အခန်း (၁၈၇)
Vol. 16 Ch. 187
Ch-187
ကျန်းချန်ပေ့ မည်းမှောင်နေတဲ့ မျက်နှာထားဖြင့် အဖေနှင့်သမီး စကားပြောနေတာကို ကြည့်နေခဲ့သည်။ ဒီလိုချစ်စရာကောင်း၊ လိမ္မာရေးခြားရှိပြီး နာခံတတ်တဲ့ သမီးမျိုးဟာ သူ့အတွက်ဖြစ်သင့်တာကို...
- အော့နှလုံးနာလိုက်တာကွာ...
သူက ထူးထူးခြားခြား ဖြစ်နေတဲ့ သူ့သားသွင်းသွင်းရဲ့ "လက်မဲလေး" တစ်စုံကို ငုံ့ကြည့်လိုက်ပြီး ပိုလို့တောင် အသည်းကွဲသွားသလို ခံစားလိုက်ရသည်။
ကျန်းချန်ပေ့က ဝမ်ယွမ်ကျန်းကို စိုက်ကြည့်လိုက်၏။
ဒီဝမ်မျိုးရိုးနဲ့ကောင် ငါဆီကနေ ဝေးဝေးမှာနေရင် ပိုကောင်းမှာပဲကွာ!!!
သူ့ရဲ့ချစ်သမီးလေးနှင့် ဝေးဝေးကို ထွက်သွားလိုက်တော့!!!
- ထျောင့်ထျောင့်ကမှ ပိုကောင်းဦးမယ်...
ကျန်းချန်ပေ့ အခုချိန်မှာတော့ သူ့သမီးကို ချီထားတဲ့ နိုင်ငံရေးအရာရှိလျိုကို သတိရနေမိချေပြီ။ နိုင်ငံရေးအရာရှိလျိုက သူ့သမီးကို ချီထားသည်ကို မြင်တော့မှသာ ပြုံးရယ်နိုင်သွားလျက်၊ လောင်လျိုရေ မင်းဘယ်မှာလဲကွာ အသားကို အတူတူ ခွဲဝေကြရအောင်လေကွာ။
ယခုအခါ ပတ်ဝန်းကျင်တွင် ကလေးတွေ များသထက်များလာပြီး ထူးကဲတဲ့ စစ်သည်တော်တစ်ယောက်လို ခံစားနေရတဲ့ ခေါင်းဆောင်ကျန်းဟာ အပ်ကြောင်းထပ်စကားတွေ စတင်ပြောဆိုလာလေပြီ။
"ချောင်ချောင်းအကြောင်းပြောရင်း ချောင်ချောင်း ရောက်လာပြီပဲ"
လောင်လျိုက သူ့သမီးကို ပွေ့ချီကာ အမှန်ပင် ရောက်လာခဲ့၏။ ကျန်းချန်ပေ့က ထျောင့်ထျောင့်လေးကို မြင်လိုက်တဲ့အခါ သူ့မျက်လုံးတွေ ချက်ချင်း တောက်ပလာလေသည်။
"ထျောင့်ထျောင့်!"
- သူ့သားနဲ့တူတဲ့ လက်မဲလေးပဲ...
အိုး... ဒီလက်လေးတွေက သူ့သားရဲ့ လက်သည်းလေးတွေထက် ပိုမဲတူးနေတာပဲဟ၊ ဒီကလေးမလေး ဘယ်မှာ အရှုပ်တွေသွားလုပ်ထားတာလဲကွာ။
ဒီလက်မဲလေးက သူ့ကို အလွန်အရေးတယူရှိလေ၏။ တခြားအိမ်ကသမီးတွေလည်း ဒီလိုဖြစ်ရင် ပိုအဆင်ပြေသွားမှာကွာ...
သမီးလေးလိုချင်နေတဲ့ရောဂါအတွက် ဆေးကောင်းတစ်ခွက်ပဲပေါ့...
"ဦးလေးကျန်း!!"
