အခန်း (၇၀၆-၇၀၈)
Vol. 48 Ch. 706-708
အပိုင်း ( 706 )
ပေါင်းစည်းခြင်း၊ စကြာဝဠာ နိယာမ ၂
အဆိုပါ ဖရိုဖရဲ စွမ်းအင်အတွင်းတွင်၊ ဖန်တီးခြင်း နိယာမသာလျှင် ပါဝင်နေခြင်း မဟုတ်ဘဲ၊ ဖျက်စီးခြင်း နိယာမပါ ပါဝင်နေခဲ့သည်။
ဆန့်ကျင်ဘက် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည့် လုံးဝကွဲပြားသော နိယာမနှစ်ခုက ဤအခိုက်အတန့်တွင် အမှန်တကယ် ပေါင်းစည်းနေခဲ့သည်။
၎င်းမှာ နားလည်ရခက်ခဲသော ကိစ္စတစ်ခုဖြစ်သည်။
နိယာမ၏ အဆင့်က ပိုမြင့်လေလေ၊ ပေါင်းစည်းရ ပိုခက်လေလေဆိုသည်ကို သိကြရမည် ဖြစ်သည်။
ဥပမာအားဖြင့် ရှုကျိုးက ဓာတ်ကြီးငါးပါး နိယာမကို ပေါင်းစည်းခဲ့သည့် အချိန်တွင်၊ အဆင့်နိမ့် နိယာမ ငါးခုကိုပင် ခက်ခက်ခဲခဲ ပေါင်းစည်းခဲ့ရလေသည်။
အဆင့်မြင့် နိယာမများကို ပေါင်းစည်းခြင်းမှာ အဆင့်နိမ့် နိယာမ အခုတစ်ထောင်ကျော်ကို ပေါင်းစည်းရခြင်းပင် ဖြစ်သည်။
အန္တိမ နိယာမများကို ပေါင်းစည်းရန်အတွက်ကမူ၊ ထောင်ပေါင်းများစွာသော အဆင့်မြင့် နိယာမများကို ပေါင်းစည်းရသည့်အလား ဖြစ်နေမည်ဖြစ်သည်။
ဖန်တီးခြင်းနှင့် ဖျက်စီးခြင်း နိယာမတို့ကမူ အန္တိမနိယာမတို့၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် နိယာမများ ဖြစ်သည်။
ခက်ခဲမှုမှာ တစ်ခြားသော အန္တိမ နိယာမများကို ပေါင်းစည်းရခြင်းထပ် အဆတစ်သောင်းကျော်အထိ ပိုမိုခက်ခဲနေမည် ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ရက်ပိုင်းအတွင်းမှာပင် အဆိုပါ နိယာမ နှစ်ခုက ပေါင်းစည်းသွားတော့မည့် လက္ခဏာရပ်များ ပေါ်ထွက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။
၎င်းမှာ သူ၏ တာအိုအရှင်သခင်စွမ်းရည်ကြောင့်ဖြစ်ပြီး၊ ၎င်းသည် အချိန်ကြာလာသည်နှင့်အမျှ တာအိုအပေါ်တွင် ရှိနေသည့် လွှမ်းမိုးမှုကို ပိုမိုတိုးပွားလာစေနိုင်စွမ်းရှိသည်။
“ နောက်တစ်လှမ်းလေးပါပဲ ……. “
ကြယ်တာရာ T-Rex နတ်ဘုရား၏ နဖူးထက်တွင် အေးစက်စက် ချွေးစေးများ စီးကျလာခဲ့သည်။
ထိုအချိန်၌ သူ၏ ပေါင်းစည်းဖြစ်စဥ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“ ဗွီ ဗွီ “
သူ့အရှေ့တွင် ရှိနေသည့် ဖရိုဖရဲ စွမ်းအင်သည် ဆံပင်မွှေးများ ထောင်ထလာသည့်အလား ဖြစ်နေသည့် လှိုင်းလုံးများကို ဆက်တိုက် ထုတ်လွှတ်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကသာ အမှားတစ်ခုခု လုပ်မိမည်ဆိုပါက၊ ဖရိုဖရဲ စွမ်းအင်က ချက်ချင်းပေါက်ကွဲသွားလိမ့်မည် ဖြစ်သည်။
၎င်းက အရောင်အဆင်းမဲ့နေကာ၊ အန္တရာယ်ရှိပုံ မရသော်လည်း၊ အကယ်၍ ၎င်းကသာ ပေါက်ကွဲသွားမည်ဆိုပါက၊ ၎င်းက ထုတ်လွှတ်လိုက်သည့် စွမ်းအားမှာ စကြာဝဠာ စတင်ဖွဲ့စည်းသည့် အချိန်တွင် ဖြစ်ပွားခဲ့သည့် အစောပိုင်း ပေါက်ကွဲမှုနှင့်ပင် ယှဥ်နေနိုင်မည် ဖြစ်သည်။
အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် ချက်ချင်း ချေမှုန်းခံလိုက်ရမည် ဖြစ်သည်။
“ ဝှစ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အတွေးဖြင့် စေခိုင်းလိုက်ရာ၊ သူ၏ပတ်ပတ်လည်တွင် နတ်စွမ်းအား အကာအရံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
၎င်းတို့သည် သူ့ကို တင်းတင်းကြပ်ကြပ် ကာကွယ်ပေးထားရုံသာလျှင် မဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပါ ပိတ်ဆို့ထားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပေါ်လာမည်ဆိုပါက အန္တိမ နယ်မြေတစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
“ နောက်ဆုံးအဆင့်ပဲ၊ ငါ့အတွက် ပေါင်းစည်းလိုက်စမ်း “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်များ ကြမ်းတမ်းသွားပြီး၊ တိုးညှင်းစွာ အော်ဟစ်လာခဲ့သည်။
ဗွီ ဗွီ
ချက်ချင်းဆိုသလိုပင် ဖရိုဖရဲစွမ်းအင်မှာလည်း အနည်းငယ် တုန်ခါစပြုလာခဲ့သည်။
