← Chapters

အခန်း (၁၉၀)

Vol. 16 Ch. 190

အခန်း (၁၉၀)

Vol. 16 Ch. 190

Ch-190

ကျောက်ကျန်းဟုန်သည် ဒီနှစ်ရက်အတွင်းမှာ အထူးတလည် စိတ်လှုပ်ရှားနေခဲ့ရသည်။ အကြောင်းကား သူ့သူငယ်ချင်းဟောင်း ရဲဘော်လုယန် ကပ္ပတိန်လုက သူ့ဆီကို တစ်ယောက်ယောက်ကနေတစ်ဆင့် မက်ဆေ့ချ်ပေးပို့လာခဲ့ခြင်းကြောင့်ပင်။ သူနှင့် သူ့လက်တွဲဖော်ကြားက အပြန်အလှန်ပေးပို့စာများကို တွေ့လိုကြောင်း ပြောထားကာ "အကြံဥာဏ်"အဖြစ် အသုံးပြုနိုင်မယ်တဲ့။

ရဲဘော်ကျောက် ချက်ချင်းပင် သဘောတူလိုက်လေ၏။ လက်ရှိကာလ၌ စာပေနဲ့ အနုပညာကို စွဲလမ်းနေသူ ဖန်တီးရှင်တစ်ယောက်အနေဖြင့် သူ့ထံတွင် မျှဝေလိုပြီး ကြွားဝါလိုတဲ့ ဆန္ဒလည်းရှိနေရာ သူရေးခဲ့တဲ့စာတွေကို အလွန်ကျေနပ်နေမိသလို တခြားသူတွေရှေ့မှာ ထုတ်ပြောဖို့ ရှက်ရွံ့နေမှာမဟုတ်ပါချေ။

တချို့လူတွေရှေ့မှာ သူ့မျက်နှာကို ကြွားဝါလို့လည်းရသလို သူ့အချစ်ရေးဟာ ဘယ်လောက်တောင် ချိုမြိန်ပြီး စိတ်လှုပ်ရှားစရာကောင်းသလဲဆိုတာ သိစေချင်ပါသည်။

ထို့ကြောင့် ကျောက်ကျန်းဟုန်က ပြီးခဲ့တဲ့နှစ်ရက်အတွက် ပြင်ဆင်နေခဲ့ပေသည်။ သူက "အကောင်းဆုံးစာ" လေးငါးစောင်ကို သေချာရွေးထုတ်ကာ နေ့တိုင်း ကုန်းပတ်ပေါ်တွင် ကျယ်ကျယ်ဖတ်ရှူခဲ့သည်။ တစ်ခါတစ်ရံ ပင်လယ်ဘက်မျက်နှာမူပြီး ချစ်မြတ်နိုးခြင်းအပြည့်နှင့် ရွတ်ဆိုနေပါသေးရဲ့။

"အား... ပင်လယ်ကြီး... "

ကျိုးကျန့်ဟွာမှာ ကျောက်ကျန်းဟုန်ရဲ့ အခန်းဖော်ဖြစ်သည်။ သူ ထပ်မံသည်းမခံနိုင်တော့ပါပေ။

လွန်ခဲ့တဲ့တစ်နှစ်တုန်းကလို ကျောက်ကျန်းဟုန်မျိုးဖြစ်ရင် ပိုကောင်းမှာပဲကွာ၊ ကောင်းကင်ပြာပြာနှင့် ပင်လယ်ကြီးကို တစ်နေကုန် လွမ်းဆွတ်ကြေကွဲစွာ ငေးမောနေတာမျိုးပေါ့။

သူ့ရဲ့ ချစ်ခင်မြတ်နိုးခြင်းအပြည့်နှင့် ဖတ်ရှုနေတာတွေကို နားထောင်နေရတဲ့ ကျိုးကျန့်ဟွာလည်း လက်မောင်းပေါ်မှာ ကြက်သီးတဖြန်းဖြန်းထလာရလျက်။

ချုံကျိုးကျွန်းရဲ့ ရာသီဥတု မအေးမှန်း သိသာနေတာပဲလေ၊ သူ ဘာလို့ အအေးလှိုင်း ဝင်လာတယ်လို့ ခံစားနေရတာတုန်းလို့!

အအေးမိသလိုမျိုး အေးစက်နေတာပဲကွာ...