ထျောင့်ထျောင့်လေးက ကျန်းချန်ပေ့ကို တွေ့ရတာ အတော်လေး ပျော်နေလေရဲ့။ ဘာလို့လဲဆိုတော့ ဦးလေးကျန်းက အရာရာတိုင်းမှာ သူမကို အရေးပေးပုံရလို့ပါပဲ... ဦးလေးကျန်းက သူမအပေါ် ဘယ်လိုကောင်းပေးရမလဲဆိုတာတွေကို သူမဖေဖေ့အား အကြံပေးတတ်သလို သူမကိုလည်း အမျိုးမျိုး ချီးမွမ်းတတ်တယ်လေ။
ထို့ကြောင့် သူမက ကျန်းချန်ပေ့ကို တွေ့တဲ့အခါတိုင်း သူမအဖေနဲ့ တွေ့သလိုမျိုး အမြဲအရေးတယူပြုတတ်လေ၏။
သူမရဲ့ လက်မဲမဲလေးကို ဖွင့်ကာ ဦးလေးကျန်းရဲ့ လက်မောင်းထဲသို့ သူမကိုယ်သူမ ပစ်ဝင်ရန် ကြိုးပမ်းလိုက်သည်။
"ဟေး!!"
ကျန်းချန်ပေ့ အားပါးတရကျယ်ကျယ် အော်လိုက်လျက်။ ယခုအခါ ထျောင့်ထျောင့်လေး ရောက်လာပြီဖြစ်၍ သူလည်း လောင်လျိုရဲ့ ရှိုးကောင်းလေးကို သဘောတကျ ကြည့်ရတော့မယ်လေ။
လောင်လျိုတို့ အဖေနှင့်သမီးအတွဲက သူ့ကို အချစ်ဆုံးပါပဲ။
ကျန်းချန်ပေ့က နိုင်ငံရေးအရာရှိလျိုရဲ့ လက်ထဲက ထျောင့်ထျောင့်လေးကို ယူကာ ပွေ့ဖက်လိုက်ပြီး သူမကို မြှောက်လိုက်သဖြင့် ရှောင်ထျောင့်ထျောင့်လေးဟာ ဝမ်းသာအားရ ရယ်မောလေတော့သည်။
"ဦးလေးကျန်း!!"
နိုင်ငံရေးအရာရှိလျိုသည် ကျန်းချန်ပေ့နှင့် ထျောင့်ထျောင့်တို့ကြားက အပြန်အလှန် ဆက်ဆံရေးကို ကြည့်ကာ သူ့အမူအရာမှာ မည်းမှောင်နေလျက်။
အဖေတစ်ယောက်အနေနဲ့ အရမ်းမနာလိုဖြစ်ရ၍ "မသိရင် ထျောင့်ထျောင့်က မင်းရဲ့သမီးလို့ ထင်မိတော့မလို့"
သူ့နှလုံးသားထဲမှာ ရှာလကာရည်အိုးကြီး မှောက်တော့မည့်အလား... ဒါက လောင်လုဆိုတဲ့ သူ့ရဲ့ သမီးလေးပါနော်...
ကျန်းချန်ပေ့ အားပါးတရ ရယ်မောလိုက်ပြီး နိုင်ငံရေးအရာရှိလျိုရဲ့ လက်ထဲသို့ ထျောင့်ထျောင့်ကို ပြန်ပေးလိုက်သော်လည်း သူ့ရှေ့တွင် တည်ငြိမ်နေဆဲဖြစ်တဲ့ လောင်လျိုပုခုံးကို အေးအေးဆေးဆေး ပုတ်လိုက်ရင်း "ငါတို့နှစ်ယောက်က ဘယ်သူတွေမို့လို့လဲကွာ၊ မင်းရဲ့ သမီးက ငါ့သမီးပဲပေါ့ မဟုတ်ဘူးလား..."
ဟီးဟီးဟီးဟီး ပျော်လိုက်တာကွာ...
သူ့အဖေရဲ့ လက်ထဲကို ပြန်ရောက်လာတဲ့ ရှောင်ထျောင့်ထျောင့်က ခေါင်းလေးကို စောင်းငဲ့လျက် မေးလာခဲ့သည်။
"ဦးလေးကျန်း!! ဦးလေးက သမီးရဲ့ ခေါင်းကိုင်အဖေ ဖြစ်ချင်လား?"
