← Chapters

အခန်း (၁၈၄)

Vol. 16 Ch. 184

အခန်း (၁၈၄)

Vol. 16 Ch. 184

Ch-184

ဒီလိုရာထူးနှင့် အိမ်ထောင်မပြုရသေးတဲ့ လူငယ် အနည်းအကျဥ်းသာရှိပေသည်။ တခြားအရာတွေမှာတော့ တခြားသူတွေ ဘာမှမဟုတ်မှာကို စိုးရိမ်ပြီး သူမ လောင်းကြေးမချရဲခဲ့ပေ။

နိုင်ငံရေးအရာရှိလျိုက သူ့ညီမကို လူတွေနှင့် အကြိမ်ကြိမ် မိတ်ဆက်ပေးခဲ့ပြီးနောက် မိတ်ဆက်ပေးခြင်းကို ရပ်တန့်လိုက်ကာ သူမလုပ်ချင်သလိုသာ လုပ်ခွင့်ပေးထားလိုက်၏။

လီချင့်ဟွားရဲ့ ယောက်မဟာ ကျွန်းပေါ်တွင် နေထိုင်ခဲ့ပြီး မိသားစုခြံဝင်းမှ ညီအစ်မတချို့နှင့် သူငယ်ချင်းလုပ်ထားကာ လူတွေနှင့် သူမကို မိတ်ဆက်ပေးရန် တောင်းဆိုခဲ့ပါသေးသည်။

မိတ်ဆက်ပေးတာတွေ အများအပြားရှိသော်ငြား သင့်လျော်တဲ့ ကိုယ်စားလှယ်လောင်းများစွာ မရှိပါပေ။

သည့်အပြင် လူတွေက သူမယောက်မဟာ လီချင့်ဟွားမှန်း သိသွားကြချိန်တွင် ဒီမိန်းကလေးကို အနာဂတ်မှာ ဇနီးအဖြစ် အိမ်ပြန်ခေါ်ဆောင်လာသင့်မသင့် သီးသန့်စဥ်းစားဖို့ လိုပါသေးသည်။ သူမကို ဘိုးဘေးအဖြစ် ဆက်ဆံနေရမယ်ဆိုရင်...

ယောက်မက ငိုယိုကာဖြင့် "ယောက်မ နင်က ငါ့ဂုဏ်သိက္ခာကို ဖျက်စီးပစ်လိုက်တာပဲ!"

လီချင့်ဟွားက သူမဘာသာ စဥ်းစားနေလျက်၊ နင့်ဘာနင်အကျင့်မကောင်းတာ ငါ့ကိုလိုနေသေးလို့လားဟယ်။

နင်က ငါတို့အိမ်မှာ အလကားလာစားသောက်နေပြီးတော့ အိမ်မှာလည်း ဘာမှလုပ်ပေးဘူးလေ။ မိသားစုခြံဝင်းကလူတွေ မျက်စိကန်းနေတာမဟုတ်ဘူးဟဲ့၊ နင် ဘယ်လိုမိန်းမမျိုးလဲဆိုတာ သူတို့မသိဘဲနေမလား...

လီချင့်ဟွားမှာ ယခုထိတိုင် အတည်တကျအလုပ်တစ်ခုရှိသလို သူမကိုယ်ပိုင်ငွေရှာနိုင်သဖြင့် မိသားစုအိမ်မှာ နေထိုင်ရတာ မဆိုးပါချေ။ ထို့ကြောင့် အိမ်မှာလာနေတဲ့ သူမယောက္ခမနှင့် ယောက်မတို့ကို လတ်တလောတော့ ဂရုမစိုက်နိုင်သေးပေ။

ဘာပဲဖြစ်ဖြစ် သူမယောက်မ အိမ်ထောင်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သူမ,လီချင့်ဟွားနဲ့ ဘာမှမဆိုင်ဘူးလေနော်။

"ရှောင်ချင်းရေ နင့်ဆီက စကေးတွေကို ငါလာသင်တာ။ နောင်ကျ ငါ့သမီးလေးအတွက် အဝတ်အစားလှလှလေးတွေ ချုပ်ပေးချင်လို့"

