← Chapters

အခန်း (၄၁၅-၄၁၆)

Vol. 21 Ch. 415-416

အခန်း (၄၁၅-၄၁၆)

Vol. 21 Ch. 415-416

အပိုင်း(၄၁၅) စောင့်ကြည့်လေ့လာခြင်းနှင့် သစ္စာဖောက်ခြင်း

"တပ်မှူးကျိက ပုံမှန်ဆိုရင် မြို့ထဲမှာပဲ အထိုင်ချကွပ်ကဲလေ့ရှိတယ်... အခုလို ပြဿနာကြီး ဖြစ်လာမှတော့ သူ သေချာပေါက် ဝင်ပါလောက်ပြီ"

"ခင်ဗျားက မြူခိုးမြို့တော်သခင်ကို ရှာချင်တယ်ဆိုရင်တော့ သူ့သတင်းကို တပ်မှူးနှစ်ယောက်ပဲ သိလိမ့်မယ်"

ရွှီယွမ်က အခြေအနေကို အလျင်အမြန် သုံးသပ်ပြလိုက်၏။

လင်းယွမ်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး "သွားမယ်... မင်းတို့ရဲ့ တပ်မှူးကျိဆီကို ငါ့ကို ခေါ်သွားပေး" ဟု ပြတ်သားစွာ ပြောလိုက်သည်။

ထိုခဏမှာပင် လူအုပ်ကြီးသည် မြူရေခဲမြို့တော်ဆီသို့ အလျင်အမြန် ပြေးဝင်သွားကြလေတော့သည်။

ယခုအချိန်၌ မြူရေခဲမြို့တော် တစ်ခုလုံးမှာ လုံးဝကို ဖရိုဖရဲ ဖြစ်နေခဲ့ပြီတည်း။

မြို့ရိုးပေါ် နေရာအနှံ့အပြားတွင် သတ်ဖြတ်သံများ ဆူညံနေပြီး ပေါက်ကွဲသံကြီးများလည်း အဆက်မပြတ် ထွက်ပေါ်နေ၏။

အမျိုးမျိုးသော သန္ဓေပြောင်းအစွမ်းများကို အပြိုင်အဆိုင် ထုတ်ဖော်နေကြရာ ကောင်းကင်ယံထက်တွင် အလင်းရောင်များ တလက်လက် တောက်ပနေလေသည်။

လင်းယွမ်က လူအုပ်ကြီးကို ခေါ်ဆောင်ကာ မြို့တွင်းသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။

ရွှီယွမ်က ရေခဲချပ်ဝတ်စစ်သည် ခုနစ်ဦးကို ဦးဆောင်ကာ အရှေ့ဆုံးမှ လမ်းပြပေးနေ၏။

မြို့ထဲရှိ အစွမ်းပိုင်ရှင်များသည် ရေခဲချပ်ဝတ်စစ်သည်များကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ဝမ်းသာသွားကြသည်။

လမ်းဖယ်ပေးသူကဖယ်ပေးသလို သူတို့နောက်သို့ လိုက်ပါလာသူများလည်း ရှိကြ၏။

"တပ်ခွဲမှုးရွှီ ပြန်လာပြီဟေ့"

"ရေခဲချပ်ဝတ်စစ်သည် စစ်ကူတွေ ရောက်လာပြီ... တောင့်ခံထားကြဟေ့ ညီအစ်ကိုတို့"

"တိုက်ကြ"

မြို့ထဲမှလူများက အသံကုန်ဟစ်ကာ အော်နေကြသော်လည်း လင်းယွမ် ခေါ်ဆောင်လာသည့် သင်္ဘောခေါင်းဆောင်များ၏ မျက်နှာပေါ်တွင်မူ ထူးဆန်းသော အမူအရာများ ပေါ်လွင်နေပြီး ရယ်ချင်စိတ်ကို အတင်းအောင့်ကာ နောက်မှ လိုက်ပါလာကြသည်။

မြေမိခင်ဂိုဏ်းမှ လူများကတော့ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ တကယ့် စစ်ကူတွေ ရောက်လာပြီဟု ထင်မှတ်သွားကြပြီး သူတို့၏ တပ်ဖွဲ့ကို အလျင်အမြန် ပြန်လည် စုစည်းလိုက်ကြ၏။

ဤသို့ဖြင့် လင်းယွမ်တို့လူစုမှာ မည်သည့် အတားအဆီးမျှမရှိဘဲ တန်းတန်းမတ်မတ် ဝင်ရောက်သွားနိုင်ခဲ့တော့သည်။

ဤမြို့တော်ကြီးမှာ သာမန်မြို့ကြီးပြကြီးများ၏ ပုံစံမျိုး မဟုတ်ကြောင်းကို လင်းယွမ် သတိပြုမိသွားသည်။

မြို့ရိုးများကို ရေခဲနံရံများဖြင့် တစ်ဆက်တည်း ပုံသွင်း တည်ဆောက်ထားပြီး အလွန် ထူထဲကာ မာကျောခိုင်ခံ့လှသည်။

ကောင်းကင်ယံထက်တွင် ဧရာမ တောင်တန်းကြီး နှစ်ခုအလား အလွန် ကြီးမားတုတ်ခိုင်လှသော အခုံးပုံစံ အမိုးခုံးကြီး နှစ်ခု ရှိနေပြီး မည်သည့်အတွက် အသုံးပြုသည်ကိုတော့ မသိနိုင်ပေ။

မြို့တစ်ခုလုံးက အနည်းငယ် နိမ့်ကျနေသယောင် ရှိသော်လည်း အေးစက်လှသော လေပြင်းများကိုတော့ ပြီးပြည့်စုံစွာ ကာကွယ်ပေးထားနိုင်၏။

မြို့တွင်းရှိ အဆောက်အအုံအများစုမှာ သစ်သားအိမ်များသာ ဖြစ်ကြပြီး လမ်းမများပေါ်တွင်တော့ ရေခဲပန်းပုရုပ်များဖြင့် အလှဆင်ထားသည်။

ရုတ်တရက် ကြည့်လိုက်လျှင် အရှေ့မြောက်ပိုင်းဒေသရှိ မြို့ငယ်လေး တစ်မြို့သို့ ရောက်ရှိသွားသကဲ့သို့ပင် ထင်မှတ်ရလေသည်။

ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့တွင် အစွမ်းပိုင်ရှင်များ တိုက်ခိုက်ထားသည့် ခြေရာလက်ရာများ ပြည့်နှက်နေပြီး ရေခဲနံရံများ ပြိုကျကာ သစ်သားအိမ်များ ပေါက်ကွဲပျက်စီးနေပြီး မီးတောက်များလည်း လောင်ကျွမ်းနေ၏။

လင်းယွမ်က လူများကို ခေါ်ဆောင်လျက် ရွှီယွမ်၏ နောက်မှ အပြေးအလွှား လိုက်ပါလာခဲ့ရာ မကြာမီမှာပင် မြူရေခဲမြို့တော်၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။

အဝေးတစ်နေရာရှိ မြူခိုးများကြားတွင် မိုးပျံတိုက်ကြီး တစ်လုံး မားမားမတ်မတ် ရပ်တည်နေသည်ကို မြင်တွေ့လိုက်ရသည်။

ယခုအချိန်၌ ထိုမြူခိုးများထဲတွင် ပေါက်ကွဲသံများ မြည်ဟည်းနေပြီး မြူခိုးများ လူးလွန့်နေကာ မြေပြင်ပေါ်မှ မြေသားနံရံ အမြောက်အမြားကလည်း အလိုအလျောက် ထိုးထွက်လာကြသည်။

ထိုနည်းတူစွာပင် ဧရာမ ကျောက်တုံးကြီးများကလည်း မြူခိုးများထဲမှနေ၍ အပြင်ဘက်သို့ အရှိန်ပြင်းပြင်းဖြင့် လွင့်စဉ်ထွက်လာကြ၏။

ထိုနောက်တွင်တော့ ရေခဲတုံးများက ဧရာမ ဒိုင်းလွှာကြီးများအဖြစ် ပြောင်းလဲသွားကာ ထိုကျောက်တုံးကြီးများနှင့် အပြင်းအထန် ဝင်တိုက်မိသွားကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီယွမ်တို့လည်း အလျင်အမြန် ရပ်တန့်လိုက်ကြပြီး လင်းယွမ်ဘက်သို့ လှည့်ကာ အော်ပြောလိုက်ကြသည်။ "အဲဒီအဆောက်အအုံက ကျွန်တော်တို့ ရေခဲချပ်ဝတ်စစ်သည်တွေရဲ့ ရုံးခန်းပဲ... တပ်မှူးကျိက တစ်နှစ်ပတ်လုံး အဲဒီအထဲမှာပဲ အလုပ်လုပ်လေ့ရှိတယ်"

"ဒီရေခဲဒိုင်းလွှာက ကျွန်တော်တို့ရဲ့ တပ်မှူးကျိ ထုတ်ဖော်လိုက်တာ သေချာတယ်"

လင်းယွမ်က ထိုစကားကို ကြားသည်နှင့် မြူခိုးများဖုံးလွှမ်းနေသော အဆောက်အအုံဆီသို့ ချက်ချင်း မော့ကြည့်လိုက်ရာ အထဲတွင် လူရိပ်အချို့ ဖြတ်ပြေးသွားသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။

"ကြည့်ရတာ ရေခဲချပ်ဝတ်စစ်သည် အဆင့်မြင့်အစွမ်းပိုင်ရှင်တွေနဲ့ မြေမိခင်ဂိုဏ်းက အဆင့်မြင့်အစွမ်းပိုင်ရှင်တွေ တိုက်ခိုက်နေကြတဲ့ပုံပဲ"

လင်းယွမ်က ချက်ချင်း အမိန့်ပေးလိုက်သည်။ "လီချုံမင်... ကျန်းဟန်လျန်... ချူရှန်... ဟွမ်မင်ခိုင်... လီကျင်း... ထောင်ဝေ... ရှောင်မင်ထင်း... ထန်တယ်ချန်... ကျိုက်ကောဖုန်း... မင်းတို့လူစုက ငါ့နောက်ကို လိုက်ခဲ့... ကျန်တဲ့လူတွေက ပစ္စည်းတွေ ရှာပြီး ဆိပ်ကမ်းကို သယ်သွားဖို့ တာဝန်ယူ"

ထိုစကားကို ကြားသောအခါ ရေခဲချပ်ဝတ်စစ်သည် ခုနစ်ဦးနှင့် ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် သုံးဦးတို့၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိကြသော်လည်း ကျန်လူများမှာမူ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

ဤသည်က မီးလောင်ရာ လေပင့်ပြီး အမြတ်ထုတ်ရမည့် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သင်္ဘောခေါင်းဆောင်များက အလိုလိုပင် သိနေကြ၏။

မြူရေခဲမြို့တော်ကို အပြီးတိုင် သိမ်းပိုက်နိုင်သည်ဖြစ်စေ၊ မသိမ်းပိုက်နိုင်သည်ဖြစ်စေ၊ ပစ္စည်းတွေကို သင်္ဘောပေါ် သယ်သွားနိုင်ရင်ပဲ သူတို့အတွက် အမြတ်ထွက်နေပြီ မဟုတ်ပါလား။

နောက်နောင် မြူခိုးမြို့တော်သခင်က မြူရေခဲမြို့တော်ကို ပြန်လည် ထိန်းချုပ်နိုင်သွားခဲ့ရင်တောင် သူ့အနေနဲ့ လူအင်အား လိုအပ်ဦးမှာ သေချာသည်။

ဝင်ကြေးပေးရမယ် ဆိုရင်တောင် အခု လုယူထားတဲ့ ပစ္စည်းတွေနဲ့ဆို သူတို့ ကောင်းကောင်းကြီး ပေးနိုင်နေပြီ ဖြစ်၏။

