← Chapters

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

အခန်း (၇၁၂-၇၁၄)

Vol. 48 Ch. 712-714

အပိုင်း ( 712 )

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရပ်တန့်၍ မရသော

ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ အဲ့လိုလုပ်ဖို့ မလိုပါဘူး။ မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါ့ကို မယှဥ်နိုင်ဘူး၊ မင်းတို့က အမှောင်နယ်မြေ ဖိနှိပ်တာကို ခံရလိမ့်မယ်။ အဲ့ကို သွားတာက မင်းတို့အသက်တွေကို မြောင်းထဲလွှင့်ပစ်လိုက်တာပဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ရှုကျိုး၏ စကားက လုံးဝမှန်ကန်နေသောကြောင့် ဖြစ်သည်။

အကယ်၍ သူတို့ခုနစ်ယောက်စလုံးက ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင်မှ၊ ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားကို မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

တိကျွမ်းသည် အံတကြိတ်ကြိတ်ဖြင့် လက်သီးဆုပ်၍ ပြန်ပြောလာခဲ့သည် “ ရှုကျိုး။ မင်းက ဒီကိစ္စကို တကယ်ကြီး လုပ်မလို့လား။ လက်သည်းရှစ်ခုလည်း ကျသွားပြီး။ မင်းကိုလည်း ငါ …….. “

ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ ထပ်ပြောနေဖို့ မလိုဘူး၊ ငါဆုံးဖြတ်ခဲ့ပြီးပြီ “

သူ၏မိဘများနှင့် လီရို့ရှီတို့က အမှောင်နယ်မြေသို့ အဖမ်းခံသွားရသောကြောင့်၊ ၎င်းကို သူမည်သို့မျှ မျက်ကွယ်ပြုမည် မဟုတ်ပေ။

“ အန္တိမနယ်မြေက လူတွေကို ချက်ချင်းနေရာရွှေ့ခိုင်းလိုက်၊ အဲ့တာကို ငါယူသွားမယ် “ ဟု ရှုကျိုးမှ အမိန့်ပေးလာခဲ့သည်။

အန္တိမနယ်မြေကိုယ်တိုင်က အဆင့်မြင့် မှော်ရတနာတစ်ခုဖြစ်သည်။

၎င်းနှင့်သာဆိုပါက၊ ရှုကျိုးသည် အမှောင်နယ်မြေသို့ ရောက်ရှိသွားသည့်နောက်မှာပင်၊ နယ်မြေဖိနှိပ်မှုကို ခံရတော့မည် မဟုတ်ပေ။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူငယ်မျက်နှာ အကြီးအကဲ၊ လျူမေ့နှင့် တစ်ခြားလူများသည် အန္တိမနယ်မြေဆီသို့ ချက်ချင်း ပြန်သွားကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြတော့သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်တို့၏ အားထုတ်မှုနှင့်သာဆိုပါက ထိုကဲ့သို့သော ကိစ္စမျိုးအား မိနစ်ပိုင်းအတွင်းမှာပင် အပြီးသတ်နိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် အန္တိမနယ်မြေတွင် ရှိနေသည့် လူဦးရေမှာ အလွန်တရာ များပြားမနေခဲ့ပေ။

မိနစ်ပိုင်းမျှအကြာတွင် အန္တိမနယ်မြေမှ လူအားလုံးမှာ မူလနယ်မြေဆီသို့ ပြန်လည်ရောက်ရှိသွားကြပြီ ဖြစ်သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်များကို ထိန်းချုပ်ထားသောကြောင့် ရှုကျိုးသည် အန္တိမနယ်မြေ၏ ပညာရှင်များက ကြယ်ပြာဂြိုဟ်ပေါ်တွင် ပြဿနာရှာမည်ကို မည်သို့မျှ စိုးရိမ်မနေခဲ့ပေ။

အရာအားလုံးကို စီစဥ်ပေးခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အန္တိမနယ်မြေအတွင်းသို့ ဝင်သွားတော့သည်။

မထွက်သွားခင် အချိန်တွင် ရှုကျိုးမှ အမိန့်ပေးလာခဲ့သည် “ မင်းတို့က ကြယ်ပြာဂြိုဟ်ကို ကာကွယ်ရမယ် “

“ ဟုတ်ကဲ့ “

အန္တိမ အထွတ်အထိပ် ပညာရှင် အားလုံးမှာ တစ်ပြိုင်နက် တုံ့ပြန်လာခဲ့သည်။

တိကျွမ်းမှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ တာအိုရောင်းရင်း၊ ဂရုစိုက် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ထို့နောက်တွင် သူသည် ကြယ်တာရာ T-Rex နတ်ဘုရားအဖြစ် အသွင်ပြန်ပြောင်းကာ၊ အန္တိမနယ်မြေကို ထိန်းချုပ်၍ အမှောင်နယ်မြေလမ်းကြောင်းဆီသို့ တိုးဝင်သွားတော့သည်။

တစ်ခဏအကြာတွင်

“ ဘုမ်းးး “

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက အမှောင်နယ်မြေသို့ ရောက်ရှိလာပြီဟု ချက်ချင်းနားလည်သွားခဲ့သည်။

…

အမှောင်နယ်မြေသို့ ရောက်ရှိလာသည့် အချိန်တွင်

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကမ္ဘာဖိအားက သူ့အား ဖိချနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

အဆိုပါ ဖိအားသည် ကမ္ဘာမူလ၏ စိတ်ဆန္ဒကို သယ်ဆောင်ထားပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင်များကိုပင် သိသိသာသာ ထိခိုက်သွားစေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် အန္တိမနယ်မြေရှိနေခဲ့ပြီး၊ ၎င်းသည် ထိုဖိအားကို ခုခံနိုင်ရန် သူ့ကို ကူညီပေးနေခဲ့သည်။

“ ဗွီ “

လေဟာနယ်အတွင်း၌ ကမ္ဘာနှစ်ခု၏ စိတ်ဆန္ဒများ ထိပ်တိုက်ရင်ဆိုင်ကာ တိုက်ခိုက်နေကြတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ပတ်ဝန်းကျင်ကို အာရုံခံနေခဲ့ပြီး၊ သူက အန္တိမနယ်မြေ၏ အချင်းဝက် အတွင်းတွင် ရှိနေသရွေ့၊ သူ၏ခွန်အားက မလျော့ကျသွားဘူးဆိုသည်ကို သိရှိသွားခဲ့သည်။

