အခန်း (၄၇၅-၄၇၆)
Vol. 48 Ch. 475-476
အခန်း (၄၇၅) ရှား၏ မေးခွန်း
တော်တော်ကြာကြာ စကားပြောပြီးနောက် သူတို့ အစာစားခြင်းကို အပြီးသတ်ကာ တဲများဆီသို့ ပြန်လျှောက်သွားကြသည်။
လုံချန်းသည် အခြားမိန်းကလေးများကို အထဲသို့ ပို့လိုက်ပြီးနောက် သူကတော့ အပြင်မှာပင် ဆက်နေခဲ့သည်။
ယခုတစ်ကြိမ်တွင် လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ သူ၏ မိခင်ကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။
သူမ ထွက်လာပြီးနောက် အမျိုးသမီးများနှင့် သင့်တော်သည့် ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ပေးလိုက်သည်။ ၎င်းမှာ သူသတ်ခဲ့သော အကြီးအကဲတစ်ယောက်၏ သိုလှောင်လက်စွပ်ထဲမှ ရရှိခဲ့သည့် ကျင့်ကြံခြင်း ပညာရပ် တစ်ခု ဖြစ်သည်။ ဤပညာရပ်မှာ သူ၏ မိခင်နှင့် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု သူ ဆုံးဖြတ်ခဲ့သည်။
ထိုပညာရပ်ကို လွင့်မျောတိမ်တိုက် ကျင့်စဉ်ဟု ခေါ်သည်။ ၎င်းမှာ အစွမ်းထက်ဓားဂိုဏ်းမှ ပညာရပ်တစ်ခုဖြစ်ပြီး အကြီးအကဲ ဆွီရု၏ လက်စွပ်ထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ဤပညာရပ်မှာ အမျိုးသမီးများအတွက် ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်ပြီး အကြီးအကဲ ဆွီရု ကိုယ်တိုင်လည်း ဤပညာရပ်ကို အသုံးပြုခဲ့လိမ့်မည်ဟု သူ သေချာပေါက် သိနေသည်။
သူသည် သူမအား ကျင့်စဉ်စာအုပ် ပေးပြီးနောက်၊ နိုးလာကတည်းက လုံချန်းက သူမကို အတင်းအကျပ် ခေါ်လာခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူကို လာတိုင်ထားသည့် လုံရွှယ်ရင်း၏ ကိစ္စနှင့် ပတ်သက်ပြီး ခဏတာ စကားပြောခဲ့သည်။
လုံချန်းသည် အမှန်တကယ် ဘာဖြစ်ခဲ့ကြောင်းနှင့် လုံရွှယ်ရင်းမှာ ခေါင်းမာလွန်းလှသဖြင့် သူမ၏ အသက်ကို ကယ်တင်ရန် ဤသို့ လုပ်ဆောင်ခဲ့ရကြောင်းကို သူ၏ မိခင်အား ရှင်းပြခဲ့သည်။
စီမာကျီယီသည် သူ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး သူလုပ်ဆောင်ခဲ့သည့် အရာကိုပင် သဘောတူခဲ့သည်။ မှန်ကန်သောအရာကို လုပ်ဆောင်ခဲ့သည့်အတွက် သူမက သူ့အား ချီးကျူးခဲ့သည်။
ပုံမှန်စကားအချို့ ထပ်မံပြောဆိုပြီးနောက် သူမကို ပြန်ပို့လိုက်သည်။
နောက်တစ်ဆင့်အနေဖြင့် သူသည် ရွှယ်နှင့် မေတို့ကို ကမ္ဘာတုအတွင်းမှ ခေါ်ထုတ်လိုက်သည်။
"သခင်လေး..."
