← Chapters

အခန်း (၄၈၅-၄၈၆)

Vol. 49 Ch. 485-486

အခန်း (၄၈၅-၄၈၆)

Vol. 49 Ch. 485-486

အခန်း (၄၈၅) ချမ်းသာကြွယ်ဝခြင်း

​"ဒါက ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဆင်တူတာမျိုး ဒါမှမဟုတ် လုံးဝ ကွဲပြားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အထူး ခန္ဓာကိုယ်တွေက ရှားပါးပေမဲ့ အမျိုးအစားတွေ အများကြီး ရှိတယ်လို့ ငါကြားဖူးတယ်။ မင်းကတော့ ငါတွေ့ဖူးသမျှထဲမှာ ပထမဆုံး အထူး ခန္ဓာကိုယ်ပိုင်ရှင်ပဲ" မူဖန်က သူ့ကို ရှင်းပြသည်။

​"ပုံဆောင်ခဲတွေကို မှန်အောင် ရွေးနိုင်ခဲ့လို့လား" လုံချန်းက မေးလိုက်သည်။

​"ဟုတ်တယ်။ အဲဒါကလွဲရင် တခြား ဘာနဲ့မှ ရှင်းပြလို့ မရဘူးလေ။ မင်းက ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ မဟုတ်တာတော့ ငါ သေချာတယ်။ ဒီတိုက်ကြီးမှာ ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ နည်းနည်းပဲ ရှိပြီး၊ သူတို့က လက်မှတ်နိုင်ဖို့အတွက် ဒီလို လောင်းကစားမျိုး လာလုပ်မှာ မဟုတ်ဘူး" မူဖန်က ဆိုသည်။

​"စိတ်မပူပါနဲ့။ ဒီသတင်းက မင်းအတွက် အန္တရာယ် မရှိပါဘူး။ ငါ့မှာလည်း အထူး ခန္ဓာကိုယ် ရှိတာပဲ။ တကယ်လို့ ငါတို့ဂိုဏ်း ဒါမှမဟုတ် တခြားဂိုဏ်းတွေက သိသွားရင်တောင် မင်းကို အန္တရာယ်ပြုမှာ မဟုတ်ဘူး။ သူတို့က မင်းကို သူတို့ဆီ ဝင်ဖို့ပဲ စည်းရုံးကြလိမ့်မယ်။ အမှန်တရားတာအိုဂိုဏ်းတောင်မှ မင်းကို တပည့်အဖြစ် လက်ခံပြီး ရာထူးကောင်းကောင်း ပေးပါလိမ့်မယ်။ တကယ်လို့ မင်း ဆန္ဒရှိရင် ငါ ဂိုဏ်းကို အကြောင်းကြားပေးပြီး မင်း ဝင်နိုင်အောင် ကူညီပေးမယ်။ တကယ်လို့ မင်း မဝင်ချင်ဘူးဆိုရင်တော့ ငါ ဒါကို လျှို့ဝှက်ထားပေးပြီး မင်းကို ထွက်သွားခွင့် ပြုပါ့မယ်" မူဖန်က လုံချန်းကို ရှင်းပြသည်။

​"ဘာလို့ လျှို့ဝှက်ထားပေးမှာလဲ။ အထူး ခန္ဓာကိုယ်ရှိတဲ့သူကို တွေ့တယ်လို့ ဂိုဏ်းကို အကြောင်းကြားတာက ဂိုဏ်းအတွက် အကျိုးပြုတာ မဟုတ်ဘူးလား" လုံချန်းက စူးစမ်းသည်။

​"အကျိုးပြုတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါ မင်းကို သူငယ်ချင်းအဖြစ် ကတိပေးထားပြီးပြီလေ။ ငါ့ကတိကို ငါ မဖျက်ဘူး။ ဂိုဏ်းဝင်တာ မဝင်တာက မင်းရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်။ နောက်ပြီး မင်းမှာ အထူး ခန္ဓာကိုယ် ရှိတယ်ဆိုတာ သိရင်တောင် ဂိုဏ်းက မင်းကို အတင်းအကျပ် လုပ်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်" မူဖန်က ပြန်ဖြေသည်။

​"ကျေးဇူးပဲ။ ဒါပေမဲ့ ငါ ဒီတိုက်ကြီးမှာ ဆက်မနေချင်ဘူး။ ဒီနေရာကနေ ထွက်ပြီး အလင်းကောင်းကင်တိုက်ကြီးကို သွားမှာပါ။ အမှန်တရားတာအိုဂိုဏ်းမှ မဟုတ်ဘူး တခြား ဘယ်ဂိုဏ်းကိုမှ မဝင်ချင်ပါဘူး" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

​"ကောင်းပြီလေ။ အဲဒါ မင်းရဲ့ ဆန္ဒဆိုရင်လည်း..." မူဖန်က ပြုံးလျက် ခေါင်းညိတ်ပြသည်။

​"ဒါနဲ့... မင်းရဲ့ ခန္ဓာကိုယ်အကြောင်း ငါ့ကို ပြောပြလို့ ရမလား" သူက လုံချန်းကို မေးသည်။