“ အဲ့အချိန်တုန်းက လူသားဧကရာဇ်နဲ့ အောင်းချန်ကလည်း ဒီလိုနည်းလမ်းကို သုံးပြီးတော့ အမှောင်နယ်မြေထဲမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ရမယ် “ ကြယ်တာရာ T-Rex နတ်ဘုရားသည် ပတ်ဝန်းကျင်အကြောင်း မှန်းဆတွက်ချက်နေခဲ့သည်။

ထိုကဲ့သို့သာ မလုပ်ဘူးဆိုပါက နယ်မြေဖိနှိပ်မှုအောက်တွင် အကြီးစား တိုက်ခိုက်မှုများ ပြုလုပ်ရန် ခက်ခဲသွားမည် ဖြစ်သည်။

“ ဝှစ် “

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံရိပ် လှုပ်ရှားသွားပြီး၊ အန္တိမနယ်မြေအတွင်းမှ ထွက်ခွာလာခဲ့သည်။

ပြီးပြည့်စုံသော ကမ္ဘာတစ်ခုဖြစ်သည့်အလျောက် အန္တိမနယ်မြေကို ကမ္ဘာစွမ်းအားဖြင့် ဖုံးလွှမ်းနေလျက်ရှိပြီး၊ သူကသာ ဤနေရာအတွင်းတွင် ရှိနေသရွေ့၊ သူသည် သူ၏၏ ခွန်အားကို အပြည့်အဝ ထုတ်သုံးနိုင်မည် ဖြစ်သည်။

အရှေ့ဘက်တွင် ရှိနေသည့် အမှောင်နယ်မြေကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ အေးစက်သွားခဲ့သည်။

ကတ္တရာအလား မည်းနက်နေသည့် အမှောင်ထု

အဆိုပါ အမှောင်ထုသည် အမြင်အာရုံကိုသာလျှင် မဟုတ်ဘဲ၊ စိတ်စွမ်းအားကိုပါ ပိတ်ဆို့နိုင်ပေသည်။

အထွတ်အထိပ်အဆင့်အောက်မှ ပညာရှင်များက ဤနေရာသို့ ရောက်လာမည်ဆိုပါက၊ သူတို့သည် စိတ်စွမ်းအားကို အသုံးပြုမည်ဆိုလျှင်တောင်မှ၊ လမ်းကို မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး၊ သူ၏ အမြင်အာရုံမှာလည်း အမှောင်ထု၏ မိုင်ထောင်ပေါင်းများစွာအထိ ထိုးဖောက်နေနိုင်ခဲ့သည်။

“ ဗွီ “

သူ၏စိတ်စွမ်းအားသည် မိုင်သန်းဂဏန်းအထိ ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

“ ဒါက … တိုက်ကြီးတစ်တိုက်လား “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

အမှောင်နယ်မြေမှာ သူမှန်းဆထားခဲ့သည့် အမှောင်စကြာဝဠာ(သို့) အဆုံးမဲ့ ဟင်းလင်းပြင် ဟုတ်မနေခဲ့ဘဲ၊ အစစ်အမှန် ကုန်းမြေတစ်ခု ဖြစ်နေခဲ့သည်။

သို့သော် မြေပြင်မှာ အလွန်တရာ ကျယ်ပြန့်နေခဲ့သောကြောင့် ကြယ်တာရာ T-Rex နတ်ဘုရား၏ စုံစမ်းစစ်ဆေးမှု အမြန်နှုန်းက မိုင်သန်းနှင့်ချီသော အကွာအဝေးသို့ ချက်ချင်း ဖုံးလွှမ်းသွားခဲ့သော်လည်၊ အဆုံးသတ်ကို မမြင်ခဲ့ရပေ။

အထူးဆန်းဆုံး အရာမှာ ထိုဧရိယာအတွင်းတွင် မည်သည့်သက်ရှိသတ္တဝါမှ ရှိမနေခြင်းပင် ဖြစ်သည်။

၎င်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခုဖြစ်သည်။

၎င်းမှာ ဤနေရာက လူမနေသော ဒေသတစ်ခုဟု ညွှန်းဆိုနေရုံတင် မဟုတ်ဘဲ၊ ဤတိုက်ကြီးက အဆမတန် ကြီးမားကျယ်ဝန်းလွန်းသည်ဆိုသည်ကိုပါ သက်သေပြုနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား မျက်မှောင်ကြုတ်သွားခဲ့သည်၊ အဆိုပါ အချက်အလက်မှာ သူ့အတွက် သတင်းကောင်းတစ်ခု ဟုတ်မနေခဲ့ပေ၊ ဤတိုက်ကြီးအတွင်းတွင် သူ၏မိဘများနှင့် လီရို့ရှီတို့ကို ရှာဖွေခြင်းမှာ ကောက်ရိုးပုံထဲတွင် အပ်ရှာရသည့်အလား ဖြစ်နေမည် ဖြစ်သည်။

တစ်ခဏအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ သူ၏လျှာဖျားကို ကိုက်လိုက်သည်။

သွေးအဆီအနှစ်တစ်စက် ပေါ်ထွက်လာခဲ့သည်။

“ သွေးမျိုးဆက် နည်းစနစ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်များဖြင့် နတ်စွမ်းအား အမှတ်အသား တစ်ခု ဖန်တီးလိုက်ကာ၊ သူ၏ကိုယ်ပိုင် သွေးမျိုးဆက် အသုံးပြု၍ ထိုလူသုံးဦးကို ရှာဖွေရန် ကြံရွယ်နေတော့သည်။

လီယန်ဖင်းနှင့် လီရို့ရှီတို့က သူနှင့် သွေးသားမတော်စပ်သော်လည်း၊ ရှုတျန်ဟိုင်ကမူ သူ၏အဖေအရင်း ဖြစ်နေသည့်အတွက် သွေးမျိုးဆက် နည်းစနစ်ဖြင့် သူတို့ကို ရှာဖွေနိုင်ရန် အခွင့်အလမ်းတစ်ခု ရှိနေခဲ့သည်။

ဗွီ

တစ်ခဏ အကြာတွင် သွေးအဆီအနှစ် တောက်ပလာခဲ့ပြီး၊ ရှုတျန်ဟိုင်၏ သဲလွန်စများကို ရှာဖွေနေတော့သည်။

အဆိုပါ နည်းလမ်းမှာ စိတ်စွမ်းအားကို အသုံးပြုခြင်းထပ် ပိုမိုမြန်ဆန်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မီလီယံ ဆယ်နှင့်ချီသော အကွာအဝေး အတွင်းမှ၊ ဘီလီယံ ဆယ်နှင့်ချီသော အကွာအ‌ဝေးအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