ကျန်းချန်ပေ့: "..." ဒါက...
သူက တခြားမိသားစုမှာ ထျောင့်ထျောင့်လို သမီးမျိုးရှိတာကို နှစ်သက်သည်ဆိုသော်ငြား ထျောင့်ထျောင့်လို သမီးမျိုးကို သူလိုချင်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလေနော်...
ကံကောင်းထောက်မစွာဖြင့် သူ တုံ့ပြန်ဖို့ မလိုအပ်ခဲ့ပေ။ နိုင်ငံရေးအရာရှိလျိုက ဒေါသတကြီးပြောလာလေ၏။
"သမီးမှာ အဖေအရင်းတစ်ယောက်ပဲရှိတယ်နော်။ နေရာတိုင်းမှာ တခြားသူတွေကို အဖေအဖြစ် အသိအမှတ်မပြုရဘူးလေ။ လောင်ကျန်းရေ သူမလျှောက်ပြောနေတာတွေကို နားမထောင်နဲ့နော်။ သူမက လုယန်၊ ဝမ်ယွမ်ကျန်း၊ ကပ္ပတိန်ကျန်း၊ လောင်ရှဲ့ထို၊ စွင်းကျားပေါင်... တခြားသူတွေကိုလည်း ဒီလိုပဲပြောတတ်တာကွာ..."
နှစ်အတော်ကြာ နိုင်ငံရေးဝန်ထမ်းအရာရှိအဖွဲ့ဝင်ဖြစ်ခဲ့ပြီးနောက် ရဲဘော်လျိုလည်း အလွန်ပါးနပ်နေလေပြီ။ သူက စကားအရာမှာ နက်နက်နဲနဲ နားလည်သဘောပေါက်သည်ကြောင့် ခုနက သူပြောလိုက်တဲ့စကားမှာ သူ့သမီးလေးထျောင့်ထျောင့်ဟာ သူမရဲ့ ခေါင်းကိုင်အဖေအဖြစ် လုယန်တစ်ယောက်ကိုသာ အသိအမှတ်ပြုရန် အစပြုခဲ့သည်မှာ အမှန်ပင်ဖြစ်လေ၏။ သူမလေးက ကပ္ပတိန်ကျန်းနှင့် တခြားသူတွေကိုတော့ ဒယ်ဒီအဖြစ် လက်ခံခဲ့သည်ပင်။
ဒါပေမယ့် ဖအေဖြစ်သူကတော့ သူ့သမီးလေးကို ဒီလောက်အဖေတွေ အများကြီး အသိအမှတ်မပြုစေချင်ပါဘူးကွာ...
ထျောင့်ထျောင့်က အမျိုးသားအရာရှိအားလုံးကို သူမရဲ့ ခေါင်းကိုင်အဖေအဖြစ် အသိအမှတ်ပြုလိုက်တဲ့အခါ အဖေအရင်းကို ဘယ်လိုဆက်ဆံမှာလဲ?
ဖေး
ငါကသာ ငါ့သမီးလေးရဲ့ တစ်ဦးတည်းသောပါးပါးဖြစ်ရမယ်...
"မင်းရဲ့ သမီးက ခေါင်းကိုင်အဖေတွေ အများကြီးကို အသိအမှတ်ပြုတာလား?"
ထိုစကားကိုကြားပြီးနောက် ကျန်းချန်ပေ့ရဲ့ မျက်နှာမှာ အရုပ်ဆိုးလာလေပြီ။
လောင်လု၊ လောင်ဝမ်၊ လောင်ကျန်း၊ လောင်ရှဲ့တောင်မှ... ဒါ အရမ်းလွန်လွန်းတယ်လေ!!!
ဟမ့် ဒီနံစော်နေတဲ့ထျောင့်ထျောင့်က ဒီလောက်ခေါင်းကိုင်အဖေတွေ အများကြီးကို အသိအမှတ်ပြုထားပေမယ့် အခုမှ ဒီဦးလေးကျန်းကို တွေးမိတာပေါ့လေ။ ကျန်းချန်ပေ့ နစ်နာသလို ခံစားလိုက်ရ၏။
သူက ဒီကလေးမလေးထျောင့်ထျောင့်အပေါ်မှာ အရမ်းကောင်းမှန်း သိသာနေတာကို၊ ဒါပေမဲ့ သူမလေးကတော့ အသိတရားမရှိဘူးပဲဟ...
