အခန်း (၁၈၂)
Vol. 16 Ch. 182
Ch-182
သို့ပေမယ့် ပိုပြီးနားမလည်နိုင်တာကတော့ ကွမ်တုံပြည်နယ်က ပိုးဟပ်တွေနဲ့ ကြွက်တွေဟာ ဘာကြောင့် ဒီလောက်ကြီးရတာလဲလို့? ပိုးဟပ်တွေက ပျံလည်းပျံနိုင်တယ်ဟ...
ချင်းရို့ဟာ အရမ်းချစ်စရာကောင်းလှတဲ့ မြောက်ပိုင်းမှ ကြွက်သေးသေးလေးကို မြင်ဖူးပါသည်။
အထူးသဖြင့် အင်တာနက်အသုံးပြုသူတစ်ဦး တင်ထားသော ပို့စ်တစ်ခုတွင် ကန့်လန့်ကာပေါ်မှာရှိနေတဲ့ မြောက်ပိုင်းကြွက်လေးကို ကြည့်လိုက်ပါက အမှန်တကယ့်ကို ကြွက်ပေါက်စလေးနဲ့တူနေလေရဲ့။
သို့သော် တောင်ပိုင်းကြွက်တွေကိုတော့ ချစ်စရာကောင်းမယ်လို့ မထင်လိုက်လေနဲ့၊ လမ်းမှာ ကြွက်ကြီးတစ်ကောင်တွေ့လိုက်ရင် သေအောင်ကြောက်လန့်သွားရလိမ့်မယ်...
ဤဒေသရှိ တောင်ပေါ်၌ ဝံပုလွေများ၊ ခွေးအများ၊ ကျားများနှင့် ကျားသစ်များကို ကြောက်ရွံ့ရမည့်အစား မြွေအမျိုးအစားပေါင်းစုံဟာ ကြောက်စရာအကောင်းဆုံးပင်။ ချုံကျိုးကျွန်းပေါ်တွင် မြွေများစွာလည်း ရှိနေလေသည်။
ချင်းရို့သည် ယခင်တုန်းက မြို့မှာနေစဥ် မြွေတွေကို မြင်ဖူးသည်။ အခု ဒေါသကြီးတဲ့ ချင်းရို့ရဲ့ မှတ်ဥာဏ်ထဲတွင်မူ... ပြန်တောင်မကြည့်ရဲပါဘူးနော်။
နွေရာသီမှာ တောင်ပေါ်တက်တဲ့အခါ သတိထားရမှာက မြေကြီးပေါ် ကြွေကျနေတဲ့ သစ်ရွက်တွေအောက်မှာ မြွေတွေက ဝင်ခွေနေတတ်ကြသည်လေ။
ဘယ်သူက မြွေတွေကို မတော်တဆ မနင်းမိဘဲနေမှာလဲလို့?
အတွေ့အကြုံရှိသူများဟာ သာမန်မျက်စိဖြင့် ခြားနားချက်ကို ပြောနိုင်လေသည်။ တောင်ပေါ်မှာ လျှောက်သွားတဲ့အခါ မြွေကို မတော်တဆ နင်းမိခြင်းမှ ရှောင်ရှားရန်အတွက် တုတ်တစ်ချောင်းကို အသုံးပြုသင့်သည်။ မင်း နင်းမိသွားခဲ့ရင်တော့ မြန်မြန်သာပြေးပေတော့ဟေ့...