စက္ကန့်ပိုင်းမျှ အကြာတွင်

“ ဗွီ ဗွီ “

သွေးအဆီအနှစ်မှာ အသာအယာ တုန်ခါလာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ရုတ်တရုတ် မျက်လုံးဖွင့်လာခဲ့သည်။

သူသည် ရှုတျန်ဟိုင်၏ တည်နေရာကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။

သို့သော် …….. ၎င်းသည် ဤနေရာနှင့် မိုင်ပေါင်း ထရီလီယံနှင့်ချီ၍ ဝေးကွာနေခဲ့သည်။

၎င်းမှာ အမှောင်နယ်မြေ၏ အတွင်းပိုင်း ဖြစ်သည်။

“ ဆရာ၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့နော် “

ရွှေရောင်မီးလျှံ ပျံထွက်လာခဲ့ပြီး၊ အလွန်တရာ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် စကားပြောလာခဲ့သည်။

“ အမှောင်နယ်မြေရဲ့ ပညာရှင်တွေဆီမှာက ရည်မှန်းချက်တစ်ခုပဲရှိတယ်၊ အဲ့တာက ရှင့်ကို အမှောင်နယ်မြေ အတွင်းပိုင်းကို ဆွဲခေါ်ပြီးတော့ ချုံခိုတိုက်ခိုက်တာပဲ “

အကယ်၍ ဤနေရာတွင် တိုက်ခိုက်ကြမည်ဆိုပါက၊ ကြယ်တာရာ T-Rex နတ်ဘုရားမှာ မူလနယ်မြေဆီသို့ အချိန်မရွေး ပြန်သွားနိုင်ပေသည်။

သို့သော် အမှောင်နယ်မြေ အတွင်းပိုင်းသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် မူလနယ်မြေသို့ ပြန်သွားရန်မှာ အလွန်တရာ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ၎င်းကို ကောင်းစွာနားလည်နေခဲ့သည်။

သို့ရာတွင် ဤနေရာသို့ ရောက်လာခဲ့ပြီဖြစ်သောကြောင့်၊ သူသည် အဆုံးထိ တိုက်ပွဲဝင်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

“ သတ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အားကောင်းပြင်းထန်လွန်းလှသည့် သတ်ဖြတ်လိုစိတ်နှင့်အတူ အရှေ့သို့ ပြေးတက်သွားကာ၊ အဆုံးမဲ့ အမှောင်ထုအတွင်းသို့ တိုးဝင်သွားတော့သည်။

“ ဝှစ် “

သူသည် လျင်မြန်စွာ ရွေ့လျားနေခဲ့ပြီး၊ ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းမှာ မိုင်သန်းဂဏန်းကို ကျော်ဖြတ်သွားခဲ့သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 713 )

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရပ်တန့်၍ မရသော ၂

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုကဲ့သို့သော အမြန်နှုန်းကပင် အတော်လေး နှေးကွေးသည်ဟု ထင်နေခဲ့သည်။

ထို့ကြောင့် သူသည် ကမ္ဘာစွမ်းအားဖြင့် မောင်းနှင်သည့် အန္တိမ နယ်မြေအတွင်းသို့ ဝင်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာ မိုင်ဘီလီယံချီ ဝေးကွာသော နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

မိုင်ဘီလီယံနှင့်ချီသော အကွာအဝေးက အလွန်တရာ ဝေးကွာနေပုံရသည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ အရှိန်ကုန်တင်၍ သွားလာနေခဲ့ပြီး၊ မိနစ်ဝက်အတွင်းမှာ သူ၏အလိုရှိသည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

“ ဝှစ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှာ အန္တိမနယ်မြေအတွင်းမှ ထွက်လာခဲ့သည်။

သူ့ရှေ့တွင် ခမ်းနားထည်ဝါသော ခံတပ်တစ်ခု ရှိနေခဲ့သည်၊ ၎င်း၏ အရွယ်အစားမှာ အလွန်တရာ ကြီးမားနေခဲ့ပြီး၊ အဆုံးမဲ့ မြေပြင်ကျယ်ပေါ်တွင် တည်ရှိနေခဲ့သည်။

ခံတပ်တစ်ခုလုံး မည်းနက်နေလျက်ရှိပြီး၊ ကီလိုမီတာ သန်းနှင့်ချီသော အကွာအဝေးအထိ ဖုံးလွှမ်းနေခဲ့ကာ၊ မြင့်မားသော မျှော်စင်များကိုပါ မြင်တွေ့နေခဲ့ရသည်။

မျှော်စင်တစ်ခုချင်းစီတိုင်းမှာ မီတာတစ်သောင်းကျော် မြင့်မားနေလျက်ရှိသည်။

၎င်းတို့အနက်မှ မျှော်စင်တစ်ခုအတွင်းတွင် အဆင့်မြင့် အထွတ်အထိပ်ထပ် အားမနည်းသည့် အရှိန်အဝါတစ်ခုက ထိန်းချုပ်ကွပ်ကဲနေခဲ့သည်။

အဝေးမှ လှမ်းကြည့်လိုက်မည်ဆိုပါက၊ ထိုကဲ့သို့သော မျှော်စင်မျိုး အခုတစ်ရာကျော် ရှိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

၎င်းတို့အနက် အခမ်းနားဖြစ်နေသည့် မျှော်စင်ဆယ်ခုမှာ ကျီးကန်းအုပ်အတွင်းသို့ ရောက်ရှိနေသည့် ဟသ်ာများသဖွယ် ထင်ထင်ရှားရှား ရှိနေခဲ့ပြီး၊ ကောင်းကင်ထောက်တိုင်များကဲ့သို့ မိုးထိတိုင်အောင် မြင့်မားနေခဲ့သည်။

အဆိုပါ မျှော်စင်တစ်ခုချင်းစီတိုင်းထံတွင် အလွန်တရာ အားကောင်းသော အရှိန်အဝါများ ရှိနေခဲ့သည်။

အန္တိမ အထွတ်အထိပ်

“ အန္တိမ အထွတ်အထိပ် ဆယ်ယောက်၊ အဆင့်မြင့် အထွတ်အထိပ် အယောက်တစ်ရာ “

ရွှေရောင်မီးလျှံသည် ထိုမြင်ကွင်းကို မြင်တွေ့သွားကာ၊ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည် “ ဒီခံတပ်တွေက အခုမှဆောက်ထားတဲ့ပုံပဲ၊ သူတို့က ရှင်လာမယ်ဆိုတာကို သိနေပြီးတော့၊ ရှင့်ကို စောင့်ဖို့အတွက် ဒီနေရာမှာ ဒီလိုခံတပ်တွေကို အလောတကြီး ဆောက်ထားခဲ့ကြတာပဲ “

သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုမျှော်စင်များကို အာရုံစိုက်မနေခဲ့ပေ။

သူ၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့ တောက်ပနေပြီး၊ ကမ္ဘာအတွင်းရှိ အရာအားလုံးကို တစ်ချက်မျှ ကြည့်ရှုရုံဖြင့် မြင်တွေ့နေခဲ့ရသည်။

တစ်ခဏ အကြာတွင် သူ၏အကြည့်မှာ ခရမ်းနက်ရောင် မျှော်စင်ထံသို့ ရောက်ရှိသွားခဲ့သည်။

“ အဖေ “

ကြယ်တာရာ T-Rex နတ်ဘုရားမှာ ရှုတျန်ဟိုင်ကို မြင်တွေ့သွားခဲ့သည်။

သူနှင့်အတူ လီယန်ဖင်းနှင့် လီရို့ရှီတို့ပါ ရှိနေခဲ့ပြီး၊ သူတို့သုံးဦးစလုံးမှာ ထိုမျှော်စင်အတွင်းတွင် ဖမ်းချုပ်ခံထားကြရသည်။

သူတို့သုံးဦးစလုံး သတိလစ်နေကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှာ ထူးဆန်းသော အနက်ရောင် ကျိန်စာတို့ဖြင့် ဖုံးလွှမ်းနေလျက်ရှိကာ၊ ၎င်းတို့က အသွေးသားနှင့် ရှေးဦးဝိညာဥ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍၊ သူတို့၏ သွေးမျိုးဆက်များကို တိုက်စားနေလျက်ရှိသည်။

အဆိုပါ ကျိန်စာများသည် အန္တိမ ပညာရှင်မှ ချမှတ်ထားခြင်း ဖြစ်ပြီး၊ ဆွေမျိုးများမှတစ်ဆင့် ရှုကျိုးကို ကျိန်စာတိုက်ကာ၊ သူ၏ ခွန်အားကို လျော့ကျသွားစေရန် ကြံရွယ်နေခြင်း ဖြစ်သည်။

အဆိုပါ ကျိန်စာများသည် လီယန်ဖင်းနှင့် ရှုတျန်ဟိုင်တို့အတွက် အလွန်တရာ ပြင်းထန်နေခဲ့ပြီး၊ သူတို့သည် အသက်ရှင်နေသည်ဆိုရုံမျှသာ ဖြစ်နေခဲ့သည်၊ သို့သော် အန္တိမ ပညာရှင်သည် နည်းလမ်းတစ်ချို့ကို အသုံးပြုကာ ကျိန်စာကို ဆွဲဆန့်ထားပုံရသည်။

ထို့ကြောင့် သူတို့ခံစားနေရသည့် နာကျင်မှုမှာ အလွန်တရာ ပြင်းထန်ခဲ့သည်၊ သေချင်စိတ်ရှိလျှင်တောင် မသေနိုင်သော ဘဝမျိုးသို့ ရောက်နေခဲ့လေသည်။

ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏သွေးမျိုးဆက် အတွင်းတွင် ရှိနေခဲ့သည့် အနက်ရောင်စွမ်းအင်အပိုင်းအစကို ပြန်၍အမှတ်ရသွားခဲ့သည်။

အဆိုပါ အနက်ရောင် စွမ်းအင်က ဤကျိန်စာထံမှ ဆင်းသက်လာပုံရသည်။

အကယ်၍ သူကသာ စကြာဝဠာ နိယာမကို မဖန်တီးနိုင်ခဲ့ဘူးဆိုပါက၊ ထိုကျိန်စာကြောင့် သူ၏စွမ်းအားမှာ သိသိသာသာ လျော့ကျသွားခဲ့မည် ဖြစ်သည်။

“ သတ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့သည်။

ဤအချိန်၌ သူ၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ် တစ်ခုသာလျှင် ရှိနေခဲ့သည်။

“ ဆွစ်ရှ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံရိပ်သည် လျှပ်စီးတန်းတစ်ခုသဖွယ် အသွင်ပြောင်းသွားပြီး၊ ခရမ်းနက်ရောင် မျှော်စင်ဆီသို့ ပြေးဝင်သွားတော့သည်။

“ ဘုမ်း ဝုန်း ဘုမ်း “

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများမှာ ခံတပ်အတွင်းမှ ပေါက်ထွက်လာခဲ့သည်။

၎င်းမှာ အဆင့်မြင့် အထွတ်အထိပ် ပညာရှင် အယောက်တစ်ရာကျော်နှင့် အန္တိမ အထွတ်အထိပ် ပညာရှင်ဆယ်ယောက်ဖြင့် ဖွဲ့စည်းထားသော ခံတပ်တစ်ခု ဖြစ်သည်။

ထိုကဲ့သို့သော အင်အားမျိုးမှာ ကြယ်ပြာဂြိုဟ်တစ်ခုလုံးကို အမှုန့်ကြိတ်ရန် လုံလောက်သည်ထပ်ပင် ပိုနေသေးသည်။

ဝှစ် ဝှစ် ဝှစ်

ကောင်းကင်ထက်သို့ အလင်းတန်းများ ထောင်တက်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ ဥက္ကာပျံများအလား ကျဆင်းလာခဲ့သည်။

မည်းနက်နေသည့် ကောင်းကင်ယံမှာ တစ်ခဏခန့် တောက်ပ၊ လင်းထိန်သွားခဲ့သည်။

အဆိုပါ အလင်းတန်းတစ်ခုချင်းစီတိုင်းထံတွင် ကြောက်မက်ဖွယ်ရာ နိယာမ စွမ်းအားများ ပါဝင်နေခဲ့ပြီး၊ တစ်ချို့တွင် အန္တိမ နိယာမ စွမ်းအားပင် ပါဝင်နေခဲ့သည်။

ရာနှင့်ချီသော အလင်းတန်းတို့မှာ ကြယ်တာရာ T-Rex နတ်ဘုရားကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါတွင် အန္တိမ အထွတ်အထိပ် ပညာရှင်ကပင် ဒဏ်ရာ အပြင်းအထန်ရရှိခြင်း(သို့) သေဆုံးခြင်းတို့ ဖြစ်သွားနိုင်ပေသည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းအကြာတွင်

“ ဘုမ်းးး “

ကောင်းကင်ထက်မှ ရွှေရောင်လက်ဝါးကြီးတစ်ခု ဆင်းသက်လာခဲ့ပြီး၊ အဆိုပါ မျှော်စင်များကို ချေမွသွားတော့သည်။

