← Chapters

အခန်း (၁၈၃)

Vol. 16 Ch. 183

အခန်း (၁၈၃)

Vol. 16 Ch. 183

Ch-183

ချင်းရို့ ရှင်းဟွာစာအုပ်ဆိုင်သို့ ရောက်တဲ့အခါ "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"၏ တတိယအကြိမ်ထုတ်ဝေမှုတွင် အမှန်တကယ် အတွဲနှစ်ဆယ်ရှိကြောင်း တွေ့ရှိခဲ့ရလေသည်။

"ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"သည် အတွဲ ၂၀ရှိပြီး မကြာမီတွင် ၂၁တွဲမြောက်မှာ ထွက်ရှိလာတော့မယ်လို့ ဆိုသော်ငြား ချင်းရို့ကတော့ အတွဲ ၂၀လုံးကို ဝယ်ယူခဲ့သည်။

ချင်းရို့ ပေါ့ပေါ့ပါးပါး လှန်လှောကြည့်လိုက်ရုံနှင့် "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"၏ ဤဗားရှင်းတွင်လည်း ကောင်းကျိုးများစွာရှိပြီး အဖြေများတွင် ကိုးကားချက်များကို ဦးစွာကိုးကားထားခဲ့သော်လည်း အတွင်းမှ အကြောင်းအရာမှာ သင်္ချာ၊ ရူပဗေဒ၊ နက္ခတ္တဗေဒ၊ ပထဝီဝင်နှင့် မိုးလေဝသဆိုင်ရာ ဗဟုသုတမျိုးစုံရှိသည့်အပြင် စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများစွာတို့ပါရှိပြီး အမှန်တကယ်ပင် အလွန်အဆင်ပြေကြောင်း သူမတွေ့ရှိခဲ့သည်။

ဤစာအုပ်တွဲဟာ ယခုခေတ်တွင် ခေတ်စားလာတဲ့ သိပ္ပံပညာဆိုင်ရာ ရှားပါးစာအုပ်တစ်အုပ်လို့ သတ်မှတ်လို့ရသည်ပင်။

ခေတ်ပြိုင်သိပ္ပံပညာရေးရှိတဲ့ ကောလိပ်ကျောင်းသားတစ်ဦးအနေဖြင့် ချင်းရို့ ရှာဖွေတွေ့ရှိခဲ့ရသည်မှာ... အချို့သောအကြောင်းအရာများဟာ ကောလိပ်ဝင်ခွင့်စာမေးပွဲရဲ့ လိုအပ်ချက်တွေနှင့် ကိုက်ညီပုံပေါ်နေတယ်? ဒါတွေက သင်္ချာ၊ ရူပဗေဒ၊ ပထဝီဝင်၊ နက္ခတ္တဗေဒနဲ့ မိုးလေဝသဆိုင်ရာ ဗဟုသုတတွေလား? စာမေးပွဲကိုလည်း ကျော်ဖြတ်နိုင်လိမ့်မယ်နော်...

ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်စဖို့ကိုတော့ နောက်ထပ်နှစ်နှစ်လောက် စောင့်ရပေဦးမည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်စချိန်မှာ မေးခွန်းတွေက အရမ်းရိုးရှင်းနေလိမ့်မယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဂျူနီယာအလယ်တန်းကျောင်းသားတွေတောင်မှ အခြေခံကောင်းကောင်းရှိကြရာ တခြားသူတွေဆို ပြောမနေပါနဲ့တော့လေ။

အဆုံးမရှိတဲ့ ရာစုသစ်စာမေးပွဲမေးခွန်းများနှင့် နှိုင်းယှဉ်ပါက ယခုကောလိပ်ဝင်ခွင့်မေးခွန်းများက အရမ်းခက်ခဲလိမ့်မှာမဟုတ်မှန်း ချင်းရို့ ယုံကြည်ပေသည်။ ချင်းရို့သည် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပညာသင်ယူခဲ့ဖူးတဲ့ အသက်ကြီးကြီးသမိုင်းဆရာမတစ်ဦးဟာ သူတို့စာမေးပွဲတုန်းက 'နပိုလီယံကဘာလဲ'လို့ မေးတဲ့မေးခွန်းတစ်ခုလည်း ရှိခဲ့တယ်လို့ ပြောပြခဲ့တာကို ကြားခဲ့ဖူးပါသည်။