သူတို့က သူ့ကို သခင်လေးဟု နှုတ်ဆက်ရန် ပြင်လိုက်ကြသော်လည်း လုံချန်းက စိုက်ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်း ရပ်လိုက်ကြသည်။ သူတို့ စကားမှားသွားမှန်း သတိထားမိလိုက်ကြသည်။ သူ့ကို သခင်လေးဟု မခေါ်ဖို့ သူတို့ ကတိပေးထားခဲ့ကြသည်။
"မ... မောင်" သူတို့က မျက်နှာလေးများ နီမြန်းလျက် ပြောလိုက်ကြသည်။
"ဒီလိုမှပေါ့" လုံချန်းက ပြုံးလိုက်သည်။
"နင်တို့အတွက် ငါ့မှာ ပေးစရာ အချို့ရှိတယ်။ ပထမဆုံးကတော့ ဒါပဲ"
လုံချန်းသည် စာအုပ်တစ်အုပ်ကို ရွှယ်အား ပေးလိုက်ပြီး အခြားတစ်အုပ်ကို မေအား ပေးလိုက်သည်။
နှစ်အုပ်လုံးမှာ သူတို့နှင့် ပို၍ သင့်တော်မည်ဟု သူယူဆသည့် ကျင့်ကြံခြင်း ပညာရပ်များ ဖြစ်ကြသည်။ သူသည် အမျိုးသမီးများ အသုံးပြုနိုင်သည့် ကျင့်ကြံခြင်းပညာရပ် ၅ ခုကို ရရှိထားရာ၊ ၎င်းတို့ထဲမှ ၃ ခုမှာ သူနှင့်အတူရှိနေသည့် အမျိုးသမီး ၃ ဦးနှင့် ကိုက်ညီနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သူ့တွင် နောက်ထပ် ကျင့်ကြံခြင်း လက်စွဲစာအုပ် တစ်အုပ်လည်း ရှိသေးရာ ၎င်းမှာ လုံရွှယ်ရင်း၏ စရိုက်နှင့် ပို၍ ကိုက်ညီမည်ဟု သူ ထင်သော်လည်း ထိုပညာရပ်ကို သူမအား ပေးရန်အတွက် ခဏ စောင့်ရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင် သူမ၏ ဒေါသကို ရင်ဆိုင်ရန်အတွက် သူမကို အပြင်သို့ မခေါ်ထုတ်ချင်သေးပေ။
"ဒီပညာရပ်တွေက လုံမျိုးနွယ်စုရဲ့ ကျင့်ကြံခြင်း လက်စွဲစာအုပ်ထက် အဆပေါင်း ရာနဲ့ချီပြီး ပိုကောင်းပါတယ်။ ဒီပညာရပ်တွေနဲ့ နင်တို့ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်နိုင်သလို ပိုပြီး ခိုင်မာတဲ့ အခြေခံကိုလည်း ရရှိစေမှာပါ။ ဒါတွေနဲ့ ကျင့်ကြံစေချင်တယ်" လုံချန်းက သူတို့ကို ပြောလိုက်သည်။
"ကျွန်မတို့ နားလည်ပါပြီ" သူတို့က လက်ထဲရှိ စာအုပ်များကို ကြည့်ရင်း ပြန်ဖြေကြသည်။
"နားမလည်တာရှိရင် ငါ့ကို ခေါ်လိုက်ပါ။ အခက်အခဲ တစ်ခုခုရှိရင် ငါ နင်တို့ကို အပြင်ခေါ်ပြီး ခက်ခဲတဲ့ အစိတ်အပိုင်းတွေကို ရှင်းပြပေးမယ်။ နောက်တစ်ခုက ငါတို့က အခုကစပြီး ခဏခဏ တွေ့ဖြစ်ကြမှာဆိုတော့ အဲဒီအချိန်ကျရင်လည်း ပြောပြလို့ရပါတယ်" လုံချန်းက ဆိုသည်။ ရွှယ် နှင့် မေ တို့က ခေါင်းညိတ်ပြကြသည်။
လုံချန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ အခြားစာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ယူလိုက်သည်။
"ဒါကလည်း အရေးကြီးတဲ့ အရာတစ်ခုပဲ။ ကံမကောင်းတာက ငါ့မှာ ဒါတစ်အုပ်တည်းပဲ ရှိလို့ မင်းတို့ မျှပြီး သုံးရလိမ့်မယ်။ ဒါက ယင်ယန်ကျင့်စဉ်ပါ။ ကျင့်ကြံခြင်းအဆင့်ကို အများကြီး ပိုမြန်မြန် တိုးတက်အောင် လုပ်တဲ့နေရာမှာ သုံးလို့ရတယ်။ နင်တို့က ကျင့်ကြံခြင်းအဆင့် နိမ့်နေသေးတော့ ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်လိမ့်မယ်။ မင်းတို့က အခုထိ ဝိညာဉ်အခြေတည် အဆင့်မှာပဲ ရှိသေးတော့ အားစိုက်စရာမလိုဘဲ အကြီးအကျယ် တိုးတက်လာလိမ့်မယ်" လုံချန်းက ပြောရင်း စာအုပ်ကို ရွှယ်အား အရင်ပေးလိုက်သည်။
