← Chapters

အခန်း (၅၀၅-၅၀၆)

Vol. 51 Ch. 505-506

အခန်း (၅၀၅-၅၀၆)

Vol. 51 Ch. 505-506

အခန်း (၅၀၅) ဆန်းကြယ်သော မိန်းကလေး

​ပင်လယ်ဓားပြဘုရင်သည် ရှောင်တိမ်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

​သူသည် လူရှင်းသောဘက်သို့ ရှောင်ထွက်လိုက်သော်လည်း သူသွားမည့်ဘက်တွင် ချီစွမ်းအင် ဖြင့် ပြုလုပ်ထားသော ဓားတစ်လက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျသွားရသည်။

​လုံချန်းသည် ပင်လယ်ဓားပြဘုရင် ထိုဘက်သို့ ရှောင်မည်ကို ကြိုတင်ခန့်မှန်းထားသဖြင့် သူ၏ဘယ်ဘက်လက်ဖြင့် ချီစွမ်းအင်ဓား တစ်လက်ကို ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။

​ဘုရင်သည် အရှိန်နှင့် လှုပ်ရှားနေပြီဖြစ်ရာ အဟုန်ကြောင့် မိမိကိုယ်ကိုယ် ပြန်မထိန်းနိုင်တော့ပေ။

​သူကိုယ်တိုင်ပင် ထိုဝိညာဉ်စွမ်းအင်ဓားထဲသို့ တိုးဝင်မိကာ ခေါင်းပြတ်သွားသည်ကို သူကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်နေတော့သည်။ လုံချန်းအနေဖြင့် သူ၏ဓားကို လှုပ်ရှားရန်ပင် မလိုခဲ့ပေ။

​ပင်လယ်ဓားပြဘုရင်၏ ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် အတန်ငယ်ဝေးသော မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

​သူ၏ ဝိညာဉ်ဓားမှာလည်း အတွင်းရှိ ဝိညာဉ်ပျက်စီးသွားသဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းဝိညာဉ်မှာ ပင်လယ်ဓားပြဘုရင်၏ ဝိညာဉ်နှင့် ချည်နှောင်ထားခြင်း ဖြစ်ရာ ဘုရင်သေဆုံးသည်နှင့် ဝိညာဉ်ဓားမှ ဝိညာဉ်သည်လည်း ပျက်စီးသွားခြင်း ဖြစ်သည်။

​ထိုဓားမှာ မြေပြင်ပေါ်သို့ ကျသွားပြီး သာမန် ရွှေအဆင့် ဓားတစ်လက် ဖြစ်သွားလေတော့သည်။

​"ဒါကတော့ တကယ့်ကို နှမြောစရာပဲ" လုံချန်းက ဘုရင်၏ ဝိညာဉ်ဓားကို ကြည့်ကာ ခေါင်းခါရင်း ရေရွတ်လိုက်သည်။

​ပင်လယ်ဓားပြဘုရင် အသုံးပြုခဲ့သော မြေကမ္ဘာအဆင့် အထွတ်အထိပ် ဓားသည်လည်း အလောင်းအနီးတွင် ရှိနေသည်။ လုံချန်းသည် ရှေ့သို့တိုးကာ ထိုဓားကို ကောက်ယူလိုက်သည်။

​"ဒါကတော့ တကယ့်ကို ကောင်းတဲ့ဓားပဲ။ အဘိုးဆိုရင် ဒါကို အတော်လေး သဘောကျမှာပဲ" လုံချန်းက ပြောကာ ဓားကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။

​ထို့နောက် သူ၏ ကိုယ်ပိုင်ဝိညာဉ်ဓားနှင့် ပျက်စီးသွားသော ဘုရင်၏ဝိညာဉ်ဓား တို့ကိုလည်း သိမ်းဆည်းလိုက်သည်။ ပင်လယ်ဓားပြဘုရင်၏ လက်စွပ်ကိုလည်း သူ ယူလိုက်သည်။

​လုံချန်းသည် ပင်လယ်ဓားပြဘုရင်၏ ခန္ဓာကိုယ်ကို မ,ကာ အနီးရှိ အခြားသင်္ဘောတစ်စင်းပေါ်သို့ လှမ်းပစ်လိုက်သည်။ အလောင်းမှာ ဓားပြခေါင်းဆောင် တစ်ဦး၏ အကာအကွယ်အတားအဆီးပေါ်သို့ ကျသွားသည်။