​"ငါ့ရဲ့ ခန္ဓာကိုယ်လား... အင်း၊ ဘာလို့ ခေါ်လဲတော့ ငါ မသိဘူး၊ ဒါပေမဲ့ ငါကတော့ အမှန်တရား ရှာဖွေခြင်း ခန္ဓာကိုယ်လို့ အမည်ပေးထားတယ်။ အရာဝတ္ထု တော်တော်များများရဲ့ အတွင်းပိုင်းကို ငါ မြင်နိုင်စွမ်း ရှိတယ်" လုံချန်းက နာမည်တစ်ခုနှင့် စွမ်းအားတစ်ခုကို လုပ်ကြံဖန်တီး၍ ပြန်ဖြေလိုက်သည်။

​"ဪ... ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဆင်တူတာပဲ။ ငါ့ရဲ့ ခန္ဓာကိုယ်ကိုတော့ ဓာတ်ကြီးလေးပါး စီရင်ချက် ခန္ဓာကိုယ်လို့ ခေါ်တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း ငါ့ရဲ့ မျက်လုံးတွေကို စွမ်းအားပေးတယ်။ ပုံဆောင်ခဲတွေ၊ ရတနာတွေနဲ့ ကျောက်ခဲတွေလိုမျိုး သဘာဝနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေရဲ့ မူလအစ၊ အမည်တွေနဲ့ အသုံးဝင်ပုံတွေကို ငါ မြင်နိုင်တယ်။ ဒါက တိုက်ခိုက်ရေးမှာတော့ အသုံးမဝင်လှပါဘူး။ ဒါပေမဲ့ ငါ့မှာ ဒီလို အရည်အချင်း ရှိတာကြောင့် ဒီဆိပ်ကမ်းမြို့တော်ကို ငါ တာဝန်ကျတာပေါ့။ ငါတို့ဆီ ရောက်လာတဲ့ ပစ္စည်းတွေ၊ ရတနာတွေကို စစ်ဆေးတာနဲ့ ခွဲခြားတာတွေကို ငါ ကိုင်တွယ်ရတယ်" မူဖန်က ပြန်ဖြေသည်။

​"အဲဒါကြောင့် မင်းက ဒီလောက် ယုံကြည်မှု ရှိနေတာကိုး။ ဒီနယ်ပယ်မှာ မင်းက ကျွမ်းကျင်သူ ဖြစ်နေတာပဲ" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

​"မင်းလည်း အဲဒီလိုပဲ ယုံကြည်မှု ရှိနေခဲ့တာ မဟုတ်ဘူးလား။ အဲဒါကြောင့်လည်း ဒါက ပျော်စရာကောင်းတာပေါ့။ ငါ မြင်နိုင်တာကို မြင်နိုင်တဲ့သူတစ်ယောက်နဲ့ တွေ့ရတာ။ ငါ့ကို အနိုင်ယူနိုင်တဲ့သူတစ်ယောက်နဲ့ ရင်ဆိုင်ရတာ ပျော်စရာကောင်းတယ်" မူဖန်က သိမ်မွေ့သော အပြုံးဖြင့် ဆိုသည်။

​"ဒီနေ့က မင်းတို့အတွက် ပထမဆုံးနေ့ မဟုတ်လား။ မြို့ပြင်မှာ မင်းတို့ကို ငါ တွေ့လိုက်တယ် ထင်တယ်။ တည်းခိုဖို့ နေရာရော ရှာရပြီလား" သူက လုံချန်းကို မေးသည်။

​"အင်း၊ ငါတို့ မဟာမူ တည်းခိုခန်းမှာ အခန်းငှားထားပါတယ်။ အဲဒါ မင်းတို့ မျိုးနွယ်စု ပိုင်တာလို့ ကြားတယ်။ အခန်းတွေကိုတော့ မကြည့်ရသေးဘူး၊ ဒါပေမဲ့ အဲဒီတည်းခိုခန်းအကြောင်း ချီးမွမ်းသံတွေပဲ ကြားရတာဆိုတော့ ကောင်းမှာပါ" လုံချန်းက ဖြေသည်။

​"ကောင်းပါတယ်။ အခန်းတွေက တကယ် ကောင်းပါတယ်။ ဒါနဲ့ တခြားသူတွေကိုလည်း ငါ့ကို မိတ်ဆက်ပေးပါဦး။ ငါတို့ အခု သူငယ်ချင်းတွေ ဖြစ်နေပြီဆိုတော့ မင်းရဲ့ မိသားစုကိုလည်း ငါ သိထားသင့်တယ်လေ" မူဖန်က လုံချန်းကို ပြောသည်။

​"မှန်ပါတယ်။ သူက ငါ့ရဲ့ ညီ ရွှီရှန်းပါ" လုံချန်းက ကျိရှန်းကို မိတ်ဆက်ပေးလိုက်သည်။