"ဒါကို သင်ယူပြီးသွားရင် ငါတို့ ယင်ယန်ကျင့်စဉ်ကို စတင်ပြီး လက်တွေ့လုပ်ကြည့်လို့ရပြီ။ ဒါက သင်ရတာ တော်တော်လေး လွယ်ကူတဲ့ ပညာရပ်ဖြစ်ပြီး အများကြီး အားစိုက်စရာ မလိုပါဘူး။ မနက်ဖြန်ညဆိုရင်တော့ နင်တို့ သင်ယူပြီးလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" လုံချန်းက ရှင်းပြသည်။
သူသည် ယင်ယန်ကျင့်စဉ်နှင့် ပတ်သက်သည့် အခြားအရာများကိုပါ ရှင်းပြလိုက်ရာ သူတို့၏ မျက်နှာလေးများမှာ နီမြန်းသွားကြသည်။ သူသည် ယေဘုယျ ကျင့်ကြံခြင်းနှင့် သူတို့ အာရုံစိုက်ထားရမည့် အရာများကိုလည်း ပြောပြခဲ့သည်။
အတန်ကြာပြီးနောက် သူ ပြောပြချင်သည့် အရာအားလုံး ပြီးဆုံးသွားသည်။
"နားလည်တယ် မဟုတ်လား" သူက နောက်ဆုံးတွင် မေးလိုက်သည်။
"နားလည်ပါပြီ" ရွှယ်နှင့် မေတို့က ခေါင်းညိတ်ရင်း ပြန်ဖြေကြသည်။
"ကောင်းပြီ" လုံချန်းက ပြုံးလျက် ပြန်ဖြေသည်။ "ကဲ... နင်တို့ကို ပြန်မပို့ခင် ငါ လုပ်စရာ တစ်ခု ကျန်သေးတယ်"
လုံချန်းသည် ရွှယ်၏ လက်ကို ကိုင်ကာ ဆွဲယူလိုက်ပြီး သူ့အနားသို့ ဆွဲကပ်လိုက်သည်။ သူသည် သူမကို ရင်ခွင်ထဲ ထည့်ထားရင်း သူမ၏ ချိုမြိန်သော နှုတ်ခမ်းအစုံကို နမ်းလိုက်သည်။ ရွှယ်၏ နှုတ်ခမ်းအရသာကို သူ နှစ်သက်စွာ ခံစားနေမိသည်။ သူ၏ လက်တစ်ဖက်မှာ သူမ၏ ကျောပြင်မှတစ်ဆင့် တင်ပါးများဆီသို့ ရောက်သွားပြီး အခြားလက်တစ်ဖက်ကမူ ရွှယ်၏ မို့မောက်သော ရင်သားများကို ပွတ်သပ်ပေးနေသည်။
ကြာမြင့်စွာ နမ်းရှိုက်ပြီးနောက် သူတို့၏ နှုတ်ခမ်းများ ကွာသွားကြသည်။
"ပညာရပ်ကို မြန်မြန်သင်ပါ။ နေ့တိုင်းက တန်ဖိုးရှိတယ်" လုံချန်းက သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
သူသည် သူမနှင့် ခွာလိုက်ပြီး မေ၏ လက်ကို ဆွဲလိုက်သည်။
"ဒီကိုလာပါဦး မိစ္ဆာမလေးရဲ့" လုံချန်းက နောက်ပြောင်ရင်း မေကို အနားဆွဲကပ်ကာ သူမ၏ နီမြန်းသော နှုတ်ခမ်းများကို နမ်းလိုက်သည်။
မေကို နမ်းရှိုက်ရသည့် ခံစားချက်ကို အတန်ကြာ ခံစားပြီးနောက် သူမနှင့်လည်း ခွာလိုက်သည်။
"နင့်အစ်မ သင်ပြီးသွားရင် သူ့ဆီက စာအုပ်ယူပြီး သင်လိုက်ပါ။ ငါတို့ မကြာခင် ပြန်တွေ့ကြမယ်" လုံချန်းက သူမ၏ နားနားတွင် တိုးတိုးလေး ပြောလိုက်ပြီးနောက် သူမ၏ နားရွက်ဖျားလေးကို အသာအယာ ကိုက်လိုက်သည်။ ထိုအပြုအမူလေးကပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်သွားစေရန် လုံလောက်လှသည်။
သူသည် သူမကို လွှတ်ပေးလိုက်ပြီး ပြုံးလိုက်သည်။
သူတို့နှစ်ယောက်လုံး၏ လက်ကို ကိုင်ကာ ကမ္ဘာတု အတွင်းသို့ ပြန်ပို့လိုက်သည်။