​ထိုဓားပြခေါင်းဆောင်သည် အလောင်းကို မြင်သောအခါ အံ့အားသင့်သွားသည်။ "ဒါ... ဒါက..." သူသည် အဝတ်အစားနှင့် ကိုယ်နေဟန်ထားကို ကြည့်ကာ ချက်ချင်း မှတ်မိသွားသည်။

​လုံချန်းသည် ပင်လယ်ဓားပြဘုရင်၏ ဦးခေါင်းကိုလည်း ကောက်ယူကာ ဆန့်ကျင်ဘက်ရှိ သင်္ဘောပေါ်သို့ လှမ်းပစ်လိုက်ပြန်သည်။ ဦးခေါင်းမှာ ဓားပြခေါင်းဆောင် ဟက်စတင်၏ အကာအကွယ်ပေါ်သို့ ကျသွားသည်။

​ဟက်စတင်သည်လည်း သူ၏အကာအကွယ်ပေါ်ရှိ ဘုရင်၏ ဦးခေါင်းကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားရသည်။ "မ... မဖြစ်နိုင်တာ"

​လုံချန်းသည် သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ အသံကို ကျယ်လောင်အောင် လုပ်ကာ အခြားပင်လယ်ဓားပြများ ကြားစေရန် ကြေညာလိုက်သည်။

​"နားထောင်ကြစမ်း။ ပင်လယ်ပြင်က ဓားပြတို့။ ငါ ပင်လယ်ဓားပြဘုရင်ရဲ့ သင်္ဘောကို သိမ်းပိုက်လိုက်ပြီ။ ပင်လယ်ဓားပြဘုရင်နဲ့ ဒီသင်္ဘောပေါ်က ဓားပြအားလုံး သေကုန်ပြီ။ အခု ဒီသင်္ဘောက ငါ့လက်အောက်မှာ ရှိတယ်။ တစ္ဆေကျောင်းတော်က မင်းတို့နဲ့ ရန်ငြိုးမရှိဘူး။ ငါက ပင်လယ်ဓားပြဘုရင်ရဲ့ တစ္ဆေကျောင်းတော် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် သူ့ကိုပဲ အပြစ်ပေးခဲ့တာ။ တကယ်လို့ မင်းတို့ အခုချက်ချင်း လှည့်ပြန်သွားမယ်ဆိုရင် ငါ မင်းတို့ကို အသက်ချမ်းသာပေးမယ်။ ဒါပေမဲ့ မင်းတို့က ပင်လယ်ဓားပြဘုရင်ရဲ့ လမ်းစဉ်ကို ထောက်ခံတယ်ဆိုရင်တော့ ဒီသင်္ဘောကို စတင်တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားလိုက်၊ မင်းတို့ တိုက်ခိုက်တာနဲ့ တစ္ဆေကျောင်းတော်ရဲ့ ရန်သူ ဖြစ်သွားမယ်၊ အဲဒီကျရင်တော့ ငါ မင်းတို့ကို သတ်ရလိမ့်မယ်။ ကိုယ့်ဘာသာကိုယ် ရွေးချယ်ကြ"

​လုံချန်း၏ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် ပတ်ဝန်းကျင်ရှိ သင်္ဘောတိုင်းမှ လူများ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

​"သင်္ဘောကို အသိမ်းခံလိုက်ရပြီလား"

"ပင်လယ်ဓားပြဘုရင် သေပြီလား"

"အဲဒီအသံက တစ္ဆေကျောင်းတော် တပည့်ရဲ့ အသံပဲ။ သူ ဘယ်လိုလုပ်ပြီး သင်္ဘောထဲ ခိုးဝင်သွားတာလဲ"

"သူက ပင်လယ်ဓားပြဘုရင်ကိုတောင် သတ်နိုင်တယ်ဆိုရင် ငါတို့က သူ့ကို ပြန်တိုက်နိုင်ပါ့မလား"

"ငါတော့ တစ္ဆေကျောင်းတော်နဲ့ ရန်မဖြစ်ချင်ဘူး။"

​ဓားပြအားလုံးသည် အခြေအနေကို နားလည်သွားကြပြီး လှည့်ပြန်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်း သိလိုက်ကြသည်။ ပင်လယ်ဓားပြဘုရင်ကို သတ်နိုင်သော သူအား သူတို့ မရင်ဆိုင်ဝံ့သလို လုံချန်း၏နောက်ကွယ်မှ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေကျောင်းတော်ကိုလည်း မစိန်ခေါ်ဝံ့ကြပေ။

​"ငါ ပြန်မယ်! တစ္ဆေကျောင်းတော်နဲ့ ရန်မဖြစ်ချင်ဘူး"

"ငါလည်း ပြန်မယ်"