​ထို့နောက် မင်ယုနှင့် ကျိချင်းတို့ကို သူ၏ ဇနီးများအဖြစ် မိတ်ဆက်ပေးသည်။

​"မင်းမှာ ဇနီး နှစ်ယောက်တောင် ရှိတာလား။ ဒီကိစ္စမှာတော့ မင်းက တော်တော်လေး စိတ်ကူယဉ် ဆန်ပုံရတယ်" မူဖန်က လုံချန်းကို ကြည့်ကာ ပြုံးလိုက်သည်။

​"ဘယ်လို ပြောရမလဲ၊ နှလုံးသားက လိုချင်တာကို လိုချင်တာပဲလေ" လုံချန်းက ပြန်ဖြေသည်။

​"သိပ်မှန်တဲ့ စကားပဲ" မူဖန်က ခေါင်းညိတ်သည်။

​"ငါ တစ်ခု စိတ်ဝင်စားလို့ပါ။ မင်း ဘာလို့ မျက်နှာဖုံးနောက်မှာ မျက်နှာကို ဖုံးထားတာလဲ" မူဖန်က မေးသည်။

​"ဒါက ပုဂ္ဂိုလ်ရေး ကိစ္စပါ။ မန်နေဂျာ နန်လီကိုတော့ ငါ့မျက်နှာ ပြခဲ့ပါတယ်။ ဒါပေမဲ့ ငါကတော့ မျက်နှာဖုံးနောက်မှာပဲ နေရတာကို ပိုနှစ်သက်တယ်" လုံချန်းက ပြန်ဖြေသည်။

​"ကောင်းပါပြီ။ မင်း မလုပ်ချင်တာကို ငါ အတင်းအကျပ် မလုပ်ပါဘူး။ ဒီမှာ ခဏစောင့်ဦး၊ မင်းနိုင်ထားတဲ့ ပစ္စည်းတွေကို ယူလာဖို့ နန်လီကုကို ငါ ပြောလိုက်ဦးမယ်" မူဖန်သည် ထိုင်ရာမှ ထကာ အပြင်သို့ ထွက်သွားသည်။

​မူဖန် ထွက်သွားပြီးနောက် လုံချန်း စိတ်လျှော့လိုက်သည်။

​ကျိရှန်းက တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း လုံချန်းက တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ဤနေရာတွင် အခြားသူများ သူတို့စကားကို ကြားနိုင်ခြေ ရှိနေသည်။ သူတို့ ချည်းသာရှိနေသည်ဟု ကျိရှန်းအား အထင်မှားစေပြီး မပြောသင့်သော စကားများ ထွက်သွားမည်ကို သူ မလိုလားပေ။

​လုံချန်းသည် သူ၏လက်ထဲရှိ ခေါက်ထားသော စာရွက်ကို ကြည့်လိုက်သည်။ ထိုစာရွက်ထဲတွင် မူဖန်သာ အနိုင်ရခဲ့ပါက သူ လုပ်ဆောင်ပေးရမည့် မူဖန်၏ ဆန္ဒ ပါရှိသည်။

​လုံချန်းသည် စာရွက်ကို ဖြန့်၍ အတွင်း၌ ရေးထားသည်ကို ဖတ်ကြည့်လိုက်သည်။

​စာရွက်ပါ အကြောင်းအရာကို ဖတ်ပြီးနောက် သူသည်လည်း ရယ်မောမိသွားတော့သည်။

​"ငါ့ရဲ့ တောင်းဆိုချက်ကို ဖတ်ပြီး သူ ဘာလို့ ရယ်လဲဆိုတာ ငါ အခုမှ နားလည်တော့တယ်" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

​သူသည် စာရွက်ကို ပြန်ခေါက်၍ အိတ်ကပ်ထဲ ထည့်လိုက်သည်။

​မိနစ်အနည်းငယ် ကြာပြီးနောက် မူဖန်သည် နန်လီကုနှင့် အစေခံအချို့ကို ခေါ်ဆောင်၍ ပြန်ရောက်လာသည်။

​နန်လီကုသည် ကျိရှန်း၊ မင်ယု နှင့် ကျိချင်းတို့ကို လုံချန်းအား မေးခဲ့သည့် မေးခွန်းများအတိုင်း မေးမြန်းပြီး သူတို့၏ အဖြေများကို မှတ်ပုံတင်တွင် မှတ်သားကာ လက်မှတ် တစ်စောင်စီ ပေးလိုက်သည်။

