အခန်း (၁၈၉)
Vol. 16 Ch. 189
Ch-189
- လုယန်ကို အကြံဥာဏ်တောင်းလိုက်တယ်...
ဒီတစ်ကြိမ်မှာတော့ ချင်းရို့တောင်မှ မယုံနိုင်သလို ခံစားလိုက်ရ၏။
ချင်းရို့က လုယန်ကို ကြည့်လိုက်သည်။ ဤတုံဏှိဘာဝေနေတက်သူ ရဲဘော်လုယန်ဟာ ဘလိုင်းဒိတ်မှာတုန်းက သူ့ဇနီးလေး စိန်ရှုပ်ထွေးသွားရလောက်အောင်ကို ဆွဲဆောင်မှုရှိတဲ့လှည့်ကွက်တွေ သုံးခဲ့ပြီး ပထမဆုံးအကြိမ်တွေ့ဆုံပြီးတာနဲ့ လက်ထပ်ခွင့်လျှောက်လွှာကို အစီရင်ခံစာတင်ခဲ့သူပင်။
ချင်းရို့: "ရှင့်အစ်မက ရှင့်ကို အထင်ကြီးနေတာများလား?"
လောင်ဝမ်၊ လောက်ကျောက်တို့လို အပြင်လူတွေကို ထားလိုက်ပါဦး၊ သူ့အစ်မကိုယ်၌က လုကောကို ယုံတယ်ဆိုတာ မယုံကြည်နိုင်စရာပါပဲ။
မျက်ကန်းကြောင်တစ်ကောင်ဟာ ကြွက်သေတစ်ကောင်ကို တစ်ကြိမ်၊ နှစ်ကြိမ်သာ ဆုံနိုင်ပေမယ့် သူ ဘယ်လောက်များ ကံကောင်းနိုင်မှာတုန်း? လုမောင်းမောင်းက ကြွက်သေအားလုံးကို ကောက်ယူသွားမှာပဲလေ...
လုယန်: "... ကိုယ့်တူလေးက နောက်နေတာနေမှာပါ"
ကပ္ပတိန်လုလည်း ဒါဟာ မယုံနိုင်စရာကောင်းလွန်းတယ်လို့ ထင်မိလေရဲ့။
သို့သော် ရှမင်ရှီးက သူ့အမေဟာ အလေးအနက်ဖြစ်ကြောင်း ပြောလာခဲ့သည်။
"ဦးလေးရေ သားမားမားက ဦးလေးကို သူမဆီ ဖုန်းခေါ်ခိုင်းထားတယ်နော်။ သူမကို အစ်မလို ဆက်ဆံသေးရင် ဦးလေး သူမဆီဖုန်းခေါ်သင့်တယ်လို့"
လုယန်: "..."
သူနှင့် ချင်းရို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ ဇနီးမောင်နှံနှစ်ဦးရဲ့ အမူအရာကိုတော့ ဖော်မပြလို့မရနိုင်လောက်အောင်ပါပဲ။ လုယန် ခြံပြင်ထွက်လာကာ ချင်းရို့နှင့် ရှမင်ရှီးလည်း အပျော်ကြည့်ဖို့ လိုက်သွားကြ၏။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးလည်း လူကြီးတွေနောက်ကနေ လိုက်ခဲ့သည်ဖြစ်ရာ လုမိသားစုဟာ ရထားတွဲလေးလို စီတန်းပြီး စတင်ထွက်ခွာလာချေပြီ။
ဖက်ထုပ်လေး မေးလာခဲ့၏။ "ပါးပါးက ဘာလုပ်ချင်လို့လဲဟင်?"