ထို့ကြောင့် သူတို့က သဘာဝကျကျပင် စိတ်လှုပ်ရှားနေကြခြင်း ဖြစ်သည်။

သို့သော် ရေခဲချပ်ဝတ်စစ်သည်များနှင့် ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် သုံးဦးမှာမူ ဤကဲ့သို့သော အတွေးမျိုး မရှိကြချေ။

အဘယ်ကြောင့်ဆိုသော် ယခု ထိုသူများ လုယူသွားမည့် အရာများက သူတို့၏ ကိုယ်ပိုင် ဓနဥစ္စာများ ဖြစ်နေသောကြောင့်ပင်။

သို့သော် ယခုအချိန်တွင် သူတို့၏ အသက်က လင်းယွမ်၏ လက်ထဲတွင် ရောက်နေသဖြင့် သူတို့အနေဖြင့် ဘာမှ လုပ်နိုင်စွမ်း မရှိကြပေ။

သူတို့၏ တပ်မှူးက ဤသူပုန်များကို နှိမ်နင်းနိုင်ပါစေဟု စိတ်ထဲမှ တိတ်ဆိတ်စွာ ဆုတောင်းနေရုံသာ တတ်နိုင်ပြီး၊ အကောင်းဆုံးကတော့ ဤ လင်း ဆိုသော ကောင်ကိုပါ သတ်ဖြတ်ကာ သူ၏လက်ထဲမှ ဖြေဆေးကို ပြန်လည် လုယူနိုင်ပါစေဟု မျှော်လင့်နေရသည်။

ဤကဲ့သို့သော အမှောင်ထုထဲမှ အတွေးများက သူတို့၏ စိတ်နှလုံးထဲတွင် ကိန်းအောင်းနေကြ၏။

လင်းယွမ်က သူတို့ ဘာတွေးနေသည်ကို အတိအကျ မသိသော်လည်း သိခဲ့လျှင်ပင် သူက ဂရုစိုက်မည် မဟုတ်ချေ။

ဤလူများ၏ ခန္ဓာကိုယ်ထဲတွင် သူက ကပ်ပါးမျိုးစေ့များကို ထည့်သွင်းထားပြီးဖြစ်ရာ သူတို့အနေဖြင့် ပြန်လည် ခုခံပုန်ကန်နိုင်မည့် အခွင့်အရေး လုံးဝ မရှိတော့ပေ။

ယခုအချိန်တွင်တော့ မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက်သူများ မည်သို့ တိုက်ခိုက်ကြသည်ကို သူက အလွန်အမင်း မြင်တွေ့ချင်နေပြီ ဖြစ်သည်။

ရွှီယွမ်တို့၏ ပြောပြချက်အရ ဤရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ ညာတပ်မှူး ကျိလျန်သည် အစစ်အမှန် မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်ပေသည်။

ကျိလျန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သူမှာလည်း မြေမိခင်ဂိုဏ်းမှ မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက်သူ ဖြစ်မည်မှာ သေချာလှသည်။

"မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက်သူ နှစ်ယောက် တိုက်ခိုက်နေကြတာပဲ"

လင်းယွမ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု တလက်လက် တောက်ပသွား၏။

"ဝှစ်"

သူ၏ ကိုယ်ဟန်က တစ်ချက် လက်သွားပြီးနောက် လီချုံမင်တို့ လူစုကို ခေါ်ဆောင်ကာ မြူခိုးများ ဖုံးလွှမ်းနေသော အဆောက်အအုံထဲသို့ မျက်စိတစ်မှိတ်အတွင်း တဟုန်ထိုး ဝင်ရောက်သွားလေတော့သည်။

လူကိုးယောက်ပါဝင်သော အဖွဲ့က အပေါ်ထပ်သို့ အလျင်အမြန် တက်သွားကြပြီး လေးလွှာခန့်သို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် "ဝုန်း" ဟူသော ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာသည်။

မျက်နှာကြက်က ပြင်းထန်စွာ ပေါက်ကွဲ ကွဲအက်သွားပြီး လူရိပ်တစ်ခုက အောက်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျလာ၏။

"ဘုန်း"

ကြမ်းပြင်က ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါသွားပြီး ဂျွတ် ဂျွတ် ဟူသော အက်ကွဲသံများ ထွက်ပေါ်လာသည်။

ကြမ်းပြင် တစ်ခုလုံးတွင် အက်ကွဲကြောင်းများ ပင့်ကူအိမ်သဖွယ် ပျံ့နှံ့သွားသည်ကို မြင်တွေ့လိုက်ရ၏။

ထိုမျှမက မြေပြင်ပေါ်တွင် ရေခဲမြူများ အမြောက်အမြား ပေါ်ထွက်လာပြီး နေရာအနှံ့ ဖုံးလွှမ်းသွားတော့သည်။

မြေပြင်ပေါ်သို့ ပြုတ်ကျသွားသူက မြေကြီးကို တစ်ချက် ပုတ်လိုက်ပြီး လေထဲသို့ ခုန်တက်သွားကာ အနည်းငယ်မျှပင် ဒဏ်ရာရရှိထားသည့်ပုံ မပေါ်ပေ။

သူ၏ တစ်ကိုယ်လုံးကို ရေခဲပြာရောင် ချပ်ဝတ်တန်ဆာများက ဖုံးလွှမ်းထားသည်။

ဤချပ်ဝတ်တန်ဆာများကို သတ္တုများဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ အပြာရောင် ရေခဲတုံးများကို အလွှာလိုက် ပေါင်းစပ် ဖွဲ့စည်းထားခြင်း ဖြစ်၏။

သူ၏ အသားအရေကလည်း သွေးရောင် တစ်စက်မျှ မရှိဘဲ နှင်းပွင့်များအလား ဖြူဖွေးနေသည်။

"ဝုန်း"

အပေါ်ထပ်မှ နောက်ထပ် ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာပြန်ပြီး နောက်ထပ် လူရိပ်တစ်ခုက အဆောက်အအုံထဲသို့ ပြုတ်ကျလာပြန်သည်။

ဒုန်း ခနဲ မြည်သံနှင့်အတူ ကြမ်းပြင်က ကျယ်လောင်စွာ တုန်ခါသွား၏။

ရောက်လာသူ၏ တစ်ကိုယ်လုံးကို ကျောက်တုံးများက ဖုံးလွှမ်းထားပြီး ရုတ်တရက် ကြည့်လိုက်လျှင် ကျောက်လူသား တစ်ယောက်နှင့် တူနေလေသည်။

သူ၏ အရေပြားက ဧရာမ ကျောက်တုံးကြီးများကဲ့သို့ ဖြစ်နေပြီး မျက်နှာပေါ်ရှိ မျက်ခုံး၊ မျက်လုံး အစရှိသည့် မျက်နှာအင်္ဂါအစိတ်အပိုင်းများ အားလုံးကလည်း ကျောက်သားအသွင် ပြောင်းလဲနေသည့် လက္ခဏာများကို ပြသနေသည်။

ရေခဲချပ်ဝတ် အမျိုးသားက အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။ "နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ... မြေဓာတ် မျိုးရိုးဗီဇမျိုးစေ့ပေါ့... မင်းရဲ့ ဒီပုံစံကို ကြည့်ရတာ...ကျောက်ဘီလူးမိစ္ဆာ မျိုးရိုးဗီဇမြေပုံ မလား"

"ကြည့်ရတာ မင်းတို့ မြေမိခင်ဂိုဏ်းရဲ့ နောက်ခံကလည်း သာမန်တော့ မဟုတ်လောက်ဘူး"

ကျောက်လူသားက ရက်စက်စွာ ပြုံးလိုက်ပြီး "မင်းကကျောက်ဘီလူးမိစ္ဆာကို သိနေတယ်ပေါ့... ကြည့်ရတာ မင်းလည်း မင်းရဲ့ မျိုးရိုးဗီဇမျိုးစေ့ထဲကနေ မျိုးရိုးဗီဇ အမွေအနှစ် သတင်းအချက်အလက်တွေကို ရရှိထားပုံပဲ"

"ဒါဆို မင်းကရော ဘာမျိုးရိုးဗီဇမြေပုံလဲ... တပ်မှူးကျိ"

ဤ ရေခဲချပ်ဝတ် အမျိုးသားမှာ အခြားသူမဟုတ်... ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ ညာတပ်မှူး ကျိလျန် ပင်တည်း။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ တစ်ကိုယ်လုံးရှိ ရေခဲချပ်ဝတ်များက ဂျွတ် ဂျွတ် ဟု မြည်သွားပြီး သူ၏ ပတ်ပတ်လည်တွင် ရေခဲလှံတံ အမြောက်အမြားက အလွန် လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။

သူ၏ တစ်ကိုယ်လုံးက ချွန်ထက်သော ရေခဲသစ်ကိုင်းများ အပြည့် ပေါက်ရောက်နေသည့် ရေခဲသစ်ပင်ကြီး တစ်ပင်အလား ဖြစ်သွား၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်လူသားက မျက်မှောင်ကြုတ်သွားပြီး ဤမျိုးရိုးဗီဇမြေပုံ အမျိုးအစားကို သူမသိထားသကဲ့သို့ ဖြစ်နေသည်။

"ဟက်ဟက်... လာလေ... နှင်းရေခဲသစ်ဘီလူး ရဲ့ ကြီးမြတ်မှုကို မင်းကို ပြသပေးမယ်"

(နှင်းရေခဲသစ်ပင်လူသား ကို နှင်းရေခဲသစ်ဘီလူး လို့ပြောင်းလိုက်ပါတယ်။ ဘီလူးက Giant ဧရာမ ဆိုတဲ့အဓိပ္ပါယ်ကိုပြောတာပါ)

"ဝုန်း"

သူက လက်နှစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို အားကုန် ဖိချလိုက်သည်။

ချက်ချင်းပင် လေထုထဲတွင် အေးစက်သော အငွေ့အသက်များ လှိမ့်တက်လာပြီး သူ့ကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော ရေခဲလှံတံများက အရှိန်ပြင်းပြင်းဖြင့် လွင့်စဉ်ထွက်သွားကြ၏။

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်တွင်လည်း ရေခဲအက်ကွဲကြောင်း အများအပြား ထွက်ပေါ်လာပြီး ဂျွတ် ဂျွတ် ဂျွတ် ဟူသော အသံများ ထွက်ပေါ်လာသည်။

အက်ကွဲနေသော ကြမ်းပြင်ပေါ်မှ မရေမတွက်နိုင်သော ရေခဲလှံတံများက ကြမ်းပြင်ကို ဖောက်ထွက်ကာ ပေါက်ကွဲသံများနှင့်အတူ မြေကြီးထဲမှ ထိုးထွက်လာကြတော့သည်။

လေထုထဲရှိ အလွန်တရာ အေးစက်လှသော အငွေ့အသက်များက တရဟော လှိမ့်ဝင်လာ၏။

တစ်ဖက်ရှိ ကျောက်လူသားက သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ရေခဲမြူလွှာ တစ်ထပ်က အလွန် လျင်မြန်စွာ ဖုံးလွှမ်းလာသည်ကို ခံစားလိုက်ရသည်။

ထိုမျှသာမက ဤရေခဲမြူလွှာက အဆက်မပြတ် ထူထဲလာနေပြီး သူ့ကို အလုံးစုံ အေးခဲသွားစေတော့မည့်အလား ဖြစ်နေသည်။

သူက အေးစက်စက် ရယ်မောလိုက်ပြီး "ဒီလောက်လေးပဲလား" ဟု ပြောလိုက်သည်။

သူက ကျောက်သား လက်ဖဝါးဖြင့် မြေပြင်ကို အားကုန် ရိုက်ချလိုက်ရာ...

