အခန်း (၁၈၆)
Vol. 16 Ch. 186
Ch-186
သို့သော် ထိုအချိန်တွင် လီချင့်ဟွား ရုတ်တရက် ရယ်မောလာကာ "သူ့မိသားစုရဲ့ ခေါင်းဆောင်လုက မျက်စိကန်းနေတာမှမဟုတ်ပဲ။ ဒီတော့ သူ ရှောင်ချင်းနဲ့ ကွာရှင်းချင်မှာမဟုတ်ဘူးလေ၊ ငါသာ ယောက်ျားတစ်ယောက်ဆိုရင် ရှောင်ချင်းနဲ့ပဲ လက်ထပ်ချင်တာပါနော် ဟားဟားဟား..."
"သူမက လှလည်းလှ၊ သီချင်းလည်းဆိုနိုင်တဲ့အပြင် ကြေညာသူလည်းဖြစ်တယ်လေ။ ဘာပဲဖြစ်ဖြစ် သူမက ငါ့ထက် အများကြီး ပိုကောင်းနေတာကို"
"ရှောင်ချင်း ဘယ်လောက်ပဲ လှလှလေး၀တ်နေပါစေ သူမရဲ့ လောင်လုက သူမကို အထင်လွဲမှာမဟုတ်ဘူး။ ခေါင်းဆောင်လုက သူမကို အပြင်မထွက်စေချင်ဘူး၊ တခြားယောက်ျားတွေနဲ့ မပေါင်းစေချင်ဘူးဆိုရင် ဒါ သူ့စိတ်ရောဂါဖြစ်နေတာ မဟုတ်ဘူးလား? သာမာန်လူတွေက အဲဒီလိုမတွေးကြဘူးလေ"
"ရှောင်ယွီရေ နင်က ငါ့လိုပဲ ကျေးလက်ကလာတဲ့သူဆိုတော့ နင့်မှာ ဗဟုသုတအများကြီးမရှိတာ မို့ နင် ဒီလိုတွေပြောနေတာပဲ။ ဟားဟား အပြင်လူတွေရှေ့မှာ နင် ရှက်စရာကြီးဟာ... နင့်ရဲ့အတွေးအမြင်တွေက အရုပ်ဆိုးလွန်းပြီး အကြမ်းထည်ဆန်လွန်းတယ်..."
ချင်းရို့: "..."
စကားပြောသည့်အခါတွင် လီချင့်ဟွားက ပိုတော်မှန်း သူမသိလိုက်လေပြီ။ ဆဲဆိုတဲ့အခါမှာတောင်မှ ခပ်ရိုင်းရိုင်းစကားတွေတစ်လုံးမှ မပါဘူးပဲ။
ကျန့်ချောင်လင်က လျှာတောက်လိုက်ရင်း နံဘေးမှ ပြပွဲကို ကြည့်နေလိုက်၏။
လျိုမိသားစုရဲ့ လီချင့်ဟွားပြောတဲ့ စကားလုံးတိုင်းက အမှန်တွေချည်းပဲလေ။ အပြင်လူအမြင်မှာလည်း ဒါဟာ ထူးထူးဆန်းဆန်းကို သက်တောင့်သက်သာဖြစ်နေလေရဲ့။
ကျန့်ချောင်လင် ကျိတ်ရယ်နေရင်း "ရှောင်ယွီရေ နင်က လူကောင်းတစ်ယောက်ပါဟာ။ ဒါပေမဲ့ နင်က ဗဟုသုတနည်းလို့ပါပဲ။ နောင်မှာ နင် မိသားစုခြံဝင်းထဲက ညီအစ်မတွေဆီက ပိုသင်ယူသင့်တယ်နော်။ နင် များများပိုလေ့လာပြီး တခြားသူတွေကို လျှော့သင်ပေးသင့်တယ်"
လျိုရှောင်ယွီ မျက်နှာမှာ နီမြန်းသွားပြီး လီချင့်ဟွားကို စကားမပြောဘဲ စိုက်ကြည့်နေခဲ့သည်။
လီချင့်ဟွားက သူမကို စိုက်ကြည့်ခွင့်ပေးထားလိုက်ပြီး တမင်တကာ သက်ပြင်းချ၍ "ရှောင်ယွီရယ် နင့်ခေါင်းပေါ်မှာ ပန်းတွေပန်ထားတယ်..."