ကျန်းချန်ပေ့ မနာလိုဖြစ်သွားရလျက်။ သူက ဘာကြောင့် လောင်ကျန်းနှင့် လောင်ရှဲ့အနောက်မှာ ဖြစ်ရတာတုန်း?
ကျန်းချန်ပေ့ သေလာက်အောင် မနာလိုဖြစ်မိသဖြင့် သူ ထျောင့်ထျောင့်အား မေးလိုက်၏။
"သမီးက ခေါင်းကိုင်အဖေတွေကို ဒီလောက်အများကြီး အသိအမှတ်ပြုထားပြီးပြီပေါ့လေ၊ အခုမှပဲ သမီးရဲ့ ဦးလေးကျန်းကို သတိရတယ်ပေါ့ ဟုတ်စ?"
နိုင်ငံရေးအရာရှိလျို: "...သူမလေးက မြင်သမျှလူတိုင်းကို အသိအမှတ်ပြုတတ်တဲ့ ကလေးတစ်ယောက်ပါပဲ။ သူမဆီမှာ အဖေတွေ များများရှိရင် သူမရဲ့ ယုံကြည်မှုတွေ ပိုတိုးလာမယ်လို့ ထင်နေတာလေ။ ကလေးရဲ့ အပြောင်အပျက်စကားတွေကို အတည်မယူပါနဲ့ကွာ။ သူမလေးဆီမှာ အဖေရင်းဖြစ်တဲ့ ငါတစ်ယောက်လုံးရှိတယ်လေ၊ တခြားခေါင်းကိုင်အဖေတွေ မလိုပါဘူး!!!!"
ထျောင့်ထျောင့် ခေါင်းခါလျက် "ဦးလေးကျန်း ဦးလေးက သမီးအဖေရင်းပဲ!"
နိုင်ငံရေးအရာရှိလျို: "???!!!"
ဦးလေးကျန်း: "?!!"
"သမီး ဘာတွေပြောနေတာလဲ?"
နိုင်ငံရေးအရာရှိလျို အမှန်တကယ် ဒေါသထွက်လွန်းလို့ အော်ရယ်လိုက်ရင်း "သမီးကို ဘယ်သူက ဒီလိုမဟုတ်တာတွေပြောတတ်အောင် သင်ပေးလိုက်သလဲ?" လို့ သူ့သမီးကို မေးလိုက်လေ၏။
"အင်း... လောင်လျိုရေ ထျောင့်ထျောင့်ကို အရမ်းမတင်းကျပ်ပါနဲ့ကွာ၊ ကလေးက ငယ်သေးတော့ ဘာမှနားမလည်ဘူးလေ။ သူမပြောတာတွေက ကလေးရဲ့ သဘောသဘာဝမို့ သိပ်အရေးမထားပါနဲ့ကွာ" ကျန်းချန်ပေ့ ရယ်ရယ်မောမောဖြင့် ပြောလိုက်လေ၏။
အိုး... ဒီကလေးမလေးက သူ့ကို အဖေရင်းလို့ ခေါ်လိုက်တယ်ဟ... သူက သူမရဲ့ အဖေရင်း မဖြစ်ချင်ပေမယ့် ကြားရတာတော့ သက်တောင့်သက်သာရှိလိုက်တာကွာ...
- သူမက သူ့ကို သူမရဲ့ အဖေရင်း ဖြစ်စေချင်နေတာပဲ...
မင်းရဲ့ ဦးလေးကျန်းက မင်းကို ချစ်ခဲ့ရတာ အချည်းနှီးမဖြစ်ဘူးပဲလို့ တွေးမိကာ သူ့စိတ်ထဲမှာ သိသိသာသာတုန်လှုပ်သွားခဲ့သည်။
"မီးဖွားဖွား သင်ပေးထားတာလေ"
ထျောင့်ထျောင့်လေး တချက်လေးတောင်မစဥ်းစားဘဲ ပြန်ဖြေလာလေ၏။
"ဟမ် သမီးရဲ့ဖွားဖွားက သင်ပေးတာလား?"