"ဝုန်း"

ချက်ချင်းပင် မြေပြင်က မာကျောသွားပြီး ထိုးထွက်လာသော ရေခဲလှံတံများကလည်း ရုတ်တရက် ရပ်တန့်သွားကြ၏။

ဘယ်ညာ နံရံများကလည်း ဝုန်းဒိုင်းကြဲ အသံများနှင့်အတူ ရူးသွပ်စွာ ဖိညှစ်လာကြတော့သည်။

ပစ်လွှတ်လိုက်သော ရေခဲလှံတံများကလည်း ဖြောင်း ဖြန်း ဟူသော အသံများနှင့်အတူ ပတ်ဝန်းကျင်ရှိ မြေသားနံရံများထဲသို့ စိုက်ဝင်သွားကြသည်။

ကျောက်လူသားက ရက်စက်စွာ ပြုံးလိုက်ပြီး ညာလက်ကို ဟင်းလင်းပြင်သို့ မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဥက္ကာခဲ ကြယ်ကြွေကျောက်တုံး"

"ဝုန်း"

ဟင်းလင်းပြင်ထဲတွင် မျက်စိကျိန်းလုမတတ် တောက်ပသော မြေဝါရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း အချင်း (၁၀) ပေနီးပါးခန့်ရှိသော ဧရာမ ကျောက်တုံးကြီးတစ်ခုအဖြစ် စုစည်းသွားတော့သည်။

ကျောက်လူသားက အားကုန် လွှဲပစ်လိုက်သည်နှင့်...

"ဝှီး"

ကျောက်တုံးကြီးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တစ်ဖက်ရှိ ကျိလျန်ထံသို့ အရှိန်ပြင်းပြင်း ပြေးဝင်သွားလေ၏။

ကျိလျန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ဤတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခံစားလိုက်ရသဖြင့် စကားပိုမပြောတော့ဘဲ လက်နှစ်ဖက်ဖြင့် ကောင်းကင်ယံသို့ အားကုန် ဖိချလိုက်သည်။

"ရေခဲပွင့် ရေတံခွန်"

"ဝေါ"

ချက်ချင်းပင် ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော ရေခဲမြူငွေ့များ စုစည်းလာပြီး မျက်စိတစ်မှိတ်အတွင်း ရေခဲပွင့်များ အမြောက်အမြား အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဤရေခဲပွင့်များက မြေအောက်မှ ပန်းထွက်လာသော ရေပန်းတစ်ခုအလား ဝုန်းခနဲ မြည်သံနှင့်အတူ ကောင်းကင်ယံသို့ ထိုးတက်သွားကြတော့သည်။

ရေခဲပွင့်များ အချင်းချင်း တိုက်မိကြရာ ချလွင် ချလွင် ဟူသော ကြည်လင်သည့် အသံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တွန်းကန်အားက ဟင်းလင်းပြင်ကိုပင် တုန်ခါမြည်ဟည်းသွားစေသည်။

အဝေးမှ ကြည့်လိုက်လျှင် ရေတံခွန် ရေခဲနဂါးကြီး တစ်ကောင်နှင့်ပင် တူနေတော့သည်။

"ဒုန်း"

အရာနှစ်ခုက လေထဲတွင် ပြင်းထန်စွာ ဝင်တိုက်မိသွားကြပြီး အလွန် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လေလှိုင်းများက အရှိန်ပြင်းပြင်း ပေါက်ကွဲထွက်သွားပြီး လှိုင်းဂယက်များသဖွယ် ဖြစ်ပေါ်လာကာ အရပ်လေးမျက်နှာသို့ လျင်မြန်စွာ လှိမ့်ဝင်သွားတော့သည်။

လင်းယွမ် ဦးဆောင်သော လူအုပ်စုထဲရှိ လူအားလုံး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြသည်။

လင်းယွမ်မှလွဲ၍ ကျန်လူများအားလုံးက တိုက်ခိုက်ရေး အနေအထားသို့ အလျင်အမြန် ပြောင်းလဲလိုက်ကြ၏။

လီချုံမင်က ပထမဆုံး အချိန်မှာပင် အရည်ပုံစံ ပြဒါးရည်အဖြစ် ပြောင်းလဲသွားပြီး မြေပြင်ထဲသို့ အလွန် လျင်မြန်စွာ စိမ့်ဝင်သွားကာ လေလှိုင်းများ၏ ဒဏ်မှ ရှောင်တိမ်းလိုက်သည်။

ကျန်းဟန်လျန်ကလည်း ထိုနည်းတူစွာပင် ရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလျင်အမြန် ထွက်ပြေး လွတ်မြောက်သွား၏။

ထောင်ဝေနှင့် ကျိုက်ကောဖုန်းတို့ကလည်း ပထမဆုံး အချိန်မှာပင် မြေပြင်ပေါ်ရှိ ကျောက်ပြားများထဲသို့ ဝင်ရောက်သွားကြပြီး မြေလျှိုးအစွမ်းကို အသုံးပြုကာ လျင်မြန်စွာ ပုန်းအောင်းလိုက်ကြသည်။

ရှောင်မင်ထင်း၏ တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းများ တောက်ပလာပြီး ကာကွယ်ရေး အနေအထားသို့ ဝင်ရောက်သွားသည်။

သို့သော် ဤလေလှိုင်းက အလွန်တရာ ပြင်းထန်လွန်းလှရာ ဝုန်းခနဲ အသံနှင့်အတူ သတ္တုအသွင် ပြောင်းလဲထားသော သူ၏ ခန္ဓာကိုယ်ကို အဆောက်အအုံ ပြင်ပသို့ တိုက်ရိုက် လွင့်စင်သွားစေတော့သည်။

သစ်သားဓာတ် အစွမ်းပိုင်ရှင်ဖြစ်သော ထန်တယ်ချန်လည်း ယခုအချိန်တွင် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ တစ်ကိုယ်လုံး သစ်တုံးခြောက် အရောင်များ လျင်မြန်စွာ ထွက်ပေါ်လာကာ သူ၏ မျက်နှာအိုကြီးကလည်း သစ်ခေါက်များကဲ့သို့ တွန့်လိမ်သွားတော့သည်။

"ဒုန်း"

သူသည်လည်း လေလှိုင်းများ၏ ပေါက်ကွဲမှုဒဏ်မှ မရှောင်တိမ်းနိုင်ခဲ့ဘဲ တစ်ကိုယ်လုံး ချက်ချင်းပင် လွင့်စင်ထွက်သွားရလေသည်။

လူတစ်ယောက်ကတော့ အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေပြီး ရှောင်တိမ်းခြင်း မပြုသည့်အပြင် ပထမဆုံး အချိန်မှာပင် အရှေ့ဆုံးသို့ ပြေးထွက်သွားခဲ့၏။

ထိုသူကား ဟွမ်မင်ခိုင် ပင်တည်း။

ဤကောင်က တိုက်ကွက်စုပ်ယူခြင်း အစွမ်းကို ဖွင့်လှစ်လိုက်ပြီး လေလှိုင်းများမှ ယူဆောင်လာသော ကြမ်းတမ်းသည့် ထိခိုက်မှုများကို ရူးသွပ်စွာ စုပ်ယူနေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတစ်ကိုယ်လုံးက အနည်းငယ် ဖောင်းကားလာပြီး အလွန် အားပြင်းသော ထိခိုက်မှု စွမ်းအင်များကို စုပ်ယူလိုက်ရသည့်အလား ဖြစ်နေသည်။

လင်းယွမ်ကတော့ အသက်သာဆုံးသူ ဖြစ်ပေလိမ့်မည်။ ယခုအချိန်တွင် သူ့တစ်ကိုယ်လုံးကို ရွှေရောင် ချပ်ဝတ်လွှာတစ်ခုက ဖုံးလွှမ်းထားသည်။

၎င်းမှာ ရွှေအကြေးခွံချပ်ဝတ် ပင် ဖြစ်သည်။

ကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်များက ဒေါင် ဒေါင် မည်နေပြီး သူ၏ ခန္ဓာကိုယ်က ဤပေါက်ကွဲထွက်လာသော လေလှိုင်းများကြောင့် အနောက်ဘက်သို့ ဆယ်ပေကျော်ခန့် လျှောတိုက် လွင့်ပါသွားခဲ့သည်။

သူ၏ ခြေထောက်နှစ်ဖက်ကြောင့် ကြမ်းပြင်ပေါ်တွင်ပင် ရှည်လျားသော မြောင်းနှစ်မြောင်း ထင်ကျန်ရစ်ခဲ့သည်။

ယခုအချိန်တွင် လင်းယွမ်၏ ရင်ထဲ၌ အလွန်တရာ တုန်လှုပ်သွားရ၏။

"မျိုးရိုးဗီဇမျိုးစေ့ကို နိုးထပြီးတဲ့နောက် တိုက်ခိုက်ရေး စွမ်းအားက ဒီလောက်တောင် ကြီးမားနေတာလား"

"သူတို့နှစ်ယောက် တိုက်ခိုက်လိုက်တဲ့ လေလှိုင်းလေးနဲ့တင်... သာမန် အစွမ်းပိုင်ရှင်တွေကို အလွယ်တကူ ဖိနှိပ်ပစ်နိုင်နေပြီပဲ"

သူ၏ မျက်နှာထား ချက်ချင်း လေးနက်သွားပြီး ဤလူများ၏ မျိုးရိုးဗီဇက တိုက်ခိုက်ရေး အမျိုးအစား ဖြစ်ပုံရသည်။

သူ၏ ကိုယ်ပိုင် မျိုးရိုးဗီဇမြေပုံ ဖြစ်သော အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ ကတော့ အပြောင်းအလဲနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်သည့်အပိုင်းတွင် ပိုမို ကျွမ်းကျင်ပုံ ရသည်။

"မဟုတ်သေးဘူး... ငါက စွမ်းအားကြီးမားတဲ့ အစွမ်းတွေကို သင်ယူခွင့် မရသေးလို့ပဲ... အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ ရဲ့ ဖြစ်နိုင်စွမ်းအရဆိုရင် ဘယ်လို ဓာတ်သဘာဝ အစွမ်းကိုမဆို သင်ယူနိုင်စွမ်း ရှိတယ်... အလားအလာက တခြား မျိုးရိုးဗီဇမျိုးစေ့ အမျိုးအစားတွေထက် အများကြီး သာလွန်တာ အသေအချာပဲ"

"ခုနက သူတို့ ထုတ်ဖော်လိုက်တဲ့ အစွမ်းတွေက အဖြူရောင်အဆင့် အစွမ်းတွေကို ကျော်လွန်နေတာ သေချာတယ်... အစိမ်းရောင်အဆင့် အစွမ်းတွေ ဖြစ်နိုင်ချေ အရမ်းများတယ်... ဒါကြောင့်လည်း ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ရောက်ရှိနေတာပေါ့"

လင်းယွမ်က အလျင်အမြန်ပင် ကောက်ချက်ချလိုက်၏။

သူ့ထံတွင်လည်း အစိမ်းရောင်အဆင့် အစွမ်းများ ရှိသော်လည်း ထိုအစွမ်းများမှာ ရုပ်သေးကြိုးမျှင်၊ ကပ်ပါးမျိုးစေ့၊ ချိတ်ပိတ်အစွမ်း၊ ရွှေအကြေးခွံချပ်ဝတ်နှင့် အလင်းရောင် အစရှိသည့် အစွမ်းငါးမျိုး ဖြစ်သည်။

ထိုအထဲတွင် တိုက်ခိုက်ရေး အမျိုးအစား အစွမ်းတစ်ခုမှ မပါဝင်ပေ။

အများစုက ထိန်းချုပ်ရေး အမျိုးအစား သို့မဟုတ် ကာကွယ်ရေး အမျိုးအစား၊ သို့မဟုတ် အထောက်အကူပြု အမျိုးအစား အစွမ်းများသာ ဖြစ်ကြသည်။

