အခန်း (၇၀၉-၇၁၁)
Vol. 48 Ch. 709-711
အပိုင်း ( 709 )
ကမ္ဘာ့မူလကို သိမ်းပိုက်ခြင်း၊ မူလနယ်မြေသို့ ပြန်ကြပြီ ၂
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားကာ ရေရွတ်ပြောဆိုနေတော့သည် “ ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစပ်ဖို့ အတင်းအကြပ် ကြိုးစားကြည့်လို့ရတာပဲ။ တကယ်လို့ ကောင်းကင်ဘုံတာအိုက အသိအမှတ်မပြုဘူးဆိုရင် အတင်းအကြပ် ကျော်ဖြတ်ဖို့ လုပ်ရမယ် “
“ … “
ရွှေရောင်မီးလျှံသည် မည်သည့်စကားကိုမှ ထပ်မပြောရဲတော့ပေ။
အကယ်၍ သူမကသာ ချွေးထုတ်နိုင်မည်ဆိုပါက၊ ယခုတွင် သူမမှာ ချွေးစေးများဖြင့် စိုးရွှဲနေပြီ ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားပြောခဲ့သည့် စကားများမှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းနေခဲ့ပြီး၊ ခေတ်အဆက်အဆက်ရှိ မည်သူကမှ ကောင်းကင်ဘုံကို ဆန့်ကျင်သည့် စကားများကို မပြောရဲခဲ့ကြပေ။
သူမသည် အလောတကြီး သတိပေးလာခဲ့သည် “ ဆရာ၊ ကောင်းကင်ဘုံတာအိုနဲ့ အတင်းအကြပ်ပေါင်းစည်းတာက အန္တရာယ်များတယ်နော်။ တကယ်လို့ ရှင့်ရဲ့ စွမ်းအားက အဲ့အဆင့်မှာ မရှိဘူးဆိုရင်၊ ရှင့်ရဲ့ စိတ်ဝိညာဥ်ပါ ပျောက်ကွယ်သွားနိုင်တယ် “
“ ကောင်းကင်ဘုံတာအိုက စိတ်ခံစားချက်ကင်းမဲ့ပြီးတော့၊ လိုအင်ဆန္ဒ မရှိဘူးဆိုပင်မဲ့၊ တစ်ယောက်ယောက်က ပေါင်းစပ်ဖို့ ကြိုးစားလာမယ်ဆိုရင်၊ သေချာပေါက် ဖိနှိပ်လာမှာပဲ “
“ အရင်ဆရာက ပြောပြခဲ့ဖူးတယ်၊ အန္တိမ နယ်မြေကို ရောက်ခဲ့တဲ့ ပညာရှင်တိုင်းက ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစပ်တာမှာ အောင်မြင်ခဲ့တာ မဟုတ်ဘူးတဲ့၊ တော်တော်များများက သေဆုံးသွားပြီးတော့ သူတို့ရဲ့ လမ်းကြောင်းတွေပါ ပျောက်ကွယ်သွားခဲ့တယ်တဲ့ “
ကောင်းကင်ဘုံတာအိုနှင့် ပေါင်းစပ်ရခြင်းမှာ အလွန်တရာ အန္တရာယ်များလှသည်။
အကယ်၍ အောင်မြင်သွားမည်ဆိုပါက၊ လောကကျော်ဖြတ်နိုင်မည် ဖြစ်ပြီး၊ ကျရှုံးသွားမည်ဆိုပါက၊ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဘုံတာအိုနှင့် ပေါင်းစည်းရာတွင် ကြီးမားသော သတ္တိကို လိုအပ်သည်ဟု ရွှေရောင်မီးလျှံမှ ယခင်က ပြောခဲ့ခြင်း ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သတိပြုမိသွားခဲ့သည် “ အဲ့တာဆိုရင် ရှေးခေတ်က ပညာရှင်တွေက ဘာလို့ ပေါင်းစည်းဖို့ ကြိုးစားခဲ့ရတာလဲ။ သူတို့ကို လောကကျော်ဖြတ်ဖို့အတွက် တွန်းအားပေးခဲ့တဲ့ အကြပ်အတည်းတစ်ခု ပေါ်လာလို့လား “
အန္တိမနယ်ပယ်ကိုတောင် ခြိမ်းခြောက်နိုင်တာက ဘယ်လို အကြပ်အတည်းမျိုးလဲဟ
အမှောင်နယ်မြေလား
ဒါမှမဟုတ် တစ်ခြားအရာတွေလား
သူသည် တွေးတောစဥ်းစားနေခြင်းကို ရပ်တန့်ကာ ဆုံးဖြတ်ချက် ချလိုက်သည် “ တစ်ခြား နိယာမတွေ အကုန်လုံးကို စကြာဝဠာ နိယာမနဲ့ ပေါင်းစပ်ပြီးတဲ့ အချိန်အထိ တစ်ခြားနည်းလမ်း တစ်ခုခုကို မတွေ့ဘူးဆိုရင်တော့၊ ကောင်းကင်ဘုံ တာအိုနဲ့ ပေါင်းစပ်မဲ့ လမ်းတစ်ခုပဲ ရှိတော့တယ် “
အန္တိမနယ်ပယ်သို့ မရောက်ဘူးဆိုပါက ပုရွက်ဆိတ်တစ်ကောင်တစ်ကောင်သာ ဖြစ်နေဦးမည် ဖြစ်သည်။
အကယ်၍ သူကသာ အန္တိမအဆင့်ကို မသွားနိုင်ဘူးဆိုပါက၊ သူသည် ဤစကြာဝဠာကို ကျော်ဖြတ်ရန် ကြိုးစားမည်ဖြစ်သည်။
အောင်မြင်မှုသည် ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်း၊ လောကကျော်ဖြတ်ခြင်းတို့ကို ကိုယ်စားပြုပြီး၊ ကျရှုံးခြင်းကမူ သေဆုံးခြင်းကို ကိုယ်စားပြုနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏အတွေးများကို ရုတ်သိမ်းကာ၊ အန္တိမနယ်မြေတစ်ခုလုံးကို စိတ်စွမ်းအားဖြင့် စစ်ဆေးနေတော့သည်။
“ ကမ္ဘာ့မူလ သန့်စင်တာက နောက်ဆုံးအဆင့်ကို ရောက်နေပြီပဲ၊ ငါဝင်ပါရမဲ့ အချိန်ရောက်ပြီ “
၎င်းကို သိရှိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံရိပ် လှုပ်ရှားသွားခဲ့ရာ၊ သူသည် မိုင်သန်းချီအကွာရှိ ဟင်းလင်းပြင်ထံသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။
ထိုနေရာသည် အန္တိမ အထွတ်အထိပ် ပညာရှင်များက ကမ္ဘာ့မူလကို သန့်စင်နေသည့်နေရာ ဖြစ်သည်။
တိကျွမ်းသည် သူ့ကို မြင်တွေ့သွားကာ၊ ချက်ချင်းချဥ်းကပ်လာခဲ့သည် “ တာအိုရောင်းရင်း၊ မင်းက တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ခေါင်းငြိမ့်ပြကာ၊ မေးမြန်းလိုက်သည် “ ဒီရက်တွေအတွင်းမှာ မူမမှန်တာ ရှိလား “
တိကျွမ်းမှ ခေါင်းခါပြလာခဲ့သည် “ ငါ့ရဲ့ ကြီးကြပ်မှုနဲ့အတူ အားလုံးက ပုံမှန်အတိုင်းပဲ ရှိနေတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
သူမည်သို့မျှ မအံ့ဩသွားခဲ့ပေ၊ တစ်ကြိမ်တစ်ခါ အစေခံဖြစ်ခဲ့ဖူးပါက၊ တစ်သက်လုံး အစေခံ ဖြစ်သွားရမည်ဖြစ်သည်။
အဆိုပါ အန္တိမ အထွတ်အထိပ် ပညာရှင်များက သူတို့၏ သွေးအဆီအနှစ်များကို ပေးထားကြသောကြောင့် ပုန်ကန်လိုသည့် အတွေးများကို မည်သို့မျှ မတွေးရဲကြပေ။
“ မင်းတို့အားလုံး နောက်ဆုတ်ကြတော့၊ ကျန်တဲ့ကိစ္စကို ငါကိုင်တွယ်လိုက်မယ် “ ဟုကြယ်တာရာ T-Rex နတ်ဘုရားမှ ပြောလိုက်သည်။