"လောင်ကျောက် မင်း စာဖတ်တာကို ရပ်ပေးနိုင်မလား?"

မင်းရဲ့ ဒီအခန်းဖော်ကောင်းလေးကို လွှတ်ပေးပါကွာ...

"နောက်နှစ်ရက်လောက်ပဲ စောင့်ပေးကွာ၊ ငါအခု အပြည့်အဝ ပြင်ဆင်ပြီးနေပါပြီ"

"အမှန်တိုင်းပြောကွာ၊ လောင်ကျောက်" ကျိုးကျန့်ဟွာက သူ့အား စိတ်အားထက်သန်စွာ ဖြောင်းဖြ နေရင်း "နောက်ဆုံးမှာ မင်းကြိုက်တဲ့သူကို တွေ့ရင် တန်ဖိုးထားရမယ်နော်"

သူမရဲ့နားတွေကို ဒီလိုမျိုး မညစ်ထေးပါစေနဲ့ကွာ...

တစ်ချို့စာကြောင်းတွေက ရေးရတာ အရမ်းလှပပေမယ့် ဖတ်ကြည့်လိုက်ရင်တော့ လုံးလုံးကွဲပြားသည်ပင်။ ဤတရုတ်ဝါကျအနည်းငယ်မှာ နိုင်ငံခြားဘာသာစကားနှင့် စူးဒေသိယစကားတို့နှင့် ရောနှောနေပါ၏။ ကျေးဇူးပြုပြီးတော့ သင်္ဘောပေါ်က လူတိုင်းရဲ့ နားတွေကို အနားပေးပါဦးကွာ...

"စကားလုံးတွေက အသံထက် ပိုဆွဲဆောင်မှုရှိတယ်လေ။ မင်းရဲ့လက်တွဲဖော်ကို ဒီလိုဖတ်ပြရင်တော့... ရဲဘော်ရေ မင်း ပျော်ရွှင်ရမှာ မဟုတ်ဘူးနော်"

ကျိုးကျန့်ဟွာ စိတ်ထဲမှ 'မပျော်ရွှင်ရရုံတင်မကဘူး၊ အေးစက်စက်တောင် ဖြစ်သွားနိုင်သေးတယ်ကွ'

ကျိုးကျန့်ဟွာရဲ့ စကားကို နားထောင်ပြီးနောက် ကျောက်ကျန်းဟုန်က လုံးဝဂရုမစိုက်ဟန်ဖြင့် "ငါ မင်ရှီကို သွားဖတ်ပြမယ်လို့ ဘယ်သူပြောတုန်း? ငါက ရူးနေလို့လားကွာ?"

ကျောက်ကျန်းဟုန် သူ့ကိုယ်သူ တွေးလိုက်သည့်အခါ ငါ့အတွေးတွေက ဘယ်လောက် ရွံရှာစရာကောင်းနေပြီးတော့ အရိုက်ခံဖို့ ထိုက်တန်သလဲဆိုတာ ငါမသိပဲနေမလားကွ?

"ငါ့ကိုယ်ငါလည်း ဖျားနေတယ်လို့ ခံစားရတယ်ကွ၊ လောင်ကျိုးရေ မင်းရော?"

ကျိုးကျန့်ဟွာ ဆို့နင့်လုနီးပါးဖြစ်သွားရလျက်။

"ရွံစရာကြီးကွာ၊ အရမ်းကိုပဲ။ ငါ့အမေ ရွံ့စရာကြီးအတွက် တံခါးဖွင့်ပေးလိုက်လို့ ရွံ့ရှာမိသလိုမျိုးပဲ။ အရမ်းမနှစ်မြို့ဖွယ်ရာပဲ"

ကျောက်ကျန်းဟုန် ခေါင်းညိတ်လျက် "မှန်တယ်!"