"ငါ မြို့ထဲမှာ မူလတန်းကျောင်းသားလေးတွေကို တွေ့လိုက်လို့လေ။ ကောင်မလေးတွေက ကျောင်းဝတ်စုံတွေလို စကတ်လှလှလေးတွေ ၀တ်ထားကြတယ်ဟယ်။ အရမ်းလှတာပဲ။ အခု ငါ့မှာ သမီးတစ်ယောက်ရှိပြီဆိုတော့ နောင်ကျ သူမလေးကို ပိုဆင်ပေးမလို့"

"ဆိုရိုးတစ်ခုရှိတယ်မဟုတ်လား... ချစ်လှစွာသောမေမေရဲ့ လက်ထဲက ချည်မျှင်ဟာ လှည့်လည်လျှောက်သွားနေတဲ့ကလေးအတွက်လေ၊ ဟီးဟီး..."

ချင်းရို့ တကျစ်ကျစ်ပြုလုပ်ကာ ပြုံးလျက် အမေအိုကြီးတွေက ဒီလိုပဲ အတူတူတွေးနေကြသလားလို့ သိချင်မိသွားရသည်။

သို့သော် လီချင့်ဟွားက သူမရဲ့သမီးငယ်လေးအတွက် စကတ်လှလှလေးတွေကို ချုပ်ပေးနိုင်တာကို သူမ အလွန်မနာလိုဖြစ်မိလေရဲ့။

ကောင်ငယ်လေးတွေအတွက် ဘာများထူးထူးခြားခြား လုပ်နိုင်မလဲနော်? ယောကျ်ားလေးတွေရဲ့ အဝတ်အစားက ဒီအတိုင်းတွေချည်းပဲလေ၊ အင်္ကျီနှင့် ဘောင်းဘီတိုတွေပဲဟာ။

မိန်းကလေးတွေရဲ့ အဝတ်အစားတွေဆိုရင်တော့ အများကြီးပြောင်းလဲသွားတာပေါ့။

သူမမှာ သမီးလေးမရှိလို့ ဝမ်းနည်းစရာပါပဲနော်...

"ဟွားဟွားမားရေ ဒီကိုလာခဲ့။ ငါ နင့်ကို ရိုးရှင်းပြီး လှပတဲ့ ပုံစံလေးတွေ ဆွဲပေးလိုက်မယ်။ အဲဒီအတိုင်းသာလိုက်လုပ်၊ အဲဒါတွေက ရိုးရှင်းပြီး ကလေးမလေးတွေအတွက် အရမ်းသင့်တော်တယ်နော်"

လီချင့်ဟွား ရောက်လာကာ ကြိုးကြိုးစားစား လေ့လာသင်ယူခဲ့၏။ သူမ သင်ယူပြီးသည်နှင့် ချင်းရို့အား သူမအိမ်ဆီ သွားဖို့မေးမြန်းလိုက်သည်။

"ငါ့အိမ်မှာ ပိန္နဲသီးလာစားလေ။ ငါ နည်းနည်းခူးထားတာ၊ အားလုံးစားမကုန်ပါဘူးဟယ်"

"ပြီးတော့ ငါ့သမီးလေးထျောင့်ထျောင့်ကို လာကြည့်ပါဦးဟယ်၊ သူမလေးက ဒေါ်လေးချင်းကို လွမ်းနေတာတဲ့"

"ကောင်းပြီ"

ချင်းရို့ လျိုမိသားစုအိမ်သို့ လီချင့်ဟွားနောက်မှ လိုက်သွားခဲ့သော်လည်း အိမ်ထဲမဝင်ခင်မှာ လီချင့်ဟွားရဲ့ ယောက္ခမက သူ့မြေးနှစ်ယောက်ကို ခြံဝင်းထဲမှာ သင်ပေးနေတာကို ကြားလိုက်ရလေသည်။

"နင်တို့က ငါတို့လျိုမိသားစုဝင်တွေ၊ နင်တို့အမေ လီချင့်ဟွားက အပြင်လူပဲ။ အပြင်လူတွေကို မနမ်းရဘူး။ နင့်အဖေ၊ အဖွားနဲ့ အဒေါ်ကိုပဲ နမ်းရမယ်"

ချင်းရို့ အပြင်ကနေ ကြားလိုက်ရ၍ လီချင့်ဟွားကို လှမ်းကြည့်လိုက်၏။

လီချင့်ဟွားရဲ့ ယောက္ခမက အိမ်မှာ ကလေးတွေကို ဒီလိုတွေသင်ပေးနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