​တစ်ဦးပြီးတစ်ဦး လုံချန်းအား အလားတူစကားများဖြင့် တုံ့ပြန်ကြကာ လုံချန်းကို မစော်ကားလိုတော့ကြောင်း သဘောတူကြသည်။

​"ဒါဆို အခုချက်ချင်း ထွက်သွားကြတော့" လုံချန်းက အမိန့်ပေးလိုက်သည်။

​ကျန်ရှိသော သင်္ဘော ၇ စင်းစလုံး ရှေ့ဆက်မတိုးတော့ဘဲ လုံချန်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ လှည့်ကာ မကြာမီ ပျောက်ကွယ်သွားတော့သည်။

​"ဟူး... နောက်ဆုံးတော့ ဒီပြဿနာ ပြေလည်သွားပြီ။ အခုတော့ ပိုကြီးတဲ့ ပြဿနာဆီကို အေးအေးဆေးဆေး သွားလို့ရပြီ" လုံချန်းက အရွှန်းဖောက်ကာ ရေရွတ်လိုက်သည်။

​"အနည်းဆုံးတော့ နောက်ထပ် နှစ်ရက်လောက်အတွက် စိတ်ပူစရာ မရှိတော့ဘူး"

​ယခုအခါ သင်္ဘောမှာ မြွေဘုရင်နှင့် မဝေးတော့သဖြင့် လုံချန်းသည် မြွေဘုရင်အား စိတ်ချင်းဆက်သွယ်ကာ ပြန်လာရန် ပြောလိုက်သည်။

​ထို့နောက် လုံချန်းသည် သင်္ဘောပေါ်ရှိ ကျန်ရှိသောလူများ ကြားရုံမျှ အသံကို ကျယ်စေပြီး ထပ်မံ ပြောလိုက်သည်။

​"ငါက ကပ္ပတိန်အသစ်ပဲ။ သင်္ဘောပေါ်မှာ ကျန်နေသေးတဲ့ ဓားပြတွေ ကုန်းပတ်ပေါ်ကို အခုထွက်လာခဲ့။ မင်းတို့ကို ရာထူးတိုးပေးမယ်"

​ရွှေအမြုတေအဆင့်နှင့် အောက်အဆင့် ဓားပြအနည်းငယ်မှာ အသက်ရှင်ကျန်ရစ်နေသေးသည်။ သူတို့အားလုံးမှာ လုံချန်းနှင့် ပင်လယ်ဓားပြဘုရင် တိုက်ခိုက်နေသည်ကို မြင်ကတည်းက အောက်ထပ်တွင် ပုန်းနေကြခြင်း ဖြစ်သည်။

​လုံချန်း၏ အမိန့်ကို ကြားသောအခါ ဓားပြများသည် ကုန်းပတ်ပေါ်သို့ ထွက်လာကြသည်။ လုံချန်းသည် သူတို့နှင့် တွေ့ဆုံကာ သင်္ဘော၏ အကာအကွယ်ကို ပိတ်ခိုင်းလိုက်သည်။

​အချို့မှာ ထိုသို့လုပ်နည်းကို သိကြသဖြင့် အကာအကွယ်ကို ချက်ချင်း ပိတ်လိုက်ကြသည်။ မြွေဘုရင်သည် အပြင်ဘက်တွင် ပျံဝဲနေပြီး အကာအကွယ် ပိတ်သွားသည်နှင့် အတွင်းသို့ ဝင်လာကာ ခန္ဓာကိုယ်ကို သေးအောင် ပြန်လုပ်လိုက်သည်။

​ဓားပြခေါင်းဆောင် ဘီမင်လည်း မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။

​"ခင်... ခင်ဗျား တကယ် လုပ်နိုင်ခဲ့တာပဲ။ ပင်လယ်ဓားပြဘုရင်ကို သတ်လိုက်နိုင်ပြီပဲ" ဘီမင်သည် လုံချန်း အောင်မြင်လိမ့်မည်ဟု မထင်ထားခဲ့သော်လည်း ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော လုံချန်းကို ကြည့်ကာ ယုံကြည်သွားရသည်။

​"ဒါတွေက မင်းရဲ့လူတွေပဲ။ သူတို့ကို ကိုင်တွယ်ပြီး ငါ့ကို တစ္ဆေကျွန်းအထိ ရောက်အောင် ပို့ပေး။ ငါ အောက်ထပ်မှာ ရှိနေမယ်" လုံချန်းက ဘီမင်ကို ပြောကာ သင်္ဘောအောက်ထပ်သို့ ဆင်းသွားသည်။

