အခန်း (၁၉၁)
Vol. 16 Ch. 191
Ch-191
ချင်းရို့က လုယန်အား တတိယအစ်မကို ဘယ်လိုရှင်းပြမလဲလို့ မေးလိုက်တဲ့အခါ လုယန်က လျှို့ဝှက်စွာ ပြုံးရုံလေးပြုံး၍ သူမအား "ပြေလည်သွားပြီ" ဆိုတဲ့ အမူအရာလုပ်ပြလာခဲ့သည်။
ချင်းရို့ အလွန်သံသယဖြစ်စွာဖြင့် "ရှင် တတိယအစ်မကို ဘယ်လိုစာမျိုး ပြပေးမလို့လဲ?"
လုယန် အိမ်မှာပဲ သူ့ဇနီးလေးအတွက် ကဏန်းအခွံခွာနေခဲ့၏။ ယနေ့ သူတို့အိမ်မှာ ကဏန်းအိုးကြီးတစ်အိုး ပေါင်းထားခဲ့သည်။ ကဏန်းသားမှာ ထူပြီး အထဲမှာ ကဏန်းဥတွေ အများကြီးရှိနေကာ အသားမျှင်တွေဟာ ငွေရောင်ကြိုးမျှင်တွေအလား။
သူက ကဏန်းသား တစ်ဇွန်းအပြည့်ခပ်ကာ သူ့ဇနီးလေးကို ခွံ့ကျွေးလိုက်၏။ သူ့နှုတ်ကလည်း ထူးမခြားနားစွာဖြင့် "ကိုယ်တို့ တစ်ယောက်ယောက်အကြောင်း ပြောကြတဲ့အခါ အချင်းချင်း အပြန်အလှန်ရေးစာလိုမျိုးပါပဲ"
ကျောက်ကျန်းဟုန်ဆီမှ စာအများအပြား ဖတ်ထားဖူးတဲ့ လုယန်က အဲဒီစာတွေဟာ စိတ်ဝင်စားဖို့မကောင်းကြောင်း ပြောလာခဲ့သည်။ သူက ကဏန်းအခွံခွာကာ သူ့ဇနီးလေးကို သူ့လက်ဖြင့် ခွံ့ကျွေး၍ အကြိမ်အနည်းငယ်နမ်းပြီးနောက် ချစ်စကားတွေပြောကာ သူမရဲ့ နားရွက်လေးနှင့် နားထင်လေးတွေကို ပွတ်ပေးတာကပဲ ပိုကောင်းတယ်လို့ ခံစားရသည်ပင်။
ချင်းရို့: "???"
လက်တွဲဖော်အကြောင်းပြောတာ? အချင်းချင်း အပြန်အလှန်ရေးစာတွေ?
"လုယန် ရှင်ရောရေးပြီးပြီလား?"
"ရှင့်ရဲ့ တစ်ဦးတည်းသောလက်တွဲဖော်ဖြစ်တဲ့ ကျွန်မက ဘာလို့မမြင်ဖူးရတာလဲလို့?"
ချင်းရို့ အလွန်သိချင်စိတ်ဖြစ်လာကာ နှလုံးရောဂါရတော့မလိုပင်။ ဤအမျိုးသားဟာ သူမအား ဘာမှမပေးသလို သူက ရည်းစားစာတောင်မရေးဖူးဘူးလေ။ သူ့ချစ်စကားတွေကလည်း ပိုလို့တောင် မလျော်ကန်သလို စာလုံးအနည်းငယ်လေးနှင့် လှည့်ပတ်နေရုံသာ။။
လုယန်: "ကိုယ် ရေးခဲ့တယ်... ကိုယ် လွန်ခဲ့တဲ့ ရက်အနည်းငယ်က သင်ယူခဲ့တာလေ"
"ကျွန်မကြည့်ချင်တယ်"
လုယန်: "... ကိုယ့်ဆီမှာ စာတစ် စောင် ကျန် သေးတယ် ။ မင်းဖတ် ချင် ရင် ဖတ် ကြည့်ဖို့ သွားယူပေးမယ်လေ"
"သွား သွား၊ ရှင့်မိန်းမကို ပြဖို့သွားယူခဲ့"
လုယန် သူ့လက်တွေကို သန့်ရှင်းအောင် သုတ်လိုက်ပြီး ချင်းရို့အား စာတစ်စောင် ယူပြခဲ့သည်။ ချင်းရို့က စာကို ဖွင့်ကြည့်လိုက်သည်နှင့် အရေးအသားမှာ အထူးလှပနေတာကို သတိပြုမိလိုက်၏။
လုယန်ရဲ့ လက်ရေးဟာ ချီးကျူးထိုက်စရာဖြစ်နေဆဲဖြစ်ပြီး... အောက်ဘက်ရှိ သင်္ချာပုစ္ဆာတွေနှင့် ဖြေရှင်းချက်အဆင့်ဆင့်ဟာလည်း အတော်လေး ချောမွေ့နေလျက်။
ချင်းရို့: "..."