"နင်တို့ကြားရဲ့လား? နင့်အမေက အပြင်လူပဲ၊ သူမက အပြင်လူဖြစ်လို့ နင်တို့အပေါ် တကယ်ကောင်းမှာမဟုတ်ဘူး"

လျိုယွဲ့က ဒါကိုကြားတဲ့အခါ စကားပြောရပ်လိုက်သဖြင့် သူ့အဖွားက သူ့နားမှာ ပြဿနာရှိနေတာပဲလို့ ပြောလာခဲ့သည်။

ကလေးမလေးထျောင့်ထျောင့်က အသက်ငယ်သော်လည်း သံသယဝင်နေမိသေးဆဲ။ သူမလေးက စကားပြောတာကို စောစောသင်ယူခဲ့သလို လျှာစောင်းလည်း ထက်ပေ၏။

"ဟွားဟွားမားက ဘာလို့ အပြင်လူဖြစ်ရမှာလဲ?"

"ဘာလို့လဲဆိုတော့ နင်တို့အားလုံးရဲ့ မျိုးရိုးနာမည်က လျိုလေ၊ နင်တို့က လျိုမိသားစုဝင်တွေပဲ"

"အဖွားရဲ့ မျိုးရိုးကရော လျိုပဲလား?"

လျိုဖွားဖွား: "... ငါက လျိုမိသားစုထဲ လက်ထပ်ဝင်ခဲ့တာလေ၊ ငါလည်း လျိုမိသားစုဝင်တစ်ယောက်ပဲ"

လျိုယွဲ့: "ဒါဆို မားမားကရော ဘာလို့မဖြစ်ရမှာလဲ? သူမကလည်း လျိုမိသားစုထဲ လက်ထပ်ခဲ့တာပဲမလား?"

လျိုဖွားဖွား: "နင့်အမေက ငပျင်းမ၊ လောဘလည်းကြီးသေး။ သူမက လျိုမိသားစုဝင်ဖြစ်ဖို့ မထိုက်တန်ဘူး"

"သားရဲ့အဒေါ်လည်း ပျင်းတာပဲလေ၊ လောဘလည်းကြီးတယ်။ သူမလည်း လျိုမိသားစုဝင်ဖြစ်ဖို့ မထိုက်တန်ဘူးပေါ့"

လျိုဖွားဖွား: "... နင့်အဒေါ်မှာ နင်နဲ့တူတဲ့ မျိုးရိုးနာမည်ရှိတယ်ဟဲ့"

"မီးမီးကတော့ အဖွားနဲ့ တစ်မိသားစုဝင် မဖြစ်ချင်ပါဘူးနော်။ မီးက ဟွားဟွားမားနဲ့ပဲ မိသားစုလုပ်မှာ၊ မီးလည်း ပျင်းတယ်၊ လောဘကြီးတယ်နော်"

လျိုယွဲ့: "သားရောပဲ"

လျိုယွဲ့က ထပ်ပေါင်းပြောလိုက်၏။

"သားပါးပါးက ပျင်းလည်းမပျင်းဘူး၊ လောဘလည်း မကြီးဘူးဆိုတော့ သားပါးပါးကသာ အပြင်လူပဲ"

သူတို့မိသားစုထဲမှာ သူ့ပါးပါးကလွဲပြီးတော့ အားလုံးက ပျင်းရိပြီး လောဘကြီးနေကြတာပဲ မဟုတ်လား? သူနဲ့ သူ့ညီမလေးရော၊ မားမားရော၊ ဖွားဖွားရော၊ ဒေါ်လေးရောက မိသားစုဝင်တွေဖြစ်ကြမှာလေ။

"ဖွားဖွား မီးတို့က မိသားစုတွေနော်၊ ပါးပါးကို မနမ်းနဲ့"

လျိုဖွားဖွားက အသက်ပြင်းပြင်းရှူရင်း "ဟင်း..."

အပြင်ဘက်မှ ချင်းရို့: "..."

ချင်းရို့သည် လီချင့်ဟွားက အသင်အပြကောင်းတာပဲလို့ တွေးရင်း သူမအား ကြည့်လိုက်လေသည်။

"မားမား ပြန်လာပြီလား?"