နိုင်ငံရေးအရာရှိလျို ခေတ္တမျှ အံ့အားသင့်သွားရလျက်။ သူမလေးရဲ့ အဖေရင်းပဲ အံ့အားသင့်သွားရတာမဟုတ်ဘဲ သူ့နံဘေးရှိ ကျန်းချန်ပေ့နှင့် တစ်ဖက်မှ ဝမ်ယွမ်ကျန်းတို့တောင်မှ ထိတ်လန့်သွားကြလေသည်။
အဖွားက အိမ်မှာ ကလေးတွေကို ဒီလိုသင်ပေးနေတာတဲ့လား?
"သမီးဖွားဖွားက ဘာပြောလိုက်တာလဲ?"
နိုင်ငံရေးအရာရှိလျိုလည်း တစ်ခုခုမှားနေပြီလို့ တွေးမိသွားရလျက်။ သူ့အမေက ထျောင့်ထျောင့်လေးကို ဘာတွေပြောထားတာလဲကွာ?
ထျောင့်ထျောင့် တခစ်ခစ်ရယ်ကာ "ဖွားကပြောတယ် ဟွားဟွားမားနဲ့ ကောကောရယ်၊ ဖွားနဲ့ ဒေါ်လေးက မီးတို့တစ်မိသားစုတဲ့။ ပါးပါးက အပြင်လူဖြစ်လို့ အပြင်လူကို မနမ်းရဘူးတဲ့"
သူမဟာ ကလေးမလေးဖြစ်တာကြောင့် ခေါင်းလေးငုံ့၍ လူရေတွက်ကာ မိသားစုရှိ လူအားလုံးပါအောင် ရေတွက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရလေ၏။
နိုင်ငံရေးအရာရှိလျို: "..." အပြင်လူတွေကို မနမ်းရဘူးတဲ့လား?
ငါက အပြင်လူတဲ့လား?
ရှောင်ထျောင့်ထျောင့်က သူမလက်ကို မြှောက်၍ သူမပါးပါးမျက်နှာကို ရိုက်လိုက်ကာ "ဖွားကပြောထားတယ် အပြင်လူတွေကို မနမ်းရဘူးတဲ့"
"ပါးပါးက အပြင်လူတဲ့!!!"
ကျန်းချန်ပေ့မှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ခဏတာ အံ့အားသင့်သွားရ၏။
လျိုမိသားစုက အဘွားအိုရဲ့ ဂုဏ်သတင်းကို သူလည်း ကြားခဲ့ဖူးပါရဲ့။ ဒါပေမဲ့ သူမမျှော်လင့်ထားတာက... ဟေး... သူမက အိမ်မှာ ကလေးတွေကို ဒါမျိုးတွေ သင်နေတယ်ပေါ့လေ?
အဖွားကပြောထားတာ ပါးပါးက အပြင်လူဆိုသတဲ့လား?
ယေဘူယျအားဖြင့် ကလေးတွေက လိမ်ညာမပြောတတ်ပေ။ လူကြီးတွေ သင်ပေးသမျှကိုသာ ထပ်ခါထပ်ခါ ပြန်ပြောလိမ့်မှာပဲ။ ဆိုတော့ သူမလေး အဲဒါကို ရှင်းရှင်းလင်းလင်း မမှတ်မိခင် အကြိမ်ပေါင်းများစွာ ပြောထားတာပဲဖြစ်ရမယ်။
ကျန်းချန်ပေ့ သံသယဖြစ်စွာဖြင့် "ပါးပါးက အပြင်လူလား?"
ဒီမိသားစုရဲ့ အဖွားက တကယ်ကို ထူးခြားလိုက်တာကွာ...
"ပါးပါးကို မနမ်းဘူး၊ ဦးလေးကိုပဲ နမ်းမယ်!! ဦးလေးကျန်း ဖက်ပါဦး..."