အပေါ်ယံမှာတော့ ပါတနာနှစ်ဦးအကြား ဆက်သွယ်ရေးသားသော စာတွေနဲ့တူတယ်လို့ ထင်ရပေမယ့် အကြောင်းအရာက ဘာလို့များ ဒီလိုထူးဆန်းနေရတာလဲဟေ?
စာထဲမှာ ဘယ်သူကများ သင်္ချာပုစ္ဆာတွေကို ဆွေးနွေးချင်မှာတုန်းလို့?
"ရှင် စာလုံးအရေအတွက်ဖြည့်ဖို့ ကြိုးစားနေတာလား?"
ချင်းရို့ ပုစ္ဆာဖော်မြူလာများကို ထောက်ပြလိုက်၏။
လုယန် ခေါင်းညိတ်ပြရင်း သူ့ဇနီးလေးရှေ့မှာ အလွန်အမင်း ရိုးသားဟန်ဖြင့် "ဟုတ်တယ်၊ မင်းက တကယ်ပဲ ကိုယ့်မိန်းမလေးပဲကွာ။ တစ်ချက်ကြည့်ရုံနဲ့တင် ပြောနိုင်တာပဲ"
"ကိုယ်က စာမျက်နှာအနည်းငယ်ကို ပြည့်အောင်ရေးသင့်တယ်လို့ ခံစားရရုံလေးပါပဲ"
ချင်းရို့: "..." ရှင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမဖြေခင်တုန်းက တရုတ်ဘာသာစကားဟာ ရှင့်ကို ဖိအားတွေ အများကြီးပေးခဲ့မယ်ထင်တယ်နော်။
ကလေးနှစ်ယောက် အနာဂတ်မှာ စာစီစာကုံးရေးတဲ့အခါ သူတို့အဖေလို မဟုတ်ဖို့ မျှော်လင့်ပါရဲ့။
လုယန် သူမအမူအရာကို မြင်လိုက်ရတဲ့အခါ စူးစမ်းသလိုဖြင့် "ဇနီးလေး မင်းရော ဒါကို ကြိုက်လား?"