​"ခင်ဗျားက ၅ ကြိမ်ဆက်တိုက် အောင်မြင်မှု ၇ ကြိမ် ရခဲ့တာပါ။ အဲဒါကြောင့် လက်မှတ် ၇ စောင် ရပါတယ်။ အခု ၃ စောင် ပေးလိုက်ပြီးပြီဖြစ်လို့ ကျန်တဲ့ ၄ စောင်အတွက်ကိုတော့ အနက်ရောင် ရွှေဒင်္ဂါး နဲ့ ပေးပါ့မယ်။ လက်မှတ် ၄ စောင်အတွက် ၁.၂ သန်း ရပါလိမ့်မယ်။ နောက်ပြီး ခင်ဗျားရဲ့ လောင်းကြေးနဲ့ လောင်းကြေးငွေ တိုးလာတာကြောင့် အပို ၃ သိန်း ထပ်ရပါမယ်။ ဒီလက်စွပ်ထဲမှာ အနက်ရောင် ရွှေဒင်္ဂါး ၁.၅ သန်း ရှိပါတယ်" နန်လီကုက ပြောကာ လုံချန်းအား သိုလှောင်လက်စွပ် တစ်ကွင်း ပေးလိုက်သည်။

​လုံချန်းသည် လက်စွပ်အတွင်းကို ကြည့်လိုက်ရာ အနက်ရောင် ရွှေဒင်္ဂါးများဖြင့် ပြည့်နေသည်ကို တွေ့ရသည်။

​'လက်မှတ် ၄ စောင်တောင် ဒီလောက် တန်တာပဲ၊ တိုက်အချင်းချင်း ခရီးသွားလာခွင့် ပေးတဲ့ ဆိပ်ကမ်းမြို့တော်တွေကနေ ဂိုဏ်းတွေ ဘယ်လောက်တောင် ငွေရှာနေကြမလဲဆိုတာ မဆန်းတော့ပါဘူး' လုံချန်းက တွေးတောမိသည်။

​"ဒီမှာ တခြား လုပ်စရာ ရှိသေးလား" မူဖန်က လုံချန်းကို မေးသည်။

​"မရှိတော့ပါဘူး။ ဒီမြို့ကို လေ့လာရင်းနဲ့ ဒီနေရာကို ရောက်လာတာပါ။ ငါတို့ရဲ့ မြို့ပတ်ခရီးစဉ်ကို ဆက်သွားဦးမှာပါ" လုံချန်းက ပြန်ဖြေသည်။

​"ကောင်းပြီလေ။ မင်းတို့ သွားနိုင်ပါပြီ။ ငါကတော့ ဒီကိုလာရတဲ့ အဓိက ကိစ္စက မပြီးသေးလို့ ဒီမှာ ဆက်နေခဲ့ဦးမယ်။ ရော့... ဒါက ငါ့ရဲ့ ကိုယ်ပိုင် တိုကင်ပဲ။ ဒီတိုကင်ကို ပြရုံနဲ့ ဒီမြို့ထဲမှာ ဘာပြဿနာမှ ကြုံရမှာ မဟုတ်ဘူး။ တကယ်လို့ တစ်ခုခု အခက်အခဲရှိရင်လည်း ဒီတိုကင်ကို ယူပြီး မူမျိုးနွယ်စုဆီ လာခဲ့လို့ ရတယ်" ထိုသို့ ပြောကာ မူဖန်က တစ်ဖက်တွင် မူနှင့် အခြားတစ်ဖက်တွင် ဖန်ဟု ရေးထားသော ကြယ် ၅ ပွင့် တိုကင်တစ်ခုကို လုံချန်းအား ပေးလိုက်သည်။

​"နှုတ်ဆက်ပါတယ် သူငယ်ချင်းတို့။ မင်းတို့နဲ့ တွေ့ရတာ ပျော်စရာကောင်းပါတယ်။ ငါတို့ နောက်ထပ် ပြန်တွေ့ကြဦးမှာပါ" မူဖန်က ပြောကာ နန်လီကုနှင့်အတူ ထွက်သွားသည်။

​လုံချန်းသည်လည်း ထိုင်ရာမှထကာ အခြားသူများနှင့်အတူ ထိုနေရာမှ ထွက်လာခဲ့သည်။ သူသည် အောက်ထပ်သို့ ပြန်ဆင်းလာရာ ထောင့်တစ်နေရာတွင် ရပ်နေသော ရှန်လီမူကို တွေ့လိုက်ရသည်။

​သူတို့သည် ဆိုင်ထဲမှ ထွက်လာခဲ့ကြပြီး မြို့ပတ်ခရီးစဉ်ကို ဆက်လက် လုပ်ဆောင်ကြသည်။

​ရှန်လီမူသည် ဆိပ်ကမ်းမြို့တော်ရှိ နေရာအတော်များများကို သူတို့အား လိုက်လံပြသပေးသည်။ သင်္ဘောလက်မှတ်များ ရောင်းချသည့် နေရာကို ပြသပေးပြီး လက်မှတ်ဝယ်ရန် လူများ လိုက်နာရမည့် လုပ်ငန်းစဉ်များကို ရှင်းပြပေးသည်။ ထို့ပြင် မူမျိုးနွယ်စု အဆောက်အအုံနှင့် အခြား ထင်ရှားသော နေရာများကိုလည်း လိုက်လံ ပြသပေးခဲ့သည်။

