ်ဦးနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခြင်း

Vol. 14 Ch. 136

တပ်မှူးသည် အစောင့်ဖြစ်သူ၏ အတွေးများနှင့် အထူးသဖြင့် မိမိမျက်နှာအား စူးစမ်းလိုစိတ်ဖြင့် ထူးဆန်းစွာကြည့်နေမှုများကို လုံးဝသတိမထားမိဘဲ ဆက်လက် ပြောဆိုနေသည်။

တပ်မှူးက ကျန်အစောင့်များကို အလျင်အမြန်ပင် အမိန့်ပေးလိုက်သည်။

“ဥယျာဉ်ဖြူ စံအိမ်ကို အကြောင်းကြားထား။ ပြီးတော့ လုံခြုံရေးကို တင်းကျပ်ထားပြီး မှူးမတ်မျိုးနွယ်စုတွေဆီက မာနကြီးတဲ့ မျိုးဆက်တွေကို အနီးကပ် စောင့်ကြည့်ထားကြ။”

“ပိုကောင်းတာက သူတို့အားလုံးကို ဖမ်းပြီး မြို့စားမင်းရဲ့ အကျဉ်းထောင်ထဲသာ ပစ်ထည့်ထားလိုက်ကွာ။”

သို့သော် ထိုအမိန့်များကို ပေးရာတွင် အသံလွှင့် နည်းစနစ်တစ်ခုကို အသုံးပြုရန်တော့ မမေ့ခဲ့ပေ။

အစောင့်တစ်ဦးက အထူးသဖြင့် မြို့ထဲရှိ မှူးမတ်များ၏ သားသမီးများကို ဖမ်းဆီးကာ အကျဉ်းထောင်ထဲ ပိတ်လှောင်ထားရန် အမိန့်နှင့် ပတ်သက်၍ မကြောက်မရွံ့ဘဲ မေးခွန်းထုတ်လိုက်မိသည်။

“တပ်မှူး... ဒါက...”

အဆင့် ၄ အဖွဲ့အစည်း အမြောက်အမြားရှိနေသည့်အပြင် ခရမ်းမြက်များကြောင့် မြို့ထဲသို့ ဌာနခွဲအချို့ ပြောင်းရွှေ့လာကြသော မှူးမတ်မျိုးနွယ်စုများကြောင့် ခရမ်းမြို့တော်သည် မတူညီသော အင်အားကြီးအဖွဲ့အစည်းများ၏ ပျက်စီးလွယ်သော ပူးတွဲတည်ရှိမှုကို ထိန်းသိမ်းထားရသည့် ယမ်းအိုးကြီး တစ်လုံးကဲ့သို့ ဖြစ်နေသည်။

ထိုဟန်ချက်ညီမှုကို ထိန်းသိမ်းထားရန်မှာ အစောင့်များ၏ တာဝန်ဖြစ်သော်လည်း တပ်မှူး၏ အမိန့်ကိုသာ လိုက်နာလိုက်ပါက ကမောက်ကမတွေ ဖြစ်လာနိုင်သည်။

“ဘာလဲ။ ဘာလဲ။ ဘာကို ကြောက်နေတာလဲ။ ဒီနေရာကို အုပ်ချုပ်နေတာက ဧကရာဇ် မိသားစုပဲ။ မှူးမတ်မျိုးနွယ်စုတွေက ပုလ္လင်ကိုလောဘတကြီး လိုချင်နေကြပေမဲ့ သူတို့ အုပ်ချုပ်နေတာ မဟုတ်ဘူး။”

“ ဒီက မျိုးနွယ်စုတွေထဲမှာ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ ရှိပြီး သူကလည်း မြို့တော်မှာပဲ အမြဲရှိနေတတ်တယ်။”

“ပြီးတော့ သူက ဧကရာဇ်မိသားစုထဲက နန်းတော်အဆင့် ကျွမ်းကျင်သူတွေထက် အများကြီးအားနည်းတယ်။”

“အင်ပါယာရဲ့ အုပ်ချုပ်သူမိသားစုက အနှစ် ၃၀,၀၀၀ တိုင်အောင် မပြောင်းမလဲ တည်ရှိနေတာက အကြောင်းရင်း ရှိတယ်။”