ချင်းရို့ ခေါင်းခါလိုက်ပြီး "ကျွန်မတို့မှာ စာရေးဖို့ အချိန်ရရင် အတူတူရှိနေပြီး စကားပြောတာလည်း အဆင်ပြေပါတယ်နော်"
စာစီစာကုံးရေးရာတွင် အမှတ်ပင်မရနိုင်သော ဤလူကို စကားလုံးထောင်ပေါင်းများစွာ ထိန်းချုပ်ခိုင်းထားရသည်မှာ ရှက်စရာဖြစ်ရုံတင်။
"ရှင်လည်း ပုစ္ဆာတွေကို အတူတူဖြေရှင်းလို့ရတယ်လေ"
အိမ်မှာ "ဘာကြောင့်လဲမေးခွန်းရေတစ်ထောင်" ကော်ပီတွေ အများကြီးရှိပြီး မိသားစုလေးယောက်သား မေးခွန်းတွေကို အတူတူဖြေရှင်းခဲ့ကြသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲကို နောက်တစ်နှစ်၊ နှစ်နှစ်တွင် ပြန်လည်စတင်မည်ဖြစ်သည်။ ဖြစ်နိုင်ရင်တော့ ကြိုတင်ပြင်ဆင်ထားလို့ရတယ်။
ချင်းရို့က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုလိုပါက ကွမ်ချန်ရှိ လင်နန်တက္ကသိုလ်သို့ တက်ရန် စီစဉ်ထားသည်ပင်။ ဟွာချင်းတက္ကသိုလ်၊ တခြားတက္ကသိုလ်တွေကိုတော့ ထားလိုက်ပါတော့လေ။
အနာဂတ်တွင် သူမက ချုံကျိုးကျွန်း၊ ကွမ်ချန်နှင့် ရှန်းကျန်းတို့လို တောင်ပိုင်းကို ဖွံ့ဖြိုးတိုးတက်စေချင်ရုံသာ။ ထိုနေရာတွင် ပညာသင်ကြားခြင်းမှာ ကွမ်ချန်ဒေသ၌ ဖွံ့ဖြိုးတိုးတက်လာတဲ့ ကျောင်းသားတွေနှင့် မိတ်ဆွေများများရနိုင်သလို အဆက်အသွယ်များများလည်း ရနိုင်လေသည်။
တစ်ချိန်တည်းမှာပဲ မင်း စီးပွားရေးလုပ်ပြီး ငွေရှာလိုပါက ဤနယ်နိမိတ်ဖွင့်ဇုန်တွင် မြေယာနှင့် အိမ်ခြံမြေများကို ဝယ်ယူရမည်ပင်။
ချင်းရို့က သူမရဲ့ နှလုံးသားထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချထားပြီးဖြစ်သလို သူမ စာမေးပွဲ အောင်မအောင်ကိုတော့ မသေချာသေးပေမယ့် စာတွေကိုတော့ ပြန်လေ့လာနေပြီဖြစ်သည်။ သူမ စာမေးပွဲ မအောင်ရင်လည်း နောက်ထပ်တစ်နှစ် စာမေးပွဲထပ်ဖြေလိုက်မယ်။
အမှန်တကယ်တော့ သူမက တက္ကသိုလ်ကို တစ်ကြိမ်တက်ခဲ့ဖူးပြီးပြီလေ။ အခု နောက်တခါ တက္ကသိုလ်ပြန်တက်ရမယ့်အကြောင်း တွေးကြည့်မိတဲ့အခါ အတော်လေး ပျင်းစရာကောင်းနေလေရဲ့။
မင်း ကြေငြာသူဖြစ်ချင်သေးလား? အနာဂတ်မှာ ရုပ်မြင်သံကြားတွေ ရေပန်းစားလာတဲ့အခါ ရေဒီယိုတွေ စျေးကွက်မှ ထွက်ခွာသွားမည်ဖြစ်ပြီး ကြေညာသူအများအပြားလည်း hostတွေ ဖြစ်လာနိုင်တယ်။
"ဘာဖြစ်လို့လဲ? နောင်ကျ မင်းဖတ်ချင်တယ်ဆိုရင် ကိုယ် မင်းအတွက် ရေးပေးလို့ရတယ်-"
လုယန်က သူ့ဇနီးလေး တိတ်ဆိတ်သွားတာကို မြင်လိုက်ရ၍ မေးလာခဲ့သည်။
လုယန်ရဲ့ စာပေဦးနှောက်ဆဲလ်က ထိုစာတွေကို ရေးပြီးတဲ့နောက်မှာ အားကုန်သွားခဲ့ချေပြီ။ ကျောက်စာ၊ ကမ္ပည်းစာတွေ ရေးရရင်တောင် သူ အဆင်ပြေပေမယ့် ဒီလိုရည်းစားစာတွေ ရေးရတာက ခက်ခဲလွန်းလှတယ်လေ။
မင်းက သူ့လိုမျိုး ထက်မြက်တယ်ဆိုရင်တော့ နေရာမှာတင် စကားလုံးအရေအတွက်ကို ပေါင်းထည့်ဖို့ မေးခွန်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သိနိုင်မှာပါ။
"ရေးလေ၊ ရှင် ကျွန်မအတွက် တစ်ခုခုရေးပေးရမယ်..."