ရဲဘော်ကျောက်က ဤအကျိုးသက်ရောက်မှုအတွက် အလွန်ကျေနပ်နေလေရဲ့။

"မင်း အရမ်းလွန်တာပဲကွ!!!" ကျိုးကျန့်ဟွာကျိန်ဆဲလုနီးပါးဖြစ်ကာ "ငါကတော့ မင်း အဓိပ္ပါယ်မရှိတာတွေ ဖတ်ပြနေတာကို နားထောင်ရတာထက် ပင်လယ်ထဲသွားပြီး လှိုင်းမူးရင်း ပဲပင်ပေါက်ပဲ စားချင်တော့တယ်ကွာ"

"ကောင်းပါပြီ ကောင်းပါပြီ။ တစ်ရက် နှစ်ရက်လောက်ပါပဲကွာ၊ ငါ့ကို ခဏလောက် လေ့ကျင့်ခွင့်ပေးပါဦး" ကျောက်ကျန်းဟုန်က သူ့ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးရင်း "ညီအစ်ကိုရေ မင်းလည်း တစ်ယောက်ယောက်နဲ့ ဒီလိုမပြောဖူးဘူးမဟုတ်လား? ငါဖတ်တာကို နားထောင်ထားတာ ကောင်းမယ်နော်"

ကျိုးကျန့်ဟွာ: "..." ဟား ဟား ဟား

"မင်းငါ့ကိုမယုံဘူးမလား? ငါ မင်းကို လုမျိုးရိုးနာမည်နဲ့ ငါ့သူငယ်ချင်းတစ်ယောက်ကို တွေ့ဖို့ နောက်တစ်ခါကျ ခေါ်သွားပေးမယ်"

ကျောက်ကျန်းဟုန်က လုယန်အိမ်သို့သွားသည့်အခါတိုင်း သူမျက်နှာမပျက်ရတော့ဘူးလို့ သူ့ကိုယ်သူ တွေးတောနေမိလျက်။ ဤအချိန်ကား သူ့ဘက်မှာရှိနေ၍ "သုံးရက်ကြာတွေ့ပြီးနောက် တစ်ယောက်ကိုတစ်ယောက် လေးစားသမှုဖြင့် ဆက်ဆံခြင်း"ဆိုတဲ့ အဓိပ္ပါယ်ကို လုယန်ကို သိစေရမည်။

ရဲဘော်လောင်ကျောက်က လုယန်ရဲ့ စာစီစာကုံးရမှတ်ကို မှတ်မိနေပါသေးသည်။ ခွီး...

ကျောက်ကျန်းဟုန်သည် သူရေးထားတဲ့စာကို ထုတ်ယူလိုက်ပြီး လုမျိုးရိုးအရှေ့မှာ ပစ်ချပေးလိုက်ရမှာကို တွေးတောနေရင်း... သူ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်...

- သူ့ကိုလည်း မနာလိုဖြစ်စေရမယ်ကွာ...

သူ့ဇနီးပါ ဖတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ ဒီကောင်က သူ့ဇနီးဆီကို ဒီလိုစာမျိုးရေးပေးဖူးမှာ မဟုတ်ဘူးလေ ဟုတ်တယ်မဟုတ်လား?

ဒီကောင်မရေးနိုင်ပါဘူး!

"လောင်လု!" လုယန်နှင့် ကျောက်ကျန်းဟုန် တို့ ကမ်းပေါ်ရှိ ရေငုပ်သင်္ဘောအဖွဲ့ရဲ့ ရုံးခန်းကို ငှားကာ တွေ့ဆုံခဲ့ကြသည်။

သူတို့ တွေ့တွေ့ချင်းမှာပင် ကျောက်ကျန်းဟုန်က လုယန်ဆီ စာလေးငါးစောင် ပေးဖို့ရာ မစောင့်နိုင်တော့ပေ။

လုယန်: "..."

သူ့ရဲ့ ခန့်ညားလှတဲ့ မျက်ခုံးတွေကို ပင့်လျက် "မင်းပုံစံက ဘာလို့ ခေါင်းဆောင်ရဲ့ စစ်ဆေးမှုကို စောင့်နေပုံပေါ်နေရတာလဲ"

လုကောက ဒီကောင်ရဲ့ မာနကြီးနေတဲ့ရုပ်ကို သည်းမခံနိုင်၍ ပြောလိုက်ခြင်းပင်။

ကျောက်ကျန်းဟုန်က သူ့လက်နှစ်ဖက်ကို ပိုက်ကာ လောလောဆယ်တော့ သူနှင့် မငြင်းခုန်ဖို့ ဆုံးဖြတ်လိုက်ရင်း "ယူပြီးသာ ဖတ်ကြည့်စမ်းပါကွာ ညီအကိုရေ"

လုယန် စာတစ်စောင်ကိုဖွင့်လိုက်ပြီး တစ်ချက်ကြည့်လိုက်တော့... အကြောင်းအရာက... "???!!!"