မြွေများကို သာမန်မျက်စိဖြင့် မြင်နိုင်စွမ်းရှိသူများအတွက်လည်း ဆံပင်ထောင်တက်ရလောက်သည်အထိ ကျောချမ်းစရာပင်။ လူတွေက နေရာတိုင်းမှာ အကျယ်ကြီးအော်ဟစ်ကြလိမ့်မယ်။ နွေရာသီတွင် မင်း တောင်ပေါ်တက်တဲ့အခါ နေရာတကာမှာ မြွေတွေရှိနေလိမ့်မယ်၊ ဒါမှမဟုတ် မင်းမျက်လုံးတွေ သိပ်မကောင်းရင်တော့ ပိုအဆင်ပြေနိုင်တာပေါ့။
အတိတ်တုန်းက တောင်နှင့်ပတ်သက်သည့် မှတ်ဥာဏ်တွေကို ရှာဖွေကြည့်လိုက်တဲ့အခါ အဲဒီမှာ အဆိပ်ကူကောင်တွေကို ဖမ်းရလွယ်ကူသလို အလောင်းကောင်တွေရှိရာ အရင်းအမြစ်လည်းဖြစ်ကြောင်း သိရှိလိုက်ရ၏။ ဥပမာအားဖြင့် တောင်ပေါ်တွင် မြွေများ၊ အင်းဆက်များ၊ ကြွက်များ၊ ပုရွက်ဆိတ်များနှင့် ကင်းခြေများတို့ရှိကြသည့်အပြင် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ အဘွားအိုတချို့ ရှိလေသည်။
တောင်ပေါ်ရှိ အဘွားအိုများစွာဟာ ပုန်းကွယ်နေတဲ့ဆရာသခင်များပင်။ ချင်းရို့က သူမရဲ့ မှတ်ဥာဏ်ထဲကနေ အများအပြား ပြန်တွေ့ခဲ့ပြီဖြစ်သည်။ သူတို့ဘယ်လောက်ပဲ အိုမင်းနေကြပါစေ တောင်ပေါ်မှာ မြန်မြန်လမ်းလျှောက်နိုင်ကြပြီး လူငယ်တွေထက် ပိုသာကြသည်လေ။
သူတို့က လက်ဗလာနဲ့တောင် အဆိပ်မြွေတွေကို ဖမ်းနိုင်သေးတယ် ! ! ! !
သူတို့ဟာ အသက်ရှင်နေထိုင်ရတာ လုံလောက်နေပြီပဲဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ်လေ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ကို ကြုံရတဲ့အခါ တိုက်ရိုက်ပဲ လက်နဲ့ ဖမ်းလိုက်ပြီးမှ သူ့မြေးလေးကို လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလျက် "ဒီနေ့ ငါတို့မှာ စားစရာအပိုရပြီ"
သေချာတာကတော့ သူမက မြွေတွေကို မကြောက်ဘူး၊ မြွေတွေကပဲ သူမကိုကြောက်ရတယ်လေ။
"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ တောင်ပေါ်မှာ သွားဆော့တဲ့အခါ မြွေတွေကင်းတွေကို သတိထားရမယ်နော်"
ချင်းရို့က မြွေတွေကို အလွန်ကြောက်တတ်ပြီး မြွေနှင့်ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးရှိတာကြောင့် ချုံကျိုးကျွန်းသို့ သူမ ရောက်သည်နှင့် မြွေပြေးဆေးမှုန့်ကို ဦးစွာဝယ်ယူပြီး မြွေကာကွယ်ရေးကို အာရုံစိုက်ခဲ့သည်ပင်။
အကြောင်းသည်ကား သူမရဲ့ friend circleထဲက ငတုံးသူငယ်ချင်းတွေကြောင့်ဖြစ်လာတဲ့ ပြဿနာပင်။ friend circleထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အကိုကြီးဟာ အိမ်မှာ အဆိပ်ပြင်းမြွေတစ်ကောင်ဆီက အကိုက်ခံလိုက်ရ၏။ အကိုက်ခံရပြီးနောက် ထိုအကိုကြီးဟာ အဆိပ်ပြင်းမြွေကို သေအောင်ရိုက်သတ်လိုက်ပြီးနောက် မြွေကို အနီးကပ်ဓာတ်ပုံရိုက်ထားဖို့ သတိရလိုက်ကာ လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။ သူ ဆေးရုံတက်ခဲ့ရပြီး ကယ်ဆယ်ရေးအတွက် သွေးရည်ကြည်ဖြင့် ကုသခဲ့ရသေးတာတောင်မှ မရေမတွက်နိုင်သော ဓာတ်ပုံများစွာကို တင်လိုက်ပါသေးသည်။
အဲဒီအချိန်တုန်းက ဓာတ်ပုံတွေ မြင်လိုက်ရတဲ့ ချင်းရို့ : "..."