ချင်းရို့က သူ့ကို တိတ်တဆိတ် အားပေးလိုက်၏။ ရှင်ရေးရဲသရွေ့တော့ ကျွန်မလည်း ဖတ်ရဲတယ်နော်။
လုယန်: "ကောင်းပါပြီဗျာ"
လုယန်လည်း မင်းဖတ်ရဲသရွေ့တော့ ကိုယ်လည်း ရေးရဲတာပေါ့ကွာ လို့ တစ်ကိုယ်တည်း တွေးနေလျက်။
လုစန်းကျဲက သူမမောင်ဆီမှ စာတွေကို လက်ခံရရှိခဲ့သည်။ သူမ အိပ်ဆောင်ကို ပြန်လာကာ ကုတင်ပေါ်ထိုင်ပြီး ကျပန်းတစ်စောင်ကို ဖွင့်လိုက်၏။
သူမအမြင်တွေကို ဖမ်းစားခံလိုက်သည်ကတော့ လုယန်ရဲ့ ပျံသန်းတော့မည့်ဟန် ဖီးနစ်ပုံသဏ္ဍာန် လက်ရေးပင်။
သူမ သေသေချာချာ ဖတ်ကြည့်ပြီးနောက် "???!!!"
ဒီစာက ကောင်းကောင်းရေးထားတဲ့ပုံပေါ်နေတယ်ရော ? ? !
အကယ်၍ စာရွက်ပေါ်ရှိ လက်ရေးမှာ သူမနှင့်ရင်းနှီးနေတာကြောင့် မဟုတ်ပါက လုစန်းကျဲသည် ဒါဟာ သူ့မောင် ရေးထားတဲ့စာ ဟုတ်မဟုတ် အမှန်တကယ် သံသယဖြစ်မိပေလိမ့်မည်။
- ငါ့မောင်က ဒီလိုမျိုးလည်း ရေးနိုင်တယ်တဲ့လား?
မထင်ရဘူးဟေ့ ! !
လုရွှမ်က အိပ်ဆောင်တူ အမျိုးသမီးအရာရှိ စွန်းမိန်ယွိထံ စာတစ်စောင်ကို ကမ်းပေးလိုက်သဖြင့် စွန်းမိန်ယွိလည်း အဲဒီစာကို ယူလိုက်ပြီး ဖတ်ကြည့်လိုက်ရာ အကြီးအကျယ် အံ့အားသင့်ဟန်ဖြင့် ထပ်ခါထပ်ခါ ဖတ်နေပြီးနောက် သူမမျက်လုံးတွေ တောက်ပလာခဲ့သည်။
"ဟေ့ လုကျဲရေ ဒီစာကို ဘယ်သူရေးတာလဲ? အရမ်းတတ်တာပဲဟယ်"
"စကားလုံးတွေဆိုတာ စာရေးတဲ့သူနဲ့ တူတယ်တဲ့။ ဒီလိုရေးတတ်တဲ့လူဟာ လိုက်လျောညီထွေရှိသူ၊ ဗဟုသုတရှိသူ၊ အရည်အချင်းရှိသူ၊ ထက်မြက်တဲ့သူပဲ ဖြစ်ရမယ်..." စွန်းမိန်ယွိ လက်ထဲမှစာကို ကြည့်ရင်း လေးစားသမှုအပြည့်ဖြင့် ပြောလိုက်လေ၏။
လုရွှမ်ရဲ့ မျက်လုံးတွေ ပြူးထွက်လုနီးပါးဖြစ်ကာ "... နင် ဘယ်နေရာမှာ မြင်လိုက်တာတုန်း?"
သူမမောင်လေးက "လူတော်လူထက်၊ သင့်တင့်လျောက်ပတ်ပြီး ရည်မွန်သူ၊ ဗဟုသုတကြွယ်ဝသူ၊ အရည်အချင်းရှိသူ" ဖြစ်သွားသလဲဆိုတာ သူမ ဘာလို့ မသိလိုက်ရတာတုန်းလို့?