ထိုစကားသံကို ကြားလိုက်ရသောအခါတွင် လူငယ်မျက်နှာ အကြီးအကဲ၊ ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးနှင့် တစ်ခြားပညာရှင်တို့မှာ အလောတကြီး ထရပ်ကာ၊ သူ့အား အရိုအသေပေးလာခဲ့သည်။
“ ဟုတ်ကဲ့ပါ၊ ဆရာသခင် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ လေဟာနယ်အတွင်းတွင် မျောလွင့်နေသည့် ရှေးဟောင်း ငွေရောင်အပင်ငယ်တစ်ခုကို မြင်တွေ့သွားခဲ့သည်။
၎င်း၏ အရွယ်အစားက သေးငယ်နေပုံရသော်လည်း၊ ၎င်းသည် အန္တိမ အထွတ်အထိပ် ပညာရှင်တို့၏ သန့်စင်ရေး လုပ်ငန်းစဥ်ကို လဝက်အထိ ကြာရှည်သွားစေခဲ့သည်။
“ အန္တိမနယ်မြေရဲ့ ကမ္ဘာ့မူလ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ငွေရောင်အပင်ငယ်လေးကို ငေးကြည့်နေတော့သည်။
ထိုစဥ် ရွှေရောင်မီးလျှံမှ အံ့ဩတကြီး ပြောဆိုလာခဲ့သည် “ အဲ့တာပေါ်မှာ ကောင်းကင်ဘုံတာအိုရဲံ အငွေ့အသက်တွေကို ခံစားနေရတယ် “
“ အို့ “
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည် “ ဒီကမ္ဘာရဲ့ မူလမှာ ကောင်းကင်ဘုံတာအို ဆန္ဒရဲ့ အငွေ့အသက်တွေ ရှိနေတယ်လို့ ပြောနေတာလား “
ရွှေရောင်မီးလျှံမှ လေးလေးနက်နက် ခေါင်းငြိမ့်ပြလာခဲ့သည် “ အန္တိမနယ်မြေကို ဖန်တီးခဲ့တဲ့ ပညာရှင်က ကောင်းကင်ဘုံတာအို ဆန္ဒရဲ့ အငွေ့အသက်တွေကို တကယ်ကြီး ခွာချနိုင်ခဲ့တဲ့ပုံပဲ။ ယုတ္တိရှိရှိပြောရမယ်ဆိုရင် အန္တိမပညာရှင်ကပဲ အဲ့လိုလုပ်နိုင်သင့်တယ်၊ ဒါပင်မဲ့ အဲ့ဒီခေတ်မှာက အန္တိမ အထွတ်အထိပ် ပညာရှင်တွေပဲ ရှိတာလေ “
ယခင်က ကြယ်တာရာ T-Rex နတ်ဘုရားသည် အချိန်မြစ်ပေါ်သို့ ခြေချကာ ရှေးခေတ်များဆီသို့ အလည်သွားခဲ့သည်။
သူသည် လွန်ခဲ့သော နှစ်တစ်သောင်း အကြာက အန္တိမနယ်မြေကို ဖန်တီးခဲ့ကြသည့် ခေတ်ကိုလည်း မြင်တွေ့ခဲ့ရသည်။
သို့သော် ထိုခေတ်တွင် အန္တိမပညာရှင်များ ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင် အနည်းစုသာလျှင် ရှိနေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း အတွေးနက်သွားခဲ့သည် “ အန္တိမ အထွတ်အထိပ် ဆယ်ဂဏန်းလောက်ကသာ ပူးပေါင်းလိုက်မယ်ဆိုရင်၊ ကောင်းကင်ဘုံတာအို ဆန္ဒရဲ့ အငွေ့အသက်ကို ခွာချဖို့ မခက်လောက်ဘူး “
သူ့ကို အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ကောင်းကင်ဘုံတာအို ဆန္ဒ၏ အငွေ့အသက်လေးတစ်ခုသာ ပါဝင်နေသည့် ပစ္စည်းတစ်ခုကို သန့်စင်ရန်အတွက် အန္တိမ အထွတ်အထိပ် ပညာရှင် ခုနစ်ဦးက လဝက်တိတိ အချိန်ယူခဲ့ရခြင်းပင် ဖြစ်သည်။
“ အန္တိမနယ်မြေမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေ အများကြီးရှိနေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူး။ ဒါက လူလုပ်ကမ္ဘာတစ်ခု ဖြစ်နေပင်မဲ့၊ တကယ့်ကမ္ဘာအစစ်နဲ့ အများကြီး ကွာခြားမနေဘူး “
“ အဲ့လိုဖြစ်နေခဲ့ရတာက ကောင်းကင်ဘုံတာအို ဆန္ဒရဲ့ အငွေ့အသက်တွေ ပါနေလို့ပဲ “
“ ကောင်းကင်ဘုံ တာအိုဆန္ဒ အငွေ့အသက်လေးတစ်ခုကပင် တော်တော်ကြီးကို အံ့ဩဖို့ကောင်းနေပြီ၊ ကောင်းကင်ဘုံတာအို တစ်ခုလုံးသာဆိုရင်တော့ ဘယ်လောက်တောင် ဆန်းကြယ်နေလိုက်မလဲ “
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစည်းရာတွင် ရင်ဆိုင်ရမည့် အခက်အခဲကို ပိုမိုနားလည်သွားခဲ့သည်။
အန္တိမပညာရှင်တွေကတောင် ကျရှုံးသွားခဲ့တာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ၊ ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစည်းရတာက သေလောက်အောင် ခက်တာကိုး
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုကိစ္စများကို ထပ်မံ၍ စဥ်းစားမနေတော့ဘဲ၊ အရှေ့သို့တိုးကာ ငွေရောင်အပင်ငယ်ဆီသို့ ချဥ်းကပ်သွားတော့သည်။
“ ဖွင့် “
သူသည် သူ၏လက်ကို မြှောက်ကာ နိယာမ အမှတ်အသားတစ်ခု ပစ်လွှတ်လိုက်သည်။
၎င်းက ရိုးရှင်းသော သာမန်နိယာမ အမှတ်အသားတစ်ခုမျှသာ ဖြစ်နေပုံရသော်လည်း၊ ၎င်းသည် စကြာဝဠာ နိယာမ၏ စွမ်းအားကို သယ်ဆောင်ထားပြီး၊ ၎င်းနှင့်အတူ အသက်နှင့် မရဏ နိယာမ၊ ဟင်းလင်းပြင်-အချိန် နိယာမနဲ့ အဆင့်မြင့် နိယာမများစွာ ပါဝင်နေခဲ့သည်။
အဆိုပါ အမှတ်အသားအတွင်းတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ကျင့်ကြံရေး တစ်ခုလုံး ပါဝင်နေသည်ဟု ပြောနိုင်ပေသည်။
“ ဘုမ်းးး “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ အမှတ်အသားမှာ ငွေရောင်အပင်ငယ် အပေါ်သို့ ကျရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အန္တိမနယ်မြေတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အားကောင်းသော ခုခံစိတ်တစ်ခုကို ခံစားလိုက်ရသည်။
“ ကောင်းကင်ဘုံတာအိုရဲ့ စိတ်ဆန္ဒ “
အဆိုပါ စိတ်ဆန္ဒသည် အလွန်တရာ အားကောင်းနေခဲ့ပြီး၊ သူ၏ အမှတ်အသားကိုပင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေခဲ့သည်။
ထိုအချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ကမ္ဘာတစ်ခုလုံးက သူ့ကို တိုက်ရိုက်ဖိနှိပ်လာသည့်အလား ခံစားလိုက်ရသည်။