“ခါးဆန့်ပြီး ရဲရဲဝံ့ဝံ့လေး လုပ်ကြစမ်းပါ။ မင်းတို့က မေပယ်နီအင်ပါယာရဲ့ စစ်သားတွေမဟုတ်ဘူးလား။”

ယခုတစ်ကြိမ်တွင် အသံကို နှိမ့်ချရန်ပင် ဂရုမစိုက်တော့ဘဲ တပ်မှူးက ဒေါသတကြီးအော်ဟစ်လိုက်သည်။

“သူတို့ အကုန်လုံးကို ဖမ်းချုပ်ထားလိုက်။ ဘာဆိုးကျိုးပဲလာလာ ငါကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းမယ်... ဒါကြောင့် မင်းတို့ အလုပ် မင်းတို့ သွားလုပ်ကြစမ်း။”

အစောင့်များအားလုံး စိတ်ဓာတ်တွေ တက်ကြွသွားကြပြီး သူတို့၏ ဓားကောက်များကို ဆွဲထုတ်ကာ ကောင်းကင်သို့ ချိန်ရွယ်လိုက်ကြပြီး စစ်တိုက်ထွက်တော့မည့်အလား ထွက်ခွာသွားကြသည်။

အနောက်ဘက်တွင် ဝင်ရောက်ရန် စောင့်ဆိုင်းနေသော လူအုပ်ကြီးမှာ ယခုလေးတင် ဖြစ်ပျက်သွားသည့် အရာများကြောင့် မှင်တက်အံ့ဩသွားကြသည်။

တပ်မှူးနှင့် နီးကပ်စွာ ရှိနေသူများမှာ တပ်မှူးထံမှ စိမ့်ထွက်လာသော ဖိနှိပ်လိုသည့် သတ်ဖြတ်လိုသော အရှိန်အဝါများကြောင့် တုန်ရီနေကြပြီး၊ နောက်ပိုင်းတွင် အစောင့်များ၏ သတ်ဖြတ်လိုသော အရှိန်အဝါများပါ ထပ်ပေါင်းလာသဖြင့် ပို၍ ဆိုးရွားသွားသည်။

အင်ပါယာက စစ်ဖြစ်နေလို့များလားဟု အများစုက မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

လူအုပ်ထဲရှိ အားနည်းသူအချို့ဆိုလျှင် ကြောက်လန့်တကြားဖြင့် သူတို့ လာရာလမ်းသို့ပင် ပြန်လှည့်သွားကြသည်။

ထိုအချိန်တွင် ဤအရာအားလုံး၏ တရားခံဖြစ်သော ယန်ချင်းမှာမူ ခေါင်းပေါ်တွင် လက်တင်လျက် လေချွန်ကာ ရှုခင်းများကို ပျော်ရွှင်စွာ ငေးကြည့်နေခဲ့သည်။

“ဟေး အစ်ကိုကြီး... အစ်ကိုက ဧည့်သည်လား။”

ယန်ချင်း၏ ရှုခင်းငေးမောနေမှုမှာ သူ့ရှေ့တွင် ပေါ်လာသော အသက်ကိုးနှစ်အရွယ်ခန့် ကလေးနှစ်ယောက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

ယောကျာ်းလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူတို့၏ ဆင်တူနေသော ရုပ်ရည်များအရ အမြွှာများ ဖြစ်ကြောင်း သိနိုင်သည်။

ပေါက်ပြဲနေေသာ ခပ်နွမ်းနွမ်း အပြာဖျော့ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။

အပေါက်များရှိပြီး ဟောင်းနွမ်းနေသည့်တိုင် ဝတ်ရုံများမှာ သန့်ရှင်းနေဆဲဖြစ်ပြီး သူတို့၏ အသွင်အပြင်များအထိ သပ်ရပ်စွာ ထိန်းသိမ်းထားသည်ကို ယန်ချင်း သတိပြုမိလိုက်သည်။

