အခန်း (၁၉၃)
Vol. 16 Ch. 193
Ch-193
ချင်းရို့လည်း ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က 'သို့သို့'လို့ခေါ်ကြတဲ့ အာလူးတွေကို စိုက်ပျိုးရန် ကြိုးစားခဲ့သည်။
အာလူးတွေဟာ အလွန်အရသာရှိတဲ့ အစားအစာပင်။ အာလူးမွကြော်၊ အာလူးချောင်းချိုချဥ်၊ အာလူးချောင်းကြော်၊ အာလူးထောင်း...စသဖြင့်ရှိပေသည်။ စိတ်ရှုပ်စရာကောင်းတဲ့ မုန်လာဥတွေနှင့် ယှဥ်ပါက အာလူးတွေဟာ ကလေးတွေအတွက် အကြိုက်ဆုံးအစားအစာဖြစ်သော်လည်း ကျွန်းပေါ်မှာ တော်တော်လေး ရှားပါးလှ၏။
ချုံကျိုးကျွန်းရှိ ရာသီဥတုမှာ အာလူးကြီးများကို စိုက်ပျိုးရန် ခက်ခဲလှသည်။ အာလူးများဟာ အပူချိန်မြင့်မားမှုကို ခံနိုင်ရည်မရှိသည့်အပြင် အထွက်နှုန်းလည်း မမြင့်မားပေ။ ဒေသခံကျွန်းသားများက ဤအရာများကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ မြောက်ပိုင်းမှလာကြသူတချို့ကတော့ နည်းနည်းပါးပါး စိုက်ပျိုးကြလေ၏။
ဥပမာအားဖြင့် ချင်းရို့အစ်မဖြစ်သူ ချင်းမျန့်က အာလူးကို နှစ်သက်သူပင်။ သူမက ပြီးခဲ့တဲ့ဆောင်းရာသီတုန်းက အများအပြား စိုက်ပျိုးရန် ကြိုးစားခဲ့ပြီး ချင်းရို့လည်း ကလေးတွေအတွက် ချက်ပြုတ်နည်းအသစ်တွေ ဖန်တီးပေးဖို့ရာ အာလူးအနည်းငယ်ကို စိုက်ပျိုးထားခဲ့သည်။
နှိုင်းယှဥ်ပြောရပါလျှင် ဤဒေသရှိ အာလူးတွေဟာ တောင်တန်းဒေသတွင် စိုက်ပျိုးသောအာလူးကြီးတွေလောက် အရသာမရှိသလို မြောက်ပိုင်းတွင် အာလူးအထွက်နှုန်းမှာ အလွန်မြင့်မားလေသည်။ ဤခေတ်၌ တောင်ပိုင်းမှာ ကန်စွန်းဥနှင့် ကန်စွန်းဥထမင်းကို စားသုံးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုဖြစ်စေတယ်ဆိုရင် မြောက်ပိုင်းမှာ အာလူးတွေကို စားသုံးခြင်းဟာလည်း စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုဖြစ်စေလေရဲ့။
ခဲအို ချန်မျန့်နှင့် သူ့သားက အာလူးကို သိပ်မကြိုက်ကြပါချေ။
မင်း ကျွန်းကိုရောက်တဲ့အခါ ကန်စွန်းဥထမင်းကို စားရမည်မဟုတ်ပေ။ ချုံကျိုးကျွန်းပေါ်၌ ဆန်စပါးတွေကို တစ်နှစ်လျှင် သုံးရာသီ စိုက်ပျိုးနိုင်ပြီး တစ်နှစ်လျှင် သုံးကြိမ် ရိတ်သိမ်းနိုင်ပါသည်။