“ချိုးဖျက်စမ်း “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးစက်စွာ နှာခေါင်းရှုံ့၍၊ နိယာမ နတ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
နိယာမ အမှတ်အသားမှာ ရုတ်တရက် တောက်ပလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းလုံးများကို ပျံ့လွင့်သွားစေခဲ့သည်။
ငွေရောင် အပင်ငယ်မှာ လဝက်တိတိ သန့်စင်နေခဲ့ရသောကြောင့်၊ ၎င်း၏ခုခံမှုမှာ နောက်ဆုံးသော ရုန်းကန်မှုတစ်ခုမျှသာ ဖြစ်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ အားကောင်းသော ဖိနှိပ်မှုအောက်တွင်၊ ကမ္ဘာ့သစ်ပင်မှာလည်း မည်သို့မျှ တောင့်မခံနိုင်တော့ဘဲ၊ ရေတိုက်စားမှုကို ခံလိုက်ရသည့် ကျောက်ဆောင်အလား ပြိုကျသွားခဲ့သည်။
၎င်းတို့အားလုံးက ကြာရှည်ပုံရသော်လည်း၊ အသက်ရှူကြိမ်တစ်ကြိမ်အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တစ်ခဏအကြာတွင် ငွေရောင်ကမ္ဘာ့ အပင်ငယ်၏ ခုခံမှုအားလုံး ပျောက်ကွယ်သွားခဲ့သည်။
“ အခုအချိန်ကစပြီးတော့ ငါ့ကို အရှုံးပေးလိုက် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကမ္ဘာ့မူလက ကိုယ်ပိုင် အသိစိတ် မွေးဖွားထားသည်ကို အာရုံခံမိနေသောကြောင့်၊ သူ၏စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
၎င်းသည် နှစ်တစ်သောင်းကြာ ဖြတ်သန်းခဲ့ရပြီးသည့်နောက်တွင် ကောင်းကင်ဘုံတာအိုနှင့် တူညီသည့် အသိစိတ်တစ်ခုကို မွေးဖွားပေးနိုင်ခဲ့သည်၊ ထို့ကြောင့်သာလျှင် အန္တိမနယ်မြေက အစစ်အမှန် ကမ္ဘာတစ်ခုနှင့် များစွာကွာခြား မနေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အသိစိတ်မှာ အလွန်တရာ ငယ်ရွယ်နေသေးသည်။
နှစ်ပေါင်း ဘီလီယံ(သို့) ထရီလီယံနှင့် ချီသည့် ကောင်းကင်ဘုံတာအိုနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက ငွေရောင် ကမ္ဘာ့သစ်ပင်မှာ မွေးခါစ ကလေးတစ်ဦးမျှသာ ဖြစ်နေမည် ဖြစ်သည်။
ထို့ကြောင့် ၎င်းကို သိမ်းသွင်းခြင်း/ယဥ်ပါးအောင် ပြုလုပ်ရခြင်းက ပိုမိုလွယ်ကူနေခဲ့သည်။
တစ်ခဏ အကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အရှုံးပေးသည့် စိတ်စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိသွားခဲ့သည်၊ ကမ္ဘာသစ်ပင်မှာ သူ့ကို အပြည့်အဝ အရှုံးပေးလာခဲ့ပြီ ဖြစ်သည်။
သူ့ဘေးနားရှိ လူငယ်မျက်နှာ အကြီးအကဲ၊ ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးနှင့် တစ်ခြားလူအားလုံး အံ့အားသင့်သွားကြသည်။
သူတို့သည် သန့်စင်ရသည့် ဤနောက်ဆုံးအဆင့်က မည်မျှ ခက်ခဲလဲဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။
သူတို့ခုနစ်ယောက်က အတူတကွ ပူးပေါင်းလုပ်ဆောင်မည်ဆိုလျှင်တောင်မှ အောင်မြင်ရန်အတွက် လပေါင်းများစွာ အချိန်ယူရမည် ဖြစ်သည်။
သူက အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပဲ အောင်မြင်သွားတာလားဟ
“ သူ့ရဲ့ စွမ်းအားက ဘယ်လောက်တောင် အားကောင်းနေတာလဲ။ သူက အဲ့အဆင့်ကို ရောက်သွားပြီလား “
လူငယ်မျက်နှာနှင့် အကြီးအကဲမှာ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။
တံခါးပိတ်ကျင့်ကြံနေတဲ့ ရက်ပိုင်းအတွင်းမှာပဲ အဆပေါင်း ရာနဲ့ချီပြီးတော့ ပိုသန်မာလာတာလား
အဲ့တာကြီးက လွန်လွန်းတယ် မဟုတ်ဘူးလား
ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးမှာလည်း ကြယ်တာရာ T-Rex နတ်ဘုရားကို တိတ်တဆိတ် တွေးတောစဥ်းစားနေတော့သည် “ ငါသိရသလောက်အရဆိုရင် အဲ့တာဆီမှာ ကောင်းကင်ဘုံတာအို စိတ်ဆန္ဒ တစ်စွန်းတစ်ပါတယ်လေ၊ ဆရာက အဲ့တာကို ဒီလိုမျိုး သန့်စင်လိုက်ပြီပေါ့ “
“ ဆရာက အခုလက်ရှိအချိန်မှာ ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ “
ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီး၏ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။
စွမ်းအားကြီးသူများမှာ မည်သည့်နေရာကိုပင် ရောက်ရှိနေပါစေ၊ လေးစားခံရပေသည်။
သူမက အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သော်လည်း၊ ဤမျှအစွမ်းထက်သည့် ပညာရှင်ကို မြင်လိုက်ရသောအခါတွင်၊ ရင်တလှပ်လှပ် ဖြစ်သွားခဲ့ရသည်။
ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုလူများ၏ အတွေးများကို ဂရုစိုက်မနေခဲ့ပေ။
ကမ္ဘာ့မူလကို အနိုင်ယူခဲ့ပြီးသည့်နောက်တွင် သူသည် အပြည့်အဝ ထိန်းချုပ်နိုင်ပြီဆိုသည့် ခံစားမှုကို ချက်ချင်းခံစားလိုက်ရသည်။
“ ဒီခံစားချက်က ………………… “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
သူသည် ကမ္ဘာ့မူလ၏ အသိစိတ်မှတစ်ဆင့် ဤကမ္ဘာကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပုံရသည်။
၎င်းမှာ သူက ဤကမ္ဘာ၏ ကောင်းကင်ဘုံတာအိုသဖွယ် ဖြစ်နေသည်နှင့် တူညီနေခဲ့သည်။
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ အန္တိမနယ်မြေကို တိုက်ရိုက်ထိန်းချုပ်ကာ၊ လောက/နယ်မြေများကို ကျော်ဖြတ်၍ မူလနယ်မြေဆီသို့ ပြန်သွားနေတော့သည်။