ခေါင်းဆောင်လုရဲ့ နှလုံးသားမှာ ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရရင်း တွေးနေမိသည်မှာ - ဒီကောင်က ဒီလိုအကြောင်းတွေကို ရေးတယ်လို့ ပြောနေတာပေါ့လေ?

ကျောက်ကျန်းဟုန်ရဲ့ မျက်ခုံးတွေက ပျော်မြူးစွာ တွန့်ခုန်နေလျက်။

သူက အလွန်အမင်း ဂုဏ်ယူဟန်ဖြင့် "လုယန် မင်းရော မင်းမိန်းမအတွက် စာရေးပြီးပြီလား?"

လုယန်: "..."

"ငါ မင်းကို ဖတ်ပြပေးရမလား? နားထောင်၊ ငါ ဖတ်တော့ - "

"ရပ်လိုက်၊ ဘောပင်နဲ့ စာရွက်ကို ယူလာပေး"

လုယန်က ပြောလိုက်လေ၏။ "မင်းလုကော ငါက နေရာမှာတင် ရေးပြပေးမယ်"

အဲဒါက အင်္ဂလိပ်၊ တရုတ်၊ ဆိုဗီယက်ပါတဲ့ ပုံစံတွေပဲ မဟုတ်ဘူးလား?

မင်းကြည့်ဖို့အတွက် ကော်ပီလုပ်ပေးမှာပေါ့ကွာ...

ကျောက်ကျန်းဟုန်ရှေ့မှာ လုယန်က ဘောပင်ကို ကောက်ကိုင်လိုက်ပြီး စာအရှည်ကြီးကို ပါးနပ်စွာ ရေးလိုက်လေ၏။ အကြောင်းအရာကတော့ -

ဒီနေ့ ရာသီဥတုက သာယာနေတာပဲ။ ကိုယ် ပြာလဲ့လဲ့ပင်လယ်ပြင်ကြီးကို ကြည့်လိုက်တဲ့အခါ ကိုယ့်နှလုံးသားက ပင်လယ်ရေလို ငြိမ်သက်နေပေမယ့် အမှန်တကယ်တော့ လှိုင်းထန်နေတာပါကွာ။ လှိုင်းလုံးတွေက သန္တာကျောက်တန်းပေါ် ပုတ်ခတ်နေသလိုမျိုး ကျသလိုပဲ ကိုယ့်နှလုံးသားလေးလည်း အခက်ကြုံနေရပြီလေ...

ဟိုရက်တုန်းက ကိုယ် မင်းနဲ့ ဆွေးနွေးခဲ့တဲ့ သင်္ချာပုစ္ဆာအတွက် အဖြေသုံးခုရသွားပြီ။

ဖြေရှင်းချက် ၁...

ဖြေရှင်းချက် ၂...

...

ကျောက်ကျန်းဟုန်: "..." သင်္ချာပုစ္ဆာလား? ဘာလို့ သင်္ချာပုစ္ဆာလဲဟ?

ချစ်သူစုံတွဲတွေက သင်္ချာပုစ္ဆာတွေကို သီးသန့် ဆွေးနွေးနေကြတာပဲလား? ကြယ်တွေ၊ လတွေအကြောင်း၊ ကောင်းကင်ပြာပြာ၊ ပင်လယ်ကြီးအကြောင်း၊ ကမ်းခြေမှာ ခရုခွံတွေကောက်မယ့်အကြောင်းလိုမျိုး ရိုမန်တစ်ဖြစ်တာတွေ ပြောရမယ့် အချိန်မဟုတ်ဘူးလားကွ?

လုယန် စာတစ်စောင်ရေးပြီးနောက် ဘူးသီးပုံလေးဆွဲကာ နောက်ထပ်စာကြောင်းနည်းနည်း ထပ်ရေးလိုက်၏။ ဤစာတွေက သင့်တင့်လျောက်ပတ်ပုံပေါ်နေသေးပါရဲ့။

ကျောက်ကျန်းဟုန်: "မင်းရဲ့ရှောင်ချင်းက ဒီစာတွေကို မြင်ရင် ဝမ်းသာမယ်လို့ မင်းသေချာရဲ့လားကွာ?"

လုယန် စိတ်ထဲကနေ ရယ်မောနေရင်း - ငါက အရူးမှမဟုတ်တာကွာ...