​ထို့နောက် သူသည် သူတို့ကို မြို့၏ အစားအသောက်ရပ်ကွက်ဟု လူသိများသော နေရာသို့ ခေါ်ဆောင်သွားလေတော့သည်။

အခန်း (၄၈၆) ကျွန်တော် ရှုံးသွားခဲ့တယ်

အ​စားအသောက် ရပ်ကွက်ဆိုသည်မှာ တိုက်ကြီး၏ အရပ်ရပ်မှ နာမည်ကြီး အစားအစာများကို ရရှိနိုင်သော စားသောက်ဆိုင်များဖြင့် ပြည့်နှက်နေသည့် နေရာတစ်နေရာ ဖြစ်သည်။

​လုံချန်းသည် စားသောက်ဆိုင် တစ်ဆိုင်အတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ် ရှန်လီမူက သူတို့နောက်တွင် ရပ်တန့်နေသည်ကို သတိပြုမိလိုက်သည်။

​"မင်း မလာဘူးလား" လုံချန်းက ရှန်လီမူကို မေးလိုက်သည်။

​"ကျွန်တော်... အဲ... ကျွန်တော့်လိုလူမျိုးက အဲဒီထဲမှာ စားဖို့ မထိုက်တန်ပါဘူးဗျာ။ အစားအစာတွေက ကျွန်တော့်အတွက် အရမ်းဈေးကြီးလွန်းပါတယ်" ရှန်လီမူက ခေါင်းခါရင်း ပြောသည်။

​"ရပါတယ်။ ငါ ကျွေးမှာပါ။ ငါတို့ကို စိတ်ရှည်လက်ရှည်နဲ့ မြို့အနှံ့ လိုက်ပြပေးတဲ့အတွက် ကျေးဇူးတုံ့ပြန်တာလို့ပဲ သဘောထားလိုက်ပါ" လုံချန်းက ပြောကာ သူ့ကို အနောက်က လိုက်ခဲ့ရန် အချက်ပြလိုက်သည်။

​လုံချန်းနှင့် အခြားသူများ ဆိုင်ထဲသို့ ဝင်သွားကြသည်။ ရှန်လီမူသည်လည်း ဝင်လာခဲ့သော်လည်း အနည်းငယ် ဝေခွဲမရဖြစ်နေဟန် ရှိသည်။

​စားပွဲထိုးတစ်ဦးသည် သူတို့ကို နေရာချပေးရန် လာခဲ့သော်လည်း ရှန်လီမူကို မြင်သောအခါ အံ့သြသွားသည်။

​"ရှန်လီမူ... ဒီနေရာက ဂုဏ်သရေရှိသူတွေနဲ့ ချမ်းသာတဲ့သူတွေအတွက် နေရာဟ။ ဒီနေရာကို လာပြီး ညစ်ပတ်အောင် မလုပ်နဲ့။ အပြင်ထွက်တော့" စားပွဲထိုးက သူတို့နောက်တွင် ရပ်နေသော ရှန်လီမူကို ပြောလိုက်သည်။

​"ဪ... ဒီစားသောက်ဆိုင်က သူတို့ရဲ့ ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား" လုံချန်းက ထိုစားပွဲထိုးကို မေးလိုက်သည်။

​"ဒါက ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ပါ။ လမ်းဘေးက ဘယ်သူမဆို ဒီထဲဝင်လာပြီး ကျွန်တော်တို့ရဲ့ အဆင့်အတန်းကို လျှော့ချတာမျိုး အခွင့်မပြုနိုင်ပါဘူး" စားပွဲထိုးက လုံချန်းကို ပြန်ဖြေသည်။

​မန်နေဂျာဖြစ်သူမှာ အနီးအနားတွင် ရပ်ကြည့်နေသော်လည်း ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။

​"ဒါဆို ဒီမှာ အစားအသောက် ဝယ်စားနိုင်တဲ့သူတွေက တောင်းစားတဲ့သူတွေပေါ့ ဟုတ်လား။ ဒါက တော်တော် စော်ကားရာ ရောက်တာပဲ။ တခြား စကားပြောနိုင်မယ့်သူ တစ်ယောက်ယောက်နဲ့ တွေ့လို့ရမလား" လုံချန်းက စားပွဲထိုးကို မေးလိုက်သည်။

​"အားလုံး အလုပ်ရှုပ်နေကြပါတယ်။ ဧည့်သည်တွေ လာချင်ရင် လာနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ လမ်းပြကိုတော့ အထဲကို ခေါ်လာလို့ မရဘူး" စားပွဲထိုးက ပြန်ပြောသည်။

​"ဟူး... သူက ငါတို့ရဲ့ လမ်းပြမဟုတ်ဘူး။ အခုချိန်မှာ သူက ငါတို့ရဲ့ သူငယ်ချင်းပဲ။ တကယ်လို့ မင်းတို့က သူ့ကို ဝင်ခွင့်မပြုဘူးဆိုရင်တော့ ငါတို့လည်း ထွက်သွားရုံပဲ ရှိတာပေါ့" လုံချန်းက ပြောကာ လှည့်ထွက်ရန် ပြင်လိုက်သည်။