ထိုအချိန်အတွင်း၌ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်ကို တောင့်မခံနိုင်တော့သည့်အတွက် ဟင်းလင်းပြင်တစ်ခုလုံး လှုပ်ရမ်းနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားက ဟင်းလင်းပြင်ကို ချိတ်ပိတ်ထားသောကြောင့်သာလျှင် ထိုကဲ့သို့ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ပျံ့လွင့်လာသည့် အဆိုပါ စွမ်းအင်အစအနဖြင့်ပင်၊ ဟင်းလင်းပြင်၏ မိုင်တစ်သန်းကို ချက်ချင်း ပေါက်ကွဲသွားစေမည် ဖြစ်သည်။
“ ပေါင်းစည်း “
ကြယ်တာရာ T-Rex နတ်ဘုရားမှ တိုးညှင်းစွာ ဟိန်းဟောက်လာခဲ့သည်၊ သူ၏အကြေးခွံများမှာ ဓားသွားကဲ့သို့ ထောင်ထလာခဲ့သည်။
ဗွီ ဗွီ ဗွီ
ဖရိုဖရဲ စွမ်းအင်မှာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး၊ တုန်ခါမှု ကြိမ်နှုန်းမှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။
ခရက် ခရက်
လေဟာနယ်အနှံ့တွင် ကြီးမားသော အက်ကွဲကြောင်းကြီးများ ပွင့်ထွက်လာခဲ့ပြီး၊ ဖျက်စီးခြင်း မြင်ကွင်းများကို ဖြစ်တည်လာစေခဲ့သည်။ ကြယ်တာရာ T-Rex နတ်ဘုရားက ၎င်းကို ပိတ်လှောင်ရန် ကြိုးပမ်းလိုက်သော်လည်း၊ သူသည် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းလုံးများကို မတားဆီးနိုင်ခဲ့ပေ။
ထိုအချိန်တွင် ဖရိုဖရဲ စွမ်းအင်မှာ ထိန်းချုပ်မှု ကင်းမဲ့သွားပုံရကာ၊ ကျယ်လောင်သော အသံများကို ထွက်ပေါ်လာစေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာ ပြောင်းလဲသွားသည်၊ အဆိုပါ စွမ်းအင်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ သူ၏ထိန်းချုပ်မှုမှာလည်း တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။
ဖရိုဖရဲ စွမ်းအင် ဆူပွက်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ထိန်းချုပ်မှု အကန့်အသတ်များကို အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ကျော်လွန်သွားခဲ့သည်။
၎င်းမှာ အချိန်မရွေး ပေါက်ကွဲသွားတော့မည့်အလား ဖြစ်နေခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင်
“ ဗွီ “
အရေးကြီးသော အပိုင်းအစနှစ်ခု ချိတ်ဆက်သွားခဲ့သည်။
ထို့နောက်တွင် သောင်းကျန်းနေခဲ့သည့် စွမ်းအင်မှာ ရုတ်တရက် သေးကျုံ့သွားခဲ့သည်။
သာမန်မျက်လုံးများနှင့် မြင်နိုင်သော အမြန်နှုန်းမျိုးဖြင့် ငြိမ်သက်သွားခဲ့သည်။
“ ဗွီ “
မှိန်ဖျော့ဖျော့ ဖရိုဖရဲ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ အောင်မြင်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရား အံ့ဩတုန်လှုပ်သွားကာ၊ သက်မကြီးချနေတော့သည်။
လွန်ခဲ့သော စက္ကန့်ပိုင်းအတွင်းကပင် သူသည် ကျရှုံးမှုခြင်းနှင့် အန္တိမနယ်မြေ ပျက်စီးခြင်းတို့အတွက် အသင့်ပြင်ထားခဲ့သည်။
မထင်မှတ်ထားစွာဖြင့် သူသည် နောက်ဆုံးသော အခိုက်အတန့်တွင် ပေါင်းစည်းမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
“ ဒါက ဖန်တီးခြင်း နိယာမနဲ့ ဖျက်စီးခြင်း နိယာမရဲ့ ပေါင်းစည်းမှုလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့အရှေ့တွင် ရှိနေသည့် မှိန်ဖျော့ဖျော့ တောက်ပနေသည့် ဖရိုဖရဲ စွမ်းအင်ကို ငေးကြည့်နေတော့သည်။
ဤအချိန်တွင် သူသည် ၎င်းကို ခံစားမိနေခဲ့သည်။
အဆိုပါ ဖရိုဖရဲစွမ်းအင်က ဖျက်စီးခြင်း(သို့) ဖန်တီးခြင်း နိယာမတို့နှင့် မည်သို့မှ သက်ဆိုင်မနေတော့ပေ။
ထို့အစား ၎င်းသည် အပြည့်အဝ အသွင်ပြောင်းသွားကာ၊ အသစ်မွေးဖွားလာသည့် နိယာမ အသစ်တစ်ခု ဖြစ်နေခဲ့သည်။
“ ဒါက ဘာနိယာမလဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ဖရိုဖရဲ အလင်းတန်းကို စိုက်ကြည့်ကာ၊ တစ်ခဏခန့် မိန်းမောသွားခဲ့သည်။
သူသည် ကျယ်ပြောလှသော ဤစကြာဝဠာအတွင်းတွင် ထိုကဲ့သို့သော နိယာမမျိုး မရှိဘူးဟု သေချာနေခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ တာအိုစီးကြောင်းများ ဆင်းသက်လာခဲ့သည်။
များပြားလွန်းလှသော အံ့ဖွယ်ကောင်းသည့် သဘာဝဖြစ်စဥ်များ ပေါ်ထွက်လာခဲ့သည်။
ဓာတ်ကြီးငါးပါး သဘာဝဖြစ်စဥ်၊ လေနှင့် မိုးကြိုး သဘာဝဖြစ်စဥ်၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း သဘာဝဖြစ်စဥ်၊ အချိန်နှင့် ဟင်းလင်းပြင် သဘာဝဖြစ်စဥ် …………..