လက်ဝါးတစ်ချက်မျှသာ ဖြစ်နေခဲ့သော်လည်း၊ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်ထားပြီး၊ မိုင်သောင်းချီ ဧရိယာအတွင်းရှိ ဟင်းလင်းပြင်ကို ချက်ချင်း ပြိုကွဲသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းအောက်ရှိ မျှော်စင်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားခဲ့သည်။

ဘမ်း ဘမ်း ဘမ်း

တစ်စက္ကန့်မပြည့်ခင် အချိန်အတွင်းမှာပင် အဆင့်မြင့် ပညာရှင် အများအပြားမှာ သွေးမြူထုများအဖြစ် ပေါက်သွားခဲ့ပြီး၊ မည်သည့်ရှေးဦးဝိညာဥ်မှ ကျန်မနေခဲ့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် အလင်းတန်းထံမှ ပြေးထွက်လာခဲ့ပြီး၊ သူ့ကိုယ်သူ ပါးလွှာသော ဖရိုဖရဲ အလင်းလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်သည်။

အဆိုပါ အလင်းလွှာက ပါးလွှာနေခဲ့သော်လည်း၊ သူ့အား ရာနှင့်ချီသော တိုက်ခိုက်မှုများထံမှ ခုခံကာကွယ်ပေးခဲ့သည်။

၎င်းမှာ စကြာဝဠာ နိယာမပင် ဖြစ်သည်။

စကြာဝဠာ နိယာမ၏ ကာကွယ်ပေးမှုကြောင့် နောက်ထပ် အန္တိမ အထွတ်အထိပ် ပညာရှင်ဆယ်ဦး ရှိနေမည်ဆိုလျှင်တောင်မှ၊ သူတို့သည် သူ့ကို မည်သို့မျှ ထိခိုက်အောင် လုပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အရှေ့သို့ မိုင်ထောင်နှင့်ချီ၍ ဖြတ်သန်းလာခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် လီရို့ရှီကို ချုပ်နှောင်ထားသည့် ခရမ်းနက်ရောင် မျှော်စင်မှာ ခံတပ်၏ အတွင်းပိုင်းတွင် ရှိနေသည့်အတွက် မိုင်သန်းနှင့်ချီ၍ ဝေးကွာနေသေးသည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှာ အရှေ့သို့ တဟုန်ထိုး ပြေးတက်လာခဲ့ပြီး၊ အံ့ဖွယ်ကောင်းသော ဖျက်စီးခြင်း လမ်းကြောင်းတစ်ခု ချန်ရစ်ထားခဲ့ကာ၊ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းသည် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ဆယ်ဦးကျော်ကို သုတ်သင်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏လက်အတွင်းမှ ဖျက်စီးခြင်း နိယာမ စီးဆင်းလာခဲ့ပြီး၊ ၎င်းက ထုတ်လွှတ်သည့် အလင်းတန်းကို အန္တိမ အထွတ်အထိပ် ပညာရှင်ကပင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“ ဖူးးး “

ပထမဦးဆုံးသော အန္တိမ အထွတ်အထိပ် ပညာရှင်၏ ဦးခေါင်းမှာ သူ၏ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး၊ နေရာမှာပင် ပွဲချင်းပြီးသွားခဲ့သည်။

တိုက်ပွဲမြေပြင်တွင်

ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်ထားသည့် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေခဲ့သည်။

အဆိုပါ ဖြစ်ရပ်အားလုံးက နှေးကွေးရှည်လျားနေပုံရသော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ အမြန်နှုန်းနှင့်သာဆိုပါက၊ သူသည် မိုင်သန်းနှင့်ချီသော အကွာအဝေးကို ချက်ချင်းကျော်ဖြတ်နိုင်ပေသည်။

သူသည် လမ်းတစ်လျှောက်လုံး သတ်ဖြတ်သွားခဲ့ပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင်များကပင် သူ့ကို မတားဆီးနိုင်ခဲ့ဘဲ၊ သူ့လမ်းတွင် ပိတ်ရပ်နေသူတိုင်း သေဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် အန္တိမ အထွတ်အထိပ် ပညာရှင်သုံးဦး ကျဆုံးသွားခဲ့သည်။

“ ဝှစ် ဝှစ် “

အန္တိမ အထွတ်အထိပ် ပညာရှင်များသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော အမူအရာများဖြင့် မျှော်စင်များအတွင်းမှ ပြေးထွက်လာကြသည်။

ကြယ်တာရာ T-Rex နတ်ဘုရားက ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ပေ၊ ရာနှင့်ချီသော အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များနှင့် အန္တိမ အထွတ်အထိပ် ပညာရှင် ဆယ်ဂဏန်းဖြင့် ဖွဲ့စည်းထားသော ခံတပ်အား မည်သူမှ မရှိသည့်အလား ဆုတ်ဖြဲသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက ခရမ်းနက်ရောင် မျှော်စင်ဆီသို့ ရောက်ရှိတော့မည့် အချိန်တွင်၊ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။

“ ဘုမ်းးး “

ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ကာ၊ အချိန်နှင့် ဟင်းလင်းပြင်ပင် ရပ်တန့်သွားသည့်အလား ဖြစ်သွားခဲ့သည်၊ နိယာမများ ပြိုကွဲသွားခဲ့သည်။

အန္တိမ ပညာရှင်တစ်ဦး ချဥ်းကပ်လာခဲ့ပြီး၊ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းမှာ တာအိုနှင့် ပဲ့တင်ထပ်နေခဲ့ကာ၊ ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ အမျိုးမျိုးသော နိယာမများကို အရှုံးပေးသွားစေခဲ့သည်။

ထပ် ထပ် ထပ် ထပ်

အန္တိမအဆင့် ပညာရှင်သည် မည်သူမှ မမြင်တွေ့နိုင်သည့် နေရာမှ ပေါ်ထွက်လာခဲ့သည်၊ သူ၏ အရှိန်အဝါမှာ ဟင်းလင်းပြင်နှင့် လုံးဝထပ်တူကျနေခဲ့ပြီး၊ လူတိုင်းကို အသက်ရှူကြပ်သွားစေခဲ့သည်။

ဤနေရာတွင် ရှိနေကြသည့် လူတိုင်းမှာ ထိုပုံရိပ်ကို တိုက်ရိုက်မကြည့်နိုင်ကြပေ။

အဆိုပါ ပုံရိပ်သည် အန္တိမ တာအိုစွမ်းအင်ကို သယ်ဆောင်ထားခဲ့ပြီး၊ အသက်ရှူသံ တစ်ခုချင်းစီတိုင်းမှာ တာအိုကို တုန်ခါသွားစေခဲ့သည်၊ အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့ကာ၊ အမြင်အာရုံနှင့် စိတ်စွမ်းအားတို့ပင် ပိတ်ဆို့ခံထားရသည်။

