အခန်း (၁၈၈)
Vol. 16 Ch. 188
Ch-188
နှစ်သစ်ကူးအကြိုနေ့ဖြစ်၏။
ယခုနှစ် နှစ်သစ်ကူးကိုတော့ ဇနီးမောင်နှံနှစ်ဦးနှင့် ကလေးနှစ်ယောက်သာ အတူတူဆင်နွှဲကြရမယ်ဆိုသော်ငြား ချင်းရို့ကတော့ ခမ်းနားတဲ့ နှစ်သစ်ကူးညစာစားပွဲကို ပြင်ဆင်နေဆဲပင်။
တရုတ်နှစ်သစ်ကူးကာလတွင် ချင်းရို့ရဲ့ ခြံထောင့်မှာ စိုက်ပျိုးထားသော နှင်းဆီတွေလည်း ပွင့်လန်းနေလေပြီ။
သူမက အသစ်လေးတွေစိုက်ပျိုးဖို့ မျိုးစေ့ရုံသို့သွားရှာခဲ့ချိန်တွင် နှင်းဆီစိုက်ပျိုးတာကို သဘောကျတဲ့ အဘွားအိုတစ်ဦးနှင့် မတော်တဆ တွေ့ဆုံခဲ့ရပြီး သူမထံမှ ခရမ်းပြာနှင်းဆီအပင်ကို အောင်အောင်မြင်မြင် အရယူနိုင်ခဲ့ခြင်းပင်။ ယခုတော့ ပန်းလေးတွေ လှပစွာ ပွင့်လန်းလာချေပြီ။ ဒါကို ခရမ်းပြာရေတံခွန်လို့ ဖော်ပြချင်ပေရဲ့။
အိပ်မက်တစ်ခုလိုမျိုး ဆန်းကြယ်လှတဲ့ ခရမ်းရောင်လေး...
လုယန်သည် မိသားစုခြံဝင်းထဲတွင် အိမ်တစ်လုံးပိုင်ဆိုင်သူ အရာရှိတစ်ဦးဖြစ်၍ နှစ်သစ်ကူး၌ သူလည်း နှစ်ရက်၊ သုံးရက်လောက် အိမ်ကို ပြန်လာနိုင်ခဲ့သည်။ မနက်စောစောတွင် ချင်းရို့က သူမစိုက်ထားတဲ့ နှင်းဆီပန်းတွေကို ကြည့်ဖို့ သူ့ကို ခေါ်သွားခဲ့ပြီး မေးလာလေ၏။
"ဒါတွေ ကြည့်လို့ကောင်းလား?"
ကံမကောင်းစွာဖြင့် ဒီလူကတော့ အမှန်တကယ်ပဲ အလှတရားကို မခံစားတတ်ပါပေ။
လုယန်က ပန်းရဲ့အရောင်ကိုကြည့်ပြီး "နှစ်သစ်အတွက်ဆို ဘာလို့ အနီရောင်မစိုက်တာလဲ?" လို့ သံသယဖြင့် မေးလာလေ၏။
နှစ်သစ်ကူးဆိုတော့ ဒီထက်နည်းနည်းလေးပိုပြီး ပွဲတော်အငွေ့အသက်ဖြစ်အောင် လုပ်ရမှာ မဟုတ်ဘူးလား?
ချင်းရို့: "..."
နံစော်နေတဲ့ အမျိုးသားတွေဟာ တကယ်ပဲ စိတ်ခံစားချက်မရှိဘူးဟ။ ရဲဘော်ရှောင်ချင်းလည်း ဒီလူက တကယ်ပဲ အမြင်မရှိတာပဲလို့ ခံစားမိသွားရလျက်။
ဒီလောက်လှတဲ့ အိမ်မက်ဆန်ဆန် ခရမ်းပြာရောင်ပန်းက အမြင်ကို ဖမ်းစားနိုင်လောက်တယ်လေ မဟုတ်ဘူးလား?