ရှောင်ထျောင့်ထျောင့်လေးက သူမအဖေလက်ထဲက ခုန်ထွက်ကာ ကျန်းချန်ပေ့ဆီ သွားလိုခဲ့သည်။
အနှီဆိုးသွမ်းနံစော်နေတဲ့ ဖခင်ဖြစ်သူထက်စာရင် ညင်သာပြီး ချဥ်းကပ်ရလွယ်ကူတဲ့ ဦးလေးကျန်းက ပိုကြင်နာတတ်တယ်လေ။
နိုင်ငံရေးအရာရှိလျိုရဲ့ မျက်နှာမှာ မည်းမှောင်သွားရလေပြီ။
ကျန်းချန်ပေ့: "..."
ဒါ... ဒါ... ဒါက...
ကျန်းချန်ပေ့ရဲ့ မျက်နှာလည်း သိပ်မကောင်းပါချေ။
လောင်လျိုမိသားစုက ဘာဖြစ်နေကြတာတုန်း? အထင်လွဲစရာတွေ မလုပ်ကြနဲ့လေကွာ...
ကျန်းချန်ပေ့က သူ့သားရဲ့ လက်မဲတူးလေးကို ကြည့်ပြီး ထျောင့်ထျောင့်ရဲ့ လက်မဲလေးကို ကြည့်လိုက်တော့ ဒီမြင်ကွင်းဟာ လွယ်လွယ်လေး နားလည်မှုလွဲနိုင်တယ်လို့ ခံစားလိုက်ရတယ်...
သွင်းသွင်းက သူ့ပါးပါးကို စပ်စုစွာ ကြည့်လာပြီး "ပါးပါး?"
ထိုအချိန်တွင် အသားခွဲဝေပြီးသွားသော လုယန်နှင့် ချင်းရို့တို့မိသားစုလည်း အိမ်ပြန်ကြတော့မလိုပင်။ အဆီနည်းအသားတွေကို ကိုင်ထားတဲ့ ဖက်ထုပ်လေးက စပ်စုစွာဖြင့် မေးလာလေ၏။
"ပါးပါးက အပြင်လူလား?"
ကျိုးကျိုးလေးက ထပ်မေးပြန်၏။
"ဦးလေးကို နမ်းရမယ်?"
နှလုံးရောဂါရတော့မလိုဖြစ်သွားရတဲ့ ကျန်းချန်ပေ့: "..." သူ့ဂုဏ်သိက္ခာကို မဖျက်စီးကြပါနဲ့လို့ !!!
နှလုံးရောဂါဖြစ်တော့မယ့် နိုင်ငံရေးအရာရှိလျို: "?!!!!" သူ့အိမ်က အမျိုးသမီးတွေ ဘာဖြစ်နေကြတာလဲလို့?!
လုယန်: "..." ဘာဖြစ်တာလဲဟ?
ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့သူ ချင်းရို့: "..."
ချင်းရို့သည် သူမအစ်မ ပြောပြထားဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရုတ်တရက် သတိရသွားခဲ့သည်။ ဤခေတ်၌ မူလတန်းနှင့် အလယ်တန်း ကျောင်းသားတွေဟာ စစ်ချီတက်လေ့ကျင့်ဖို့ လိုအပ်ပြီး လေ့ကျင့်ချိန်အတွင်း စကားဝှက်တွေ သုံးရမည်ဖြစ်၏။ ထိုစကားဝှက်တွေဟာ တဖြည်းဖြည်း ပျံ့သွားပေလိမ့်မယ်...
ဥပမာဆိုရသော် "အရှေ့မှာ ရေရှိတယ်"ကနေ တဖြည်းဖြည်းနဲ့ "အရှေ့မှာ တစ္ဆေရှိတယ်"ဆိုပြီး ဖြစ်လာလိမ့်မယ်။
မင်း ညဘက်မှာ လမ်းအများကြီးလျှောက်ရင် အမြဲတမ်း သရဲတစ္ဆေနဲ့ ကြုံတွေ့လိမ့်မယ်၊ နောက်ကွယ်မှာ မကောင်းတာလုပ်ထားရင်လည်း သေချာဂရုစိုက်နော်၊ ဖော်ထုတ်ခံရလိမ့်မယ်...