မိမိကိုယ်ကို သေခြင်းတရားဖြင့် ဖျော်ဖြေခြင်းထက် သာလွန်သောအရာမရှိသော်လည်း အမှန်စင်စစ် သေခြင်းမှ လွတ်မြောက်ခြင်းဟာ သေးငယ်လှသည်။
"မားမား ဖိုးဖိုးဖွားဖွားက ဘယ်မှာလဲဟင်?"
"မားမားရဲ့ မွေးရပ်မြေဖြစ်တဲ့ ရှန်တုန်းပြည်နယ် ကျောင်းသောင်မှာလေ"
"အဲဒါကရော ကျွန်းပဲလား?"
"အဲဒါက ကျွန်းဆွယ်တစ်ခုပဲ။ ကျွန်းဆွယ်... အင်း... မျက်နှာပြင်သုံးခုမှာ ရေတွေနဲ့ ဝန်းရံနေပြီးတော့ တစ်ခုကတော့ ကုန်းမြေနဲ့ ထိစပ်နေတယ်..."
အိမ်ပြန်ရောက်သည့်အခါ ရဲဘော်ရှောင်ချင်းမှာ ကလေးနှစ်ယောက်ရဲ့ မေးခွန်းတွေကြောင့် တကယ့်ကို ထိပ်ပြောင်သွားရတော့မလိုပင်။ ကလေးတွေအတွက် ရေပန်းစားသော သိပ္ပံစာအုပ်ကို "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"လို့ အမည်ပေးခဲ့တာလည်း အံ့သြစရာမဟုတ်တော့ပါဘူးနော်။ ဒီကလေးငယ်တွေဟာ သူတို့ရဲ့ မိဘတွေကို ဘာကြောင့်လဲ ဘာလို့လဲ မေးရတာ အရမ်းကြိုက်တာကြောင့်ပဲပေါ...
"မားမား ...ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲဟင်?"
ကလေးလေးတွေက လူ့အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့် ထိတွေ့လာလေလေ၊ ပြဿနာတွေ အများကြီးဖန်တီးလာလေလေပင်ဖြစ်သည်။ ငါတို့လေ့လာခဲ့တဲ့ မာ့က်စ်ဝါဒ၏ ဒဿနိကဗေဒပညာကဲ့သို့ပင် - လူတွေဟာ ကမ္ဘာကြီးကို နားလည်သဘောပေါက်ရန်နှင့် ကမ္ဘာကြီးကို ပြောင်းလဲရန် သူတို့ရဲ့ ပဓာနကျကျ အစပျိုးမှုကို လုပ်ဆောင်ခဲ့ကြသည်။
ဒါပေမယ့် ဒီကလေးတွေမှာ ဘာကြောင့်လဲဆိုတာတွေချည်း ဒီလောက်များနေရတာလဲလို့? သူတို့မေးခွန်းကြောင့် မိဘတွေ တကယ်ပဲ ထိပ်ပြောင်သွားကြလိမ့်မယ်နော်...
အိမ်ပြန်ရောက်ပြီးနောက် ကလေးတွေရဲ့ ဖေဖေလုယန် အိမ်ပြန်ရောက်လာလေပြီ။ ချင်းရို့က ကလေးနှစ်ယောက်ကို သူတို့ဖေဖေလက်ထဲ ချန်ထားခဲ့ကာ သူ့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့မယ်လို့ တွေးတောလိုက်လေ၏။
"မားမား ထမင်းသွားချက်တော့မယ်"
သူမသားတွေဆီက မေးခွန်းတွေ အမေးခံရတာထက် ထမင်းချက်ရတာ ပိုကြိုက်ပါတယ်လို့...
သူမ ချက်ပြုတ်ပြီးစီး၍ ထွက်လာချိန်တွင် လုယန်က ကလေးတွေကို လက်မှုပစ္စည်းလုပ်ရန် ခေါ်သွားခဲ့ပြီးဖြစ်သည်။ လေယာဉ်၊ တင့်ကားနှင့် အမြောက်တွေအဖြစ် ပြုလုပ်နိုင်တဲ့ ကျည်ဆံအပေါ်ခွံသေးသေးလေးတွေကို မည်သည့်ရဲဘော်က ပေးခဲ့သလဲဆိုတာကိုတော့ သူမလည်း မသိပါချေ။ ဘယ်သူ့အိမ်မှာ ကျည်ဆံအပေါ်ခွံသေးသေးလေးလက်မှုပညာ မရှိလို့လဲနော်?