"ဟွားဟွားမား *ချင်းအားရီ" (*ဒေါ်လေးချင်း)

လီချင့်ဟွားသည် ယောက္ခမလျိုနှင့် သူမကလေးတွေရဲ့ စကားဝိုင်းကို ကြားလိုက်ရင်တောင်မှ သူမကတော့ ဘာမှမကြားလိုက်သလိုမျိုး အိမ်ထဲ လျှောက်ဝင်လာခဲ့သည်။ ယောက္ခမလျိုက သူမကို မြင်တဲ့အခါ အပြစ်ရှိသလို ပြုံးပြနေလျက်။

သူမ ချွေးမနောက်ကွယ်မှာ မကောင်းကြောင်းပြောနေတဲ့ချိန် လီချင့်ဟွား တိုက်ရိုက်ကြားသွားလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။

ဘာပဲပြောပြော ဒါက အရမ်းရှက်စရာကောင်းတယ်လေ...

"ထျောင့်ထျောင့်ရေ မီးမီးရဲ့ ဒေါ်လေးချင်းကို ခေါ်လာခဲ့ပြီနော်။ မားတို့မိသားစုက ဘယ်လို အ၀တ်အစားလှလှလေးတွေ လုပ်ချင်တာလဲလို့ ဒေါ်လေးချင်းကို ပြောပြရအောင်လေ"

နှစ်ပေါင်းများစွာ ဉာဏ်ရည်နှင့် သတ္တိတို့ဖြင့် တိုက်ပွဲဝင်ခဲ့ပြီးနောက် လီချင့်ဟွားက ယောက္ခမဖြစ်သူကို လုံးဝစိတ်ထဲထည့်မထားတော့သလို ယောက္ခမနှင့် ယောက်မအား မပြောင်းမလဲ အေးစက်စက်အကြည့်ဖြင့် ကြည့်၍ သမီးဖြစ်သူကိုသာ တိုက်ရိုက်ပြောလိုက်လေ၏။

သူမက ကမ်းခြေမှာ ငါးဆားနယ်တစ်ကောင်လို ပြားကပ်ကပ် လဲလျောင်းပြီး နေပူထဲမှာ မလှုပ်မယှက်ဘဲ နေနေသရွေ့တော့ ယောက္ခမနှင့် ယောက်မလည်း ဘာမှမတတ်နိုင်ကြဘူးလေ။

လီချင့်ဟွားသည် ပြင်ပလူတွေ ဘာပြောပြော ကိစ္စမရှိကြောင်း၊ ကိုယ့်ဘဝကိုယ် သက်တောင့်သက်သာနေထိုင်ဖို့သာ အရေးအကြီးဆုံးဖြစ်ကြောင်း နားလည်ထားခဲ့သည်မှာ အချိန်တော်ကြာပြီဖြစ်၏။

ဒီနှစ်ယောက်ကို စိတ်မဆိုးပါဘူးနော်...

သူမက သူတို့ကို ပိုဂရုစိုက်လေလေ သူတို့နှင့် ပိုရန်ဖြစ်ငြင်းခုန်ရလေလေဖြစ်ပြီး စိတ်ဆိုးဒေါသထွက်ရမယ်လေ။

သူတို့ကို အိမ်မှာ မွေးမြူထားတဲ့ ငါးတွေလို ဆက်ဆံတာက ပိုကောင်းပါတယ်နော်၊ သူတို့ လုပ်စရာမရှိတဲ့အခါ ရေထဲမှာ ခုန်ပေါက်နေတာကို အပျင်းပြေ ကြည့်ရတာပေါ့လေ။

သူမယောက္ခမနှင့် ယောက်မတို့ သီချင်းဆိုတဲ့အခါတွင်လည်း လီချင့်ဟွားက ဖရုံစေ့စားရင်း ကြည့်နေလိုက်တယ်လေ။

အိမ်က ဝင်ငွေတွေဟာ သူမလက်ထဲမှာပဲ ဖြစ်တာကြောင့် သူမ စားချင်တာ၊ ဝယ်ချင်တာ ဘာဖြစ်ဖြစ် ရနိုင်သလို ဒီလူနှစ်ဦးနဲ့လည်း တိုက်ခိုက်နိုင်လေရဲ့။ ဒါတွေအားလုံးဟာ သူမ ဗိုက်ပြည့်နေလို့ပါပဲ။ ဒီတော့ သူတို့နှစ်ယောက် ဖျော်ဖြေနေတာကို ကြည့်ရင်း စားဖို့ ပိန္နဲသီးကို မထုတ်လိုက်ရမှာလဲနော်? လီချင့်ဟွား အရမ်းပျော်နေတယ်လေ။

ယောက္ခမနဲ့ ယောက်မ: "..."