"ရှား... ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးပါ။ တစ်ယောက်ယောက်ကို တွေ့ရင် ဘာလုပ်ရမလဲဆိုတာ မင်း သိပါတယ်။ ညွှန်ကြားချက်တွေအတိုင်းပဲ လုပ်ပါ" လုံချန်းက ရှားကို ပြောပြီးနောက် ထွက်ခွာရန် ပြင်လိုက်သော်လည်း ရှားက သူ့ကို တားလိုက်သည်။
"သခင်... ရှားက တစ်ခုလောက် မေးလို့ ရမလား" ရှားက သူ့ကို မေးသည်။
လုံချန်း ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
"အင်း... ဘာဖြစ်လို့လဲ" သူက သူမကို မေးသည်။
"သခင်ကက ဘာလို့ သူတို့ရဲ့ နှုတ်ခမ်းတွေကို သခင်ရဲ့ နှုတ်ခမ်းတွေနဲ့ ထိတာလဲ" ရှားက မေးလိုက်သည်။
"အာ... မင်းက အရာတော်တော်များများမှာ အသိပညာ ကြွယ်ဝပုံရတာပဲ။ အဲဒါကို တကယ်ပဲ မသိတာလား" လုံချန်းက ခပ်ပြုံးပြုံး မျက်နှာထားဖြင့် မေးလိုက်သည်။
"ရှား မနားလည်ဘူး" ရှားက ခေါင်းယမ်းပြသည်။
"အဲဒါကို အနမ်းလို့ ခေါ်တယ်။ လူတစ်ယောက်က နောက်တစ်ယောက်ကို ချစ်ခင်မြတ်နိုးကြောင်း ပြသဖို့အတွက် နမ်းကြတာ။ လူတစ်ယောက်ကို တကယ် သဘောကျတယ်ဆိုတာကို ပြသတာနဲ့ တူတယ်" လုံချန်းက ပြောပြသည်။
"သခင်က ရှားကို သဘောမကျဘူးလား" ရှားက သူ့ကို မေးသည်။
"အာ... သေချာတာပေါ့၊ ငါ မင်းကို သဘောကျပါတယ်။ မင်းက အကောင်းဆုံးပဲ" လုံချန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ ရှား ရှိနေသည့်အတွက် သူ၏ ဘဝမှာ အများကြီး ပို၍ လွယ်ကူသွားခဲ့သည်။
"ဒါဆို သခင်က ဘာလို့ ရှားကို မနမ်းတာလဲ" ရှားက နားမလည်စွာဖြင့် မေးမြန်းသည်။
လုံချန်းမှာ စကားလုံးများ ပျောက်ရှသွားသည်။ ဤအခြေအနေ တစ်ခုလုံးမှာ အတော်လေး အနေရခက်စရာ ဖြစ်နေသည်ဟု သူ ခံစားလိုက်ရသည်။
"အဲဒါက အဲဒီလို မဟုတ်ဘူး။ အနမ်းဆိုတာ အချိန်အခါ သင့်တော်မှ လုပ်ရတဲ့ အရာမျိုးပါ။ သင့်တော်တဲ့ အချိန်ရောက်မှ လုပ်ရတာ။ လူတစ်ယောက်ကို သဘောကျရင်တောင် အချို့ အခြေအနေတွေ မပြည့်စုံမချင်း နမ်းလို့ မရဘူး။ ငါ ဒီနေ့ မင်ယု နဲ့ ကျိချင်း တို့ကို အရင်က နမ်းဖူးပေမဲ့ ဒီနေ့ မနမ်းတာကို နင် တွေ့ခဲ့မှာပါ။ အဲဒါက ရှုပ်ထွေးပါတယ်။ တစ်နေ့ကျရင် ငါ ပိုပြီး သေသေချာချာ ရှင်းပြပေးမယ်" လုံချန်းက ပြောလိုက်ပြီးနောက် အလျင်အမြန်ပင် သူ၏ တဲအတွင်းသို့ ဝင်သွားလေတော့သည်။
လုံချန်းသည် ကျိချင်း၊ မင်ယုတို့နှင့်အတူ ယင်ယန်ကျင့်စဉ်ကို ကျင့်ကြံရင်း သာယာပျော်ရွှင်စရာ ကောင်းသော နောက်ထပ် ညတစ်ညကို ဖြတ်သန်းခဲ့သည်။ ယခုအချိန်တွင် မင်ယုနှင့် ကျိချင်းတို့မှာ လုံချန်းနှင့်အတူ ကုတင်ပေါ်တွင် ရှိနေရသည်မှာ တော်တော်လေး အသားကျနေပြီ ဖြစ်သည်။ အစတုန်းကလို အနေရခက်ခြင်းမျိုး မရှိတော့သဖြင့် လုံချန်းအတွက် အများကြီး ပို၍ လွယ်ကူသွားသည်။
သူသည် သူတို့နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း ချစ်တင်းနှီးနှောနိုင်ခဲ့သည်။
သူတို့၏ နီးကပ်မှုနှင့် တစ်ဦးအပေါ်တစ်ဦး ထားရှိသော ခံစားချက်များကြောင့် သူတို့၏ ယင်ယန်ကျင့်စဉ်မှာ ပို၍ ပို၍ တိုးတက်လာခဲ့သည်။