"သားဒေါ်လေးဆီ ဖုန်းခေါ်ဖို့လေ၊ ရှူး... မဆူကြနဲ့နော်။ ကျိုးကျိုးလေးက ညီလေးကို ကြည့်ပေးထားဦး"
သူတို့မိသားစုရှိ ဖက်ထုပ်လေးဟာ မကြာသေးမီကပင် စကားပိုပိုများလာလေသည်။ သူ့ရဲ့ အေးဆေးတည်ငြိမ်တဲ့အစ်ကိုကြီးနှင့် ယှဥ်ပါက သူက တက်ကြွလွန်းလာလေ၏။
"သားက သားကောကောကို မကြည့်ခိုင်းစေချင်ပါဘူးနော်"
ယခုအခါ အနှီဖက်ထုပ်လေးက တော်တော့်ကို ပုန်ကန်တတ်လာလေပြီ။ လူကြီးတွေ ဘာပဲပြောပြော သူက ဆန့်ကျင်ဘက်လုပ်ချင်သည်ပင်။
နံဘေးရှိ ကျိုးကျိုးလေးက အေးအေးဆေးဆေးပြောလာလေရဲ့။ "ဒါဆို မင်း ကျိုးကျိုးလေးလုပ်ချင်လား?"
ဖက်ထုပ်လေး: "..."
ဖက်ထုပ်လေးမှာ နားမလည်နိုင်တဲ့ မက်လုံးတစ်ခုကို ရလိုက်၍ ကျိုးကျိုးဆီ လျှောက်သွားကာ ပွေ့လိုက်လိုက်ရင်း ကျောလေးကို ပုတ်ပေးလျက် ညင်ညင်သာသာလေး ချော့မြူလိုက်လေ၏။ "တိတိရေ လိမ္မာနော်..."
ကျိုးကျိုးလေးက သူ့မျက်နှာသူ ပွတ်သပ်ကာ ချင်းရို့ကို ကြည့်ပြီး နူးနူးညံ့ညံ့နှင့် ချစ်စဖွယ် ကောင်းစွာဖြင့် "မားမား ကောကောပြောတာ သားနားထောင်ပါမယ်"
ဤလေသံမှာ ဖက်ထုပ်လေး သုံးနေကျ အိကျိအိကျိချစ်စဖွယ်အသံလေးနဲ့တူနေသည်ပင်။ သူ့နှုတ်က ထွက်လာတဲ့ စကားတွေက ဖက်ထုပ်လေး ပြောနေကြစကားတွေလိုမျိုး မဟုတ်ရုံလေးသာ။
ချင်းရို့: "..."
ချင်းရို့ တံတွေးမျိုချလိုက်ပြီး သူမရဲ့ သားလေးတွေက အနုပညာပိုး တစ်ချို့ ရှိနေတာပဲလို့ ရုတ်တရက် ခံစားလိုက်ရပြီး ရုပ်ရှင်ရိုက်ခြင်းနှင့် သရုပ်ဆောင်ခြင်းကဲ့သို့သော အနုပညာကျောင်းကို အမှန်တကယ် သွားနိုင်လိမ့်မယ်လို့ ထင်မိလျက်။
ဒီကလေးတွေက ဒီအရွယ်လေးနဲ့တောင် ဒရာမာကင်းလေးတွေ ဖြစ်နေကြပြီလေ...
သူတို့လေးတွေနဲ့ အရွယ်သိပ်မကွာတဲ့ သွင်းသွင်း၊ ထျောင့်ထျောင့်နှင့် တခြားကလေးတွေဆို ဒီလိုကစားနည်းတွေကို သိတောင်မသိကြပေ။
ချင်းရို့လည်း ဒါကိုတွေးကြည့်မိတဲ့အခါ အနာဂတ်ကို ပုံဖော်ရခက်တယ်လို့ ခံစားမိသွားရ၏။
ဖုန်းခေါ်ဆိုခန်း၌ လုယန်က လုစန်းကျဲကို ဖုန်းခေါ်လိုက်ရာ ခပ်မြန်မြန်ပဲ ချိတ်ဆက်သွားခဲ့သည်။
"မောင်လေးရေ ရှောင်မင်ရော ဒီမှာရှိလား?"
"ရှိတယ်"
"နင့်ကို ဟိုကိစ္စပြောပြီးပြီပေ့ါ?"