- ငါ့ဦးနှောက်မကောင်းတော့မှပဲ ဒါတွေကို ငါ့မိန်းမကို ပြမှာပေါ့... (သူ ဂျင်းထည့်ပြီဟေး 😆)

သို့သော် လုကောသည်ကား တခြားလူရှေ့မှာ ဘာအမူအရာမှမထုတ်ပြဘဲ သူကိုယ်တိုင်ရေးထားတဲ့ စာတစ်စောင်နှင့် ကျောက်ကျန်းဟုန်ရဲ့ စာကို နှိုင်းယှဥ်ရန် အတူတူထားလိုက်၏။

"ကြည့်စမ်း၊ ဘယ်သူရေးတာပိုလှလဲ?" လုယန် မျက်ခုံးပင့်ထားလျက်။ စာထဲမှာ ဘာအကြောင်းပဲ ရေးထားပါစေ၊ လုကောရဲ့ လက်ရေးဟာ အလုံးစုံလှပနေသလို သူ့ရဲ့လက်ရေးလှမှာ ပိုလို့တောင် ကျော့ရှင်းလှပနေပါသေးသည်။ ဘာသာစကားမျိုးစုံရဲ့ အက္ခရာတွေလည်း အထူးလှပနေပြီး မျက်စိဖမ်းစားဖွယ်ဖြစ်ကာ သက်တောင့်သက်သာရှိနေလေ၏။

- ဘယ်သူမှ ကူးယူလို့မရနိုင်ဘူးဟ။

လုကောတစ်ယောက်တည်းအတွက်ပဲ...

"ငါ့ကိုပြောကြည့်၊ ငါ့မိန်းမက ဘယ်စာကို ပိုကြိုက်လိမ့်မလဲလို့?"

လုယန် သူ့လက်ထဲက စာကို မြှောက်လိုက်သည်။ သူ့စာပေါ်က စာလုံးလှလှလေးတွေနှင့် နှိုင်းယှဥ်ကြည့်ပါက တခြားစာပေါ်က "ခွေးတွားသွားနေ"တဲ့ စကားလုံးတွေဟာ အထူးကြေကွဲဖွယ်ကောင်းနေပုံရသည်ပင်။

ကျောက်ကျန်းဟုန်: "..."

ကျောက်ကျန်းဟုန်တော့ သူ့ကြောင့် စိတ်ကုန်နေပါပြီနော် !!!

အမှန်တကယ်တော့ သူ့လက်ရေးဟာ သိပ်မဆိုးဘဲ သာမန်ဖြစ်ရုံသာ။ လုယန်ရဲ့ လက်ရေးနဲ့ ယှဥ်လိုက်ရင်တော့...

ဒီကောင့်စကားလုံးတွေကြောင့် အထင်ကြီးသွားရပါပြီနော်။

ဒီကောင်က ဒီလိုမျိုးရေးတယ်ပေါ့လေ၊ သူ ဘာလို့ ဒီလောက်ကောင်းကောင်းရေးတတ်နေရတာလဲကွာ? ဘုရားသခင်က မတရားဘူးပဲ ! ! !

လုယန်က သူ့ပုခုံးကို ပွေ့ဖက်လိုက်ပြီး အပြုံးတုလေးဖြင့် "ညီအစ်ကိုရေ မင်းလက်ရေးကို လေ့ကျင့်လို့ရပါသေးတယ်ကွာ။ မင်းလက်ရေးပိုလှလာတဲ့အခါ မင်းလက်တွဲဖော်ကို ပိုပျော်စေမှာပါကွာ"

"မင်းလုကော သွားတော့မယ်ဟေ့။ မနက်ဖြန်ကျရင် ငါ့မိန်းမကို ပြဖို့အတွက် ဒါတွေယူသွားပြီနော်။ သူမ အရမ်းပျော်သွားမှာပဲ"

လုယန် ဂုဏ်ယူနေတဲ့အပြုံးဖြင့် ပြောကာ သူ့လက်ထဲက စာတွေကို ခေါက်လိုက်သည်။ သူ့ဆီမှာ ကော်ပီဖို့ ဒီလောက်လှပတဲ့ "ပုံစံ"ရှိနေတာကြောင့် အတော်လေးကျေနပ်နေမိလျက်။

သူ့အစ်မသာ လက်တွဲဖော် မရှာနိုင်ခဲ့ရင် ဒါ လုယန်ဆိုတဲ့ သူ့အပြစ်ကြောင့်မဟုတ်ဘူးလေ၊ သူမကိုယ်ပိုင်အရည်အချင်းမရှိတာကြောင့်ပဲပေါ့။

ကျောက်ကျန်းဟုန်က ယုံကြည်မှုရှိရှိထွက်သွားတဲ့ သူ့နောက်ကျောကို လှမ်းကြည့်ရင်း ခဏတာ အံ့အားသင့်နေမိတုန်းပင်။

ချစ်သူတွေကြားမှာ သင်္ချာပုစ္ဆာတွေအကြောင်း ပြောပြသင့်တာလား?