အသားအရည်မှာ နေလောင်ထားပြီး အနည်းငယ် ဖျော့တော့နေသော်လည်း သန့်ရှင်းသပ်ရပ်နေသည်။

မောင်နှမနှစ်ဦးလုံးတွင် ခပ်တိုတို အနက်ရောင်ဆံပင်များ ရှိပြီး မိန်းကလေး၏ ဆံပင်ကိုမူ ကြက်တောင်စည်း နှစ်ဖက် စည်းထားသည်။

ရုပ်ချင်းဆင်သော အမြွှာများ ဖြစ်သော်လည်း သူတို့နှစ်ဦးမှာ တောင်နှင့်မြောက်လို ကွာခြားနေပုံရသည်။

အစ်ကိုဖြစ်သူ၏ မျက်လုံးများမှာ တက်ကြွမှု၊ ဉာဏ်ကောင်းမှုနှင့် ကောက်ကျစ်မှု အရိပ်အယောင် အနည်းငယ်တို့ဖြင့် တောက်ပနေသည်။

ယန်ချင်းကို ဧည့်သည်လားဟု မေးခဲ့သူမှာလည်း သူပင် ဖြစ်သည်။ ညီမဖြစ်သူမှာမူ ရှက်ရွံ့ပြီး သတိကြီးသောသဘာဝရှိကာ အစ်ကိုဖြစ်သူ၏ နောက်ကျောတွင် ကပ်၍ ရပ်နေသည်။

သူမသည်လည်း စူးစမ်းလိုစိတ် ရှိသူဖြစ်ပြီး အစ်ကိုဖြစ်သူ၏ နောက်တွင် ပုန်းအောင်းနေရင်း ယန်ချင်း၏ မီးခိုးဖျော့ရောင်ဝတ်ရုံများကို ရံဖန်ရံခါ အကဲခတ်နေတတ်သည်။

မိမိရှေ့ရှိ မောင်နှမနှစ်ဦးကို အကဲခတ်ရင်း ယန်ချင်းက စိတ်ဝင်စားမှုေကြာင့် ပြုံးလိုက်သည်။

ညီမဖြစ်သူက သူမဘာသာ အစ်ကိုဖြစ်သူ၏ နောက်ကျောတွင် ပုန်းအောင်းနေရန် ရွေးချယ်ထားပုံရသော်လည်း အမှန်တကယ်တွင် ထိုကောင်လေး ပေါ်လာစဉ်ကတည်းက သူကိုယ်တိုင် ညီမဖြစ်သူကို ထိုနေရာတွင် ချထားခဲ့ခြင်းဖြစ်ကြောင်း ယန်ချင်း သတိပြုမိလိုက်သည်။

ပုန်ကန်တတ်ပုံရသော ထိုကောင်လေးမှာ တွက်ချက်မှု ကောင်းသည်။

ယန်ချင်းနှင့် စကားပြောရန် ရွေးချယ်လိုက်သော အချိန်ကပင် မြို့စောင့်တစ်ဦး အော်ခေါ်၍ ရနိုင်သော အကွာအဝေးအတွင်း ရောက်ရှိလာချိန်နှင့် ကွက်တိကျနေသည်။

ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားသော အစ်ကိုဖြစ်သူ၏ လက်မောင်းပေါ်ရှိ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ကို သတိပြုမိလိုက်ရင်း ယန်ချင်းက တွေးလိုက်သည်။

“အတော်လေး ကောက်ကျစ်ပြီး သတိကြီးတဲ့ ကောင်လေးပဲ။”

….

ယန်ချင်းက ဖော်ရွေသော အပြုံးလေးတစ်ခုဖြင့် ညင်သာစွာ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်... ငါက ဧည့်သည်ပါ။ မင်းက ဘယ်လိုသိတာလဲ။”

ထိုအပြုံးက အစ်ကိုဖြစ်သူ၏ သတိထားမှုကို ပိုမို တိုးလာစေသော်လည်း တက်ကြွသော ရယ်မောသံဖြင့် အလျင်အမြန် ဖုံးကွယ်လိုက်သည်။

ယန်ချင်းကို အထီးကျန်အင်မော်တယ်တစ်ဦးဟု ခေါ်ဆိုရန် လုံးဝမရှက်ရွံ့ဘဲ အနည်းငယ်ဝင့်ကြွားသော လေသံဖြင့် အစ်ကိုဖြစ်သူက ပြောလိုက်သည်။