အန္တိမနယ်မြေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နေနိုင်ပြီဖြစ်သောကြောင့်၊ နယ်မြေကျော်ဖြတ်ရခြင်းမှာ ရိုးရှင်းသော ကိစ္စသေးတစ်ခုသာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 710 )
တုန်လှုပ်ဖွယ်ကောင်းသော အပြောင်းအလဲ
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားမှာ မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေဘဲ၊ မူလနယ်မြေထံသို့ တဟုန်ထိုး ပြန်သွားနေလျက်ရှိသည်။
“ နောက်ထပ် မိနစ်နည်းနည်းလောက်တော့ အချိန်ယူရမယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ မှန်းဆတွက်ချက်နေခဲ့သည်။
အမြန်နှုန်းမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
အန္တိမနယ်မြေက လဝက်အတွင်းတွင် နယ်မြေ/လောကပေါင်းများစွာ ခုန်ပျံကျော်လွှားခဲ့ပြီးပြီဆိုသည်ကို သိကြရမည် ဖြစ်သည်။
အကယ်၍ စကြာဝဠာ၏ စံနှုန်းဖြင့် တိုင်းတာမည်ဆိုပါက၊ ၎င်းသည် အလင်းနှစ် ထရီလီယံနှင့် ချီ၍ ကျော်ဖြတ်ခဲ့ပြီးသား ဖြစ်နေနိုင်ပေသည်။
အန္တိမ အထွတ်အထိပ် ပညာရှင်ကပင် ထိုကဲ့သို့သော အကွာအဝေးမျိုးကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ကမ္ဘာ့မူလကို သန့်စင်နိုင်ခဲ့ပြီး၊ အန္တိမ နယ်မြေ၏ အကြီးမားဆုံးသော လုပ်ဆောင်နိုင်စွမ်းမှာ နယ်မြေခုန်ကျော်နိုင်ခြင်း ဖြစ်ပြီး၊ သူသည် မိနစ်ပိုင်းအတွင်းမှာပင် မူလနယ်မြေသို့ ရောက်ရှိတော့မည် ဖြစ်သည်။
ထိုအချိန်အတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် လူငယ်မျက်နှာ အကြီးအကဲနှင့် တစ်ခြားလူများကို လှည့်ကြည့်လိုက်သည်။
“ ဆရာ “
သူ၏အကြည့်ကို မြင်လိုက်ရသောအခါတွင် အားလုံးက လျင်မြန်စွာ အရိုအသေပေးလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ စွမ်းအားကို ခံစားလိုက်ရပြီးသည့်နောက်တွင်၊ သူတို့သည် သူ့ကို ပိုမိုလေးစားလာခဲ့ပြီ ဖြစ်သည်။
ယခင်က အကယ်၍ သူတို့က ခြောက်ယောက်တစ်ယောက် တိုက်ခိုက်မည်ဆိုပါက၊ သူတို့ထံတွင် သေးငယ်သော အခွင့်အရေးတစ်ခု ရှိခဲ့သော်လည်း၊ ယခုတွင် ၎င်းက လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုလူစုကို ကြည့်ကာ အေးအေးလူလူ စကားပြောလိုက်သည် “ မင်းတို့က မူလနယ်မြေမှာ ပစ္စည်းတစ်ခု ရှာနေတယ်လို့ ငါကြားခဲ့ရတယ် “
“ ဟုတ်ပါတယ် “ လူငယ်မျက်နှာ အကြီးအကဲမှ အရင်ဦးဆုံး ပြန်ဖြေလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကို ကြည့်ကာ မေးမြန်းလိုက်သည် “ ဘာကို ရှာနေကြတာလဲ “
လူငယ်မျက်နှာ အကြီးအကဲမှ ပြန်ပြောလာခဲ့သည် “ ကျွန်တော်တို့က ရှေးခေတ်က ပစ္စည်းတစ်ခုကို ရှာနေတာပါ။ ဘယ်သူပဲဖြစ်ဖြစ်၊ အဲ့ပစ္စည်းကို ရသွားတဲ့လူက အန္တိမနယ်မြေတစ်ခုလုံးကို ပေါင်းစည်းနိုင်ပါတယ် “
ထိုအကြောင်းကို ပြောနေရင်းဖြင့် သူ၏စိတ်ထဲတွင် နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခင်က သူတို့ထံတွင် ရည်မှန်းချက်များ ရှိနေခဲ့ဖူးသည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား ပေါ်လာသည့် အချိန်တွင်၊ ၎င်းက အသေးအမွှား ကိစ္စလေးတစ်ခုမျှသာ ဖြစ်သွားခဲ့သည်။
သို့သော် သူ့စကားကိုကြားလိုက်ရပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ သိလိုစိတ်မှာ မြင့်တက်သွားခဲ့သည် “ အန္တိမနယ်မြေတစ်ခုလုံးကို ပေါင်းစည်းသွားစေနိုင်တဲ့ ပစ္စည်းတစ်ခုလား။ ဘယ်လိုပစ္စည်းမျိုးလဲ “
သူသည် အန္တိမနယ်မြေအတွင်းရှိ ဂိုဏ်းကြီးများနှင့် မိသားစုကြီးများအကြားတွင် အညှိုးအတေးများ ရှိနေသည်ဆိုသည်ကို သိနေခဲ့သည်။
ပစ္စည်းလေးတစ်ခုက အန္တိမနယ်မြေတစ်ခုလုံးကို ပေါင်းစည်းနိုင်တာလား
ထူးဆန်းသလိုပဲ
ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးမှ ချိုသာစွာ စကားဝင်ပြောလာခဲ့သည် “ ဆရာ၊ ရှေးဧကရာဇ်ဆိုတာကို ကြားဖူးလား “
“ အို့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမကို လှည့်ကြည့်လိုက်သည်။
ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးမှ ချိုသာစွာ ရှင်းပြလာခဲ့သည် “ တကယ်တော့ အဲ့ဒီပစ္စည်းက ရှေးဧကရာဇ်နဲ့ ဆက်စပ်နေတာပါ “
“ ရှေးခေတ် ကျမ်းစားတွေထဲမှာ ရှေးခေတ်တုန်းက နတ်စွမ်းရည် အမျိုးမျိုး ပိုင်ဆိုင်ပြီးတော့၊ မျိုးနွယ်စုတစ်သောင်းလုံးကို အမိန့်ပေးနိုင်တဲ့ ဧကရာဇ်တစ်ပါး ရှိခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်၊ ကျွန်မတို့ရဲ့ ဘိုးဘေးတွေကတောင် ဧကရာဇ် အမိန့်အောက်မှာ ရှိခဲ့တာပါ “
“ ဒဏ္ဍာရီတွေအရတော့ အဲ့ဒီဧကရာဇ်က စည်းတံဆိပ်တစ်ခု ချန်ထားခဲ့တယ်လို့ သိရပါတယ်။ ကျွန်မတို့ ဂိုဏ်းက ဘိုးဘေးတွေရဲ့ ရှာဖွေရေး မှတ်တမ်းတွေထဲမှာက အဲ့ပစ္စည်းကို ရခဲ့ပြီးတော့၊ ဧကရာဇ် အသိအမှတ်ပြုတာ ခံခဲ့ရတဲ့လူကို ကမ္ဘာကြီးမှာ ရှိတဲ့ ဂိုဏ်းအားလုံးက ဆရာသခင်အဖြစ် သတ်မှတ်ရမယ်လို့ မှတ်တမ်းတင်ထားပါတယ် “