"နင် နေရာတော်တော်များများမှာ တွေ့နိုင်တယ်လေ။ ဒီမှာ သူရေးတဲ့စာကြောင်းတွေကိုကြည့်လိုက်၊ ဘယ်လောက် ယဥ်ကျေးလိုက်သလဲလို့။ ကြည့်စမ်း ဒီမှာ နိုင်ငံခြားဘာသာစကားတွေလည်းရှိသေးတယ်။ အကြောင်းအရာ အတိအကျကို ငါမသိပေမယ့် ဒီစကားလုံးတွေက အရမ်းလှလှလေးရေးထားတာပဲဟယ်။ ယဉ်ကျေးမှုမရှိတဲ့သူက ဒီလိုစာမျိုး သေချာပေါက် ရေးနိုင်မှာမဟုတ်ဘူးလေ"
"ဒီစာကို ဘယ်သူရေးတာတုန်း? သူက အရမ်းချောရမယ်"
စွန်းမိန်ယွိ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဒီမေးခွန်းကို သူမမေးလိုက်ပေမယ့် စွန်းမိန်ယွိစိတ်ထဲမှာတော့ ဤစာရေးတဲ့သူဟာ ပညာရှင်တစ်ဦးလို လေးထောင့်ပုံစံ မျက်နှာထားနှင့် ဆံပင်တွေအားလုံးကို နောက်ပြန်ဖြီးထားကာ ရွှေရောင်ကိုင်းမျက်မှန်ဝိုင်းလေးတပ်ထားသူဖြစ်ပြီး အရမ်းယဉ်ကျေးပုံပေါက်မယ်လို့ စိတ်ကူးယဥ်ထားလျက်...
"သူ... သူက တကယ့်ကို ကြည့်ကောင်းပါတယ်။ ဒါက ငါ့မောင်က သူ့မိန်းမဆီ ရေးတဲ့စာလေ"
"နင့်မောင်လား? ဘယ်တစ်ယောက်လဲ? သူ မိန်းမရသွားပြီလားဟ?"
စွန်းမိန်ယွိက လုရွှမ်ရဲ့ စတုတ္ထမောင်ဖြစ်သူ လုရှောင်းနှင့် တွေ့ဖူးပါသည်။ ထိုသူက မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် တင်းမာတဲ့စရိုက်ရှိသော အမျိုးသားအရာရှိတစ်ဦးဖြစ်၏။ သူ့ထံတွင် ယဥ်ကျေးတဲ့အငွေ့အသက်မျိုး မရှိသော်ငြား အမျိုးသမီးတွေအတွက် အလွန်ဆွဲဆောင်မှုရှိနေဆဲပင်။
သူ ဒီကို နောက်ဆုံးတစ်ခေါက်ရောက်လာခဲ့စဥ်က လူတော်တော်များများဟာ လုရွှမ်ရဲ့ ယောင်းမလေးဖြစ်ချင်ခဲ့ကြပေမယ့် သူတို့က တခြားသူနှင့် အိမ်ထောင်ပြုပြီးသွားပြီဖြစ်တာတော့ သနားစရာပါပဲလေ။
"မောင်လေးနောက်တစ်ယောက်၊ ဒီမှာ သူ့ပုံလေ" လုစန်းကျဲက အဖြူရောင်စစ်ဝတ်စုံဝတ်ထားတဲ့ လုယန်ရဲ့ ပရိုမိုးရှင်းဓာတ်ပုံကို ကြုံသလို ဆွဲထုတ်လိုက်၏။ ဒီအမျိုးသားဟာ ချောမောပြီး စစ်အကယ်ဒမီတွင် ပရိုမိုးရှင်းဓာတ်ပုံတွေ မရှိမဖြစ် လိုအပ်လှသည်ပင်။
ဤပုံမှာ အရင်တုန်းက လုယန် မိသားစုဆီ ပို့ပေးထားတဲ့ ဓာတ်ပုံဖြစ်ရာ သူ့မိဘ၊ ညီအစ်ကိုမောင်နှမအားလုံးကို ပို့ပေးခဲ့တာပါပဲ။
xxx