ဟုတ်ပါတယ် မင်းတို့ သုံးရာသီလုံး စိုက်ပျိုးစရာတော့ မလိုပါဘူး။ တတိယရာသီမှာ အခြားကောက်ပဲသီးနှံတွေကိုလည်း စိုက်ပျိုးနိုင်တယ်လေ။ ယခုအခါ အထွက်နှုန်းမြင့်သော မျိုးစပ်ဆန်စပါးတွေကိုလည်း တဖြည်းဖြည်း မြှင့်တင်လာကြပြီဖြစ်ရာ ကျွန်းပေါ်တွင် မျိုးစပ်ဆန်စပါးတွေကိုလည်း စိုက်ပျိုးကြသလို သုတေသနပြုလုပ်လာကြပြီဖြစ်သည်။
အမှန်တကယ်တွင်မူ မြန်မြန်ရင့်မှည့်တတ်တဲ့ ဆန်စပါးတွေဟာ အထွက်နှုန်းမြင့်မားကြသည်။
ဥပမာအားဖြင့် ၄င်းတို့ကို တစ်နှစ် သုံးကြိမ် တကယ် စိုက်ပျိုးမယ်ဆိုရင် အရသာ မကောင်းမှာတော့ သေချာတာပေါ့။ တစ်နှစ်ပတ်လုံးစိုက်ပျိုးလို့ရတဲ့ မြောက်ပိုင်းဆန်စပါးလောက် အရသာရှိမှာမဟုတ်ဘူး။ သို့သော် ဒီအချိန်မှာတော့ အရသာကို ချေးများမနေဘဲ ထမင်းဖြူရှိတယ်ဆိုရင်ပဲ ကောင်းလှနေပြီဖြစ်သည်။
ယခင်က ချင်းရို့ ကွမ်တုန်းပြည်နယ်မှာ ရှိစဥ်အခါက ကွမ်တုန်းရော ကွမ်ရှီးမှာပါ ဆန်စပါးကို အစောပိုင်းဆန်စပါးနှင့် နှောင်းဆန်စပါးဟူ၍ အဓိကထားစိုက်ပျိုးကြသည်။ နွေရာသီအားလပ်ရက်တွင် အစောပိုင်းဆန်စပါးကို ရိတ်သိမ်းကြပြီး ကျေးလက်တွင်မူ ရိတ်သိမ်းရာသီကို နှစ်ထပ်ရိတ်သိမ်းခြင်းလို့လည်း ခေါ်ကြ၏။
ဟိုးရှေးရှေးတုန်းက ချင်းရို့ ကျောင်းတက်စဥ်အခါက အတန်းဖော်တချို့ဟာ နွေရာသီအားလပ်ရက်မှာ နှစ်ထပ်ရိတ်သိမ်းခြင်းတွင် ကူညီကြရန် သူတို့မွေးရပ်မြေကို ပြန်သွားကြပြီး စက်တင်ဘာလမှာ ကျောင်းပြန်တက်ကြတဲ့အခါ သူတို့အားလုံးလည်း လူမည်းလေးတွေ ဖြစ်လာကြလေရဲ့။
ဤခေတ်တွင် နှစ်ထပ်ရိတ်သိမ်းခြင်းအတွက် အားလပ်ရက်တွေလည်းရှိပြီး ယင်းတို့မှာ လူတွေ မိမိတို့ရဲ့ မိသားစုကို ကူညီဖို့အတွက် ပြန်သွားနိုင်ရန် အထူးတလည် ပေးထားတဲ့ အားလပ်ရက်များပင်။
အကြောင်းမူကား ဆန်စပါးတွေကို နှစ်ရာသီ၊ သုံးရာသီ စိုက်ပျိုးနိုင်ခြင်းကြောင့်ဖြစ်၏။ ဤဒေသရှိ စပါးအထွက်နှုန်းမှာ တစ်နှစ်တွင် အတော်လေး မြင့်မားပါသည်။
၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်တွေမှာတောင်မှ အချို့ကျေးလက်တောရွာတွေမှာ ဆန်ဖြူကို အနပ်တိုင်း စားသုံးနိုင်ကြ၏။ ဟုတ်ပါတယ်... ဆိုလိုတာကတော့ ကျေးလက်ဒေသတော်တော်များများတွင် လယ်ကွင်းထဲ၌ ရေနှင့် အပူချိန် အတော်လေးကောင်းကြသဖြင့် အထူးအားသာချက်များ ရှိလေသည်။
ကျေးလက်တောရွာများကြား၌ ကွာဟချက်မှာ ကြီးမားလှ၏။ နိုင်ငံတစ်နိုင်ငံတည်းဆိုရင်တောင်မှ မြို့၊ ရွာတွေ ကွဲပြားကြသည်ပင်။