"ငါတို့ပါးပါးက အပြင်လူမဟုတ်ဘူး၊ နမ်းကိုနမ်းရမယ်"
"ဖက်ထုပ်လေး အိမ်ပြန်ကြစို့"
ကျိုးကျိုးက ဆိုချေ၏။ "ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက ပါးပါးနဲ့ မားမားကို အချစ်ဆုံးပဲနော်"
"ကျိုးကျိုးလေးက အရမ်းတော်တာပဲ! အိမ်ပြန်ကြစို့"
ကလေးလေးနှစ်ယောက်ရဲ့ စကားတွေကို နားထောင်ရသည်မှာ နားဝင်ချိုသာလှ၏။ သူတို့လက်ထဲမှာ ဝက်သားတွေသာ မကိုင်ထားခဲ့ရင် ကလေးလေးနှစ်ယောက်ကို ပွေ့ဖက်ပစ်ချင်လိုက်တာကွာ။
လုယန် ခေါင်းလှည့်ကာ နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူ့ရဲ့မျက်နှာချောချောလေးမှာ တောက်ပတဲ့ အပြုံးတစ်ပွင့်ဖြစ်တည်နေလျက်။
နွေးထွေးလှတဲ့ ဆောင်းရက်တစ်ရက်၌... ထူးထူးခြားခြားကိုပဲ... အလင်းရောင်အောက်မှာ တောက်ပနေပုံရလေတယ်။
"သားတို့ရေ ပါးပါးကလည်း သားတို့ကိုရော မားမားကိုပါ ချစ်တယ်နော်"
ကျန်းချန်ပေ့: "... သွင်းသွင်းရေ မင်း ငါ့ကို အချစ်ဆုံးလို့ ပြောကြည့်"
သွင်းသွင်းလည်း ရိုးရိုးသားသားလေး ထပ်ခါထပ်ခါဖြင့် "မင်း ငါ့ကိုအချစ်ဆုံးပဲ" လို့ပြောလာခဲ့သည်။
သူက မျောက်တစ်ကောင်လို ပိန်ပိန်သေးသေးဖြစ်သော်လည်း ရှောင်သွင်းသွင်းဟာ အမှန်ပင် ဖြောင့် မတ်သူကြီးဖြစ်လေ၏။ သူ့အဖေ လိုချင်သမျှ၊ ပြောခိုင်းသမျှကို ပြန်ပြောပေးခဲ့သည်။ သူ့မျက်နှာရှိ အသားတွေက အတော်လေး နည်းပါးပေမယ့် ဆွဲလိုက်တဲ့အခါမှာတော့ ကလေးအဆီတွေ အများကြီးရှိနေလေရဲ့။
ကျန်းချန်ပေ့: "..."
ကျန်းချန်ပေ့ရဲ့ တုံ့ပြန်မှုကို နားထောင်ပြီးနောက် နိုင်ငံရေးအရာရှိလျိုလည်း သူ့သမီးထျောင့်ထျောင့်ကို ပွေ့ချီကာ ရယ်ချင်မိသော်ငြား ထိုကိစ္စကို မတွေးဘဲမနေနိုင်ပါချေ။
သူ အိမ်ပြန်ပြီး အိမ်ကအမျိုးသမီးတွေဆီ ကလေးကို ဘာတွေသင်ပေးထားသလဲဆိုတာကို အတိအကျ သွားမေးရမယ်။
"ထျောင့်ထျောင့် သမီးပါးပါးကို အချစ်ဆုံးလို့ပြော"
"သမီး ဦးလေးကို ချစ်တယ်၊ ဦးလေးက သမီးအပေါ်ကောင်းတယ်..."
ကျန်းချန်ပေ့လည်း သွင်းသွင်းကို ခေါ်သွားပြီး မူးနောက်နောက်ဖြင့် ထွက်သွားပါတော့သည်။
မေ့လိုက်တော့... သူ အသားတွေ မြန်မြန်ခွဲဝေပြီး အိမ်ပြန်တာပဲ ပိုကောင်းမယ်ကွာ...
xxx