​သူသည် မြွေဘုရင်ကို ကျေးဇူးတင်စကား ပြောပြီးနောက် သားရဲနယ်မြေထဲသို့ ပြန်ပို့လိုက်သည်။ သူသည် မိန်းကလေးတစ်ဦး အကျဉ်းချခံထားရသည့် သင်္ဘော၏ အနက်ရှိုင်းဆုံးနေရာသို့ သွားလိုက်သည်။

​လုံချန်းသည် ထိုမိန်းကလေး၏ ထောင်ချိုင့်ရှေ့တွင် ရပ်လိုက်သည်။

​"နင်က ကပ္ပတိန်အသစ်လား" ထိုမိန်းကလေးက ခေါင်းမဖော်ဘဲ မေးလိုက်သည်။ သူမသည် လုံချန်း၏ ကြေညာချက်ကို ကြားခဲ့သဖြင့် ဘာဖြစ်သွားသည်ကို သိနေသည်။

​"အေး ဟုတ်တယ်၊ ငါ ကပ္ပတိန်ဟောင်းကို သတ်လိုက်ပြီ။ မင်း ဘယ်သူလဲဆိုတာ ပြောစမ်းပါဦး" လုံချန်းက မေးလိုက်သည်။

​"အဲဒါ တကယ်ပဲ အရေးကြီးလို့လား" ထိုမိန်းကလေးက ပြန်မေးသည်။ သူမသည် လုံချန်းကို မကြည့်သေးပေ။

​"အရေးကြီးတာပေါ့။ ငါက ဓားပြမဟုတ်ဘူး၊ ဒါကြောင့် သူတို့ အကျဉ်းချထားတဲ့လူတွေကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းလို မိန်းကလေးတစ်ယောက်ကို ဘာလို့ ဖမ်းပြီး ဒီမှာ ထားထားရတာလဲဆိုတာ ငါ သိချင်တယ်။ မင်း သူတို့ကို ဘာလုပ်မိလို့လဲ"

​လုံချန်းသည် ထိုမိန်းကလေး၏ အတွေးကို ဖတ်ရန် ကြိုးစားသော်လည်း ဘာမှ မရရှိပေ။ ထိုမိန်းကလေးတွင် အတွေးမရှိသကဲ့သို့ ဖြစ်နေသည်။ သူ၏ စွမ်းရည်ကို တစ်ခုခုက တားဆီးနေခြင်းလားဟုလည်း သူ တွေးနေမိသည်။

​"နင်က တကယ်ပဲ တစ္ဆေကျောင်းတော်ကလား" မိန်းကလေးက ရုတ်တရက် မေးလိုက်သည်။

​"အဲဒါ တကယ်ပဲ အရေးကြီးလို့လား" လုံချန်းက သူမ၏မေးခွန်းအတိုင်း ပြန်မေးလိုက်သည်။

​"ငါ့မေးခွန်းကို အရင်ဖြေရင် မင်းမေးတာကို ငါ ဖြေမယ်။ မင်း ဘယ်သူလဲ၊ ဘာလို့ အဖမ်းခံရတာလဲ"

​ထိုမိန်းကလေးသည် နောက်ဆုံးတွင် ခေါင်းမော့လာပြီး လုံချန်းကို ကြည့်လိုက်သည်။

​"ထူးဆန်းလိုက်တာ... နင့်ရဲ့ ဒုတိယမြောက် မျက်နှာဖုံးထဲကို ငါ မမြင်နိုင်ဘူး။ အဲဒါက အထူးပြုလုပ်ထားတဲ့ မျက်နှာဖုံးလား" သူမက ရုတ်တရက် မေးလိုက်သည်။

​လုံချန်းမှာ ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားရသည်။ သူသည် မျက်နှာဖုံး နှစ်ထပ် ဝတ်ထားခြင်း ဖြစ်သော်လည်း သူမက သူ၏ မျက်နှာဖုံးတစ်ခု၏ အတွင်းဘက်အား မည်သို့ မြင်နိုင်သနည်းဆိုသည်ကို သူ နားမလည်နိုင်တော့ပေ။

အခန်း (၅၀၆) လျှို့ဝှက်ချက်

​"ငါ ခန့်မှန်းကြည့်ရမလား။ မင်းမှာ အထူး ခန္ဓာကိုယ် တစ်ခုခု ရှိနေတယ်မဟုတ်လား" လုံချန်းက ဖြစ်ပျက်နေသည်ကို ရိပ်မိသွားသဖြင့် ပြောလိုက်သည်။