“ကျွန်မတို့ ရှာနေတာက အဲ့ဒီစည်းတံဆိပ်ပါ “
သူမ၏ စကားများကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
“ မင်းတို့ပြောနေတဲ့ စည်းတံဆိပ်ဆိုတာက ဒီဟာလား “
ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ဝါးအတွင်းတွင် ရွှေရောင်ရောင်ခြည်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ရွှေရောင်အလင်းတန်း နဂါးဘုန်းတန်ခိုးတို့ဖြင့် ဝိုင်းရံနေသည့် ရွှေရောင်စည်းတံဆိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး၊ ခမ်းနားထည်ဝါကာ၊ အားကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
“ အဲ့တာက …….. “
၎င်းကို မြင်လိုက်ရသောအခါတွင် လူငယ်မျက်နှာ အကြီးအကဲ၊ ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးနှင့် တစ်ခြားလူအားလုံး အံ့ဩတကြီး ဖြစ်သွားကြသည်။
သူတို့သည် အန္တိမ အထွတ်အထိပ်တွင် ရှိနေကြသောကြောင့်၊ သူတို့ဂိုဏ်းများ၏ ရှေးဟောင်း ကျမ်းဂန်များတွင် မှတ်တမ်းတင်ထားသည့် လူသားဧကရာဇ် စည်းတံဆိပ်ကို ကောင်းစွာမှတ်မိနေကြသည်။
ထို့ကြောင့် သူတို့သည် ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ထဲတွင် ရှိနေသည့် စည်းတံဆိပ်က ဒဏ္ဍာရီလာ ဧကရာဇ် စည်းတံဆိပ်ဆိုသည်ကို ချက်ချင်းသိရှိသွားကြသည်။
“ ဒီစည်းတံဆိပ်ကို မြင်ရတာက လူသားဧကရာဇ်ကို မြင်ရတာပဲ “
“ ကျွန်တော်တို့ခေတ်ရဲ့ လူသားဧကရာဇ်ကို ဂါဝရပြုပါတယ် “
လူငယ်မျက်နှာ အကြီးအကဲသည် အရင်ဦးဆုံး ဒူးထောက်ကာ၊ ဒူးများ ကွေး၍ ဦးညွတ်လာခဲ့သည်။
ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးမှာလည်း ချက်ချင်း ဒူးထောက်ကာ၊ တုန်တုန်ရင်ရင်ဖြင့် စကားပြောလာခဲ့သည် “ ဒီမိန်းမငယ်လေး …… လျူမေ့က ….. ကျွန်မတို့ခေတ်ရဲ့ လူသားဧကရာဇ်ကို ဂါဝရပြုပါတယ် “
တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်တို့မှာလည်း အသီးသီး ဒူးထောက်လာကြသည်။
“ အရင်က …… ဧကရာဇ်ကို တိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်တော်တို့အားလုံး သေသင့်ပါတယ် “
“ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို အပြစ်ပေးပါ “
အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ဦးသည် လေးစားမှုများ ပြည့်နှက်နေသော အသံမျိုးဖြင့် တုန်ရီစွာ အော်ပြောလာခဲ့သည်။
သူတို့ဘေးနားရှိ တိကျွမ်းကမူ ထိုမြင်ကွင်းကို ကြည့်ရှင်းဖြင့် အလွန်တရာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
အန္တိမ အထွတ်အထိပ် ပညာရှင်ခြောက်ဦးက လူတစ်ဦးကို ဒူးထောက်အရိုအသေပေးကာ၊ အပြစ်ပေးရန် တောင်းဆိုခြင်း ………….
အကယ်၍ ထိုသတင်းကသာ ပျံ့နှံ့သွားမည်ဆိုပါက၊ လူတိုင်း ရူးသွပ်သွားကြမည် ဖြစ်သည်။
သို့ရာတွင် တိကျွမ်းကို ပို၍ အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ထဲတွင် ရှိနေသည့် လူသားဧကရာဇ် စည်းတံဆိပ်ပင် ဖြစ်သည်။
“ လူသားဧကရာဇ် စည်းတံဆိပ်က ရှုကျိုးဟာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလူ့ဆီကို ရောက်နေရတာလဲ “
တိကျွမ်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ထိုစဥ်
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း သူ့လက်ထဲတွင် ရှိနေသည့် လူသားဧကရာဇ် စည်းတံဆိပ်ကို ငေးကြည့်ကာ၊ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
လူသားဧကရာဇ် စည်းတံဆိပ်က အန္တိမနယ်မြေအတွက် အလွန်တရာ အရေးပါနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
အကယ်၍ သူသာ ကြိုသိခဲ့မည်ဆိုပါက၊ ၎င်းကို တိုက်ရိုက်ထုတ်ပြခဲ့မည် ဖြစ်သည်။
အန္တိမနယ်မြေတွင် ရှိနေကြသည့် အင်အားကြီးပညာရှင်များက ရှေးခေတ်အချိန်နှင့် မျိုးဆက်ပြတ်တောက်သွားခြင်း မရှိဘူးဆိုသည်ကို သူသတိမပြုမိခဲ့ပေ။
ထို့ကြောင့် လူသားဧကရာဇ် အပေါ်တွင် ရှိနေသည့် သူတို့၏ လေးစားမှုများက သူတို့၏ အရိုးများနှင့် သွေးအတွင်းတွင် ထွင်းထုထားသည့်အလား ဖြစ်နေခဲ့သည်။
နှစ်ပေါင်းမည်မျှ ကျော်လွန်သွားခဲ့ပါစေ၊ သူတို့သည် လူသားဧကရာဇ် ချမှတ်ခဲ့သည့် အမိန့်များကို လိုက်နာနေစဲဖြစ်သည်။
“ ထကြတော့ “ ဟု ကြယ်တာရာ T-Rex နတ်ဘုရားမှ အမိန့်ပေးလိုက်သည်။
ထိုအချိန်မှသာလျှင် လူငယ်မျက်နှာ အကြီးအကဲနှင့် တစ်ခြားလူများ ပြန်ထလာခဲ့ကြသည်၊ သူတို့သည် ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာကြသည်။
အကယ်၍ သူတို့ကသာ ကြယ်တာရာ T-Rex နတ်ဘုရား၏ စွမ်းအားကို မမြင်တွေ့ခဲ့ရဘူးဆိုပါက၊ ဤမျှပြတ်ပြတ်သားသား ဒူးထောက်လာခဲ့မည် မဟုတ်ပေ။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ စွမ်းအားနှင့် သူ့လက်ထဲတွင် ရှိနေသည့် လူသားဧကရာဇ် စည်းတံဆိပ်ကို မြင်လိုက်ရပြီးသည့်နောက်တွင်မူ သူတို့၏ စိတ်နှလုံးသားများမှာ လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရားမှာ စွမ်းအားအတွက်သော်လည်းကောင်း၊ အဆင့်အတန်းအတွက်သော်လည်းကောင်း၊ ထိုလူများ၏ လေးစားမှုနှင့် အသိအမှတ်ပြုမှုတို့ကို ရရှိခဲ့ပြီဖြစ်ပြီး၊ သူတို့သည် သူ့အား သူတို့၏ ဆရာသခင်အဖြစ် စိတ်ရင်းအမှန်နှင့် လက်ခံသွားကြပြီ ဖြစ်သည်။