"ဒါဆို ရှင် ခရမ်းချဥ်သီးတွေ သွားယူပေါ့။ ခရမ်းချဥ်သီးတွေပဲ သွားရွေးလိုက်တော့။ ဟမ့် အဲ့ဒါတွေအားလုံး အနီချည်းပဲ..."
ယခုအခါ ခရမ်းချဥ်သီးလေးတွေလည်း နွယ်ပင်ပေါ်မှ တွဲလောင်းကျနေလေပြီ။
လုယန် ပြုံးပြီး သူ့ဇနီးလေးခါးကို ပွေ့ဖက်လိုက်ကာ သူ့အမှားကို ဝန်ခံစွာဖြင့် "ဒါက အရမ်းလှပါတယ်ကွာ"
ချင်းရို့က သူ့ရဲ့မျက်နှာချောချောလေးကို ပွတ်သပ်ရင်း "အခုတော့ အရမ်းနောက်ကျသွားပါပြီနော်"
"ကျွန်မ ရှင့်ကို ပန်းတွေကြည့်ဖို့ ခေါ်လာတာက ပျိုနီပန်းကို ကိုက်ဝါးနေတဲ့ နွားတွေအတိုင်းပဲ"
"ကိုယ် မင်းကို ဓာတ်ပုံရိုက်ပေးဖို့ ကင်မရာယူလိုက်ရမလား?"
"ဒီအရောင်ကို ဓာတ်ပုံရိုက်လို့မရတာ ဝမ်းနည်းစရာပဲ"
...
နှစ်သစ်ကူးအကြိုနေ့တွင် ဘေးအိမ်သည်လည်း အလွန်သက်ဝင်လှုပ်ရှားနေလျက်။ ကျန်းချန်ပေ့က ဒုတိယထပ်ကနေ လှမ်းကြည့်လိုက်ရာ ဘေးအိမ်က စိုက်ထားတဲ့ နှင်းဆီပန်းတွေကို သတိထားမိသွား၏။
အနှီပန်းအရောင်မှာ အမှန်တကယ်ပင် ရှားပါးလှသည်။ ယေဘူယျအားဖြင့် အနီ၊ အဝါ၊ အဖြူနှင့် ပန်းရောင်တွေပဲ ပိုများသည်ပင်။ ဒီခရမ်းပြာရောင်နှင်းဆီပန်းတွေဟာ နှစ်သစ်ကူးအခမ်းအနားအတွက် သင့်လျော်မှုမရှိသော်လည်း ပန်းတွေက အမှန်ပင် ကြည့်ကောင်းလှသည်။
ကျန်းချန်ပေ့က သူ့မေးစေ့ကို လက်နှင့် ထောက်ထားလျက် သူ့ခြံထဲမှာလည်း ဒီလိုရှားပါးပန်းတွေ စိုက်ထားရင် ကောင်းမလားလို့ တွေးနေမိ၏။
အနီရောင်နှင့် အဝါရောင်တွေဟာ ဘယ်လောက်ပဲ လှလှလေးပွင့်လန်းနေပါစေ၊ ကြည့်ရတာ ငြီးငွေ့စရာကောင်းနေလိမ့်မှာ။
"လောင်ကျန်းရေ မီးဖိုချောင်မှာ လာကူညီဦးလေ၊ ရှင် ပျင်းနေပြန်ပြီလား?"
ကျန်းချန်ပေ့: "..."