​မူဖန်က သူ့ကို အထူးခန္ဓာကိုယ်ပိုင်ရှင်များအကြောင်း ပြောပြဖူးသည်။ ထိုသူများသည် အထူးစွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ မူဖန်၏ မျက်လုံးများမှာ သဘာဝသယံဇာတများကို ခွဲခြားနိုင်သည့် စွမ်းရည်ရှိသကဲ့သို့၊ ဤမိန်းကလေးတွင်လည်း အရာဝတ္ထုများကို ဖောက်ထွင်းမြင်နိုင်သည့် အလားတူစွမ်းရည်မျိုး ရှိနေသည်ဟု သူ ခံစားမိသည်။

​"မင်း အရာဝတ္ထုတွေကို ဖောက်ထွင်းမြင်နိုင်တာလား" လုံချန်းက မေးလိုက်သည်။

​"နင်က အထူးခန္ဓာကိုယ်တွေအကြောင်း သိတာပဲ။ စိတ်ဝင်စားဖို့ကောင်းတယ်။ နင်ပြောတာ မှန်တယ်" သူမက ခေါင်းညိတ်ကာ ပြန်ဖြေသည်။

​"တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည်ပဲ။ ထားပါတော့... မင်း ဘာလို့ အဖမ်းခံရတာလဲ၊ ပြီးတော့ မင်းက ဘယ်သူလဲ။ ခုနက မေးတာကို မင်း မဖြေရသေးဘူးနော်" လုံချန်းက ထောင်တံခါးတိုင်များကို ကိုင်ရင်း ပြောလိုက်သည်။

​"မင်း ဖြေပြီးရင် ငါ လွှတ်ပေးမယ်။ မင်း ဘာလုပ်ခဲ့လဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ငါ သိတော့ သိထားရမယ်။ အဲဒီနောက်မှာတော့ မင်း လွတ်လပ်သွားပြီ" သူက ထပ်လောင်းပြောသည်။

​"ငါက အကြီးအကဲလေး အကြောင်း မကောင်းပြောမိလို့ တစ်ယောက်ယောက်က ဓားပြတွေကို သွားတိုင်လိုက်တာ" မိန်းကလေးက လုံချန်းကို ပြန်ဖြေသည်။

​"ဪ... အဲဒါကြောင့် မင်း အဖမ်းခံရတာကိုး။ မင်း အခုထိ အသက်ရှင်နေတာတောင် ငါ အံ့သြမိတယ်။ ငါကြားတာတော့ သူတို့က သူမကို နတ်ဘုရားမတစ်ပါးလို ကိုးကွယ်ကြတာဆို။ ဘယ်သူကမှ သူတို့နတ်ဘုရားမအကြောင်း မကောင်းပြောတာကို ကြိုက်မှာမဟုတ်ဘူးလေ" လုံချန်းက ခေါင်းညိတ်ရင်း ရေရွတ်လိုက်သည်။

​သူသည် သူ၏ ဘုရင်ဓားကို ထုတ်ယူကာ ထောင်ချိုင့်၏ သံတိုင်များကို ပိုင်းဖြတ်လိုက်ပြီး သူမ ထွက်လာရန် လမ်းဖွင့်ပေးလိုက်သည်။

​"မင်း လွတ်ပြီ" လုံချန်းက သူမကို ပြောလိုက်သည်။

​သူသည် သူမထံသို့ သားရဲအိတ်လေးတစ်အိတ် လှမ်းပစ်ပေးလိုက်သည်။ ၎င်းမှာ ဓားပြတစ်ယောက်ထံမှ သူ ရထားသည့် အိတ်ဖြစ်ပြီး အတွင်း၌ မိုးပျံ သားရဲတစ်ကောင် ရှိသည်။

​"ဒီထဲမှာ သာမန်အဆင့် မိုးပျံ သားရဲတစ်ကောင်ပါတယ်။ မင်း ဒါကိုသုံးပြီး သင်္ဘောပေါ်က ထွက်သွားလို့ရတယ်။ မင်းတို့ကျွန်းရဲ့ လမ်းကြောင်းကို သိချင်ရင် အပေါ်မှာ ဘီမင် ဆိုတဲ့လူ ရှိတယ်။ ငါ လွှတ်လိုက်တာလို့ ပြောလိုက်။ သူ မင်းကို လမ်းညွှန်ပေးလိမ့်မယ်။ အခု ဒီသင်္ဘောကနေ ထွက်သွားတော့"

​သူမကို ပြောပြီးနောက် လုံချန်းသည် ထိုနေရာမှ ထွက်လာကာ ပင်လယ်ဓားပြဘုရင်၏ အဆောင်ထဲသို့ ဝင်သွားလိုက်သည်။