“ ဗွီ “
ထိုအချိန်တွင် အန္တိမနယ်မြေ တစ်ခုလုံးမှာ အနည်းငယ် တုန်ခါလာခဲ့သည်။
“ ငါတို့က မူလနယ်မြေကို ရောက်လာကြပြီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်မှာ ကောင်းကင်ထက်သို့ ရောက်ရှိသွားခဲ့သည်။
များပြားလွန်းလှသော လောကပေါင်းများစွာကို မိနစ်ပိုင်းအတွင်းမှာပင် ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်၌၊ အန္တိမနယ်မြေမှာ မူလနယ်မြေဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“ ဗွီ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်ရာ၊ ဒီရေလှိုင်းကဲ့သို့ ကြီးမားသော စိတ်စွမ်းအားလှိုင်းလုံးကြီးများ ပျံ့လွင့်သွားခဲ့သည်။
“ ဟမ် “
………………………………………………………………………………………………………………………………………
အပိုင်း ( 711 )
တုန်လှုပ်ဖွယ်ကောင်းသော အပြောင်းအလဲ ၂
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ ရုတ်တရက် အေးစက်သွားခဲ့သည်။
ဟမ့်
သူသည် အေးစက်စွာ နှာခေါင်းရှုံ့၍ ရုတ်တရက် ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ မိုင်သန်းနှင့်ချီ၍ ရှည်လျားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပွင့်ထွက်သွားခဲ့သည်။
ဘုမ်းးး
ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံရိပ်မှာ သူ၏နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သူသည် မူလနယ်မြေသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။
တိကျွမ်း၊ လူငယ်မျက်နှာ အကြီးအကဲနှင့် တစ်ခြားလူများမှာ ထိုမြင်ကွင်းကို မြင်တွေ့သွားပြီး၊ အမူအရာ ပြောင်းလဲသွားကြသည်။
ဘာတွေ ဖြစ်နေလို့လဲဟ
“ မကောင်းတော့ဘူး “
ထိုအချိန်တွင် တိကျွမ်းမှာလည်း တစ်စုံတစ်ခုကို နားလည်သွားပုံရကာ၊ ဟင်းလင်းပြင်ကို ချက်ချင်း ဆုတ်ဖြဲ၍ မူလနယ်မြေဆီသို့ ပြေးသွားတော့သည်။
လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူတို့မှာလည်း အကြည့်များ ဖလှယ်လိုက်ကြပြီး၊ သူတို့နောက်သို့ လျင်မြန်စွာ လိုက်သွားကြသည်။
…
မူလနယ်မြေ
ကြယ်ပြာဂြိုဟ်သည် ဧရာမ ပုဆိန်ကြီးတစ်လက်ကြောင့် နှစ်ခြမ်းကွဲနေသည့်အလား ဖြစ်နေခဲ့ပြီး၊ တစ်ဖက်နှင့်တစ်ဖက်ကို မိုင်တစ်သောင်းကျော် ကျယ်ဝန်းသော ချောက်နက်ကြီးတစ်ခုက ပိုင်းခြားထားခဲ့သည်။
ကြယ်ပြာဂြိုဟ်၏ သမုဒ္ဒရာ တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုကြောင့် ခမ်းခြောက်သွားပုံရသည်။
တစ်ချိန်က ပြာလဲ့နေခဲ့သည့် ဂြိုဟ်မှာ ယခုတွင် မွဲခြောက်နေခဲ့ပြီ ဖြစ်သည်။
ကြယ်ပြာဂြိုဟ်၏ ဟင်းလင်းပြင် အထက်တွင် တောင်တန်းကဲ့သို့သော အလောင်းပုံကြီးတစ်ပုံ တိတ်တဆိတ် မျောလွင့်နေလျက်ရှိပြီး၊ ၎င်းထံမှ သွေးများ စီးကျနေခဲ့ကာ၊ လေဟာနယ်ကိုပင် နီရဲသွားစေခဲ့သည်။
“ ဝှစ် “
ပုံရိပ်တစ်ခု ဖြတ်သန်းလာခဲ့သည်၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအလောင်းပုံကို တိတ်တဆိတ် ငေးကြည့်နေတော့သည်။
“ လက်သည်းရှစ်ခု “
တိကျွမ်းမှာလည်း ရောက်ရှိလာခဲ့ပြီး၊ အလောင်းတစ်လောင်းကို မြင်တွေ့သွားကာ၊ အမူအရာ မည်းမှောင်သွားခဲ့သည်။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ အလောင်း ပတ်ပတ်လည်တွင် အန္တိမနယ်မြေမှ အထွတ်အထိပ် ပညာရှင်တစ်ချို့နှင့် ကြယ်ပြာဂြိုဟ်မှ နဝမအဆင့် ပညာရှင်တစ်ချို့၏ အလောင်းများ ရှိနေခဲ့သည်။
“ နောက်ကျနေသေးတာပဲ “ တိကျွမ်းသည် သူလက်သီးများကို ဆုပ်ခဲကာ၊ အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံရိပ်လှုပ်ရှားသွားခဲ့ကာ၊ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်ပြာဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်
ယခုတွင် သူသည် ရှုကျိုးအဖြစ် အသွင်ပြောင်းထားခဲ့ပြီး၊ ကျောင်း၏ အပျက်အစီးပုံအတွင်းသို့ တိုးဝင်သွားခဲ့သည်။
ဤနေရာတွင် ယခုလေးတင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံရကာ၊ အဆောက်အဦးအားလုံး ပြိုကျပျက်စီးနေခဲ့သည်။
သို့ရာတွင် ရှုကျိုးသည် ထိုနေရာကို အာရုံခံမိသွားခဲ့ပြီး၊ ကျောင်းသူကျောင်းသားများနှင့် ဆရာများက များစွာမထိခိုက်သွားဘူးဆိုသည်ကို နားလည်သွားခဲ့သည်။
သို့သော် သူ၏မျက်ဝန်းများ လျင်မြန်စွာ ကျဥ်းမြောင်းသွားခဲ့ပြီး၊ သူသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားကာ၊ အရပ်မျက်နှာတစ်ဖက်သို့ ပြေးထွက်သွားတော့သည်။
တစ်ခဏ အကြာတွင် ရှုကျိုးသည် ပြိုကျပျက်စီးနေသော မိန်းကလေးအဆောင်အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဝင်ပေါက်တွင် အလောင်းတစ်လောင်း လဲလျောင်းနေလျက်ရှိသည်။
ရှုကျိုးမှ ၎င်းကို ဆွဲယူ၍ ကြည့်ရှုလိုက်ရာ၊ စက္ကူကဲ့သို့ ဖြူဖျော့နေသည့် မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်၊ ၎င်းမှာ သူ၏ဆရာ၊ လျူချင်းယွမ်ပင် ဖြစ်သည်။