​"ငါ ထွက်သွားပြီးတော့ မူဖန်ကို ငါတို့အပေါ် ဘယ်လို ဆက်ဆံခဲ့တယ်ဆိုတာ ပြောပြလိုက်ရင် သူ ဘယ်လို တုံ့ပြန်မလဲဆိုတာ သိချင်မိတယ်" လုံချန်းက မန်နေဂျာ ကြားနိုင်လောက်သည့် အသံဖြင့် ရေရွတ်လိုက်သည်။

​သူသည် မူဖန် ပေးထားသော တိုကင်ကိုလည်း မန်နေဂျာ ရှင်းရှင်းလင်းလင်း မြင်နိုင်မည့် အနေအထားဖြင့် လက်ထဲတွင် ကိုင်ထားသည်။

​"အာ... ခဏလေးပါ လူကြီးမင်း"

​မန်နေဂျာသည် လုံချန်းကို တားရန် အမြန်ပြေးလာသည်။

​လုံချန်းက ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

​"မင်း ဒါ ဘယ်လိုလူအလဲ။ ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံသလား။ သွားတော့... မင်းရဲ့ လုပ်ရပ်ကို ပြန်ပြီး ဆင်ခြင်လိုက်ဦး။ ဒီနေ့အတွက် မင်းကို လုပ်ခ လုံးဝ မပေးဘူး" မန်နေဂျာက စားပွဲထိုးကို မောင်းထုတ်လိုက်သည်။

​ထို့နောက် မန်နေဂျာသည် လုံချန်းကို ဖားချင်သည့် အပြုံးဖြင့် ကြည့်ကာ စကားစပြောတော့သည်။

​"ကျွန်တော့်ရဲ့ လက်အောက်ငယ်သားအတွက် တောင်းပန်ပါတယ်။ စိတ်ထဲ မထားပါနဲ့ခင်ဗျာ။ သူ့လို လူအမျိုးအစားတွေ ရှိတတ်ပါတယ်။ ကျွန်တော် သူတို့ကို သေသေချာချာ သင်ခန်းစာပေးလိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ၊ ကျွန်တော်ကိုယ်တိုင် နေရာချပေးပါ့မယ်။"

​လုံချန်းက ခေါင်းညိတ်ပြလိုက်သည်။

​'ဒါကတော့ အာဏာ ဒါမှမဟုတ် သြဇာရှိတဲ့သူတွေ ရရှိတဲ့ ဆက်ဆံရေးပဲ။ အားနည်းတဲ့သူတွေနဲ့ တော်တော် ကွာခြားတာပဲ။ ဒါက လောကကြီးရဲ့ သဘာဝပဲပေါ့။ ငွေကြေးက ငါ့ကို မှီခိုနေရတဲ့သူတွေကြားမှာပဲ လေးစားမှု ပေးနိုင်လိမ့်မယ်၊ ဒါပေမဲ့ စွမ်းအားကတော့ လူတိုင်းကို ကြောက်ရွံ့ လေးစားစေလိမ့်မယ်။ တစ်နေ့မှာ ငါ အဲဒီအဆင့်ကို ရောက်အောင် သွားမှာပါ' လုံချန်းက မူမျိုးနွယ်စု တိုကင်ကို ကြည့်ရင်း တွေးတောမိသည်။

​သူသည် တိုကင်ကို ပြန်သိမ်းကာ မန်နေဂျာနောက်သို့ လိုက်သွားခဲ့သည်။ စားသောက်ဆိုင်အတွင်း၌ လူများဖြင့် ပြည့်နေသည်။ လုံချန်းသည် အထဲတွင် အားနေသော စားပွဲတစ်ခုံမျှ မတွေ့ရပေ။ သူတို့ကို သီးသန့်ခန်း တစ်ခန်းသို့ ခေါ်သွားပြီး မန်နေဂျာကိုယ်တိုင် မီနူးကတ်ကို လာပေးသည်။

​လုံချန်းနှင့် အခြားသူများမှာ မီနူးကို ဖတ်ပြီးနောက် မှာယူလိုက်ကြသည်။

​"ရတယ်၊ မှာသာမှာ။ မင်းက အားနာနေရင် ငါ့ကို စော်ကားရာ ရောက်လိမ့်မယ်" လုံချန်းက ဝေခွဲမရ ဖြစ်နေဆဲဖြစ်သော ရှန်လီမူကို ပြောလိုက်သည်။

​"ဒီသူငယ်ချင်းလေးအတွက် အဈေးအကြီးဆုံး ဟင်းလျာကိုပဲ ကျွန်တော် ယူလာပေးရမလား" မန်နေဂျာက လုံချန်းကို မေးသည်။