နေမင်းကြီး ကောင်းကင်သို့ စတင်ထွက်ပေါ်လာချိန်တွင် နံနက်ခင်းသို့ ရောက်ရှိလာခဲ့သည်။
လုံချန်းနှင့် အခြားသူများသည် အရာအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ပြီးနောက် ထိုနေရာမှ ထွက်ခွာခဲ့ကြသည်။
သူတို့သည် ခရီးကို ထပ်မံ ဆက်လက် လျှောက်လှမ်းကြပြန်သည်။
သူတို့၏ ခရီးမှာ ဆက်လက် ရှိနေဆဲ ဖြစ်သည်။ နေ့ဘက်တွင် ခရီးသွားကြပြီး ညဘက်တွင် နားကြသည်။
အတန်ကြာပြီးနောက် ရွှယ် နှင့် မေတို့လည်း ယင်ယန်ကျင့်စဉ်ကို သင်ယူပြီးမြောက်သွားခဲ့ကြလေသည်။
အခန်း (၄၇၆) ဆိပ်ကမ်းမြို့တော်
လုံချန်းအတွက် မင်ယုနှင့် ကျိချင်းတို့ကို သူတို့၏ ယင်ယန်ကျင့်စဉ် အစီအစဉ်ထဲတွင် ရွှယ်နှင့် မေတို့ကိုပါ ထည့်သွင်းမည်ဟု ပြောရသည်မှာ အနည်းငယ် အနေရခက်သော်လည်း အဆင်ပြေသွားခဲ့သည်။ သူမတို့နှစ်ဦးမှာ အတော်လေး နားလည်မှုရှိကြပြီး လုံချန်းတွင် နောက်ထပ် အမျိုးသမီးနှစ်ယောက် ရှိနေသည်ကို လက်ခံထားပြီးဖြစ်ရာ သူတို့ ဘာမှမတတ်နိုင်ပေ။
သို့ဖြစ်ရာ လုံချန်း၏ ညများတွင် နောက်ထပ် မိန်းကလေး ၂ ယောက် ထပ်တိုးလာခဲ့သည်။ ထိုအချိန်မှစ၍ ညတိုင်း သူသည် တဲတစ်လုံးတည်းတွင် မိန်းကလေး ၄ ယောက်နှင့်အတူ ယင်ယန်ကျင့်စဉ် ကျင့်ကြံခဲ့သည်။ ထိုအချိန်တွင် မိန်းကလေးအားလုံးမှာ လုံချန်း၏ ချစ်တင်းနှီးနှောမှုကို ခံနေရသည့် မိန်းကလေး၏ ရှက်သွေးဖြာနေသော မျက်နှာထားကို မြင်တွေ့နေကြရသည်။
ရက်သတ္တပတ်ပေါင်းများစွာ ခရီးနှင်ပြီးနောက် သူတို့၏ ဦးတည်ရာသို့ တစ်လှမ်းချင်း ပိုမိုနီးကပ်လာခဲ့သည်။
လုံချန်း၏ ဦးတည်ရာမှာ အလင်းကောင်းကင် တိုက်ကြီးဖြစ်ပြီး လောလောဆယ်တွင်မူ သူသည် တွမ်ရှား တိုက်ကြီးတွင် ရှိနေခြင်းဖြစ်သည်။
တွမ်ရှားတိုက်ကြီးကို အုပ်ချုပ်နေသည့် ဂိုဏ်းပေါင်း ၁၉ ဂိုဏ်း ရှိသည်။ ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်းနှင့် အမှန်တရားတာအိုဂိုဏ်းတို့မှာ ဤတိုက်ကြီး၏ အထွတ်အထိပ် အင်အားစုများ ဖြစ်သော်လည်း တွမ်ရှားတိုက်ကြီးတွင် ဤဂိုဏ်းကြီးနှစ်ဂိုဏ်းထက် အားနည်းပေမည့် သြဇာညောင်းသည့် အခြားဂိုဏ်းများလည်း ရှိသေးသည်။
ဤထိပ်သီး ၁၉ ဂိုဏ်းထဲတွင် ၅ ဂိုဏ်းကသာ တိုက်ကြီးနှင့် ထိစပ်နေသော ပင်လယ်ပြင်၏ အစိတ်အပိုင်းများကို ထိန်းချုပ်ထားပြီး ဆိပ်ကမ်းများ တည်ဆောက်ထားကြသည်။
ဤဆိပ်ကမ်းများကို ထိုဂိုဏ်းများက အလုံးစုံ ထိန်းချုပ်ထားပြီး မည်သူ့ကို သွားခွင့်ပြုမည်၊ မည်သူ့ကို သွားခွင့်မပြု ဆိုသည်အား သူတို့ကသာ ဆုံးဖြတ်ကြသည်။
ကြီးမားသော အခကြေးငွေများ ပေးဆောင်နိုင်သူများကိုသာ သူတို့၏ သင်္ဘောများဖြင့် အလင်းကောင်းကင်တိုက်ကြီးသို့ သွားခွင့်ပြုသော်လည်း ၎င်းမှာ ထင်သလောက် မရိုးရှင်းပေ။
ခရီးလမ်းမှာ အခက်အခဲများစွာ ရှိပြီး ပင်လယ်ဓားပြများ ရှိသလို သင်္ဘောများကို ဖျက်ဆီးနိုင်လောက်အောင် အင်အားကြီးသော သားရဲကြီးများလည်း ရှိနေသဖြင့် မကြာခဏဆိုသလို ဘေးဒုက္ခများ ကြုံတွေ့ရလေ့ရှိသည်။