သို့သော်ဤအချိန်၌ လျူချင်းယွမ်၏ ရင်ဘတ်တွင် စင်တီမီတာ ၃၀အရွယ်ရှိ သွေးစွန်းသော အပေါက်တစ်ခု ရှိနေခဲ့ပြီး၊ သူ၏ အသက်စွမ်းအားမှာလည်း ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် သူ၏စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သော်လည်း၊ လီရို့ရှီ(သို့) သူ၏မိဘများကို မည်သို့မျှ ရှာမတွေ့ခဲ့ပေ။
သူ၏မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်သွားခဲ့ပြီး၊ သူ၏မျက်လုံးများထဲတွင် အလင်းတန်းများ တောက်ပလာခဲ့သည်။
“ ဆွပ်ရှ် “
သူ၏ခြေထောက်အောက်တွင် တောက်ပသော မြစ်တစ်စင်း စီးဆင်းလာခဲ့ပြီး၊ ရှုကျိုးသည် ထိုအချိန်က ဖြစ်ရပ်များကို ခြေရာခံနေတော့သည်။
ဘုမ်းးး
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ် အတွင်း၌
ကြီးမားသော ဧရာမ လက်တစ်ဖက်သည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ပြီး၊ လီရို့ရှီရှိနေသည့် အဆောင်ကို ဆွဲယူသွားခဲ့သည်။
လီရို့ရှီအပြင် သူ၏မိဘများပါ ထိုနေရာတွင် ရှိနေခဲ့သည်။
ထိုအချိန်တွင် လျူချင်းယွမ်မှာ ရှုကျိုး၏ မိသားစုကို ကာကွယ်ပေးရန်အလို့ငှာ၊ လီရို့ရှီကို သူ့အနားတွင် ခေါ်ထားခဲ့သည်။
ထိုလက်ကြီးဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် သူနှင့် ဝုချင်းရှန်တို့ ချက်ချင်းရောက်လာခဲ့ပြီး၊ ၎င်းကို ခုခံရန် ကြိုးပမ်းနေကြသည်။
သို့သော် စွမ်းအားကင်းမဲ့နေပုံရသည့် ထိုလက်မှာ လျူချင်းယွမ်၏ စိတ်ဝိညာဥ်ကို ချက်ချင်းထိုးဖောက်သွားခဲ့သည်။
“ ချင်းယွမ် “
ဝုချင်းရှန်သည် ဝမ်းနည်းတကြီး အော်ဟစ်လာခဲ့သော်လည်း၊ မြေပြင်ပေါ်တွင် လဲကျနေသည့် အလောင်းတစ်ခုကိုသာ မြင်တွေ့သွားခဲ့သည်။
သူသည်လည်း ပြင်းထန်သော ဒဏ်ရာများကို ခံစားနေခဲ့ရသည်၊ ထိုလက်မှာ သူ့ကို ပစ်မှတ်မထားခဲ့သော်လည်း၊ ၎င်း၏ စွမ်းအင်လှိုင်းတို့မှာ ဝုချင်းရှန်၏ ခန္ဓာကိုယ်တစ်ဝက်ကို ပျက်စီးသွားစေကာ၊ ခရမ်းရောင် နန်းတော်ကို ပြိုကွဲသွားစေ၍၊ သူ၏ ရှေးဦးဝိညာဥ်ကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်သွားစေခဲ့သည်။
“ ဝှစ် ဝှစ် ဝှစ် “
ကျောင်းတွင် နေထိုင်သည့် အဌမအဆင့် ပညာရှင် တော်တော်များများမှာ ကူညီထောက်ပံ့ရန်အတွက် ကောင်းကင်ထက်သို့ ပျံတက်လာကြသည်။
သို့သော် ထိုအချိန်တွင် ဧရာမ လက်ကြီးက အနည်းငယ် လှုပ်ခါသွားခဲ့ပြီး၊ မမြင်နိုင်သော လှိုင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ဘမ်း ဘမ်း ဘမ်း
ချက်ချင်းဆိုသလိုပင် အဆိုပါ အဌမအဆင့် ပညာရှင်များ ပေါက်ကွဲထွက်သွားခဲ့သည်။
ထို့နောက်တွင် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ အဆောက်အဦး အားလုံး ပြိုကျသွားခဲ့သည်၊ ထိုဖိအားကို မည်သည့်အဆောက်အဦးကမှ တောင့်မခံနိုင်ခဲ့ပေ။
ဘုမ်းးး
မမြင်တွေ့ရသော အဖျက်အစီး စွမ်းအားလှိုင်းကို သယ်ဆောင်ထားသည့် ဧရာမလက်ကြီးသည် အဆောင်ကို ချေမွ၍ လီရို့ရှီ၊ ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့ကို သတ်ဖြတ်ခြင်းမပြုဘဲ၊ ဖမ်းဆီးသွားခဲ့သည်။
ထိုကဲ့သို့ ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ထိုလက်သည် ကောင်းကင်ထက်သို့ ပြန်တက်ကာ၊ ပျောက်ကွယ်သွားခဲ့သည်။
ရှုကျိုး၏ မျက်လုံးများထဲတွင် ရှိနေသည့် အလင်းတန်းများ မှိန်ဖျော့သွားခဲ့ပြီး၊ သူသည် ကောင်းကင်ဘုံကို အေးစက်စွာ စိုက်ကြည့်၍၊ သတ်ဖြတ်လိုစိတ်များ ဆူပွက်သွားခဲ့သည်။
“ ရှုကျိုး …….. မင်းမြန်မြန် ထွက်သွားမှ ဖြစ်မယ် “
အားနည်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ရှုကျိုးမှ ခေါင်းလှည့်ကြည့်လိုက်ရာ၊ မလှမ်းမကမ်းတွင် ဝုချင်းရှန်၏ ခန္ဓာကိုယ်တစ်ဝက်မှာ နံရံကို မှီကာ၊ သွေးအိုင်ထဲတွင် ရှိနေခဲ့သည်။
“ ဗွီ “
ရှုကျိုးသည် သူ၏လက်ကို မြှောက်၍၊ အသက်နှင့် မရဏ နိယာမကို အသက်သွင်းလိုက်ရာ၊ ကြွယ်ဝသော အသက်စွမ်းအားမှာ ဝုချင်းရှန်ကို ဖုံးလွှမ်းသွားခဲ့သည်။
သူ၏ ယခုလက်ရှိ နည်းလမ်းများမှာ အံ့ဖွယ်ကောင်းလောက်သည်အထိ အစွမ်းထက်နေခဲ့ပြီး၊ နဝမအဆင့် ပညာရှင်ကို ကုသရန်အတွက်ပင် စက္ကန့်ပိုင်းမျှသာ အချိန်ယူရမည် ဖြစ်သည်။
သို့သော် ရှုကျိုးသည် ဝုချင်းရှန်၏ ဒဏ်ရာများတွင် အန္တိမ နိယာမပါဝင်နေပြီး၊ ၎င်းက သူ၏ ကိုယ်တွင်းအဂ်ါများနှင့် ရှေးဦးဝိညာဥ်တို့အား တိုက်စားနေသည်ကို လျင်မြန်စွာ အာရုံခံမိသွားခဲ့သည်။ အကယ်၍ ရှုကျိုးကသာ နှောင့်နှေးနေခဲ့မည်ဆိုပါက၊ ဝုချင်းရှန်မှာ သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။
ရှုကျိုး၏ လက်အတွင်းမှ ဖရိုဖရဲ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဖန်တီးခြင်း နိယာမ
၎င်းသည် ကမ္ဘာများနှင့် အသက်စွမ်းအားကို ဖန်တီးပေးနိုင်ပေသည်။
ကိုယ်တွင်းအဂ်ါ အသစ်များ(သို့) ရှေးဦးဝိညာဥ် အသစ် ဖန်တီးခြင်းမှာလည်း စိန်ခေါ်မှုတစ်ခု ဟုတ်မနေခဲ့ပေ။