"အင်း"
"နင် နောက်ထပ် စကားနည်းနည်း ပိုမပြောနိုင်ဘူးလား? ကိုယ့်အစ်မကို အကြံဥာဏ်လေးပေးပါဦးဟဲ့"
"ကျွန်တော် အစ်မကို အကြံနည်းနည်း ပေးလိုက်မယ်" လုယန် လက်ထဲမှာ ဖုန်းကိုင်ထားရင်း ပျင်းရိလေးတွဲ့စွာ ပြောလာခဲ့သည်။
"ပါတနာနဲ့ စကားပြောတဲ့အခါ တိုတိုတုတ်တုတ်လိုရင်းသာပြော၊ အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောနဲ့"
"တကယ်လား?"
သို့သော် တစ်ဖက်မှ လုစန်းကျဲက စိတ်ရှုပ်ထွေးစွာဖြင့် "ဒါပေမယ့် ငါက စာရေးနေတာလေ။ စာထဲမှာ စကားလုံးရေများများတော့ ရှိရမယ် မဟုတ်လား?"
လုယန်: "... အဲဒါတော့ အစ်မသဘောပဲ"
"မောင်လေးရေ ကျေးဇူးပြုပြီးတော့ ငါ့ကို စာရေးတဲ့ပုံစံတချို့ ပေးပါဦး။ နင်နဲ့ ယောက်မလေးတို့ အတူတူနေလာတာ နှစ်အတော်ကြာနေပြီဆိုတော့ နင် စာတွေ အများကြီးရေးဖူးမှာပေါ့။ နင့်အစ်မကို လမ်းညွှန်ပေးပါဦး..."
"ငါ နင့်ကိုသတိပေးလိုက်မယ်နော်။ နင် စာမရေးဖူးပါဘူးလို့ လာမပြောနဲ့။ နင် ဘယ်သူ့ကို အရူးလုပ်ဖို့ကြိုးစားနေတာတုန်း? လောင်ကျောက်မိသားစုက ငါတို့အိမ်ဆီ ဖုန်းခေါ်လို့ မိဘတွေလည်း အားလုံးသိပြီးသား။ နင် တစ်ယောက်ယောက်ကို ကလောင်ဖော်ရှာတွေ့အောင် ကူညီပေးခဲ့တယ်ဆိုတာလေ။ အခု နင့်အစ်မ အလှည့်ကျမှ ဘာလို့မကူညီချင်ရတာလဲ?"
လုယန်: "..."
သူပြောမယ့်စကားတွေအားလုံးကို ဒီအမျိုးသမီးက ပိတ်ပြောပစ်နေတာပဲ...
"ကျွန်တော် စာတစ်စောင်မှ မရေးဖူးဘူး။ ဒါပေမယ့် တိုက်ပွဲအစီအစဉ်တွေ အများကြီးရေးဖူးတယ်"
"ဒါဆို နင့်အစ်မကို နင့်ရဲ့ တိုက်ပွဲအစီအစဉ်တွေ ပြပါဦး။ ကျွန်းပေါ်မှာ ငါ့သူငယ်ချင်းတစ်ယောက်ရှိနေလို့ နင် ပစ္စည်းတွေကို ငါးရက်အတွင်း ယူခိုင်းလို့ရတယ်နော်။ ဒါ အရေးကြီးတယ်"
"ဒီတစ်ခါတော့ ငါ နင့်ကို အချိန်အများကြီးပေးထားတယ်နော်"
"ကောင်စုတ်လေး နင့်အစ်မကို မလှည့်စားနဲ့နော်။ နင်ငယ်ငယ်တုန်းက ငါပိုဂရုစိုက်ပေးခဲ့ရတာလေ။ အကြိမ်တိုင်း သစ္စာဖောက်ကဒ်ကို နင့်စတုတ္ထအစ်ကိုဆီပဲ ပစ်ပစ်ပေးခဲ့တာကို"
လုယန်: "... ကျွန်တော့်ဘာသာ လဲခဲ့တာ သိသာပါတယ်ဗျာ"
"ငါ မမြင်ချင်ယောင်ဆောင်ပေးထားတာမဟုတ်ရင် နင် ဒီလောက်လွယ်လွယ်လေးနဲ့အောင်မြင်မှာတဲ့လား?"