"ကြည့်ရတာ မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တွေ တိုက်ခိုက်ကြပြီဆိုရင်... သူတို့ရဲ့ အစွမ်းတွေက အစိမ်းရောင်အဆင့်ကို ရောက်နေကြပြီပဲ... ဒါကြောင့်လည်း သာမန် အစွမ်းပိုင်ရှင်တွေကို ဖိနှိပ်ပစ်နိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး"

ထိုအရာနှစ်ခုကြားတွင် မျိုးရိုးဗီဇ ဓာတ်သဘာဝ ကွာဟချက်သာမက အစွမ်းအဆင့် ကွာဟချက်ပါ များစွာ ရှိနေသေး၏။

ထို့အပြင် သူတို့နှစ်ဦး၏ စကားပြောဆိုချက်များကို နားထောင်ကြည့်ခြင်းအားဖြင့် သူတို့က မျိုးရိုးဗီဇမျိုးစေ့ကို ရရှိချိန်တွင် မျိုးရိုးဗီဇ အမွေအနှစ် မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကိုပါ ရရှိနိုင်သေးသည်ပေါ့လေ။

ဒါဆိုရင် ဒီအစွမ်းတွေကလည်း မျိုးရိုးဗီဇထဲမှာ ပါလာတာ ဖြစ်နိုင်ခြေ များတာပေါ့။

ဒီလို မျိုးရိုးဗီဇမျိုးစေ့မျိုး နိုးထလာပြီးရင် ကိုယ့်ဘာသာကိုယ် အလိုအလျောက် နားလည်သဘောပေါက်သွားတာလား။

လင်းယွမ်၏ စိတ်ထဲတွင် ဤအတွေးများ ဖြတ်ပြေးသွား၏။

ဤသည်က သူ၏ မျိုးရိုးဗီဇ အသွင်တစ်ရာ ပါရမီနှင့် သိပ်မကွာခြားဘူး မဟုတ်ပါလား၊ မျိုးရိုးဗီဇမျိုးစေ့ နိုးထလာသည်နှင့် ထိုပါရမီကို အလိုအလျောက် ပိုင်ဆိုင်သွားခြင်းပင်။

ဧရာမ လေလှိုင်းကြီးများ၏ အောက်တွင် အဆောက်အအုံ တစ်ခုလုံးမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဥက္ကာခဲနှင့် ရေတံခွန်ပျံတို့ ပေါက်ကွဲ ကွဲအက်သွားသည်နှင့်အမျှ...

ချက်ချင်းပင် ကောင်းကင်ယံအပြည့် ပြန့်ကျဲနေသော ကျောက်စရစ်ခဲများက ကျည်ဆန်များအလား အရှိန်ပြင်းပြင်းဖြင့် လွင့်စဉ်ထွက်သွားကြသည်။

ရေတံခွန်ပျံကလည်း ထက်မြက်သော ဓားသွားများအလား ဖြောင်းဖြန်းမြည်ကာ နေရာအနှံ့ လွင့်စဉ် ပျံ့ကျဲသွားတော့၏။

ပတ်ဝန်းကျင်ရှိ ထောက်တိုင်များက ဂျွတ် ဂျွတ် ဟု မြည်နေပြီး ယိမ်းယိုင်နေပြီ ဖြစ်သည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စကားတစ်ခွန်းမှ မဆိုဘဲ နောက်လှည့်ကာ ပြတင်းပေါက်ဆီသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။

"ဝုန်း"

လင်းယွမ်က အနီးနားရှိ နံရံတစ်ခုကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီးနောက် သူ၏ ကိုယ်ဟန်က လေထဲသို့ ခုန်တက်ကာ ထွက်ပေါ်သွားလေ၏။

သူ၏ အနောက်ဘက်ရှိ အဆောက်အအုံက နောက်ဆုံးတွင်တော့ ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ဘဲ ပေါက်ကွဲသံကြီးများနှင့်အတူ ဝုန်းခနဲ လုံးဝ ပြိုကျသွားတော့သည်။

ဖုန်မှုန့် အမြောက်အမြား လှိမ့်တက်လာပြီး မြူခိုးများနှင့် ရောနှောသွားရာ ပတ်ဝန်းကျင် တစ်ခုလုံးက ပိုမို ဆူညံပွက်လောရိုက်လာတော့၏။

လင်းယွမ်၏ ကိုယ်ဟန်က တစ်ချက် ခုန်ပျံသွားပြီး ပြိုကျပျက်စီးနေသော အပျက်အစီးများပေါ်သို့ တက်ရောက်သွားကာ မျိုးရိုးဗီဇမျိုးစေ့ကို နိုးထထားသော ထိုအစွမ်းထက်သူ နှစ်ယောက်ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

ရုတ်တရက် အပျက်အစီးများထဲမှ လက်ဖဝါးတစ်ဖက်က အရှိန်ပြင်းပြင်း ထွက်ပေါ်လာ၏။

ထို့နောက် အားကုန် ဖမ်းဆုပ်လိုက်ရာ လင်းယွမ်၏ ခြေကျင်းဝတ်ကို တိုက်ရိုက် ဖမ်းမိသွားတော့သည်။

လင်းယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ခြေထောက်ဖြင့် အရှိန်ပြင်းပြင်း ကန်ထုတ်လိုက်သည်။

"ဘုန်း"

ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး လေထုကိုပင် သူ၏ ခြေကန်ချက်က ချက်ချင်း ပေါက်ကွဲထွက်သွားစေသည်။

အပျက်အစီးများထဲရှိ လူကလည်း ဤခြေကန်ချက်ကြောင့် အပျက်အစီးများထဲမှ လွင့်စင်ထွက်လာခဲ့၏။

သို့သော် ဤလူက လက်ကို လွှတ်မပေးသည့်အပြင် ရက်စက်စွာပင် ပြုံးလိုက်သေးသည်။

သူက လက်ကို ပြန်လည် လှည့်ပတ်ကာ လင်းယွမ်ဆီသို့ လက်သီးတစ်ချက် အားကုန် ထိုးချလိုက်သည်ကို မြင်တွေ့လိုက်ရ၏။

လင်းယွမ်က ထိုလူကို ကြည့်လိုက်ရာ မျက်နှာထားက ချက်ချင်း မည်းမှောင်သွားသည်။ "ဟွမ်မင်ခိုင်"

စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် လင်းယွမ်၏ တစ်ကိုယ်လုံးရှိ ရွှေရောင်ချပ်ဝတ်များ တောက်ပလာသည်။

"ဒုန်း"

ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာပြီး ဟွမ်မင်ခိုင်၏ လက်သီးချက် ကျရောက်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများက ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။

လင်းယွမ်၏ ရွှေအကြေးခွံချပ်ဝတ်က အလွန်တရာ မာကျောခိုင်ခံ့ပြီး အစိမ်းရောင်အဆင့် အစွမ်း အဆင့်အထိပင် ရောက်ရှိနေသော်လည်း...

ဤလက်သီးချက်ကြောင့် အနောက်ဘက်သို့ လွင့်စင်ထွက်သွားခြင်းကိုတော့ မရှောင်လွှဲနိုင်ခဲ့ပေ။

ဝုန်းခနဲ အသံနှင့်အတူ နံရံတစ်ခုကို ဖောက်ထွင်းသွားတော့သည်။

ကံကောင်းသည်မှာ ရွှေအကြေးခွံချပ်ဝတ်က အလွန်တရာ ခိုင်ခံ့လှရာ ဤကဲ့သို့သော လက်သီးချက်ကို ခံလိုက်ရလျှင်ပင် အက်ကွဲကြောင်းများသာ အပြည့်ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က ကျောက်တုံးများကို တွန်းဖယ်လိုက်ပြီး အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် တစ်ဖက်ရှိ မျက်နှာတစ်ခုလုံး ရက်စက်စွာ ပြုံးနေသော ဟွမ်မင်ခိုင်ကို ကြည့်လိုက်သည်။

"မင်းက သေချင်နေတာလား" သူက မေးလိုက်၏။

ဟွမ်မင်ခိုင်ကမူ ရက်စက်စွာ ရယ်မောလိုက်ပြီး "အဆိပ်ဆေး နည်းနည်းလောက်နဲ့တင် ငါ့ကို ခြောက်လှန့်နိုင်ပြီလို့ တကယ် ထင်နေတာလား"

"ခုနက မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက်သူ နှစ်ယောက် တိုက်ခိုက်လိုက်တဲ့ လေလှိုင်းတွေကို ငါက တစ်ဝက်ကျော်လောက် စုပ်ယူထားပြီးပြီ... အခု ငါ့ခန္ဓာကိုယ်ထဲက ထိခိုက်မှုတွေနဲ့ဆိုရင် လက်တစ်ချက် လှုပ်လိုက်ရုံနဲ့ မင်းကို အလွယ်တကူ သတ်ပစ်လို့ရတယ်"

"လင်း ဆိုတဲ့ကောင်... မင်းက မသေချင်ဘူးဆိုရင် ဖြေဆေးကို ပေးလိုက်... အဲဒီလိုမှ မဟုတ်ရင်တော့ ငါက အခွင့်အရေး မပေးဘူးလို့ အပြစ်မတင်နဲ့"

ဟွမ်မင်ခိုင်က ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် လင်းယွမ်ဆီသို့ လျှောက်သွားကာ ဖြေဆေးကို ပေးရန် ခြိမ်းခြောက်လိုက်သည်။

လင်းယွမ်က စိတ်ထဲတွင် သဘောပေါက်သွားသည်၊ ဤဟွမ်မင်ခိုင်က တိုက်ကွက်စုပ်ယူခြင်း အစွမ်းကို ပိုင်ဆိုင်ထားသည်ကို အားကိုးကာ ကျိလျန်နှင့် ထိုကျောက်လူသားတို့ တိုက်ခိုက်စဉ်က ထွက်ပေါ်လာသော လေလှိုင်းများ၏ ထိခိုက်မှုများကို စုပ်ယူပြီးနောက် မိမိနှင့် ချက်ချင်း သစ္စာဖောက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်ကိုပင်။

ထိုအချိန်တွင် သူ၏ အကြည့်များက တစ်ချက် ဝေ့ဝဲသွားပြီး အပျက်အစီးများထဲ၌ ရေအိုင်လေးတစ်ခုက တိတ်တဆိတ် စောင့်ကြည့်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ငွေရောင် ပြဒါးရည် တစ်အုပ်ကလည်း အုတ်ခဲအက်ကြောင်းများကြားတွင် ထိုနည်းတူစွာပင် ပုန်းအောင်းနေသည်။

မြေအောက်တွင်လည်း မြေဝါရောင် စွမ်းအင် အစုအဝေး နှစ်ခု ပုန်းအောင်းနေပြီး ၎င်းတို့မှာ ထောင်ဝေနှင့် ကျိုက်ကောဖုန်းတို့ ပင်ဖြစ်သည်။

ဤလူများက ထိုစဉ်က အလျင်အမြန် ရှောင်တိမ်းနိုင်ခဲ့ကြပြီး ဒြပ်စင်အသွင် ပြောင်းလဲနိုင်သော ခန္ဓာကိုယ် ရှိခြင်းကို အားကိုးကာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ခဲ့ကြသဖြင့် ယခုအချိန်တွင် ပတ်ဝန်းကျင်၌ ပုန်းအောင်းနေကြခြင်း ဖြစ်သည်။

သူတို့က အပြင်သို့ မထွက်လာကြဘဲ စောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့ကြရာ သူတို့၏ စိတ်ကူးကို ထုတ်ပြောစရာပင် မလိုတော့ပေ။

ယခုအချိန်၌ တစ်ချိန်က သင်္ဘောခေါင်းဆောင်များပဲဖြစ်ဖြစ်၊ အရင် ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်များပဲဖြစ်ဖြစ်၊ အားလုံးက နားလည်မှုရှိရှိဖြင့် တစ်ဖက်တည်း ရပ်တည်သွားကြပြီး မိမိကို ဖြေဆေး ထုတ်ပေးရန် အတင်းအကျပ် ဖိအားပေးလိုနေကြပြီ ဖြစ်သည်။

လင်းယွမ်က ဤမြင်ကွင်းကို ကြည့်နေပြီး အထူးသဖြင့် ဟွမ်မင်ခိုင်၏ မျက်နှာပေါ်ရှိ မောက်မာ၍ ရက်စက်သော အပြုံးကို ကြည့်လိုက်သည်။

သူကလည်း မနေနိုင်ဘဲ ရယ်မောလိုက်လေတော့သည်။

ဆက်ရန်...