ဘယ်လောက်တောင်ဝမ်းနည်းစရာကောင်းလိုက်သလဲ... အရင်တုန်းက တရုတ်နှစ်သစ်ကူးအချိန်ဆို သူ မီးဖိုချောင်ထဲကို တစ်ခါမှ မဝင်ဖူးပေမယ့် အခုတော့ မီးဖိုချောင်ထဲဝင်ကူရတဲ့အထိ ရာထူးလျော့သွားပြီပဲကွာ။
"လာပြီ လာပြီ၊ ဘာပဲဖြစ်ဖြစ် နှစ်တိုင်း နှစ်သစ်ကူး ကျင်းပနေရတာပဲကွာ။ ဒီနှစ်တော့ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်လိုက်ကြရအောင်လေ"
သားအကြီးဆုံး ကျန်းရိချောင်က အထူးတလည် မကျေမနပ်ဖြစ်စွာဖြင့် "နှစ်သစ်ကူးမှာ သား အဝတ်အစားအသစ်တွေဝတ်ပြီးတော့ ခမ်းနားတဲ့ နှစ်သစ်ကူးညစာစားရမှာလေ!! ပါးပါးရေ အခုတော့ ပါးက မိသားစုခြံဝင်းထဲက ပျင်းရိတဲ့အဒေါ်ကြီးတွေ ပြောသလိုမျိုး ပြောနေတာပဲနော်"
ကျန်းရိချောင်က တမင်တကာ သူ့အသံကို မြှင့်၍ ပျင်းရိသလို အသံတုဖြင့် "လောင်လျိုရေ ဒီနေ့တော့ ရိုးရိုးရှင်းရှင်းပဲ စားကြရအောင်လေ"
"တရုတ်နှစ်သစ်ကူးမှာ ဇနီးပျင်းတွေကတောင် ပါးလောက် မပျင်းကြဘူးနော်"
ကျန်းချန်ပေ့: "..."
သူ့ရဲ့သားကြီးကို ဒေါသထွက်ရလွန်းလို့ အနှေးနဲ့အမြန် နှလုံးရောဂါရတော့မှာပဲကွာ...
ဟွမ်ရှင်းရင် အပြုံးလေးနှင့် မီးဖိုခန်းထဲက ထွက်လာပြီး "ဒီည ဖက်ထုပ်စားရအောင်လေ၊ ကျန်းရိချောင် သားလည်း ဖက်ထုပ်လုပ်ဖို့ လာခဲ့"
ကျန်းရိချောင်: "အာ? သားကိုလည်းလိုတယ်"
ကျန်းချန်ပေ့က သူ့ကို လက်ညှိုးထိုး၍ "မင်းကိုကြည့်စမ်း၊ ငပျင်းလေး မင်းရဲ့ ညီလေးနဲ့အတူတူ လာကူကြ"
ကျန်းရိချောင်: "ဒါပေမယ့် မားရေ သားတို့ ဖက်ထုပ်လုပ်နည်း သိလို့လား? နောက်ဆုံးတခေါက်က ခေါက်ဆွဲပြုတ်ပဲ စားလိုက်ရတာလေ"
"ခေါက်ဆွဲပြုတ်က ဘာဖြစ်နေလို့လဲ? ခေါက်ဆွဲပြုတ်ကိုလည်း အတူတူတွဲစားလို့ရတယ်လေ"
ကျန်းချန်ပေ့: "ငါ မုန့်ညက်ကို လှိမ့်ပေးမယ်။ ငါ ဟင်းချက်ဆရာကြီးဆီကနေ သင်ထားခဲ့တာ"
"ဒါဆို ရှင့်ကို အပ်လိုက်ပြီနော် လောင်ကျန်းရေ"
...