​၎င်းမှာ သင်္ဘောပေါ်တွင် အကြီးဆုံးအခန်းဖြစ်သည်။ တိုက်ပွဲတွင် သူလည်း ဒဏ်ရာရခဲ့သဖြင့် အနားယူကာ ခန္ဓာကိုယ်ကို ပြန်လည်ကုသချင်နေသည်။ တစ္ဆေကျွန်းသို့ ရောက်ရန် နှစ်ရက်ခန့် လိုသေးကြောင်း ဘီမင် ပြောသည်ကို သူကြားခဲ့သဖြင့် အနားယူရန် အချိန်ရှိမှန်း သူ သိနေသည်။

​သို့သော်လည်း သူ မရှိခိုက် အခြေအနေများအား စောင့်ကြည့်ရန်အတွက် ရှားကိုတော့ ကုန်းပတ်ပေါ်မှာ ထားခဲ့သည်။

​လုံချန်းသည် ပင်လယ်ဓားပြဘုရင်၏ ခုတင်ပေါ်တွင် ထိုင်ကာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်လိုက်သည်။ သူသည် ကုသရေးဆေးလုံးတစ်လုံးအား ထုတ်ယူကာ မျိုချလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ နံရံကို မှီ၍ အနားယူလိုက်လေတော့သည်။

​ထိုမိန်းကလေးမှာမူ ထောင်ချိုင့်ထဲတွင် ထိုင်နေဆဲဖြစ်ပြီး သူမရှေ့ရှိ သားရဲအိတ်ကို ကြည့်နေသည်။

​"စိတ်ဝင်စားစရာပဲ။ ပင်လယ်ဓားပြဘုရင် အသစ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ" သူမက ရေရွတ်ကာ ထရပ်လိုက်သည်။ သူမသည် သားရဲအိတ်ကို ကောက်ယူကာ ထောင်ထဲမှ ထွက်လာခဲ့သည်။

​သူမသည် သင်္ဘောကုန်းပတ်ပေါ်သို့ လျှောက်သွားသောအခါ ဓားပြခေါင်းဆောင် ဘီမင်နှင့် တွေ့ဆုံသည်။ ဘီမင်မှာ သူမကို မြင်သောအခါ အလွန်အမင်း အံ့သြသွားသည်။

​"အ... အကြီးအကဲလေး။ အကြီးအကဲ ဒီမှာ ဘာလုပ်နေတာလဲ" ဘီမင်က ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။ "ဘာလို့ ဆံပင်တွေက အစိမ်းရောင် ဖြစ်နေရတာလဲ"

​"အဲဒါ ပြောရရင် ရှည်တယ်" မိန်းကလေးက ပြုံးလျက် ပြန်ဖြေသည်။

​သူမသည် လူတိုင်းက အကြီးအကဲလေးဟု ခေါ်ကြသော ရွှီအောက်ရှင်းပင် ဖြစ်သည်။

​"အကြီးအကဲ ဒီမှာ ရှိနေရဲ့သားနဲ့ ပင်လယ်ဓားပြဘုရင်ကို ဘာလို့ မကူညီခဲ့တာလဲ။ အကြီးအကဲရှိနေရင် သူ့ကို သတ်နိုင်မယ့်သူ ရှိမှာမဟုတ်ဘူးလေ" ဘီမင်က မေးသည်။

​"ငါ ပြောသလိုပဲ... အဲဒါ ငါ မပြောချင်တဲ့ ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ ဒါနဲ့ ပင်လယ်ဓားပြဘုရင် အသစ်က ငါထင်တာထက်တောင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေတယ်" သူမက တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။

​"သူက ပင်လယ်ဓားပြဘုရင် အသစ်မဟုတ်ပါဘူး။ သူက တစ္ဆေကျောင်းတော်က တပည့်ပါ။ သူက အဲဒီကို ပြန်သွားနေတာ" ဘီမင်က ပြန်ပြောသည်။

​"မဟုတ်ဘူး။ ငါ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖောက်ထွင်းမမြင်နိုင်ပေမဲ့ သူက ကောင်းကင်အဆင့် အထွတ်အထိပ် တစ်ယောက်ကို အနိုင်ယူနိုင်တယ်ဆိုရင် သူက တပည့်ရိုးရိုး မဟုတ်နိုင်ဘူး။ သူက အကြီးအကဲတစ်ယောက် ဖြစ်နိုင်တယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံအရ သူက အသက် ၂၀ တောင် ကျော်ဦးမှာ မဟုတ်ဘူး။ သူက တကယ့် ပါရမီရှင်ပဲ။ သူက တစ္ဆေကျောင်းတော်ကသာ အမှန်ဆိုရင် သူတို့ တကယ် ကံကောင်းတာပဲ၊ ဒါပေမဲ့ သူက အဲဒီကလူ ဖြစ်မယ်လို့ ငါ မထင်ဘူး" ရွှီအောက်ရှင်းက ရယ်မောကာ ပြောသည်။