“ ကောင်းကင်နဲ့ ကမ္ဘာမြေတာအိုလား “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရသည်၊ ၎င်းတို့မှာ ကောင်းကင်နှင့် ကမ္ဘာမြေ တာအို၏ ကိုယ်စားလှယ်များဖြစ်ပြီး၊ များပြားလွန်းလှသည့် တာအိုနိယာမများက သဘာဝဖြစ်စဥ်များအဖြစ် ပြောင်းလဲသွားကာ၊ ဤနေရာတွင် လာရောက်စုစည်းနေခြင်း ဖြစ်သည်။
အဆိုပါ တာအိုများသည် တာအိုအသစ် မွေးဖွားမှုကို အာရုံခံမိသွားပုံရသည်။
အကယ်၍ ၎င်းကသာ တစ်ခြားကမ္ဘာတစ်ခုခု၏ နိယာမဖြစ်နေမည်ဆိုပါက၊ ဤကမ္ဘာကြီးမှာ ၎င်းကို သေချာပေါက် ငြင်းပယ်လိမ့်မည် ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ ဖန်တီးထားသည့် နိယာမ အသစ်ကမူ ဤကမ္ဘာမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သောကြောင့်၊ ဤကမ္ဘာသည် ၎င်းကို မည်သို့မျှ မတွန်းလှန်နိုင်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် စကြာဝဠာတစ်ခုလုံးမှ တာအိုအားလုံး ဝိုင်းရံလာခဲ့သည်။
“ ဝှစ် ဝှစ် “
ထို့နောက်တွင် တာအိုစည်းချက်ကဲ့သို့ အလွန်သာယာနာပျော်ဖွယ်ကောင်းသည့် အသံတစ်သံမှာ ကောင်းကင်ထက်တွင် ပဲ့တင်ထပ် ပျံ့လွင့်နေခဲ့သည်။
“ ကောင်းကင်နဲ့ ကမ္ဘာမြေ တာအိုတွေက ငါဖန်တီးထားတဲ့ နိယာမအသစ်ကို ကြိုဆိုနေတာလား “
ကြယ်တာရာ T-Rex နတ်ဘုရား အံ့ဩသွားခဲ့သည်။
သူ့အရှေ့တွင် ရှိနေသည့် အံ့ဖွယ်ကောင်းသော သဘာဝဖြစ်စဥ်များက အသစ်မွေးဖွားလာခဲ့သည့် တာအိုအသစ်အား ကြိုဆိုနေခြင်းဖြစ်သည်ကို သူမြင်တွေ့နေနိုင်ခဲ့သည်။
“ နိယာမနှစ်ခုကို ပေါင်းစပ်ခဲ့ပြီးတဲ့နောက်မှာ ကောင်းကင်နဲ့ ကမ္ဘာမြေတာအို အသစ်တစ်ခုကို မတော်တဆ ဖန်တီးမိသွားခဲ့တာများလား “
“ အဲ့တာဆိုရင် ငါက အန္တိမ အဆင့်ကို သွားလို့ရနေပြီမလား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။
အန္တိမနယ်ပယ်သို့ တက်လှမ်းရာတွင် အလိုအပ်ဆုံး အရာက တာအိုအသစ်တစ်ခု ဖန်တီးခြင်းဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
ယခု သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းများသည် ကြယ်တာရာ T-Rex နတ်ဘုရားက ၎င်းကို အောင်မြင်သွားပြီဟု ပြောဆိုနေသည့်အလား ဖြစ်နေခဲ့သည်။
………………………………………………………………………………………………………………………………………..