တချို့ရွာတွေမှာ လူဦးရေ နည်းပါး၍ လယ်ကွင်းပိုများကာ အပူချိန်နှင့်ရေ အခြေအနေ ကောင်းမွန်ပါက ထိုရွာသားတွေဟာ နေ့တိုင်း ထမင်းဖြူ စားနိုင်ပေမည်။ တချို့ရွာများတွင် လူဦးရေ များပြားကာ လယ်ကွင်းနည်းပါးပြီး ရေထိန်းသိမ်းမှုအခြေအနေ ညံ့ဖျင်းပါက ထိုရွာသားတွေဟာ ကန်စွန်းဥဆန်ကိုသာ ကန်စွန်းဥနှင့်ရောစားရပေမည်။
ယခုအခါ မျိုးစပ်ဆန်စပါးကို စတင်မြှင့်တင်နေပြီဖြစ်ပြီး နှစ်အနည်းငယ်ကြာသောအခါတွင် လူတိုင်း ထမင်းဖြူစားနိုင်တော့မည်ဖြစ်၏။
ဟုတ်တာပေါ့ ကနဦးမျိုးစပ်ဆန်စပါးမှာ အထွက်နှုန်းကောင်းသော်လည်း အရသာကတော့ ပျမ်းမျှသာသာရှိသည်။
အစောပိုင်းဆန်စပါးနှင့် နှောင်းဆန်စပါးကို နှိုင်းယှဥ်ထားသကဲ့သို့ပင် နှောင်းဆန်စပါးတွေက ပိုအရသာရှိကြပြီး ချင်းရို့သည်လည်း မြေအိုးထမင်းချက်တဲ့အခါ ပိုအရသာရှိတဲ့ နှောင်းဆန်ကိုသာ အသုံးပြုလေ၏။
ယခုအချိန်မှ ဆန်ဖြူဟာ နောက်ပိုင်းမျိုးဆက်မှာ ပေါ်လာမယ့် ဆန်ကောင်း မဟုတ်သေးချေ။ စပါးခွံအများအပြားကို သန့်ရှင်းစွာ မဖယ်ရှားရသေးဘဲ စပါးစေ့များပေါ်တွင် ကပ်နေဆဲဖြစ်၏။ တစ်နည်းဆိုရသော် ၎င်းကို အတော်လေး ကျန်းမာရေးနှင့် ညီညွတ်တဲ့ "အညံ့စားဆန်စပါး" လို့ ဆိုနိုင်ပါသည်။
ချင်းရို့က ကလေးလေးနှစ် ယောက်ကို စိုက်ကြည့်ကာ "နောက်မှပဲ သို့သို့တွေကို သွားတူးကြတာပေါ့"
"သားတို့က မူကြိုသွားကြ၊ မားမားကတော့ ဘေးအိမ်က ဦးလေးကျန်းဆီမှာ မုန်လာဥနည်းနည်း သွားတောင်းလိုက်ဦးမယ်။ ဒီနေ့ မားမားတို့ မုန်လာဥ စားကြမယ်၊ မုန်လာဥမွှေကြော်ပေါ့"
ကျိုးကျိုးလေး၊ ဖက်ထုပ်လေး: "..."
ငါတို့က ငါတို့ကိုယ်ပိုင်မုန်လာဥတွေကို ဆွဲနှုတ်ခဲ့ပေမယ့် တခြားမုန်လာဥတွေ ရှိနေသေးတယ်။ တကယ့်ကို စိတ်တိုစရာပဲ!
ဘေးအိမ်က ဦးလေးကျန်းကလည်း ဘာလို့ မုန်လာဥတွေ စိုက်နေတာလဲ?
မုန်လာဥ ပျိုးပင်တွေအားလုံးကို သူတို့မေမေက ပေးခဲ့တာပါပဲ...
ချင်းရို့ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး "ဟေး သားတို့ မမျှော်လင့်ထားမိကြဘူးပဲကွယ်။ မင်းတို့မေမေက မုန်လာဥပျိုးပင်တွေအားလုံးကို ဦးလေးကျန်းစိုက်ဖို့ ပေးလိုက်တာလေ။ အဲဒီမုန်လာဥတွေလည်း အရည်ရွှမ်းနေရောပဲ၊ နည်းနည်းလောက် သွားတောင်းတာ ကိစ္စမရှိပါဘူးနော်"
"အား ..."