ငါ မင်းကို ကျည်ဆံအပေါ်ခွံသေးသေးလေး ပေးမယ် ဆိုသော လေးနက်သည့် စစ်သီချင်းတစ်ပုဒ်လည်း ရှိပေသည်။
"ကောင်းပြီ အားလုံးပဲ ညစာစားကြစို့ကွယ်"
"ထမင်းစားမယ်!"
"မျောက်တွေဆီက အလုယက်မခံရစေဖို့အတွက် ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက များများစားပြီး သန်မာအောင် လုပ်ကြမယ်နော်"
အိမ်ရှိလူအားလုံးဟာ အစာစားသည့်အခါတွင် အတက်ကြွဆုံးပင်။
ညစာစားပြီး ရေမိုးချိုးပြီးနောက် ချင်းရို့က အိပ်ယာပေါ်တွင် လှဲလျောင်းနေရင်း အတွေးနယ်ဖြန့်ကိက်နေလျက်။ ယနေ့ သူမ မေးခွန်းအများကြီး အမေးခံလိုက်ရတာကြောင့် ဖြစ်နိုင်ပါတယ်၊ လေယာဉ်များ၊ တောင်တန်းများ၊ ပင်လယ်နှင့် ရေကန်များ အပါအဝင် တခြားအရာများစွာကို မတွေးမိဘဲမနေနိုင်တော့ပေ။ ပြီးတော့ ကန်းစု၊ ချင်းဟယ်၊ တိဗက်သို့ သွားခဲ့တဲ့ သူမရဲ့ ခရီးစဥ်တွေအပြင် အမြင့်ကြောက်ရောဂါအကြောင်းလည်း ဧည့်လမ်းညွှန်ကပြောပြခဲ့ပါသေးသည်။ တစ်ခါက သူမ ခရီးဆောင်အိတ်ကို ဆွဲကာ ပင်လယ်ပြင်ထက် အမြင့်ပေ ၄၀၀၀ သို့မဟုတ် ၅၀၀၀ မီတာတွင် ခေတ္တမျှ ပြေးလွှားခဲ့ပြီးနောက် အသက်ရှုဖို့ မလွယ်ကြောင်း တွေ့ရှိခဲ့ရသည်။
နွေရာသီမှာ ထိုကဲ့သို့ မြင့်မားသော အရပ်ဒေသကို သွားရတာ အရမ်းကောင်းသည်ပင်။ နေရောင်အများကြီးရနိုင်သလို လေအေးအေးလေး ခံစားလို့ရတယ်လေ။ သို့ပေမဲ့ အရမ်းမြင့်လွန်းတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ပေါ့။
နိမ့်ရာကနေ မြင့်ရာကို ဖြေးဖြေးမှန်မှန်တက်ရင်တော့ အမြင့်ကြောက်ရောဂါအဖြစ်နည်းပါးလာလိမ့်မယ်။ လေယာဥ် တိုက်ရိုက်ပျံသန်းတဲ့အခါ အမြင့်ကြောက်ရောဂါ အဖြစ်လွယ်ကူလိမ့်မယ်လေ။
ချင်းရို့သည် သူမက တကယ်ရယ်စရာကောင်းတယ်လို့ ခံစားမိသွားရလျက်။
သူမ ဘာလို့များ အမြင့်ကြောက်ရောဂါကို ရုတ်တရက် တွေးနေမိတာလဲနော်? ဟားဟား... အမြင့်ကြောက်ရောဂါအကြောင်းစဥ်းစားရင် တိဗက်က ထူးဆန်းလှပတဲ့သန့်စင်ခန်းတွေအကြောင်းကိုလည်း ဘာလို့မစဥ်းစားတာလဲနော်?