အပိုင်း ( 707 )
ပေါင်းစည်းခြင်း၊ စကြာဝဠာ နိယာမ ၃
ဖန်တီးခြင်း နိယာမနှင့် ဖျက်စီးခြင်း နိယာမတို့မှာ ထိပ်တန်းအဆင့် အန္တိမ နိယာမများ ဖြစ်ကြသည်၊ ရှေးခေတ်ကတည်းက မည်သူကမှ ၎င်းတို့ကို မပေါင်းစည်းနိုင်ခဲ့ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သည့် ပထမဦးဆုံးသော ပညာရှင် ဖြစ်သည်။
“ မဟုတ်ဘူး၊ အခုလက်ရှိ ငါ့ရဲ့ စွမ်းအားက အတိတ်ကထပ် အများကြီး ပိုအားကောင်းနေပြီဆိုပင်မဲ့၊ အန္တိမအဆင့်ကို မတက်နိုင်သေးဘူး “
“ ပျောက်နေတာ တစ်ခုခု ရှိရမယ်၊ အရေးကြီးတဲ့ အရာတစ်ခုပဲ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား ငြိမ်သက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့သည် “ ကောင်းကင်ဘုံတာအို “
“ အသစ်မွေးဖွားလာတဲ့ ဒီနိယာမကို ကောင်းကင်ဘုံ တာအိုက အသိအမှတ် ပြုအောင် လုပ်နိုင်မယ်ဆိုရင်၊ ငါအဆင့်တက်လို့ရပြီ “
မူလနိယာမကို ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစပ်နိုင်မှသာလျှင် အန္တိမနယ်ပယ်၏ တံခါးဝကို မြင်တွေ့ရလိမ့်မည်ဟု လူသားဧကရာဇ်က ပြောပြထားခဲ့ဖူးသည်။
ယခုအချိန်တွင် တာအိုအမျိုးမျိုး ဆင်းသက်လာကာ၊ သူ၏ တာအိုအသစ်ကို အသိအမှတ် ပြုနေကြသော်လည်း၊ ၎င်းတို့မှာ ကောင်းကင်ဘုံတာအိုထံမှ ဆင်းသက်လာသည့် အရာများသာ ဖြစ်နေခဲ့သည်။
ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုပါက၊ ကောင်းကင်ဘုံတာအိုက ဧကရာဇ် ဖြစ်ပြီး၊ အမျိုးမျိုးသော တာအိုများကမူ ဧကရာဇ်၏ သားမြေးမြစ်များသာ ဖြစ်ပေသည်။
ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဧကရာဇ်၏ သားမြေးမြစ်တို့၏ အသိအမှတ်ပြုမှုကို ရရှိထားခဲ့ပြီဖြစ်သည်၊ သို့သော် အစစ်အမှန် ဧကရာဇ်မှာ မပေါ်လာသေးပေ။
အကယ်၍ တစ်ခြားတစ်ယောက်သာ ဖြစ်နေမည်ဆိုပါက၊ ကောင်းကင်ဘုံတာအိုထံမှ အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းရခြင်းမှာ ဆင်ကန်းတောတိုးသည့်အလား ဖြစ်နေမည် ဖြစ်သည်။
သို့ရာ၌ ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် ကောင်းကင်ဘုံတာအိုနှင့် ဆက်သွယ်နိုင်သည့် ပစ္စည်းတစ်ခု ရှိနေခဲ့သည်။
“ မီးတောက်လေး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ရွှေရောင်မီးလျှံကို ခေါ်ထုတ်နေတော့သည်။
သို့သော် ရွှေရောင်မီးလျှံမှာ မည်သို့မျှ မတုံ့ပြန်လာခဲ့ပေ။
တစ်ခဏ အကြာမှသာလျှင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ရွှေရောင်မီးလျှံက ကောင်းကင်ဘုံတာအိုနှင့် ဆက်သွယ်ရန် ကြိုးစားနေစဲဆိုသည်ကို အမှတ်ရသွားခဲ့သည်။
“ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ငါသိချင်မိတယ် “ ကြယ်တာရာ T-Rex နတ်ဘုရားမှ တွေးတောစဥ်းစားနေတော့သည်။
ထို့နောက်၌ သူသည် သူ့အရှေ့တွင် ရှိနေသည့် ရောင်စုံဖရိုဖရဲ စွမ်းအင်ကို ထပ်မံ၍ ကြည့်ရှုနေတော့သည်။
“ မင်းကို စကြာဝဠာ နိယာမလို့ ခေါ်ကြတာပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းကို အမည်ပေးလိုက်သည်။
ရောင်စုံဖရိုဖရဲ စွမ်းအင်အတွင်း၌ များပြားလွန်းလှသော စကြာဝဠာများမှာ ဖန်တီးခြင်းနှင့် ဖျက်စီးခြင်းတို့ကို အလှည့်ကျ ခံစားနေခဲ့ရသည်။
တွေးလိုက်ရုံဖြင့် စကြာဝဠာ အဖွဲ့အစည်းများ ပေါ်ထွက်လာခဲ့ကာ၊ ကျဆုံးသွားခဲ့ရသည်။