ကျောက်ကျန်းဟုန်: "..."

နောက်တစ်ခါ ကြိုးစားကြည့်ရင်ရော?

စမ်းကြည့်လိုက်မယ်ကွာ...

ကျောက်ကျန်းဟုန်က ယဲ့မင်ရှို့ဆီ စာတစ်စောင်ရေးခဲ့ပြီး သူမနှင့် သင်္ချာပုစ္ဆာတွေကို ဆွေးနွေးခဲ့သည်။ သူက နှုတ်ရေးကြွယ်တဲ့ စကားလုံးပေါင်းများစွာကို ရေးခဲ့ပြီးပြီဖြစ်သော်လည်း သူ့ထံတွင် ပြောစရာတစ်ခုခုရှိနေဆဲပင်။

ရိုးရိုးသားသားပြောရပါလျှင် ဒီလိုရိုမန်တစ်ဆန်ဆန်စကားတွေကို တွေးတောရလွန်းလို့ ဦးနှောက်စားရတာထက် သင်္ချာပုစ္ဆာတွေ ဖြေရှင်းရတာဟာ ပိုလို့တောင် လန်းဆန်းစေပေသည်။

နောက်ဆုံးအနေနဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းရာတွင် အကြံဥာဏ်အသစ်တွေ ရှာတွေ့နိုင်သလို အဖြေမှန်တွေလည်း ရှိနေလေရဲ့။

"လုကောက တကယ့်ကို အတွေ့အကြုံရှိတာပဲကွာ။ သူ ဘယ်လိုလှည့်ကွက်တွေ သုံးရမလဲဆိုတာ သိတာပဲ" 
နောက်ဆုံးတော့ ကြယ်တွေ၊ လတွေ အကြောင်းပြောရတာ ငြီးငွေ့လာပြီဖြစ်လို့ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲဖို့ အချိန်တန်နေပါပြီကွာ...

ကျောက်ကျန်းဟုန် ခေါင်းတညိတ်ညိတ်ဖြင့် တွေးတောနေခဲ့၏။

သူက ယဲ့မင်ရှို့ထံ စာတစ်စောင်ပို့ပေးဖို့ တစ်စုံတစ်ဦးအား အကူအညီတောင်းလိုက်ပြီး မကြာမီတွင် ပြန်စာတစ်စောင် ရရှိခဲ့သည်

- ရှင်က ဗဟုသုတကြွယ်ပြီး အရည်အချင်းရှိလိုက်တာ၊ ကျွန်မ မျှော်လင့်နေပြီနော်...

ကျောက်ကျန်းဟုန်က ဒီစာကို မြင်လိုက်ရတဲ့အခါ သူ့ပါးတွေဟာ စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားလေ၏။

သို့သော် မိန်းကလေးပြောတဲ့ ဆိုလိုရင်းကိုတော့ သူမသိခဲ့ပါပေ။

- ကျွန်မ ဒီသောက်မေးခွန်းတွေကို နားမလည်နိုင်ဘူးလို့!

ဒါပေမယ့်...ရဲဘော်ရှောင်ယဲ့က ဒါတွေကို နားမလည်နိုင်ပေမယ့် ဒါဟာ အရမ်းကို အစွမ်းထက်တယ်လို့ သူမ ထင်မြင်ခဲ့သည်ပင်။

- အဲဒါက အရမ်းစိတ်တိုစရာပါပဲ၊ မင်းနဲ့ စကားပြောနေတဲ့သူဟာ အရမ်းအစွမ်းထက်တယ်လို့ ခံစားရတယ်လေ။

အရေးအသားက အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ ကျေးဇူးပြုပြီးတော့ နောက်တစ်ခါ ဒါမျိုး ဆက်မရေးပဲနေပေးနိုင်မလား?

xxx

All Chapters