အပိုင်း(၄၁၆) ဟွမ်မင်ခိုင် သေဆုံးခြင်းနှင့် ကပ်ပါးမျိုးစေ့ အသီးသီးခြင်း

"ဟင်း... ဘာလို့ ငါ့ကို အတင်းဖိအားပေးနေရတာလဲ"

လင်းယွမ်က သက်ပြင်းချလိုက်ပြီး ဟွမ်မင်ခိုင်ကို ကြည့်ကာ ပြောလိုက်သည်။ "တကယ်ပြောရရင်... ငါ မင်းတို့ကိုသတ်ဖို့ မရည်ရွယ်ဘူး... ဒီဘက်က ကိစ္စတွေ ရှင်းသွားရင် မင်းတို့ကို တကယ် လွှတ်ပေးမလို့ပဲ"

"မင်းတို့ထဲက တချို့ကိုတောင် ငါ ပြန်ခေါ်သွားပြီး မြေတောင်မြှောက်ပေးမလို့ စဉ်းစားထားသေးတာ"

ဟွမ်မင်ခိုင်က ရယ်စရာတစ်ခုကို ကြားလိုက်ရသလို ချက်ချင်းပင် ဟားတိုက် ရယ်မောလိုက်တော့သည်။

"ဟားဟားဟား... မြေတောင်မြှောက်ပေးမယ် ဟုတ်လား... မင်းက ဘာကောင်မို့လို့ ငါ့ကို ဒီစကား လာပြောရဲတာလဲ"

"အဆိပ်ခတ်တာကလွဲရင် မင်းမှာ ဘာအစွမ်းအစ ရှိသေးလို့လဲ... အဲ့ဒါများ ငါ့ကို မြေတောင်မြှောက်ပေးမယ်တဲ့လား"

"လင်း ဆိုတဲ့ကောင်... အပိုစကားတွေ ပြောမနေနဲ့... ဖြေဆေးသာ ပေးစမ်း... ဒါဆိုရင် မင်းကို နည်းနည်းပါးပါး နှိပ်စက်ပြီးရင် အေးအေးဆေးဆေး သေခွင့်ပေးမယ်" ဟွမ်မင်ခိုင်က ရက်စက်စွာ ပြုံးရင်း ပြေးဝင်လာသည်။

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "ကိုယ့်သေတွင်း ကိုယ်တူးတာပဲ"

"ဝုန်း"

ဟွမ်မင်ခိုင်က လက်သီးကို မြှောက်ကာ လင်းယွမ်ဆီသို့ အားကုန် လွှဲထိုးလိုက်သည်။

သူ့မျက်နှာတစ်ခုလုံး ကြမ်းကြုတ်ရက်စက်နေသည်။ "မင်းက သောက်ရူး လာလုပ်ပြနေတာလား"

ဤလက်သီးချက်က ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းများ ပါဝင်နေပြီး ရေခဲမြူ အအေးဓာတ်နှင့် ဥက္ကာပျံကြီးတစ်ခု၏ ဧရာမခွန်အားများပင် ပါဝင်နေသေးသည်။

သိသာထင်ရှားစွာပင်... သူက စောစောက ရိုက်ခတ်မှုဒဏ်ရာများကို အလုံးစုံ စုပ်ယူထားပြီးဖြစ်ကာ ယခုအချိန်တွင် လင်းယွမ်၏ အပေါ်သို့ တွန့်ဆုတ်မှုမရှိဘဲ အားလုံး ပုံချလိုက်ခြင်း ဖြစ်သည်။

လင်းယွမ်က ဤမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများ အေးစက်သွား၏။

သူက ရှောင်တိမ်းမည့်ပုံ မပေါ်ဘဲ ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ နောက်သို့ ခြေတစ်ဝက်ခန့် ဆုတ်လိုက်သည်။

ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များက ဟိန်းဟောက် လည်ပတ်သွားပြီး သူ၏ လက်သီးပေါ်တွင် ရွှေရောင် အကြေးခွံချပ်ဝတ် တစ်လွှာ လျင်မြန်စွာ စုစည်းဖြစ်တည်လာသည်။

ရွှေကြေးခွံချပ်ဝတ်...

"ဝုန်း"

လက်သီးနှစ်ဖက်၏ အင်အားများ ဆုံတွေ့ကာ ပြင်းထန်စွာ ဝင်တိုက်မိသွားကြသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ယခင်က ကျိလျန်နှင့် ကျောက်လူသားတို့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုထက် မလျော့ကျသော လှိုင်းလုံးကြီးတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။

သူတို့နှစ်ဦး၏ လက်သီးများ ဝင်တိုက်မိသည့် ဗဟိုချက်မှနေ၍ ရိုက်ခတ်မှုလှိုင်းများက စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် အလျင်အမြန် ပေါက်ကွဲထွက်သွား၏။

လေထုက ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင်ပင် အနည်းငယ် တုန်ခါသွားရသည်။

ပတ်ဝန်းကျင်ရှိ အရာအားလုံးက တွန့်လိမ် ကောက်ကွေးသွားကြသည်။

အားကောင်းလှသော လေစီးကြောင်း လှုပ်ခတ်မှုများက လေထုကို ဖြတ်သန်းသွားပြီး ကြိမ်နှုန်းမြင့် တုန်ခါမှုများကြောင့် ပတ်ဝန်းကျင်ရှိ နှင်းများပင် အရည်ပျော်သွားစေသည်။

၎င်းမှာ မော်လီကျူးများ ပြင်းထန်စွာ တုန်ခါပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အပူချိန်မြင့်မားမှုက ယူဆောင်လာသော ရာသီဥတု ပြောင်းလဲမှုပင် ဖြစ်သည်။

နှစ်ယောက်စလုံးက နောက်မဆုတ်ကြပေ။ ဟွမ်မင်ခိုင်မှာ မျက်လုံးများ ပြူးကျယ်နေပြီး လင်းယွမ်က သူ၏ လက်သီးချက်ကို ကာကွယ်နိုင်လိမ့်မည်ဟု မယုံကြည်နိုင်ဖြစ်နေပုံရသည်။

"မဖြစ်နိုင်တာ... မင်းက ဘယ်လိုလုပ်ပြီး မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင်တစ်ယောက်လောက် ပေါက်ကွဲအား ရှိနေရတာလဲ"

"ဒါ လုံးဝ မဖြစ်နိုင်ဘူး"

လင်းယွမ်က တည်ငြိမ်သော အကြည့်ဖြင့် ခပ်အေးအေးပင် ပြောလိုက်သည်။ "ငါက မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် မဟုတ်ဘူးလို့ ဘယ်သူက မင်းကို ပြောလဲ"

"ဘာ"

ဟွမ်မင်ခိုင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး မျက်ဝန်းနက်ရှိုင်းရာတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် ဟုတ်လား...

ဒီ လင်း ဆိုတဲ့ကောင်က မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် တစ်ယောက်လား...

ဟင့်အင်း... မဖြစ်နိုင်ဘူး...

သူက မျိုးရိုးဗီဇမျိုးစေ့ကို အစောကြီးကတည်းက နိုးထခဲ့ပြီးသားဆိုရင် ဘာလို့များ မြူခိုးမြို့တော်ကို လာပြီး မျိုးရိုးဗီဇမျိုးစေ့ လာရှာနေဦးမှာလဲ...

သူ လိမ်နေတာ... သူ ငါ့ကို လိမ်နေတာပဲ...

ဟွမ်မင်ခိုင်က ချက်ချင်းပင် သူ၏စိတ်ကို ခိုင်မာအောင် လုပ်လိုက်ပြီးနောက် တိုက်ခိုက်လိုစိတ်များ တစ်ဖန် ပြန်လည် လောင်ကျွမ်းလာကာ အော်ဟစ်လိုက်သည်။ "ငါ့ကိုလာဖြီးမနေနဲ့... ငါက အခြောက်ခံမယ့်ကောင် မဟုတ်ဘူး"

"မင်းက ဟုတ်နေတယ် ဆိုရင်တောင်... ငါ့ရဲ့ ဒဏ်ရာတွေကို စုပ်ယူနိုင်တဲ့ အစွမ်းက မင်းကို လုံးဝ ကြောက်စရာ မလိုဘူး... သေလိုက်စမ်း"

ဟွမ်မင်ခိုင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်သီးကို ပြင်းထန်စွာ ထပ်မံ ထိုးချလိုက်သည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ ရိုက်ခတ်မှု ဒဏ်ရာများကို အရူးအမူး စုပ်ယူနေတော့သည်။

သူ၏ အစွမ်းက တကယ်ကို ကောင်းကင်ဘုံကို အံတုနိုင်လောက်အောင် စွမ်းလှသည်။

တစ်ဖက်က တိုက်ခိုက်နေရင်း တစ်ဖက်က ဒဏ်ရာများကို စုပ်ယူကာ စွမ်းအင်ပြန်ဖြည့်နေနိုင်သည် မဟုတ်ပါလား။

အကယ်၍ သာမန် အစွမ်းပိုင်ရှင်သာဆိုလျှင် တကယ်ကို ဘာမှ တတ်နိုင်မည် မဟုတ်ဘဲ အချိန်ဆွဲရင်းနှင့်ပင် သူ့လက်ချက်ဖြင့် သေဆုံးရမည်မှာ အသေအချာပင်။

သို့သော် နှမြောစရာကောင်းသည်က သူတွေ့ခဲ့ရသည်မှာ လင်းယွမ် ဖြစ်နေခြင်းပင်။

သူ၏ ခန္ဓာကိုယ်ထဲတွင် လင်းယွမ်က ကပ်ပါးမျိုးစေ့ကို စောစီးစွာကတည်းက စိုက်ပျိုးထားခဲ့ပြီး ဖြစ်သည်။

ယခုအချိန်တွင် လင်းယွမ်က သူ့ကို သေဆုံးပြီးသား သက်ရှိတစ်ကောင်ကို ကြည့်နေသကဲ့သို့ စိုက်ကြည့်နေ၏။

"ဟက်ဟက်... မင်းက ဒဏ်ရာတွေကို စုပ်ယူနိုင်ရုံနဲ့ ပြိုင်ဘက်ကင်းပြီလို့ တကယ် ထင်နေတာလား"

"မင်းတစ်ယောက်တည်းပဲ စုပ်ယူနိုင်တယ် ထင်နေတာလား"

လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်ပြီး လက်ဖျောက်တစ်ချက်ကို အေးအေးဆေးဆေး တီးလိုက်သည်။

"ဖျောက်"

ချက်ချင်းပင် ဟွမ်မင်ခိုင်က မျက်ခုံးနှစ်ခုကြားမှ ရုတ်တရက် ပြင်းထန်စွာ နာကျင်လာသည်ကို ခံစားလိုက်ရသည်။

သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုံ့ဆိုင်းသွားပြီးနောက် မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုနှင့် နာကျင်မှု အရိပ်အယောင်များ ပေါ်လာသည်။

"အား... မင်း... မင်း ဘာလုပ်လိုက်တာလဲ"