ချင်းရို့နှင့် လုယန်တို့က ကလေးနှစ်ယောက်နှင့်အတူတူ ပြတင်းပေါက်တံခါးတွေမှာ နှစ်လုံးတွဲစပ်ကဗျာတွေ ကပ်ပြီးတဲ့နောက် နေ့လည်ခင်း၌ ဖက်ထုပ်အတူတူ လုပ်ခဲ့ကြသည်။
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က သူတို့ပါးပါးမားမားနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြလေရဲ့ "မုန်လာဥနီမထည့်နဲ့နော် မုန်လာဥနီမထည့်နဲ့နော်"
"ဖက်ထုပ်ထဲမှာ မုန်လာဥနီပါတာ အရသာရှိပါတယ်ကွယ်"
"ဖက်ထုပ်တွေကို ပုစွန်၊ ငါး၊ မုန်လာဥ၊ ကြက်သွန်မြိတ် အစာသွပ်တွေနဲ့ နည်းနည်းစီ လုပ်ထားလိုက်မယ်။ ဒီနေ့မကုန်ရင်လည်း အေးခဲထားပြီး မနက်ဖြန်ထပ်စားကြတာပေါ့"
"မင်းတို့ မုန်လာဥအစာသွပ်ကို စားမိနိုင်သလားဆိုတာတော့ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးရဲ့ ကံကြမ္မာပေါ်မှာ မူတည်တယ်နော်"
"ကောကောနဲ့ တိတိလေးတို့ရေ... ဒီည ဘယ်သူကံအကောင်းဆုံးလဲဆိုတာ သိချင်သလားနော်? သားတို့ကံကောင်းရင်တော့ မုန်လာဥအစာသွပ်ဖက်ထုပ်ကို စားရလိမ့်မယ်နော်"
ကျိုးကျိုးလေး: "..."
ဖက်ထုပ်လေး: "..."
မုန်လာဥစားရင် ကံကောင်းတာလား?
ဖက်ထုပ်လေးက သူ့ခေါင်းလေးကို မော့ကာဖြင့် "ကောကောက ကံကောင်းမှာ"
ကျိုးကျိုးလေး: "...ငါက ဖက်ထုပ်လေးမဟုတ်ဘူးလား?"
ဖက်ထုပ်လေးက မသိစိတ်မှ ထိတ်လန့်သွားရလျက် "ငါက ကျိုးကျိုးပဲ!"
ချင်းရို့နှင့်လုယန်: "??!!!"
ဒီကောင်လေးနှစ်ယောက်က တော်တော်လေး သရုပ်ဆောင်တော်ကြပေမယ့် အစ်ကိုကြီးက နည်းနည်းလေး ပိုဉာဏ်ကောင်းပုံရတယ်နော်။ သူတို့ရဲ့ ဖက်ထုပ်လေးကတော့ တကယ့်ကို ခေါင်းမာပြီး တစ်သက်လုံး အစ်ကိုကြီးလုပ်ချင်နေတာပါပဲ...
ချင်းရို့က ဇာတ်ဆောင်နှင့် ဇာတ်ပို့အခန်း ပုံကြမ်းကို မတွေးမိဘဲမနေနိုင်တော့ပါပေ။
"ကိုယ်တို့မိသားစုရဲ့ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတို့ နှစ်ယောက်စလုံး ကံကောင်းကြမှာပါ"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ဟာ သူတို့ပါးပါးပေါင်ကို ပွေ့ဖက်ရင်း "ပါးပါးလည်း ကံကောင်းပါစေ" လို့ ဆုမွန်ကောင်းတောင်းပေးကြ၏။
သားတို့ရဲ့ မုန်လာဥအစာသွပ်ဖက်ထုပ်ကို ကူစားပေးပါနော်...