ဖန်တီးခြင်းနှင့် ဖျက်စီးခြင်းတို့မှာ သီးခြား ဖြစ်တည်မှုများ ဟုတ်မနေတော့ဘဲ၊ သံသရာစက်ဝန်းတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“ စကြာဝဠာ နိယာမနဲ့ ဖန်တီးထားတဲ့ ကမ္ဘာတွေက အရင်က ဖန်တီးခြင်း နိယာမနဲ့ ဖန်တီးခဲ့တဲ့ ကမ္ဘာတွေထပ် ပိုပြီးတော့ ပြည့်စုံတဲ့ ထိန်းချုပ်နိုင်စွမ်းကို ပေးထားတယ် “
( ဖန်တီးခြင်း နိယာမနဲ့ ဖန်တီးထားတဲ့ ကမ္ဘာတွေက ရာနှုန်းပြည့် မထိန်းချုပ်နိုင်ဘူးဘဲ အခုမှ ထိန်းချုပ်နိုင်တယ်ပေါ့၊ အဲ့သဘောမျိုးပါ )
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
ယခင်က သူဖန်တီးထားခဲ့သည့် ကမ္ဘာများက အတော်လေး စစ်မှန်ပုံရသော်လည်း၊ တစ်ခုခု ပျောက်ဆုံးနေသည်ဟု သူ့အား အမြဲလိုလို ခံစားစေခဲ့ရသည်။
ယခင်က ၎င်းကို နားမလည်ခဲ့သော်လည်း၊ ယခုတွင် သူနားလည်သွားခဲ့ပြီ ဖြစ်သည်။
ဖန်ဆင်းရှင် နတ်ဘုရားဖြစ်ရသည့် စစ်မှန်သော ခံစားချက် ပျောက်ဆုံးနေခြင်းပင် ဖြစ်သည်။
ဖန်ဆင်းခြင်း မပြုမှီအချိန်နှင့် ဖန်ဆင်းခြင်း ပြုလုပ်ခဲ့ပြီးသည့်နောက်တွင်၊ သူသည် ကမ္ဘာတစ်ခုလုံး၏ ဖြစ်ရပ်များကို သိနိုင်သော်လည်း၊ ထိုကမ္ဘာအတွင်းသို့ ကြားဝင်စွက်ဖက်နိုင်စွမ်း မရှိပေ။
သူသည် ကမ္ဘာတစ်ခုလုံးကို ချက်ချင်းဖျက်စီးနိုင်သော်လည်း၊ ထိုကမ္ဘာအတွင်းရှိ လူများ၏ အတွေးများကို မပြောင်းလဲနိုင်ပေ။
ယခုတွင်ကား ကြယ်တာရာ T-Rex နတ်ဘုရားသည် သူဖန်တီးထားသော ကမ္ဘာကို ဖျက်စီးနေနိုင်ရုံတင် မဟုတ်ဘဲ၊ လူတိုင်း၏ အတွေးများကိုပါ ထိန်းချုပ်နေနိုင်ပြီ ဖြစ်သည်။
ကြောင်းကျိုးဆက်စပ်မှု၊ အချိန်နှင့် ဟင်းလင်းပြင်၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ အရာအားလုံးမှာ သူ့လက်ခုပ်ထဲတွင် ရှိနေခဲ့သည်။
အတွေးတစ်ခုနှင့်ပင် သူသည် အပြောင်းအလဲ သန်းနှင့်ချီ၍ ပြုလုပ်နိုင်ပြီး၊ သူဖန်တီးထားသည့် ကမ္ဘာအား အမျိုးမျိုးသော မှန်းဆတွက်ချက်မှုများ ပြုလုပ်ရာ စမ်းသပ်စစ်ဆေးခံ နေရာတစ်ခုအဖြစ်ပင် အသုံးပြုနိုင်ပေသည်။
“ အရေးအကြီးဆုံး အရာက ဒီစကြာဝဠာ နိယာမက တစ်ခြား နိယာမတွေနဲ့ပါ ပေါင်းစည်းနိုင်တာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ နိယာမတွေကို တစ်ခုပြီးတစ်ခု ပေါင်းစပ်လိုက်တဲ့ အချိန်ကျရင်၊ ငါဖန်တီးထားတဲ့ ကမ္ဘာက တကယ့်ကမ္ဘာအစစ်နဲ့ အများကြီး ကွာခြားနေတော့မှာ မဟုတ်ဘူး “
ဗွီ
ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ သွေးမျိုးဆက်ထံမှ အနက်ရောင် စွမ်းအင်စတစ်စ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။
အဆိုပါ အနက်ရောင် စွမ်းအင်က အလွန်တရာ အားနည်းနေခဲ့သည့်အတွက်၊ ပကတိ အထွတ်အထိပ် ပညာရှင်များကပင် ၎င်းကို ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ၎င်းကို ချက်ချင်း သတိပြုမိသွားခဲ့သည်။
“ ထွက်လာစမ်း “
တွေးလိုက်ရုံဖြင့် သူ၏ခန္ဓာကိုယ်အတွင်းတွင် စကြာဝဠာ နိယာမ ပေါက်ထွက်လာခဲ့ပြီး၊ အဆိုပါ အနက်ရောင် စွမ်းအင်အား သူ၏ သွေးမျိုးဆက်မှ ဖယ်ထုတ်ရန် ကြိုးပမ်းနေတော့သည်။
“ ဝှစ် “
၎င်းက အပြင်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား မျက်မှောင်ကြုတ်သွားခဲ့သည် “ ကျိန်စာလား “
သူ၏ယခုလက်ရှိ အဆင့်ကြောင့် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် အရာအားလုံး၏ ဇစ်မြစ်ကို မြင်နေနိုင်ခဲ့သည်။
သို့ရာတွင် အဆိုပါ အနက်ရောင် စွမ်းအင်အား သူမည်သို့မျှ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူသည် ၎င်းက သူ၏ယခုလက်ရှိ စွမ်းအားဖြင့်ပင် ထွင်းဖောက်၍ မမြင်နိုင်သော အလွန်အဆင့်မြင့်သည့် ကျိန်စာတစ်ခုဆိုသည်ကိုသာ သိနေခဲ့သည်။