​"တစ္ဆေကျောင်းတော်ကလူတွေက ဘယ်တော့မှ မကြင်နာတတ်ဘူး၊ သူတို့လူတွေက တကယ့် သားရဲတွေပဲ။ သူတို့ဆိုရင် မိန်းကလေးတစ်ယောက်ကို အတင်းအဓမ္မ မပေါင်းဘဲ ဒီအတိုင်း အလွတ်ပေးမှာ မဟုတ်ဘူး" သူမက ထပ်လောင်းပြောသည်။

​"သူက အဲဒီက မဟုတ်ဘူးလား" ဘီမင်က အံ့သြတကြီး မေးလိုက်သည်။

​"အခု ပြန်စဉ်းစားကြည့်တော့ သူပြောတဲ့ပုံစံတွေက အဓိပ္ပာယ်မရှိတာတွေ ရှိတယ်။ လမ်းညွှန်ခိုင်းတာထက် သင်္ဘောတွေကို သိမ်းပိုက်ရတာက ပိုပြီး အားထုတ်ရတာကို၊ ပျင်းလို့ဆိုပြီး သင်္ဘောကို သိမ်းပိုက်တယ်ဆိုတာက မဟုတ်နိုင်ဘူး။ သူက တစ္ဆေကျောင်းတော် ဘယ်မှာလဲဆိုတာ တကယ်မသိလို့ အဲဒီကို ရောက်အောင်သွားချင်နေတာပဲ ဖြစ်ရမယ်" ဘီမင်က ရေရွတ်လိုက်သည်။

​ထို့နောက် သူသည် ရွှီအောက်ရှင်းအား လုံချန်းနှင့် မည်သို့စတင်တွေ့ဆုံခဲ့သည်၊ ဘာတွေဖြစ်ခဲ့သည်ကို အစအဆုံး ပြောပြလိုက်သည်။ ရွှီအောက်ရှင်းသည် လုံချန်းအကြောင်း ကြားလေလေ ပို၍ စိတ်ဝင်စားလာလေလေပင်။

​"ဟဲဟဲ... ငါ နားလည်သွားပြီ။ သူက တစ္ဆေကျောင်းတော်က မဟုတ်တာ သေချာသလောက်ပဲ။ ငါ့အထင် မမှားဘူးဆိုရင် သူက တစ္ဆေကျွန်းရဲ့ အကာအကွယ်ဆီ ရောက်တာနဲ့ နင့်ကို ထားခဲ့မယ်၊ ဒါမှမဟုတ် မသတ်ခင် ထားခဲ့လိမ့်မယ်။ အဲဒါကြောင့် သူက ငါ့ကိုလည်း ဒီကိစ္စတွေမှာ မပတ်သက်စေချင်လို့ ထွက်သွားခိုင်းတာ။ သူက ရက်စက်တတ်သလိုမျိုး ရှိပေမဲ့ တစ်ဖက်မှာလည်း တစ်ပါးသူကို ထည့်စဉ်းစားပေးတတ်တယ်။ တကယ့်ကို ဆန့်ကျင်ဘက် အမူအရာတွေပဲ" ရွှီအောက်ရှင်းက ခေါင်းခါရင်း ရေရွတ်လိုက်သည်။

​လုံချန်းသည် ခုတင်ပေါ်တွင် မျက်လုံးမှိတ် လဲလျောင်းနေဆဲဖြစ်သည်။

​"ခုနက ငါတွေ့ခဲ့တဲ့ မိန်းကလေး..." လုံချန်းက ရုတ်တရက် ရေရွတ်လိုက်သည်။

​"သူက ဘာဖြစ်လို့လဲ။ နင် သူ့ကို သဘောကျသွားတာလား။ ငါတော့ ဘာကြောင့်လဲ မသိပေမဲ့ သူ့ဆီမှာ တစ်ခုခု လွဲနေသလိုပဲ။ ဘာလဲဆိုတာ အသေအချာ မပြောတတ်ပေမဲ့ တစ်ခုခုတော့ မှားနေတာ သေချာတယ်" ရွှင်းက ဘေးနားတွင် ပေါ်လာပြီး မေးလိုက်သည်။