လုယန်: "အစ်မက ကျွန်တော့်ရဲ့ ဆရာကတ်ကို တိတ်တိတ်လေး လဲခဲ့တာလေ"
"နင့်ကိုယ်ပိုင်အစွမ်းအစနဲ့ဆို နင်နိုင်ပြီးသားပဲဟာ...တကယ်လို့ တွက်ကြည့်မယ်ဆိုရင် နင် ငယ်ငယ်လေးကတည်းက နင့်အစ်မကို ဘယ်လောက်တောင် လှည့်စားခဲ့တာလဲ? လုယန်?!!"
လုယန် မျက်ခုံးပင့်ကာဖြင့် "ကျွန်တော် ရေးတဲ့ပုံစံကို အစ်မ အတုယူလို့မရနိုင်ဘူး"
သူ စာတစ်ခါမှ မရေးဖူးသော်လည်း လုကောကတော့ အလွန်ယုံကြည်မှုရှိနေလျက်။
"နင် ငါ့ကို ကြည့်ခွင့်မပေးမချင်း ငါမယုံပါဘူးနော်"
မောင်နှမနှစ်ယောက် ဖုန်းချလိုက်ကြ၏။
ချင်းရို့ အပြင်ဘက်ကနေ မောင်နှမတွေကြားက တိုက်ပွဲအခြေအနေကို လေ့လာနေခဲ့သည်။ သူမ နဖူးကိုအုပ်၍ ပြောလိုက်လေ၏။
"ရှင်အဲဒီမဟုတ်ကဟုတ်ကတိုက်ပွဲ အစီအစဉ်တွေကို အပြင်လူတွေကို ပြဦးမလို့လား?"
ရှက်စရာကြီးနော်...
သူတို့က အကြောင်းအရာမျိုးစုံကို ရေးထားခဲ့ကြသလို အဲ့ဒါတွေကိုလည်း လေးလေးနက်နက်လည်း လုပ်ဆောင်ခဲ့ကြသည်ပင်။
လုယန်ရဲ့ ပါးစပ်ထောင့်မှာ ကွေးသွားလျက် ရှေ့သို့ ခြေလှမ်းကာ သူ့ဇနီးလေးရဲ့ ပုခုံးတစ်ဝိုက်ကို ပွေ့ဖက်လိုက်ရင်း ယုံကြည်ချက်ရှိရှိပြောလာလေ၏။
"စိတ်မပူပါနဲ့ကွာ၊ မင်းရဲ့လုကောမှာ နည်းလမ်းရှိပါတယ်"
ချင်းရို့: "ကျွန်မလည်း အဲ့လိုပဲမျှော်လင့်ပါတယ်နော်"
ရှင့်အစ်မကို သွားလှည့်စားမနေနဲ့ဦး...
လုရွှမ်(လုစန်းကျဲ) ဖုန်းချပြီးနောက်တွင် တစ်ယောက်တည်း ခဏလောက် ပျော်မြူးနေလေ၏။ သူမက ဒီတိုင်း ပျင်းရိငြီးငွေ့နေရုံသာ။ မဟုတ်ရင် လုယန်လိုလူရဲ့ အကြံဥာဏ်ကို ဘာလို့ အသုံးပြုရမှာလဲနော်။
အစ်မရင်းတစ်ယောက်အနေနဲ့ ဤကိစ္စရဲ့ အမှန်တရားကို ဘယ်လိုလုပ်မသိဘဲနေမှာလဲလို့?
ဒီကောင်လေးက ဇနီးတစ်ယောက် ရှာနိုင်တယ်ဆိုတဲ့ အချက်နဲ့တင် တော်တော်လေးအံ့အားသင့်စရာကောင်းနေပြီလေ။ သူက လူတွေကို လက်တွဲဖော်ရှာဖို့အတွက် အကြံဉာဏ်တွေပေးနိုင်တယ်တဲ့လား?