သူက ခေါင်းကို ကိုင်ကာ ပြင်းထန်စွာ နာကျင်နေသည့် အသံများ ထွက်ပေါ်လာသည်။

သူက ဦးနှောက်တစ်ခုလုံး စုတ်ပြဲသွားတော့မည့် ခံစားချက်ကို ဖိနှိပ်ရန် အစွမ်းများကို အသေအလဲ လည်ပတ်လိုက်သည်။

သူ၏ ဦးနှောက်ထဲတွင် တစ်စုံတစ်ခုက အခွံကို ဖောက်ထွက်ပြီး သူ၏ ဦးခေါင်းခွံ အပြင်ဘက်သို့ ရုန်းထွက်လာရန် အသည်းအသန် ကြိုးစားနေသည်ကို သူ ခံစားနေရသည်။

သို့သော် သူက အစွမ်းကို အသေအလဲ အသုံးပြုကာ ဖိနှိပ်လေလေ ထိုအရာက ကြီးထွားမှုနှုန်း ပိုမို မြန်ဆန်လာလေလေဖြစ်ပြီး သူ၏ သန္ဓေပြောင်းစွမ်းအင်များကိုပါ စုပ်ယူနေသေးသည်။

သူ၏ စုပ်ယူနိုင်စွမ်းက မည်သည့်အရာကိုမျှ မစုပ်ယူနိုင်တော့ချေ။

ကပ်ပါးမျိုးစေ့၏ အခြေခံသဘောတရားမှာ စိတ်စွမ်းအင် အမျိုးအစားနှင့် အပင် အမျိုးအစား အစွမ်းတို့ ပေါင်းစပ်ထားသော ထူးဆန်းသည့် အစွမ်းတစ်မျိုး ဖြစ်သည်။

၎င်းက ခန္ဓာကိုယ်အတွင်း၌ အမြစ်တွယ်ကာ စိတ်စွမ်းအင်ကို စုပ်ယူ၍ အသက်ရှင်သန်ခြင်း ဖြစ်သည်။

စိတ်စွမ်းအင်များကို စုပ်ယူပြီးသွားပါက ကပ်ပါးခံရသူ၏ ခန္ဓာကိုယ် အာဟာရများကို ဆက်လက် စုပ်ယူမည် ဖြစ်သည်။

ဟွမ်မင်ခိုင်၏ ခန္ဓာကိုယ်အတွက်တော့ ဤသည်က အပြင်ဘက်မှ တိုက်ခိုက်မှု မဟုတ်ဘဲ ခန္ဓာကိုယ် အတွင်း၌ ဖြစ်ပေါ်လာသော ရောဂါဆိုးတစ်ခုသာ ဖြစ်သည်။

ဒဏ်ရာများကို စုပ်ယူနိုင်သည့် အစွမ်းက မည်မျှပင် အစွမ်းထက်နေစေကာမူ ကိုယ်ပိုင် ရောဂါဝေဒနာများကိုတော့ စုပ်ယူနိုင်မည် မဟုတ်ပေ။

သူ၏ အစွမ်းက ကပ်ပါးမျိုးစေ့နှင့် ထိတွေ့သွားသည့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကပ်ပါးမျိုးစေ့၏ အာဟာရဓာတ်အဖြစ် စုပ်ယူခံလိုက်ရမည် ဖြစ်သည်။

သူ၏ စိတ်စွမ်းအင်က ကပ်ပါးမျိုးစေ့ တည်ရှိနေသည်ကို အာရုံခံနိုင်လောက်အောင် အစွမ်းထက်ပြီး ကပ်ပါးမျိုးစေ့ကို တိတိကျကျ သတ်ဖြတ်နိုင်မှသာ ချွင်းချက် ဖြစ်ပေမည်။

ထိုသို့မဟုတ်ပါက သူ၏ ခန္ဓာကိုယ်အတွင်း၌ ကပ်ပါးနေပြီဖြစ်သော ကပ်ပါးမျိုးစေ့ကို သူ ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

"မဟုတ်ဘူး... မဟုတ်ဘူး... အား... နာလိုက်တာ... ငါ့ခေါင်းတွေ အရမ်း နာနေပြီ"

ဟွမ်မင်ခိုင်က စောစောက မာနထောင်လွှားနေသည့် ပုံစံမျိုး မရှိတော့ဘဲ ခေါင်းကို ကိုင်ကာ မြေပြင်ပေါ်တွင် အရူးအမူး လူးလှိမ့်နေတော့သည်။

ပတ်ဝန်းကျင် အနီးအနားတွင် ပုန်းအောင်းကာ ဤမြင်ကွင်းကို လေ့လာနေကြသော သင်္ဘောခေါင်းဆောင်များမှာ ယခုအခါ ရင်ထဲ၌ အေးစက်သွားကြတော့သည်။

လင်းယွမ်က တကယ်တမ်း မည်သည့် နည်းလမ်းကို အသုံးပြုလိုက်သည်ကို မည်သူကမျှ မသိကြပေ။

လင်းယွမ်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။ "ကိုယ့်ရန်သူကို ဘာမှန်း ညာမှန်းမသိဘဲနဲ့ မျက်နှာပြောင်တိုက်ရဲတယ်... မင်းက အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်လာနိုင်တာကိုက တကယ် အံ့သြစရာပဲ"

"မင်းရဲ့ အစွမ်းက ပြိုင်ဘက်ကင်းပြီလို့ တကယ် ထင်နေတာလား"

"မင်းကို ပြောပြလိုက်မယ်... ဒီလောကကြီးမှာ ပြိုင်ဘက်ကင်းတဲ့ အစွမ်းဆိုတာ ဘယ်တော့မှမရှိဘူး"

"ငါဆိုရင်တောင်... ဒီလောက်အထိ မောက်မာရဲမှာ မဟုတ်ဘူး"

လင်းယွမ်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့်အလား ပြုံးလိုက်သည်။ သူက ဤသဘောတရားကို စောစီးစွာကတည်းက သဘောပေါက်ခဲ့ပြီး ဖြစ်သည်။

အစွမ်းပိုင်ရှင်များက ထူးဆန်းအံ့သြဖွယ် ကောင်းလှပြီး မည်သည့် အစွမ်းမျိုးမဆို ရှိနေနိုင်သည်။

အကယ်၍ ကိုယ်တိုင်က အစွမ်းထက်သည့် အစွမ်းတစ်ခုကို ရရှိထားရုံဖြင့် ဘာကိုမှ ဂရုမစိုက်ဘဲ ထင်တိုင်းကျဲနိုင်ပြီဟု တကယ် ထင်မှတ်နေမည် ဆိုပါက အခြေခံအားဖြင့် သေဖို့ သိပ်မလိုတော့ဟု ဆိုနိုင်သည်။

ထို့ကြောင့် သူက စောစီးစွာကတည်းက မိမိ၏ အားနည်းချက် အားလုံးကို အသေအလဲ ဖြည့်ဆည်းနေခဲ့ပြီး သူ၏ အခြေခံ အရည်အသွေး လေးမျိုးစလုံးတွင် သိသာထင်ရှားသည့် အားနည်းချက် တစ်ခုမှ မရှိစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အချို့သော အစွမ်းပိုင်ရှင်များက အလွန်တရာ အစွမ်းထက်နေသည်ဟု ထင်ရသော်လည်း သူတို့၏ အားနည်းချက်များကလည်း အလွန် သိသာထင်ရှားလှပေသည်။

ဝမ်ကျဲ ကဲ့သို့သော စိတ်ဝိညာဉ် ထင်ယောင်ထင်မှား အစွမ်းပိုင်ရှင်မျိုးပင်လျှင် သူ၏ ခန္ဓာကိုယ်က အလွန် အားနည်းလှသဖြင့် သာမန်လူ တစ်ယောက်က တုတ်တစ်ချောင်းဖြင့် ရိုက်လိုက်ရုံဖြင့် အလွယ်တကူ သေဆုံးသွားနိုင်သည်။

ကျန်းယွမ်ယွမ် ကဲ့သို့သော သာမန် အမျိုးသမီး တစ်ယောက်ကပင် သူ့ကို လက်ခုပ်ထဲက ရေလို ကစားနိုင်ခဲ့သည် မဟုတ်ပါလော။

ယခင် ထိုက်ယန်တောင် မှ ခေါင်းဆောင် လေးယောက်ကို ထပ်ကြည့်လိုက်ပါ၊ မည်သူကများ အစွမ်းထက်သည့် အစွမ်းပိုင်ရှင် မဟုတ်ဘဲ နေမည်နည်း။

သို့သော် မည်သူကများ သေစေနိုင်သည့် အားနည်းချက် မရှိဘဲ နေမည်နည်း။

ဝူမုန့် ကဲ့သို့သော အစွမ်းထက်သူပင်လျှင် ဟွမ်မင်ခိုင် ကဲ့သို့ ဒဏ်ရာများကို စုပ်ယူနိုင်သော အစွမ်းပိုင်ရှင်နှင့် တွေ့ဆုံပါက ကစားခံရရန်သာ ရှိတော့မည် ဖြစ်သည်။

ဟွမ်မင်ခိုင် ကဲ့သို့သော အစွမ်းက ပြိုင်ဘက်ကင်းသည်ဟု ထင်ရသော်လည်း "ကပ်ပါးမျိုးစေ့" ကဲ့သို့သော ရက်စက်ယုတ်မာသည့် အစွမ်းနှင့် တွေ့ဆုံပါကလည်း အသေအချာ ဖိနှိပ်ခံရမည်သာ ဖြစ်သည်။

ကပ်ပါးမျိုးစေ့ မရှိလျှင်တောင် ထိန်းချုပ်မှု အမျိုးအစား အစွမ်းတစ်ခုခုက သူ့ကို အသေအချာ ထိန်းချုပ်ထားနိုင်မည် ဖြစ်သည်။

အစစ်အမှန် အစွမ်းထက်သူ ဆိုသည်မှာ အစွမ်းအပေါ်တွင်သာ အစွမ်းထက်နေခြင်း မဟုတ်ဘဲ ခိုင်မာသော စိတ်နှလုံး၊ ထက်မြက်သော ဦးနှောက်နှင့် သတိဝီရိယရှိသော စရိုက်လက္ခဏာများ ရှိနေခြင်းပင် ဖြစ်သည်။

ယခုအချိန်တွင် ဟွမ်မင်ခိုင်က လင်းယွမ် ဘာပြောနေသည်ကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။

လင်းယွမ် တစ်ယောက်သာ သူ့ကို ကယ်တင်နိုင်မည်ကို သူ သိထားသည်။

သူက လင်းယွမ်၏ ရှေ့သို့ အလျင်အမြန် လူးလှိမ့်သွားပြီး အသေအလဲ ခေါင်းခေါက်ကာ တောင်းပန်တော့သည်။

"အသက်ချမ်းသာ ပေးပါ... ဆရာလင်း အသက်ချမ်းသာ ပေးပါဗျာ"

"ကျွန်တော် မှားသွားပါတယ်... ကျွန်တော်က တိရိစ္ဆာန်ပါ... ကျွန်တော်က ငတုံးပါ... ကျွန်တော် တကယ် မှားသွားပါတယ်ဗျာ"

"ဆရာလင်း... ကျွန်တော့်ကို ဒီတစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ... ကျွန်တော် တကယ် မလုပ်ရဲတော့ပါဘူး"

သူက ခေါင်းစွပ် အစွပ်ခံထားရသော ဆွန်ဝူခုန်း ကဲ့သို့ မြေပြင်ပေါ်တွင် အသေအလဲ ခေါင်းခေါက်နေတော့သည်။

နဖူးများ ပေါက်ပြဲကာ သွေးများ ထွက်လာပြီး အရေပြားများပင် ကွဲအက်ကုန်ပြီ ဖြစ်သည်။

သို့သော် သူက ရပ်တန့်မသွားသည့်အပြင် အားကုန်သုံး၍ ဆက်လက် ခေါင်းခေါက်နေဆဲပင်။

သူ၏ ခေါင်းက ဘတ်စကက်ဘော တစ်လုံးကဲ့သို့ မြေပြင်ပေါ်သို့ ဒုန်းဒုန်းဒိုင်းဒိုင်း ရိုက်ခတ်နေသည်။