လုယန်က ပြုံးပြီး ချစ်မြတ်နိုးစွာဖြင့် "သားတို့မားမားက ကံကောင်းခြင်းရဲ့ ဘုရင်မပဲလေ"
ချင်းရို့က ကျွန်မက အဆိပ်ခတ်ဖို့ စဉ်းစားမနေနဲ့ဆိုပြီး လုယန်အား စိုက်ကြည့်လိုက်သည်။
ညဘက်တွင် ချင်းရို့က ဖက်ထုပ်တွေအပြင် ကလေးနှစ်ယောက်အတွက် ဖီးနစ်အမြီးလေးပါတဲ့ ပုစွန်လုံးကြော်ကို အထူးစပယ်ရှယ်ကြော်ပေးခဲ့သည်။ ဒယ်အိုးထဲက ထွက်လာချိန်တွင် ရွှေရောင်ပုစွန်လုံးတွေက အမြီးလေးတွေ ထောင်နေလျက် အရောင်အဆင်းလှပကာ အတော်လေး မျက်စိဖမ်းစားဖွယ်ပင်။
အပေါ်ယံမှာ ကြွပ်ရွရွလေးဖြစ်ကာ အတွင်းပိုင်းရှိ ပုစွန်လေးတွေကလည်း နူးညံ့နေတာကြောင့် ကလေးတွေ သွားရည်ယိုစေလေရဲ့။
ချင်းရို့က သူတို့ကို အများကြီး မကျွေးခဲ့ပေ။ ကလေးတစ်ဦးစီက နှစ်ခုစားရသလို သူမလည်း နှစ်ခုစားကာ လုယန်အတွက် လေးခုရှိ၏။
"ပါးပါးက ဘာလို့လေးခုစားရတာလဲ?"
"ဘာလို့လဲဆိုတော့ ပါးပါးက သားတို့ထက် ပိုကြီးတော့ သူ ပိုစားရမှာပေါ့။ သားတို့လည်း ကြီးလာရင် အနာဂတ်မှာ ပိုစားနိုင်မယ်နော်"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က အလွန်ဝမ်းနည်းသွားကြရသည်။
နှစ်သစ်ကူးမှာ စားကောင်းသောက်ဖွယ်ရာတွေ အများကြီးရှိသဖြင့် သူတို့လည်း သူတို့ပါးပါးလို များများစားချင်တာပေါ့လို့...
ညဘက် ဖက်ထုပ်စားကြတဲ့အခါ လုယန်က ဖက်ထုပ်ပန်းကန်နှင့်အတူ ချင်းရို့ဆီ ရောက်လာလေ၏။ ချင်းရို့မှာ ဤလုပ်ရိုးလုပ်စဉ်ကို နှစ်တိုင်း ကျင့်သားရသွားခဲ့ပြီဖြစ်ရာ သူမပါးစပ်ကို ဖွင့်လိုက်၏။ လုယန်က သူမပါးစပ်တစ်ဝိုက်နား ရောက်လာပြီးမှ အဆုံးမှာ သူ့ပါးစပ်ထဲသူထည့်လိုက်မယ်လို့ ဘယ်သူသိမှာလဲလို့...
ချင်းရို့: "..."
လုကောလည်း ကလေးတွေဆီကနေ မကောင်းတာတွေကို သင်ယူခဲ့ပြီး လူတွေကိုစနောက်တတ်လာလေပြီ။
လုယန် ပြုံးပြီး သူမအား နောက်တစ်ခု ကျွေးလာခဲ့၏။ ချင်းရို့က သူ့ကို စနောက်ခွင့်မပေးတော့ဘဲ ပါးစပ်ဟကာ စားလိုက်ပေမယ့် ဒီဖက်ထုပ်တွေဟာ အရင်တုန်းကနဲ့ ကွဲပြားနေပြီး အထဲမှာ ဒင်္ဂါးပြားမရှိကြောင်း သူမ သိလိုက်ရ၏။
ချင်းရို့က သူ့ကို မသင်္ကာစွာကြည့်လျက် "?"