“ အန္တိမ နယ်ပယ်လား “

အရှေ့သို့ ကြည့်ရှုနေရင်းဖြင့် ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ အေးစက်သွားခဲ့သည်။

အဆိုပါ ပုံရိပ်သည် သူ၏ မျက်လုံးများအတွင်းတွင် တာအို၏ ပိတ်ဆို့မှုကို ခံထားရသည့်အလား မှုန်ဝါးနေခဲ့ပြီး၊ ရှင်းရှင်းလင်းလင်း မမြင်တွေ့စေခဲ့ရပေ။

သို့သော် အကြောင်းအရင်း တစ်ချို့ကြောင့် သူသည် ထိုပုံရိပ်နှင့် ရင်းနှီးနေသည်ဟု ခံစားနေခဲ့ရသည်။

“ အဲ့တာက ဆရာဟောင်းပဲ “

ထိုအချိန်၌ ရွှေရောင်မီးလျှံသည် တုန်ရင်နေသော အသံဖြင့် အံ့ဩတကြီး အော်ပြောလာခဲ့သည်။

သူမသည် ထိုပုံရိပ်က သယ်ဆောင်ထားသည့် ရင်းနှီးနေသော အရှိန်အဝါကို ချက်ချင်းမှတ်မိသွားခဲ့သည်။

ထိုအချိန်၌ အဆိုပါ ပုံရိပ်မှာ သူ၏ ခန္ဓာကိုယ်ကို ဖော်ထုတ်ပြသလာခဲ့သည်။

“ လူသားဧကရာဇ်လား “

ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်နှလုံးသား တုန်လှုပ်သွားခဲ့သည်၊ တကယ်ကြီးကို လူသားဧကရာဇ် ဖြစ်နေတာလားဟ

သို့သော် တစ်ဖက်လူမှာ သူ့ကို မှတ်မိမနေခဲ့ပေ၊ သူ၏ဦးခေါင်း၊ ခန္ဓာကိုယ်နှင့် ခြေလက်များတွင် နတ်အပ်ချောင်း သုံးရာ့ခြောက်ဆယ့်ငါးခု စိုက်နှက်ခံထားရပြီး၊ ရုပ်သေးတစ်ခုအလား ဖြစ်နေခဲ့သည်။

အန္တိမအဆင့် ရုပ်သေး

“ ဆရာ “

ရွှေရောင်မီးလျှံမှ အော်ဟစ်လာခဲ့သည်၊ သူမ၏အသံ တုန်ရင်နေခဲ့ပြီး၊ သူမသည် ဤမြင်ကွင်းကို လက်မခံနိုင် ဖြစ်နေခဲ့သည်။

“ သတ် “

လူသားဧကရာဇ်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို ခေါင်းငုံ့ကြည့်လာခဲ့ပြီး၊ သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လာခဲ့ကာ၊ သူ့ကို ဖိနှိပ်ရန် လက်တစ်ဖက် မြှောက်လာခဲ့သည်။

ရုပ်သေးတစ်ခု ဖြစ်နေခဲ့သော်လည်း၊ လူသားဧကရာဇ်၏ လှုပ်ရှားမှုများမှာ သူ၏ အထွတ်အထိပ် အချိန်မှ စွမ်းအားတို့ကို သယ်ဆောင်ထားစဲဖြစ်သည်။

အဆိုပါ လက်ဝါးအောက်တွင် နိယာမ အားလုံးမှာ သူတို့၏ အာနိသင်များကို ဆုံးရှုံးသွားပုံရသည်။

အဆိုပါ လက်ဝါးမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ အချိန်နှင့် ဟင်းလင်းပြင် ရပ်တန့်သွားကာ၊ နိယာမအားလုံး မလည်ပတ်နိုင်တော့ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားကပင် သေခြင်းရှင်ခြင်း အကြပ်အတည်းတစ်ခုကို ခံစားလိုက်ရသည်။

သူ၏ ပတ်ပတ်လည်တွင် ဖရိုဖရဲ အလင်းတန်းတစ်ခု လင်းလက်လာခဲ့ပြီး၊ သူ့အား အဆိုပါ လက်ဝါးထံမှ ကာကွယ်ပေးလာခဲ့သည်။

“ ဘုမ်းးး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီး၊ သွေးများမှာလည်း ရေစီးကြောင်းများကဲ့သို့ ဖြာထွက်လာခဲ့သည်။

လက်ဝါးတစ်ချက်တည်းဖြင့် သူ၏အရိုး တစ်ရာကျော် ကျိုးပဲ့ပျက်စီးသွားပြီး၊ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။

၎င်းမှာ စကြာဝဠာ နိယာမကို ကျင့်ကြံထားရခြင်း၏ ရလဒ်ဖြစ်သည်၊ တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်သာဆိုပါက ချက်ချင်း ပေါက်ကွဲသွားမည် ဖြစ်သည်။

အန္တိမအဆင့် ပညာရှင်၏ အင်အားအပြည့် ထုတ်သုံးထားသော လက်ဝါးချက်နှင့် ရင်ဆိုင်ရချိန်တွင် အန္တိမ အထွတ်အထိပ် ပညာရှင်မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။

………………………………………………………………………………………………………………………………..

အပိုင်း ( 714 )

ပျက်စီးခြင်း

“ အမှောင်နယ်မြေ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများမှာ ရေခဲကဲ့သို့ အေးစက်နေခဲ့ပြီး၊ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

အမှောင်နယ်မြေ၏ အန္တိမ ပညာရှင် မပေါ်လာခဲ့ပေ။ ထို့အစား ဤကဲ့သို့သော ရုပ်သေးတစ်ခုကိုသာ လွှတ်လိုက်ပြီး၊ လူသားဧကရာဇ် ရှုံးနိမ့်သွားကြောင်းကို ကြေညာလာခဲ့သည်။ သူသည် ရုပ်သေးအဖြစ် သန့်စင်ခြင်း ခံလိုက်ရပြီး၊ အမှောင်နယ်မြေ အစွမ်းထက်ပညာရှင်၏ ကျွန်အဖြစ် ဆက်ဆံခြင်းကို ခံနေခဲ့ရသည်။

ထိုအခိုက်အတန့်တွင် သူသည် အလွန်ဝေးကွာသော နေရာတစ်ခုမှ အကြည့်တစ်ခုကို အာရုံခံမိသွားခဲ့သည်။