ထို့အပြင် ထိုအနက်ရောင် စွမ်းအားက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သောကြောင့်၊ သူသည် ၎င်းကို မည်သို့မျှ မလေ့လာနိုင်ခဲ့ပေ။
“ တစ်ယောက်ယောက်က ငါ့ရဲ့ သွေးမျိုးဆက်ကို ကျိန်စာတိုက်ထားတာလား “ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏အဆင့်မျိုး၌ အန္တိမ အဆင့်ကျိန်စာကပင် ဤမျှအလွယ်တကူ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ဤကဲ့သို့သော ကိစ္စမျိုးမှာ သူ့အား စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားက ထိုအကြောင်းကို တွေးတောစဥ်းစားနေစဥ် အချိန်မှာပင်
ရွှေရောင်မီးလျှံ နိုးထလာခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 708 )
ကမ္ဘာ့မူလကို သိမ်းပိုက်ခြင်း၊ မူလနယ်မြေသို့ ပြန်ကြပြီ
“ ဆရာ၊ ကျွန်မ ပြန်လာပြီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ထဲတွင် ရွှေရောင်မီးလျှံ၏ အသံ ပေါ်ထွက်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှာ စိတ်လှုပ်ရှားသွားခဲ့ပြီး၊ လျင်မြန်စွာ တုံ့ပြန်လာခဲ့သည် “ ဘယ်လိုလဲ၊ ကောင်းကင်ဘုံတာအိုနဲ့ ဆက်သွယ်လို့ရခဲ့လား “
ရွှေရောင်မီးလျှံမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဟုတ်၊ ရခဲ့ပါတယ်၊ ဒါပင်မဲ့ အခုလက်ရှိ အချိန်မှာ နေရာလွတ် မရှိသေးဘူးလို့ အသံကပြောခဲ့ပါတယ် “
“ နေရာလွတ် မရှိတော့တာလား။ အဲ့တာက ဘာကိုဆိုလိုတာလဲ “
ကြယ်တာရာ T-Rex နတ်ဘုရား အံ့အားသင့်သွားခဲ့သည်။
ရွှေရောင်မီးလျှံမှ ပြောပြလာခဲ့သည် “ အသံပြောတာတော့ ကောင်းကင်ဘုံတာအိုက ထိန်းချုပ်နိုင်တဲ့ တာအိုအရေအတွက်က အကန့်အသတ် ရှိတယ်တဲ့။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးတဲ့နောက်မှာ သူအသိအမှတ်ပြုခဲ့တဲ့ တာအိုတွေက အကန့်အသတ်အထိ ရောက်ရှိသွားလို့၊ အသစ်တွေကို လက်မခံနိုင်တော့ဘူးတဲ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
သူသည် ဖြစ်နိုင်ခြေအများအပြားကို စဥ်းစားထားခဲ့သော်လည်း၊ ၎င်းကို မည်သို့မျှ မတွေးထားခဲ့မိပေ။
ကောင်းကင်ဘုံတာအို ထိန်းချုပ်နိုင်သည့် တာအိုအရေအတွက်က အကန့်အသတ် ရှိသည်ဆိုသည့် စကားမှာ သူလုံးဝမကြားဖူးသော ကိစ္စတစ်ခုဖြစ်သည်။
အဲ့တာဆိုရင်၊ ရှေးခေတ်ရဲ့ နောက်ဆုံး အန္တိမ ပညာရှင်ပြီးတော့ ဘယ်သူကမှ အန္တိမနယ်ပယ်ကို မသွားနိုင်ဘူးလို့ ပြောနေတာလားဟ
၎င်းမှာ သူ့အတွက် သတင်းကောင်း မဟုတ်ပေ။
အထူးသဖြင့် ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ တာအိုအသစ်တစ်ခုကို ဖန်တီးထားခဲ့ပြီးပြီ ဖြစ်ပြီး၊ ကောင်းကင်ဘုံတာအို၏ ရိုးရှင်းသော အသိအမှတ်ပြုမှုမှာ သူ့အား ထိုအဆင့်သို့ ရောက်ရှိသွားစေနိုင်သည်။
သို့ရာတွင် ယခု၌ ကောင်းကင်ဘုံတာအိုက တာအိုအသစ်များကို လက်မခံနိုင်ဘူးဟု ပြောဆိုနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှာ ၎င်းကို လက်မခံနိုင် ဖြစ်နေခဲ့သည်။
“ ငါက အန္တိမနယ်ပယ်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တာလေ၊ အတားအဆီးက အမှောင်နယ်မြေတွေ၊ ရန်သူတွေ မဟုတ်ဘဲ၊ ကောင်းကင်ဘုံတာအို ဖြစ်နေတာလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ကောင်းကင်ဘုံတာအိုရဲ့ အသိအမှတ်ပြုမှု မရှိဘူးဆိုရင်၊ အဲ့အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး “
ရွှေရောင်မီးလျှံမှာလည်း ခေါင်းငြိမ့်၍ စကားဝင်ပြောလာခဲ့သည် “ အရင်ဆရာပြောခဲ့တာတော့ ကောင်းကင်ဘုံတာအိုက ဒီစကြဝဠာရဲ့ အဆင့်အမြင့်ဆုံး အသိစိတ်ပဲတဲ့၊ အန္တိမ ပညာရှင်တွေက သူ့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တွေအဖြစ် ဆောင်ရွက်ပေးရတယ်တဲ့ “
“ အဲ့တာကြောင့် အဲ့အဆင့်ကို ရောက်ဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်က ကောင်းကင်ဘုံတာအိုရဲ့ အသိအမှတ်ပြုမှု ဖြစ်နေတာတဲ့ “
“ အဲ့အဆင့်ကို အောင်မြင်အောင် မလုပ်ဘူးဆိုရင်၊ အရာအားလုံးက အသွင်ပြောင်းသွားမယ်ဆိုရင်တောင်မှ၊ အဲ့ဒီနယ်ပယ်နဲ့ ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိနေဦးမှာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရား တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထိုသတင်းသည် သူ့အတွက် အလွန်ရုတ်တရက်ဆန်လွန်းနေခဲ့သည်။
အထူးသဖြင့် သူ၏ရှေးဦးဝိညာဥ်က ပြီးပြည့်စုံသွားကာ၊ အရာအားလုံး အဆင်သင့်ဖြစ်နေသည့် ဤကဲ့သို့ အရေးကြီး အခိုက်အတန့်တွင် ဖြစ်သည်။
ထိုအချိန်တွင် အငြင်းခံလိုက်ရသည်ဟု ကြားလိုက်ရမည်ဆိုပါက၊ တစ်ခြားလူများမှာ သူတို့၏ တာအိုစိတ်နှလုံးသား ပြိုကွဲခြင်း(သို့) ရူးသွပ်ခြင်းတို့ ဖြစ်သွားနိုင်ပေသည်။
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသားကမူ လုံလုံလောက်လောက် ခိုင်မာ အားကောင်းနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးမြန်းလိုက်သည် “ ကောင်းကင်ဘုံတာအိုကို အစားထိုးလို့ရလား “
“ ဘာကြီး “
ရွှေရောင်မီးလျှံသည် ထိုစကားကြောင့် အံ့အားသင့်သွားခဲ့ပြီး၊ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ရဲရဲတောက်သွားခဲ့သည်။
ထို့နောက်တွင် သူမသည် မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာခဲ့သည် “ ဆရာ ဘာပြောလိုက်တာလဲ။ ကောင်းကင်ဘုံတာအိုကို အစားထိုးမလို့လား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကောင်းကင်ဘုံတာအိုက ငါ့ကို လက်မခံချင်ဘူးဆိုတော့၊ ငါကလည်း ကောင်းကင်ဘုံတာအို အသစ် ဖန်တီးရမှာပေါ့ “
“ နင် ……. “
ရွှေရောင်မီးလျှံသည် တစ်ခဏခန့် ဆွံ့အသွားခဲ့ပြီး၊ ထို့နောက်တွင် တုန်တုန်ရီရီ ဖြစ်နေသော အသံဖြင့် စကားထပ်ပြောလာခဲ့သည် “ ဆရာ၊ နင်ရူးသွားပြီလား။ အဲ့တာက ကောင်းကင်ဘုံတာအိုလေ။ ဒီစကြာဝဠာရဲ့ အဆင့်အမြင့်ဆုံး အသိစိတ်လေ “
“ တကယ်လို့ အဲ့တာဆီမှာ စိတ်ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေ ရှိနေမယ်ဆိုရင်၊ အတွေးတစ်ခုတည်းနဲ့ ကျွန်မတို့နှစ်ယောက်စလုံးကို ဖျက်စီးပစ်နေလောက်ပြီ “
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ အလွန်တရာ တည်ငြိမ်နေခဲ့သည် “ အဲ့လောက်ကြီး စိတ်တင်းကြပ်နေစရာ မလိုပါဘူး၊ ငါက ကောင်းကင်ဘုံတာအိုတစ်ခုလုံးကို အပြည့်အဝ အစားထိုးဖို့ ပြောနေတာ မဟုတ်ပါဘူး “
“ ဒါဆိုရင် ဘာကိုပြောတာလဲ “
ရွှေရောင်မီးလျှံသည် သူ့ကို အနီးကပ် ကြည့်ရှုလာခဲ့သည်၊ သူမသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရဲတင်းလွန်းသော အတွေးများကြောင့် အံ့အားသင့်သွားခဲ့သည်၊ ထိုကဲ့သို့သော သတ္တိမျိုးမှာ လူသားဧကရာဇ်ထပ်ပင် ပို၍သာလွန်နေခဲ့သည်။
သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ ငါက ကောင်းကင်ဘုံတာအို အသစ်တစ်ခုကို ဖန်တီးပြီးတော့၊ အဲ့တာကို ငါနဲ့ပေါင်းစည်းလိုက်မယ်ဆိုရင်၊ ငါက ကောင်းကင်ဘုံတာအို ဖြစ်သွားပြီးတော့ ကောင်းကင်ဘုံတာအိုက ငါဖြစ်လာမှာပဲ “
“ အဲ့တာက …. “
ရွှေရောင်မီးလျှံသည် သူမ၏ဦးခေါင်းကို ခါရမ်းပြလာခဲ့သည် “ အဲ့တာက မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံတာအိုက အစစ်အမှန် စကြာဝဠာရဲ့ အဆင့်အမြင့်ဆုံး အသိစိတ်လေ၊ ကျွန်မတို့ကလည်း အဲ့ဒီစကြာဝဠာရဲ့ သက်ရှိသတ္တဝါတွေပဲ၊ အဲ့တာနဲ့ အဆင့်တူတဲ့ဟာမျိုးကို ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ “
“ ရှင်ဖန်တီးထားခဲ့တဲ့ ကမ္ဘာကိုပဲ ကြည့်လေ၊ အဲ့ထဲက သက်ရှိတွေက ရှင်နဲ့ အဆင့်တူနိုင်လို့လား “
“ ကမ္ဘာကို ဖန်တီးခဲ့တဲ့ အချိန်တုန်းက၊ ရှင်က အဲ့တာရဲ့ စည်းမျဥ်းစည်းကမ်းတွေကို တည်ဆောက်ခဲ့ပြီးသားပဲလေ။ သူတို့က ဘယ်လောက်ပဲကြိုးစားနေကြပါစေ၊ ရှင့်အောက်မှာပဲ ရှိနေမှာ၊ ရှင်နဲ့တစ်တန်းတည်း ရပ်နိုင်မှာ မဟုတ်ဘူး “
သူမ၏ စကားများမှာ အလွန်တရာ ကျိုးကြောင်းဆီလျော်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ၎င်းတို့ကို မငြင်းပယ်လိုက်ပေ။
သို့သော် သူက မည်သည့်အတွက်ကြောင့် ထိုစကားများ ပြောရဲနေရလဲဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။
ဗွီ
သူ၏လက်ထဲတွင် ဖရိုဖရဲ အလင်းတန်းတစ်ခု ပေါ်လာခဲ့သည် “ ငါက ဖန်တီးခြင်း နိယာမနဲ့ ဖျက်စီးခြင်း နိယာမတို့ကို ပေါင်းစပ်ခဲ့ပြီးတော့၊ နိယာအသစ်တစ်ခု ဖန်တီးခဲ့တယ်၊ အဲ့တာကို စကြဝဠာ နိယာမလို့ နာမည်ပေးထားတယ် “
“ ဒီအလင်းတန်းက စကြာဝဠာ နိယာမကို သုံးပြီးတော့၊ ငါဖန်တီးထားခဲ့တဲ့ ကမ္ဘာတစ်ခုပဲ “
၎င်းကို မြင်လိုက်ရသောအခါတွင် ရွှေရောင်မီးလျှံမှာ အံ့ဩမှင်သက်သွားခဲ့သည်။
ငါအမြင်မှားသွားတာ မဟုတ်ဘူးမလား
ကြယ်တာရာ T-Rex နတ်ဘုရားက ဖျက်စီးခြင်း နိယာမနဲ့ ဖျက်စီးခြင်း နိယာမကို တကယ်ကြီး ပေါင်းစပ်နိုင်ခဲ့တာလား
“ ဆရာက ကိုယ်ပိုင်ကောင်းကင်ဘုံ တာအိုဖန်တီးမယ်လို့ ပြောခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ဒီကမ္ဘာက အစစ်အမှန် စကြာဝဠာနဲ့တောင် ယှဥ်နိုင်လုနီးပါးပဲ “
“ ဒါပင်မဲ့ မလုံလောက်သေးဘူး “
ရွှေရောင်မီးလျှံမှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ တကယ်လို့ ရှင်ဖန်တီးထားတဲ့ အရာတွေက စစ်မှန်နေမယ်ဆိုရင်တောင်မှ၊ သူတို့က ဒီစကြာဝဠာရဲ့ အပြင်ဘက်မှာ မဟုတ်ဘဲ၊ အတွင်းပိုင်းမှာ မွေးဖွားလာခဲ့တဲ့ အရာတစ်ခုပဲ “
“ အဲ့တာက လောကမတူတာကြောင့်ပဲ၊ ဒီလောကကို ကျော်ဖြတ်ပြီးတော့၊ ဒီစကြာဝဠာရဲ့ အပြင်ဘက်ကို ရောက်မှ တကယ့်ကောင်းကင်ဘုံတာအို အသစ်တစ်ခုကို ဖန်တီးနိုင်မှာ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည်။
ယခုတွင် သူသည် အတိတ်က အန္တိမ ပညာရှင်များက မည်သည့်အတွက်ကြောင့် လောကကျော်ဖြတ်ကာ၊ တာအိုနဲ့ ပေါင်းစည်းသွားကြလဲဆိုသည်ကို ဝေဝေဝါးဝါး နားလည်လာခဲ့ပြီ ဖြစ်သည်။
အန္တိမနယ်ပယ်သို့ ရောက်ခဲ့ပြီးသည့်နောက်တွင်၊ သူတို့သည် ကောင်းကင်ဘုံတာအိုအောက်တွင် မနေချင်ဘဲ၊ ဆက်လက်၍ တိုးတက်ချင်သောကြောင့် လောကကျော်ဖြတ်ခြင်းကိုသာ ရွေးသွားကြခြင်း ဖြစ်သည်။
“ ဒါပင်မဲ့ ကျော်ဖြတ်ခြင်းက အန္တိမနယ်ပယ်ကို ရောက်ပြီးမှ စဥ်းစားရမဲ့ဟာပဲ “
“ အန္တိမ နယ်ပယ်ကို မရောက်ဘူးဆိုရင်တော့ အဲ့ကိစ္စကို မေ့ထားရမှာပဲ “
“ အန္တိမနယ်ပယ်ကို မေ့ထားပြီးတော့ ကျော်ဖြတ်ခြင်းကို လုပ်မယ်ဆိုရင် …………… “