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ယခုအချိန်မှာ သူတို့လေးရဲ့ အရိုးရှင်းဆုံး ဆန္ဒမှာ မုန်လာဥတွေကို ဆွဲနှုတ်ဖို့အတွက် ဦးလေးကျန်းအိမ်ကို သွားရန်ပင်။
"ကောင်းပြီ မအော်ကြနဲ့တော့။ မားမားနဲ့ သို့သို့ သွားတူးမယ်လေ"
ချင်းရို့လည်း အာလူးတွေတူးဖို့အတွက် ကလေးနှစ်ယောက်ကို ခေါ်သွားခဲ့ပြီး သားအမိသုံးယောက်သား အာလူး တစ်ဒါဇင်ကျော် တူးခဲ့ကြသည်။ တူးထားတဲ့ အာလူးတွေရဲ့ အရွယ်အစားဟာ အလွန်သေးငယ်ကြသလို ပိုကြီးတဲ့အာလူးတွေကတော့ လက်သီးဆုပ်တစ်ဝက်မျှသာရှိနေလျက်။
ဒီအာလူးသေးသေးလေးကို ဘယ်နှစ်နှပ် စားနိုင်မှာတဲ့လဲ??
အာလူးကြီးတွေကို ဟင်းချက်ဖို့အတွက် သုံးနိုင်ပြီး အာလူးသေးတွေကိုတော့ ရေဆေးပြီး ပေါင်းကာ တိုက်ရိုက်စားနိုင်သလို၊ အာလူးနှပ်အဖြစ်လည်း လုပ်စားနိုင်ပေသည်။
အာလူးတွေတူးပြီးတဲ့နောက် ကြက်တွေကို အစာကျွေးကာ ဥတွေကောက်လိုက်၏။ အိမ်ကကြက်မကြီးဟာ ယနေ့ ဥသုံးလုံးဥပေးလိုက်သဖြင့် သားအမိသုံးယောက်အတွက် မနက်ဖြန် တစ်လုံးစီ စားလို့ရသွားပြီ။
"ကောင်းပြီ မူကြိုသွားရအောင်လေ၊ မုန်လာဥ စားဖို့ကတော့ အိမ်ပြန်လာမှပဲပေါ့" ချင်းရို့က ကလေးလေးနှစ်ယောက်ရဲ့ ခြေလက်တွေကို ဆေးကြောပေးလိုက်သည်။ ရှီးရှီး၊ ကျင်းရိတို့နှင့် နှိုင်းယှဥ်လိုက်ပါက ဒီကလေးနှစ်ယောက်က တကယ်ကို နာခံမှုမရှိကြပါပေ။
ကြက်သွန်မြိတ်မစားတဲ့ ပေါင်ပေါင်းလေးတွေ၊ မုန်လာဥမစားတဲ့ ပေါင်ပေါင်းလေးတွေပဲ...
သူတို့က မုန်လာဥဆွဲနှုတ်ကြတဲ့ ပေါင်ပေါင်းလေးတွေပဲ ဖြစ်ချင်ကြလေရဲ့။
ဖက်ထုပ်လေးက ချွဲလိုက်ပြီး "မားမား နမ်း"
"မားမားက သားကိုနမ်းရင်တောင်မှ မုန်လာဥ စားရဦးမှာပဲနော်" ချင်းရို့ အပြုံးလေးနှင့် နမ်းလိုက်သည်။ အနမ်းပေးပြီးနောက် ဘေးဘက်ကိုကြည့်ကာ "ကျိုးကျိုးလေးကော အနမ်းလိုချင်သလားကွယ်?"