၎င်းမှာ အမှောင်နယ်မြေ၏ အန္တိမ ပညာရှင်ဖြစ်သည်။

ထိုအကြည့်သည် နှမြောတသဖြစ်သည့် အရိပ်အငွေ့များကို သယ်ဆောင်ထားကာ မထီမဲ့မြင်ပြုနေသည့်အလား ဖြစ်နေခဲ့သည်။

၎င်းမှာ သူ့အား ထိုခေတ်က လူသားဧကရာဇ်ကပင် ဤကဲ့သို့သော အခြေအနေမျိုးအထိ ကျရောက်သွားပြီ၊ အန္တိမ အထွတ်အထိပ်မှာပဲ ရှိတဲ့ မင်းကရော ဘာလုပ်နိုင်လဲဟု ပြောနေသည့်အလား ဖြစ်နေခဲ့သည်။

အဆိုပါ အကြည့်သည် ကောင်းကင်ဘုံအထက်မှ နတ်ဘုရားတစ်ပါးက ဤသေမျိုးက မည်မျှရုန်းကန်နိုင်မလဲဆိုသည်ကို စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

“ ဝှစ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်မှာ လျှပ်စီးအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး၊ လူသားဧကရာဇ်ကို ကျော်ဖြတ်ကာ၊ ခရမ်းနက်ရောင် မျှော်စင်ထံသို့ လျင်မြန်စွာ ချဥ်းကပ်သွားခဲ့သည်။

သို့သော် သူ၏အမြန်နှုန်းမှာ လူသားဧကရာဇ်အတွက် အလွန်တရာ နှေးကွေးနေသေးသည်။

လူသားဧကရာဇ်က သူ၏လက်ကို မြှောက်ကာ သူ့ကို ထပ်မံ၍ ဖိနှိပ်လာခဲ့သည်။

“ ဖန်တီးခြင်း “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အသာအယာ ဟိန်းဟောက်လာခဲ့သည်၊ သူ၏ အမြန်နှုန်းက အကန့်အသတ်ရှိသော်လည်း၊ ဖန်တီးခြင်းမှာတော့ ထိုကဲ့သို့ ဟုတ်မနေခဲ့ပေ။

ချက်ချင်းဆိုသလိုပင် ကမ္ဘာအသစ်တစ်ခုက ခရမ်းရောင် မျှော်စင်ကို ဖုံးလွှမ်းသွားခဲ့သည်။

“ ခရက် “

ထိုအချိန်၌ ခရမ်းရောင် မျှော်စင်မှာ အမြစ်လှန်ခံလိုက်ရပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား ဖန်တီးထားသည့် ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

အောင်မြင်သွားသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် မည်သို့မျှတွေဝေ တုံ့ဆိုင်းမနေတော့ဘဲ၊ အန္တိမနယ်မြေအတွင်းသို့ ဝင်ရောက်ကာ မူလနယ်မြေဆီသို့ တဟုန်ထိုး လှည့်ပြေးသွားတော့သည်။

သူသည် လူသားဧကရာဇ်က ရုပ်သေးအဖြစ် သန့်စင်ခံလိုက်ရသည့် ကိစ္စကို စိတ်မဝင်စားပေ။

ယခုလက်ရှိ အချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရား လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ မူလနယ်မြေဆီသို့ တတ်နိုင်သမျှ အမြန်ဆုံးပြန်ကာ၊ လီရို့ရှီနှင့် သူ၏ မိဘများထံတွင် ရှိနေသည့် ကျိန်စာကို ဖယ်ရှားရန်အတွက် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက အန္တိမ နယ်မြေအတွင်းသို့ ဝင်သွားသည့် အချိန်၌၊ ခရမ်းနက်ရောင် မျှော်စင်ထံတွင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

“ ခရက် ခရက် “

လီရို့ရှီ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အနက်ရောင် အမှတ်အသားများက ရုတ်တရက် ပျံ့နှံ့လာခဲ့ပြီး၊ သူမ၏ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက် စက္က့န်ပိုင်းမျှအကြာတွင် လူသုံးဦးထံတွင် ရှိနေသည့် ကျိန်စာများမှာ ချက်ချင်းပေါက်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူတို့၏ ခန္ဓာကိုယ်များကို ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအခြေအနေကို ချက်ချင်း အာရုံခံမိသွားခဲ့သည်၊ စကြာဝဠာ နိယာမသည် အလင်းတန်းများအဖြစ် အသွင်ပြောင်းသွားကာ လီရို့ရှီနှင့် တစ်ခြားနှစ်ယောက်ဆီသို့ စီးဆင်းသွားခဲ့သည်။

“ ကျွီ ကျွီ “

စကြာဝဠာ နိယာမ၏ အဆုံးမဲ့ စွမ်းအားများသည် ကျိန်စာစွမ်းအားနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတော့သည်။

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ချက်ချင်းပြိုကွဲသွားခဲ့ပြီး၊ ကမ္ဘာပျက်ကပ် မြင်ကွင်းများကို လှစ်ဟပြသလာခဲ့သည်။

လီရို့ရှီနှင့် တစ်ခြားလူများ၏ ရုပ်ခန္ဓာနယ်ပယ်သည် ထိုကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်မှုမျိုးကို တောင့်ခံရန် လုံလောက်မနေခဲ့ပေ။ ထို့ကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမတို့၏ ခန္ဓာကိုယ်များကို ကာကွယ်ရန် နတ်စွမ်းအားတစ်ချို့ ချန်ပေးထားခဲ့ရသည်။

လီရို့ရှီက စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့်၊ ကိုင်တွယ်ရလွယ်ကူနေခဲ့သည်။

သို့သော် ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့ကမူ သာမန်လူသားများသာ ဖြစ်နေသည့်အတွက်၊ နတ်စွမ်းအားဖြင့် ကာကွယ်ပေးထားသော်လည်း၊ သူတို့၏ ခန္ဓာကိုယ်များမှာ ဆက်တိုက်ကွဲအက်နေခဲ့သည်။

သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအရာများကို ဂရုမစိုက်နိုင်သေးပေ။ သူသည် ကျိန်စာကို သူတို့ထံမှ အပြည့်အဝ မဖယ်ရှားနိုင်ဘူးဆိုပါက၊ သူတို့က ချက်ချင်းပေါက်ကွဲကာ၊ သေဆုံးသွားရမည်ဆိုသည်ကို ကောင်းစွာ သိရှိနေခဲ့သည်။

“ ဗွီ “

သမုဒ္ဒရာကဲ့သို့ ကြီးမားသော စကြာဝဠာ နိယာမ၏ စွမ်းအားများသည် လီရို့ရှီနှင့် တစ်ခြားလူနှစ်ဦးထံသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။