ထိုအကြောင်းကို လူတော်တော်များများ မသိခဲ့ကြပေ။ နောက်ပိုင်းတွင် သူမ အထက်တန်းပြသမိုင်းဆရာမဖြစ်လာခဲ့တဲ့အခါမှ သတိပြုမိခဲ့လေသည်။

ဆရာမက ထိုအချိန်တုန်းက အဖြေကို 'ကျိုးနေတဲ့ဘီးကို ယူသွားခြင်း'လို့ ရိုးရိုးသားသား ဖြည့်ပေးခဲ့ကြောင်း ချင်းရို့အား ပြောပြခဲ့ပါသေးသည်။

ချင်းရို့: "..."

ချင်းရို့သည် "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း" အတွဲတစ်တွဲကို တူလေးတူမလေးဖြစ်သူ ချန်ကျင်းဟွနှင့် ချန်ကျွမ်းကျွမ်းတို့ ဖတ်ရှုရန်အတွက် အစ်မဖြစ်သူနှင့် ခဲအိုအိမ်သို့ ပေးပို့ရန် စီစဉ်ထားခဲ့သည်။ ယခုအခါ သူတို့လေးတွေက အလယ်တန်းကျောင်းတက်နေကြပြီဖြစ်ပြီး သူတို့ ဘာမှလုပ်စရာမရှိတဲ့အခါ ဒီစာအုပ်တွေကို ဖတ်ရှုတာ ကောင်းတယ်လေနော်။

ချင်းရို့က "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း" နောက်တစ်စုံဝယ်ကာ အစ်မဖြစ်သူအိမ်သို့ ပေးပို့လိုက်သည်။ ခဲအိုက လှန်လှောကြည့်ပြီးနောက် ဘာမှလွှဲမှားနေကြောင်း မတွေ့ရသဖြင့် အနာဂတ်တွင် ကလေးနှစ်ယောက်ဖတ်ရှုဖို့အတွက် အပြင်ဘက်ခန်းမမှာ ထားထားခဲ့၏။

"ကျေးဇူးပါ ဒေါ်လေး"

ချင်းရို့သည် အစ်မဖြစ်သူအိမ်မှ ထွက်လာပြီးနောက် မူကြိုသွားရာလမ်းတွင် ကျောင်းအုပ်ဝူမင်နှင့် တွေ့လိုက်ရ၍ "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"၏ ပထမဗားရှင်းနှင့် ဒုတိယဗားရှင်း ရှိမရှိ မေးကြည့်ခဲ့သည်။

အစောပိုင်းကလေးများ၏ ပညာပေးဆရာတစ်ယောက်အနေဖြင့် ဝူမင်က "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း" စာအုပ်အများအပြားကို အမှန်တကယ်စုဆောင်းခဲ့သည်ပင်။

ပထမဗားရှင်းနှစ်မျိုးကို တစ်ချိန်က အတည်ပြုထားခဲ့ပြီးဖြစ်သော်လည်း ယခုအခါ ယင်းတို့မှာ ၇နှစ် သို့မဟုတ် ၅နှစ်ရှိပြီဖြစ်ပြီး အများစုမှာ ရောင်းကုန်ပြီးဖြစ်လေ၏။

"မင်း ပထမနဲ့ ဒုတိယဗားရှင်းကို ဖတ်ချင်လို့လား? ငါ မင်းကို အစုံလိုက်ပို့ပေးမယ်ဆို ဘယ်လိုလဲ? ငါ စုဆောင်းထားတာ အများကြီး ရှိတယ်လေ"

ပထမနှင့် ဒုတိယဗားရှင်း၏ အကြောင်းအရာမှာ တတိယဗားရှင်းလောက် အများကြီးမရှိပါပေ။ ဝူမင်က ယခင်ဗားရှင်းနှစ်ခုကို အများအပြား စုဆောင်းထားခဲ့သည်။

"အားနာစရာကြီး... ကျွန်မ ဒီတိုင်း တစ်ချက်ကြည့်ချင်လို့ ငှားရုံလေးပါပဲ"

"ဘာမှအားနာနေစရာမလိုပါဘူး၊ ငါ့မှာ နည်းနည်းဟောင်းနွမ်းနေတဲ့ နှစ်စုံရှိတယ်လေ။ ဒါကြောင့် ကျိုးကျိုးနဲ့ ဖက်ထုပ်လေးဖတ်ဖို့အတွက် လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပေါ့"