လင်းယွမ်၏ မျက်နှာအမူအရာတွင် မည်သည့် သနားကရုဏာသက်မှုမျှ မရှိချေ။

သူက ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

"ဒုန်း"

နောက်တစ်ခဏတွင် ဟွမ်မင်ခိုင်၏ ခေါင်းက ချက်ချင်း ကွဲအက်သွားတော့သည်။

သူ၏ ခေါင်း မြေပြင်နှင့် ထိသွားချိန်တွင် ဂျွတ်ခနဲ အသံနှင့်အတူ ကြေမွသွားခြင်း ဖြစ်သည်။

ထို့နောက်တွင် အညှောင့်ပေါက်လေး တစ်ခုက ဦးခေါင်းခွံကို ဖောက်ထွက်လာပြီး အလျင်အမြန် ကြီးထွားလာတော့သည်။

အညှောင့်လေးပေါ်တွင် အဝါရောင် ပန်းပွင့်လေး လှုပ်ယမ်းနေပြီး လင်းယွမ်အား လိုင်ကျစ်ရုံ ၏ ခေါင်းပေါ်ရှိ အဝါရောင် ပန်းပွင့်လေးကို ပြန်လည် အမှတ်ရသွားစေသည်။

အဝါရောင် ပန်းပွင့်လေးက လျင်မြန်စွာ ကြီးထွားလာပြီး ဟွမ်မင်ခိုင်၏ စိတ်စွမ်းအင်များကို စုပ်ယူပြီးနောက် သူ၏ သန္ဓေပြောင်းစွမ်းအင်များကိုပါ အကုန်အစင် စုပ်ယူလိုက်သည်။

ယခုအချိန်ထိ ရပ်တန့်မသွားသေးဘဲ သူ၏ အသွေးအသားများကိုပါ စုပ်ယူ စားသောက်နေသေးသည်။

ဟွမ်မင်ခိုင်၏ အသွေးအသားများ ခန်းခြောက်သွားသည်နှင့်အမျှ အဝါရောင် ပန်းပွင့်လေးက လျင်မြန်စွာ ညှိုးနွမ်းသွားပြီးနောက် အဝါရောင် အသီးတစ်လုံးအဖြစ် ဖြစ်တည်လာတော့သည်။

လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။ ယခုအချိန်အထိ သူက ကပ်ပါးမျိုးစေ့ ပန်းပွင့်ပြီး အသီးသီးသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ထိုအသီးကို လှမ်းယူလိုက်သောအခါ အသီးပေါ်တွင် လူမျက်နှာတစ်ခု ပေါ်နေသည်ကို လင်းယွမ် မြင်လိုက်ရသည်။

ထိုပုံစံမှာ ဟွမ်မင်ခိုင် ပင် ဖြစ်နေလေသည်။

ယခုအချိန်တွင် ဟွမ်မင်ခိုင်၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေပြီး လင်းယွမ်ကို စိုက်ကြည့်ကာ ပါးစပ်ဟ၍ ဟိန်းဟောက်နေသည်။

တစ်စုံတစ်ရာကို အော်ဟစ်နေပုံ ရသည်။

လင်းယွမ်က အနည်းငယ် ကျောချမ်းသွားမိသည်။ "ကပ်ပါးမျိုးစေ့က ရန်သူရဲ့ စိတ်စွမ်းအင်နဲ့ အသွေးအသားတွေကို စုပ်ယူပြီးတဲ့နောက် သီးလာတဲ့ အသီးက တကယ်တော့ တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်ကို အသီးထဲမှာ ပိတ်လှောင်ထားတာများလား"

သူက စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားပြီး ခဏမျှ စဉ်းစားလိုက်ကာ အသီးကို ဖွဖွလေး ညှစ်လိုက်သည်။

ဖောက်ခနဲ အသံနှင့်အတူ လေထုထဲတွင် စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားသည်။

ထို့နောက် အသီးက ကြေမွသွားပြီး သန့်စင်သော သန္ဓေပြောင်းစွမ်းအင် တစ်ခု လွင့်ပျံ့ထွက်ပေါ်လာသည်။

လင်းယွမ်က သတိထားသည့် အရိပ်အယောင်များ ပေါ်လာပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ ဤစွမ်းအင်များကို မစုပ်ယူခဲ့ပေ။

စွမ်းအင်များ လွင့်ပျံ့ပျောက်ကွယ်သွားပြီးနောက်မှသာ သူက ထိုခန်းခြောက်နေသော အလောင်းကို ကြည့်လိုက်ပြီး ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"ဒီအသီး ပျက်စီးသွားပြီးနောက် ထွက်ပေါ်လာတဲ့ သန့်စင်တဲ့ သန္ဓေပြောင်းစွမ်းအင်က... အရည်အသွေးမြင့် စွမ်းအင်ကျောက်တုံးနဲ့ နည်းနည်း တူနေတယ်"

"ဒီအသီးက စားသုံးပြီး စုပ်ယူလို့ ရနိုင်တာများလား"

လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် နေရခက်သွားသည်။ အထူးသဖြင့် ထိုအသီးပေါ်တွင် လူမျက်နှာတစ်ခု ရှိနေသေးရာ ဤသည်က လူသားစားသည်နှင့် အတူတူပင် မဟုတ်ပါလော။

သူ့အနေဖြင့် အနည်းငယ် လက်ခံရ ခက်နေသည်။

သို့သော် ယခုအချိန်တွင် သူက "ကပ်ပါးမျိုးစေ့" ဆိုသည့် ဤအစွမ်းကို အသေအချာ ဂရုစိုက်ရတော့မည် ဖြစ်သည်။

ဤအစွမ်းက အစိမ်းရောင်အဆင့် အစွမ်းပီသစွာပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်မျိုး ရှိနေသေးသည်။

ကပ်ပါးခံရသူကို တိုက်ရိုက် စုပ်ယူ ခန်းခြောက်သွားစေပြီးနောက် သန္ဓေပြောင်းစွမ်းအင်များ ကြွယ်ဝသည့် အသီးတစ်လုံးအဖြစ် သီးပွင့်လာစေသည် မဟုတ်ပါလော။

လင်းယွမ်က လက်ဖဝါးပေါ်ရှိ အသီးမှ အရည်များကို သုတ်လိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ဟွမ်မင်ခိုင်၏ ခန်းခြောက်နေသော ခေါင်းပေါ်သို့ နင်းလိုက်သည်။

"ဂျွတ်"

ထိုခေါင်းက ပြုတ်ထားသော ကြက်ဥတစ်လုံးကဲ့သို့ ချက်ချင်းပင် ဆံပင်များနှင့် အရေပြားများ အတူတကွ ကွာကျသွားပြီး ဖြူဖျော့နေသော ဦးခေါင်းခွံတစ်ခုက ဂလောက်ခနဲ လိမ့်ထွက်လာသည်။

လင်းယွမ်က ဤဦးခေါင်းခွံကို တစ်ချက် ကြည့်လိုက်သည်။ အထူးသဖြင့် ဦးခေါင်းခွံ အပေါ်ပိုင်း နေရာကိုပင် ဖြစ်သည်။

အပေါ်ဘက်တွင် ချောမွေ့နေပြီး မည်သည့်အရာမျှ မရှိချေ။

ဤသည်က လင်းယွမ်အား အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။

"သင်္ကေတအရိုးတောင် ဖြစ်ပေါ်မလာဘူးပဲ"

ထိုအချိန်တွင် မြေပြင်ပေါ်မှ ရေစီးကြောင်းတစ်ခု စုစည်းထွက်ပေါ်လာပြီး ကျန်းဟန်လျန်က ကိုယ်ထည် ပေါ်လာကာ မျက်နှာပေါ်တွင် မျက်နှာလိုမျက်နှာရ အမူအရာများ ပြည့်နှက်နေသည်။

"ဆရာလင်း... ဟွမ်မင်ခိုင် ဆိုတဲ့ ခွေးကောင်က ဆရာ့ကို တိုက်ခိုက်ရဲသေးတယ်ပေါ့... တကယ် သေချင်နေတာပဲ"

ထိုသို့ပြောရင်း သူက လင်းယွမ်အတွက် ဒေါသထွက်ပေးနေသည့်အလား ဟွမ်မင်ခိုင်၏ ခန်းခြောက်နေသော အလောင်းကို အားကုန် ကန်ကျောက်လိုက်သည်။

ဝုန်းခနဲ အသံနှင့်အတူ အလောင်းနှင့် အဝတ်အစားများက ချက်ချင်း ပြန့်ကျဲသွားတော့သည်။

ထို့နောက်တွင် အရိုးစုတစ်ပုံ ပြုတ်ကျလာသည်။

ကျန်းဟန်လျန်က လန့်သွားပြီး မျက်နှာ အနည်းငယ် ဖြူရော်သွားကာ လင်းယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သူက ဤကဲ့သို့သော လူသတ်နည်းမျိုးကို တကယ် မမြင်ဖူးခဲ့ပေ။

အလွန် ထူးဆန်းပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

လင်းယွမ်ကလည်း သူ့ကို ခပ်အေးအေးပင် တစ်ချက် လှမ်းကြည့်လိုက်သည်။

ဤကောင်က စောစောက အနီးအနားတွင် ပုန်းအောင်းနေပြီး ထွက်မလာခဲ့ဘဲ ဟွမ်မင်ခိုင်က မိမိကို အနိုင်ယူနိုင်ပြီး ဖြေဆေး ထုတ်ပေးရန် ဖိအားပေးနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ မိမိသာ ဟွမ်မင်ခိုင်၏ အနိုင်ယူခြင်းကို တကယ် ခံခဲ့ရမည်ဆိုပါက ကျန်းဟန်လျန်က ယခုကဲ့သို့သော မျက်နှာထားမျိုး လုံးဝ ဖြစ်နေမည် မဟုတ်ပေ။

လင်းယွမ်က ခပ်အေးအေးပင် ပြောလိုက်သည်။ "တော်တော့... အလုပ်ကိစ္စက အရေးကြီးတယ်... ဟို ကျောက်လူသားနဲ့ ရေခဲချပ်ဝတ်စစ်သည် ဘယ်တပ်ဖွဲ့ခေါင်းဆောင် ကျိလျန် တို့ရော"

ကျန်းဟန်လျန်က ထိုစကားကို ကြားသောအခါ အလျင်အမြန် ပြောလိုက်သည်။ "စောစောက သူတို့နှစ်ယောက် အပျက်အစီးတွေထဲကနေ ထွက်ပြေးပြီး မြို့ပြင်ဘက်ကို ပြေးသွားတာ ကျွန်တော် တွေ့လိုက်တယ်"

"ကြည့်ရတာ ကျိလျန်က ဒဏ်ရာ နည်းနည်း ရသွားပုံပဲ... ကျောက်လူသားရဲ့ တိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့ဘူး ထင်တယ်"

"လိုက်မယ်"

လင်းယွမ်က တွန့်ဆုတ်မနေဘဲ ချက်ချင်း လိုက်သွားရန် ပြင်လိုက်သည်။

သို့သော် ထွက်ခွာတော့မည့် ဆဲဆဲတွင် ရုတ်တရက် လေတစ်ချက် တိုက်ခတ်သွားပြီး ဟွမ်မင်ခိုင်၏ အလောင်းပေါ်ရှိ အရေပြားနှင့် အသားတစ်ပိုင်းကို လွင့်ထွက်သွားစေရာ အောက်ဘက်ရှိ အရိုးတစ်ပိုင်း ပေါ်လာခဲ့သည်။