လုယန်က သူမကို နောက်တစ်ခု ထပ်ကျွေးခဲ့ရာ နောက်ဆုံးတွင် သူမ ကြေးနီဒင်္ဂါးပြားကို ကိုက်မိသွားသဖြင့် လုကောက အပြုံးလေးနှင့် "ဂုဏ်ပြုပါတယ် ကံကောင်းဘုရင်မကြီး"
ချင်းရို့က ကြေးနီဒင်္ဂါးပြားကို ထွေးထုတ်ပြီးနောက် သူ့ခါးကို ဆွဲဆိတ်ရင်း "ရှင် နှစ်တိုင်း ပိုပိုဆိုးလာတယ်နော်"
လုယန် ပြုံးပြီး သူမအား တိတ်တိတ်လေး နမ်းလိုက်သည်။ ချင်းရို့က နောက်လှည့်ကြည့်လိုက်တဲ့အခါ ကလေးလေးနှစ်ယောက်က သူတို့ဖက်ထုပ်တွေကို အလေးအနက်စားနေတာကို တွေ့လိုက်ရလေ၏။ ရေဒီယိုကနေ China Central Radioမှ ပျော်ရွှင်ဖွယ်ရာ နွေဦးပွဲတော်အစီအစဥ်လာနေလေရဲ့။
နောက်ထပ်တစ်နှစ်ကုန်သွားလေပြီ။
အိမ်ကရေဒီယိုခလုတ်တွေဟာ အနည်းငယ်ပျက်သွားသော်ငြား အသံအရည်အသွေးကတော့ အလွန်ကြည်လင်စွာ ကောင်းမွန်နေဆဲပင်။ အမျိုးသားကြေညာသူရဲ့ အသံကျယ်ကျယ်ကို ကြားနေရလေသည်။
ခြံထဲမှာ အုန်းသီးမီးအိမ် အနည်းငယ် ထွန်းထားခဲ့ပြီး လုယန်က ကလေးနှစ်ယောက်နှင့်အတူတူ ပြုလုပ်ထားခဲ့တဲ့ ခရုခွံသင်္ဘောလေးကို ယူလာကာ ပြတင်းပေါက်ပေါ်မှာ တင်လိုက်၏။ ပြောတာကတော့ သားအဖသုံးယောက်က သဲလှလှလေးတွေတူးဖို့၊ ကမ်းခြေ၊ အုန်းသီး၊ ပင်လယ်ရေနှင့် သင်္ဘောကျင်းလုပ်ဖို့အတွက် ကမ်းခြေသွားကြမယ်ဆိုပဲ...
နောက်နှစ်တွင် ဝမ်းကွဲအကြီးဆုံးရှမင်ရှီး ပြန်ရောက်လာလေပြီ။
အတန်းဖော်ရှောင်မင် ပြန်ရောက်သောအခါ စိတ်လှုပ်ရှားစရာသတင်းတွေကိုပါ သူနှင့်အတူ ပြန်ယူလာခဲ့လေသည်။ အဲဒါကတော့... လုစန်းကျဲ(တတိယအစ်မလု)က တစ်စုံတစ်ယောက်နှင့် ချစ်ကျွမ်းဝင်နေပြီဆိုပဲ။
တစ်နည်းဆိုရသော် လုစန်းကျဲ ချစ်မိနေပြီတဲ့။
ရှီးရှီးလည်း အဲဒီလူဟာ သူ့အဖေဖြစ်ဖို့ သင့်လျော်တယ်လို့ ခံစားရတယ်တဲ့။
လုယန်နှင့် ချင်းရို့: "!!!"
"သူက ဘယ်လိုလူမျိုးလဲ?"
"အစိုးရပိုင်စားသောက်ဆိုင်ရဲ့ စားဖိုမှူးပါ။ ကွမ်ချန်ကအစိုးရပိုင်စားသောက်ဆိုင်ရဲ့ ထမင်းလိပ်တွေက အရသာရှိတယ်လို့ ဒေါ်လေးပြောပြထားလို့ သားနဲ့မားမားက မကြာမကြာ သွားစားလေ့ရှိတယ်လေ။ အဲဒီမှာ အကြိမ်ပေါင်းများစွာ သွားစားခဲ့တာ။ ကွမ်ချန်အစိုးရပိုင်စားသောက်ဆိုင်မှာ မားမားနဲ့ သားတို့က လူငယ်တစ်ယောက်နဲ့ ဆုံခဲ့..."