"ပန်းပန်တာ ဘာဖြစ်တုန်း?"
"ငါပြောချင်တာက နင်က ရှောင်ချင်းထက် နှစ်နှစ်ကြီးတယ်လေဟယ်။ ဒါကြောင့် တခြားသူတွေရှေ့မှာ ငယ်ရွယ်ချင်ယောင်မဆောင်နဲ့လို့"
လျိုရှောင်ယွီ သူမလက်ထဲမှ ကတ်ကြေးကို ပစ်ချလိုက်ပြီး ဒေါသတကြီး အခန်းထဲသို့ ပြေးဝင်သွားတော့သည်။
ယင်းကို ကျန့်ချောင်လင် မြင်လိုက်တဲ့အခါ သူမလည်း ပြန်တော့မယ်လို့ ဆိုလာလေပြီ။ အပ်ချုပ်စက်ရှိတဲ့ အိမ်တွေ အများကြီးရှိတယ်လေ၊ ဒီမိသားစုမှာပဲ ရှိတာမဟုတ်ဘူးလေနော်။
ချင်းရို့လည်း သူတို့ရဲ့ "သမီးယောက်မ" ဆက်ဆံရေးကို ဖျောင်းဖျဖို့ ဟန်ဆောင်ပန်ဆောင် ဘာမှမပြောခဲ့ပေ။
လျိုမိသားစုရဲ့ ယောက္ခမနှင့် ယောက်မက တကယ့်ကိုပဲ...
ဒါပေမယ့် သူမ လီချင့်ဟွားကို ကြည့်လိုက်တဲ့အခါ သူမဟာ "ဒီအခိုက်အတန့်"ကို ကြည်နူးနေပုံရတယ်နော်။
အကြောင်းသည်ကား နတ်ဆိုးတွေဟာ သူတို့ကိုယ်ပိုင် စစ်ဆေးစမ်းသပ်မှုနှင့် အတိဒုက္ခဆင်းရဲတို့ ရှိရမည်ဖြစ်တာကြောင့်ပဲလား...
လျိုမိသားစုဟာ "ယောက္ခမလာပြီဟေ့"ဆိုတဲ့ မိသားစုဒရာမာဇာတ်လမ်းကို နေ့စဥ် တင်ဆက်နေသည့်အလား။
ချင်းရို့ အိမ်ပြန်ခါနီးတွင် လီချင့်ဟွားက သူမကို အပြင်ဘက်သို့ လိုက်ပို့ပေးပြီး သူမအတွက် လတ်လတ်ဆတ်ဆတ် ပိန္နဲသီး ခူးပေးမယ်လို့ ဆိုချေသည်။
နှစ်ယောက်သား အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသည်နှင့် တံခါးဝမှာ အရပ်ရှည်ရှည်ကိုယ်လူချောလေးတစ်ယောက်နှင့် သူ့နံဘေးမှာ ကောင်ငယ်လေးနှစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုအမျိုးသားက သေသေသပ်သပ် စစ်ယူနီဖောင်းကို ၀တ်ဆင်ထားပြီး ဦးထုပ်အောက်မှာရှိနေတဲ့ သူ့မျက်လုံးတွေကတော့ ကြယ်ပွင့်လေးတွေအလား၊ သူ့နှာတံသည်လည်း ဖြောင့်စင်းနေလျက်။ ထိုသူက ချင်းရို့ကို မြင်တဲ့အခါ ချက်ချင်းပြုံးသွားသလို သူ့ဘေးနားရှိ ကလေးလေးနှစ်ယောက်လည်း "မားမား..."လို့ အော်ဟစ်ခုန်ပေါက်ရင်း အပြေးလာလေသည်။
"ကလေးတွေနဲ့တူတူ မင်းကို လာကြိုတာ"
ချင်းရို့ စကားမပြောနိုင်ဖြစ်သွားရလျက် "ဒါက မိသားစုခြံဝင်းထဲမှာပဲလေ၊ ရှင်တို့ ဘာလို့ လာကြိုနေတာတုန်း?"