ကျောင်းအုပ်ဝူမင်က အမှန်ပင် ဟောင်းနွမ်းနေပြီဖြစ်တဲ့ စာအုပ်ဖြစ် ၍ ပေးလိုကြောင်း ချင်းရို့အား ဖျောင်းဖျပြောဆိုခဲ့သည်။

ချင်းရို့လည်း စာအုပ်တွေကို အိမ်သို့ပြန်ယူလာကာ စာအုပ်စင်ပေါ်တင်ထားလိုက်၏။

ယခုအခါ အိမ်ရှိ စာအုပ်စင်ပေါ်၌ အခြေခံအဘိဓာန်များနှင့် စာအုပ်အနီရောင်များအပြင် ယဥ်ကျေးမှုဆိုင်ရာစာအုပ်များ၊ လုကောရဲ့ စစ်သင်္ဘောဆိုင်ရာ၊ စစ်ဘက်ရေးရာ စာအုပ်များ၊ သူမရဲ့ ဝတ္ထုစာအုပ်များ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းစာအုပ်များစွာရှိပြီး ကလေးတွေရဲ့ "ဘာကြောင့်လဲမေးခွန်းရေတစ်သိန်း"လည်း ရှိလာလေပြီ။

ချင်းရို့က သူမရဲ့တင်ပါးပေါ် လက်ထောက်၍ အလွန်ကျေနပ်တဲ့အကြည့်တို့ဖြင့် ကြည့်နေလိုက်၏။

ချန်ကျွမ်းကျွမ်းနှင့် ချန်ကျင်းဟွတို့ဟာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြမယ့်သူတွေဖြစ်ကြသည်။ ချင်းရို့အတွက်မူ သူမစာမေးပွဲဖြေသင့်မဖြေသင့်၊ အခြေအနေကို အရင်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့၏။

၁၂လမြောက်နှောင်းပိုင်းတွင် နှစ်သစ်ကူးပွဲတော်ကို ကျင်းပဖို့ အဆင်သင့်ဖြစ်နေကြလေပြီ။ ဒီနှစ်မှာတော့ လုယန်နှင့် ချင်းရို့တို့နှစ်ယောက်တည်းသာ ကလေးတွေနှင့်အတူတူ နှစ်သစ်ကူးပွဲကို ဆင်နွှဲကြလေ၏။

နှစ်ကုန်တိုင်း လူတိုင်းဟာ အရသာရှိတဲ့ နှစ်သစ်ကူးညစာ ပြင်ဆင်ခြင်း၊ အဝတ်အစားအသစ်၊ အစားအသောက်၊ အိမ်ရာနှင့် သွားလာရေးယာဥ်များ ဝယ်ယူခြင်းတို့ ပြုလုပ်ကြပြီး အစားအသောက်နှင့် အဝတ်အထည်တို့မှာ ဦးစားပေးဖြစ်သည်ပင်။ အခုလို ခက်ခဲတဲ့အချိန်ကာလမျိုးမှာ နှစ်သစ်ကူးတွင် ပျော်ရွှင်ဖို့ပါပဲ။

ကလေးငယ်များကတော့ အဝတ်အစားသစ်တွေ ဝတ်ကြရ၍ အပျော်ရွှင်ဆုံးဖြစ်ကြ၏။

ချင်းရို့က ကလေးနှစ်ယောက်အတွက် ဝတ်စုံအသစ်နှစ်စုံ ချုပ်ပေးထားခဲ့ရာ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က အရမ်းပျော်မြူးနေကြပြီး နှစ်သစ်ကူးမှာ ဝတ်ဖို့ သိမ်းထားခဲ့ကြသည်။

"မားမား ဝတ် စုံအသစ် ဝတ် စုံအသစ် လေး!!!"

"ဝတ် စုံအသစ် လေးဝတ် !!"