ရှောင်မင်ရဲ့ ဖော်ပြချက်အရ လုစန်းကျဲက သားဖြစ်သူနှင့်အတူ စားသောက်ဆိုင်မှာ သွားစားသောက်ကြရင်း ကြည့်ကောင်းတဲ့လူငယ်လေးနှင့် ဆုံခဲ့ကြတယ်ပေါ့လေ... အဓိကအချက်ကတော့ ထိုလူက အချက်အပြုတ်တော်တာကြောင့် တစ်ယောက်က ခင်ပွန်းဖြစ်ဖို့ သင့်တော်မယ်ထင်ပြီးတော့ နောက်တစ်ယောက်ကတော့ အဖေဖြစ်ဖို့ သင့်တော်မယ် ထင်သွားတယ်ပေါ့လေ။ ဒီလူငယ်လေးကြောင့် အမေရော သားပါ ဆွဲဆောင်ခံလိုက်ရတာပဲ...
ဒါပေမယ့် ဒီလူငယ်လေးဟာ ထိတ်လန့်တုန်လှုပ်နေပါ၏။ သူက အိမ်ထောင်မပြုရသေးပေမယ့် အဖေတစ်ယောက်ဖြစ်လာတော့မလို့လေ... သည့်အတွက်ကြောင့် သူက လုစန်းကျဲကို လက်ခံသင့်မသင့် အလွန်ရှုပ်ထွေးနေခဲ့ရသည်ပင်။
ကံမကောင်းစွာဖြင့် လုစန်းကျဲရဲ့ အားလပ်ရက်မှာ ကုန်ဆုံးသွားခဲ့ပြီး သူတို့ အချိန်အတော်ကြာ အတူတူမရှိနိုင်တော့သဖြင့် လုစန်းကျဲက ခဏမျှ စာတွေအပြန်အလှန်ရေးပြီး ကလောင်ဖော်ဖြစ်ရန် ဆုံးဖြတ်ခဲ့သည်။
ချင်းရို့: "..." ကွမ်ချန်အစိုးရပိုင်စားသောက်ဆိုင်ရဲ့ စားဖိုမှူးကို ခင်ပွန်းအဖြစ် ရှာလိုက်တယ်။
"လုယန်ရေ ကျွန်မတို့ ပထမဆုံး ကွမ်ချန်ကိုရောက်တဲ့ညမှာလေ... ကျွန်မ အိပ်မက်မက်ခဲ့သေးတယ်။ အိပ်မက်ထဲမှာ ကျွန်မက ကွမ်ချန်ဟိုတယ်ရဲ့ စားဖိုမှူးနဲ့ လက်ထပ်ခဲ့တာလေ"
လုယန်: "???!!!"
လုယန်အပြုံးမှာ နည်းနည်း တွန့်သွားကာ အန္တရာယ်ရှိဟန်ဖြင့် "မင်းက ဘယ်သူနဲ့ လက်ထပ်ချင်တာ?"
"ရှင့်ကိုလက် ထပ် တာ၊ ရှင့်ကိုလက် ထပ် တာပါနော်။ ဘယ် နှစ် ကြိမ်မေးမေး ရှင့်ကိုပဲ လက် ထပ် မှာပါလို့"
"ရှင့်ဇနီးလေးက ရှင်လုပ်ကျွေးတဲ့ ဘန်းမုန့်ပေါင်းကြီးတွေကို စားရတာကြိုက်တယ်လေ"
လုယန်က တခစ်ခစ်ရယ်ကာ စိတ်သက်သာရာရသွားလေသည်။
"ဦးလေးရေ မားမားက သူ့ကို အကြံနည်းနည်းပေးပါဦးလို့ မှာလိုက်တယ်!!"
လုယန်ရဲ့ အမူအရာမှာ အလွန်ထူးဆန်းသွားရကာ "... ဦးလေးကို အကြံတစ်ခုတောင်းနေတာ?"
xxx