​"အေး... အဲဒီလိုပဲ လုပ်လိုက်ပါ။ သူကတော့ ဘာမှ ရွေးနိုင်မှာ မဟုတ်ဘူး" လုံချန်းက ရှန်လီမူထံမှ အဖြေမရသဖြင့် ပြန်ပြောလိုက်သည်။

​ညစာ စားသောက်ပြီးနောက် သူတို့ စားသောက်ဆိုင်မှ ထွက်လာခဲ့ကြသည်။ မြို့ပတ်ခရီးစဉ်မှာလည်း ပြီးဆုံးသွားပြီ ဖြစ်သည်။

​ရှန်လီမူသည် သူတို့ကို မဟာမူ တည်းခိုခန်းသို့ ပြန်လည် ပို့ဆောင်ပေးပြီးနောက် နှုတ်ဆက်ခွဲခွာခဲ့သည်။

​"လိုက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လုံချန်းက ရှန်လီမူကို ကျေးဇူးတင်စကား ပြောလိုက်ပြီး အနက်ရောင် ရွှေဒင်္ဂါး ၁၀ ပြား ထပ်ပေးလိုက်သည်။

​ရှန်လီမူက အစပိုင်းတွင် ငြင်းဆန်သော်လည်း လုံချန်းက အတင်းပေးခဲ့သည်။

​လုံချန်းနှင့် အခြားသူများ တည်းခိုခန်း အတွင်းသို့ ဝင်ခဲ့ကြသည်။

​ကျိရှန်းက သီးသန့်အခန်း တစ်ခန်းတွင် နေထိုင်ပြီး လုံချန်းနှင့် သူ၏ အမျိုးသမီးများက အခြားအခန်းတစ်ခန်းတွင် နေကြသည်။

​ထိုညသည်လည်း ကာမဂုဏ်ခံစားမှုများဖြင့် ကုန်ဆုံးသွားခဲ့ပြန်သည်။ အခန်းများသည် အသံလုံသဖြင့် ပြင်ပသို့ မည်သည့်အသံမျှ မထွက်ပေါ်ပေ။ လုံချန်းနှင့် သူ၏ မိန်းကလေးများသည် ကျင့်ကြံခြင်းအဆင့် တက်စေရန် ယင်ယန်ကျင့်စဉ်ကို အသုံးပြုနေကြသဖြင့် အခန်းထဲတွင် ညည်းတွဲသံများဖြင့် ပြည့်နှက်နေသည်။

​နေရောင်ခြည် ဦးဆုံး ကျရောက်လာသည်နှင့်အမျှ ညတာ ကုန်ဆုံးသွားခဲ့သည်။

​လုံချန်းနှင့် သူ၏ အမျိုးသမီးများ နိုးလာကာ အဝတ်အစား လဲလိုက်ကြသည်။ မိန်းကလေးများမှာ အခန်းထဲတွင် ကျန်ရစ်ခဲ့ပြီး လုံချန်းမှာမူ အခန်းပြင်ထွက်ကာ ကျိရှန်း၏ အခန်းသို့ သွားလိုက်သည်။

​"ငါတို့ ဒီနေ့ အပြင်သွားကြမှာလား" ကျိရှန်းက မေးသည်။

​"မသွားဘူး။ ငါတို့ ထွက်ခွာရမယ့် အချိန်အထိ နောက်ထပ် ၆ ရက်လုံး ဒီအခန်းထဲမှာပဲ နေကြမယ်။ မလိုအပ်ဘဲ အပြင်ထွက်နေဖို့ မလိုဘူး။ အထဲမှာပဲ နေပြီး ကျင့်ကြံကြတာပေါ့"

​လုံချန်းက ကျိရှန်းကို ပြောပြီးနောက် သူ၏ အခန်းသို့ ပြန်လာခဲ့သည်။

​သူသည် မိန်းကလေးများကိုလည်း သီးသန့်စီ ကျင့်ကြံကြရန်နှင့် ယင်ယန်ကျင့်စဉ်မှ ရရှိလာသော ကျင့်ကြံခြင်း စွမ်းအားများကို ကြေညက်အောင် လုပ်ဆောင်ကြရန် ပြောလိုက်သည်။

​လုံချန်းမှာမူ နတ်ကောင်းကင်ဘုံဂိုဏ်းမှ သူ ရရှိခဲ့သော ပညာရပ်တစ်ခုကို နားလည်သဘောပေါက်အောင် ကြိုးစားတော့သည်။

​၎င်းမှာ သူ့ထက် အားနည်းသော သူများ၏ စိတ်ကို ဖတ်နိုင်သည့် ပညာရပ် ဖြစ်သည်။ ၎င်းက အသုံးဝင်မည်ဟု သူ ယူဆသဖြင့် ရှေ့တွင်ရှိသော လူများ၏ စိတ်ထဲတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို နားလည်နိုင်ရန် သင်ယူလိုခြင်း ဖြစ်သည်။