သူ့စတုတ္ထအစ်ကို လုရှောင်းလိုပါပဲ၊ နှစ်ယောက်စလုံးက ငလိမ်တွေချည်းပဲ...
လုရွှမ်အရွယ်ကြီးနဲ့ သူမလည်း အိမ်ထောင်ရေးကိစ္စတွေကို အရမ်းကြီးစိတ်မ၀င်စားတော့ပါချေ။
ကလေးက ဒီလောက်ကြီးနေပြီလေ၊ ဒါတွေလိုအပ်သေးလို့လား? ဒါ့ကြောင့် အိမ်ထောင်ဖက်ရှိမရှိဟာ သူမအတွက် အရေးမကြီးတော့ဘူးလေ။
ဘာပဲဖြစ်ဖြစ် လုရွှမ်ကတော့ သူမရဲ့ လက်ရှိဘဝကို အရမ်းကျေနပ်နေပါတယ်နော်...
လုရွှမ်က သူမသားလေးကို ကွမ်ချန်သို့ ခေါ်သွားချိန်တွင် ထိုစားသောက်ဆိုင်စားဖိုမှူးလုချင်းကို အနည်းငယ် သဘောကျမိသော်လည်း သူမအတွက်တော့ စွဲလမ်းနေမိတာမျိုးမဟုတ်ပေ။ သူမဘဝမှာ နောက်ထပ်အမျိုးသားရှိမရှိကို တကယ်ဂရုမစိုက်ပါဘူးနော်...
လုရွှမ်က လောင်လု(လုပါးပါး)ကို ဖုန်းဆက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့သည်။
"ပါးသမီးက အခုတလော တစ်ယောက်ယောက်နဲ့ တွေ့ဖို့ ကြိုးစားနေတာ။ အဲဒါ မောင်လေးလုယန်ဆီက အကြံနည်းနည်းတောင်းထားတယ်"
အကယ်၍ စေ့စပ်ညှိုနှိုင်းမှု မအောင်မြင်ပါက သူမရဲ့ အပြစ်မဟုတ်ဘဲ မောင်လေးရဲ့ အပြစ်တွေကြောင့်ပဲပေါ့...
ငါ့မောင်လေးက အပြစ်တင်ခံရဖို့ စောင့်နေပေတော့။
ရဲဘော်လောင်လု: "???!!!"
ရဲဘော်လောင်လုက အသက်ပြင်းပြင်းရှူလိုက်ရင်း "မင်း သေချာရဲ့လား?"
"မင်း လုယန်ကို အကြံတောင်းလိုက်တယ်ပေါ့။ နေက အနောက်ဘက်ကနေ မထွက်မချင်း အောင်မြင်နိုင်ပါ့မလား?"
ကျောက်မိသားစုရဲ့ ယခင် ဖုန်းခေါ်ဆိုမှုမှာ သူ့ကို စိတ်ရှုပ်ထွေးစေခဲ့ပြီးဖြစ်ရာ ယခုတော့ သူ့သမီးရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့ချေပြီ။
လုယန်က သူ့သားလုယန်နဲ့ အတူတူပဲလား?
"ကျွန်မမောင်လေးကို ယုံတယ်။ သူပေးသမျှ အကြံဥာဏ်အတိုင်း လိုက်လုပ်မလို့"
လုစန်းကျဲက ဒီလိုပြောခဲ့ပေမယ့် စိတ်ထဲမှာတော့ 'ဟုတ်တာပေါ့၊ နေက အနောက်ဘက်က ထွက်လာမှပဲ အောင်မြင်နိုင်မှာပဲ'
"ပါး ကျွန်မ ပြောထားပြီးသားနော်။ စိတ်ချလက်ချနဲ့ စောင့်နေလိုက်တော့"
လုကျုံးရီ: "..."
သူ ဘယ်လိုလုပ်ပြီး စိတ်သက်သာရာရနိုင်မှာတုန်း? စိတ်လျှော့ထားလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးလေ! ! !
မင်းတို့ ကလေးတွေက တရားလွန်လိုက်တာ!! လက်သင့်ခံနိုင်စရာကိုမရှိဘူး!!
xxx