"နမ်းပါလို့"
ချင်းရို့လည်း ကလေးတွေကို မူကြိုပို့ပြီးနောက် မျိုးစေ့တွေကို ထပ်မံကြဲကာ မုန်လာဥပျိုးပင်တွေကို ဖာထေးရန် ကြိုးစားခဲ့သည်။ ပြီးနောက် ဘေးအိမ်တံခါးကို ခေါက်လိုက်ရာ ဆရာမဟွမ်က အိမ်မှာရှိနေလေ၏။
ချင်းရို့လည်း မုန်လာဥနည်းနည်းကို အာလူးနှင့် ခရမ်းချဉ်သီးတို့ဖြင့် လဲလှယ်ချင်ကြောင်း ပြောပြလိုက်သည်။
"လဲကြတာပေါ့၊ လဲကြတာပေါ့။ ရှောင်ချင်းရေ များများယူနော်"
ဟွမ်ရှင်းရင်က သူမလက်ကို ရက်ရောစွာ ဝှေ့ယမ်းလိုက်ပြီး အိမ်ထဲဝင်ကာ ချင်းရို့ဆီသို့ မုန်လာဥအများအပြား ယူလာပေးခဲ့သလို လတ်လတ်ဆတ်ဆတ်အချို့ကိုပါ တူးခဲ့ပေးလေသည်။
အမှန်တကယ်တော့ သူမရဲ့ လောင်ကျန်းဟာ မုန်လာဥနှင့် ကြက်ဟင်းခါးသီးတွေကို စိုက်ပျိုးရာတွင် တော်ပြီး မုန်လာဥပျိုးပင်အများစုကိုလည်း ဘေးအိမ်မှရဲဘော်ရှောင်ချင်းက ပေးခဲ့တာပဲလေ။
ကြက်ဟင်းခါးသီး စိုက်ပျိုးတာနှင့် နှိုင်းယှဉ်ပါက ဆရာမဟွမ်ကတော့ မုန်လာဥနီဖြစ်ဖြစ်၊ မုန်လာဥဖြူဖြစ်ဖြစ် မြောက်ပိုင်းက မုန်လာဥတွေကို စိုက်ပျိုးတာပဲ ပိုကြိုက်ပါ၏။
ဘာပဲဖြစ်ဖြစ် မုန်လာဥက ကြက်ဟင်းခါးသီးထက် ပိုအရသာကောင်းတယ်လေ။ လူကြီးတွေက ဇီဇာကြောင်သူများမဟုတ်သော်လည်း ဆရာမဟွမ်ကတော့ ကြက်ဟင်းခါးသီးကို တကယ်မကြိုက်ပါဘူးနော်!!
ကြက်ဟင်းခါးသီးကို အသားနှင့် ချက်ထားတာပဲ ကြိုက်တယ်!
"ရှောင်ချင်းရေ နင့်ကလေးနှစ်ယောက်က မုန်လာဥကို ဘာကြောင့်မကြိုက်ကြတာလဲ?" ဆရာမဟွမ်က မမေးမြန်းဘဲ မနေနိုင်တော့ပေ။
ချင်းရို့ ခေါင်းခါလိုက်ပြီး "ငါလည်းမသိပါဘူးဟယ်၊ လုယန်နဲ့ ငါ နှစ်ယောက်လုံး မုန်လာဥနီကြိုက်ရဲ့သားနဲ့"
ဟွမ်ရှင်းရင် သက်ပြင်းချလျက် "ငါ့သား သွင်းသွင်းလည်း မုန်လာဥစားရတာ ကြိုက်တယ်ဟ။ သူက ဘယ်သူနဲ့တူသလဲ ငါတော့မသိပါဘူး"
အမှန်တကယ်တော့ ဒါက ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပေ။ အဓိကအချက်ကတော့ သူတို့မိသားစုက သွင်းသွင်းလေးဟာ မုန်လာဥစားပြီးနောက် အဖုတွေထွက်လာကာ နံစော်လာလို့ပါပဲ။
- မားမား စိတ်မကောင်းဘူးကွယ်။
ချင်းရို့: "..."
"အခုတော့ ငါ သူ့ကို မူကြို စောစောပို့ဖို့ စောင့်နေမိပြီ"
ဟွမ်ရှင်းရင် မျှော်လင့်ချက်တကြီး အကြည့်တို့ဖြင့် "ရှောင်ချင်းရေ နင် ကြက်ဟင်းခါးသီးနည်းနည်းလိုချင်လား?"
ချင်းရို့: "... လိုချင်တယ်"
သူမသာ ကြက်ဟင်းခါးသီးကို မယူပေးရင် ဆရာမဟွမ်တစ်ယောက် ဝမ်းနည်းသွားမှာ စိုးရိမ်မိပါရဲ့။
သို့သော် ဆရာမဟွမ်ကတော့ သူမကို ကြက်ဟင်းခါးသီးတွေ အများကြီးပေးခဲ့လေသည်...
xxx