နံဘေးရှိ လီချင့်ဟွားက လုယန်ကို တွေ့လိုက်တဲ့အခါ အလွန်ပျော်ရွှင်သွားရလျက်။
သူမက သန်မာတဲ့လူတစ်ယောက်ကို ဖမ်းမိသွားပြီလို့ တွေးလိုက်ကာ "နင့်လောင်လုက ဒီကိုအချိန်မီလေး ရောက်လာတာပဲဟယ်။ ငါ နင့်အတွက် အကြီးဆုံးကို ရွေးပေးလိုက်မယ်၊ နင့်ရဲ့လောင်လု ရောက်နေပြီဆိုတော့ နင်နဲ့အတူ လိုက်သယ်ပေးဖို့ ငါ့ကိုမလိုတော့ဘူးနော်"
"အရမ်းကြီးစရာမလိုပါဘူးဟယ်၊ ငါတို့မိသားစုလည်း စားမကုန်ဘူး"
လီချင့်ဟွား ကမန်းကတန်းပြောလာခဲ့သည်
"ရှောင်ချင်းရယ် နင် ငါ့ကိုကယ်တင်ပါနော်။ ငါတို့မိသားစုလည်း စားမကုန်ဘူးလို့၊ အများကြီးပဲ"
နောက်ဆုံးတွင်မူ လုယန်က ဘဲဥပုံသဏ္ဍာန်ပိန္နဲသီးကို သယ်ကာ ချင်းရို့က ကလေးနှစ်ယောက်လက်ကိုဆွဲပြီး မိသားစုလေးယောက်သား အတူတူ အိမ်ပြန်ခဲ့ကြသည်။
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးက ယခုအချိန်မှာ အငြိမ်မနေနိုင်ကြသေးပေ။ သူတို့မေမေနှင့် ခဏလောက်သာ လက်တွဲထားပြီးနောက် လက်ဖြုတ်လိုက်ကြပြီး သူတို့ပါးပါးမားမားကို စက်ဝိုင်းပုံဝန်းရံလျက် လှည့်လည်နေရင်း ပျော်မြူးစွာ တခစ်ခစ်ရယ်နေကြလေ၏။
အနှီစက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်တဲ့ အလေ့အကျင့်ဟာ သူတို့လေးတွေအတွက် ဂိမ်းတစ်ခုဆော့ကစားနေသည့်အလား။
ချင်းရို့ သူမဘေးနားရှိလူကို ကြည့်လိုက်ပြီး သူ့ကို ခေါင်းတစ်ချက်ငုံ့ခိုင်းကာ ဦးထုပ်ပြန်ဆောင်းပေးလိုက်ရင်း
"လုယန် ရှင်က ကျွန်မလူပဲ"
ယနေ့ တစ်ယောက်ယောက်က သူမကလေးတွေရဲ့ မိထွေးဖြစ်ချင်တယ်လို့ သူမရှေ့မှာ တစ်စုံတစ်ယောက်က ပြောခဲ့တာကြောင့် ချင်းရို့ အရမ်းကို ဒေါသထွက်ခဲ့ရသည်။ သူမရဲ့ တစ်ခဏဒေါသကြောင့် စိတ်တွေတောင်လွတ်ထွက်လုနီးပါးဖြစ်သွားရတယ်လေ။
ဘာပဲဖြစ်ဖြစ် ဒီလူက သူမရဲ့လူပဲ။ ဒီဘဝမှာ သူက ချင်းရို့ရဲ့လူပဲ၊ သေရင်တောင် ချင်းရို့ရဲ့တစ္ဆေပဲဖြစ်ရမယ်။
လုယန် အပြုံးလေးနှင့် သဘောတူလာခဲ့သည်။
"အင်း ကိုယ်က မင်းလေးရဲ့ခင်ပွန်းပါ"
"မင်းက ကိုယ့်ရဲ့ဇနီးလေး"
ချင်းရို့: "..."
ရှင်နဲ့ အချစ်စကားတွေပြောရတာ အဓိပ္ပါယ်မရှိဘူးပဲ...