"နှစ်သစ်ကူးအကြိုဖြစ်လို့ မိသားစုအားလုံး အဝတ်အစားသစ်တွေ ဝတ်ကြမယ်"

ချုံကျိုးကျွန်းသည် အဆင်ပြေလှ၏။ ဤနေရာရှိ အပူချိန်ဟာ မနိမ့်တဲ့အတွက် အထည်ဖိုး ချွေတာနိုင်သည်လေ။ ဒီနှစ်မှာ သူမ အချိန်ရရင်တော့ ကွမ်ချန်မှာ အထည်စကောင်းကောင်းတွေ သွားဝယ်ထားလိုက်မယ်။

၁၉၇၅ ခုနှစ် ကွမ်ချန်၌ ပိုမိုကောင်းမွန်တဲ့ အထည်စတွေ ရှိလာသင့် ပြီလေ။

အချိန်တန်ရင် ကလေးလေးတွေအတွက် အဝတ်အစားလှလှလေးတွေ များများချုပ်ပေးမယ်။

သို့သော်လည်း ကလေးတွေက ငယ်သေးသလို အထည်စလှလှလေးတွေဟာ လေဝင်လေထွက်မကောင်းပါပေ။ ကလေးတွေအတွက် ချွေးစုပ်ပြီး အသက်ရှုရလွယ်ကူတဲ့ ချည်ထည်တွေကိုပဲ အသုံးပြုရန် အဆင်ပြေဆုံးပင်။

"ရှောင်ချင်းရေ နင်ချုပ်ထားတဲ့အဝတ်အစားတွေကို ငါတစ်ချက်လောက် ကြည့်ပါရစေဟယ်၊ နင် ဒီပေါ်မှာ ခေါင်းကြီးကြီးငါးလေးကို ဘယ်လိုချုပ်လိုက်တာတုန်း?"

မကြာသေးမီက အိမ်မှာ အပ်ချုပ်စက်ဝယ်ခဲ့သော လီချင့်ဟွားက ချင်းရို့ထံမှ သင်ယူရန် လုမိသားစုအိမ်သို့ရောက်လာခဲ့သည်။

သူမအိမ်မှာရှိတဲ့ အပ်ချုပ်စက်ဟာ သူမအတွက်တင်မဟုတ်ပါပေ။ သူမယောက္ခမနှင့် ယောက်မလျိုရှောင်ယွီတို့က အပ်ချုပ်စက်ကို သူတို့အပိုင်ပဲ ဖြစ်စေချင်နေကြသည်လေ။

လီချင့်ဟွားရဲ့ ယောက္ခမသည်လည်း ထူးဆန်းလှသည်ပင်။ သူမ ကျွန်းပေါ်သို့ ရောက်တဲ့အခါ အမှန်ပင် ပြန်မသွားလိုတော့ပေ။ သူမယောက်မတောင်မှ ဤနေရာရှိ အရာရှိတစ်ဦးနှင့် အိမ်ထောင်ပြုဖို့ ခင်ပွန်းတစ်ယောက်ရှာဖွေချင်ခဲ့ပေမယ့် သင့်လျော်သူတစ်ဦးမှ ရှာမတွေ့ခဲ့သေးလို့သာ။

ယောက်မဖြစ်သူဟာ သူမအား သဘောကျကြသူများကိုတော့ သူမက သဘောမတွေ့ပါပေ။ ထိုသူတွေက အသက်ကြီးလွန်းကြသူများ၊ ကွာရှင်းထားပြီး ကလေးရှိသူများ ဖြစ်ကြရာ သူမ အိမ်ထောင်ပြုလိုက်ပါက မိထွေးတစ်ဦးဖြစ်လာလိမ့်မည်ပင်။ သူမက လူလွတ်အရာရှိလူငယ်များကို သဘောကျပေမယ့် သူတို့ကတော့ သူမကို အထင်သေးကြသည်ပင်။

ဒီယောက်မဖြစ်သူကတော့ အမြင့်မှန်းပြီး သူမအစ်ကိုဖြစ်သူနှင့် အမြဲ ယှဥ်ပြိုင်တတ်သူပင်။ သည့်အပြင် လီချင့်ဟွားက မကြာခဏ ချင်းရို့နှင့် အဆက်အဆံရှိပြီး ခေါင်းဆောင်လုကို တွေ့ဆုံခဲ့ရသည်လေ။ ဆိုလိုသည်မှာ သူမ "အမြင်အာရုံက ဦးခေါင်းထိပ်ထက်ပိုမြင့်မြင့်ထားရမယ်" ["ရန်ကောင်းယွီတင်"] 
(မာနကြီးထားရမယ်လို့ ပြောတာပါ)

သူမယောက်မထက် မဆိုးရွားချင်ဘူးလေ။

xxx

All Chapters