ဂိုဏ်းများအနေဖြင့် သူတို့၏ သင်္ဘောများကို အကာအကွယ်ပေးရန် နည်းလမ်းမျိုးစုံ အသုံးပြုကြသော်လည်း အလင်းကောင်းကင်တိုက်ကြီးသို့ မရောက်မီ သင်္ဘောများ ပျက်စီးသွားခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်းများ ရှိနေဆဲ ဖြစ်သည်။
တိုက်ကြီးအချင်းချင်း ကူးသန်းသွားလာရေး ဝန်ဆောင်မှုပေးသည့် ဂိုဏ်း ၅ ဂိုဏ်းထဲတွင် အမှန်တရားတာအိုဂိုဏ်းနှင့် ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်းတို့၏ သင်္ဘောများမှာ အလုံခြုံဆုံးဟု သတ်မှတ်ခံထားရသည်။
ထိုအချက်ကြောင့်ပင် လုံချန်းသည် အမှန်တရားတာအိုဂိုဏ်း ထိန်းချုပ်ထားသည့် ဆိပ်ကမ်းသို့ သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထိုနေရာမှာ သူနှင့် အနီးဆုံးနေရာတွင် ရှိနေပြီး ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း ထိန်းချုပ်ထားသည့် ဆိပ်ကမ်းမှာမူ အတော်လေး ဝေးကွာလှသည်။
လုံချန်းသည် အမှန်တရားတာအိုဂိုဏ်း၏ ဆိပ်ကမ်းမြို့တော်ဆီသို့ ပျံသန်းသွားခဲ့သည်။ ထိုမြို့ကို တိုက်ဆိုင်စွာပင် ဆိပ်ကမ်းမြို့တော်ဟုပင် ခေါ်ဆိုကြသည်။
ထိုနေရာအနီးသို့ ရောက်ရှိသည်နှင့် အစောင့်အချို့ မိုးပျံ သားရဲများဖြင့် သူတို့ဆီသို့ လာနေသည်ကို မြင်လိုက်ရသဖြင့် လုံချန်းသည် လှည့်စားခြင်းမျက်နှာဖုံးကို အသုံးပြု၍ သူ၏ မျက်နှာကို အခြားတစ်ယောက်အဖြစ် ပြောင်းလဲလိုက်သည်။
အစောင့်များသည် သူတို့အားလုံးကို ကြည့်ရှုပြီးနောက် သူတို့လက်ထဲရှိ ပုံတူပန်းချီကားများနှင့် တိုက်စစ်ကြည့်ကြသည်။ ထိုသူများ၏ မျက်နှာမှာ ဂိုဏ်းက အလိုရှိနေသူများ သို့မဟုတ် ဆိပ်ကမ်းမြို့တော်သို့ ဝင်ခွင့်ပိတ်ပင်ထားသူများနှင့် မကိုက်ညီသဖြင့် သူတို့ ခေါင်းယမ်းလိုက်ကြသည်။
"ဒါ ဒီကို ပထမဆုံးအကြိမ် လာတာလား" အစောင့်များက လုံချန်းကို မေးသည်။
"ဟုတ်ပါတယ်။ ကျွန်တော်တို့ တခြားတိုက်ကြီးတစ်တိုက်ကို သွားချင်လို့ပါ။ ဒါ ပထမဆုံးအကြိမ်ပါပဲ။ ကျွန်တော်တို့ တစ်ခုခု မှားသွားလို့လား ခင်ဗျာ" လုံချန်းက မေးလိုက်သည်။
"မင်းတို့ အမှားမလုပ်မိအောင် ငါတို့က တားလိုက်တာပါ၊ ဒါကြောင့် ဘာမှမမှားသေးပါဘူး။ ဒီမှာ စည်းကမ်းတစ်ခု ရှိတယ်။ မြို့ထဲမှာ ပျံသန်းလို့ မရဘူး။ အောက်ကို ဆင်းပြီး ပင်မဝင်ပေါက်ကနေ ဝင်ရမယ်" ဟအစောင့်က လုံချန်းနှင့် သူ၏အဖွဲ့ကို အသိပေးလိုက်သည်။
"ဪ... ကျွန်တော်တို့ အဲဒါကို မသိခဲ့ပါဘူး။ အောက်ကို ဆင်းသွားပါ့မယ်" လုံချန်းက အစောင့်များကို ပြောလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်ရန် သူ၏ သားရဲအား နှိမ့်ချလိုက်သည်။ ကျိရှန်းကလည်း ထိုအတိုင်းပင် လုပ်ဆောင်ခဲ့သည်။
သူတို့ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် အစောင့်များသည် သူတို့၏ သားရဲများကို လှည့်ကာ ပျံသန်းထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။