နှစ်ကုန်ပိုင်း၌ မိသားစုတိုင်း အဝတ်အစားအသစ်တွေ ချုပ်ကြတဲ့အခါ အဝတ်အသစ်တွေမရှိတဲ့ ဝက်တွေကတော့ ကံဆိုးကြလေပြီ။ နှစ်သစ်ကူး ဝက်သတ်ခြင်းလုပ်ငန်းကို တစ်ဖန်စတင်ခဲ့ကာ ရပ်ကျေးရွာကျေး၊ စိုက်ပျိုးမြေနှင့် တပ်ဖွဲ့ရှိ လူတိုင်း နှစ်သစ်ကူး ဝက်သတ်ကြလေပြီ။
ချင်းရို့ အလုပ်မှ ပြန်လာတဲ့လမ်းတွင် လည်ပင်းက ဓားဒဏ်ရာနှင့် သွေးစက်လက်ဖြစ်နေတဲ့ အကြမ်းပတမ်းပြေးလာတဲ့ ဝက်တစ်ကောင်နှင့် ကြုံကြိုက်ခဲ့လေသည်။ လူတစ်စုက အနောက်ကနေ လိုက်ဖမ်းနေကြရာ လူသတ်နေတဲ့မြင်ကွင်းနဲ့ တူနေသလိုပဲနော်...
"ဟိုမှာ!!"
"မြန်မြန် မြန်မြန်လုပ်!"
ရွာသားတွေက ဝက်တွေကို လိုက်ဖမ်းရာတွင် မဆိုးလှသော်လည်း တပ်မတော်သားတွေ ဝက်တွေကို လိုက်ဖမ်းတာ ပို၍စိတ်ဝင်စားဖို့ကောင်းနေခဲ့သည်။
သူတို့က နည်းဗျူဟာကို နားလည်ပြီး ဘယ်ညာတစ်ဖက်စီ ပိတ်ကာ ဖမ်းခဲ့ပေမယ့်လည်း... နောက်ဆုံးတွင်မူ ထိုဝက်ဟာ ဓားဒဏ်ရာကြောင့် သွေးအလွန်အကျွံထွက်ပြီး လဲကျသေဆုံးသွားပါတော့သည်။ သို့မှသာ လူတိုင်း စိတ်သက်သာရာရသွားတော့၏။
"ဒီနှစ် ဝက်တွေကို ဘယ်သူသတ်တာလဲဟေ့? တပ်သားသစ်တွေက ဝက်တွေကို ထပ်သတ်နေကြပြန်တာလား?"
"လူသစ်တွေအတွက် ဝက်သတ်ခြင်းဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိကို လေ့ကျင့်တဲ့ ဓလေ့တစ်ခုပဲလေ"
"ဝက်ကို ဘယ်သူသတ်တာလဲ? ဒီဝက်ကို ဘယ်သူသတ်တာလဲကွ?"
"ဒီနှစ် ဝက်သတ်တဲ့သူတိုင်းကို အပြစ်ဒဏ်အနေနဲ့ ဒိုက်ထိုးခိုင်းရမယ်ဟေ့"
...
တရုတ်နှစ်သစ်ကူးမှာ ထူးထူးခြားခြား မတော်တဆမှုမျိုးစုံနှင့် ပြည့်နှက်နေပါ၏။ ချင်းရို့လည်း အံ့အားသင့်ခြင်းမရှိဘဲ အိမ်ပြန်လာခဲ့သည်။
ဒီနှစ် နှစ်သစ်ကူးအတွက် သူမ မက်ကရယ်ငါးအများကြီး ဝယ်ထားဆဲပင်။ ကျောင်းသောင်ရှိ မက်ကရယ်ငါးတွေက ကောင်းတယ်ဆိုပဲ။ ရဲဘော်လုယန်ရဲ့ အဆိုအရ သူတို့ရဲ့ မက်ကရယ် ဖက်ထုပ်တွေက အရသာရှိတယ်တဲ့။
"ငါ အခု စားဖို့အကြောင်းချည်း စဉ်းစားနေမိသလိုပဲ"
လူတွေအတွက် အစားအသောက်သည်သာ ပထမဦးစားပေးလို့ ယူဆလို့ရသည်ပင်၊ ဒါ့ကြောင့် စားသောက်ဖွယ်ရာတွေဆို ဘယ်သူက မစားချင်ဘဲနေမှာလဲနော်?