သူ့ဖန်တီးခြင်း နိယာမ၏ လွှမ်းမိုးမှုအောက်တွင်၊ ဝုချင်းရှန်၏ ပျက်စီးသွားသော ခန္ဓာကိုယ်မှာ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။
အသက်ရှူကြိမ်အနည်းငယ် အတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြန်လည်ကောင်းမွန်လာခဲ့သည်။
“ ရှုကျိုး၊ ငါတို့ တာဝန်မကျေခဲ့ဘူး ….. “
ဝုချင်းရှန်သည် မြေပြင်ပေါ် လဲကျသွားကာ မျက်လုံးများ စိုစွတ်သွားခဲ့သည် “ ကြောက်စရာကောင်းတဲ့ လက်တစ်ဖက်က ကောင်းကင်ပေါ်ကနေ ဆင်းလာပြီးတော့၊ မင်းရဲ့ မိဘတွေနဲ့ လီရို့ရှီကို ဖမ်းသွားတယ်၊ ချင်းယွမ်နဲ့ ငါ ……… သူတို့ကို မတားနိုင်ခဲ့ဘူး “
“ မြန်မြန်ပြေးတော့၊ သူတို့က မင်းအတွက် ရောက်လာကြတာ “
ရှုကျိုးသည် လျူချင်းယွမ်၏ အလောင်းကို ကြည့်နေခဲ့သည်၊ ထို့နောက်တွင် ဗလာဖြစ်နေသည့် အဆောင်ကို ကြည့်နေခဲ့ပြီး၊ သူ့မျက်လုံးများထဲတွင် ရှိနေသည့် ဝမ်းနည်းမှုများကို မည်သို့မျှ မဖိနှိပ်ထားနိုင်တော့ပေ။
ရုတ်တရက်ဆိုသလိုပင်
သူ၏ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့သည်။
သို့သော် ၎င်းမှာ လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ရှုကျိုးသည် လျူချင်းယွမ်၏ ခန္ဓာကိုယ်ကို ဂရုတစိုက် ကောက်ယူလိုက်ပြီး၊ အန္တိမ အထွတ်အထိပ် ရတနာတစ်ခုနှင့် ချိတ်ပိတ်ထားလိုက်သည်။
“ ဆရာ မသေဘူး။ ကျွန်တော် အဲ့နယ်ပယ်ကို အဆင့်တက်ပြီးတော့ သူ့ကို ပြန်ခေါ်မယ် “
ရှုကျိုး၏ အသံမှာ အလွန်တရာ တည်ငြိမ်နေလွန်းနေခဲ့ပြီး၊ တည်ငြိမ်လွန်းသဖြင့် အဖိအနှိပ်ခံနေရသည်ဟုပင် ခံစားသွားရစေခဲ့သည်။
သို့သော် ၎င်းမှာ မည်သို့မျှ ယိမ်းယိုင်မနေခဲ့ပေ။
အန္တိမ အထွတ်အထိပ်က မလုံလောက်ဘူးဆိုရင်၊ အန္တိမနယ်ပယ်ကို သွားမယ်
အန္တိမနယ်ပယ်က မလုံလောက်ဘူးဆိုရင်၊ ကျော်ဖြတ်မယ်
ရှုကျိုး၏ အမူအရာက အလွန်တရာ အေးအေးတည်ငြိမ်နေသော်လည်း၊ သူ၏မျက်လုံးများအတွင်းတွင် ရှိနေသည့် သတ်ဖြတ်လိုစိတ်ကမူ အချိန်နှင့်အမျှ သိပ်သည်းမြင့်တက်လာနေခဲ့သည်။
သူ၏စိတ်စွမ်းအား ပျံ့လွင့်သွားခဲ့ပြီး၊ ကွမ်ဟန်တက္ကသိုလ်၏ မည်သည့်ကျောင်းသားကျောင်းသူကမှ မထိခိုက်သွားဘူးဆိုသည်ကို စစ်ဆေးလိုက်ပြီး၊ ၎င်းကို ချက်ချင်း အတည်ပြုနိုင်ခဲ့သည်။
ထိုအချိန်မှသာလျှင် သူသည် အဖြစ်အပျက်များကို အပြည့်အဝ နားလည်သွားခဲ့သည်။
ကျူးကျော်သူများ၏ ရည်ရွယ်ချက်မှာ အလွန်တရာ ရိုးရှင်းနေခဲ့ပြီး၊ သူ၏ အနီးစပ်ဆုံး ဆွေမျိုးများကို ဖမ်းဆီးရန်သာ ဖြစ်နေခဲ့သည်။
လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးဖြစ်စေ၊ နဝမအဆင့် ပညာရှင်များဖြစ်စေ၊ သူ၏ဆရာ၊ လျူချင်းယွမ်ပင်ဖြစ်စေ၊ သူတို့ကို တားဆီးရန် ကြိုးစားခဲ့သူတိုင်းမှာ သေဆုံးသွားခဲ့ရသည်။
“ အမှောင်နယ်မြေ …….. အရမ်းကောင်းတယ်၊ ငါလာပြီ “
ရှုကျိုးမှ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ မိုင်သန်းနှင့်ချီ၍ ရှည်လျားသော ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခု ပွင့်ထွက်လာခဲ့ပြီး၊ ဥက္ကာပျံတစ်လုံးကဲ့သို့ ပြေးထွက်သွားတော့သည်။
ကြယ်ပြာဂြိုဟ်ပေါ်တွင် အမှောင်နယ်မြေ၏ မည်သည့် အစွမ်းထက် ပညာရှင်မှ မရှိတော့ပေ။
ကြယ်ပြာဂြိုဟ်၏ ထိပ်တန်း ပညာရှင်များကို အနိုင်ယူခဲ့ကာ၊ လီရို့ရှီနှင့် တစ်ခြားလူများကို ဖမ်းဆီးခဲ့ပြီးသည့်နောက်၌၊ ဤနေရာတွင် ကြာကြာမနေတော့ဘဲ၊ အမှောင်နယ်မြေသို့ ပြန်သွားခဲ့သည့်ပုံပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုကျိုးသည် မိုင်သောင်းချီ ကျယ်ဝန်းသော ဂိတ်တံခါးဝဆီသို့ ရောက်ရှိလာခဲ့သည်။
“ မိတ်ဆွေ။ အလျင်စလို မလုပ်နဲ့ “
တိကျွမ်းသည် ဂိတ်တံခါးဝတွင် ရပ်နေကာ၊ အော်ပြောလာခဲ့သည်။
သူသည် ရှုကျိုးနှင့် ကြယ်တာရာ T-Rex နတ်ဘုရားက တစ်ယောက်တည်းဆိုသည်ကို သိနေခဲ့ပြီ ဖြစ်သည်။
သို့သော် ယခုလက်ရှိ အချိန်မှာ ထိုအကြောင်းကို ပြောရမည့် အချိန်မဟုတ်ပေ။
အန္တိမ အထွတ်အထိပ် ပညာရှင်ဖြစ်သည့်အလျောက်၊ သူသည် ရှုကျိုး၏ အတွေ့အကြုံများနှင့် သူက အမှောင်နယ်မြေသို့ လိုက်သွားရန် ကြံရွယ်နေကြောင်းကို နားလည်နေခဲ့သည်။
“ သူတို့က မင်းကို အမှောင်နယ်မြေထဲကို ဆွဲဆောင်ဖို့အတွက် သူတို့ကို ဖမ်းသွားတာ “
တိကျွမ်းမှ မာမာထန်ထန် သတိပေးလာခဲ့သည် “ ဒီမှာက ငါတို့အတွက် အခွင့်အရေး ရှိနေတုန်းပဲ၊ ဒါပင်မဲ့ အမှောင်နယ်မြေမှာဆိုရင်တော့၊ အန္တိမ ပညာရှင်ကို မင်းဘယ်လိုရင်ဆိုင်မှာလဲ “
အမှောင်နယ်မြေ လမ်းကြောင်းမှတစ်ဆင့် ရောက်လာကြသော်လည်း၊ သူတို့၏ အဆင့်က အန္တိမနယ်မြေထပ် ပိုမိုအဆင့်မြင့်နေသည်မှာ သိသာလှသည်။
အန္တိမ အထွတ်အထိပ်အဆင့်၌ မတိုက်ခိုက်ဘဲ၊ ပြိုင်ဘက်၏ ခွန်အားကို မှန်းဆသိမြင်နိုင်ပေသည်။
တိကျွမ်းသည် သူ့ကို ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ငါတို့အားလုံး သေချင်သေလို့ရတယ် မင်းကတော့ မရဘူး “
“ ငါတို့က မင်းအတွက် တိုက်ခိုက်ပေးလို့ရတယ်၊ ဒါပင်မဲ့ မင်းက ကြယ်ပြာဂြိုဟ်မှာနေပြီးတော့၊ ဒီနေရာကို ကာကွယ်မှဖြစ်မယ် “
“ အမှောင်နယ်မြေက ….. ငါတို့နဲ့အတူ အဆုံးသတ်ရမယ် “