“အဲဒါက ကျွန်တော်က အသေးစိတ် အချက်အလက်တွေကို မှတ်သားတဲ့နေရာမှာ အတော်လေး တော်လို့ပါ။”

“အဲဒီအထဲမှာ မျက်နှာတွေလည်း ပါတယ်လေ။ အစ်ကိုကြီး... ဒါကို အစ်ကို ခဏခဏကြားဖူးမှာ သေချာပေမဲ့ အစ်ကို့ဆီမှာ အထီးကျန်အင်မော်တယ်တစ်ယောက်လိုမျိုး မြင့်မြတ်တဲ့ ဟန်ပန်တစ်ခု ရှိတယ်။”

“အဲဒီလို အရှိန်အဝါမျိုးနဲ့ဆိုတော့ ခရမ်းမြို့တော်က လူဦးရေ ဘယ်လောက်ပဲများများ အစ်ကိုသာ ဒီကဒေသခံဆိုရင် ကျွန်တော် သတိမထားမိစရာ အကြောင်းကို မရှိဘူး။ ဒါကြောင့် အစ်ကိုက ဧည့်သည်ဆိုတာ ချက်ချင်းသိလိုက်တာပါ။”

ယန်ချင်းမှာ ရုပ်ရည်သန့်ပြန့်သူ ဖြစ်သော်လည်း အထီးကျန်အင်မော်တယ်တစ်ဦးနှင့် နှိုင်းယှဉ်ရလောက်အောင် မဟုတ်ကြောင်း ကိုယ်တိုင်ပင် သိထားသည်။

ဖြစ်သလိုစည်းနှောင်ထားသော ဆံပင်များနှင့် ပျင်းရိလေးတွဲနေသော ဟန်ပန်များထဲမှ မည်သည့်အပိုင်းက မြင့်မြတ်နေသနည်း ဟုပင် တွေးတောမိသေးသည်။

အင်မော်တယ်တစ်ဦးဖြစ်သင့်သည့် ပုံစံနှင့် အဝေးဆုံးတွင် ရှိနေသူ ဖြစ်သော်လည်း ၎င်းမှာ လုံးဝလိမ်ညာမှုတစ်ခု ဖြစ်နေလျှင်တောင်မှ မျက်နှာပြောင်တိုက်ပြီး ချီးမွမ်းခံရသည်ကိုတော့ သဘောကျမိကြောင်း ဝန်ခံရမည် ဖြစ်သည်။

ယန်ချင်းက မေးလိုက်သည်။

“ညီလေးရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ အဲဒီလောက်ကြီး ချီးမွမ်းတာကို လက်ခံနိုင်လောက်အောင် ငါ့မျက်နှာက မထူပါဘူးကွာ။ ကဲ... မင်းတို့ နှစ်ယောက်ကို ငါဘာကူညီပေးရမလဲ။”

“ကျွန်တော့်နာမည်က ကျစ်တာပါ၊ ဒါက ကျွန်တော့်ညီမ ကျစ်ရော့လန်ပါ။ အစ်ကိုကြီး... ကျွန်တော်တို့ ခရမ်းမြို့တော်မှာ အစ်ကို့အတွက် လမ်းပြ လုပ်ပေးရမလား။”

“ကြွားပြောတာတော့ မဟုတ်ဘူးနော်... ကျွန်တော်တို့ထက် ပိုကောင်းတဲ့ လမ်းပြတွေကို ရှာတွေ့ဖို့ဆိုတာ တော်တော် ခက်လိမ့်မယ်။”

“အရည်အသွေးအကောင်းဆုံးပစ္စည်းတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ အကောင်းဆုံးကုန်သည်ဆိုင်တွေ၊ ဆေးလုံးဆိုင်တွေနဲ့ ပန်းပဲဆိုင်တွေ အားလုံးကို ကျွန်တော်တို့ သိတယ်။”