​အကယ်၍ သူသည် သူ၏ စိတ်ကို မဖတ်နိုင်သော သန်မာသည့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် ထိုသူ၏ လက်အောက်ငယ်သားများ၏ စိတ်ကို ဖတ်ခြင်းဖြင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ သိနိုင်မည် ဖြစ်သည်။ တစ္ဆေကျောင်းတော်သို့ သွားမည့် ခရီးစဉ်တွင် ဤပညာရပ်မှာ အလွန် အသုံးဝင်လိမ့်မည်ဟု သူ သိထားသည်။ သူတို့မှာ သူ ထင်ထားသည်ထက် ပို၍ သန်မာနေသည်ကို သိရှိထားသဖြင့် အတင်းအဓမ္မ အင်အားသုံးရန် သူ မလိုလားပေ။

​သူသည် တစ္ဆေကျောင်းတော်အတွင်းသို့ ခိုးဝင်လိုခြင်း ဖြစ်ပြီး ဤပညာရပ်မှာ သူ၏ ဝှက်ဖဲပင် ဖြစ်သည်။ ၎င်းသည် တစ္ဆေကျောင်းတော်တွင် သူ့အတွက် အသုံးဝင်ဆုံး ပညာရပ်တစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ယူဆထားသည်။

​အခြားသူများ၏ စိတ်ကို ဖတ်နိုင်သရွေ့ သူ မည်သည့်နေရာကို ရှောင်ရမည် သို့မဟုတ် တစ်စုံတစ်ဦးက သူ့အား သံသယဝင်နေသလား ဆိုသည်ကို သူ သိနိုင်မည် ဖြစ်သည်။

​မိန်းကလေးများက ကျင့်ကြံခြင်း စတင်ချိန်တွင် လုံချန်းသည်လည်း ထိုပညာရပ်ကို နားလည်သဘောပေါက်အောင် စတင် ကြိုးစားနေပြီ ဖြစ်သည်။

ကမ္ဘာတုထဲတွင် ဒေါသတကြီး ထိုင်နေသော လုံရွှယ်ရင်းမှလွဲ၍ ကျန်လူတိုင်း ကျင့်ကြံနေကြသည်။ သူမသည် ဖြစ်ပျက်ခဲ့သမျှအပေါ် စိတ်မကျေမနပ် ဖြစ်နေဆဲပင်။

​အချိန်များ တရွေ့ရွေ့ ကုန်ဆုံးနေစဉ် လုံချန်းသည် သူ၏ စွမ်းအင်အားလုံးကို သုံး၍ ထိုပညာရပ်အား နားလည်အောင် ကြိုးစားနေသည်။

​တစ်ရက် ကုန်ဆုံးသွားသော်လည်း သူတို့ အခန်းထဲမှ အပြင်သို့ မထွက်ကြပေ။

​မူမျိုးနွယ်စု၏ စံအိမ်တွင်မူ မူဖန်သည် သူ၏ ဦးလေးရှေ့တွင် ရပ်နေသည်။ လုံချန်းနှင့် ဖြစ်ပျက်ခဲ့သမျှကို သူ့အား မေးမြန်းခြင်း ခံနေရသည်။

​"ဒါနဲ့ တူလေးဖန်... မင်း မျက်လုံးနဲ့ ကံတရား ပြိုင်ပွဲမှာ လူတစ်ယောက်ဆီမှာ ရှုံးနိမ့်သွားတယ်လို့ ငါ ကြားတယ်" သူ၏ ဦးလေးက မေးသည်။

​မူဖန်၏ ဦးလေးမှာ ဤမြို့ကို အုပ်ချုပ်နေသူ ဖြစ်သည်။ သူ၏ ဖခင်နှင့် အဘိုးမှာမူ ဂိုဏ်းတွင် ရှိနေကြသည်။

​မူဖန်၏ ဖခင်မှာ မျိုးနွယ်စုနှင့် ဂိုဏ်းတွင် ရာထူးပိုမြင့်သော်လည်း ဖခင်အား ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုသဖြင့် ဦးလေးဖြစ်သူအား ဤနေရာကို စီမံခန့်ခွဲရန် ခွင့်ပြုထားခြင်း ဖြစ်သည်။ သူ၏ ဖခင်မှာ ဂိုဏ်း၏ အလွန် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် မြို့တစ်မြို့ကို စီမံရန်အတွက် အဝေးသို့ စေလွှတ်၍ မရနိုင်ပေ။

​"ဟုတ်ပါတယ် ဦးလေး။ ကျွန်တော် ရှုံးသွားပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ တရားမျှမျှတတပဲ ရှုံးနိမ့်ခဲ့တာပါ" မူဖန်က ခပ်ပြုံးပြုံးလေးဖြင့် ပြန်ဖြေသည်။ သူသည် အနည်းငယ်မျှပင် စိတ်မကောင်းဖြစ်နေသည့် ပုံမပေါ်ပေ။

All Chapters