"အဲဒီမျက်နှာဖုံးက တကယ် အံ့သြဖို့ကောင်းတာပဲ။ ရုပ်ဖျက်ထားတယ်လို့တောင် မထင်ရဘူး။ တကယ့် လူတစ်ယောက်လိုပဲ ခံစားရတယ်" ကျိရှန်းက ရုပ်ဖျက်ခြင်းကို ရပ်တန့်ကာ ပုံမှန်မျက်နှာဖုံးပုံစံသို့ ပြန်ပြောင်းသွားသော လုံချန်း၏ မျက်နှာဖုံးအား ချီးကျူးလိုက်သည်။
"ဒါက ကောင်းပါတယ်။ ဒါပေမဲ့ အားနည်းချက်တစ်ခုကတော့ ငါ့ရဲ့ ကိုယ်ခန္ဓာပုံစံကို မပြောင်းနိုင်တာပဲ။ ငါနဲ့ ကိုယ်ခန္ဓာပုံစံ မတူတဲ့သူတစ်ယောက်အဖြစ် ရုပ်ဖျက်လို့ မရဘူး။ သူတို့နဲ့ တူအောင် မျက်နှာကိုပဲ ပြောင်းလို့ရတာ။ အချိန်ကန့်သတ်ချက် ရှိနေတာကလည်း သိပ်တော့ မကောင်းဘူး" လုံချန်းက သက်ပြင်းချရင်း ပြန်ဖြေသည်။
"ဒါတောင်မှ တကယ့် ရတနာတစ်ခုပါပဲ။ ဘယ်သူက လုပ်ခဲ့တာလဲ မသိဘူး။ ဒီလိုလုပ်နိုင်တဲ့ အရာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး" ကျိရှန်းက မျက်နှာဖုံးကို ကြည့်ရင်း ပြောသည်။
"ငါလည်း အဲဒီအကြောင်း မသိဘူး။ ဒါပေမဲ့ ဒါကို ဘယ်လို ပိုကောင်းအောင် လုပ်ရမလဲဆိုတာတော့ ငါ့မှာ အကြံရှိတယ်။ ငါ့အမြင်အရတော့ ဒါက ဝင်္ကပါတွေနဲ့ အလုပ်လုပ်တာပဲ။ တကယ်လို့ ငါ အဆင့်မြင့် ဝင်္ကပါတွေကို ကျွမ်းကျင်သွားရင်တော့ ဒါကို ပြုပြင်ပြီး ကန့်သတ်ချက်တွေကို ဖယ်ရှားနိုင်လောက်တယ်" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
အရင်က သူ မမြင်နိုင်ခဲ့သော်လည်း ဆုလာဘ်အဖြစ် ဝင်္ကပါပညာရှင် တစ်ဦး၏ အသိပညာကို ရရှိပြီးနောက်တွင်မူ ဤမျက်နှာဖုံးအတွင်းရှိ ဝင်္ကပါများအား သူ မြင်တွေ့နိုင်လာသည်။ ဤမျက်နှာဖုံးမှာ ဝင်္ကပါများကြောင့် ဤကဲ့သို့ အလုပ်လုပ်နိုင်ခြင်း ဖြစ်သည်ကို သူ နားလည်လိုက်သည်။ ဤမျက်နှာဖုံးကို ပြုလုပ်ခဲ့သူမှာ ဝင်္ကပါပညာရှင် တစ်ဦး ဖြစ်ပေလိမ့်မည်။
သူတို့သည် ဆိပ်ကမ်းမြို့တော်ဆီသို့ ခြေကျင်လျှောက်သွားရင်း မျက်နှာဖုံးအကြောင်းကို ဆက်လက် ပြောဆိုခဲ့ကြသည်။
ဆိပ်ကမ်းမြို့တော်သို့ ဝင်ရန် တန်းစီနေသည့် ရှည်လျားသော လူတန်းကြီးကို သူတို့ မြင်တွေ့လိုက်ရသည်။ လူတန်းထဲတွင် ရထားလုံးများ ရှိသလို ခြေကျင်လာသူများလည်း ရှိသည်။ သူတို့သည်လည်း မိုးပျံ သားရဲများဖြင့် လာခဲ့ကြသူများ ဖြစ်ပုံရသည်။
သူတို့ ဝင်ပေါက်အနီးသို့ ရောက်ခါနီးတွင် နောက်ဘက်မှ ကျယ်လောင်သော ဟိန်းသံတစ်သံကို ကြားလိုက်ရသည်။
"လမ်းမပိတ်နဲ့" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
လုံချန်းနှင့် အခြားသူများ နောက်သို့ လှည့်ကြည့်လိုက်ရာ ရထားလုံးတစ်စီး သူတို့ဆီသို့ အရှိန်ဖြင့် ပြေးလာသည်ကို တွေ့လိုက်ရသည်။
ကျိရှန်းနှင့် အခြားသူများမှာ ဤနယ်မြေတွင် ပြဿနာမတက်ချင်သဖြင့် ဘေးသို့ ဖယ်ပေးလိုက်ကြသော်လည်း လုံချန်းမှာမူ ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။ သူ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