ဒီနှစ်မှာတော့ သူတို့မိသားစုခြံဝင်းက နှစ်သစ်ကူးဝက်သတ်တာ အတော်လေးနောက်ကျလေ၏။ ဝက်သားခွဲဝေချိန်တွင် ချင်းရို့သည် ဝက်သားအတူတူသွားယူကြရန် လုယန်နှင့် ကလေးလေးနှစ်ယောက်ကို ဇလုံတစ်လုံးစီပေးကာ ဆွဲထုတ်လာခဲ့၏။ တစ်မိသားစုလုံး ဒီလိုမျိုး စည်းရုံးရမှာပေါ့နော်...
"ကျွန်မ ဝက်လက်လိုချင် တယ်၊ လုယန်ရေ ရှင်သယ်ပေးရမယ်နော်။ ဒီနှစ်မှာ ဝက် လက်သယ်မယ်ဆိုရင် နောက် နှစ် မှာ ရှင့်ခြေလက် တွေ ပိုသန် မာလာလိမ့်မယ် !"
လုယန်: "????"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က ချက်ချင်းပြောလာလေ၏။
"သားရော!! သားရော!!"
ကလေးနှစ်ယောက်ရဲ့ လက်ထဲမှာ ဇလုံသေးသေးတစ်လုံးစီကို ကိုင်ထားကြလျက်။
ချင်းရို့: "ပါးပါးက ဝက်လက်တွေသယ်တာအပြင် ဝက်ဆီတုံးလည်း ထပ်သယ်ရမှာ"
"သားတို့ကတော့... သားတို့က အဆီနည်းအသားတွေ သယ်ပေးနော်၊ ရော့ ဒီမှာ အသားတစ်ပိုင်းစီ... နောက်နှစ်ကျ... အမ်..." သူမကို ခွင့်လွှတ်ကြကွယ်၊ သူမလည်း ဘာမှစဉ်းစားလို့မထွက်တော့ဘူးလို့...
နံဘေးရှိ လုယန် ပြုံးလျက် "နောက်နှစ်မှာ သားတို့က ဝက်တစ်ကောင်လို သန်မာလိမ့်မယ်"
ချင်းရို့: "..."
အဆီနည်းဝက်သားနှင့် သန်မာနိုင်လို့လားလို့? ဒါက ယုတ္တိမရှိပါဘူးနော်...
ကံကောင်းထောက်မစွာဖြင့် ကလေးတွေလည်း ပိုပြီးတော့ ယုတ္တိမတန်ကြပါချေ။
သူတို့ဖေဖေ့စကားကို နားထောင်ပြီးနောက် ကလေးလေးနှစ်ယောက်ဟာ ခေါင်းတညိတ်ညိတ်ဖြင့် ဝမ်းသာအားရ ပြောလာခဲ့သည်။
"အသားစားမယ်!!"
ဟုတ်ပါတယ်... သူတို့ရဲ့ ဆန္ဒတွေက အရမ်းကို ရိုးရှင်းပါရဲ့။ သူတို့လေးတွေက အသားစားချင်ရုံလေးပါပဲ။
"ဇနီးလေး ဝက်ဗိုက်သားကို ယူကြမယ်လေ"
လုယန် သူမကို မရှင်းမလင်းအဓိပ္ပါယ်နှင့် ကြည့်ကာ အပြုံးလေးနှင့် မျက်တောင်ခတ်ပြလာခဲ့သည်။
ချင်းရို့ "... ဒါဆို ကျွန်မ ဝက်ဗိုက်သားနဲ့ အဆီနည်းအသားကို ယူလိုက်မယ်!"
"ကောင်းပြီ ကောင်းပြီ ကလေးတွေလိုမျိုး သန်မာအောင်စားပေါ့ကွာ"
"မဟုတ်ဘူး"
ချင်းရို့ သူ့ကို ကန်ပစ်လိုက်၏။ ဘယ်မိန်းမက ဝချင်မှာလဲလို့?