​"ဘယ်လိုဖြစ်နိုင်မလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ သူ့ကို တစ်နေရာမှာ ငါ မြင်ဖူးသလိုပဲ" လုံချန်းက ရွှင်းကို ပြန်ပြောသည်။

​"ဟင်... ဘယ်မှာလဲ" သူမက မေးသည်။

​"ငါ မမှတ်မိတော့ဘူး၊ ဒါပေမဲ့ သူက တကယ့်ကို အရေးကြီးတဲ့ လူတစ်ယောက်လို့ ငါ ခံစားနေရတယ်" လုံချန်းက ရေရွတ်လိုက်သည်။

​"ဝိညာဉ်အာရုံနဲ့ ကြည့်တုန်းကတော့ ဒီလို မခံစားရဘူး၊ ဒါပေမဲ့ သူနဲ့ မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့အခါကျမှ အရင်က မြင်ဖူးသလိုမျိုး ဖြစ်လာတာ" သူက ထပ်ပြောသည်။

​"ဘယ်မှာလဲဆိုတာ မမှတ်မိဘူးလား" ရွှင်းက စူးစမ်းသည်။

​"မမှတ်မိဘူး။ ငါ မေ့သွားတဲ့ အိပ်မက်တစ်ခု ဖြစ်နိုင်သလို တခြားတစ်နေရာရာမှာလည်း ဖြစ်နိုင်တယ်။ အခုချိန်မှာတော့ ငါ မသိသေးဘူး"

​"ဒါဆို နင် သူ့ကို အလွယ်တကူ လွှတ်ပေးလိုက်တာ မှန်ရဲ့လား။ သူ့ရဲ့ အထောက်အထားကို သေသေချာချာ မေးသင့်တာပေါ့" ရွှင်းက မေးသည်။

​"ငါ သူ ဘယ်သူလဲဆိုတာ သိနေပြီလေ" လုံချန်းက ပြန်ဖြေလိုက်သည်။

​"ဘာ... နင် ဘယ်လိုလုပ် သိတာလဲ" ရွှင်းက အံ့သြသွားသည်။ "သူက သူ့နာမည်ကိုတောင် မပြောပြသွားဘူးလေ"

​"သူ အခု ကုန်းပတ်ပေါ်မှာ ဘီမင်နဲ့ စကားပြောနေတာ။ အဲဒါကြောင့် သူ ဘယ်သူလဲဆိုတာ ငါ သိလိုက်တာ" လုံချန်းက ခေါင်းခါရင်း ပြောလိုက်သည်။

​"သူက သူတို့ခေါ်နေတဲ့ အကြီးအကဲလေး ရွှီအောက်ရှင်းပဲ။"

​"ဘာ... ဒါဆို သူက ဘာလို့ ထောင်ထဲ ရောက်နေတာလဲ။ နင် ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ။ သူ့ဆီက အဖြေတွေ တောင်းသင့်တာပေါ့" ရွှင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ပြီးတော့ ဘီမင် ပြောတာက သူ့ဆံပင်က ရွှေအိုရောင် ဆို"

​"နင် မသိတာက ငါ နင့်ကို ငါ့အတွေးတွေကို ဖတ်ခွင့် ပိတ်ထားလို့ပဲ။ သူက ပင်လယ်ဓားပြဘုရင်ထက် အများကြီး ပိုသန်မာတယ်။ သူ ဆံပင်အရောင်ကတော့ ငါ ဂရုမစိုက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ကို ဖြေမှာမဟုတ်ဘူး၊ ငါလည်း သူ့ကို အတင်းအကျပ် မေးလို့ရမှာမဟုတ်ဘူး။ တကယ်လို့ အခြေအနေတွေ ပျက်ပြားသွားပြီး တိုက်ခိုက်ကြမယ်ဆိုရင် သူ့ကို ရင်ဆိုင်ဖို့ ငါ့မှာ အမှောင်ယဇ်ပဏ္ဏာကို သုံးဖို့ပဲ ရှိတော့မယ်။ အဖြေအချို့ သိရုံလေးနဲ့တော့ အဲဒီလမ်းကို ငါ မရွေးချင်ဘူး" လုံချန်းက ရွှင်းကို ရှင်းပြလိုက်သည်။

​"သူက နင့်ကို အခု ပြန်မတိုက်ဘူးလား" ရွှင်းက စိုးရိမ်တကြီး မေးသည်။ "နင်က သူ့ကို ကူညီခဲ့တဲ့ ပင်လယ်ဓားပြဘုရင်ကို သတ်လိုက်တာလေ"

All Chapters