ထိုကဲ့သို့ ဖြစ်နေခဲ့သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ရှိနေသည့် ကျိန်စာအား ၁% ပင် မဖယ်ရှားနိုင်သေးဘူးဆိုသည်ကို အာရုံခံမိနေခဲ့သည်။

ကျိန်စာ၏ ၁%ကို ဖယ်ရှားနိုင်ခြင်းကပင် အံ့ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။

၎င်းမှာ အန္တိမ ပညာရှင်ထံမှ ရောက်ရှိလာသည့် ကျိန်စာတစ်ခုဖြစ်ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ ကျိန်စာက လွန်ခဲ့သော နှစ်သောင်းချီ အကြာက ကြယ်ပြာဂြိုဟ်ကို ဓမ္ဓအဆုံးသတ်ခေတ်သို့ ရောက်ရှိသွားစေသည့် ကျိန်စာနှင့် အရင်းအမြစ် တူညီသည်ဟု သံသယ ဖြစ်သွားခဲ့သည်။

ထိုကျိန်စာများက လူတစ်ယောက်တည်းထံမှ ဆင်းသက်လာခြင်း ဖြစ်ဖို့များသည်။

ထိုကဲ့သို့သော ကျိန်စာတစ်ခု၏ ပြဿနာပေးနိုင်စွမ်းသည် ရှေးခေတ်က ဒါဇင်နှင့်ချီသော အန္တိမ အထွတ်အထိပ် ပညာရှင်များက မဖြေရှင်းနိုင်သည်အထိ ဖြစ်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားကမူ ပြိုင်ဘက်ကင်း စကြာဝဠာ နိယာမကို ဖန်တီးထားနိုင်ခဲ့သောကြောင့်သာ အဆိုပါ ကျိန်စာကို ယှဥ်နေနိုင်ခြင်း ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ မည်သို့မျှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

ကြယ်တာရာ T-Rex နတ်ဘုရားက လူသုံးဦး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ကျိန်စာကို ဖယ်ရှားရန် ရုန်းကန်နေစဥ်အချိန်တွင်

“ ဘုမ်းး “

ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုက အန္တိမနယ်မြေကို ထိမှန်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အန္တိမနယ်မြေတစ်ခုလုံးမှာ နှစ်ခြမ်းကွဲလုမတတ် ဖြစ်သွားခဲ့ပြီး၊ ကမ္ဘာ့မူလကပင် အပြင်းအထန် လှုပ်ခါသွားခဲ့သည်။

လူသားဧကရာဇ် လိုက်မှီလာခဲ့ပြီဖြစ်ပြီး၊ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားကို သုတ်သင်ရန် ကြံရွယ်ထားခဲ့သည်။

“ ဘုမ်းးး “

အန္တိမနယ်မြေကို တစ်ခြားသော တိုက်ခိုက်မှုတစ်ခုက ထိမှန်သွားခဲ့သည်။

အန္တိမနယ်ပယ်၏ တိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ ရုပ်သေးတစ်ခုအနေဖြင့် ဆိုလျှင်တောင်မှ၊ ၎င်းမှာ အလွန်ပင် ကြောက်စရာကောင်းနေခဲ့သည်။

တိုက်ခိုက်မှုနှစ်ခုတည်းဖြင့် အန္တိမ နယ်မြေ၏ အတွင်းပိုင်းကို ပြိုကွဲလုနီးပါး ဖြစ်သွားစေခဲ့ပြီး၊ ပြင်းပြင်းထန်ထန် ထိခိုက်သွားစေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှာ ရွေးချယ်စရာ မရှိတော့ဘဲ၊ အပြင်ထွက်၍ ပိတ်ဆို့လိုက်ရတော့သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက၊ အန္တိမနယ်မြေ ဖျက်စီးခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ သူသည်လည်း အမှောင်နယ်မြေ နိယာမများ၏ နယ်မြေဖိနှိပ်မှုကို ခံလိုက်ရကာ၊ သူ၏အခြေအနေကို ပို၍ အန္တရာယ်များသွားစေမည် ဖြစ်သည်။

“ သတ် “

လူသားဧကရာဇ်သည် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ကာ လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

တလက်လက် တောက်ပနေသည့် လက်သီးအလင်းတန်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် အမှောင်ထုကို ထိုးဖောက်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ ပြေးဝင်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ထဲတွင် ရွှေရောင်ဓားတစ်လက် ဖြစ်ပေါ်လာခဲ့သည်။

“ ဘုမ်းးး “

သူ၏လက်ထဲတွင် နတ်စွမ်းအား မြင့်တက်လာခဲ့ပြီး၊ ခမ်းနားထည်ဝါသော အားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံအထိ ရောက်ရှိသွားသည့် အလင်းတန်းတစ်ခု ထောင်တက်လာခဲ့သည်၊ ရွှေရောင်အလင်းတန်းမှာ ကောင်းကင်ယံကို ထိုးဖောက်သွားပြီး၊ အမှောင်ထုကို မိုင်သန်းနှင့်ချီ၍ ရှင်းလင်းသွားစေခဲ့သည်။

“ စီနီယာ။ ဒီဓားကို မှတ်မိလား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဓားကို မြှောက်ကာ အော်ပြောလိုက်သည်။

၎င်းမှာ လူသားဧကရာဇ်ဓားဖြစ်သည်။

အန္တိမအဆင့် နတ်လက်နက်

ကြယ်တာရာ T-Rex နတ်ဘုရားသည် နဝမအဆင့်တွင် ရှိနေစဥ်အချိန်က ထိုဓားကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူသည် ဓား၏ အပုံတစ်သောင်းပုံတစ်ပုံသော စွမ်းအားကိုပင် မထုတ်လွှတ်နိုင်ခဲ့ပေ။

ယခုတွင်ကား သူသည် အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်၊ သို့တိုင်အောင် ဓား၏ စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်သေးပေ။

သို့ရာတွင် ၎င်းကို ယခင်ကထပ် ပိုမိုလွယ်ကူစွာ ထိန်းချုပ်နေနိုင်ပြီဖြစ်သည်။

ယခု၌ သူ၏စွမ်းအား မြင့်တက်လာမှုနှင့်အတူ၊ ကြီးမားသော စွမ်းအင်လှိုင်းတစ်ခုက ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုအချိန်၌ လက်သီးပစ်သွင်းလာသည့် လူသားဧကရာဇ်မှာလည်း အဆိုပါ လှိုင်းကို အာရုံခံမိသွားကာ ရပ်တန့်သွားတော့သည်။

All Chapters