"မားမားလည်း ပိုသန်မာရမယ်နော်၊ အဲဒါမှ မျောက်တွေဆီက အလုယက်မခံရမှာ"
"မင်းတို့နှစ် ယောက် အရပ်ပိုရှည်လာသင့်ပြီနော်"
ကျန်းချန်ပေ့သည် ဘေးအိမ်က လုမိသားစုဟာ ဝက်သားခွဲဝေဖို့ ထွက်သွားကြတာကို တွေ့လိုက်ရသဖြင့် သူလည်း သူ့ဇနီးနှင့် ကလေးတွေကို ခေါ်ပြီး လာခဲ့လေ၏။ သူတို့ရဲ့ အငယ်လေး သွင်းသွင်းက အခုဆို ပိန်လှီတဲ့မျောက်တစ်ကောင်လို ပိန်ပါးကာ အရမ်းနှစ်လိုဖွယ်ကောင်းတဲ့ စရိုက်ရှိသူပင်။ သူက အရမ်းတက်ကြွလွန်းကာ အိမ်မှာ သူ့အဖေစိုက်ထားတဲ့ ပန်းပင်တွေနဲ့ အပင်တွေကို ဆွဲနှုတ်ဖို့ ခြံထဲပြေးသွားတတ်သည်။
ဘယ်လောက်တောင် ဆိုးသွမ်းတဲ့ ကောင်စုတ်လေးလဲကွာ...
ကျန်းချန်ပေ့သည် သူ့သားကို ဝက်သားခွဲဝေရာ နေရာဆီ ခေါ်ဆောင်လာစဥ် ဝမ်ယွမ်ကျန်းကလည်း သူ့သမီးလေးရှောင်နျန်နျန်ကို ပွေ့ချီထားရင်း ကျန်းချန်ပေ့အနီးမှာ မတ်တပ်ရပ်ခဲ့သည်။ သူ့သမီးလေး နျန်နျန်ဟာ အတော်လေး ဖြူဖွေးနူးညံ့သလို ချစ်စရာအလွန်ကောင်းလှပြီး သူမလေးရဲ့ စရိုက်မှာလည်း နူးညံ့သိမ်မွေ့ကာ လိမ္မာရေးခြားရှိသည်ပင်။ သူမ စကားပြောတတ်လာပြီးနောက် မကြာခင်မှာပဲ အဖေဖြစ်သူရဲ့ ပခုံးပေါ် လဲလျောင်း၍ "ပါးပါး"လို့ ခေါ်ခဲ့လေ၏။
ဒီအဖိုးတန်ကလေးမလေး နျန်နျန်ဟာ လောင်ဝမ်ရဲ့ အချစ်တော်လေးပါပဲ...
အခုချိန်မှာတော့ သူ့မှာ သမီးလေးတစ်ဦးရှိပြီး အရာရာတိုင်း အဆင်ပြေနေလေရဲ့။ သူက သူ့သမီးလေးကသာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး ကလေးလေးလို့ ခံစားနေရသည်ပင်။ ဇနီးနဲ့သမီးလေးရှိတာ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲကွာ...
ဒါတွေဟာ အမှန်တကယ့်ကို လောင်လုမိသားစုရဲ့ ကောင်းချီးပါပဲ...
"လိမ္မာတယ် ပါးပါးလို့ခေါ်၊ ပါးပါးလို့ခေါ်ကြည့်"
ရှောင်နျန်နျန်လေးဟာ အနီးဆုံးမှာရှိနေတဲ့ သူမအဖေကို ကြည့်ကာ နူးနူးညံ့ညံ့လေး ခေါ်လာခဲ့၏။ "ပါးပါး..."
ဝမ်ယွမ်ကျန်းရဲ့ မျက်နှာက ချက်ချင်းပင် ဂန္ဓမာပန်းလို ပြုံးသွားတာကြောင့် ကျန်းချန်ပေ့ မျက်ဆံတွေက အစိမ်းရောင်ပြောင်းသွားပေတော့သည်။ (သူမနာလိုဖြစ် 😆)
ဝမ်မိသားစုရဲ့ ရှောင်နျန်နျန်ဟာ မျက်လုံးကြီးကြီး၊ အသားဖြူဖြူလေးနှင့် အရမ်းချစ်စရာကောင်းလှသည်။ အထူးသဖြင့် ကလေးမလေး စကားပြောတဲ့အခါ ချစ်ဖို့ကောင်းစွာ ရှက်ပြုံးလေးပြုံးတတ်ကာ အသံလေးကလည်း နူးညံ့ညင်သာသည်ပင်။
"ပါးပါးနဲ့ မားမားကို အချစ်ဆုံးလို့ ပြော"
"ပါးပါးကို ချစ်... မားမားကို ချစ်..."
"ဒီည အသားစားရအောင်"
"ပါးပါး... အသားစားမယ်”
Xxx