လင်းယွမ်၏ ခြေလှမ်းများ ရုတ်တရက် တန့်သွားပြီး ထိုအရိုးတစ်ပိုင်းကို ချက်ချင်း ကြည့်လိုက်သည်။

ဤအရိုးက ခရမ်းနုရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး အပေါ်တွင် ထူးဆန်းသော မျဉ်းကြောင်းတစ်အုပ် ထွင်းထုထားသကဲ့သို့ ဖြစ်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်၏ ရင်ထဲတွင် ရုတ်တရက် လှုပ်ရှားသွားပြီး ချက်ချင်း လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

စိတ်စွမ်းအင်က စိတ်အဝေးထိန်းစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ဤအရိုးကို သူ၏ လက်ထဲသို့ လျင်မြန်စွာ ဆွဲယူလိုက်သည်။

သူက သေချာစွာ ကြည့်ရှုလိုက်ပြီး ဤသည်က သင်္ကေတအရိုး တစ်ခုဖြစ်ကြောင်း အတည်ပြုလိုက်သည်။

တစ်ခဏချင်းမှာပင် လင်းယွမ်၏ စိတ်ထဲတွင် အလွန် ဝမ်းသာသွားသည်။

"ဟွမ်မင်ခိုင်ရဲ့ သင်္ကေတအရိုးက ဦးခေါင်းခွံမှာ မဟုတ်ဘဲ ရင်ဘတ်မှာ ရှိနေတာကိုး"

"ဒီသင်္ကေတအရိုးက ဘာအစွမ်းလဲဆိုတာ မသိသေးဘူး"

ဟွမ်မင်ခိုင်၏ အစွမ်း ထူးခြားမှုကို တွေးမိလိုက်သည်နှင့် လင်းယွမ်၏ စိတ်ထဲတွင် ပူနွေးသွားတော့သည်။

သို့သော် ယခုအချိန်က ဤသင်္ကေတအရိုးကို လေ့လာရန် အချိန်မဟုတ်ပေ။ ကျောက်လူသားတို့ကို မီအောင် လိုက်ရန်က ပို၍ အရေးကြီးသည်။

"လမ်းပြ"

လင်းယွမ်က ဘေးနားရှိ ကျန်းဟန်လျန်ကို အော်ပြောလိုက်သည်။

ကျန်းဟန်လျန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အပျက်အစီးများထဲသို့ အော်ဟစ်လိုက်သည်။ "မသေသေးတဲ့သူတွေ မြန်မြန် ထွက်လာခဲ့ကြ... ဆရာလင်း အမိန့်ပေးတယ်... အဲဒီ နှစ်ယောက်ကို လိုက်ဖမ်းမယ်"

ချက်ချင်းပင် အပျက်အစီးများထဲမှ လီချုံမင်၊ ထောင်ဝေ၊ ချိုင်ကော်ဖုန်း တို့ အသီးသီး ထွက်လာကြပြီး မျက်နှာအမူအရာများက အနည်းငယ် နေရခက်နေပုံ ရသည်။

အဝေးမှ ပြေးလာသော အသံများလည်း ထွက်ပေါ်လာပြီး ရှောင်မင်ထင်း နှင့် ထန်တယ်ချန် တို့လည်း ရောက်ရှိလာကြသည်ကို မြင်လိုက်ရသည်။

သို့သော် ရှောင်မင်ထင်း နှင့် နှိုင်းယှဉ်ပါက ထန်တယ်ချန် က ဒဏ်ရာရထားပုံ ရသည်။

မည်သို့ပင်ဖြစ်စေ သူက သစ်သားဓာတ် အစွမ်းပိုင်ရှင် ဖြစ်ရာ ကာကွယ်ရေးပိုင်းတွင် မကျွမ်းကျင်ပေ။

စောစောက မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် နှစ်ယောက်၏ တိုက်ပွဲမှ ရိုက်ခတ်မှုလှိုင်းများက သူ့အပေါ် ထိခိုက်မှု မသေးငယ်လှပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က တိုက်ရိုက်ပင် ပြောလိုက်သည်။ "ထန်တယ်ချန်... မင်း နေခဲ့လိုက်တော့... ရှောင်မင်ထင်း... မင်း ရရဲ့လား"

ရှောင်မင်ထင်းက အလျင်အမြန် ရင်ဘတ်ကို ပုတ်လိုက်ရာ ဒေါင်ဒေါင် မြည်သံများ ထွက်ပေါ်လာပြီး အော်ပြောလိုက်သည်။ "ကျွန်တော် ဘာမှမဖြစ်ပါဘူး ဆရာလင်း"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ဒါဆိုလည်း လိုက်ခဲ့"

ထိုသို့ပြောပြီးနောက် လူအုပ်ကြီးက မြို့ရိုးအပြင်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားကြသည်။

ကျန်းဟန်လျန်တို့က လမ်းပြကာ မြို့ရိုးကို ဖြတ်ကျော်ပြီး ရေခဲနှင်းလွင်ပြင် ဘက်သို့ ပြေးသွားကြသည်။

ရေခဲနှင်းလွင်ပြင် နေရာအနှံ့အပြားတွင် မျက်စိတစ်ဆုံး ရေခဲနှင်းများ ဖုံးလွှမ်းနေသည်။

မြေပြင်ပေါ်တွင် ခြေရာများ အထင်အရှား ရှိနေပြီး အဝေးတွင်လည်း ကျောက်တုံးများ ပြုတ်ကျကာ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

ကြည့်ရသည်မှာ မြေမိခင်ဂိုဏ်းမှ ကျောက်လူသားက ကျောက်တုံးများကို ခေါ်ယူကာ တိုက်ခိုက်ခဲ့ပုံ ရသည်။

မြေပြင်ပေါ်တွင်လည်း ရေခဲစအမြောက်အမြားနှင့် ရေခဲလှံ၊ ရေခဲမြှား အစရှိသည့် ကျိုးပဲ့နေသော လက်နက်များ ရှိနေသည်။

သိသာထင်ရှားစွာပင် ကျိလျန် ၏ လက်ချက်များ ဖြစ်သည်။

"အရမ်း မြန်တဲ့ အလျင်ပဲ"

လင်းယွမ်က စိတ်ထဲတွင် တိတ်တဆိတ် အံ့အားသင့်သွားသည်။ သူတို့ ဤလမ်းတစ်လျှောက် လိုက်လာခဲ့ရာတွင် လင်းယွမ် ကိုယ်တိုင်က မီးစင်္ကြာ ကဲ့သို့သော အစွမ်းများကို အသုံးမပြုခဲ့သော်လည်း အားကုန် ပြေးလွှားလာခဲ့မှုအောက်တွင် သူ၏ အလျင်က သာမန် အလျင်အမျိုးအစား အစွမ်းပိုင်ရှင်များထက် သေချာပေါက် ပိုမြန်နေပြီ ဖြစ်သည်။

ဒီလိုတောင်မှ တစ်ဖက်လူကို မမီသေးဘူးပဲ။

ကြည့်ရသည်မှာ မျိုးရိုးဗီဇမျိုးစေ့အဆင့်သို့ ရောက်ရှိသွားသော အစွမ်းပိုင်ရှင်များသည် အဘက်ဘက်မှ အရည်အသွေးများအားလုံး သိသိသာသာ တိုးတက်လာနိုင်ခြေ ရှိပုံရသည်။

လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းနေရင်း ခြေလှမ်းများ မရပ်တန့်ဘဲ ဆက်လက် လိုက်ဖမ်းနေသည်။

ရေခဲနှင်းလွင်ပြင်၏ နယ်ပယ်က မသေးငယ်လှပေ။ တစ်ချက် ကြည့်လိုက်လျှင် ဖြူဖွေးနေသည်ကိုသာ မြင်ရသည်။

အဝေးရှိ တိမ်တိုက်များ ရစ်သိုင်းနေသည့်ကြားတွင် မြင်တွေ့ရသမျှ အရာအားလုံးက ဖြူဖွေးနေသည်။

ကံကောင်းသည်မှာ မြူခိုးများ ဖုံးလွှမ်းနေသဖြင့် အလွန်အမင်း မျက်စိကျိန်းလောက်အောင် မဖြစ်ပေ။

ကောင်းကင်မှ နှင်းပွင့်များ ကျဆင်းနေပြီး မြေပြင်ပေါ်တွင် ထူထဲသော နှင်းလွှာတစ်ခု စုပုံနေသည်။

အကယ်၍ အစွမ်းသာ မရှိပါက သာမန်လူ တစ်ယောက်က ခြေတစ်လှမ်း နင်းလိုက်သည်နှင့် ချက်ချင်းပင် နှင်းများ ဖုံးလွှမ်းခံရလောက်ပေသည်။

ယခုအခါ သတ္တုဓာတ် အစွမ်းပိုင်ရှင် ဖြစ်သော ရှောင်မင်ထင်း မှာ လိုက်ဖမ်းရာတွင် သိသိသာသာ ပင်ပန်းလာပုံ ရသည်။

သူ၏ အားသာချက်မှာ ကာကွယ်ရေး ဖြစ်ပြီး ဤနှင်းများထဲတွင် ပြေးလွှားရာ၌ မည်သည့် အားသာချက်မျှ မရှိပေ။

လင်းယွမ်က ထိုအခြေအနေကို မြင်သောအခါ ချက်ချင်းပင် ပြောလိုက်သည်။ "ရှောင်မင်ထင်း... မင်း ဆက်လိုက်မလာနဲ့တော့... ပြန်သွားပြီး ထန်တယ်ချန် နဲ့ သွားဆုံလိုက်... အတူတူ ပစ္စည်းတွေ ရှာဖွေပြီး ဆိပ်ကမ်းမှာ ငါ့ကို စောင့်နေကြ"

ရှောင်မင်ထင်းက ထိုစကားကို ကြားသောအခါ စိတ်ထဲတွင်လည်း သက်ပြင်းချလိုက်နိုင်တော့သည်။ ဆက်ပြေးနေရမည် ဆိုပါက ရန်သူကို မမီခင် သူ၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းစွမ်းအင်များ မလုံလောက်တော့မည်ကို သူ စိုးရိမ်နေမိသည်။

"ဟုတ်ကဲ့ပါ ဆရာလင်း"

လင်းယွမ်က အခြားလူများကို ကြည့်လိုက်သည်။ ဒြပ်စင်ပြောင်းလဲနိုင်သူများ အနေဖြင့် အခြေခံအားဖြင့် နှင်းဖုံးလွှမ်းခံရမည်ကို စိုးရိမ်စရာ မလိုပေ။

မြေဓာတ် အစွမ်းပိုင်ရှင်များ ဆိုလျှင် မြေလျှိုးသွားလိုက်ရုံသာ ဖြစ်သည်။

လင်းယွမ်က မြေပြင်ပေါ်ရှိ ခြေရာများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး လီချုံမင် တို့ကို မစောင့်နိုင်တော့ဘဲ ပြောလိုက်သည်။ "မင်းတို့ ဖြည်းဖြည်း လိုက်လာခဲ့... ငါ အရင် လိုက်သွားနှင့်မယ်"

"ဟုတ်ကဲ့ပါ ဆရာလင်း"

လူအများက အလျင်အမြန် ပြန်ထူးလိုက်ကြသည်။

လင်းယွမ်က ထပ်မံ တွန့်ဆုတ်မနေတော့ဘဲ ခန္ဓာကိုယ်ကို လေထဲသို့ ခုန်ပျံလိုက်ကာ ခြေထောက်ပေါ်တွင် မီးတောက်များ လောင်ကျွမ်းလာပြီး မီးစင်္ကြာ နှစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"ရွှစ်"

မီးစင်္ကြာ အစွမ်းကို အသုံးချလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်း လေထဲတွင် မီးတောက်မျဉ်းကြောင်း တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

လင်းယွမ်မှာ မြူခိုးများကြားတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဆက်ရန်...

All Chapters