သူမရဲ့ သားနှင့်သမီးက အေးချမ်းပြီး အကောင်းမြင်တတ်ကာ ဘဝကို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဟွားဟွားမားနှင့် အချိန်ဖြုန်းရတာကို ပိုနှစ်သက်ကြ၏။

"မားမား ဒီည ဘာစားကြမှာလဲဟင်?"

"ကန်တင်းမှာ ကြိုက်တာစားလို့ရတယ်"

ထိုအချိန်တွင် ယောက္ခမဖြစ်သူက စေ့စပ်ခြိုးခြံစွာ ပြောလာခဲ့သည်။

"နင် ပိုက်ဆံတွေကို ဘာလို့ဖြုန်းနေတာလဲ? ရှောင်ယွီနဲ့ ငါ ထမင်းချက်လို့ရတယ်"

"ပိုက်ဆံစုဖို့ အိမ်မှာပဲ စားကြတာပေါ့"

လီချင့်ဟွားက သူမကို ဂရုမစိုက်စွာဖြင့် "ကျွန်မ ကန်တင်းမှာ စားချင်လို့"

ကလေးတွေလည်း သဘာဝအတိုင်း သူမနောက်မှလိုက်ကာ ကန်တင်းတွင် စားသောက်ကြသည်။ ဘာပဲဖြစ်ဖြစ် မိသားစုထဲက ကလေးနှစ်ယောက်ဟာ ကန်တင်းက အစားအသောက်တွေ အများကြီးမစားနိုင်ဘူးလေ။

ယောက္ခမနှင့် ယောက်မကတော့ အိမ်မှာပဲ ထမင်းချက်စားကြသည်။ သူတို့ရွာမှာ ချက်နေကျအတိုင်း ဆီနည်းနည်း၊ ဆားနည်းနည်းနှင့်သာ ချက်ပြုတ်လေ့ရှိသဖြင့် သူမသား နိုင်ငံရေးအရာရှိလျိုကိုယ်တိုင်ကတောင် သူ့အမေချက်တဲ့ဟင်းတွေကို မစားချင်ခဲ့။

ယောက္ခမနှင့် ယောက်မတို့ဟာ ခဏလောက် ကိုယ်ပိုင်ချက်ပြုတ်စားသောက်နေခဲ့ရစဥ် လီချင့်ဟွားနှင့် ကလေးနှစ်ယောက်ကတော့ "အရသာရှိတဲ့ အစပ်အစားအစာတွေ"ကို စားခဲ့ကြသည် - သို့ရာတွင် ကန်တင်းရှိအစားအစာတွေဟာ သာမာန်လက်ရာသာရှိပေမယ့် တခြားသူတွေရဲ့ ဟင်းလျာတွေမှာ အသားတွေပါနေသည့်အချက်ကိုတော့ သည်းမခံနိုင်ဘူးလေ။

လီချင့်ဟွားက နေ့တိုင်း အသားစားနေရပေမယ့် သူတို့ကတော့ စွပ်ပြုတ်နှင့် ရေကိုပဲ စားနေခဲ့ရတာကို သူတို့ သည်းမခံနိုင်တော့တာကြောင့် ကန်တင်းမှာပဲ အတူတူလိုက်စားခဲ့ကြသည်။ 
လီချင့်ဟွားကိုယ်တိုင် အိမ်မှာ ငါးပြုတ်တဲ့အခါမှသာ ယောက္ခမနှင့် ယောက်မကို ကျွေးမွေးခဲ့သည်ပင်။

"ဒါ နင့်အတွက် ဟာသတစ်ခုဖြစ်သွားရပြီဟယ်။ ငါ့ယောက္ခမက ပိတ်ရက်တိုင်း ကလေးတွေနဲ့ ဒီလိုစကားတွေ ပြောရတာ ကြိုက်တယ်လေ" ယောက္ခမရှေ့မှာ လီချင့်ဟွားက ချင်းရို့အား ပျော်မြူးစွာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်၏။

xxx

All Chapters