လုယန် ရေချိုးပြီးနောက် တံခါးကို တွန်းဖွင့်ဝင်လာကာ အိပ်ယာပေါ်ရှိ မြေခွေးမလေးကို အပြုံးလေးနှင့် ပွေ့ဖက်ပြီး နဖူးလေးကို နမ်းလိုက်သည်။
ချင်းရို့က သူမရှေ့မှ ချောမောခန့်ညားလှတဲ့ အမျိုးသားကို ကြည့်ပြီး သူမလက်ကို မြှောက်ကာ နှာခေါင်းကို တို့လိုက်သည်။ သူမလည်း ကလေးလေးနှစ်ယောက်ဆီမှ အလွှမ်းမိုးခံထားရသလို ခံစားနေရသဖြင့် မထိန်းနိုင်ဘဲ သူ့ကို မေးလိုက်၏။
"ကျောင်းသောင်ရဲ့ ပင်လယ်ပြင်အမြင့်က ဘယ်လောက်ရှိလဲဟင်?"
လုယန် လှည့်လာပြီး ပြန်မေးလိုက်သည်။ "ပင်လယ်ပြင်အမြင့်ဆိုတာဘာလဲ မင်းသိလား?"
ချင်းရို့သည် သူမကိုယ်သူမ မူလတန်းကျောင်းသူမဟုတ် ကြောင်း တွေးမိကာ ရှင်က ကျွန်မကို ဒီလိုရိုးရိုးရှင်းရှင်းမေးခွန်းမေးနေတယ်ပေါ့လေ၊
"ပင်လယ်ပြင်အမြင့်ဆိုတာက ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေပဲမဟုတ်ဘူးလား..." ဟင်၊ ခဏနေပါဦး?
လုယန်က သူမကို စကားမပြောဘဲ ကြည့်နေလျက်။
"အမြင့်ပေသုညအတွက် ရည်ညွှန်းအမှတ်က..."
"မင်းပြောကြည့်?"
ကျွန်မသိသွားပြီ။
ချင်းရို့ ခက်ခက်ခဲခဲ တွေးတောပြီးနောက် နာကျင်သွားရကာ ကလေးတွေရဲ့ ဖေဖေလက်မောင်းထဲသို့ သူမကိုယ်သူမ ပစ်ဝင်လိုက်ပြီး ရုတ်တရက်ပြောလိုက်၏။
"ကလေးတို့ပါးပါးရေ "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း" စာအုပ်ကို ဝယ်ဖို့ ကျွန်မ ရှင်းဟွာစာအုပ်ဆိုင်ကို သွားလိုက်ဦးမယ်"
က လေး တွေ ဖတ်ဖို့အတွက် ကြိုပြင် ဆင် ထားလိုက်မယ်လေ။
"က လေး တွေအတွက် ကြိုဝယ် ထားလိုက်လေ"
လုယန် သူမကို ပြုံးပြုံးလေးကြည့်ကာ ထောက်ခံပေးလာခဲ့သည်။ "ဝယ်လေ"
ဒီခေတ်မှာ "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"သည် ရောင်းအားအရမ်းကောင်းလှသည်။ ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များတွင် "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"ဟာ အရောင်းရဆုံးအဆင့်တွင် ထိပ်ဆုံးဟု ဆိုနိုင်ပါသည်။ လောလောဆယ် ထုတ်ဝေမှုသုံးကြိမ်ရှိနေပြီဖြစ်၏။
၁၉၆၁ခုနှစ်တွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီး ဒုတိယထုတ်ဝေမှုမှာ ၁၉၆၄ခုနှစ်တွင် ဖြစ်ခဲ့သည်။ ယခုလက်ရှိ ရှင်းဟွာစာအုပ်ဆိုင်တွင် ရောင်းချလျက်ရှိသော "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"မှာတော့ ၁၉၇၀ခုနှစ်တွင် တတိယအကြိမ်ထုတ်ဝေခဲ့ခြင်းပင်။
ချင်းရို့ ရှင်းဟွာစာအုပ်ဆိုင်သို့ ရောက်တဲ့အခါ "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"၏ တတိယအကြိမ်ထုတ်ဝေမှုတွင် အမှန်တကယ် အတွဲနှစ်ဆယ်ရှိကြောင်း တွေ့ရှိခဲ့ရလေသည်။
xxx