ဤသည်က ပထမဆုံးအကြိမ် မဟုတ်ပေ။ လမ်းမကြီးကို သူတို့အဖေပိုင်သလို ပြုမူပြီး လမ်းပေါ်က တခြားလူများကို အမှိုက်လို သဘောထားသည့် လူမျိုးကို သူ အမြဲတမ်း မုန်းတီးသည်။
"လုံချန်း... ဒီကိုလာ။ ငါတို့ အာရုံစိုက်မခံရဖို့ လိုတယ်" ကျိရှန်းက လုံချန်းကို လှမ်းခေါ်လိုက်သည်။
လုံချန်း သက်ပြင်းချကာ ဘေးသို့ လျှောက်သွားလိုက်သည်။ အခြားသူများနှင့်အတူ လမ်းနှင့် ဝေးနိုင်သမျှ ဝေးရာသို့ သွားလိုက်သည်။
"ဟွန်း..." ရထားမောင်းသမားက သူတို့ကို ဖြတ်သွားရင်း နှာခေါင်းရှုံ့လိုက်သည်။
"အဲဒီ ရထားမောင်းသမားက ဘာလို့ ဒီလောက် မာနကြီးနေရတာလဲ။ သူ့မျက်နှာကို ထိုးပစ်ချင်လိုက်တာ" ကျိရှန်းက ခေါင်းယမ်းရင်း တိုးတိုးလေး ရေရွတ်သည်။
သို့သော် လုံချန်း၏ စိတ်မှာမူ အခြားတစ်ယောက်ဆီသို့ ရောက်နေသည်။ ရထားလုံးအတွင်းတွင် ထိုင်နေပြီး ပြတင်းပေါက်မှ အပြင်သို့ ကြည့်နေသည့် ကောင်လေးတစ်ယောက်ကို သူ မြင်လိုက်ရသည်။
ထိုကောင်လေးမှာ လုံချန်းနှင့် အသက်အရွယ်တူလောက် ရှိပုံရသည်။ သူသည် အပြာနုရောင် မျက်လုံးများနှင့် ရှည်လျားသော ဆံပင်အနက်ရောင် ရှိသည်။ သူသည် ပျင်းရိငြီးငွေ့နေပုံရသည်။
"ဘာလဲဟ... တခြားလူတွေက စောင့်နေရတုန်းပဲကို သူတို့ကျတော့ ဘယ်လိုလုပ်ပြီး ချက်ချင်း ဝင်ခွင့်ရသွားတာလဲ" ထိုရထားလုံးအတွက် သီးသန့်ဝင်ပေါက်တစ်ပေါက် ဖွင့်ပေးလိုက်သည်ကို မြင်သောအခါ ကျိရှန်းက ကျိန်ဆဲလိုက်သည်။
"ထားလိုက်ပါ... သူက အရေးကြီးတဲ့ လူတစ်ယောက် ဖြစ်မှာပေါ့။ အမှန်တရားတာအိုဂိုဏ်းက လူ ဒါမှမဟုတ် ဆိပ်ကမ်းမြို့တော်က အမှုကိစ္စတွေကို ကိုင်တွယ်တဲ့သူတွေရဲ့ ရထားလုံး ဖြစ်လိမ့်မယ်။ မင်းရဲ့ အင်ပါယာမှာဆိုရင်တော့ မင်းက အခွင့်ထူးခံရမှာပဲလေ၊ တခြားလူတွေကတော့ ရမှာမဟုတ်ဘူး" လုံချန်းက ခေါင်းယမ်းရင်း ဆိပ်ကမ်းမြို့တော်ဆီသို့ ပြန်လည် လျှောက်လှမ်းခဲ့သည်။
အတန်ကြာပြီးနောက် သူသည် လူတန်းထဲတွင် ရပ်နေခဲ့သည်။ သူ၏ လှည့်စားခြင်း မျက်နှာဖုံးကိုမူ အချိန်ကန့်သတ်ချက်ကြောင့် အလဟဿ မဖြုန်းတီးလိုသဖြင့် မဖွင့်သေးပေ။
ထိုအစား သူသည် လှည့်စားခြင်း မျက်နှာဖုံးပေါ်တွင် အခြားမျက်နှာဖုံးတစ်ခုကို ထပ်အုပ်ထားလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က မျက်နှာဖုံးကို ချွတ်ရန် ခိုင်းလာပါက သူသည် လှည့်စားခြင်းမျက်နှာဖုံးအား ချက်ချင်းအသက်သွင်းပြီး အပေါ်မှ မျက်နှာဖုံးကို ချွတ်ပြလိုက်ရုံဖြင့် မည်သူမျှ သံသယမဝင်ဘဲ လုပ်ဆောင်နိုင်သည်။
လူတန်းမှာ အတော်လေး ရှည်လျားလှသည်။ လူတန်းထဲတွင် ရထားလုံး ၅၀ ခန့်နှင့် ခြေကျင်လာသူ ၄၀ ခန့် ရှိနေသည်။ လူတန်းကြီးမှာ ခရုသွားသကဲ့သို့ အလွန်နှေးကွေးစွာ ရွေ့လျားနေသည်။
"ငါတို့ ဒီမှာ နာရီပေါင်းများစွာ စောင့်ရတော့မယ် ထင်တယ်" လူများ ရွေ့လျားမှု နှေးကွေးနေသည်ကို ကြည့်ပြီး ကျိချင်းက ပြောလိုက်လေတော့သည်