စိတ်အားထက်သန်စွာ ပြောဆိုနေသော ကျစ်တာမှာ ရုတ်တရက် စကားရပ်သွားပြီး တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို သတိကြီးစွာ အကဲခတ်ရင်း ယန်ချင်းကို အနားသို့ ခေါ်လိုက်သည်။

ယန်ချင်းကလည်း ပျော်ရွှင်စွာဖြင့် နားကို ကိုင်းညွတ်ကာ နားထောင်ပေးလိုက်သည်။

“အစ်ကိုကြီး... အစ်ကို့အပေါ် အမြင်ကောင်း ရှိလို့သာ ကျွန်တော့် အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ ဒါကို ပြောပြရတာပါ။”

“ခရမ်းမြို့တော်က ကုန်သွယ်ရေး ဗဟိုချက်မအဖြစ် နာမည်ကြီးပေမဲ့ အထူးသဖြင့် ဆေးဖော်စပ်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ ခရမ်းဖျော့ရောင်အားဖြည့်ဆေးရည် လိုမျိုး ဆေးရည်တွေ ဝယ်တဲ့အခါမှာ မြို့က ပြင်ပလူတွေအပေါ် မကြင်နာတတ်ဘူး။”

“ဆိုင်အများစုက သူတို့ရဲ့ ဖောက်သည်ဟောင်းတွေကလွဲပြီး တခြားသူတွေကို မရောင်းကြဘူး။ ရောင်းတဲ့ ဆိုင်တွေကလည်း ဈေးတွေကို အဆမတန် ခေါင်းပုံဖြတ်ကြတယ်။”

“ဧည့်သည်အများစုက အဲဒီလို အလိမ်ခံရဖူးပြီး တချို့ဆို အပြစ်အနာအဆာရှိတဲ့ ဆေးရည်တွေကိုတောင် ရသွားတတ်တယ်။”

“ဒါပေမဲ့ ကျွန်တော့်ရဲ့ အကူအညီနဲ့ ထောက်ခံချက်သာပါရင် နာမည်ကောင်းရှိပြီး ကျွန်တော့်မျက်နှာနဲ့ အစ်ကို့ကို တံခါးဖွင့်ကြိုဆိုမယ့် ဆိုင်တွေကို ကျွန်တော်သိတယ်။”

“ဘယ်လိုလဲ အစ်ကိုကြီး။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို ယူမလား။ စိတ်မပူပါနဲ့၊ ကံကြမ္မာက ငါတို့နှစ်ယောက်ကို ဆုံဆည်းပေးလိုက်တယ်လို့ ခံစားရလို့ အစ်ကို့ကို လျှော့ဈေးတောင် ပေးဦးမှာပါ။”

“ပုံမှန်ဆို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄ တုံး ယူပေမဲ့ အစ်ကို့အတွက်တော့ ၂ တုံးပဲ ယူပါ့မယ်။ ပြီးတော့ အစ်ကိုသိချင်တဲ့ မေးခွန်းတိုင်းကိုလည်း ဖြေပေးပါ့မယ်။”

ရှက်ရွံ့မှုကြောင့်ညီမဖြစ်သူ၏ မျက်နှာကိုပင် နီမြန်းသွားစေသော ပရော်ဖက်ရှင်နယ်ဆန်သည့် အပေးအယူ အဆုံးသတ်အပြုံးတစ်ခုကို ပြုံးပြရင်း ကျစ်တာက ပြောလိုက်သည်။

“ကျွန်တော်အရင်က ပြောခဲ့သလိုပဲ၊ အသေးစိတ်အချက်အလက်တွေကို မှတ်သားတဲ့နေရာမှာ အတော်လေး တော်ပါတယ်။”

“ကျွန်တော့် ခေါင်းထဲမှာ ရှိတဲ့ သတင်းအချက်အလက်တွေက သတင်းအချက်အလက် အဖွဲ့အစည်း တစ်ခုခုကို ရေရှည်ရပ်တည်နိုင်အောင် သေချာပေါက် ကူညီပေးနိုင်ပါတယ်။”

ယန်ချင်းက ခြောက်ကပ်ကပ် ရယ်မောရင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“တကယ့်ကို ပါရမီရှင်ပဲ။”

All Chapters